Bloody Love part- 36🖤

266 14 0
                                    

နေ့လည်စာ စားချိန်မလို့ canteenဘက်မှသာလူရှုတ်ပြီး ကျောင်းပေါက်တွင် လူပြတ်လပ်သည်....

"ဘာလို့လာတာလဲ ခြေထောက်က သက်သာလို့လား!?"

ချစ်ဖို့ကောင်းစွာဖြင့် မျက်မှန်အဝိုင်းက​ေအာက်နေ မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ သူ့အား ဆူပူနေသော ကောင်လေးကို အံ့ကလျာနွယ် အူရားမိသည်.....

"အစကတည်းက သက်သာနေပါပြီလို့ နောင်လေးကို ပြောတယ်လေ"

သူကပြန်ချေ​ပလိုက်တော့ နှုတ်ခမ်းလေးဆူကာ တိုးလျစွာ ပြောလာသည်....

"စိတ်ပူလို့ကို~"

အံ့ကလျာနွယ်က ပြုံးကာ ခေါင်းလေးကိုပွတ်ရင်း ပြုံးသည်....

"ဟုတ်ပါပီ.... ညနေကြ လာကြိုမယ်... အခု ကုမ္ပဏီပြန်ရမှာ...."

"ဟုတ် ဖိုက်တင်းမာမီ....မွ"

အပြုံးလေးဖြင့် ခြေဖျားကလေး ထောက်ကာ မမှီမကမ်းနဲ့ သူ့၏ ပါးပြင်အား လာနမ်းလေသည်....

"ရွှတ်! သွားတော့.... "

မာမီက သူ့အား ပြန်နမ်းကာ သွားစေသည်....

မာမီ၏ အပြုအမူကြောင့် နောင်နောင် ပါးပြင်လေးဟာ ရဲလာခဲ့သည်....

"ဟုတ်" ဟုသာ ပြန်ပြောပြီး ထိုနေရာ ထွက်ခွာလာခဲ့သည်....

အနောက်ကို ပြန်လှည့်ကြည့်မိတော့ မာမီက သူ့အား ပြုံးကာ လက်ပြနေသည်...

ပြုံးပြရင်းဖြင့် အကိုတေဇ ရပ်စောင့်နေသော အပင်အောက်ကို ပြေးသွားလိုက်သည်....

အကိုတေဇ၏ မျက်နှာဟာ စောနကနှင့်မတူဘဲ အနည်းငယ် ဝမ်းနည်းနေရောင်...

"အကိုတေဇ.... "

"သြော် လာပြီလား.... ​သွားရအောင်...."

"ဟုတ်"

အရှေ့က ထွက်သွားနှင့်သော ကျောပြင်ငယ်လေးကိုကြည့်ကာ ဝမ်းနည်းမှုတွေဟာ ကြီးစိုးလာသည်....

"မပိုင်ဆိုင်ရသေးခင်တောင် စွန့်လွှတ်ရတော့မယ်ထင်တယ် ကလေးရယ်"

တစ်ယောက်တည်း ရေရွတ်ရင်း ကောင်လေးနောက်ကို လိုက်သွားလိုက်သည်....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now