Bloody Love part- 23🖤

433 20 0
                                    

သူရိန်နေမင်းကြီးဟာ ထုံးစံအတိုင်း ကမ္ဘာမြေကြီးအား အလင်းရောင်တွေ ဖြန့်ချီပေးလျက်.......

ငှက်မောင်နှံလေးတွေလဲ နေရောင်ခြည်အောက်မှာ ချစ်ကြည်နူးနေကြသည်.....

သိပ်ကိုလှပသည့် မနက်ခင်းလေးတွေပါဘဲ.......

...........
....................

"အွန်း......"

အိပ်ယာထက်၌ ဉီးစွာ နိုးလာသူကတော့ အံ့ကလျာနွယ်.....

အမြဲလိုလို အိပ်ယာ စောစောထလေ့ရှိတာကြောင့် ဘာ်အချိန်ဆိုတာ ကြည့်စရာမလိုဘဲ အမြဲ စောစွာနိုးနေတတ်သည်.....

ရင်ခွင်ထဲက ကောင်လေးကို ကြည့်လိုက်တော့ နှစ်ချိုက်စွာအိပ်နေသည်မှာ ​မနေ့ညက သူမဟုတ်သည့်အတိုင်း......

နာရီကြည့်မိတော့ ၆နာရီ ကျော်ကျော်ဘဲ ရှိသေးတာမလို့ ကောင်လေးအား မနိုးဘဲ အိပ်ယာကထလိုက်သည်.......

အခန်းရဲ့ လိုက်ကာစကို ဖွင့်လိုက်သည်နှင့် တိုးဝင်လာသော နေရောင်ခြည် စူးစူးကြောင့် လန်းဆန်းသွားရသည်......

ကုတင်ပြန်ကြည့်တော့လည်း ထိုကောင်လေးက ဖက်လုံးလေးကိုဖက်ကာ အိပ်ပျော်နေတာ နိုးမည့်ပုံမပေါ်တာကြောင့် သူဘဲရေအရင်ချိုးဖို့ စဉ်းစားလိုက်သည်......

"အိပ်နေတာကိုက ကလေးလေးကျနေတာဘဲ.....နေပါအုံး ငါသူ့ကိုရင်ခုန်နေတာလား မဖြစ်နိုင်တာတွေ...... "

ခေါင်းကိုသာ တစ်သွင်သွင်ခါရင်း ရေချိုးခန်းထဲ ဝင်သွားလိုက်သည်.....

ရေပန်းအောက်ဝင်လိုက်သည်နှင့် စီးကျလာသော ရေတွေက ခန္ဓာကိုယ်အနံ့ရောက်သွားသည်မှာ အလွန်ကို စိတ်ကျေနပ်စရာ အလွန်ကောင်းလှသည်......

...........
.....................

"ဝှားးးးအ့!!"

နောင်နောင်တစ်ယောက် အိပ်ယာက နိုးသည်နှင့် အောက်ပိုင်းတစ်လျှောက် နာကျင်မှုနဲ့အတူ တစ်ကိုယ်လုံးက လှုပ်ဖို့အင်အားမရှိ......

အက်ကွဲနေသည့်လည်ကြောင်းကြောင့် ရေလှမ်းသောက်ဖို့ ပြင်လိုက်သော်လည်း လက်ကမလှုပ်နိုင်.......

အားပြုပြီး အသာထလိုက်ကာ မနေ့အကြောင်းအရာအချို့ကို ပြန်တွေးမိပြီး လူက ရေနွေးပူနဲ့အပက်ခံရသလို မျက်နှာက ချက်ချင်း ရဲတက်လာသည်......

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now