Bloody Love part- 14🖤

438 24 0
                                    

အရင်က တအားစကားများပါတယ်ဆိုတဲ့ အဖွဲ့ဟာ ယခုအချိန်မှာတော့ တိတ်ဆိတ်နေလေရဲ့........

သူတို့နဲ့ မျက်နှာချင်းဆိုင်က ရေခဲတုံး အမကြီးကြောင့် သူတို့အချင်းချင်းတောင် စကားမပြောနိုင်။......

ကလျာကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူမရဲ့ဖုန်းကိုသာ မျက်ခုံးတွန့်ချိုးစွာဖြင့် သုံးနေရင်း လက်ကလည်း စာကိုတတောက်တောက် ရိုက်နေသည်.......

*တောက်စ်!!*

အံ့ကလျာနွယ်၏ ဒေါသပြင်းပြင်း တောက်ခေါက်သံကြောင့် ဘေးနားကလူတွေအကုန်လုံး ကွက်ကြည့်ကွက်ကြည့် လုပ်ကုန်ကြသည်.....

"မမ ဘာလို့လဲ..... "

"ဘာမှမဟုတ်ဘူး.....ဖူးငယ် မမဖုန်းပြောမလို့ခဏ......"

ထို့နောက် ထိုင်နေရာကနေ ဒေါသတကြီးထွက်သွားလေသည်......

"ဟူးးးးးးးးး"

သက်ပြင်းချတာကတော့ ကေသီခိုင်ပါ....

"ဟဲ့ကေသီ ဘာဖြစ်တာတုန်း"

ပိုးမြင့်ဇူက ကလျာနွယ်အကြောင်းကို ဖခင်က မကြာခဏပြောပြဖူး​တာကြောင့် သိနေသည်။ အေးစက်တဲ့ စရိုက်၊ တော်လွန်းသည့် လုပ်ဆောင်မှုတွေ ထိုအချက်တွေကြောင့် ပိုးမြင့်ဇူ ကိုယ်တိုင်ပင် အားကြရသည်။

"ဟယ် သူကသေအောင် ရုပ်တည်နေတော့ ငါလဲကြောက်တာပေါ့ဟ ရေခဲတုံးဆိုတာ သူမှစစ်တာ"

"ဟဲ့"

ကေသီ အပြောကျယ် ပိုးမြင့်ဇူက အားနာသရောင်ဖြင့် ဖူးငယ်အား လှမ်းကြည့်လိုက်သည်။

ဖူးငယ်က ဘာမှမပြောဘဲ အသာလေး ပြုံးပြလိုက်သည်။

.........................

"ဟလို boss"📞

"လူတယောက်ကို ဖမ်းဖို့ အဲ့ဒီလောက် ခတ်သလားဟမ်!!"

လူကင်းသည့် နေရာအရောက်တွင် ကလျာတယောက် သူ့ဒေါသတွေ ပေါက်ကွဲကုန်တော့သည်။

"တောင်းပန်ပါတယ် boss"📞

"ငါလိုချင်တာ တောင်းပန်စကားမဟုတ်ဘူး No.3...."

"ကျနော်သိပါတယ်boss"📞

တစ်ဖက်က လူရဲ့အသံမှာလည်း တောင်းပန်မှုတွေ အားနာမှုတွေဟာ သိသာနေသည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now