Bloody Love part- 64🖤

274 14 0
                                    

ရှင်းသန့် ကားကို အိမ်ရှေ့၌ ထိုးရပ်ပြီး အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်တော်ရဲ့လူတွေဟာ ရှင်းသန့်ပုံစံကိုကြည့်ပြီး လန့်သွားကြသလို တချို့က တီးတိုးစွာ စကားပြောနေကြသည်။

ရှင်းသန့်ထိုအရာတွေကို စိတ်မဝင်စားဘဲ အပေါ်ထပ်က မာမီရှိသည့်အခန်းထဲကို ဝင်လာလိုက်သည်။

*ဝုန်း!!*

အခန်းတံခါးကို အကြမ်းပတမ်းဖွင့်လိုက်သည်ကြောင့် အသံဟာကျယ်လောင်စွာ ပေါ်ထွက်လာသည်။ မာမီဟာ သူ့အခန်းက ဆိုဖာမှာ ဝိုင်ကိုအေးဆေးသောက်နေပြီး သူလာမည်ကို ကြိုစောင့်နေသည့်ပုံပင်။

"ရောက်လာပြီလား"

မာမီက ဝိုင်ကိုတစ်ငုံသောက်ရင်း ရှင်းသန့်ကို ခပ်အေးအေးပြောလာသည်။

"မာမီ လုပ် လုပ်တာမဟုတ်ဘူးမလား"

ရှင်းသန့် တုန်ရီစွာဖြင့် မာမီကိုမေးလိုက်သည်။ မာမီကတော့ သူ့မူပိုင်ပုံဖြင့်သာ နေနေပြီး ဝိုင်ကိုသာ အေးဆေးသောက်နေစဲ။

"ဟုတ်တယ် ဆိုရင်ရော"

မာမီရဲ့ စကားကြောင့် ရှင်းသန့် တုန်လှုပ်စွာ ထိုင်ချလိုက်မိသည်။ ခေါင်းထဲ၌ အတွေးပေါင်းစုံဟာ ဝင်လာပြီး မျက်ရည်များဟာလည်း ကျဆင်းလာခဲ့သည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ"

ရှင်းသန့် တုန်ရီစွာဖြင့် မိခင်အားမေးလိုက်သည်။ သူကမေးတော့ ဝိုင်ခွက်ကို စားပွဲပေါ်ချထားလိုက်ပြီး သူ့အနား တဖြည်းဖြည်းလျှောက်လာသည်။

"ဟက်....ဒါက နင့်ကောင်းကျိုးအတွက် ငါလုပ်တာ"

ခပ်အက်အက်ရယ်သံဖြင့် ပြောလာသော မာမီရဲ့အသံဟာ စိတ္တဇဆန်လွန်းသည်။

"မနွယ်တို့က မနွယ်တို့က မာမီ့ကို ဘာလုပ်လို့လဲ ဟင့် သူတို့က သူတို့ဘာသာ နေနေတာလေ!"

မျက်ရည်များဖြင့် မာမီရဲ့ပခုံးကို လှုပ်ကိုင်ရင်းပြောလိုက်သည်။

"ငါဘာလို့ဒီလိုလုပ်လဲ နင်သိလား! သူတို့သေမှ သူတို့ပိုင်ဆိုင်မှုတွေ နင်ရမှာ။ အဲ့တာကြောင့် ငါအခုလိုလုပ်တာ နင်နားလည်လား!"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now