Bloody Love- Part 2🖤

1.3K 32 2
                                    

အချိန်တွေဟာလည်း တဖြည်းဖြည်း ကုန်လွန်လာတာ အခုဆို အမွှာလေးတွေတောင် အသက်6နှစ် ရှိပြီ......

ကျန်ခဲ့တဲ့ နှစ်တွေမှာလည်း အဖေဖြစ်သူ အံ့ဘုန်းမာန်ရဲ့ ဂရုစိုက်မှု နူးညံ့မှုဆိုတာ လုံးဝမရ......အံ့ဘုန်းမာန်ကလည်း တစ်လမှ ၂ခါလောက်သာ ပြန်လာတတ်ပြီး ပြန်လာရင်လည်း ကလေးတွေကို အမြဲအော်ငေါက်လေ့ရှိတယ်........

ထွဋ်ရဲရင့်ကတော့ အံ့ဘုန်းမာန်နဲ့ ဆန့်ကျင်ဘက် ကလေးတွေကို ဂရုစိုက်ပြီး လိုလေသေးမရှိအောင် ထိန်ကျောင်းပေးတယ်..........

ဒါကြောင့် ကလေးတွေကလည်း အဖေဖြစ်သူ အံ့ဘုန်းမာန်ထက် ထွဋ်ရဲရင့်ကိုသာ ခင်တွယ်ကြတယ်........

"ဉီးဉီးထွဋ်..... "(ပြိုင်တူ)

"ဗျာ......ကဲတက်မယ်.....မူကြိုသွားရအောင်....."

"ဉီးဉီးက ညနေကြ မီးမီးတို့ကို လာကြိုမှာလား......."

အဲ့တာက​တော့ အမွှာထဲက အငယ်လေး အံ့ကလျာနွယ်....... ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် လူတွေရဲ့ ဂရုစိုက်မှုကို ရရှိရသူလေးပေါ့.......

"ဉီးဉီးက ငါတို့ကို လာကြိုမှာပါကလျာရဲ့......."

သူလေးကတော့ အမွှာထဲက အကြီးလေး အံ့ထွဋ်မင်းနွယ်........ တခါတခါ ဆရာလုပ်တတ်တဲ့ အပြုအမူလေးတွေကြောင့် လူကြီးတွေရဲ့ အချစ်ခံလေးပေါ့..........

အမွှာဆိုတာ ပြောစရာမလိုအောင် အမြဲ စိတ်တူ ကိုယ်တူပင်......

စကားများနေတဲ့ အမွှာတွေကိုကြည့်ရင်း......

"ညနေကြ ဉီးဉီး လာကြိုမယ်......ဘယ်သူနဲ့မှ လိုက်မသွားနဲ့နော်....... "

"Yes, Sir!!!"(ပြိုင်တူ)

ထွဋ်ရဲရင့်ရဲ့ အပြောကို ထောက်ခံသလိုမျိုးနဲ့ အလေးပြုတဲ့ ပုံစံလေးနဲ့ ပြန်ဖြေတဲ့ ကလေးနှစ်ယောက်ဟာ ချစ်စဖွယ်အတိ......

__________________
မူကြို၌......

မူကြိုတစ်ခုလုံး ကလေးတွေရဲ့ ငိုသံတွေနဲ့ ပြည့်နေလေရဲ့.......

"အီးဟီး......မေမေ......ပြန်လာပါ...."

"သားသားရေ.....တီချယ်တို့နဲ့ ကစားရအောင် လာလာ....."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now