Bloody Love part- 62🖤

228 14 0
                                    

"ဘာ ပြောတယ်!!"×2

ကလျာနဲ့ ဖူးရဲ့အော်သံကြောင့် မင်းနွယ်ရော မင်းခ ခမျာဘာမှမပြောနိုင်ဘဲ ငြိမ်နေရသည်။ အကြောင်းမှာ သူတို့၂ယောက် ချစ်သူဖြစ်သွားကြောင်း ဖွင့်ပြောလိုက်တာကြောင့်ပင်။

"ဘယ်လောက်ကြာပြီလဲ"

"ဘယ်ကထဲကလဲ"

"ဘယ်လိုကနေစတာလဲ"

"Markingလုပ်မိသွားပြီလား"

"နေ နေကြပါဉီးကွာ။ ဖြည်းဖြည်းမေးကြပါဟ"

အမှုစစ်သလိုစစ်နေကြသော ညီမ၂ယောက်ကို မင်းနွယ်အမြန်တားလိုက်ရသည်။ မဟုတ်ရင် ဒီထပ်ဆိုးတဲ့ မေးခွန်းတွေ ထပ်ထွက်လာဖို့ သေချာသလောက်ရှိနေသေးသည်။

"အဟမ်း ငါမေးတဲ့ဟာအရင်ဖြေ။ မင်းတို့ ရည်းစားဖြစ်တာ ဘယ်လောက်ကြာပြီလဲ"

"ဟို ဟိုဟွာ။ လွန် လွန်ခဲ့တဲ့ နာရီဝက်ပိုင်းလိုက်ကမှ"

"ဘာ!!!။ နင် နင်တို့ငါ့ကို လာနောက်နေတာလား!"

ဒါ ဘယ်လိုကြီးလဲ။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှ ရည်းစားဖြစ်ကြတာကို ချစ်သူရနေပြီဆိုလို့ ၃၊၄လ ကြာပြီမှတ်လို့ မေးလိုက်ရတာ သူတို့ကတော့ ခုနကမှတဲ့။ ငါရှင်ချင်တယ်။

"ကလျာရယ်။ စိတ်လျော့ပါဟာ တောင်းလဲ တောင်းပန်ပါတယ်။ ဒါပေမယ့် ငါနဲ့ ကိုကို့ကိုတော့ မခွဲပါနဲ့"

"ဟုတ်တယ် ကျေးဇူးပြုပြီး ငါနဲ့ခလေးကို မခွဲကြပါနဲ့"

"အာ့ အာ့"

"ဟယ် ဖူးဘာဖြစ်တာလဲ"

"Baby ကိုယ့်ဆေး ဆေးပေး ဆေး ဆေး"

ဖူးငယ်တစ်ယောက် မျက်ဖြူစိုက် ပက်လက်လှန်သွားတာကြောင့် ဝင့်ထည်အမြန်လှမ်းထိန်းလိုက်ရသလို ကလျာကလည်း နားထင်ကိုဖိကာ အနောင့်စီမှ ဆေးလှမ်းတောင်းရပါတော့သည်။

"မာမီ ရရဲ့လား"

"ဖူးရေ ဖူး ဖူး"

"နင်တို့ နင်တို့ ဟား တကယ်ပါဘဲ"

"မာမီ စိတ်လျော့ပါဗျာ။ ကိုကြီးတို့ကိုလဲ တောင်းပန်ပါတယ်နော်"

မင်းနွယ်နဲ့မင်းခမှာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာဆက်လုပ်ရမှန်းမသိတော့ချေ။ တစ်ယောက်က ပက်လက်ကလေး သတိလစ်သွားသလို နောက်တစ်ယောက်ကလည်း ဆေးကို မုန့်စားသလိုဝါးစားနေရတဲ့ပုံကိုကြည့်ပြီး ညီမငယ်၂ယောက်ကို သနားမိသည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now