Freaky Couple(completed)
By KIM_MAEVE
11.3K 659 66
Min Yoongi Kim Taehyung More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26(Final)
Extra i
Extra ii
Announcement for new fic
21
259 19 0
By KIM_MAEVE
"ဒါ​တွေက​ရှေ့နှစ်ကစာရင်းအနှစ်ချုပ်​တွေပါ ဥက္ကဌ​လေး
မသိတာရှိရင် ကျွန်​တော့်ကို​မေးပါ...သိသ​လောက်​ပြောပြ​ပေးပါ့မယ်"
"​ကျေးဇူးပဲ အတွင်း​ရေးမှူးလီ...ကျွန်​တော်မသိရင်လှမ်း​ခေါ်လိုက်ပါ့မယ်"
အတွင်း​ရေးမှူးလီ ​ယွန်းဂီကိုခါးကိုင်းကာအရိုအ​သေ​ပေးပြီးရုံးခန်းထဲက​နေထွက်လာခဲ့သည်။
​ယွန်းဂီကအခုတ​လော ထယ်​ယောင်းရဲ့ဆုံးမမှု​ကြောင့်ကုမ္ပဏီကအဘိုး​နေရာတွင်အလုပ်​တွေစတင်​လေ့လာ​နေပြီဖြစ်သည်။၂၇နှစ်လုံးအဘိုးလုပ်စာပဲ ထိုင်စားလာတာ​ကြောင့် အလုပ်ဆိုဘယ်က​နေစလုပ်ရမှန်းမသိ​ပေမယ့် ထယ်​ယောင်းက 'ခင်ဗျားအဘိုးကအသက်ကြီး​နေပြီ ခုထိအလုပ်လုပ်ခိုင်းမလို့လား ပြန်သိတတ်ရမှာ​ပေါ့...ပြီး​တော့ခင်ဗျားမှာအလုပ်အကိုင်အတိအကျမရှိရင် ကျွန်​တော်ကမယူဘူး...ဘာမှတ်လဲ' လို့ခြိမ်း​ခြောက်လိုက်မှု​ကြောင့် ချက်ချင်းကိုညတွင်းချင်းအဘိုးကိုအလုပ်လုပ်ချင်ပြီဟု​ပြောပြီးစီစဥ်ခိုင်းလိုက်ရသည်။အဘိုးက​တော့ ​လောလွန်း​နေတဲ့သူ့ကိုအမြင်ကပ်၍ခေါင်းတောင်​ခေါက်​လိုက်သေးတယ်။ကိုယ့်အဘိုး​ပြောတုန်းက​တော့ ​နေ့​​ရွှေ့ည​ရွှေ့နဲ့ ချစ်သူ​ပြော​တော့ချက်ချင်းဆိုပြီးစ​နောက်ရင်း​ခေါင်းကို​ခေါက်တာ...တူမှမတူတာအဘိုးရယ်...ဟိုဟာ​လေးကသူ့စကားနား​ထောင်မှ... မဟုတ်ရင်စိတ်​ကောက်ပြီးသူ့ကိုပစ်ထားမှာ။ခုဆိုအဘိုးကကုမ္ပဏီကိုအ​ရေးကြီးကိစ္စရှိမှသာ လာပြီးceo​နေရာကိုလည်း ​​ယွန်းဂီကိုယာယီလွှဲထားသည်။ရှယ်ယာရှင်​တွေကသ​ဘောမကျ​ပေမယ့်လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ရှယ်ယာ၈၀ရာခိုင်နှုန်း​လောက်ကို အဘိုးဖြစ်သူက​ယွန်းဂီနာမည်နဲ့ပဲဝင်ထားတာမို့ တစ်ခွန်းမဟရဲကြ။ဟကြရင် ​လမ်း​ဘေး​ရောက်သွားမယ်​ဆိုတာ အကုန်လုံးကအလိုလိုသိကြသည်။
လုံးဝမရင်းနီးတဲ့အလုပ်​တွေကို ခုမှစကိုင်တွယ်ရတာ​ကြောင့်သူ့အတွက်ခက်လွန်းလှသည်။သို့သော် စားပွဲ​ပေါ်၌​ထောင်ထား​သော ​လေး​ထောင့်ဆန်ဆန်အပြုံးပိုင်ရှင်ရဲ့ဓါတ်ပုံ​လေးကိုမြင်တာနဲ့ ကြိုးစားချင်စိတ်​တွေကတဖွားဖွား။အလုပ်​တွေကြိုးစားပြီး သူ့ချစ်သူ​လေးကိုတင့်​တောင်းတင့်တယ်ထားဦးမှာ။ကုမ္ပဏီမှာ ဝန်ထမ်းများနည်းတူမနက်၉နာရီက​နေ ည​နေ၅နာရီထိအလုပ်ဝင်​နေရ​တာ​ကြောင့် ထယ်​ယောင်းကိုအရင်က​လောက်​တော့အချိန်မ​ပေးနိုင်​တော့​ပေ။ထယ်​ယောင်းကလည်း သိတတ်စွာဘာမှဂျီမကျ။တစ်ခါတစ်​လေဆို ထမင်းဗူး​လေးနဲ့​တောင်​ရောက်လာပြီး​နေ့လည်စာကိုတူတူစား​ပေး​သေးတာ။တစ်ကယ်နားလည်​ပေးတတ်တဲ့ချစ်သူ​လေးကိုရထားတာမို့ တစ်​လောကလုံးကရှိသမျှဘုရား​တွေကို​ကျေးဇူး​တွေတင်ရတာ​နေ့တိုင်းပဲ။
ဓါတ်ပုံ​လေးကိုကိုင်ကြည့်ရင်း ပြုံး​နေတာကိုရပ်ကာစာရင်း​တွေထဲအာရုံစိုက်ထားလိုက်သည်။လုပ်ငန်းစုကြီးမို့ နားလည်​အောင်လုပ်​နေရတာ သူ့အတွက်အ​တော်ပင်ပန်းလှသည်။
အလုပ်ထဲမှာပဲအာရုံစိုက်​နေတုန်း ​ရုတ်တရက်ခေါင်းထဲဝင်လာတာက ဂန်ထယ်အီဆိုတဲ့​ကောင်ပြောသွားတဲ့ စကား​တွေပင်။
ပြန်ကြား​ယောင်ရင်း​ဒေါသထွက်လာတာ​ကြောင့် စားပွဲကိုလက်သီးနဲ့ထုလိုက်သည်။သူအသက်ရှင်​နေသ​ရွေ့​တော့ထယ်​ယောင်းကိုလက်ဖျားနဲ့​တောင်အထိမခံဘူး။ဒါကိုမှ ရှေ့ဆက်တိုးမယ်ဆိုရင်​တော့ ကိုယ့်​သေလမ်းကိုယ်ခင်းတာပဲ။ဂန်ထယ်အီနဲ့ငြိတဲ့ကိစ္စကိုလည်း ထယ်​ယောင်းကိုတမင်မ​ပြောပြထားခဲ့ဘူး။အဲ့ကိစ္စကြီးကိုသိပြီး​နေ့တိုင်းစိုးရိမ်​နေရမှာကိုမလိုလားတာ​ကြောင့်ပင်။သူတစ်ယောက်လုံးရှိ​နေတာပဲ...သူကာကွယ်​ပေးမည်။သို့​ပေမယ့်လည်း စိုးရိမ်​နေတာ​ကြောင့် ထယ်​ယောင်းကိုဖုန်း​ခေါ်လိုက်သည်။အသံ​သြသြလေးကြားရမှစိတ်​အေးမည်။
ည​နေကိုယ့်မိတ်ဖက်ကုမ္ပဏီကကျင်းပမယ့် ပွဲတစ်ခုရှိတယ်လို့မမ​ပြောလာမှု​ကြောင့် ထယ်​ယောင်းည​နေဝတ်ဖို့ကိုခုတည်းကပြင်ဆင်​နေတာဖြစ်သည်။မမနဲ့အတူပွဲတက်​နေကျမို့ သူ့အတွက်စိတ်ဖိစီးစရာတော့ သိပ်မရှိ။ဒါ​ပေမယ့် ည​နေ​​
မင်ယွန်းဂီနဲ့​တွေ့ဖို့date​လေးဖျက်ရ​တော့မှာမို့စိတ်​တော့မ​ကောင်း။အလုပ်ကြိုးစား​နေတဲ့သူ့ချစ်သူကြီးကို မနက်ဖြန်မှပဲ​ချော့ရ​တော့မည်။ပွဲကိုလာမှာကစီးပွား​ရေးလုပ်ငန်းရှင်​တွေချည်း​​ပေမယ့် လှလွန်းတဲ့မမ​ကြောင့် စိတ်မချတာလည်းပါသည်။တစ်ခါတစ်​လေ ထယ်​ယောင်းကအစ်ကိုကြီးလိုပင် ​တွေးပူတတ်သည်။
လက်ဝတ်ရတနာ​​တွေ၊ဖိနပ်​တွေနဲ့အင်ကျီ​တွေကြားအလုပ်ရှုပ်​နေတုန်း အိပ်ယာ​ပေါ်ကဖုန်းမြည်သံ​ကြောင့်ချက်ချင်း​ပြေးကိုင်လိုက်သည်။သူ့ဆီဆက်လာတာက တစ်​ယောက်တည်း​သောလူကလွဲပြီးမရှိနိုင်။
"ဟယ်လို "
အသံချိုချို​လေးနှင့်​ပြောလိုက်​တော့ တစ်ဖက်က​ယွန်းဂီရဲ့ရယ်သံလွင်လွင်ကိုအရင်ကြားရသည်။စ​ပြောတာကသူ့ကိုလွမ်း​နေပါသည်တဲ့။ပြီး​တော့ ဘာလုပ်​နေလဲ စားပြီးပြီလားစသဖြင့်​မေးလာသည်။ည​နေdateကိုဖျက်ရမယ်ဆိုတာကို​ပြောပြ​တော့ ဝမ်းနည်းသွားတဲ့အသံ​လေးနဲ့'ရပါတယ် သူနားလည်​ပေးတာ​ပေါ့'တဲ့...အပြန်​တော့သူလာကြိုမယ်​ပြောသွား​သေးတယ်။မမနဲ့ပြန်မယ်ဆိုတာကို အကဲပိုစွာမအိပ်ခင်မျက်နှာ​လေး​တွေ့ချင်လို့ဆိုပြီး​ပြောလာ၍သူလည်း လာကြိုခိုင်းလိုက်သည်။အမှန်​တော့ မင်ယွန်းဂီပဲအကဲပိုတာမဟုတ်။သူကိုယ်တိုင်ကလည်းတစ်​ရက်မ​တွေ့ရမ​နေနိုင်​ပေ။
မမဆီက​နေ အရမ်းပိုလွန်းတဲ့အတွဲကိုကြည့်မရ​တော့ဘူး လို့​ပြောခံရသည်အထိပင် တစ်ကယ်လည်းသူတို့နှစ်​ယောက်ကမျက်စိ​အောက်ကအ​ပျောက်မခံကြ။
ကြည်နူးစွာဖုန်း​ပြောပြီး​တော့မှ ​ယွန်းဂီစိတ်​အေးစွာအလုပ်ထဲစိတ်နှစ်နိုင်​တော့သည်။ည​ကျရင်​သွားကြိုရမှာမို့ အဲ့မတိုင်ခင်အလုပ်​တွေပြီး​အောင်သူလုပ်ရမည်ဆိုပြီး ​နေ့လည်စာ​တောင်မစားပဲအားကြိုးမာန်တက်စာရင်း​တွေကိုစစ်လိုက်၊အတွင်း​ရေးမှူးလီကိုမသိတာ​တွေ​မေးလိုက်နှင့်အလုပ်များ​နေ​တော့သည်။
.
.
.
ထယ်​ယောင်း ည​နေ၆နာရီ​လောက်မှာ မမနဲ့အတူပွဲကျင်းပရာ​နေရာသို့ထွက်လာခဲ့သည်။ဟိုတယ်မှာလုပ်​လောက်မယ့်ပွဲလို့ထင်ထား​ပေမယ့် တစ်ကယ်​တော့ခြံဝန်းကျယ်ကြီးတစ်ခုမှာသာ။မိတ်ဖက်ကုမ္ပဏီက နာမည်ကြီးgloryလက်ဝတ်ရတနာကုမ္ပဏီဖြစ်တာ​ကြောင့် collectionအသစ်အတွက်လူအနည်းငယ်နှင့်သာprivate partyကျင်းပတာဖြစ်သည်။အထက်တန်းလွှာကလူ​တွေပိုများပြီး ဝန်ကြီးချုပ်ရဲ့သမီးအကြီးကပါ တက်ရောက်မည်ဟုကြားရသည်။ဟို​တ​လောကဂန်ထယ်အီကိစ္စ​ကြောင့် ထယ်​ယောင်းလန့်​နေဆဲ​ပေမယ့်ကြာ​တော့လည်း​မေ့​မေ့​ပျောက်​ပျောက်ပြန်ဖြစ်ကာ ထိုပွဲ၌ဂန်ထယ်အီပါရှိ​နေနိုင်မည်ဆိုတာကို ​မေ့​လျော့သွားသည်။
ထယ်ဟီးနဲ့ထယ်​ယောင်းက အဖြူ​ရောင်ကိုယ်စီဝတ်ဆင်ထားတာ​ကြောင့် တစ်ပွဲလုံးအလည်မှာထင်း​နေသည်။ပွဲရှိလူ​တွေအကုန်လုံးရဲ့ မျက်လုံး​တွေကလည်း ထယ်​ယောင်းတို့​မောင်နှမဆီမှာသာ။ထယ်ဟီးကအဖြူ​ရောင်ကိုယ်ကျပ်dressအရှည်ကိုဝတ်ဆင်ထားသည်။dressအ​​ရှေ့ကရိုးရှင်းစွာ​ပြောင်လက်ရှည်ဖြစ်ပြီး​နောက်​ကျောက​​တော့ ​ကျောပြင်တစ်​လျှောက်လုံး​​ဖော်ထားတာဖြစ်သည်။ဆံပင်​တွေကိုစီစီရီရီထုံးဖွဲ့ထား၍လည်တိုင်၌ gloryရဲ့brandတစ်ခုဖြစ်တဲ့​စျေးကြီးလှ​သော ​​​မြွေတစ်​ကောင်ရစ်ပတ်​နေပုံသ ဏ္ဍာန်ရှိတဲ့စိန်လည်ဆွဲကိုဝတ်ဆင်ထားသည်။လက်နှစ်ဖက်၌လည်းအလားတူ စိန်လက်​ကောက်​ကိုလက်တစ်ဖက်ဆီ၌ဝတ်ဆင်ထားသည်။ထိုအသွင်အပြင်​ကြောင့် ပွဲအလယ်၌နတ်ဘုရားမအလား။​ယောကျာ်းသားများရဲ့မျက်လုံးအစုံတိုင်းကသူမဆီမှာသာ။​​အစ်မ​ဘေးမှာရပ်​နေတဲ့ထယ်​ယောင်းကမူ မမကိုယ်တိုင်ပြင်ဆင်​ပေးထားတဲ့အဖြူနုရောင်suitကိုဝတ်ဆင်ထားပြီး​​ ​​ဝတ်ဆုံနှင့်လိုက်ဖက်စွာ​အီတလီထုတ်​ပြောင်လက်​နေသည့်လည်သာအနက်​​ရောင်ဖိနပ်ကိုစီးထားသည်။ ရင်ဘတ်၌glory man collectionရဲ့​​ ​စျေးအကြီးဆုံးရင်ထိုးတစ်ခုတည်းကိုထိုးထားသည်။မြွေတစ်​ကောင်ရစ်ပတ်​နေသလိုကိုယ်ထည်ကိုကျ စိန်​တွေနဲ့စီခြယ်ထားပြီး ​​မြွေရဲ့မျက်လုံးကို​တော့ပတ္တမြားအနီရင့်​ရောင်ကိုအသုံးပြု၍ပြုလုပ်ထားသည့်ရင်ထိုး​ကြောင့် ဝတ်ထားသည့်suitနှင့်အလွန်ပနံသင့်လှသည်။ညာဘက်လက်ညှိုးသွယ်သွယ်​​လေးမှာ​ ထိုနည်းတူလက်စွပ်ကိုတစ်ကွင်းတည်းသာဝတ်ဆင်ထားသည်။အပြင်အဆင်ကရိုးရှင်း​ပေမယ့် ​ချော​မော​ပြေပြစ်တဲ့မျက်နှာ​​ကြောင့်ထယ်​ယောင်းဟာပွဲအလယ်မှာ နတ်ဘုရားငယ်အလားထင်းထွက်​နေသည်။ကင်မ်​မောင်နှမနှစ်​ယောက်လုံးက နတ်ဘုရားမျိုးနွယ်​တွေလိုပင်ချော​မောလှပပြည့်စုံသူ​တွေဖြစ်ကြပြီး တစ်ပွဲလုံးရဲ့အကြည့်​တွေကိုဖမ်းစားထားကြသည်။
ပွဲတစ်ခုလုံးကမျက်လုံး​တွေက လုပ်ငန်းရှင်​တွေနဲ့စကား​ပြော​နေကြသည့်မမဆီမှာပိုရှိကြသည်။ထယ်​ယောင်းက​တော့ မမ​ကြောင့်သာလိုက်လာတာမို့​ တစ်​ယောက်တည်းမတ်တပ်ရပ်လက်ပိုက်လျက်သာ မှန်​ဘောင်နဲ့ခင်းကျင်းပြသထားတဲ့လက်ဝတ်ရတနာ​တွေကိုကြည့်​​နေသည်။သ​ဘောကျတာ​တွေ့ပါက ​တစ်ခါတည်းဝယ်သွားပြီးအလုပ်ကြိုးစား​နေတဲ့ယွန်းဂီကိုဆုချဖို့ပင်။
ပွဲထဲစဝင်လာတည်းက ထယ်​​ယောင်းဆီမှာသာအကြည့်​တွေစု​နေသည့်ထယ်အီကို​တော့ ထယ်​ယောင်းခုထိသတိမမူမိ။
ထယ်အီက ထယ်​ယောင်းသွားလာလှုပ်ရှားမှုအားလုံးကိုသိတာမို့ ယ​နေ့တက်ရမယ့်ပွဲကို အစ်မဖြစ်သူအစားသူလာခြင်းပင်။အ​ဝေးကကြည့်​နေရတာ​တောင် ​ပြည့်စုံလွန်းတဲ့ထယ်​ယောင်းကို သူကလွဲပြီးတစ်ခြားဘယ်သူ့လက်ထဲမှအပါမခံနိုင်ပါ။သူရဲ့အတ္တကို ​ဘေဘီ့ကိုနားလည်​ပေး​စေချင်လိုက်တာ။မင်ယွန်းဂီနဲ့တူတူတွဲမြင်ရတိုင်း သူ့ရင်ကိုအစိမ်းလိုက်ခွဲ​နေတဲ့အလားနာကျင်ရတယ်ဆိုတာကို ​ဘေဘီသိရင်သူ့ကိုသနားပြီးပြန်​ချစ်​ပေးမလား?
"​ဘေဘီ"
ထယ်​ယောင်း ရိုးရိုးရှင်းရှင်းနဲ့​သေသပ်လှပတဲ့ couple bracelet​​လေးကိုကြည့်​နေတုန်း အရမ်း​ကြောက်ရတဲ့​ခေါ်သံကိုကြားရတာ​ကြောင့်ခန္ဓါကိုယ်​လေးတုန်သွားသည်။ချက်ချင်းလှည့်မကြည့်ပဲ ဒီတိုင်းရပ်​နေလိုက်သည်။
"​ဘေဘီ"
သူလှည့်မကြည့်တာ​ကြောင့် ထိုလူကသူ့အ​ရှေ့တည့်တည့်သို့​ရောက်လာသည်။
"ခင်ဗျား...ဘာလာလုပ်တာလဲ"
"အဲ့ဒီခင်ဗျားလို့​ခေါ်သံကို ကိုယ့်မှာလွမ်း​နေခဲ့ရတာ"
"အပို​တွေလာမ​ပြောနဲ့...ဒီ​နေရာထိခင်ဗျားဘာလာလုပ်တာလဲ"
"ကိုယ့်ကိုဖိတ်လို့လာတာ​လေ...မလာလည်းရ​ပေမယ့်​ဘေဘီလာမယ်မှန်းသိလို့တမင်လာတာ"
ထယ်​ယောင်းစကားဆက်မ​ပြောချင်​တာ​ကြောင့် လှည့်ထွက်ခဲ့သည်။ဒီလိုလူနဲ့ဆက်​ပြော​နေရင်အပိုပင်။ထိုစဥ်​နောက်က​နေသူ့လက်တစ်ဖက်ကိုလှမ်းဆွဲခြင်းခံလိုက်ရသည်။
"ခင်ဗျားဘာလုပ်တာလဲ...လွှတ်စမ်း"
ထယ်​ယောင်းကသူများပွဲမှာမို့ ပြဿနာမဖြစ်ချင်၍အံကျိတ်ပြီးအသံကိုထိန်း၍​ပြောသည်။ဒါကိုပင်ထယ်အီကအခွင့်အ​​ရေးယူကာ ထယ်​ယောင်းကို ပွဲနဲ့​ဝေးရာခပ်လှမ်းလှမ်းဥယျာဥ်ဆီသို့ဆွဲ​ခေါ်လာသည်။ဆွဲ​ခေါ်ခံရတဲ့တစ်​လျှောက်လုံးထယ်​ယောင်းရုန်း​ပေမယ့် မရသဖြင့်ထို​နေရာထိပါလာခဲ့သည်။
"လွှတ်စမ်း!!"
လူ​တွေနဲ့​ဝေးသွားတာမို့ ထယ်​ယောင်း​အော်လိုက်​တော့ ထယ်အီက သူဆွဲလာတဲ့ထယ်​ယောင်းလက်​ကိုလွှတ်​ပေးပြီးအတင်းဆွဲ​ခေါ်လာမှု​ကြောင့်နီရဲသွားတဲ့ထယ်​ယောင်းလက်​ကောက်ဝတ်ကို နူးညံ့စွာကိုင်လိုက်သည်။ထယ်​ယောင်းချက်ချင်းခါထုတ်လိုက်သည်။
"လာမထိနဲ့!!"
"ကိုယ့်ကိုဘာလို့အဲ့​လောက် နာကျည်းရတာလဲ​ဘေဘီ"
"ခင်ဗျားကိုမုန်းလို့ဆိုတာရှင်း​နေတာပဲ​လေ"
"​ဘေဘီက ကိုယ့်ကိုစိတ်​ကောက်​နေတာမလား...ကိုယ်​ဘေဘီ့နားက​ပျောက်သွားခဲ့တာ ​မေ​​မေ​ဆေးရုံတက်​နေရလို့ပါ..
ကိုယ်​မလွှဲသာလို့မလာခဲ့ရတာ...​နေ့တိုင်းရူး​လောက်​အောင်လွမ်း​နေခဲ့တာ...အခုကိုယ်ပြန်လာပြီ​လေ...ကိုယ်​ပြော​နေကျစကားကိုပဲ​ပြောမယ်...ကိုယ့်ကိုပြန်ချစ်ပါ"
ထယ်အီ မျက်ရည်များဝဲစွာ​​ပြောလာသည်။
"ခင်ဗျားရူး​နေလား!!"
ထယ်​ယောင်း​ထပ်​အော်ပစ်လိုက်သည်။သူဘယ်လို​တောင်အရူးနဲ့လာ​တွေ့​နေရသလဲ?
"ဟုတ်တယ်...ကိုယ်ရူး​နေတာ...​ဘေဘီ့ကိုချစ်လွန်းလို့ရူး​နေတာ...ကိုယ့်ကိုပြန်ချစ်ပါ...ကိုယ်ဘယ်​လောက်ထိချစ်လဲဆိုတာ ​ဘေဘီသိသားနဲ့"
"မသိဘူး!...သိလည်းမသိချင်ဘူး!...ကျွန်​တော့်မှာချစ်သူရှိတယ်...အဲ့​​လောက်ဆိုသဘော​ပေါက်ပြီးထပ်မ​နှောင့်ယှက်နဲ့​​တော့..."
"မင်ယွန်းဂီကြောင့်လား...အဲ့​ကောင်​ကြောင့်​ဘေဘီကကိုယ့်ကိုပြန်မချစ်နိုင်တာလား"
"ဟုတ်တယ်...အဲ့ဒါ​ကြောင့်ပဲ...ကျွန်​တော်ချစ်တာမင်ယွန်းဂီတစ်​ယောက်တည်းပဲ..ကျွန်​တော့်​ရှေ့ထပ်မ​ပေါ်လာနဲ့...အဲ့လိုလုပ်​ပေးရင်တစ်ကယ်​ကျေးဇူးတင်မိမှာ"
သူ​ပြော​တော့ ဂန်ထယ်အီက​မေးရိုးများထင်းတဲ့အထိအံ့ကျိတ်ပြီးမျက်လုံး​တွေလည်းရဲလာသည်။ထိုပုံရိပ်ကြီးက သူ့ကို​​ကြောက်လန့်​စေသည်။အနားမှာထပ်မ​နေချင်​တော့တာ​ကြောင့် လှည့်ထွက်လာခဲ့လိုက်သည်။
"မင်ယွန်းဂီသာ ​ဘေဘီ့အနားကိုရောက်မလာခဲ့ရင်...​ဘေဘီကိုယ့်ကို​ရွေးမှာမလား"
​ခြေလှမ်း​လေးငါးလှမ်း​လောက် လှမ်းပြီးခါမှထယ်​ယောင်း ထယ်အီဘက်သို့ပြန်လှည့်လိုက်သည်။
"မ​​ရွေးဘူး...မင်ယွန်းဂီဆိုတဲ့လူသားရှိ​နေသ​ရွေ့ကျွန်​တော့်​ရွေးချယ်မှုကမ​ပြောင်းသွားဘူး"
ထယ်​ယောင်းပြတ်သားစွာ​ပြောလိုက်သည်။သူ့အတွက်ပထမဆုံးနဲ့​နောက်ဆုံးအချစ်က ​ယွန်းဂီတစ်​ယောက်တည်းအတွက်ပင်။
"မရှိ​တော့ရင်​တော့ ​ပြောင်းမယ်​ပေါ့"
ထယ်အီကစိတ္တဇဆန်စွာ နှုတ်ခမ်းတစ်ဖက်ကိုရွဲ့ကာပြုံး၍​ပြောလာသည်။ထိုစကား​ကြောင့် လန့်သွားရသူကထယ်​ယောင်းပင်။ဂန်ထယ်အီဆိုတဲ့လူက သူ့ချစ်သူကိုအချိန်မ​​​ရွေးဒုက္ခ​ပေးနိုင်တဲ့လူမို့ပင်။
"ခင်ဗျားဘာလုပ်မလို့လဲ!!"
"​​ဘေဘီ့စကားကိုအတည်ယူမလို့​လေ..."
"ခင်ဗျားသူ့ကိုထိရဲထိကြည့်!!"
"ကိုယ့်ကိုပဲပြန်ချစ်​ပေးပါ"
သူ​ပြောတာကိုဂရုမစိုက်ပဲ ထိုစကားကိုသာ​ပြော၍ထွက်သွားသည့်ထယ်အီကိုထယ်​ယောင်း လက်သီးကိုကျစ်ကျစ်ပါ​အောင်ဆုပ်၍နာကျည်းမုန်းတီးစွာကြည့်​သည်။ဘာလို့သူ့ကျမှ ဒီလိုအရူးမျိုးနဲ့လာ​တွေ့​ရတာလဲ?​​ထို​မေးခွန်းကိုတွေး​နေဖို့အချိန်မရှိတာမို့ ​ယွန်းဂီကိုဖုန်းအမြန်ဆက်ပြီး ပါတီကိုလာမကြိုခိုင်း​တော့ပဲ အလုပ်​တွေပြီးတာနဲ့အိမ်ကိုပဲတန်းပြန်ခိုင်းလိုက်သည်။​ယွန်းဂီကသူ့ကို​စောဒကတက်​ပေမဲ့ သူအလိုမလိုက်ပဲဖုန်းချပစ်လိုက်သည်။ဂန်ထယ်အီလိုအမှိုက်​ကြောင့် ​ယွန်းဂီသာတစ်ခုခုဖြစ်သွားရင်သူ့ရင်​တွေကွဲမှာ...အခု​တောင်ထိခိုက်သွား​လေမလားဆိုတဲ့အ​တွေး​တွေနဲ့လူကမတ်တပ်​တောင်​ကောင်း​ကောင်းမရပ်နိုင်​တော့​ပေ။
ကိုယ့်ကိုယ်ကိုအားတင်းပြီးမမ့ဆီပြန်လာ​တော့ ဂန်ထယ်အီကိုပွဲ၌မ​တွေ့ရ​တော့။သူလည်းဒီမှာဆက်မ​နေချင်​တော့တာ​ကြောင့် မမ့ကိုအတွင်း​ရေးမှူးနဲ့သာထားခဲ့ရင်းခွင့်​တောင်း၍ပြန်လာခဲ့သည်။
အိမ်သို့ပြန်ချင်းမဟုတ်...ချစ်သူရှိရာသို့သွားခြင်းသာ။
.
.
ထယ်​ယောင်းကလာမကြိုခိုင်းတာ​ကြောင့် စိတ်​ကောက်ပြီးရုံးမှာမပြီးခဲ့တဲ့အလုပ်​တွေကို ဆူပုပ်ပုပ်နဲ့လုပ်နေတုန်းတံခါး​ခေါက်သံကြား၍ ​ထဖွင့်​တော့မထင်မှတ်ထားစွာထယ်​ယောင်းကို​တွေ့ရသည်မို့ ယွန်းဂီမျက်လုံးပြူးသွားရကာအံ့သြသွားသည်။အတန်ကြာမှ နှုတ်ခမ်း​လေးပါ​ကွေး၍ပြုံး​တော့တဲ့​ယွန်းဂီ။
"ထယ်​ယောင်း...ဘယ်လို​​လုပ်ပြီးရောက်လာတာလဲ"
"ကားစီးလာတာ​ပေါ့ဗျာ"
ထယ်​ယောင်းက ​ခုထိတံခါးဝမှာရပ်​နေသေးတဲ့ယွန်းဂီကိုတွန်းပြီး သူ့အိမ်သူ့ရာလိုပင်ကုတင်​ပေါ်မှာ​ပြေးလှဲသည်။​ယွန်းဂီက​တော့ ထယ်​ယောင်းကိုအစကစိတ်​ကောက်ချင်​ပေမယ့် သူ့ဆီ​ရောက်လာတာ​ကြောင့်​ပျော်​နေတာမှိုရသလိုပင်။
"ကိုယ့်ကိုလွမ်းလို့လား"
​ယွန်းဂီကုတင်​စောင်းမှာဝင်ထိုင်ရင်း ​မေး​တော့ထယ်​ယောင်းက​ခေါင်းညိတ်ပြသည်။ပါတီက​နေသူ့ဆီတန်းဝင်လာပုံရပြီး ခုထိလည်းSuitဖြူဖြူ​လေးနဲ့ပင်။လက်နှစ်ဖက်နဲ့​ခြေ​ထောက်နှစ်ဖက်လုံးကိုကားပြီး လှဲ​နေတဲ့ထယ်​ယောင်းကို​ယွန်းဂီအသည်းယားစွာ​ခြေ​ထောက်က​နေဆွဲ​တော့ သူထိုင်​နေရာနားသို့ပါလာသည်။
"ပင်ပန်းလို့ခဏလှဲဦးမယ်​လေ"
"ကိုယ်ကလွမ်း​နေရတာ"
​ပြောရင်းနဲ့သူ့ကိုဆွဲထူပြီးအတင်းဖက်​ကာ​ပြောတဲ့လူကြီး။ဂန်ထယ်အီ​ကြောင့်အချိန်မ​ရွေး ​ယွန်းဂီအန္တရာယ်ဖြစ်သွားနိုင်တာမို့ သူအဲ့စိုးရိမ်စိတ်နဲ့ပင်​​​ယွန်းဂီကျောပြင်ကျယ်ကြီးကိုတင်းတင်းကျပ်ကျပ်ပြန်လည်ဖက်တွယ်လိုက်သည်။ဒီရင်ခွင်ကြီးထဲမှာ​ဝင်​နေရချိန်တိုင်းက သူ့အတွက်​နွေဦးလိုပင်နွေး​ထွေးလှသည်။
အတန်ကြာဖက်​ထားပြီး​တော့မှ ​ယွန်းဂီကထယ်​ယောင်းပါးနှစ်ဖက်လုံးကိုနှာ​ခေါင်းနစ်ဝင်​သွားအောင်နမ်းပြီး ပြန်လွှတ်​ပေးသည်။
"ဘယ်​တော့ပြန်မှာလဲ...ကိုယ်လိုက်ပို့မယ်​​...တစ်​ယောက်တည်းမပြန်ရဘူး"
"မပြန်ဘူး...ဒီမှာအိပ်မှာ...အဘိုးဆီက​ရောမမ့ဆီကပါခွင့်​တောင်းပြီးပြီ.."
ထယ်​ယောင်းအ​ပြော​ကြောင့် မျက်လုံးပြူးသွားရသည်မှာ​ယွန်းဂီ။ဒီမှာအိပ်မှာတဲ့...သူနဲ့တူတူအိပ်မှာ​ပေါ့။သူကထယ်​ယောင်းနဲ့တူတူအိပ်ရမှာ​ပေါ့..oh!!..god!!...
"ကျွန်​တော်​ရေချိုးချင်​နေပြီ...ခင်ဗျားအဝတ်​တွေယူဝတ်လို့ရလား"
"ရ..ရတာ​ပေါ့...ကြိုက်တာယူဝတ်​နော်"
​ယွန်းဂီတစ်​ယောက်တည်း​မှောင်​နေတာ​ကြောင့် စကား​တွေပါထစ်ကုန်သည်။ထယ်​ယောင်းက​တော့ ​အေး​ဆေးစွာဗီရိုထဲကသူဝတ်ချင်တဲ့အဝတ်​တွေနဲ့တဘက်​တွေယူပြီး​ရေချိုးခန်းထဲဝင်သွားသည်။ကျန်ခဲ့တဲ့​ယွန်းဂီက​တော့ နှာ​ခေါင်း​သွေး​တွေများလျှံ​နေသလားဟု သူ့နှာ​ခေါင်းသူစမ်း​နေသည်။
​ရေချိုးခန်းထဲကထွက်လာတဲ့ထယ်​​ယောင်းက သူ့ရှပ်အင်ကျီအနက်​ရောင်ပွပွကြီးနဲ့မို့​အောက်က​ဘောင်းဘီတို​လေးကို​တောင်မမြင်ရပဲဖုံး​နေ​သည်။သူ့အဝတ်အစား​တွေနဲ့ချစ်ဖို့​ကောင်း​နေတဲ့​ကောင်​လေး​တွေ့ရ​တော့ ခုနကထိ​မှောင်​နေတဲ့စိတ်​တွေ​တောင်ဘယ်​ရောက်သွားသည်မသိ။
"ကျွန်​တော်အိပ်ချင်​နေပြီ...ခင်ဗျားအလုပ်ရှိ​သေးရင်လုပ်​လေ"
ထယ်​ယောင်းကပါးစပ်ကိုလက်​လေးနဲ့ပိတ်ကာသမ်းရင်း​ပြော၍ကုတင်​ပေါ်၌​နေရာယူကာဝင်အိပ်​တော့သည်။
အလုပ်​တွေကျန်​သေး​ပေမယ့်​ ယွန်းဂီကlaptopကိုချက်ချင်းသွားပိတ်ပြီးထယ်​​ယောင်း​ဘေး၌ဝင်လှဲလိုက်သည်။
"ကိုယ်လည်းအိပ်​​တော့မှာ"
"အိပ်​ပေါ့...ခင်ဗျားကိုဖက်လို့ရလား"
"ရတာ​ပေါ့"
ထယ်​ယောင်း ​ယွန်းဂီနားသို့မရဲတရဲနဲ့တိုးသွားပြီး ဖက်ထားလိုက်သည်။​ယွန်းဂီသူ့နားသို့ ​ဘောက်ဖတ်လေးလိုတွန့်ဆုတ်တွန့်ဆုတ်နဲ့တိုးလာတဲ့ထယ်​ယောင်းကို ပြန်ဖက်ထား​တော့ထယ်​ယောင်းကသူ့ရင်ခွင်ထဲကိုပိုတိုးဝင်လာသည်။​​
ယွန်းဂီရင်ခွင်က သူ့အတွက်အမြဲ​စိတ်​အေး​စေသည်။ချစ်ရသူကိုဖက်ပြီး စိတ်​ပေးချမ်းစွာအိပ်ဖို့ပြင်လိုက်​ပေမယ့် ဂန်ထယ်အီနဲ့​တွေ့တာကို​ပြောပြပြီး သတိထားဖို့​မှာရန်သူ့မျက်လုံး​တွေပြန်ဖွင့်လိုက်သည်။
"ကျွန်​တော်ဒီ​နေ့ပွဲမှာ ဂန်ထယ်အီနဲ့​တွေ့ခဲ့တယ်"
​ယွန်းဂီကချက်ချင်းထထိုင်ပြီး ထယ်​ယောင်းမျက်နှာကို​မေးက​နေကိုင်ကာ​သေချာကြည့်လာသည်။
"ကျွန်​တော့်ကိုဘာမှမလုပ်ပါဘူး...ဒီတိုင်းစကား​ပြောဖြစ်တာ...ကျွန်​တော့်နားမကပ်ဖို့​ပြောလိုက်တယ်"
"အဲ့ဒါကို​ကြောက်​နေတာလားဟင်"
"မဟုတ်ဘူး...သူကခင်ဗျားကိုအန္တရာယ်​ပေးမှာကို​ကြောက်တာ"
​ပြောပြီးမျက်နှာ​လေး​အောင်ငုံ့သွားတဲ့ထယ်​ယောင်း​ကြောင့် သူ​ခေါင်းပြန်​မော့​စေပြီး နဖူး​လေးကိုအချိန်အကြာကြီးဖိနမ်းလိုက်သည်။သူ့ကိုဒီ​ကောင်​လေးစိတ်ပူ​နေတာ သူသိတာ​ပေါ့။ဂန်ထယ်အီ​ရဲ့အ​​ကြောင်းကို အကုန်စုံစမ်းပြီးသားမို့သူ့ကိုအချိန်မ​ရွေးအန္တရာယ်​ပေးနိုင်တဲ့လူမှန်းလည်းသိထားသည်။ဒါ​ပေမယ့်လည်း သူ​ကြောက်မ​နေဘူး။သူ့ကိုလာထိရင် သူလည်းပြန်တိုက်ခိုက်ဖို့​တွေးပြီးသား။ထယ်​ယောင်းကိုလည်းသူအဆုံးထိကာကွယ်​ပေးသွားမှာ..အနားက​နေအချိန်ပြည့်ကွယ်​ပေးမှာ။အ​ဖေကဝန်ကြီးချုပ်​တော့မဟုတ်​ပေမယ့် သူကလည်းပိုက်ဆံမရှိ အသိုင်းအဝိုင်းမရှိတဲ့ထဲကလူမဟုတ်။ဝန်ကြီးချုပ်သားဆိုပြီး ဖင်တုန်အောင်​ကြောက်ပြ​နေမယ့်ထဲမှာ သူမပါ​ပေ။
"ကိုယ့်ကိုမစိုးရိမ်ပါနဲ့...ကိုယ်ကအဲ့လိုလူဆီကခံရစရာလား"
"စိုးရိမ်မှာပဲ...ကျွန်​တော်ကခင်ဗျားကိုအရမ်းချစ်တာသိတယ်မလား...နည်းနည်း​လေးထိခိုက်သွားမှာ​တောင်မလိုချင်ဘူး...ကျွန်​တော့်ကိုချစ်ရင်ပိုဂရုစိုက်...ဂန်ထယ်အီလိုအမှိုက်နဲ့သွားမပတ်သက်​စေချင်ဘူး"
စိတ်ပူ​နေမှာစိုးလို့ခပ်ရွှတ်ရွှတ်စ​နောက်လိုက်​​ပေမယ့် အတည်​ပြောလာတဲ့ထယ်​ယောင်း​ကြောင့်သူလည်းဆက်မစ​တော့ပဲ ​ပြုံး၍ခေါင်းညိတ်ပြလိုက်​သည်။
"ကိုယ်သိပါပြီ က​လေးရယ်...မှားလို့...ထယ်​ယောင်း..ဟီး"
"ရတယ်"
"ဟမ်"
"ဒီညက​လေးလို့​ခေါ်ခွင့်​​ပေးမယ်လို့...အိပ်ချင်​နေပြီ..ခင်ဗျားလည်းအိပ်​တော့...မဟုတ်တာ​တွေမကြံနဲ့​နော်...ကုတင်​ပေါ်ကကန်ချမှာ..."
"ဟုတ်ပါပြီ က​လေး​လေးရယ်"
သူ့အ​တွေး​တွေကို ကြိုသိ​နေသည့်အလား​ပြောလာတဲ့ထယ်​ယောင်းကြောင့် တံ​တွေးမြိုချရင်းသာ​ဘေး၌ဝင်လှဲလိုက်​တော့ သူ့ကိုဖက်တွယ်လာတဲ့လက်​လေးတွေ​ကြောင့် သူလည်းပြန်ပြီးဖက်ရင်းမျက်လုံး​တွေမှိတ်လိုက်​တော့သည်။ရင်ထဲကအ​နွေးဓါတ်​လေး​ကြောင့် ဒီည​တော့အိပ်မက်လှလှ​လေးမက်​တော့မှာအ​သေအချာ​ပေါ့။
.
.
.
"​သားကြီး...​နေ့ခင်းကြီးဘာလို့လာ​သောက်​နေတာလဲကွာ"
"​သောက်သည်းကွဲလာလို့​!!!"
"ဘာလို့​အော်​နေတာလဲ!...တိုးတိုး​ပြောစမ်း!"
"မင်းမှ​သောက်သည်းမကွဲဖူးတာ!!!!"
​မ​အော်နဲ့​ပြောကာမှ သ​ကောင့်သားကပို​​အော်​တော့သည်။မ​ပြောလိုက်ရင်အ​ကောင်း။
"အို​ကေ...အို​ကေ...စိတ်​လျော့"
နမ်ဂျွန်လှမ်း​ခေါ်မှု​ကြောင့် သူဘားကို​ရောက်လာခဲ့သည်။ဒီ​နေ့က အလုပ်ပိတ်ရက်မို့​တော်​သေးသည်။​နောက်မို့ဆိုအလုပ်​တွေနဲ့လာနိုင်မည်မဟုတ်။​ရောက်​တော့မူးရူး​နေပြီဖြစ်တဲ့သူငယ်ချင်းကို​တွေ့ရသည်။​နေ့လည်ခင်းကြီး​တောင် ဒီ​ကောင်ကအရက်ပြင်း​တွေ​သောက်​နေတာ။
"ဘယ်လိုဖြစ်တာလဲကွာ"
သူ​မေး​တော့နမ်ဂျွန်က ​သောက်လက်စခွက်ကိုအကုန်​မော့ချပြီး​မျက်လုံးကိုအုပ်ကာငို​တော့သည်။
"နမ်ဂျွန်...ဒီ​နေ့အစ်ကိုဝတ်ထားတာကြည့်​ကောင်းလား"
​​​​ထုံးစံအတိုင်းဆိုင်ကို​ရောက်​နေတဲ့နမ်ဂျွန်ကို​ဆော့ဂျင်ကသူဝတ်ထားတာကိုပြ၍​မေးသည်။
"အစ်ကိုကဘာဝတ်ဝတ်ကြည့်​ကောင်း​နေတာပဲ"
အပြာနု​​ရောင်ရှပ်အင်ကျီလက်ရှည်ကိုစတိုင်ပန့်အနက်​ရောင်ထဲထည့်ဝတ်ထားသည့်အစ်ကိုက သူ့ထက်အငယ်​လေးလိုပင်နုပြီး​​ချော​သည်။သူ​ပြော​တော့ ​မျက်လုံး​လေး​တွေမှိတ်သွားတဲ့အထိရယ်ပြသည်။
"အစ်ကိုကဘယ်သွားမလို့လဲ"
"အစ်ကို့အ​မေ​သွား​တွေ့ခိုင်းတဲ့ dateကို"
"ဘာ!!...မသွားရဘူး!!"
နမ်ဂျွန် ​​​​ဆော့ဂျင်​ပြောပြမှု​ကြောင့်​ပတ်ဝန်းကျင်ကိုပါ သတိမထားမိပဲ​အော်လိုက်မိသည်။​သူ့​အော်သံ​ကြောင့်​အစ်ကိုက အင်ကျီကိုကြယ်သီးပြန်တပ်​နေရာက​နေ အလန့်တကြားနဲ့ခန္ဓါကိုယ်​လေးတုန်တက်သည်အထိလန့်သွားသည်။​အော်မိတာကိုစိတ်မ​ကောင်း​ပေမယ့် အစ်ကို့လက်ကိုဆွဲပြီးဆိုင်အ​နောက်ဘက်​​မြေကွက်လပ်​ဆီသို့​ခေါ်လာခဲ့သည်။
"မသွားနဲ့...အစ်ကိုလည်းမသွားချင်ဘူးမလား"
"ကိုယ်မသွားလို့မရဘူး နမ်ဂျွန်...အ​မေစိတ်ဆိုးလိမ့်မယ်"
"မသွားနဲ့လို့!!"
​ပြောလို့မရတဲ့အစ်ကို့​ကြောင့် နမ်ဂျွန်​အော်​​ပြောသည်။သူ့ရင်ထဲမှာဘာ​တွေဖြစ်​နေလဲ အစ်ကိုမှမသိပဲ။
"အစ်ကို့ကိုဘာလို့လာ​အော်​နေတာလဲနမ်ဂျွန်"
"မသွားဘူးလို့​ပြော...ကျွန်​တော့်ကိုမသွားဘူးလို့​ပြောအစ်ကို"
"​နောက်ကျ​တော့မယ် နမ်ဂျွန်...အစ်ကိုသွား​တော့မယ်"
အစ်ကိုကဂရုမစိုက်စွာ ထွက်သွားရန်ပြင်သည်။
"ကျွန်​တော်ကအစ်ကို့ကိုချစ်​နေတယ်ဆိုရင်​ရော!!"
​ဆော့ဂျင် နမ်ဂျွန့်စကား​ကြောင့်​ခြေလှမ်း​တွေရပ်သွားသည်။
"ကျွန်​တော်အစ်ကို့ကိုစ​တွေ့တည်းက ချစ်ခဲ့တာ...အစ်ကို့ကိုချစ်တယ်...အဲ့ဒါ​ကြောင့်dateကိုမသွားပါနဲ့"
"အားနာ​ပေမယ့် အစ်ကို​ယောကျာ်းချင်းစိတ်မဝင်စားဘူးနမ်ဂျွန်...ပြီး​တော့အစ်ကို့ကိုတားပိုင်ခွင့်မင်းမှာမရှိဘူးလို့ထင်တယ်"
အစ်ကိုကသူ့ကိုရက်စက်စွာ​ပြောပြီး ထွက်သွားသည်။မသွားပါနဲ့လို့လက်ကိုဖမ်းဆွဲထားချင်​ပေမယ့် သူ့မှာတားပိုင်ခွင့်မရှိဘူးလို့​အစ်ကိုကပြောသွားတယ်မလား?
"အစ်ကို!!!"
သူတစ်​ယောက်တည်း ​အော်ဟစ်ပြီးကျန်ခဲ့သည်။အစ်ကိုက​တော့တစ်ချက်​တောင်ပြန်လှည့်မကြည့်ခဲ့။
နမ်ဂျွန်ဖြစ်ပျက်ခဲ့သမျှကို အရက်တစ်ခွက်ပြီးတစ်ခွက်​သောက်ရင်း​ယွန်းဂီကို​ပြောပြသည်။
"အဲ့ဒါ​ကြောင့် ​သောက်သည်းကွဲပြီးလာ​သောက်​နေတာ"
နမ်ဂျွန်​ပြောပြ​တော့ ​ယွန်းဂီလည်းစိတ်မ​ကောင်းဖြစ်မိသည်။သူ့သူငယ်ချင်းကိုသနား​ပေမယ့် တစ်ဖက်ကအစ်ကို​ဆော့ဂျင်ကလည်းဒီ​လောက်​တောင်​ပြောလာ​တော့ နမ်ဂျွန်လက်​လျှော့ဖို့ကလွဲပြီးမရှိ​ပေ။သူလည်းနားချဖို့သာတတ်နိုင်​တော့သည်။
"ဟိုး​နေ့က​တောင်ငါးမျှားတုန်းက...တူတူရယ်​မော​နေပြီး​တော့ကွာ...​တောက်ခ်!!...ဘာလို့လဲ!!...ဘာလို့အစ်ကိုကပြန်သ​​ဘောမကျတာလဲ!!...​ငါကယောကျာ်းတစ်​ယောက်မို့လို့​လား!!!"
"စိတ်ထိန်းစမ်းပါသားကြီးရာ"
အရက်ခွက်ကို​ပစ်​ပေါက်ကာ​သောင်းကျန်း​နေတဲ့ နမ်ဂျွန့်ကို​ယွန်းဂီလည်းမနည်းဆွဲကာတားရသည်။လီဟန်မင်းရဲ့ဘားမို့​တော်​သေးသည်။သူတို့ရဲ့ကား​မောင်းပြိုင်ဘက်လီဟန်မင်းက​တောင် နမ်ဂျွန့်ကိုကြည့်ပြီးသနား​နေသည်။
​နမ်ဂျွန်​ပြောသမျှကိုနား​ထောင်ပြီး ​​ဘေးက​စောင့်​နေ​ပေးတာည၁၀နာရီပါ​ကျော်သွားသည်။ထပ်​သောက်ဦးမယ်လုပ်​နေလို့ အတင်းဆွဲ​ခေါ်ပြီးကားထဲထိုးသိပ်ထည့်ကာပြန်ပို့ဖို့လုပ်ရသည်။
နမ်ဂျွန့်ကားကိုဘားမှာပဲထားခဲ့ပြီး ​ယွန်းဂီသူ့ကားနဲ့ပဲ​ပြန်လာခဲ့သည်။အာရုံ​တွေများ​နေတာ​ကြောင့် ​နောက်ကလိုက်လာတဲ့ကားအနက်နှစ်စီးကို​ယွန်းဂီသတိမထားမိလိုက်​ပေ။
"​ယွန်းဂီ...ငါအိမ်မပြန်ချင်​သေးဘူး..."
အ​နောက်ခန်းကနမ်ဂျွန်ကအိပ်​နေရာက​နေ ထ၍​ပြောလာသည်။
"ဒီ​​လောက်မူးရူး​နေတာကို ဘယ်သွားချင်​သေးတာလဲ...ဒီညငါ့အိမ်မှာပဲအိပ်...ဦး​လေးသာ​တွေ့ရင်မင်းကိုအ​သေလုပ်မှာ"
"လုပ်လုပ်ကွာ...ငါမပြန်ချင်ဘူး...ကား​လျှောက်​မောင်းရ​အောင်"
"ရူး​နေလား!!!အိပ်​တော့ကွာ"
"​မအိပ်ဘူး...ငါ့ကား​ရော...ငါ့ဘာသာသွားမယ်"
မျက်စိ​တောင်​ကောင်း​ကောင်းမဖွင့်နိုင်ပဲနဲ့ ကား​မောင်းမယ်​ပြောလာတဲ့နမ်ဂျွန်​​ကြောင့် ​ယွန်းဂီခေါင်းခါရင်းသာအ​​ရှေ့ကို​ရောက်​ရောက်လာတဲ့​​နမ်ဂျွန့်ခေါင်းကို အတင်း​နောက်သို့တွန်းပစ်​နေရသည်။
"သေနတ်​ပေး"
လက်ဖြန့်၍​တောင်းဆိုလာတဲ့သခင်​လေး​ကြောင့် မင်ဟို​အနက်​ရောင်ဘူးထဲက​နေ osprey 45 pistol silencerကိုထုတ်​ပြီးလက်ထဲထည့်​ပေးလိုက်သည်။
(Osprey 45 pistol silencer=ပစ်လိုက်ရင် အသံမထွက်တဲ့​အ​ကောင်းစားပစ်စတိုပါ)
"​​အရှိန်တင်လိုက်"
ထယ်အီအ​ပြော​ကြောင့် ကား​မောင်း​နေတဲ့​​သူ့နောက်လိုက်ကကားကိုအရှိန်တင်လိုက်သည်။အခုဆိုရင်သူတို့ကားနှစ်စီးလုံးက​ယွန်းဂီတို့ကားကိုညှပ်ပြီး​မောင်း​နေတာဖြစ်သည်။ထယ်အီသေနတ်ကိုတစ်ချက်ပြုံး၍ကြည့်ပြီး ကားထဲက​နေ​​ယွန်းဂီကိုမဲ့ပြုံးပြုံး၍ကြည့်​နေသည်။
​ယွန်းဂီ ခုမှ​ဘေးကကားနှစ်ဖက်ကိုသတိထားမိသည်။လမ်းအနည်းငယ်ရှင်း​နေ​သော​ကြောင့် ထိုကားနှစ်စီးသူ့ကားကိုညှပ်ပြီး​မောင်း​နေသည်မို့ ​ကျော်တက်ရန်ဟွန်းတီး၍​ဘေးကပ်ခိုင်း​သော်လည်း မကပ်ပဲသူ့ကားကိုပါ​ဘေးလမ်းသို့မကွေ့ကွေ့အောင်နှစ်ဖက်လုံးက​နေအတင်းကပ်ထားလို့ သူ့ကားပါတဖြည်းဖြည်းအ​ဝေး​ပြေးကားလမ်းမ​ပေါ်သို့​ရောက်လာသည်။
​"နမ်ဂျွန်...နမ်ဂျွန်...ထစမ်း!!"
​ယွန်းဂီကားကိုအရှိန်တင်ကာ​မောင်း​ပေမယ့် ထိုကားနှစ်စီးကြားမှလုံးဝ​ရှောင်မရ​ပေ။ဘယ်သူလဲဆိုတာမသိ​ပေမယ့်သပ်သပ်သူတို့ကို​နှောင့်ယှက်​နေတာမို့​ အ​ခြေအ​နေကြည့်ရန်နောက်ကနမ်ဂျွန်ကိုအတင်းနိုးရသည်။
"ဘာလဲကွာ...မင်းပဲအိပ်ဆို!!..."
ထိုအချိန်မှာပဲ တစ်ဖက်ကားကမှန်တစ်ဖက်ကိုချ၍​သေနတ်ကိုအပြင်သို့ထုတ်ကာ​ယွန်းဂီတို့ဘက်ကိုဦးတည်လိုက်သည်။​သေနတ်နဲ့ချိန်ထားတဲ့သူက​တော့ ဂန်ထယ်အီကိုယ်တိုင်ပင်။
Kimharu4121992🌵
Borahae💜
Zawgyi
"ဟယ်လို "
.
.
.
"​ဘေဘီ"
"​ဘေဘီ"
"ခင်ဗျား...ဘာလာလုပ်တာလဲ"
"လွှတ်စမ်း!!"
"လာမထိနဲ့!!"
"ခင်ဗျားရူး​နေလား!!"
.
.
"ကားစီးလာတာ​ပေါ့ဗျာ"
"ကိုယ်ကလွမ်း​နေရတာ"
"ရတာ​ပေါ့"
"ရတယ်"
"ဟမ်"
"ဟုတ်ပါပြီ က​လေး​လေးရယ်"
.
.
.
"​သောက်သည်းကွဲလာလို့​!!!"
"အို​ကေ...အို​ကေ...စိတ်​လျော့"
"ဘယ်လိုဖြစ်တာလဲကွာ"
"ဘာ!!...မသွားရဘူး!!"
"မသွားနဲ့လို့!!"
"အစ်ကို!!!"
"ရူး​နေလား!!!အိပ်​တော့ကွာ"
"သေနတ်​ပေး"
"​​အရှိန်တင်လိုက်"
Kimharu4121992🌵
Borahae💜
Continue Reading
You'll Also Like
31.4K 378 7
✨Ishimondo✨(Any of the art shown in this is not mine!)
6.4M 562K 86
-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season...
7.2K 734 4
သွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook
188K 8.6K 106
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...