လူတိုင်းကငါ့ကိုသည်းသည်းလှုပ်န...

By TeeKo0

198K 25.5K 1.6K

MC - ရဲ့ချင်(shou)'stronguke' ရဲ့ချင်ဟာဝတ္ထုတွေများစွာပေါင်းစုံထားသည့်ကမ္ဘာကြီးတစ်ခုဆီသို့ကူးပြောင်းလာခဲ့သည်။... More

Intro
(1)'ဒုတိယမြောက်ဘဝ'
(2)'အဓိကဇာတ်လိုက်'
(3)'စာအုပ်ဆိုင်'
(4)'မြင့်မြတ်သားရဲ'
(5)'ဗီလိန်'
(6)'ခဲအို'
(7)'ဆင့်ခေါ်သူ 459 ကျောင်းတော်'
(8)'အတန်းခွဲခြင်း'
(9)'ဗီလိန်ကြီးနှင့်ပြန်လည်တွေ့ဆုံခြင်း'
(10)'စိတ်စွမ်းအားလေ့ကျင့်ရေးကွင်းပြင်'
(11)'ကျောင်းပြင်ခိုးထွက်ခြင်း'
(12)'barထဲကရန်ပွဲ'
(13)'ထွက်ပြေးခြင်း'
(14)'ဒေါသထွက်သွားသည့် ရဲ့ချင်'
(15)'ကတ်ချ်'
(16)'နောက်ထပ် အဓိကဇာတ်လိုက်'
(17)'အကြံအစည်'
(18)'ရဲ့ချင်၏မျက်နှာ'
(19)'မွေးစားအဖေ'
(20)'အတိတ်ဆိုး'
(21)'ကျောင်းသားသစ်နှစ်ယောက်'
(22)'မှော်သားရဲလောက'
(23)'အပြာရောင်-ခွေး'
(24)'မီးဖီးနစ်'
(25)'ဂျီရှန်းယွမ်'
Character introduction
(26)'ကျောက်တုံးမျောက်ဝံ'
(27)'ရဲ့မိသားစု၏ စိုးရိမ်ပူပန်မှု'
(28)'မီးတောင်'
(29)'အနီရောင်ကြာပန်း'
မေးမြန်းချက်
(30)
(31)
(32)
(33)
(34)
(35)
(36)
စပွိုင်း
(37)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)

(38)

2.5K 368 9
By TeeKo0

Unicode

ရဲ့ချင်ဟာ ရဲ့လင်းဝူကိုကြောင်အအ အမူအရာဖြင့် ရပ်ကြည့်နေမိလေသည်။ သူဘယ်လိုရှင်းပြရမှန်းအမှန်တကယ်မသိတော့ပေ။

ရဲ့ချင်၏ခဏတာငြိမ်သက်နေမှုက တစ်စုံတစ်ယောက်ကိုအခွင့်အရေးပေးလိုက်သကဲ့သို့ဖြစ်သွားစေသည်။ ရဲ့လင်းဝူ၏ အမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွား၏။ တိုက်ခိုက်နေဆဲဖြစ်သည့်သားရဲတွေကြားမှာ ပုန်းအောင်းရင်း အခွင့်အရေးကောင်းကိုစောင့်ဆိုင်းနေသည့် အဆင့်၃ မှော်သားရဲတစ်ကောင်က ရဲ့ချင်ကိုအနောက်ကနေ ခုန်အုပ်လာသည်။

ကျောင်းသူလေးတွေဆီက ကြောက်လန့်တကြားအော်ဟစ်သံတွေဆူညံသွားပြီး မည်သူမှ သူတို့ကြားထဲတွင်အဆင့်၃ သားရဲတစ်ကောင်ရောက်နေမှန်းထင်မှတ်မထားခဲ့ပေ။ ပြီးတော့ ၎င်းအမျိုးအစားက ကျားသစ်နက်ဖြစ်ပြီး လျှင်မြန်မှုအရာတွင်ပြိုင်ဘက်ကင်းသည်။

ဝှစ်!!

ထိုအခိုက်အတန့်လေးမှာပင် ရဲ့ချင်ကိုနောက်ကျောဘက်က ခုန်အုပ်တိုက်ခိုက်လာသည့် ကျားသစ်နက်ဟာတစ်စုံတစ်ခု၏ဂုတ်ကနေကိုက်ဆွဲခြင်းကိုခံလိုက်ရသည်။ ထိုအရာကထူးဆန်းသည်။ ကျားနဲ့ဆင်တူသော်လည်း ကျားတစ်ကောင်မဟုတ်ပေ။ ၎င်း၏ခန္ဓာကိုယ်က လူတစ်ရပ်စာလောက်ကြီးမားပြီး ခန္ဓာကိုယ်က နက်ပြာရောင်မှင်ရည်တွေဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

မှင်ရည်တွေဖြင့်ဖွဲ့စည်းထားသည့် အမည်မသိသတ္တဝါကြီးမှာ ကျားသစ်နက်၏လည်မျိုကိုသွေးတွေပန်းထွက်လာသည်အထိကိုက်ခဲထားပြီး ရဲ့ချင်ကို နူးညံ့သိမ်မွေ့သည့်ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ မျက်လုံးဖြင့်ကြည့်လာသည်။ ကျားသစ်နက်ဟာ နောက်ဆုံးထွက်သက်သို့ရောက်နေမှန်းသိ၍လား မသေချာပေမယ့် နောက်ဆုံးသောဟိန်းဟောက်သံတစ်ချက်ကိုပြုလုပ်လိုက်သည်။

လေထုထဲတွင် သေးငယ်သည့်ပြောင်းလဲမှုတစ်ရပ်ဖြစ်ပေါ်လာပြီး မူလကရဲ့ချင်ကိုကြောက်လန့်နေသေးသည့် မှော်သားရဲတွေ၏မျက်လုံးတွေမှာရဲရဲနီလာသည်။ မှော်သားရဲအားလုံး ထိန်းချုပ်ခံလိုက်ရသလိုမျိုး သူတို့နဲ့ တိုက်ခိုက်နေဆဲ ဆင့်ခေါ်သားရဲတွေကိုလျစ်လျူရှု့၍ ရဲ့ချင်ရှိရာဆီသို့တဟုန်ထိုးပြေးဝင်လာကြသည်။

များစွာသောမှော်သားရဲတွေ လူတစ်ယောက်တည်းဆီပြေးဝင်လာသည့်ပုံရိပ်က အရမ်းကြောက်စရာကောင်းသည်။ အကယ်၍ ရဲ့ချင်နေရာမှာတစ်ခြားသူတစ်ယောက်သာဆိုရင် ဒူးတွေပျော့ခွေလုမတတ်ကြောက်လန့်သွားမည်ဖြစ်သော်လည်းပဲ ရဲ့ချင်၏မျက်နှာက တည်ငြိမ်နေသည်။

ဖြစ်နိုင်ရင် ကိုယ်လွတ်ရုန်းပြီးအေးဆေးပြေးသွားနိုင်ပေမယ့် သူကြိုးစားပမ်းစားတည်ဆောက်ထားသည့် လူကောင်းတစ်ယောက်၏စိတ်ဓာတ်က သူ့ကိုပြောနေသည်။ သူသာဒီအတိုင်းထွက်သွားခဲ့ရင် အရင်ဘဝကသူနဲ့ဘာကွာတော့မှာလဲ။ လူတွေဆီက အာရုံစူးစိုက်မှုကိုမလိုချင်သော်လည်းပဲ ဒီ့အတွက်နဲ့ လူတွေရဲ့အသက်ကိုရင်းရသည်မှာမတန်ပေ။ တစ်ခါတလေ ကိစ္စတစ်ခုကိုဘာမှရှည်ရှည်ဝေးဝေးတွေးတောမနေပဲ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း တိုက်ရိုက်လုပ်ချလိုက်တာက ပိုပြီးထိရောက်သည်။

ရုတ်တရတ်ဆိုသလို ရဲ့ချင်ရှေ့တွင် လူရိပ်တစ်ခုကာရပ်လာ၏။ သူကရဲ့လင်းဝူပင်။ ထူးဆန်းသည့်မှင်နက်ရောင်သတ္တဝါကြီးက ကျားသစ်နက်၏အလောင်းကိုပြစ်ချ၍ ပြင်းပြင်းထန်ထန်ဟိန်းဟောက်လိုက်သည်။ ပြီးတာနဲ့ ၎င်း၏ကိုယ်ထည်မှာ နက်ပြာရောင်မှင်ရည်တွေအဖြစ်ပြိုကွဲသွားပြီး ရဲ့လင်းဝူ၏လက်ချောင်းထိပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

ကျောင်းသားတွေအကုန်လုံး ဖြစ်ပျက်သမျှကိုကြောင်အ ရင်းကြည့်နေမိကြသည်။ ပြီးမှ ရဲ့လင်းဝူကို မှတ်မိသွားတာကြောင့် ဆူဆူညံ့ညံ့အသံတွေ တစ်ဖန်ထွက်ပေါ်လာသည်။

"အဲ့ဒါ ကျောင်းကောင်စီဥက္ကဋ္ဌပဲ!...."

"ခုနက ဟာကြီးက ဥက္ကဋ္ဌရဲ့ ဆင့်ခေါ်သားရဲကြီးလား"

"ဖြစ်နိုင်တယ်....ဒါပေမယ့် ငါဒီလိုသားရဲမျိုးရှိတယ်လို့တစ်ခါမှမကြားဖူးဘူး"

ခုနကသားရဲ၏ပုံပန်းသဏ္ဍာန်မှာ ဆင့်ခေါ်သားရဲတစ်ကောင်၏အရှိန်အဝါနှင့်အတော်လေးကွဲပြားသည့်အပြင် မှင်ရည်အဖြစ်ပြောင်းလဲသွားကာ ရဲ့လင်းဝူလက်ချောင်းထဲဝင်ရောက်ပျောက်ကွယ်သွားသည်မဟုတ်ပါလား။ အမှန်တော့ ခုနကသားရဲမှာ ဆင့်ခေါ်သားရဲမဟုတ်မှန်း ရဲ့ချင်တစ်ယောက်သာသိသည်။ ထိုအရာက ရဲ့လင်းဝူ၏စွမ်းအင်ဖြစ်သည်။ သာမန်ဆင့်ခေါ်သူတွေက စွမ်းအားရှင်တွေ၏ တည်ရှိမှုကိုမသိကြတာကြောင့် ခုနကအမည်မသိသတ္တဝါကို ဆင့်ခေါ်သားရဲအဖြစ်အထင်မှားသွားခဲ့တာပင်။

ရဲ့လင်းဝူ လက်ချောင်းတွေကိုလှုပ်ရှားလိုက်သည့်အခါတွင် လေထုထဲ၌ သေးငယ်သည့်မှင်စက်လေးတွေပြည့်နှက်သွားသည်။

"အဲ့ဒါ ဘာကြီးတွေလဲ"

လူတိုင်းသံသယ စဝင်လာသည်။ လေပေါ်ပျံဝဲနေတဲ့မှင်စက်တွေ။ ဒါကသူတို့သိထားတဲ့သိပ္ပံသဘောတရားနဲ့ဆန့်ကျင်နေတာကြောင့် လူတိုင်းကိုရူးကြောင်ကြောင်ဖြစ်သွားစေသည်။

လေထုထဲက မှင်စက်တွေက တစ်စုံတစ်ခုဖြင့်ပုံဖော်ခံလိုက်ရသလိုမျိုး ပုံစံအမျိုးမျိုးဖြင့်သတ္တဝါတွေအသွင်ပြောင်းလဲသွားသည်။ မှင်ရည်ဖြင့်ဖန်တီးထားသည့်သားရဲတွေက ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြပြီး စိတ်ရိုင်းဝင်နေသည့်မှော်သားရဲတွေဆီ ပြေးဝင်သွားသည်။ မှင်ရည်ကိုယ်ထည်ဖြင့်သားရဲတွေက အတော်လေးကြမ်းတမ်းခက်ထန်ကြပြီး မှော်သားရဲတွေကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်လိုက်နိုင်သည်။

ရဲ့လင်းဝူက အခုလိုမှော်ဆန်သည့်ဖြစ်ရပ်ကြောင့် စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသော စီနီယာ၊ ဂျူနီယာကျောင်းသားတွေကို အော်ငေါက်လိုက်သည်။

"ကြောင်ရပ်မနေကြနဲ့!!....တစ်ခြားလိုအပ်တဲ့နေရာတွေမှာ သွားကူကြ!....ပထမနှစ်တွေကိုလုံခြုံတဲ့တစ်နေရာဆီ စီနီယာကျောင်းသားတစ်ယောက်က ဦးဆောင်ခေါ်သွား...."

ရဲ့လင်းဝူ၏ အသံကလူတိုင်းကိုအသိစိတ်ပြန်ဝင်လာစေသည်။ မည်သူမှမှင်ရည်ကိုယ်ထည်ဖြင့်သားရဲတွေမှာ ရဲ့လင်းဝူ၏ဆင့်ခေါ်သားရဲဟုတ်မဟုတ် မခန့်မှန်းကြတော့ပေ။ ဘယ်သူကများ ဒီလောက်များပြားတဲ့ပုံစံတူသားရဲတွေနဲ့ စာချုပ်ချုပ်ဆိုထားနိုင်ပါ့မလဲ။ အဖြေမှန်ကိုတိတိကျကျမသိကြပေမယ့် ကျောင်းသားတစ်ချို့၏မျက်လုံးတွေမှာ တစ်လက်လက်တောက်ပနေသည်။

မည်သူကများ ဒီလိုမှော်ဆန်ဆန်စွမ်းအားမျိုးမလိုချင်ပဲနေမှာလဲ။ mask တပ်ထားသည့် ထူးဆန်းတဲ့ကျောင်းသားကလည်း ကျောင်းကောင်စီဥက္ကဋ္ဌလိုမျိုး ထူးဆန်းသည့်မှော်စွမ်းအားမျိုးထုတ်သုံးမလာသော်လည်း သူ့ရဲ့ခွန်အားတစ်မျိုးတည်းကပင် လူတိုင်းကိုအေးဆေးပါးစပ်ပိတ်နိုင်လေသည်။

လူတွေကြားထဲက လီဝမ်ဟာ ​ဖြစ်နိုင်ရင်မထွက်သွားချင်သေးသော်လည်း ကျောင်းကောင်စီဥက္ကဋ္ဌ၏စကားကိုမပယ်ရှားနိုင်ပေ။ သူကပထမနှစ်သာရှိသေးသည်။ ထို့ကြောင့်အကာကွယ်ခံရသည့်ကိစ္စကနေမလွတ်မြောက်နိုင်ခဲ့ပေ။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပါသွားရင်း ရဲ့ချင်ကိုခဏခဏလှည့်ကြည့်သွားသေးသည်။ ​ဖြစ်နိုင်ရင် ဒီအံ့အားသင့်စရာသူငယ်ချင်းလေးကို ထပ်မံစကားပြောချင်သော်လည်းပဲ အရေးပေါ်အခြေအနေက သူ့ကိုအခွင့်အရေးပေးမလာခဲ့ချေ။

လူတွေရုတ်ရုတ် ရုတ်ရုတ်ဖြင့်အလုပ်ရှုပ်နေပြီး မှော်သားရဲတွေနဲ့ မှင်ရည်ကိုယ်ထည်ဖြင့်သားရဲတွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်။ ဆင့်ခေါ်သူတွေက သူတို့ကိုယ်ပိုင်စာချုပ်ချုပ်ဆိုထားသည့် သားရဲတွေကို တစ်ခြားသောလိုအပ်သည့်နေရာတွေ၌ ဝင်ရောက်တိုက်ခိုက်နိုင်ရန် ခေါ်ဆောင်သွားကြသည်။ ကြုံရာကျပန်းဆင့်ခေါ်ထားသည့်သားရဲတွေကို မှော်သားရဲလောကဆီပြန်ပို့ပေးရင်း မပြီးပြတ်သေးသည့် တိုက်ပွဲတွေမှာ ထပ်မံစတင်လာခဲ့သည်။

ရဲ့လင်းဝူက ရဲ့ချင်ကိုရှုပ်ထွေးစွာလှည့်ကြည့်လာသည်။ သူရဲ့ချင်ကိုအဆင်ပြေလားမေးချင်သော်လည်းပဲ ရဲ့ချင်မျက်လုံးထဲက အဓိပ္ပါယ်ကိုမြင်သည့်အခါတွင် တုံ့ဆိုင်းစွာ သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး မသိချင်ယောင်ဆောင်လိုက်သည်။ ရဲ့ချင်အံ့အားသင့်သွားသော်လည်း ရဲ့လင်းဝူကိုကျေးဇူးတင်စွာကြည့်လိုက်မိ၏။

သူကယခုလောလောဆည်တွင် mask တပ်ထားတာကြောင့် သူ့မျက်နှာအမှန်ကိုလူတွေရှင်းရှင်းလင်းလင်းသိမည်မဟုတ်ပေ။ သို့ပေမယ့် ရဲ့လင်းဝူသာသူနဲ့သိကြောင်းပေါ်သွားသည်နှင့်နောက်ဆက်တွဲကိစ္စတွေမှာပိုမိုရှုပ်ထွေးသွားနိုင်သည်။ သူက ရဲ့လင်းဝူ၏ ညီဖြစ်ကြောင်းပေါ်သွားနိုင်ပြီး သူကြိုးစားဖုံးကွယ်ထားသည့်အရာက ဘာဆိုဘာမှအသုံးဝင်တော့မည်မဟုတ်ပေ။

၎င်းကိုနားလည်သည့်ရဲ့လင်းဝူဟာ ရဲ့ချင်ကိုအခုမှမြင်ဖူးသည့်သူစိမ်းတွေလိုမျက်နှာလွှဲသွားခြင်းပင်။ ဒီနားမှာလူအနည်းငယ်ရှိနေသေးသည်။ ရဲ့လင်းဝူ၏ လုပ်ရပ်က ရဲ့ချင်ကိုလှုပ်ရှားရပိုလွယ်သွားစေသည်။

ရဲ့လင်းဝူကိုကျေးဇူးတင်သည့်အကြည့်ဖြင့် လေးလေးနက်နက်စိုက်ကြည့်ပြီးနောက် ရဲ့ချင်ဟာ ဆန့်ကျင်ဘက်တစ်နေရာသို့ပြေးထွက်သွားသည်။ ရဲ့လင်းဝူက ရဲ့ချင်၏နောက်ကျောကို အချိန်အတန်ကြာစိုက်ကြည့်နေရင်းသက်ပြင်း အသာချလိုက်သည်။ ရဲ့ချင်၏ပုံရိပ်သူ့မြင်ကွင်းထဲကပျောက်ကွယ်သွားသည်နှင့် ရဲ့လင်းဝူရဲ့မျက်လုံးတွေမှာညှာတာစိတ်ကင်းမဲ့စွာ စူးရှလာခဲ့ပြီး သူ့လက်ချောင်းတွေထဲတွင် မှင်စက်ပေါင်းများစွာအလိုလျောက်ထွက်ပေါ်လာ၏။

သူ့လက်ကိုဆန့်တန်းလိုက်သည်နှင့် ထိုမှင်စက်တွေဟာ သူ့အရှေ့မှာပင်အလိုလျောက် တစ်ခုနဲ့တစ်ခုစုစည်းသွားကာ နောက်ဆုံးတွင် ကြီးမားသည့် အရှေ့တိုင်းနဂါးကြီးတစ်ကောင်အဖြစ်ပုံသွင်းခံခဲ့ရသည်။ မှင်ရည်ကိုယ်ထည်ဖြင့်နဂါးကြီးက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး မှော်သားရဲတစ်ဒါဇင်လောက်ကို ကိုက်ချီကာမျိုချလိုက်သည်။

ဘေးပတ်ဝန်းကျင်တွင်ရှိနေသေးသည့်ကျောင်းသားတစ်ချို့ဟာ ထိုမြင်ကွင်းကိုကြည့်ရင်း ရဲ့လင်းဝူကိုကြည်ညိုလေးစားသည့်မျက်လုံးတွေဖြင့်တစ်လက်လက်တောက်ပစွာ ကြည့်လိုက်မိကြသည်။

ကျောင်းကောင်စီဥက္ကဋ္ဌက အရမ်းအစွမ်းထက်တာပဲ။ သူ့မှာ ထူးဆန်းတဲ့မှော်စွမ်းအားတွေရှိနေတယ်။

တစ်ဖက်တွင်ရဲ့ချင်ဟာပြေးလွှားနေရင်း လမ်းမှာ ထိပ်တိုက်ကြုံရသည့်သားရဲတိုင်းကို အလွယ်တကူ ဖြေရှင်းခဲ့သည်။ သူတစ်နေရာရောက်ပြီး မှော်သားရဲတွေကိုတစ်ခါသတ်ဖြတ်တိုင်း ကျောင်းသားတွေဟာပါးစပ်အဟောင်းသားဖြင့် သူ့ကိုလိုက်ကြည့်မိကြသည်။ ရဲ့ချင်၏ခွန်အားက သူတို့ကိုထိတ်လန့်တုန်လှုပ်သွားစေပြီး မျက်လုံးပြူးစေသည်။

ရဲ့ချင်ဟာ မှော်သားရဲတွေကိုတတ်နိုင်သလောက်ဖြေရှင်းနေရင်းကနေ ကတ်ချ်နဲ့ဆက်သွယ်လိုက်သည်။ သူက ကတ်ချ်ကိုဒီမှော်သားရဲတွေကိုထိန်းချုပ်နိုင်လားမေးလိုက်သည်။

"ကျွန်တော်ထိန်းချုပ်နိုင်ပါတယ်....ဒါပေမယ့်....ကျွန်တော့်အရှိန်အဝါကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူး...."

ကတ်ချ်ကဆက်မပြောတော့သော်လည်း ရဲ့ချင်ချက်ချင်းနားလည်သွားသည်။ ရှေးယခင်ထဲက မှော်သားရဲတွေကိုထိန်းချုပ်ခိုင်းစေနိုင်တာ မြင့်မြတ်သားရဲတွေသာရှိခဲ့သည်။ တကယ်လို့ ကတ်ချ်ဆီက မြင့်မြတ်သားရဲအရှိန်အဝါသာလွင့်ပျံ့သွားခဲ့ရင် နောက်ဆက်တွဲကိစ္စတွေကို ထိန်းချုပ်နိုင်မှာမဟုတ်တော့ပေ။

တစ်ကမ္ဘာလုံးက မည်သည့်နိုင်ငံအစိုးရမဆို မြင့်မြတ်သားရဲကို ကြိုတင်ရှင်းပြစ်ဖို့ကြိုးစားကြပေလိမ့်မည်။ ဘာကြောင့်ဆို ၎င်းကမြင့်မြတ်သားရဲဖြစ်သည်။ သားရဲမှန်သမျှ မြင့်မြတ်သားရဲဆီက ထိန်းချုပ်မှုကို မခုခံနိုင်ကြပဲ လောဘစိတ်တစ်ခုတည်းဖြင့် ကမ္ဘာကြီးကိုကျူးကျော်လာခဲ့ရင် လုံးဝကပ်ဘေးကြီးဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် မြင့်မြတ်သားရဲဟူသည်မှာ ဒဏ္ဍာရီသာဖြစ်သော်လည်းပဲ အစိုးရက လျစ်လျူရှု့ထားမှာမဟုတ်ပေ။ ကတ်ချ်ရဲ့ဖြစ်တည်မှုအကြောင်းပေါ်ပေါက်သွားသည်နှင့် မဆုံးနိုင်သောဘေးဒုက္ခတွေကစောင့်ကြိုနေလိမ့်မည်။

"တကယ်လို့ သခင်အသေးလေးသာဆန္ဒရှိရင် ကျွန်တော်မှော်သားရဲတွေအားလုံးကို ထိန်းချုပ်ပြီးပြန်ပို့ပေးပါ့မယ်...."

ကတ်ချ်၏လေသံက ခိုင်မာလွန်းသည်။ ရဲ့ချင်သာဆန္ဒရှိပါက သူ့အတွက်သေခြင်းတရားကိုရင်ဆိုင်ရရင်တောင် ဆုံးဖြတ်ချက်မပြောင်းလဲ မည့်ပုံရသည်။ ရဲ့ချင်ရင်ထဲ လှိုင်းသေးသေးလေးတစ်ခုလှုပ်ခတ်သွားသည်။

"မလိုဘူး...."

ရဲ့ချင် သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။ နေစမ်းပါဦး။ မှော်သားရဲတွေကိုထိန်းချုပ်တာ။

ရဲ့ချင်ခေါင်းထဲ တစ်စုံတစ်ခုအလင်းပွင့်သွားသလိုခံစားလိုက်ရသည်။ မှော်သားရဲတွေထဲတွင် လူသားတွေကိုမုန်းတီးသည့် သားရဲတွေအမှန်တကယ်ရှိသော်လည်း ဆင့်ခေါ်သားရဲအဖြစ်ပြောင်းလဲချင်သည့်မှော်သားရဲတွေကလည်းမနည်းပေ။ အထူးသဖြင့်အဆင့်နိမ့်မှော်သားရဲတွေက သူတို့သွေးမျိုးဆက်ကိုမြှင့်တင်နိုင်ဖို့အရေး လူသားတွေနဲ့ပိုပြီးတောင်စာချုပ်ချုပ်လိုစိတ်ပြင်းထန်ကြသေးသည်။

ဒါဆိုဘာကြောင့် သွေးမျိုးဆက်နိမ့်တဲ့မှော်သားရဲတွေက ဒီလောက်ထိ ရက်စက်ကြမ်းကြုပ်စွာလူသားတွေကိုသတ်ဖြတ်လိုစိတ်ပြင်းထန်နေရတာလဲ။

"ကတ်ချ်...."

"ဗျာ"

"မြင့်မြတ်သားရဲသွေးမျိုးဆက် နှစ်ခုကတစ်ပြိုင်တည်းရှိနေနိုင်မယ်လို့မင်းထင်လား"

"မဖြစ်နိုင်ဘူး....မြင့်မြတ်သားရဲတွေက နှစ်သန်းနဲ့ချီတောင် တစ်ကောင်မွေးဖွားဖို့ခက်ခဲတာ....နှစ်ကောင်တစ်ပြိုင်တည်း ရှိနေဖို့ဆိုတာ လုံးမဖြစ်နိုင်ဘူး...."

"သေချာလို့လား...."

"....."

ကတ်ချ်ကခဏမျှတိတ်ဆိတ်သွားသည်။

"သခင်အသေးလေး တစ်ခုခုကိုတွေးမိလို့လား"

"မသေချာဘူး....ဒီကျောင်းထဲမှာ စွမ်းအားအကြီးဆုံး မှော်သားရဲကိုရှာပေးနိုင်မလား"

"ရတာပေါ့...."

ကတ်ချ်က ဒီလိုထောက်လှမ်းသည့်နေရာမျိုးတွင်အရမ်းထူးချွန်ကြောင်း ရဲ့ချင်ခံစားလိုက်ရသည်။ ကတ်ချ်၏တိကျတဲ့လှမ်းညွှန်မှုဖြင့် ရဲ့ချင်ဟာ ဆရာတွေတစ်စုတည်းအဝိုင်းခံထားရသည့် နေရာသို့ရောက်ရှိလာသည်။ ဆရာတွေက အနည်းဆုံးနှစ်ရာကျော်လောက်ထိရှိပြီး အဆင့်သုံးသားရဲအုပ်ကြီးက ဆရာတွေကိုဖောက်မထွက်နိုင်အောင်ဝိုင်းရံထားသည်။

ဆရာအားလုံးကို တစ်စုတည်းဖြစ်အောင် ဘယ်လိုလုပ်ထားလဲ မသိပေမယ့် ဆရာအုပ်ကြီးဟာ သူတို့ကိုယ်ပိုင်ဆင့်ခေါ်သားရဲတွေအပြင် ကြုံရာကျပန်းမှော်သားရဲတွေကို ထပ်မံဆင့်ခေါ်လျက် ရူးသွပ်နေသောမှော်သားရဲတွေကိုတတ်နိုင်သလောက်တားဆီးထားကြသည်။ ကိုယ်ပိုင်စာချုပ်သားရဲက ဘာမှမဖြစ်ပေမယ့် ကြုံရာကျပန်းဆင့်ခေါ်အစီအရင်တွေကအရမ်းဒုက္ခများသည်။ ဘာကြောင့်ဆို ထိုသားရဲတွေကိုထိန်းချုပ်မှုမလွတ်ကင်းမှီ အချိန်မှန်ပြန်ပြန်ပို့ပေးရပြီး ပြီးတာနဲ့ နောက်ထပ်ကြုံရာကျပန်းဆင့်ခေါ်အစီအရင်ကိုရေးဆွဲကာ နောက်တစ်ကောင်ကို ဆင့်ခေါ်ရတာကြောင့်ပင်။

ထို့အတွက် ကိုယ်ပိုင်ဆင့်ခေါ်သားရဲနှင့် ပိုင်ရှင်ဖြစ်သူ၏ စိတ်စွမ်းအားကိုမျှဝေအသုံးပြုရတာကြောင့် နှစ်ဖက်လုံးကိုထိခိုက်စေသည်။ ဆင့်ခေါ်အစီအရင်ရေးဆွဲဖို့ရန်အတွက် စိတ်စွမ်းအားလွန်စွာကုန်ခမ်းပြီး ခဏခဏအကြိမ်ကြိမ် ဆင့်ခေါ်အစီအရင်ကိုရေးဆွဲနေရခြင်းက ဆရာအုပ်စုကို ချက်ချင်းလက်ငင်းယိုင်နဲ့တော့မတတ် ဖြူဖျော့နေစေပြန်၏။ အချိန်ကြာကြာတောင့်ခံနိုင်ဖို့ မသေချာတော့ပေ။

သားရဲအုပ်ကြီးနှင့်လွတ်ကင်းရာတစ်နေရာတွင် မောက်မာသည့်မျက်နှာဖြင့်မတ်တပ်ရပ်နေသည့် လူတစ်ယောက်ရှိနေသည်။။ ထိုသူက လူသားတစ်ယောက်ရဲ့တူသော်လည်းပဲ အရှိန်အဝါက ထိုတစ်ယောက်မှာ လူအသွင်ပြောင်းထားသည့်မှော်သားရဲဖြစ်ကြောင်း ဖော်ပြနေသည်။

၎င်းက အဆင့်၄ သာလွန်အဆင့်သွေးမျိုးဆက်ရှိသည့် စွမ်းအင်အဆင့်၄ မှော်သားရဲတစ်ကောင်ပင်။ မီးဖီးနစ်နှင့် သွေးမျိုးဆက်​ချင်းကွာခြားသော်လည်း စွမ်းအင်အဆင့်တူ မှော်သားရဲတစ်ကောင်ဖြစ်နေသေးသည်။ အဆင့်၄ သားရဲတွေကအရမ်းရှားပါး၏။ သွေးမျိုးဆက်အဆင့်၄ ရှိတဲ့သားရဲမျိုးကပိုပြီးတောင်ရှားပါးသေးသည်။ 

အဆင့်၄ ဆင့်ခေါ်သားရဲတစ်ကောင်ပိုင်ဆိုင်နိုင်ဖို့က ဒီ့ထက်တောင်ပိုခက်ပြီး ကျောင်းကဆရာတစ်ယောက်မှ အဆင့်၄ ဆင့်ခေါ်သားရဲမရှိကြချေ။ အဆင့်၄ ဆင့်ခေါ်သားရဲပိုင်ဆိုင်သူက ကျောင်းအုပ်တစ်ယောက်တည်းသာရှိသော်လည်း ယခုချိန်၌ ကျောင်းအုပ်က ဘယ်ရောက်နေမှန်းသူမသိပေ။ ဖြစ်နိုင်တာက ကျောင်းအုပ်မရှိတဲ့အချိန်ကိုရွေးလာပြီး ရုတ်တရတ်တိုက်ခိုက်တာဖြစ်နိုင်သည်။ ပြီးတော့ဖုန်းလိုင်းတွေပြတ်တောက်သွားတာက ပြင်ပကိုဆက်သွယ်မရအောင် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့တာဖြစ်နိုင်သည်။ ဒါ့ကြောင့်စစ်ကူတောင်းမရတာနဲ့ တစ်ကျောင်းလုံးအမြစ်ဖြတ်အသတ်ခံရဖို့သာရှိတော့သည်။

ဒီလိုအစီစဥ်တကျလုပ်ရပ်မျိုးက နောက်ကွယ်မှာ ဒီ့ထက်ကြီးသည့်လျှို့ဝှက်အကြံအစည်ကြီးတွေရှိနေကြောင်းဖော်ပြနေ၏။

ရဲ့ချင်ဟာ သူ့အင်္ကျီပေါ်ကဖုန်မှုန့်တွေကို ခပ်သာသာခါချလိုက်ပြီး အဆင့်၄ မှော်သားရဲဆီဦးတည်လိုက်သည်။ လူပုံပြောင်းထားသည့် အဆင့်၄ မှော်သားရဲက ရဲ့ချင်ကိုတွေ့သည့်အခါ အနည်းငယ်အံ့ဩသွားသည်။ mask တပ်ထားသော်လည်း ရှင်းရှင်းလင်းလင်းမြင်နေရသည့် မျက်လုံးလေးတစ်စုံကတောင် နှလုံးသားမဲ့သည့် မှော်သားရဲ၏နှလုံးကိုခပ်ဖွဖွတုန်ခါသွားစေသည်။

ဒါပေမယ့် သူ့တာဝန်အကြောင်းနားလည်သည့်မှော်သားရဲဟာ သက်ပြင်းခပ်ဖွဖွချ၍ သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ မြေကြီးပေါ်က ကျောက်စကျောက်နတွေက လေပေါ်မြောက်တတ်လာပြီးတစ်ခုနဲ့တစ်ခုပေါင်းစပ်သွားကာ ဧရာမကျောက်တုံးကြီးတစ်ခုပုံသဏ္ဍာန်ပေါ်လာ၏။ ထိုကျောက်တုံးကြီးက လူနှစ်ရပ်စာလောက်မြင့်မားပြီး လူတစ်ယောက်ကိုအသားပြားအဖြစ်အသာလေးပြောင်းလဲနိုင်သည်။

အဝိုင်းခံထားရသည့်ဆရာတွေက မှော်သားရဲတွေအဝိုင်းခံထားရက်သားဖြင့်ပင် ရဲ့ချင်ကိုလှမ်းမြင်လိုက်ကြ၏။ ဖြူဖျော့နေသည့်မျက်နှာတွေနဲ့အတူ ဆရာတစ်ချို့က လှမ်းအော်သတိပေးလာသည်။

"ဝေးဝေးပြေး!!..."

"အနားမသွားနဲ့!!!"

"ပြေးတော့!!!!"

သို့ပေမယ့် ရဲ့ချင်က သူတို့ရှိရာဘက်တစ်ချက်သာလှည့်ကြည့်ပြီး ရှေ့ဆက်လျှောက်သွားမှန်းမြင်လိုက်ရသည့်အခါတွင် ဆရာတွေ၏ရင်ထဲ၌ လေအေးတွေပြည့်နှက်လာပြီး ဖြစ်နိုင်ရင်ဒီစကားနားမထောင်တဲ့ကျောင်းသားကိုနာနာလေးသာရိုက်လိုက်ချင်တော့သည်။

ဧရာမကျောက်တုံးကြီးက အဆင့်၄ ​မှော်သားရဲ၏ထိန်းချုပ်မှုနဲ့အတူ ရဲ့ချင်အပေါ်သို့တည့်တည့်မတ်မတ်ပြုတ်ကျလာသည်။ ဆရာတွေအားလုံး ထိုမြင်ကွင်းကိုမမြင်ရက်နိုင်တော့သလိုမျိုး မျက်လုံးတင်းတင်းမှိတ်လိုက်မိကြ၏။

ဝုန်း!!

အသံကျယ်ကြီးနဲ့အတူ မြေကြီးကချိုင့်ဝင်သွားသည်။ သို့ပေမယ့် ကျောက်တုံးအောက်တွင် သွေးစတွေသွေးနတွေထွက်ပေါ်လာခြင်းမရှိတာကြောင့် အဆင့်၄ မှော်သားရဲကမျက်မှောင်ကြုပ်လိုက်မိသည်။

ရုတ်ချည်းဆိုသလို အဆင့်၄ မှော်သားရဲ၏ခေါင်းအနောက်ဟာ လက်ဖဝါးတစ်ဖက်ဖြင့်ဆုပ်ကိုင်ခံရ၍ မြေပြင်ထက်သို့ကိုင်ဆောင့်ခံလိုက်ရသည်။ အဆင့်၄ မှော်သားရဲ၏ ခေါင်းကိုဗဟိုပြု၍ မြေပြင်ပတ်ပတ်လည်ဟာ အက်ကွဲကြောင်းကြီးတွေပေါ်ပေါက်လာ၏။

ရဲ့ချင်ဟာ ဘယ်အချိန်တည်းက အဆင့်၄ မှော်သားရဲအနားတွင်ပေါ်လာမှန်းမသိသော်လည်း လက်တစ်ဖက်ဖြင့် ၎င်း၏ဦးခေါင်းနောက်ကိုခပ်တင်းတင်းဖိချထားပြီး မြေပြင်က ကီလိုမီတာတော်တော်များများအထိ များစွာသော အက်ကွဲကြောင်းတွေကိုမြင်နေရသည်။

ဆရာအုပ်စု : "....."

မှော်သားရဲများ : "....."

__________________________________________________________

Zawgyi

ရဲ႕ခ်င္ဟာ ရဲ႕လင္းဝူကိုေၾကာင္အအ အမူအရာျဖင့္ ရပ္ၾကည့္ေနမိေလသည္။ သူဘယ္လိုရွင္းျပရမွန္းအမွန္တကယ္မသိေတာ့ေပ။

ရဲ႕ခ်င္၏ခဏတာၿငိမ္သက္ေနမႈက တစ္စုံတစ္ေယာက္ကိုအခြင့္အေရးေပးလိုက္သကဲ့သို႔ျဖစ္သြားေစသည္။ ရဲ႕လင္းဝူ၏ အမူအရာမွာ အႀကီးအက်ယ္ေျပာင္းလဲသြား၏။ တိုက္ခိုက္ေနဆဲျဖစ္သည့္သားရဲေတြၾကားမွာ ပုန္းေအာင္းရင္း အခြင့္အေရးေကာင္းကိုေစာင့္ဆိုင္းေနသည့္ အဆင့္၃ ေမွာ္သားရဲတစ္ေကာင္က ရဲ႕ခ်င္ကိုအေနာက္ကေန ခုန္အုပ္လာသည္။

ေက်ာင္းသူေလးေတြဆီက ေၾကာက္လန့္တၾကားေအာ္ဟစ္သံေတြဆူညံသြားၿပီး မည္သူမွ သူတို႔ၾကားထဲတြင္အဆင့္၃ သားရဲတစ္ေကာင္ေရာက္ေနမွန္းထင္မွတ္မထားခဲ့ေပ။ ၿပီးေတာ့ ၎အမ်ိဳးအစားက က်ားသစ္နက္ျဖစ္ၿပီး လွ်င္ျမန္မႈအရာတြင္ၿပိဳင္ဘက္ကင္းသည္။

ဝွစ္!!

ထိုအခိုက္အတန့္ေလးမွာပင္ ရဲ႕ခ်င္ကိုေနာက္ေက်ာဘက္က ခုန္အုပ္တိုက္ခိုက္လာသည့္ က်ားသစ္နက္ဟာတစ္စုံတစ္ခု၏ဂုတ္ကေနကိုက္ဆြဲျခင္းကိုခံလိုက္ရသည္။ ထိုအရာကထူးဆန္းသည္။ က်ားနဲ႕ဆင္တူေသာ္လည္း က်ားတစ္ေကာင္မဟုတ္ေပ။ ၎၏ခႏၶာကိုယ္က လူတစ္ရပ္စာေလာက္ႀကီးမားၿပီး ခႏၶာကိုယ္က နက္ျပာေရာင္မွင္ရည္ေတြျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္သည္။

မွင္ရည္ေတြျဖင့္ဖြဲ႕စည္းထားသည့္ အမည္မသိသတၱဝါႀကီးမွာ က်ားသစ္နက္၏လည္မ်ိဳကိုေသြးေတြပန္းထြက္လာသည္အထိကိုက္ခဲထားၿပီး ရဲ႕ခ်င္ကို ႏူးညံ့သိမ္ေမြ႕သည့္ေၾကာင္ေပါက္ေလးတစ္ေကာင္ကဲ့သို႔ မ်က္လုံးျဖင့္ၾကည့္လာသည္။ က်ားသစ္နက္ဟာ ေနာက္ဆုံးထြက္သက္သို႔ေရာက္ေနမွန္းသိ၍လား မေသခ်ာေပမယ့္ ေနာက္ဆုံးေသာဟိန္းေဟာက္သံတစ္ခ်က္ကိုျပဳလုပ္လိုက္သည္။

ေလထုထဲတြင္ ေသးငယ္သည့္ေျပာင္းလဲမႈတစ္ရပ္ျဖစ္ေပၚလာၿပီး မူလကရဲ႕ခ်င္ကိုေၾကာက္လန့္ေနေသးသည့္ ေမွာ္သားရဲေတြ၏မ်က္လုံးေတြမွာရဲရဲနီလာသည္။ ေမွာ္သားရဲအားလုံး ထိန္းခ်ဳပ္ခံလိုက္ရသလိုမ်ိဳး သူတို႔နဲ႕ တိုက္ခိုက္ေနဆဲ ဆင့္ေခၚသားရဲေတြကိုလ်စ္လ်ဴရႈ႕၍ ရဲ႕ခ်င္ရွိရာဆီသို႔တဟုန္ထိုးေျပးဝင္လာၾကသည္။

မ်ားစြာေသာေမွာ္သားရဲေတြ လူတစ္ေယာက္တည္းဆီေျပးဝင္လာသည့္ပုံရိပ္က အရမ္းေၾကာက္စရာေကာင္းသည္။ အကယ္၍ ရဲ႕ခ်င္ေနရာမွာတစ္ျခားသူတစ္ေယာက္သာဆိုရင္ ဒူးေတြေပ်ာ့ေခြလုမတတ္ေၾကာက္လန့္သြားမည္ျဖစ္ေသာ္လည္းပဲ ရဲ႕ခ်င္၏မ်က္ႏွာက တည္ၿငိမ္ေနသည္။

ျဖစ္နိုင္ရင္ ကိုယ္လြတ္႐ုန္းၿပီးေအးေဆးေျပးသြားနိုင္ေပမယ့္ သူႀကိဳးစားပမ္းစားတည္ေဆာက္ထားသည့္ လူေကာင္းတစ္ေယာက္၏စိတ္ဓာတ္က သူ႕ကိုေျပာေနသည္။ သူသာဒီအတိုင္းထြက္သြားခဲ့ရင္ အရင္ဘဝကသူနဲ႕ဘာကြာေတာ့မွာလဲ။ လူေတြဆီက အာ႐ုံစူးစိုက္မႈကိုမလိုခ်င္ေသာ္လည္းပဲ ဒီ့အတြက္နဲ႕ လူေတြရဲ႕အသက္ကိုရင္းရသည္မွာမတန္ေပ။ တစ္ခါတေလ ကိစၥတစ္ခုကိုဘာမွရွည္ရွည္ေဝးေဝးေတြးေတာမေနပဲ ကိုယ္စိတ္ထဲရွိတဲ့အတိုင္း တိုက္ရိုက္လုပ္ခ်လိဳက္တာက ပိုၿပီးထိေရာက္သည္။

႐ုတ္တရတ္ဆိုသလို ရဲ႕ခ်င္ေရွ႕တြင္ လူရိပ္တစ္ခုကာရပ္လာ၏။ သူကရဲ႕လင္းဝူပင္။ ထူးဆန္းသည့္မွင္နက္ေရာင္သတၱဝါႀကီးက က်ားသစ္နက္၏အေလာင္းကိုျပစ္ခ်၍ ျပင္းျပင္းထန္ထန္ဟိန္းေဟာက္လိုက္သည္။ ၿပီးတာနဲ႕ ၎၏ကိုယ္ထည္မွာ နက္ျပာေရာင္မွင္ရည္ေတြအျဖစ္ၿပိဳကြဲသြားၿပီး ရဲ႕လင္းဝူ၏လက္ေခ်ာင္းထိပ္အတြင္း ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။

ေက်ာင္းသားေတြအကုန္လုံး ျဖစ္ပ်က္သမွ်ကိုေၾကာင္အ ရင္းၾကည့္ေနမိၾကသည္။ ၿပီးမွ ရဲ႕လင္းဝူကို မွတ္မိသြားတာေၾကာင့္ ဆူဆူညံ့ညံ့အသံေတြ တစ္ဖန္ထြက္ေပၚလာသည္။

"အဲ့ဒါ ေက်ာင္းေကာင္စီဥကၠ႒ပဲ!...."

"ခုနက ဟာႀကီးက ဥကၠ႒ရဲ႕ ဆင့္ေခၚသားရဲႀကီးလား"

"ျဖစ္နိုင္တယ္....ဒါေပမယ့္ ငါဒီလိုသားရဲမ်ိဳးရွိတယ္လို႔တစ္ခါမွမၾကားဖူးဘူး"

ခုနကသားရဲ၏ပုံပန္းသ႑ာန္မွာ ဆင့္ေခၚသားရဲတစ္ေကာင္၏အရွိန္အဝါႏွင့္အေတာ္ေလးကြဲျပားသည့္အျပင္ မွင္ရည္အျဖစ္ေျပာင္းလဲသြားကာ ရဲ႕လင္းဝူလက္ေခ်ာင္းထဲဝင္ေရာက္ေပ်ာက္ကြယ္သြားသည္မဟုတ္ပါလား။ အမွန္ေတာ့ ခုနကသားရဲမွာ ဆင့္ေခၚသားရဲမဟုတ္မွန္း ရဲ႕ခ်င္တစ္ေယာက္သာသိသည္။ ထိုအရာက ရဲ႕လင္းဝူ၏စြမ္းအင္ျဖစ္သည္။ သာမန္ဆင့္ေခၚသူေတြက စြမ္းအားရွင္ေတြ၏ တည္ရွိမႈကိုမသိၾကတာေၾကာင့္ ခုနကအမည္မသိသတၱဝါကို ဆင့္ေခၚသားရဲအျဖစ္အထင္မွားသြားခဲ့တာပင္။

ရဲ႕လင္းဝူ လက္ေခ်ာင္းေတြကိုလႈပ္ရွားလိုက္သည့္အခါတြင္ ေလထုထဲ၌ ေသးငယ္သည့္မွင္စက္ေလးေတြျပည့္ႏွက္သြားသည္။

"အဲ့ဒါ ဘာႀကီးေတြလဲ"

လူတိုင္းသံသယ စဝင္လာသည္။ ေလေပၚပ်ံဝဲေနတဲ့မွင္စက္ေတြ။ ဒါကသူတို႔သိထားတဲ့သိပၸံသေဘာတရားနဲ႕ဆန့္က်င္ေနတာေၾကာင့္ လူတိုင္းကို႐ူးေၾကာင္ေၾကာင္ျဖစ္သြားေစသည္။

ေလထုထဲက မွင္စက္ေတြက တစ္စုံတစ္ခုျဖင့္ပုံေဖာ္ခံလိုက္ရသလိုမ်ိဳး ပုံစံအမ်ိဳးမ်ိဳးျဖင့္သတၱဝါေတြအသြင္ေျပာင္းလဲသြားသည္။ မွင္ရည္ျဖင့္ဖန္တီးထားသည့္သားရဲေတြက က်ယ္ေလာင္စြာဟိန္းေဟာက္လိုက္ၾကၿပီး စိတ္ရိုင္းဝင္ေနသည့္ေမွာ္သားရဲေတြဆီ ေျပးဝင္သြားသည္။ မွင္ရည္ကိုယ္ထည္ျဖင့္သားရဲေတြက အေတာ္ေလးၾကမ္းတမ္းခက္ထန္ၾကၿပီး ေမွာ္သားရဲေတြကို ေကာင္းေကာင္းမြန္မြန္ထိန္းခ်ဳပ္လိုက္နိုင္သည္။

ရဲ႕လင္းဝူက အခုလိုေမွာ္ဆန္သည့္ျဖစ္ရပ္ေၾကာင့္ စိတ္နဲ႕လူနဲ႕မကပ္ျဖစ္ေနေသာ စီနီယာ၊ ဂ်ဴနီယာေက်ာင္းသားေတြကို ေအာ္ေငါက္လိုက္သည္။

"ေၾကာင္ရပ္မေနၾကနဲ႕!!....တစ္ျခားလိုအပ္တဲ့ေနရာေတြမွာ သြားကူၾက!....ပထမႏွစ္ေတြကိုလုံၿခဳံတဲ့တစ္ေနရာဆီ စီနီယာေက်ာင္းသားတစ္ေယာက္က ဦးေဆာင္ေခၚသြား...."

ရဲ႕လင္းဝူ၏ အသံကလူတိုင္းကိုအသိစိတ္ျပန္ဝင္လာေစသည္။ မည္သူမွမွင္ရည္ကိုယ္ထည္ျဖင့္သားရဲေတြမွာ ရဲ႕လင္းဝူ၏ဆင့္ေခၚသားရဲဟုတ္မဟုတ္ မခန့္မွန္းၾကေတာ့ေပ။ ဘယ္သူကမ်ား ဒီေလာက္မ်ားျပားတဲ့ပုံစံတူသားရဲေတြနဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုထားနိုင္ပါ့မလဲ။ အေျဖမွန္ကိုတိတိက်က်မသိၾကေပမယ့္ ေက်ာင္းသားတစ္ခ်ိဳ႕၏မ်က္လုံးေတြမွာ တစ္လက္လက္ေတာက္ပေနသည္။

မည္သူကမ်ား ဒီလိုေမွာ္ဆန္ဆန္စြမ္းအားမ်ိဳးမလိုခ်င္ပဲေနမွာလဲ။ mask တပ္ထားသည့္ ထူးဆန္းတဲ့ေက်ာင္းသားကလည္း ေက်ာင္းေကာင္စီဥကၠ႒လိုမ်ိဳး ထူးဆန္းသည့္ေမွာ္စြမ္းအားမ်ိဳးထုတ္သုံးမလာေသာ္လည္း သူ႕ရဲ႕ခြန္အားတစ္မ်ိဳးတည္းကပင္ လူတိုင္းကိုေအးေဆးပါးစပ္ပိတ္နိုင္ေလသည္။

လူေတြၾကားထဲက လီဝမ္ဟာ ျဖစ္နိုင္ရင္မထြက္သြားခ်င္ေသးေသာ္လည္း ေက်ာင္းေကာင္စီဥကၠ႒၏စကားကိုမပယ္ရွားနိုင္ေပ။ သူကပထမႏွစ္သာရွိေသးသည္။ ထို႔ေၾကာင့္အကာကြယ္ခံရသည့္ကိစၥကေနမလြတ္ေျမာက္နိုင္ခဲ့ေပ။ တြန့္ဆုတ္တြန့္ဆုတ္နဲ႕ပါသြားရင္း ရဲ႕ခ်င္ကိုခဏခဏလွည့္ၾကည့္သြားေသးသည္။ ျဖစ္နိုင္ရင္ ဒီအံ့အားသင့္စရာသူငယ္ခ်င္းေလးကို ထပ္မံစကားေျပာခ်င္ေသာ္လည္းပဲ အေရးေပၚအေျခအေနက သူ႕ကိုအခြင့္အေရးေပးမလာခဲ့ေခ်။

လူေတြ႐ုတ္႐ုတ္ ႐ုတ္႐ုတ္ျဖင့္အလုပ္ရႈပ္ေနၿပီး ေမွာ္သားရဲေတြနဲ႕ မွင္ရည္ကိုယ္ထည္ျဖင့္သားရဲေတြ ျပင္းျပင္းထန္ထန္တိုက္ခိုက္ေနၾကသည္။ ဆင့္ေခၚသူေတြက သူတို႔ကိုယ္ပိုင္စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ သားရဲေတြကို တစ္ျခားေသာလိုအပ္သည့္ေနရာေတြ၌ ဝင္ေရာက္တိုက္ခိုက္နိုင္ရန္ ေခၚေဆာင္သြားၾကသည္။ ႀကဳံရာက်ပန္းဆင့္ေခၚထားသည့္သားရဲေတြကို ေမွာ္သားရဲေလာကဆီျပန္ပို႔ေပးရင္း မၿပီးျပတ္ေသးသည့္ တိုက္ပြဲေတြမွာ ထပ္မံစတင္လာခဲ့သည္။

ရဲ႕လင္းဝူက ရဲ႕ခ်င္ကိုရႈပ္ေထြးစြာလွည့္ၾကည့္လာသည္။ သူရဲ႕ခ်င္ကိုအဆင္ေျပလားေမးခ်င္ေသာ္လည္းပဲ ရဲ႕ခ်င္မ်က္လုံးထဲက အဓိပ္ပါယ်ကိုမြင်သည့်အခါတွင် တုံ႕ဆိုင္းစြာ သူ႕ႏႈတ္ခမ္းကိုတင္းတင္းေစ့လိုက္ၿပီး မသိခ်င္ေယာင္ေဆာင္လိုက္သည္။ ရဲ႕ခ်င္အံ့အားသင့္သြားေသာ္လည္း ရဲ႕လင္းဝူကိုေက်းဇူးတင္စြာၾကည့္လိုက္မိ၏။

သူကယခုေလာေလာဆည္တြင္ mask တပ္ထားတာေၾကာင့္ သူ႕မ်က္ႏွာအမွန္ကိုလူေတြရွင္းရွင္းလင္းလင္းသိမည္မဟုတ္ေပ။ သို႔ေပမယ့္ ရဲ႕လင္းဝူသာသူနဲ႕သိေၾကာင္းေပၚသြားသည္ႏွင့္ေနာက္ဆက္တြဲကိစၥေတြမွာပိုမိုရႈပ္ေထြးသြားနိုင္သည္။ သူက ရဲ႕လင္းဝူ၏ ညီျဖစ္ေၾကာင္းေပၚသြားနိုင္ၿပီး သူႀကိဳးစားဖုံးကြယ္ထားသည့္အရာက ဘာဆိုဘာမွအသုံးဝင္ေတာ့မည္မဟုတ္ေပ။

၎ကိုနားလည္သည့္ရဲ႕လင္းဝူဟာ ရဲ႕ခ်င္ကိုအခုမွျမင္ဖူးသည့္သူစိမ္းေတြလိုမ်က္ႏွာလႊဲသြားျခင္းပင္။ ဒီနားမွာလူအနည္းငယ္ရွိေနေသးသည္။ ရဲ႕လင္းဝူ၏ လုပ္ရပ္က ရဲ႕ခ်င္ကိုလႈပ္ရွားရပိုလြယ္သြားေစသည္။

ရဲ႕လင္းဝူကိုေက်းဇူးတင္သည့္အၾကည့္ျဖင့္ ေလးေလးနက္နက္စိုက္ၾကည့္ၿပီးေနာက္ ရဲ႕ခ်င္ဟာ ဆန့္က်င္ဘက္တစ္ေနရာသို႔ေျပးထြက္သြားသည္။ ရဲ႕လင္းဝူက ရဲ႕ခ်င္၏ေနာက္ေက်ာကို အခ်ိန္အတန္ၾကာစိုက္ၾကည့္ေနရင္းသက္ျပင္း အသာခ်လိဳက္သည္။ ရဲ႕ခ်င္၏ပုံရိပ္သူ႕ျမင္ကြင္းထဲကေပ်ာက္ကြယ္သြားသည္ႏွင့္ ရဲ႕လင္းဝူရဲ႕မ်က္လုံးေတြမွာညွာတာစိတ္ကင္းမဲ့စြာ စူးရွလာခဲ့ၿပီး သူ႕လက္ေခ်ာင္းေတြထဲတြင္ မွင္စက္ေပါင္းမ်ားစြာအလိုေလ်ာက္ထြက္ေပၚလာ၏။

သူ႕လက္ကိုဆန့္တန္းလိုက္သည္ႏွင့္ ထိုမွင္စက္ေတြဟာ သူ႕အေရွ႕မွာပင္အလိုေလ်ာက္ တစ္ခုနဲ႕တစ္ခုစုစည္းသြားကာ ေနာက္ဆုံးတြင္ ႀကီးမားသည့္ အေရွ႕တိုင္းနဂါးႀကီးတစ္ေကာင္အျဖစ္ပုံသြင္းခံခဲ့ရသည္။ မွင္ရည္ကိုယ္ထည္ျဖင့္နဂါးႀကီးက က်ယ္ေလာင္စြာဟိန္းေဟာက္လိုက္ၿပီး ေမွာ္သားရဲတစ္ဒါဇင္ေလာက္ကို ကိုက္ခ်ီကာမ်ိဳခ်လိဳက္သည္။

ေဘးပတ္ဝန္းက်င္တြင္ရွိေနေသးသည့္ေက်ာင္းသားတစ္ခ်ိဳ႕ဟာ ထိုျမင္ကြင္းကိုၾကည့္ရင္း ရဲ႕လင္းဝူကိုၾကည္ညိုေလးစားသည့္မ်က္လုံးေတြျဖင့္တစ္လက္လက္ေတာက္ပစြာ ၾကည့္လိုက္မိၾကသည္။

ေက်ာင္းေကာင္စီဥကၠ႒က အရမ္းအစြမ္းထက္တာပဲ။ သူ႕မွာ ထူးဆန္းတဲ့ေမွာ္စြမ္းအားေတြရွိေနတယ္။

တစ္ဖက္တြင္ရဲ႕ခ်င္ဟာေျပးလႊားေနရင္း လမ္းမွာ ထိပ္တိုက္ႀကဳံရသည့္သားရဲတိုင္းကို အလြယ္တကူ ေျဖရွင္းခဲ့သည္။ သူတစ္ေနရာေရာက္ၿပီး ေမွာ္သားရဲေတြကိုတစ္ခါသတ္ျဖတ္တိုင္း ေက်ာင္းသားေတြဟာပါးစပ္အေဟာင္းသားျဖင့္ သူ႕ကိုလိုက္ၾကည့္မိၾကသည္။ ရဲ႕ခ်င္၏ခြန္အားက သူတို႔ကိုထိတ္လန့္တုန္လႈပ္သြားေစၿပီး မ်က္လုံးျပဴးေစသည္။

ရဲ႕ခ်င္ဟာ ေမွာ္သားရဲေတြကိုတတ္နိုင္သေလာက္ေျဖရွင္းေနရင္းကေန ကတ္ခ်္နဲ႕ဆက္သြယ္လိုက္သည္။ သူက ကတ္ခ်္ကိုဒီေမွာ္သားရဲေတြကိုထိန္းခ်ဳပ္နိုင္လားေမးလိုက္သည္။

"ကြၽန္ေတာ္ထိန္းခ်ဳပ္နိုင္ပါတယ္....ဒါေပမယ့္....ကြၽန္ေတာ့္အရွိန္အဝါကိုထိန္းခ်ဳပ္နိုင္မွာမဟုတ္ဘူး...."

ကတ္ခ်္ကဆက္မေျပာေတာ့ေသာ္လည္း ရဲ႕ခ်င္ခ်က္ခ်င္းနားလည္သြားသည္။ ေရွးယခင္ထဲက ေမွာ္သားရဲေတြကိုထိန္းခ်ဳပ္ခိုင္းေစနိုင္တာ ျမင့္ျမတ္သားရဲေတြသာရွိခဲ့သည္။ တကယ္လို႔ ကတ္ခ်္ဆီက ျမင့္ျမတ္သားရဲအရွိန္အဝါသာလြင့္ပ်ံ့သြားခဲ့ရင္ ေနာက္ဆက္တြဲကိစၥေတြကို ထိန္းခ်ဳပ္နိုင္မွာမဟုတ္ေတာ့ေပ။

တစ္ကမၻာလုံးက မည္သည့္နိုင္ငံအစိုးရမဆို ျမင့္ျမတ္သားရဲကို ႀကိဳတင္ရွင္းျပစ္ဖို႔ႀကိဳးစားၾကေပလိမ့္မည္။ ဘာေၾကာင့္ဆို ၎ကျမင့္ျမတ္သားရဲျဖစ္သည္။ သားရဲမွန္သမွ် ျမင့္ျမတ္သားရဲဆီက ထိန္းခ်ဳပ္မႈကို မခုခံနိုင္ၾကပဲ ေလာဘစိတ္တစ္ခုတည္းျဖင့္ ကမၻာႀကီးကိုက်ဴးေက်ာ္လာခဲ့ရင္ လုံးဝကပ္ေဘးႀကီးျဖစ္သြားေပလိမ့္မည္။ ထို႔ေၾကာင့္ ျမင့္ျမတ္သားရဲဟူသည္မွာ ဒ႑ာရီသာျဖစ္ေသာ္လည္းပဲ အစိုးရက လ်စ္လ်ဴရႈ႕ထားမွာမဟုတ္ေပ။ ကတ္ခ်္ရဲ႕ျဖစ္တည္မႈအေၾကာင္းေပၚေပါက္သြားသည္ႏွင့္ မဆုံးနိုင္ေသာေဘးဒုကၡေတြကေစာင့္ႀကိဳေနလိမ့္မည္။

"တကယ္လို႔ သခင္အေသးေလးသာဆႏၵရွိရင္ ကြၽန္ေတာ္ေမွာ္သားရဲေတြအားလုံးကို ထိန္းခ်ဳပ္ၿပီးျပန္ပို႔ေပးပါ့မယ္...."

ကတ္ခ်္၏ေလသံက ခိုင္မာလြန္းသည္။ ရဲ႕ခ်င္သာဆႏၵရွိပါက သူ႕အတြက္ေသျခင္းတရားကိုရင္ဆိုင္ရရင္ေတာင္ ဆုံးျဖတ္ခ်က္မေျပာင္းလဲ မည့္ပုံရသည္။ ရဲ႕ခ်င္ရင္ထဲ လွိုင္းေသးေသးေလးတစ္ခုလႈပ္ခတ္သြားသည္။

"မလိုဘူး...."

ရဲ႕ခ်င္ သူ႕ဦးႏွောက္ကိုအလုပ္ေပးလိုက္သည္။ ေနစမ္းပါဦး။ ေမွာ္သားရဲေတြကိုထိန္းခ်ဳပ္တာ။

ရဲ႕ခ်င္ေခါင္းထဲ တစ္စုံတစ္ခုအလင္းပြင့္သြားသလိုခံစားလိုက္ရသည္။ ေမွာ္သားရဲေတြထဲတြင္ လူသားေတြကိုမုန္းတီးသည့္ သားရဲေတြအမွန္တကယ္ရွိေသာ္လည္း ဆင့္ေခၚသားရဲအျဖစ္ေျပာင္းလဲခ်င္သည့္ေမွာ္သားရဲေတြကလည္းမနည္းေပ။ အထူးသျဖင့္အဆင့္နိမ့္ေမွာ္သားရဲေတြက သူတို႔ေသြးမ်ိဳးဆက္ကိုျမႇင့္တင္နိုင္ဖို႔အေရး လူသားေတြနဲ႕ပိုၿပီးေတာင္စာခ်ဳပ္ခ်ဳပ္လိုစိတ္ျပင္းထန္ၾကေသးသည္။

ဒါဆိုဘာေၾကာင့္ ေသြးမ်ိဳးဆက္နိမ့္တဲ့ေမွာ္သားရဲေတြက ဒီေလာက္ထိ ရက္စက္ၾကမ္းၾကဳပ္စြာလူသားေတြကိုသတ္ျဖတ္လိုစိတ္ျပင္းထန္ေနရတာလဲ။

"ကတ္ခ်္...."

"ဗ်ာ"

"ျမင့္ျမတ္သားရဲေသြးမ်ိဳးဆက္ ႏွစ္ခုကတစ္ၿပိဳင္တည္းရွိေနနိုင္မယ္လို႔မင္းထင္လား"

"မျဖစ္နိုင္ဘူး....ျမင့္ျမတ္သားရဲေတြက ႏွစ္သန္းနဲ႕ခ်ီေတာင္ တစ္ေကာင္ေမြးဖြားဖို႔ခက္ခဲတာ....ႏွစ္ေကာင္တစ္ၿပိဳင္တည္း ရွိေနဖို႔ဆိုတာ လုံးမျဖစ္နိုင္ဘူး...."

"ေသခ်ာလို႔လား...."

"....."

ကတ္ခ်္ကခဏမွ်တိတ္ဆိတ္သြားသည္။

"သခင္အေသးေလး တစ္ခုခုကိုေတြးမိလို႔လား"

"မေသခ်ာဘူး....ဒီေက်ာင္းထဲမွာ စြမ္းအားအႀကီးဆုံး ေမွာ္သားရဲကိုရွာေပးနိုင္မလား"

"ရတာေပါ့...."

ကတ္ခ်္က ဒီလိုေထာက္လွမ္းသည့္ေနရာမ်ိဳးတြင္အရမ္းထူးခြၽန္ေၾကာင္း ရဲ႕ခ်င္ခံစားလိုက္ရသည္။ ကတ္ခ်္၏တိက်တဲ့လွမ္းၫႊန္မႈျဖင့္ ရဲ႕ခ်င္ဟာ ဆရာေတြတစ္စုတည္းအဝိုင္းခံထားရသည့္ ေနရာသို႔ေရာက္ရွိလာသည္။ ဆရာေတြက အနည္းဆုံးႏွစ္ရာေက်ာ္ေလာက္ထိရွိၿပီး အဆင့္သုံးသားရဲအုပ္ႀကီးက ဆရာေတြကိုေဖာက္မထြက္နိုင္ေအာင္ဝိုင္းရံထားသည္။

ဆရာအားလုံးကို တစ္စုတည္းျဖစ္ေအာင္ ဘယ္လိုလုပ္ထားလဲ မသိေပမယ့္ ဆရာအုပ္ႀကီးဟာ သူတို႔ကိုယ္ပိုင္ဆင့္ေခၚသားရဲေတြအျပင္ ႀကဳံရာက်ပန္းေမွာ္သားရဲေတြကို ထပ္မံဆင့္ေခၚလ်က္ ႐ူးသြပ္ေနေသာေမွာ္သားရဲေတြကိုတတ္နိုင္သေလာက္တားဆီးထားၾကသည္။ ကိုယ္ပိုင္စာခ်ဳပ္သားရဲက ဘာမွမျဖစ္ေပမယ့္ ႀကဳံရာက်ပန္းဆင့္ေခၚအစီအရင္ေတြကအရမ္းဒုကၡမ်ားသည္။ ဘာေၾကာင့္ဆို ထိုသားရဲေတြကိုထိန္းခ်ဳပ္မႈမလြတ္ကင္းမွီ အခ်ိန္မွန္ျပန္ျပန္ပို႔ေပးရၿပီး ၿပီးတာနဲ႕ ေနာက္ထပ္ႀကဳံရာက်ပန္းဆင့္ေခၚအစီအရင္ကိုေရးဆြဲကာ ေနာက္တစ္ေကာင္ကို ဆင့္ေခၚရတာေၾကာင့္ပင္။

ထို႔အတြက္ ကိုယ္ပိုင္ဆင့္ေခၚသားရဲႏွင့္ ပိုင္ရွင္ျဖစ္သူ၏ စိတ္စြမ္းအားကိုမွ်ေဝအသုံးျပဳရတာေၾကာင့္ ႏွစ္ဖက္လုံးကိုထိခိုက္ေစသည္။ ဆင့္ေခၚအစီအရင္ေရးဆြဲဖို႔ရန္အတြက္ စိတ္စြမ္းအားလြန္စြာကုန္ခမ္းၿပီး ခဏခဏအႀကိမ္ႀကိမ္ ဆင့္ေခၚအစီအရင္ကိုေရးဆြဲေနရျခင္းက ဆရာအုပ္စုကို ခ်က္ခ်င္းလက္ငင္းယိုင္နဲ႕ေတာ့မတတ္ ျဖဴေဖ်ာ့ေနေစျပန္၏။ အခ်ိန္ၾကာၾကာေတာင့္ခံနိုင္ဖို႔ မေသခ်ာေတာ့ေပ။

သားရဲအုပ္ႀကီးႏွင့္လြတ္ကင္းရာတစ္ေနရာတြင္ ေမာက္မာသည့္မ်က္ႏွာျဖင့္မတ္တပ္ရပ္ေနသည့္ လူတစ္ေယာက္ရွိေနသည္။။ ထိုသူက လူသားတစ္ေယာက္ရဲ႕တူေသာ္လည္းပဲ အရွိန္အဝါက ထိုတစ္ေယာက္မွာ လူအသြင္ေျပာင္းထားသည့္ေမွာ္သားရဲျဖစ္ေၾကာင္း ေဖာ္ျပေနသည္။

၎က အဆင့္၄ သာလြန္အဆင့္ေသြးမ်ိဳးဆက္ရွိသည့္ စြမ္းအင္အဆင့္၄ ေမွာ္သားရဲတစ္ေကာင္ပင္။ မီးဖီးနစ္ႏွင့္ ေသြးမ်ိဳးဆက္ခ်င္းကြာျခားေသာ္လည္း စြမ္းအင္အဆင့္တူ ေမွာ္သားရဲတစ္ေကာင္ျဖစ္ေနေသးသည္။ အဆင့္၄ သားရဲေတြကအရမ္းရွားပါး၏။ ေသြးမ်ိဳးဆက္အဆင့္၄ ရွိတဲ့သားရဲမ်ိဳးကပိုၿပီးေတာင္ရွားပါးေသးသည္။

အဆင့္၄ ဆင့္ေခၚသားရဲတစ္ေကာင္ပိုင္ဆိုင္နိုင္ဖို႔က ဒီ့ထက္ေတာင္ပိုခက္ၿပီး ေက်ာင္းကဆရာတစ္ေယာက္မွ အဆင့္၄ ဆင့္ေခၚသားရဲမရွိၾကေခ်။ အဆင့္၄ ဆင့္ေခၚသားရဲပိုင္ဆိုင္သူက ေက်ာင္းအုပ္တစ္ေယာက္တည္းသာရွိေသာ္လည္း ယခုခ်ိန္၌ ေက်ာင္းအုပ္က ဘယ္ေရာက္ေနမွန္းသူမသိေပ။ ျဖစ္နိုင္တာက ေက်ာင္းအုပ္မရွိတဲ့အခ်ိန္ကိုေ႐ြးလာၿပီး ႐ုတ္တရတ္တိုက္ခိုက္တာျဖစ္နိုင္သည္။ ၿပီးေတာ့ဖုန္းလိုင္းေတြျပတ္ေတာက္သြားတာက ျပင္ပကိုဆက္သြယ္မရေအာင္ ရည္႐ြယ္ခ်က္ရွိရွိျပဳလုပ္ခဲ့တာျဖစ္နိုင္သည္။ ဒါ့ေၾကာင့္စစ္ကူေတာင္းမရတာနဲ႕ တစ္ေက်ာင္းလုံးအျမစ္ျဖတ္အသတ္ခံရဖို႔သာရွိေတာ့သည္။

ဒီလိုအစီစဥ္တက်လဳပ္ရပ္မ်ိဳးက ေနာက္ကြယ္မွာ ဒီ့ထက္ႀကီးသည့္လွ်ို႔ဝွက္အႀကံအစည္ႀကီးေတြရွိေနေၾကာင္းေဖာ္ျပေန၏။

ရဲ႕ခ်င္ဟာ သူ႕အကၤ်ီေပၚကဖုန္မႈန့္ေတြကို ခပ္သာသာခါခ်လိဳက္ၿပီး အဆင့္၄ ေမွာ္သားရဲဆီဦးတည္လိုက္သည္။ လူပုံေျပာင္းထားသည့္ အဆင့္၄ ေမွာ္သားရဲက ရဲ႕ခ်င္ကိုေတြ႕သည့္အခါ အနည္းငယ္အံ့ဩသြားသည္။ mask တပ္ထားေသာ္လည္း ရွင္းရွင္းလင္းလင္းျမင္ေနရသည့္ မ်က္လုံးေလးတစ္စုံကေတာင္ ႏွလုံးသားမဲ့သည့္ ေမွာ္သားရဲ၏ႏွလုံးကိုခပ္ဖြဖြတုန္ခါသြားေစသည္။

ဒါေပမယ့္ သူ႕တာဝန္အေၾကာင္းနားလည္သည့္ေမွာ္သားရဲဟာ သက္ျပင္းခပ္ဖြဖြခ်၍ သူ႕လက္ကိုဆန့္ထုတ္လိုက္သည္။ ေျမႀကီးေပၚက ေက်ာက္စေက်ာက္နေတြက ေလေပၚေျမာက္တတ္လာၿပီးတစ္ခုနဲ႕တစ္ခုေပါင္းစပ္သြားကာ ဧရာမေက်ာက္တုံးႀကီးတစ္ခုပုံသ႑ာန္ေပၚလာ၏။ ထိုေက်ာက္တုံးႀကီးက လူႏွစ္ရပ္စာေလာက္ျမင့္မားၿပီး လူတစ္ေယာက္ကိုအသားျပားအျဖစ္အသာေလးေျပာင္းလဲနိုင္သည္။

အဝိုင္းခံထားရသည့္ဆရာေတြက ေမွာ္သားရဲေတြအဝိုင္းခံထားရက္သားျဖင့္ပင္ ရဲ႕ခ်င္ကိုလွမ္းျမင္လိုက္ၾက၏။ ျဖဴေဖ်ာ့ေနသည့္မ်က္ႏွာေတြနဲ႕အတူ ဆရာတစ္ခ်ိဳ႕က လွမ္းေအာ္သတိေပးလာသည္။

"ေဝးေဝးေျပး!!..."

"အနားမသြားနဲ႕!!!"

"ေျပးေတာ့!!!!"

သို႔ေပမယ့္ ရဲ႕ခ်င္က သူတို႔ရွိရာဘက္တစ္ခ်က္သာလွည့္ၾကည့္ၿပီး ေရွ႕ဆက္ေလွ်ာက္သြားမွန္းျမင္လိုက္ရသည့္အခါတြင္ ဆရာေတြ၏ရင္ထဲ၌ ေလေအးေတြျပည့္ႏွက္လာၿပီး ျဖစ္နိုင္ရင္ဒီစကားနားမေထာင္တဲ့ေက်ာင္းသားကိုနာနာေလးသာရိုက္လိုက္ခ်င္ေတာ့သည္။

ဧရာမေက်ာက္တုံးႀကီးက အဆင့္၄ ေမွာ္သားရဲ၏ထိန္းခ်ဳပ္မႈနဲ႕အတူ ရဲ႕ခ်င္အေပၚသို႔တည့္တည့္မတ္မတ္ျပဳတ္က်လာသည္။ ဆရာေတြအားလုံး ထိုျမင္ကြင္းကိုမျမင္ရက္နိုင္ေတာ့သလိုမ်ိဳး မ်က္လုံးတင္းတင္းမွိတ္လိုက္မိၾက၏။

ဝုန္း!!

အသံက်ယ္ႀကီးနဲ႕အတူ ေျမႀကီးကခ်ိဳင့္ဝင္သြားသည္။ သို႔ေပမယ့္ ေက်ာက္တုံးေအာက္တြင္ ေသြးစေတြေသြးနေတြထြက္ေပၚလာျခင္းမရွိတာေၾကာင့္ အဆင့္၄ ေမွာ္သားရဲကမ်က္ေမွာင္ၾကဳပ္လိုက္မိသည္။

႐ုတ္ခ်ည္းဆိုသလို အဆင့္၄ ေမွာ္သားရဲ၏ေခါင္းအေနာက္ဟာ လက္ဖဝါးတစ္ဖက္ျဖင့္ဆုပ္ကိုင္ခံရ၍ ေျမျပင္ထက္သို႔ကိုင္ေဆာင့္ခံလိုက္ရသည္။ အဆင့္၄ ေမွာ္သားရဲ၏ ေခါင္းကိုဗဟိုျပဳ၍ ေျမျပင္ပတ္ပတ္လည္ဟာ အက္ကြဲေၾကာင္းႀကီးေတြေပၚေပါက္လာ၏။

ရဲ႕ခ်င္ဟာ ဘယ္အခ်ိန္တည္းက အဆင့္၄ ေမွာ္သားရဲအနားတြင္ေပၚလာမွန္းမသိေသာ္လည္း လက္တစ္ဖက္ျဖင့္ ၎၏ဦးေခါင္းေနာက္ကိုခပ္တင္းတင္းဖိခ်ထားၿပီး ေျမျပင္က ကီလိုမီတာေတာ္ေတာ္မ်ားမ်ားအထိ မ်ားစြာေသာ အက္ကြဲေၾကာင္းေတြကိုျမင္ေနရသည္။

ဆရာအုပ္စု : "....."

ေမွာ္သားရဲမ်ား : "....."

__________________________________________________________

Continue Reading

You'll Also Like

20.9K 616 6
Obey me *this book does not originally written by me, it is written by the rightfully owner*
7.9K 155 10
Beethoven and Missy's son Tchaikovsky is now happily living with the Harpercops, although the sad pup is having trouble adjusting to his new home. To...
46.4K 415 22
This is not the desire I wanted to.
394K 15.9K 19
ZARYAAB AALAM SHAH (age 29) a ruhless mafia, who thinks he doesnt have a heart .he only knows, how to take what he want.being on his wrong side can o...