မြတ်နိုးလွန်းရတဲ့အရာတွေကို အပိုင်သိမ်းချင်ကြတာဟာ လူ့သဘာဝပဲမဟုတ်လား။
မမြဲတဲ့သဘောတရားတွေနဲ့ လောကကြီးဖြစ်မယ်ဆိုရင်တောင် ကိုယ့်ရဲ့ထွက်သက်မတိုင်ခင်အထိတော့ မင်းကိုရင်ခွင်ထဲ ထည့်ထားခွင့်ရတဲ့သူဟာ ကိုယ်ပဲဖြစ်ချင်တယ်..
တန်ဖိုးထားကြောင်းဟာ နှုတ်ဖျားကနေပြောနေရုံနဲ့မပြီး။ အဲ့သည်လူဟာ သူ့ကိုယ်သူ တန်ဖိုးရှိတဲ့သူဖြစ်ကြောင်း ခံစားမိအောင် လုပ်ပေးနိုင်ဖို့လည်း လိုသေးသည်။
တံခါးကို ဖွင့်လိုက်ပြီး သူ့စီပြေးလာတဲ့ နှုန်းကို မြင်လိုက်တော့ သူ့မျက်ဝန်းမှာရော နှုန်းရဲ့မျက်ဝန်းမှာပါ မျက်ရည်စ တွေနဲ့။
Wedding တစ်ခုလုံး ခရမ်းဖျော့ရောင် Theme တွေနဲ့ သူကိုယ်တိုင် စီမံထားပြီး ဒီအမျိုးသားလေး စိတ်တိုင်းကျဖို့ မျှော်လင့်ထားမိသည်။
ဖိတ်ထားတဲ့ Guest တွေဆိုတာလည်း World wide နဲ့ချီပြီး အောင်မြင်နေကြတဲ့ သူ့ရဲ့ဒိတ်ဒိတ်ကြဲ ပါတနာ Celebrity တွေချည်း။
အခန်းအနားကျင်းပဖို့ Paris မှာ ဈေးအကြီးဆုံး၊ အမိုက်ဆုံးဆိုတဲ့နေရာကို ငှားရမ်းထားလိုက်တာ ။ နှုန်းသာ ဒီနေရာကို စိတ်တိုင်းကျမယ်ဆို သူဝယ်လိုက်ဖို့လည်း အဆင်သင့်။
နှုန်းဟာ သူ့စီပြေးလာပြီး သူ့ရင်ခွင်ထဲတိုးဝင်ကာ သူ့အား တင်းတင်းကြပ်ကြပ် သိုင်းဖက်လာသည်။
သူ့ချစ်ခြင်းမေတ္တာတွေကို ဒီအမျိုးသားလေးခံစားမိကောင်းပါရဲ့။ မျက်ဝန်းထဲက မျက်ရည်စ တွေဟာ သူမျှော်လင့်ထားသလိုပင် အရောက်လက်နေပြီး အလင်းရောင်အောက်တွင် လက်၍ပင်နေသည်။
" ဟင့်.. မောင် ၊ ဒါ .. ဒါက .. "
" မောင်တို့Wedding ! Baeနဲ့မောင့်ရဲ့ Wedding "
နှစ်ယောက်ထဲ တစ်ကမ္ဘာတည်၍ တစ်ယောက်မျက်နှာတစ်ယောက်ငေးရင် စကားတွေဖလှယ်နေရာ ပတ်ဝန်းကျင်ကိုပင်မေ့နေကြလျော့သလား ။
" အဟမ်း .. အဟမ့် "
စောစေးလျမ်းက သတိပေးသလို ချောင်းဟန့်လိုက်လေတော့မှ သတို့သားလေးနှစ်ယောက်ဟာ အကြည်စိုက်လွန်နေခဲ့သဖြင့် နေရခက်စွာ ဂုတ်ပိုးကို ကိုယ်စီပွတ်သတိရင်း အရှက်ပြေ ပြုံးသွားကြသည်။
" အာ .. ကို .. ကိုကိုကြီးပဲ ဟီး .. "
ပုံနှုန်းညီလည်း မောင်စီစဉ်သမျှကို Surprise အဖြစ်ကြီးဖြစ်နေသဖြင့် ပတ်ဝန်းကျင်ရှိ လူကြီးများကိုပင် သတိမထားမိခဲ့။
စောစေးလျမ်းကို မြင်မြင်ချင်း အတော်ကို
လန့်သွားခဲ့သည်မှာ အမှန်။
မမချိုသာမက နွေးငယ်နှင့် ဘွဲ့မှူးလေးတို့ကလည်း သူ့ကိုပြုံး၍ ကြည့်နေကြသည်။
ညီမလေစိမ်းနှင့် အတူ အတော်ကြည့်ကောင်းသည့် လူနှစ်ယောက်ကလည်း သူ့ကို ငေးကြည့်နေကြ၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကို သူသိပါသည်.. ။ သူ့ရဲ့ကယ်တင်ရှင်လေးဖြစ်ခဲ့သည်မဟုတ်လား။
သူနှင့်ထိုကောင်လေးဟာ စကားလုံးတွေမလိုပါဘဲ တစ်ယောက်နှင့်တစ်ယောက်ပြုံးပြကာ ခေါင်းငြိမ့်လိုက်မိသည်။
ထို့နောက် မောင့်ကို မော့ကြည့်လေတော့ မောင်က သူ့အား မျက်ရည်စတြွေဖင့် ပြည့်နေသော မျက်ဝန်းများနှင့် ငေးကြည့်နေ၏။
"Bae..."
စေးမူးက မင်္ဂလာခန်းမ၏ သတို့သားများအတွက် သတ်မှတ်ထားသည့်နေရာသို့ ချစ်ရသူ၏ လက်ကိုဆွဲ စိတ်လှုပ်ရှားစွာ သွားလိုက်ရင်း ရင်တွေဟာလည် တလှပ်လှပ် တုန်နေမိသည်။
သူ့လက်ကလေးကို တင်းကြပ်ကာ ဆွဲကိုင်လျက် သူ့နောက်သို့ လိုက်ပါလာသော ချစ်ရသူအား ပြန်ငေးကြည့်လိုက်လေတော့,
ပတ်ဝန်းကျင်ဟာ ထိုအခိုက်အတန့်၌ ရပ်တန့်သွားသလို့...။
Baeဟာ သူ့ရဲ့မြင်ကွင်းထဲမှာ အနှေးပြကွက် တစ်မျိုးကဲ့သို့ ပင်ရှိလှသည်။
ခရမ်းဖျော့ရောင် Suitလေးနှင့် ထိုအမျိုးသားသည် သူ့အတွက် တကယ်ကို ငေးမောနေချင်စရာ ဖြစ်တည်မှုမျိုးဖြစ်၏။
ထိုငေးကြည့်ချင်စရာ ဖြစ်တည်မှုလေးကို သူ့အနေနှင့် ထိမ်းမြားလက်ထပ်၍ပင် အပိုင်ယူရတော့မည်တဲ့လား။
Bae...ဒါဟာ မောင့်ရဲ့ ရှေးအတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံတွေရဲ့ အကျိုးဆက်လေများလား ။
အဲ့ဒီအကျိုးဆက်အနေနဲ့ မောင်ဟာ မင်းကို ဒီဘဝမှာ အပိုင်ရခဲ့လေသလား အချစ်ရယ်..။
"အဟမ်း..သတို့သား မောင်စောအယ်စေးမူး၊ လက်စွပ်ဝတ်ပေးဖို့အချိန်ကျရောက်နေပြီမလို့ ကြွေခွက်လေးထဲက ခရမ်းဖျော့ရောင် ရှုံ့အိတ်ကိုယူပြီး အထဲကလက်စွပ်ကို စွပ်ပေးလို့ရပါပြီ"
မင်္ဂလာအခန်းအနားမှူးအဖြစ် တာဝန်ယူထားသော စောစေးလျမ်းက သူ၏ နာမည်အားခေါ်ဆိုလျက် သတိပေးလေတော့မှ ပတ်ဝန်းကျင်အား သူသတိပြုမိတော့၏။
ချစ်ရသူလေးဟာ သူ့ရှေ့မှာ ရပ်နေပြီး သူ့အားလည်း အတောက်ပဆုံးပြုံးပြလို့နေသည်။
သူက သက်ပြင်းကိုချလိုက်ပြီး ချစ်ရသူ အမျိုးသားအား ပြန်လည် ပြုံးပြကာ ဘေးဘက်ရှိ ကြွေခွက်ထဲမှ ခရမ်းဖျော့ရောင်ရှုံ့အိတ်လေးအား ယူလိုက်၏။
ထိုအိတ်လေးထဲ လက်ဖြင့်နှိုက်လိုက်တော့ချစ်ရသူကိုယ်တိုင်သူ့ကို အံ့အားသင့်စေခဲ့သည့် စိန်လက်စွပ်လေးနှင့် ၄ပုံစံတူလက်စွပ်လေးကပါ၍ လာသည်။
သူက ချစ်ရသူ၏ လက်လေးအား ဆွဲယူကာ စိန်လက်စွပ်လေးအား ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်ပေးလိုက်ပြီး,
"သိပ်ချစ်တယ် Bae
မောင်လေ ပုံနှုန်းညီဆိုတဲ့ မင်းကို သိပ်ချစ်တယ်"
သူက ထိုစကားတို့အား နှုတ်မှ ပြောရင်း မျက်ရည်ကလည်း ထိန်းမရစွာ ကျ၍ လာ၏။
ပျော့ညံ့သည်၊ခံစားလွယ်သည်ဟု ပြောလည်း
သူခံရမည်သာ။
ထိုအမျိုးသားနှင့်ပတ်သတ်လျှင် သူ၏ စိတ်အစုံအား သူကိုယ်တိုင်ပင် အစိုးမရ။
ချစ်ရသူ အမျိုးသားကသာ သူ၏ စိတ်ဝိညာဉ်အား စိုးမိုးခြယ်လှယ်နိုင်သည်။
"ကိတ်ခွဲဖို့ အချိန်ကျရောက်ပြီမို့ သတို့သားနှစ်ယောက်က ဒီဓားလေးကို ယူပြီး အတူတူခွဲလို့ရပါပြီ "
အစီအစဉ်လိုက် ကြေငြာနေတဲ့ ကိုကိုကြီးရဲ့ အသံကြောင့် သူတို့နှစ်ယောက်ဟာ အင်မတန်ကြီးမလှတဲ့ ခရမ်းဖျော့ရောင်ကိတ်ဆီသို့သွားလိုက်ပြီး ကိတ်မုန့်အနီး ချ၍ထားသော ငွေမင်ရောင် ဓားလေးဖြင့် ကိတ်မုန့်ကို လှီးလိုက်၏။
ထို့နောက် သိပ်ချစ်ရသည့် သတို့သားလေးနှစ်ယောက်ဟာ တစ်ယောက်တစ်လှည့်ခွံ့ကျွေးကြတော့သည်။
လုပ်ဆောင်နေသောအရာများ၌ စေးမူးသည် သူကိုယ်တိုင်ပင် စိတ်နှင့်လူနှင့် ကပ်၍လားပင် မပြောတတ်။ သတိလက်လွတ်ပင် ချစ်ရသော အနုပညာလေးအား ငေးကြည့်မိနေ၍ အခြားသူများက အခေါက်ခေါက်အခါခါ သတိပေးကြရသည်သာ။
"Bae ..မောင် မင်းကို အပိုင်ရတာ သိပ်ပျော်တယ်"
သူက ချစ်ရသူ၏ နားအနားသို့ကပ်ကာ ထိုသို့ပြောလေတော့ ချစ်ရသူက ပြုံးလိုက်ကာ သူ့အား စိုက်၍ ကြည့်လာပြီး,
"မောင်..ငါ ..ငါက က အမြဲတမ်းအတွက်
မောင့်အပိုင်ပါ"
"အမြဲတမ်းဆိုတဲ့ အချိန်ကာလကို မောင်က
မတင်းတိမ်နိုင်ရင်ရော.."
"ဟော ဒီ.. ဒီကောင်လေး ဘာ...ဘာဖြစ်နေလဲ !"
Bae က သူအား လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွာလာထုသော်လည်း သူက ပြုံးရုံသာပြုံးပြီး သက်ပြင်းချမိ၏။
"မောင်..ပျော်. ပျော်တယ်ဆို..ဒါ. ဒါက ဘာရုပ်လေးလဲ"
သူက သက်ပြင်းချလိုက်လေတော့ Baeက သူ့ရဲ့ပါးလေးအား ဆွဲညှစ်ရင်းမှ မျက်မှောင်လေးကျုံ့ကာ မေးလာ၏။
"မောင် အရမ်းပျော်နေလို့ ဒီအခြေအနေလေး ပျက်စီးသွားမှာ ကြောက်တယ် "
"ဒီ ကောင် ..ကောင်လေးကွာ
ဘာတွေ မ.. မဟုတ်မဟတ်တွေ လျှောက်တွေးနေရတာလဲ ၊ ဒီ..ဒီမှာ ဟောဒီက ပုံ .. ပုံနှုန်းညီ က မောင့်အိမ်..အိမ်သား ဖြစ်နေပြီ
သိရဲ့လား"
ချစ်ရသူ၏ နှစ်လိုဖွယ်အပြုံးအား ကြည့်ကာ သူ သဘောကျစွာပြုံးလိုက်မိ၏။
ဒီအနုပညာလေးဟာ သူ့ကို စိတ်သက်သာရာ သိပ်ရစေတာပဲ။ ဘယ်လို အခြေအနေ၊ဘယ်လိုအချိန်အခါမျိုးမှာ ဖြစ်ဖြစ်ပေါ့။
_______________________________
"Bae"
"ပြော...ပြောလေ မောင်"
စေးမူးက ခန်းမ Stage၏ အပေါ်ရှိ သတို့သားများ ထိုင်ဖို့ ခင်းကြင်းထားသည့် နေရာတွင်ထိုင်နေရင်းမှ ချစ်ရသူအား တွေတွေလေးငေးမောကာ ကြည့်နေမိသည်။
"မောင်လေ..Baeကို သိပ်ချစ်တာပဲ
အဲ့အရာထက် ပိုပြီးပြောလို့ရမယ့်စကားမျိုး..
ဒါမှ မဟုတ် မောင့်ရဲ့ အခုဖြစ်နေတဲ့ခံစားချက်ကို ပြောပြလို့ရမယ့် စကားလုံးမျိုး မောင်ရှာလို့မတွေ့ဘူး"
ပုံနှုန်းညီက ထိုအမျိုးသားငယ်လေး၏ သူ့အပေါ် ထားရှိသော မေတ္တာအတိမ်အနက်ကို သူအတိအလင်းပင် မြင်တွေ့နေရ၏။
"မောင် "
နှုန်းကက ကောင်လေးအား ထိုသို့ ခေါ်လိုက်လေတော့ ချစ်ရသူ အမျိုးသားလေးက သူ့အား နှစ်လိုဖွယ်ပြုံးပြကာဖြင့်,
"ဗျာ မောင့်အသဲနှလုံစလေး"
"ငါ.. ငါလေ မောင်အခုခံစားနေရတဲ့ ခံစားချက်ကို သိ..သိတယ်၊ ဘာ..ဘာလို့လည်းဆိုတော့ ငါ..ငါလည်းထပ်တူ ခံစားနေရတယ်လေ၊ ငါ မောင်..မောင်နဲ့အတူ အိုမင်းသွားရတော့မယ်၊ မောင့်အရိပ်မှာ ငါနွေး...နွေးထွေးရတော့မယ်၊ ငါ သိပ်..သိပ်ကံကောင်းတယ် မောင်ရဲ့ "
Baeက သူ့အား မျက်ရည်လေး ဝဲကာ ဝဲကာဖြင့် ထိုသို့၊ထိုပုံပြောလာလေတော့ သူ့မှာ ကြည်နူးရပြန်၏။
"Bae တကယ်တော့လေ..မောင်ကသာ Baeကိုပိုင်ဆိုင်ခွင့်ရလို့ ကံကောင်းတာပါ၊ Baeမောင့်ရဲ့ စိတ်အေးချမ်းရာလေး.."
သူတို့နှစ်ယောက်ဟာ အချိန်အတော်အကြာအထိ မျက်ဝန်းချင်း စကားတွေပြောနေခဲ့မိသည်။
Baeရဲ့ အပြစ်ကင်းစင်ပြီး ဝိုင်းစက်နေတတ်တဲ့ မျက်ဝန်းတွေဟာ ချစ်ချင်းမေတ္တာအကြောင်းပြောကြတဲ့အခါမှာ စကားသိပ်တတ်၏။
"Bae "
"မောင် "
ချစ်ရသူက သူ့အား ချက်ချင်းပင်ပြန်၍ ထူးလာ၏။
"မောင် အခုခံစားနေရတဲ့ ခံစားချက်ကို ဖော်ပြလို့ရနိုင်မယ့် အရာတစ်ခု မောင်တွေးမိပြီ"
"ဘာ...ဘာ လဲဟင် မောင်.."
"Bae မောင့်ကိုကြည့်နေနော်၊ ပြီးတော့ မောင်ဆိုပြတဲ့ သီချင်းကို ဟောဒီက Bae နှလုံးသားလေးနဲ့ နားထောင်ပေး "
မောင်က သူ့ ဘယ်ဘက်ရင်အုံလေးအား လက်ညှိုးလေးဖြင့် တို့ထိလိုက်ကာ ပြောပြီးနောက် ထိုနေရာမှ ထွက်သွားသည်။
မောင်က ထွက်သွားရာမှ ခန်းမအတွင်းသို့ ပြန်ဝင်လာတော့ မောင့်လက်ထဲ၌ ဘယ်ကဘယ်လိုယူလာမှန်း မသိသည့် အမည်းရောင် ကျွန်းဂစ်တာကလေး...။
မောင်က သူ၏ ရှေ့မျက်နှာချင်းဆိုင်၌ ခုံလေးဖြင့် ထိုင်လေတော့ ကိုကိုကြီးက အလိုက်သင့်ပင် micro phone Stand လေးယူလာပေး၏။
မောင်က သူ့အား ချစ်ခြင်းမေတ္တာတို့ဖြင့် အတိလွှမ်းခြုံထားသည့် အကြည့်တို့ဖြင့်ကြည့်ကာ တည်ကြည်လေးနက်သော အသံဖြင့်,
"အားလုံးပဲ! ကျွန်တော့်အနေနဲ့ ကျွန်တော့်ဘဝနဲ့ချီပြီး မေတ္တာသက်ဝင်ရတဲ့ ဟောဒီက အမျိုးသားလေးကို ကျွန်တော့်ရဲ့ခံစားချက်တွေကို အသေအချာဖော်ပြနိုင်မယ့် သီချင်းလေးဆိုပြချင်ပါတယ်... ဒီလိုအတွေးမျိုးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်သိကျွမ်းခဲ့တဲ့ မိတ်ဆွေနှစ်ယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရတုန်းကရခဲ့တာပါ၊ တစ်စုံတစ်ယောကို ဒီလိုမျိုး တန်ဖိုးထားပြီးဆက်ဆံမိမယ်မှန်းအဲ့တုန်းကတော့ မသိခဲ့ဘူး ၊ အခုတော့ အဲ့ဒီတစ်စုံတစ်ယောက်ကို ကျွန်တော်ရှာတွေ့ခဲ့ပါပြီ...Bae..ကျေးဇူးပြုပြီး နှလုံးသားလေးနဲ့ နားထောင်ပေးနော်"
စောအယ်စေးမူးရဲ့ စကားအဆုံးမှာ ချစ်ရသူ အမျိုးသားလေးက နှစ်လိုဖွယ်အပြုံး ပြုံး၍သာခေါင်းငြိမ့်ပြလာ၏။
ထိုအပြီးနောက်တွင်မူ တည်ကြည်သြရှကာ သာယာဖွယ်အတိဖြစ်သော အမျိုးသားတစ်ယောက်၏ သီချင်းဆိုသံထွက်ပေါ်လာတော့သည်။
~အရှုံးတွေထဲ ငါလဲပြိုရင်း
အတိတ်တို့လည်း ငါ ပျောက်ဆုံးချိန်
မြင်နိုင်တဲ့ ငါ့အနာဂတ်တို့ မှေးမိန်
ငါဟာ ကျဆုံးချိန်..
~ငါ့ရဲ့နံဘေးကို မင်းဝင်လာပြီး
လဲပြိုကျသူ ငါ့ကိုထူပြီး..
အစီအငေါ်မတည့်တဲ့ ငါ့ရဲ့စကားတွေ
မင်းဟာ ခွင့်လွှတ်သည်းခံရင်း...
~တန်ဖိုးမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာငါ တစ်ခါပြန်အသက်ဝင်တောက်ပ...
မင်းဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူက ငါ့ကိုဆယ်ရင်း..
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း .
~မင်းဟာ ငါ့အတွက်တော့...
မင်းဟာ ငါအတွက်တော့ ငွေလမင်း..
ချစ်ရသူရဲ့ တည်ငြိမ်တဲ့အသံနေအသံထားဖြင့် သီဆိုနေသော သီချင်းကို နားထောင်နေရင်းမှ သူ၏ မျက်ဝန်းတို့တွင် သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ အရည်ကြည်တို့က စိုင့်လာ၏။
မောင်ဟာ တကယ်ကို သူ့အတွက် တစ်ဉီးတစ်ယောက်ထဲသော ဖြစ်တည်မှုပင်။
~ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ...
မင်းဖန်ဆင်းတဲ့ ငါ့ဘဝ...
~အားငယ်စိတ်တွေ မရှိဘူး
ဘဝရဲ့ပန်းတိုင် ငါတွေ့ပြီ..
မင်းဟာ လမ်းပြတယ်..
မင်းဟာ ငါ့ရဲ့ ရှင်သန်ခြင်း...
"နတ်သမီး"ဆိုသည့်နေရာတွင် ရှင်သန်ခြင်းဟု ပြောင်းလဲ သုံးနှုန်းလိုက်သော ချစ်ရသူ အမျိုးသားကြောင့် မျက်ရည်ကျနေသည့်ကြားမှ သူ ကြည်နူးစွာပင် ပြုံးလိုက်မိသည်။
~တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ ငါတစ်ခါပြန်အသက်ဝင် တောက်ပ...
~မင်းဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူက ငါ့ကိုဆယ်ရင်း..
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း .
~မင်းဟာ ငါ့အတွက်တော့...
မင်းဟာ ငါအတွက်တော့ ငွေလမင်း..
သီချင်းပြီးဆုံးသွားသောကြောင့် အားလုံးက လက်ခုတ်တီးကာ ဂုဏ်ပြုကြသော်လည်း သူတို့နှစ်ယောက်ရဲ့ အာရုံတွေကတော့ ပတ်ဝန်းကျင်အပေါ်တွင်လုံးဝ ရှိမနေခဲ့...။
အရာရာဟာ နှေးသွားသလိုမျိုး..
ဒီလောကကြီးမှာ သူ့ရှေ့က ချစ်ရသူလေးနှင့်သူသာ ရှိနေတော့သလိုမျိုး စေးမူးခံစားရ၏။
တစ်စုံတစ်ယောက်ဆီမှာ ချစ်ခြင်းမေတ္တာဆိုတဲ့တစ်စုံတစ်ရာလေးကို မောင်က အသဲအသန်ပြေးရှာမိတဲ့အခါ..
သေချာတယ် အဲ့တစုံတစ်ယောက်ဟာ
အမြဲ မင်းပဲဖြစ်လိမ့်မယ် Bae ..
တစ်ချို့အရာတွေကို မောင်ဟာ Baeဆီက လွဲရင် မယူချင်တော့ဘူး..
ချစ်ခြင်းမေတ္တာဟာ သိပ်ကို နူးညံ့ပြီး သိပ်ကိုသိမ်မွေ့ကြောင်း ကြမ်းတမ်းတဲ့အရာတွေကိုပဲ
ထိတွေ့ခဲ့ဖူးတဲ့ ဒီက Baeရဲ့အမျိုးသားဟာ သေချာသိပါရဲ့..
နူးညံ့ခြင်းတွေဟာ မင်းပေးတာ မေတ္တာတွေပါ Bae..
အမြတမ်းအတွက်လားလို့ မင်းကမေးတဲ့အခါ 'အမြဲတမ်း' ထက်သေချာတဲ့ အချိန်ကာလ ရှိသေးရဲ့လားလို့ မောင်ပြန်မေးချင်မိတယ်..
မောင်ကမင်းနဲ့ခွဲပြီး အရင်ထွက်သွားရတဲ့အခါမှာတောင်..သာဓုမခေါ်ချင်တဲ့ကောင်ပါ ။
မင်းဟာ မောင့်တစ်သက်စာ ခိုလှုံရာလေး..Baeရဲ့ ။
အတူအိုမင်းသွားဖို့ မောင်ဆန္ဒရှိတဲ့ သက်ရှိကလေးဟာ မင်းပါပဲ..
မောင်ဟာ ဒီလို ဒီပုံ မင်းဆီမှာ ငြိတွယ်ရပါတယ် ။
မောင်တို့ရဲ့ကလေးလေးတွေကို မောင်က မင်းကို ဘယ်လောက်ချစ်ကြောင်း ...
မင်းကလည်းမောင့်ကို ဘယ်လိုဘယ်ပုံချစ်ကြောင်း ...
မောင်တို့အသိုက်အဝန်းလေးဟာ ဘယ်လိုလုံခြုံနွေးထွေးကြောင်း မောင်ညတိုင်းပြောပြမယ်..
မောင်တို့ အတူ အိုမင်းသွားကြမယ် ။
အချစ်ရယ်..
အချစ်မှာ မင်းရှိရင်ရပြီ
အဲ့သည်လိုပဲ အဲ့ဒီအချစ်မှာ မောင်ရှိရင်ရပြီ ။
မောင်တို့ဟာ ချစ်ခြင်းမေတ္တာတွေအကြောင်း အတူရှာဖွေခဲ့ကြတယ်။
မသိနားမလည်ခြင်းတွေကနေ တိကျရှင်းလင်းတဲ့အထိ..မောင်ကတော့ မင်းမျက်နှာလေးပဲ ငေးချင်မိတောါတာ Bae...။
ဒီလိုပါပဲ စတင်ခဲ့ခြင်းတွေသာမက အဆုံးသတ်မှာပါ မောင်ဟာ Baeရဲ့အပိုင်..
Baeရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေက နောက်ဆုံးထွက်သက်အထိ မောင့်ကိုပဲ စူးစိုက်ကြည့်နေရမယ်။
မောင်ဟာ မင်းအတွက်ဆို မခြေခင်ကတည်းက ကြွေကျပေးချင်ခဲ့တဲ့ နှင်းဆီလေးမှန်း မင်းသိပြီမလားဟင် ~
ဒါမှမဟုတ် မင်းတစ်ယောက်အတွက်ပဲ အမြဲတမ်း ရှင်သန်ပေးနေမဲ့ နှင်းဆီလေး ~
အခွင့်အရေးများ ရဉီးမယ်ဆိုလည်း တကယ်တော့ မောင်က ဘယ်လိုဖြစ်ဖြစ် မင်းနားထက်မှာ ရှိခွင့်ရချင်တဲ့ ပန်းလေးတစ်ပွင့်လိုကောင်ပါ။
ဒီစကားတွေကို သူ့ရဲ့စူးစူးရှရှမျက်ဝန်းတွေကနေ Baeရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေဆီ ပြောပြနေမိတယ်
အချစ်ရယ်..
မင်းခံစားမိနေတယ်ဆိုတာလည်း မောင်သိပါရဲ့..။
_________________ပြီးပါပြီ______________
[A/N: ဒီအထိရောက်လာပေးလို့ကျေးဇူးတင်ပါတယ်]