Part(24)/Unicode

19.4K 1.7K 138
                                    

ရင်ခွင်ထဲမှာ ဟိုလှိမ်ဒီလှိမ်အိပ်ပျော်နေတဲ့ အလှအပလေးဟာ သူ့ကို တစ်ညလုံး အိပ်မရအောင် ဒုက္ခပေးခဲ့တာ ဘယ်သူ ယုံနိုင်မလဲလေ ။ စောအယ်စေးမူးဟာ ချစ်ရသူ၏ နဖူးလေးကို ငုံးနမ်းရင်း စိတ်လိုလက်ရ ပြုံးလိုက်မိ၏။

အချစ်နဲ့နိုးထရတဲ့ နံနက်ခင်းတွေဟာ သိပ်ကို အရသာရှိတဲ့ ကော်ဖီပူပူတစ်ခွက်သောက်ရသလို ခံစားချက်မျိုး ။ ပျင်းရိခြောက်ကပ်စရာ ခံစားချက်တွေအစား မြင်နေတွေ့နေရရုံနဲ့ နေ့သစ်အတွက် ခွန်အားဖြစ်စေနိုင်တာ ချစ်ခြင်းမေတ္တာတရားပဲဖြစ်သည်။ ဒီလူသားလေးက သူ့အပိုင်ဆိုတာ တွေးလိုက်မိတိုင်း၊ဒီလူသားလေးဟာ သူ့အနားမှာ တစ်ဘ၀လုံးစာ အတူရှိနေပေးမဲ့ ဘ၀ အဖော်မွန်ဆိုတာ သူခံစားမိလိုက်တိုင်း ကမ္ဘာမှာ ကံအကောင်းဆုံးကောင်ဟာ သူပါလားလို့ စေးမူးကြုံး၀ါးလိုက်ချင်၏ ။

မြတ်နိုးရတဲ့ ဆံသားလေးတွေကို ခပ်ဖွဖွ ပွတ်သပ်တင်ပေးလေတော့ ချစ်ရသူက တအိအိ ငြီးငြူကာ အခြားဘက် လှည့်သွား၏။

" ဒီဘက် လှည့်ပါဦး Bae ရဲ့ ကိုယ့်အချစ်လေးကို ငေးနေတာလေကွာ "

ပြောလေဆိုးလေဆိုတာ ဒီအမျိုးသားလေးမှအစစ်။ ငေးနေသည်ဟုပြောလိုက်တော့ မျက်နှာကို ခေါင်းအုံးနှင့် ဖိကပ်လိုက်ကာ မှောက်လျက် အိပ်လေသည် ။

ကျစ် ! မျက်နှာလေး ကိုယ့်ဘာသာငေးနေတာ တရားမရပေမဲ့ ကြည်နူးခြင်းတွေရသေးတယ်။ အခုတော့ သူ့မြင်ကွင်းထဲ ၀င်လာသည်က မျက်နှာလှလှလေးအစား တင်းပါး လုံးလုံးအိအိကလေး ။

ဒါက သူများသားသမီးကို စိတ်လိုလက်ရ ပစ်မှားနေမိတာမဟုတ်လား ။ သူကတော့ ကုသိုလ်မရတဲ့အပြင် အကုသိုလ်ရနေပြီလားလေ။ မရဘူး ! Baeက သူ့အပိုင် ၊ သူ့အိမ်ထောင်ဘက် ။

အဲ့တာကြောင့် ဒီတင်ပါးလုံးလုံးလေးကလည်း သူ့အပိုင်ပဲ !

' ဖြန်း '

အသဲယားဖို့ကောင်းတဲ့ တင်ပါးလေးကို
ဖြန်းကနဲမြည်အောင် ခပ်ဆက်ဆက်ရိုက်လေတော့ ချစ်ရသူက လန့်ဖြန့်သွားပြီး ပက်လက်လှန်ကာ မျက်လုံးလေး ခပ်ပြူးပြူးဖြစ်သွားသည်။

" ဘာ .. ဘာလို့ လူကို လာ .. လာရိုက်တာလဲ !"

မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းလေးဆူ၍ ပြန်အော်သည်က စေးမူးအတွက် ပို၍ အသဲယားစရာကောင်းလှ၏။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သက်ရှိလေး ရထားတာ သူသိပ်ကို ကံကောင်းတဲ့ကောင်ပဲ ။ ဒီအမျိုးသားလေးကို သူ ပြောမပြတတ်အောင်ချစ်ပါ၏ ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now