Part(28)/Unicode

22.6K 1.5K 61
                                    


" ဘယ်လိုဖြစ် .. ဖြစ်ရတာလဲ မေမေကြီးရယ် ဟင် "

ပုံနှုန်းညီဟာ သူ့ရှေ့၌ မျက်ရည်တွေကျကာ ရှိုက်ကြီး တငင်တငင်ငိုနေသော ဒေါ်မြလွန်းညိုအား ကြည့်ကာ စိတ်မကောင်းသလို စိတ်မသက်မသာလည်း ဖြစ်ရ၏။

မေမေကြီးဟာ အရင်တုန်းက ခန္ဓာကိုယ်ပြည့်ပြည့်နှင့် အတော်လှသော အမျိုးသမီးဖြစ်သော်ငြား ယခုတွင်တော့ ပိန်လှီနေကာ အတော်ကို ကွာခြားသောအနေအထားသို့ရောက်နေပြီဖြစ်သည်။

သူ့အပေါ်မှာ ဘယ်လိုပဲ ဆက်ဆံခဲ့၊ဆက်ဆံခဲ့။ မေမေကြီးဟာ သူ့ကိုတော့ မစွန့်ပစ်ခဲ့ပါ။
ကိုယ်မွေးထားသော သားသမီးကိုတောင် အနှီးလေးတစ်ထုပ်နဲ့ တွေ့ကရာ လမ်းဘေးမှာ စွန့်ပစ်တတ်သည့် မိဘတွေရှိတဲ့ ဒီလိုလောကကြီးမှာ မေမေကြီးက သူ့ကို အိမ်ပေါ်ခေါ်ပြီး တင်ကျွေးထားခဲ့သည်။

လင်ယောကျ်ားရဲ့နောက်မိန်းမနဲ့မွေးတဲ့ ကလေးကို ဘယ်လိုသေသေ ထားလိုက်လို့ရသလို ၊ မိဘမဲ့ဂေဟာဖြစ်ဖြစ် ပို့လိုက်လို့လည်း ရပေမဲ့ မေမေကြီးဟာ ထိုသို့မလုပ်ခဲ့။

သူ့အပေါ် ဘယ်လို ဆက်ဆံဆက်ဆံ။ သူ့စိတ်ထဲတွင်တော့ 'အိမ်' ဆိုတဲ့ ဝေါဟာရလေးတစ်လုံးအကြောင်း သိခဲ့ရပြီး မိဘမဲ့လို့လည်း မခံစားခဲ့ရပေ။

အခုတော့ မေမေကြီးဟာ အခက်တွေ့နေပြီထင်သည်။ လာကတည်းက ရှိုက်ကြီးတငင်ငင်ငိုလျက် မမခတ္တာကိုခေါ်ပေးဖို့ အသည်းအသန်တောင်းဆိုလာ၏။

ထို့ကြောင့် ခေါ်ပေးလိုက်သော်ငြား အခုထိ သူ့ကိုရော မမခတ္တာကိုပါ ဘာစကားမပြောသေး။ အငိုပင်မတိတ် ၊ အလွန်၀မ်းနည်းနေပုံရသည်။

အားရအောင် ငိုလို့ ပြီးခါမှ ကျနေဆဲ မျက်ရည်တွေကို ကမမ်းကတမ်းသုတ်ပစ်လိုက်ကာ စကား စ၍ ဆိုလာတော့၏။

" ပြောရမှာတော့ အတော်ကို ၀မ်းနည်းစရာပဲ သမီးတို့ရယ် .. ညည်းတို့ဦးလေလေ မြတ်လွန်းနိုင်ပေါ့ ၊ နှုန်းလေးတို့ လက်ထပ်ပွဲအပြီးကတည်းက  မူးရူးရမ်းကားပြီး လုပ်လိုက်တဲ့ လောင်းကစား ၊ မိန်းမ ၊ မူးယစ်ဆေး အစုံပါပဲ၊ ငါလည်း တတ်နိုင်သလောက် ထိန်းခဲ့ပေမဲ့ သူက ကလေးမှ မဟုတ်တော့ဘဲ ၊ ငါလည်း
မနိုင်တော့ဘူးလေ ၊ အခု သူ ဆေးတွေယူသုံးနေကျ သူ့ဘော်ဒါ နာမည် ဘာပါလိမ့် .. ဂျင် ဘာဆိုလားဟယ် "

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now