Part(26)/Unicode

20.3K 1.5K 76
                                    

ပွဲအပြင်အဆင်သည် ကြီးကျယ်ခန်းနား၏။ သူဟာ မမြင်မတွေ့ဖူးသော အထက်တန်းလွှာ အပြင်အဆင်တို့ကြောင့် မျက်လုံးလေး ကလည် ကလည်ဖြင့်သာ ထိုအဆောက်အဦးထဲ ၀င်လာခဲ့သည် ။လူတိုင်းကလည်း ၀တ်ကောင်းစားလှများ ၀တ်ဆင်ထားပြီး မျက်နှာထက်တွင် ရွှင်မြသော အပြုံးတို့ ဆွဲချိတ်ထား၏ ။
ကြည့်ရတာ ဒါဟာ မင်္ဂလာပွဲပဲ ဖြစ်မည်ထင်သည်။

အဆောက်အဦးအ၀င်အ၀ရှိ ကြည်လင်တောက်ပြောင်နေသော မှန်တစ်ချက်ရှေ့ရပ်ကာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်လေတော့ ညစ်ပတ်ပေတေနေသည့် ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ၀တ်ထားပြီး မှန်ထဲမြက်နေရသော သူ့ဆံပင်တို့မှာလည်း တိုတိနေသေးသည်။

သို့သော်ငြား သိမ်ငယ်စရာ သူ့အခြေအနေကို ဘယ်သူတစ်ဦးတစ်ယောက်ကမျှ အဖက်လုပ်၍ ဆွဲထုတ်ခြင်းမရှိ ။ သူကလည်း ဆက်၍သာ အဆောက်အဦးထဲ ၀င်သွားလိုက်၏ ။ ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း မြင်လိုက်ရသော မင်္ဂလာခန်းမစင်မြင်ထက်မှ စာတန်းကြောင့် ဆောက်တည်ရာမရ အရူးတစ်ယောက်လို အော်ဟစ်လိုက်မိသည် ။

စားတန်းထက်တွင် ချိတ်ဆွဲထားသည့် နာမည်တို့က " မောင်စောအယ်စေးမူးနှင့်မခတ္တာညိုတို့၏ မင်္ဂလာဧည့်ခံပွဲ " တဲ့လေ ။

" ဟင့်အင်း မဟုတ်ဘူး !
အဲ့လို မဟုတ်ဘူး .. စေးမူး !!
ငါ့ကို မစွန့်ပစ်လိုက်ပါနဲ့ "

သူက ဆောက်တည်ရာမရ မထိန်းချုပ်နိုင်စွာ အော်လိုက်သော်ငြား ဘယ်သူကမှ သူ့အား ကြည့်မလာခဲ့ ။ သူက ကောင်လေးအား လိုက်ရှာရန် ဆုံးဖြတ်လိုက်ပြီး မင်္ဂလာခန်းမထဲ ပြေးလွှားနေမိ၏ ။

တွေ့ပါပြီ ၊ ကောင်လေးဟာ မမခတ္တာရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဧည့်သည်တွေကို လိုက်လံ ဧည့်ခံနေတာပဲ။

သူက ကောင်လေးရဲ့ အနားကို သွားပြီး ကောင်လေးကို အားကိုးတကြီး မေးလိုက်မိသည်။

" ကောင်လေး .. ဘာတွေဖြစ်ကုန်တာလဲ
ငါကရော .. ဟမ် ငါ့ကို စွန့်ပစ်လိုက်တာလား "

မျှော်လင့်တကြီး မေးလိုက်မိတဲ့ စကားဖြစ်ပေမဲ့ ကောင်ငယ်လေးဟာ သူ့ကို မသိသလို တုန့်ပြန်လာပြီး အတော်ကို လန့်သွားပုံပင် ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now