Part(31)/Unicode

24.3K 1.4K 116
                                    

အချို့သော အဖြစ်အပျက်တွေဟာ ကိုယ်တွေးနိုင်တဲ့ အခြေအနေကို ကျော်လွန်ပြီး ဖြစ်ပျက်တတ်ကြတယ်။
မှန်းချက်နဲ့နှမ်းထွက်ဟာ မကိုက်ဘူးဆိုတဲ့ စကားပုံမျိုးက
ဒီအတွက်ဖြစ်တည်လာခဲ့တာမျိုး။

FAMEအိမ်တော်ရဲ့အရိပ်ကို ပြန်နင်းလိုက်ရတဲ့အတွက်
သူ့စိတ်တွေဟာ အတိတ်ကို ပြန်လည် လွင့်ပျံ့သွားရတော့သည်။
ကောင်လေးက သူ့ကို နားလည်ရခက်တဲ့ ခံစားချက်တွေ ပေးခဲ့တာ..

ပထမဆုံး သူ့ရင်တွေ ထိန်းမရအောင် ခုန်ခဲ့တာ ဘယ်တုန်းကပါလိမ့်။
သေချာတာကတော့ " မ " ဆိုတဲ့ အထင်လွဲနာမ်စားလေးကြောင့် မိန်းကလေးတစ်ယောက်မဟုတ်သော်ငြား သူ့မှာ အရှက်ကြီးရှက်ခဲ့ရသေး​၏။

မရှိမဲ့ရှိမဲ့ဥပက္ခာတရားတွေနှင့် နှလုံးသားကို ဦးနှောက်က ဖိနှိပ်ကာ
ငြင်းဆန်ခဲ့ပေမဲ့ သခင်လေးဟာ သူ့အပေါ်မှာ လုံးဝလက်လျှော့မသွား။  "Bae" ဆိုပြီး တယုတယ နွေးနွေးလေးခေါ်ပြီး သူ့ကို ထွေးပွေ့ခဲ့ပေးတာ ။

စောအယ်စေးမူးဆိုတဲ့ ဒုတိယသခင်လေးဟာ သူ့အပေါ်မှာ
အဲ့သည်လို အရိပ်မိုးပေးခဲ့တဲ့ အိမ်ကြီးအိမ်ကောင်းလေး!

သူ့အတွက်တော့ ဘာနဲ့မှ အစားမထိုးနိုင်တဲ့ ဖြစ်တည်မှုလေး!

အခု သူ့မှာက ဒီကောင်လေးရဲ့ ရင်သွေးလေးတွကိုတောင်
မွေးထုတ်ထားပေးနိုင်ပြီ။ ဒါဟာ သူကောင်လေးအပေါ်
လုပ်ပေးနိုင်တဲ့ အရာတွေထဲက အကောင်းဆုံးတစ်ခုပဲ။

သဏ္ဌာန်လေးဆိုရင် ကောင်လေးနဲ့သိပ်တူတာ ..
စကားပြောပုံကအစ စိတ်နေစိတ်ထား အကျင့်စရိုက် အားလုံးနီးပါးပဲ။

သဏ္ဌာန်လေးက မိန်းကလေးဖြစ်ပေမဲ့ သိပ်ခေါင်းမာသလို သိပ်လည်းထက်လွန်းတယ်။ မဟုတ်မခံ မာကျောပြီး သူ့အဖေခြေရာကို
တစ်ထပ်တည်း နင်းနိုင်မဲ့ ကောင်မလေး ။

အက်(ခ်) စင်း ကျ အဲ့သည်လိုမဟုတ်!
ASလေးက သူနဲ့တူတာ ။ ယောကျ်ားလေးပေမဲ့ သူနဲ့တူတော့ သိပ်လှတယ်။ အနေအေးပြီး ဒီအသက်ဒီအရွယ်လေးနဲ့ ရင့်ကျက်ချင်
ယောင်လည်း ဆောင်တတ်သေးတာ။
စကားပြောရင် လေယူလေသိမ်း အတိအကျ စကားအဖြတ်မှန်မှန်နဲ့ ပြတ်ပြတ်သားသားပြောတတ်လွန်းလို့ ASကိုဆို အားလုံးက အသဲတယားယား။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now