Part(9)/Unicode

25.6K 2.3K 158
                                    


အချိန်ကား နံနက် ၅နာရီမျှ ရှိနေပြီဖြစ်သော်လည်း စောအယ်စေးမူးက ယခုအထိ မအိပ်ရသေး ။

မထူးဇာတ်ကိုသာခင်းလျက် အိပ်မနေချင်တော့ပါ။ တစ်ညလုံး အတွေးပေါင်းများစွာဖြင့် ယောက်ယက်ခက်နေပြီး တစ်စုံတစ်ယောက်သည်က သူ၏ အတွေးတွေထဲ ညလုံးပေါက် ပြေးလွှားနေ၏ ။

"ကိုယ့် အတွေးတွေထဲ ​တစ်ညလုံးပြေးလွှားနေရတာ မင်းမမောဘူးလား နှုန်းရယ် !"

စေးမူးက ထိုသို့ပြောလိုက်ရင်း ပြုံး၍ ခေါင်းခါကာ အိပ်ယာထဲမှ လူးလိမ့်၍ ထလိုက်သည်။ အညိုရောင် Pajama နှင့် သူ့ကိုယ်သူအား မတ်တပ်ရပ် မှန်ကြီးထဲ၌ ကြည့်၍ poseအမျိုးမျိုးပေးနေလိုက်မိသည်။

၆ပေကျော်သော အရပ်က ချောမောလှသော မျက်နှာပေးဖြင့် ပနံသင့်ကာနေသည်။ Dark Brown skin color က ထို လူ၏ ရှုတည်တည် Jawlineမျက်နှာပေးနှင့် လိုက်ဖက်စွာ အရှိန်အဝါကြီးသော ပုံပန်းသဏ္ဍာန်အား ရစေ၏။

"ငါ့လိုလူမျိုးကိုမှ မကြိုက်ရင် ရူးနေလို့ပဲ အဟမ့်!"

စောအယ်စေးမူးက ထိုသို့ပြောကာ ပြုံးလိုက်ရင်း Bathroom ထဲသို့ ဝင်ကာ ရေချိုးရန်ပြင်လိုက်သည်။

မအိပ်ရသေး၍ ခေါင်းကအတော်ပင် နောက်နေလျက်ရှိပြီး မျက်လုံးများကလည်း ကြိမ်းစပ်နေသည်။

ထိုမိန်းကလေးဟာ ဘာလေးမလို့ သူ့ကို သည်လို စိတ်ဒုက္ခပေးရပါသနည်း ။

ထိုမိန်းမလှလေး၏ လက်ဖုဝါးနုနုလေးတွေကို သူစိမ်းယောကျ်ားတစ်ယောက်က ဆုပ်ကိုင်နေသည်ဟူသည့် အတွေးက သူ့၏ သွေးများအား ဗလောင်ဆူစေသည်။ သူ၏ ဒေါသများအား ဆွနေသည့်ဟန် ။ သူ၏ စိတ်ခံစားချက်တို့သည်ကလည်း ဟန်မဆောင်နိုင်စွာ ပွင့်ထွက်လာရ၏။

မျက်လုံးတို့ကို မှိတ်လျက် အေးမြသော ရေ၏ အထိအတွေ့ဖြင့် ခန္ဓာကိုယ်ကို လန်းစမ်းသွားစေ၏။ သူ၏ အတွေးထဲတွင်တော့ ထိုမိန်းကလေး၏ မျက်နှာလှလှလေးက စိုးမိုးထားပြီး ထိုမိန်းကလေး၏ မျက်စောင်းလှလှကလေးကို အတွေးရောက်မိလေတော့ သူ့နှုတ်ခမ်းတို့က အလိုအလျောက် ကွေးညွတ်လာရသည်။

" ချစ်စရာကလေးပါလား ဒေါ်ပုံနှုန်း ရဲ့
ရှေးဘဝက ဘာကုသိုလ်တွေများ ခင်ဗျားပြုခဲ့ပါလိမ့် "

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now