Part(22)/Unicode

24K 1.9K 166
                                    

" စိတ် .. စိတ်ကို လျှော့လိုက်ပါ တူမကြီးရယ်"

" ကျွန်တော်က ယောကျ်ားလေးပဲ !
ဘာကို တူမကြီးလဲ ၊ ကျွန်တော့်နာမည် ညီညီ
မတတ်ရင် သင် မသိရင်မှတ်တဲ့ အဒေါ်ကြီး "

ထုထည်အားဖြင့် ကျစ်လစ်သိပ်သည်းသော သစ်သားတုတ်ကိုကိုင်လျက် ဒေါသထွက်နေသည့် ဒုတိယသခင်လေး၏ ဇနီးလေးအား သူတို့ တစ်ယောက်မှ မထိရဲပါ ။

အိမ်တော်ထိန်းကြီး ဒေါ်စံမှဲ့မှာ ထိုမိန်းကလေးအား ဘယ်လိုမှ ထိန်း၍
မရတော့။ မိန်းမငယ်လေးက ဆံပင်ကို ကျစ်ကျစ်ပါအောင် ထုံးထားကာ သခင်လေး၏ Shirtအင်္ကျီနှင့် ဘောင်းဘီတို့အားလည်း ယူ၀တ်ထားသေး၏ ။

အိမ်တော်ထိန်းကြီး ဒေါ်စံမှဲ့မှာ ထိုမိန်းကလေးအား ဘယ်လိုမှ ထိန်း၍ မရတော့။ မိန်းမငယ်လေးက ဆံပင်ကို ကျစ်ကျစ်ပါအောင် ထုံးထားကာ သခင်လေး၏ Shirtအင်္ကျီနှင့် ဘောင်းဘီတို့အားလည်း ယူ၀တ်ထားသေး၏ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[A:N/ ပုံနှုန်းညီ's Hair Style ]

လက်၌ သစ်သားချောင်းကို ကိုင်ထားပြီး အတော်လည်း ဒေါသပုန်ထနေသည်မို့ သူတို့အမြင်၌တော့ ထိန်းရခက်သည့် မိန်းမကြမ်းလေးလိုပင်ဖြစ်နေတော့သည်။

ဒေါ်စံမှဲ့မပြောနှင့် အခြားယောက်ျားအရင့်အမာ အစေခံများပင် ထိုမိန်းကလေး၏ အနားမကပ်ရဲ ။ သစ်သားချောင်းဖြင့် လူတစ်ယောက်အား ခေါင်းကွဲအောင် ရိုက်လိုက်
သည့် မြင်ကွင်းက သူတို့အတွက် တုန်လှုပ်စေဖို့ လုံလောက်သည်လေ ။

စောစေးလျမ်းကလည်း ထိုကလေးမလေးအား ဘယ်လိုကိုင်တွယ်ရမှန်း မသိတော့၍ စေးမူးကိုသာ ဖုန်းဆက်ခေါ်ထားရသည်။ ဘယ်သူမှ ၀င်မတား ၀င်မဆွဲရဲသည့် အခြေအနေမို့ ဒုတိယသခင်လေးအမြန် ပြန်လာစေရန်သာ ဆုတောင်းနေကြတော့၏။

" ဟိုကောင့်ကို ပြန်ထုတ်ပေးနော် !
ကာထားရင် ကာထားတဲ့ကောင်ပါ ရိုက်မယ်
တောက်! ဘယ်ကောင်က ငါနဲ့အိပ်ချင်တာလဲ
လာခဲ့ .. လာ "

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now