Part(7)/Unicode

27.3K 2.5K 148
                                    

စောအယ်စေးမူးဟာ ထိုမိန်းကလေး၏ လက်ကို အတင်းအကြပ်ဆွဲ၍ခေါ်လာကာ ကားပေါ်သို့တက်စေ၏။

ထိုမိန်းကလေးကလည်း ရုန်းခြင်း၊ပြုခြင်း၊ကလန်ကလန်လုပ်ခြင်းတို့ မရှိ။
သူခေါ်ရာနောက်သို့ပင် အသာတကြည်လိုက်၍ လာသည်။

ထိုသို့တွေးမိသည်နှင့် ကားမောင်းနေရင်းမှ လူကပြုံးလိုက်မိပြီး လက်တို့ကလည်း အငြိမ်မနေ၊  ကားလက်ကိုင်ကို တဒေါက်ဒေါက် ခေါက်နေမိသည်။

"စိတ်..စိတ်နဲ့ လူနဲ့ မကပ်ဘူးလား!
ကား..ကားမောင်းတာ အာရုံစိုက် "

သူ၏ ဘေးတွင် အသာငြိမ်၍ထိုင်ကာ လိုက်ပါလာသော မမလေးဒေါ်ပုံနှုန်း၏ ပြောသံကြောင့် စေးမူးက သတိပြန်ဝင်သွားရပြီး ကားကို ချက်ချင်းပင် ရပ်လိုက်သည် ။

ပုံနှုန်းက ချက်ချင်းစက်ရပ်သွားသော
ကားကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိ၏။ ပတ်ဝန်းကျင်က အမြန်လမ်းမ သို့ပင် ရောက်နေပြီဖြစ်ပြီး လူလည်းပြတ်လှသည်။
ကားအသွားအလာကျဲ၍ ယခု လူကိုပင် မတွေ့ ။

"ဘယ်..ဘယ်ကို သွား..သွားမို့လဲ
အိမ်ကို မောင်း ..မောင်းနေတာလည်း မဟုတ်ဘူးမို့လား ကောင်လေး !"

စေးမူးက အခုကျမှ စကားသိပ်ကို များနေသည့် အနှီမိန်းကလေးအား အမြင်ကပ်ကပ်နှင့်
စနောက်ချင်လာမိသည်။

သူ့အမြင်မှာ ညစ်နွမ်းနွမ်းဖြစ်သည်ဟု ခံယူထားသော ငှက်ခါးရောင်သည်ပင်လျှင် ထိုမိန်းကလေး၏ ပန်းနုရောင် အသားအရည်ပေါ်၌ ထည်ထည်ဝါဝါဖြစ်၍ နေသည်။

မနေ့ညက သူတွေ့ခဲ့သလိုမျိုး ဘာမျှ မပြင်ဆင်မလိမ်းခြယ်ထားလျှင်လည်း လှသည့်ထိုမိန်းကလေးက ယခုလို လိမ်းခြယ်ထားပြန်တော့လည်း တစ်မျိုး စွဲမက်ဖွယ်ပင်။

ထိုမိန်းကလေးက ကားပေါ်မှ ဆင်းကာ ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် အကဲခတ်၍ ကြည့်နေပြီမို့ သူကပါ ကားပေါ်က ဆင်းလိုက်ရ၏။

သစ်ပင်အရိပ်ပင်မရှိသော အဝေးပြေးလမ်းမကြီးက နေအပူရှိန်လည်း အလွန်ပြင်းလှသည်။
ထိုမိန်းကလေးက လူသူပြတ်ကာ ခြောက်ကပ်နေသောအဝေးပြေးလမ်းမထက်သို့ ပူပြင်းသော နေကို အန်တုလျက် နဖူးထက်၌ လက်ဝါးလေးဖြင့်ကာ၍ ကားအသွားအလာကို ကြည့်သည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now