Part(16)/Unicode

28.4K 2.5K 345
                                    


အချစ်ဟုခေါ်ဆိုရလေမလား၊
ငြိတွယ်ခြင်းဟု ခေါင်းစဥ်တပ်ရလေမလား ။

ထိုအချင်းအရာသည်က သောက်ကျိုးနည်း လောက်အောင် ဆန်းကြယ်၏။

ထိုလူသားသည် သူနှင့်လိင်တူ အမျိုးသားတစ်ယောက်ဖြစ်နေသည့်တိုင် ထိုလူသားကို မြင်လိုက်သည့်အချိန်တိုင်း သူ့ရင်အစုံဟာ အစိုးမရစွာ ခုန်ပေါက်လာစမြဲ ။

ရေစက်တို့တွဲလွဲခိုနေသည့် ဆံနွယ်တို့သည်
သူ့မျက်နှာတစ်ခုလုံးနှင့် ထိတွေ့ နမ်းရှိုက်ချင်မိလောက်သည်အထိ စွဲဆောင်အားပြင်းသည်။

အဖြူရောင်သဘက်ကိုသာ ထဘီရင်လျားသလို ပတ်ထားသည့်အတွက်ကြောင့် ဖြူဖွေးချောမွတ်နေသည့် ပုခုံးသားတို့က အထင်းသမြင်နေရပြီး တင်းခံထားသော သူ၏ စိတ်တို့ကို ယိုင်နဲ့စေသည် ။

မျက်နှာလှလှကလေးကလည်း သူ့အား ဦးတည်ကာငေးနေ၏။ မျက်လုံး၀ိုင်း၀ိုင်းတွေဟာ သူ့၏ ခန္ဓီပါရမီကို ပြိုကျပျက်စီးစေပြီး စိတ်လိုလက်ရ လာထိတွေ့စေရန် ညှို့ယူခိုင်းစေနေသည့်ဟန် ။

လှောင်သလိုပြုံးပြနေသည့် နှုတ်ခမ်းပါးပါးလေးကိုလည်း သွေးထွက်သံရိုဖြစ်တဲ့အထိ သူ ကိုက်ဆွဲချင်မိပြန်၏ ။

အသိစိတ်မရှိတော့သည့် လူတစ်ယောက်လိုမျိုး ထိုအမျိုးသား၏ အနားကို တိုးကပ်ကြည့်တော့ ချိုအီနေသည့် အမွှေးနံ့ကို သူရလိုက်သည်။

စံပယ်ပန်းအနံ့ကိုမှ ခပ်ပြင်းပြင်း ။ ထိုရနံ့က သူ၏ စိတ်အစုံကို ပို၍ အထိန်းအချုပ်မဲ့လာ
စေပြန်သည် ။

သူက ထိုလူသားအား ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းကြပ်စွာ ဖက်၍ ထားလိုက်၏ ။
ထိုအမျိုးသားလေးကလည်း ရုန်းခြင်း၊ကန်ခြင်းမရှိ။ အလိုက်တသင့်ပင် သူလက်မောင်းတွေကို ပြန်လို့ ဖက်တွယ်လာသည်။

စောအယ်စေးမူးဟာ ထိုအမျိုးသား၏ တုံ့ပြန်မှုကြောင့် သဘောတကျ ပြုံးလိုက်ပြီး စံပယ်နံ့သင်းနေသည် ပုံခုံးသားတွေကို နှုတ်ခမ်းဖြင့် ဖိကပ်ကာ ထိတွေ့ပြီး ထိုမျှနှင့် မကျေနပ်စွာ စိတ်ပါလက်ပါပင် နမ်းရှိုက်မိပြန်၏။

ပုခုံးသားလေးတွေကို စိတ်အလိုကျ ခြယ်လှယ်ပြီးသည်နှင့် တော်ဝင်ဟန်ပန်ရှိသည့် လည်တိုင်ကျော့ကျော့ကို ဦးတည်ကာ ကျူးကျော်မိပြန်သည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now