Part(10)/ Unicode

26.4K 2.3K 153
                                    


တန်ဖိုးရှိတဲ့ အရာတွေကိုပဲ လူတွေက အမြတ်တနိုးနဲ့ တန်ဖိုးထားပေးကြတာ သဘာဝမလား ။ ဒါပေမယ့် တန်ဖိုးဆိုတဲ့ အရာကိုကျလည်း လူတွေကပဲ သတ်မှတ်တာတဲ့လေ...။

ဒါဆို ကောင်လေးအမြင်မှာရော သူက တန်ဖိုးရှိနိုင်လောက်လား ။ ကောင်လေးဟာ သူ့လိုလူကို တန်ဖိုးထားချင်ပါ့မလားလေ..!

ငွေအတွက်နဲ့ယောကျ်ားတစ်ယောက်ကို လက်ထပ်မယ့် သူက ဘယ်လိုမှ တန်ဖိုးရှိတဲ့သူမဖြစ်နိုင်။ ကောင်လေး၏ မျက်လုံးထဲမှာတော့ သူက အထင်အမြင်သေးချင်စရာ ၊ ရွံရှာစရာ ဖြစ်တည်မှုမျိုးသာ ဖြစ်နေလိမ့်မည်။

မင်းဟာ ငါ့အတွက်တော့ ရှင်သန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်တာလုံးမှာ ပထမဆုံးဖြစ်ပေါ်မိတဲ့ ငြိတွယ်ခြင်းလေးပါ မောင်..။

ငါ့မှာလေ အသိစိတ်ကိုရော၊ မသိစိတ်ကိုပါ ကိုယ်တိုင် တားဆီးနေရပါတယ်။
ဒါပေမယ့်ကွယ်.. မင်းဟာ ဘယ်လို ငြှိမ်းငြှိမ်း
မငြိမ်းတဲ့ မီးတောက်လေးလိုပဲ ။ ငါ့ဘဝကို လောင်မြိုက်ဖို့များ အားခဲထားသလားလေ ...။

အကြည့်တစ်ချက်၊ အပြောတစ်ခွန်း ၊ အထိအတွေ့လေးတစ်ခဏမှာ ငါ့ရင်ခုန်သံတွေဟာ အစိုးမရခဲ့ဘူး ။

မိန်းမတစ်ယောက်လို ပြုမှုနေထိုင်နေရပေမယ့် ယောကျ်ားတစ်ယောက်အပေါ် ယောင်လို့တောင် မတိမ်းညွတ်ခဲ့တဲ့ ငါက မင်းနဲ့ကျမှ မစွတ်ခင်က ညွတ်ချင်သလိုဆိုတာမျိုး ဖြစ်နေပြီလား မောင်..။

ဒီနာမ်စားဟာ ငါလိုလူတစ်ယောက်ဆီက အရှက်မရှိ ဖြစ်ပေါ်လာတဲ့ သိမ်ငယ်ခြင်းတွေကို ကိုယ်စားပြုပါလိမ့်မယ် ။

မောင်ဟာ ငါ့အတွက်တော့ ဘယ်တုံကို ခုပြီး လှမ်းလှမ်း မမှီတဲ့ ရွှေရောင်တဖိန့်ဖိန့်တောက်နေတဲ့ နှင်းဆီခိုင်လေး..။ တုံးခုလို့လှမ်းမရရင် ခုန်ပြီးတော့ခူးဖို့လည်းငါဟာ သတ္တိနည်းတယ် မောင်ရယ်..။

ငါ့မှာ မကြေသေးတဲ့ အ​ကြွေးတွေရှိတယ် ။
ငါကလူပဲ ၊ ငါလည်း တစ်ကိုယ်ကောင်းဆန်ချင်တယ်၊ ဒါပေမယ့်လေ ငါ့မိခင်ကြောင့် ပြိုကွဲခဲ့ရတဲ့ မိသားစုကို မြင်တိုင်း ငါရင်တွေ နာလှတယ်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now