Freaky Couple(completed)
Por KIM_MAEVE
9.6K 555 65
Min Yoongi Kim Taehyung Más
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26(Final)
Extra i
Extra ii
Announcement for new fic
20
267 14 0
Por KIM_MAEVE
"​ဘေဘီ...ကိုယ့်ကိုမမှတ်မိဘူးလား"
"ဂန်ထယ်အီ!!"
ထယ်​ယောင်း​နောက်ပြန်လှည့်ကြည့်စရာမလိုပဲသိသည်။သူ့ကို ​'ဘေဘီ'ဟု​ခေါ်တတ်တဲ့လူကတစ်​ယောက်တည်းရှိသည်။အဲ့ဒါဂန်ထယ်အီဆိုတဲ့လူပင်။​တောင်ကိုရီးယားရဲ့မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့မိသားစုက​နေဆင်းသက်လာပြီး ယခုမျိုးဆက်ရဲ့အငယ်ဆုံးသားလည်းဖြစ်သည်။အ​ဖေကလက်ရှိ​တောင်ကိုရီးယားရဲ့ဝန်ကြီးချုပ်မို့ အာဏာ​ရောအရှိန်အဝါပါကြီးမားသည်။ဥစ္စာ​ပေါရုပ်​ချောမို့ မိန်းက​လေး​တွေဝိုင်းဝိုင်းလည်​နေသည့်တိုင် မမ့ကိုသ​ဘောကျသည်ဆို၍သူ့ထံချဉ်းကပ်လာခဲ့သည်။​နောက်မှသိရတာက မမ့ကိုသ​​ဘောကျခြင်းမဟုတ်ပဲ သူ့ကိုသ​ဘောကျ​နေသည်ဆို​သောကြောင့် ထိုလူ့ကိုသူ့အနားမှ​မောင်းထုတ်ခဲ့သည်။​မောင်းထုတ်ခဲ့​သော်လည်း အနားမှာအမြဲလိုလိုရှိ​​တတ်​ရာက​နေ ​ရုတ်တရက်ကြီး​ပေါ်မလာ​တော့တာ​ကြောင့် စိတ်​အေးသွားရ​ပေမယ့် ခု​တော့သူ့​​ရှေ့ပြန်​ပေါ်လာခဲ့သည်။သူ့ကိုပြန်ချစ်​ပေးဖို့ပဲအမြဲ​တောင်းဆို​လေ့ရှိတဲ့ ဂန်ထယ်အီကထိုစကားမှလွဲ၍ကျန်တာ ​နှောင့်ယှက်တာ​တော့မရှိ။သို့​သော် သူ့အနားမှာမရှိ​စေချင်တာ​တော့အမှန်​ပေ။
"​ဘေဘီ"
​နောက်တစ်ကြိမ်ထပ်​ခေါ်လာပြန်သည်။
"သွားရ​အောင်.."
ထယ်​ယောင်း​ ယွန်းဂီလက်ကိုအတင်းဆွဲ၍ ခပ်မြန်မြန်လမ်း​လျှောက်သည်။​ယွန်းဂီက ထယ်​ယောင်းပါးစပ်ကထွက်သွားတဲ့ ဂန်ထယ်အီ ဆိုတဲ့နာမည်ကို​မေးချင်​ပေမယ့်
​အ​လောကြီးတဲ့ပုံစံ​​​ကြောင့်​မေးခွင့်မရ။
"ဘာလို့လဲ ထယ်​ယောင်း...တိုက်ကားစီးမယ်ဆို"
"မစီး​တော့ဘူး...အိမ်ပြန်ချင်တယ်"
ထယ်​ယောင်းစကား​ကြောင့် ဘာမှထပ်မ​ပြောနေ​တော့ပဲ ကားပါကင်သို့သွားပြီး အိမ်သို့ပြန်​မောင်းပို့ရသည်။အလာတစ်လမ်းလုံးပွစိပွစိ ​ပြော​ခဲ့တဲ့ဟာ​လေးကအပြန်တစ်လမ်းလုံးကျတိတ်​နေ​တာကြောင့် သူ့မှာစိုးရိမ်ရပြန်သည်။
"ထယ်​ယောင်း...​နေမ​ကောင်းလို့လား"
ထယ်​ယောင်း ​ယွန်းဂီမေးတာကိုမကြားပဲ အ​တွေးကမ္ဘာထဲမှာသာနစ်​မြော​နေသည်။ဂန်ထယ်အီဆိုတဲ့လူက တစ်ခြားသူ​တွေနဲ့မတူ။အလွန်ဇွဲ​ကောင်းပြီး ​နေ့စဉ်ရက်ဆက်ဆိုသလိုသူ့အနားမှာ​ပေါ်လာတတ်တဲ့လူ။သူ့​ရှေ့​ရောက်တိုင်းလည်း 'ကိုယ့်ကိုပြန်ချစ်​ပေးပါ' ဆိုတဲ့စကားတစ်ခွန်းတည်းကိုသာပြောပြီး ​နေ့တိုင်းသူ့အ​ကြောင်း​တွေပဲမ​တွေး,​တွေးမိ​အောင်စိတ်​ခြောက်ခြား​အောင်လုပ်တတ်တဲ့လူ။​
"ထယ်​ယောင်း..."
"ဟမ်...ဘာ​ပြောလိုက်တာလဲ"
​ယွန်းဂီနောက်တစ်​ခေါက်ထပ်​​ခေါ်မှထယ်​ယောင်းသတိထားမိကာ ပြန်​မေးမိသည်။​
"ဂန်ထယ်အီဆိုတာဘယ်သူလဲ...ကစားကွင်းမှာတုန်းကထယ်​ယောင်း​ပြောတာကိုယ်ကြားလိုက်လို့"
​ယွန်းဂီမေးလာမှု​ကြောင့် ထယ်​ယောင်းမျက်လုံးပြူးသွား၍ကားမှန်ဘက်သို့မျက်နှာမူလိုက်သည်။​ယွန်းဂီကအခုဆိုရင်သူ့ချစ်သူမို့ ​သိထားသင့်သည်မို့ပြောပြထားသင့်သည်။သို့​​သောမလိုအပ်ပဲ ​ယွန်းဂီစိုးရိမ်​နေမှာကို​တော့မလိုလား​ပေ။ဒီ​နေ့​တောင် သူ့ကို​စော်ကား​ပြောဆိုတဲ့ချွဲမူ​ယောင်းကို စိတ်ဆိုးမာန်ဆိုးအ​သေအ​ကျေထိုးပစ်တာပဲကြည့်...ဂန်ထယ်အီအ​ကြောင်းသာသိရင်ပိုဆိုးမည်။ဒါ​ပေမယ့်လည်း ​နောက်မှသိတယ်မဖြစ်ရ​​အောင် သူအကုန်​ပြောပြထားတာပို​ကောင်းမည်။
"ဂန်ထယ်အီဆိုတာက ခင်ဗျားလိုပဲမမ့ကိုသ​ဘောကျတယ်ဆိုပြီး ကျွန်​တော့်ဆီ​​ရောက်လာတဲ့တစ်​ယောက်ပဲ...ဒါ​ပေမယ့်အဲ့လူကအစတည်းကမမ့ကိုသ​ဘောကျလို့မဟုတ်ဘူး...ကျွန်​တော့်ကိုသ​ဘောကျလို့လိမ်ပြီးချဉ်းကပ်လာခဲ့တာ...​နောက်​တော့သူကျွန်​တော့်ကိုဖွင့်​ပြောလာတယ်...ကျွန်​တော်ပြတ်ပြတ်သားသားပဲငြင်းပြီး​​မောင်းထုတ်​ခဲ့ပေမယ့်...ကျွန်​တော့်နားမှာအမြဲ​ပေါ်​​လာခဲ့တာ...ဒါ​ပေမယ့်သူကျွန်​တော့်နား​​ရောက်မလာခဲ့တာ ​တော်​တော်ကြာပြီ...ခုနကကစားကွင်းမှာရုတ်တရက်ကြီးသူ့​ခေါ်သံကြားလိုက်လို့...အဲ့ဒါ​ကြောင့်ပါ"
"ကိုယ်မကြားလိုက်ဘူး"
"ကျွန်​တော်နားကြားမှားတာ​နေမှာပါ"
ထယ်​ယောင်း လိမ်​ပြောလိုက်သည်။တစ်ကယ်​တော့သူကြားခဲ့တာ​သေချာ​ပေါက်ပင်။
​ယွန်းဂီ အနည်းငယ်​ကြောက်လန့်​နေပုံရတဲ့ထယ်​ယောင်းပုံစံ​လေး​ကြောင့် စတီယာတိုင်ကိုင်ထားတဲ့လက်တစ်ဖက်ကိုလွှတ်ပြီး အေးစက်​နေတဲ့ထယ်​ယောင်းလက်သွယ်သွယ်​လေးကိုကိုင်လိုက်​တော့ ​ထယ်​ယောင်းက​ကြောင်အမ်းအမ်း​လေးနဲ့သူ့ဘက်ကိုလှည့်ကြည့်လာသည်။
"မ​ကြောက်နဲ့...ကိုယ်ရှိတယ်.."
"အင်း"
ထယ်​ယောင်း သူ့လက်ကိုကိုင်ထားတဲ့​ယွန်းဂီလက်ကိုလက်နှစ်ဖက်လုံးနဲ့ပြန်ဆုပ်ကိုင်ပြီး​ခေါင်းညိတ်ပြလိုက်သည်။ရပြီ...ဒီ​​လောက်ဆိုသူ့စိတ်​ရောကိုယ်ပါလုံခြုံသွားပြီ။မင်ယွန်းဂီဆိုတဲ့လူသားကသူ့အတွက်အဲ့လိုဖြစ်တည်မှုမျိူးပင်။
"အိပ်မက်လှလှမက်ပါ​စေ ကိုယ့်က​လေး​လေး...အာ...ကိုယ်​မေ့သွားတယ်...ပြန်ဆု​တောင်း​ပေးမယ်​နော်...အိပ်မက်လှလှမက်ပါ​စေ ထယ်​ယောင်း"
ကား​​ပေါ်ကဆင်းခါနီး တစ်​ယောက်တည်းပြာယာခတ်စွာ​ပြောလာသည့်​ယွန်းဂီကြောင့် ထယ်​ယောင်းသ​ဘောကျစွာ​ခေါင်း​မော့ရယ်လိုက်သည်။
"​​​ဟောဗျာ...ရယ်စရာပါလို့လား"
"ရယ်ရလို့ရယ်တာ​ပေါ့ဗျာ..."
"ထယ်​ယောင်းရယ်ရင်ကိုယ်က​တော့ပိုသ​ဘောကျတာ​ပေါ့
​ရှေ့​လျှောက်ကိုယ့်အတွက်များများရယ်​ပေး"
မင်ယွန်းဂီကအကဲပိုစွာ သူ့နှာ​ခေါင်း​လေးကိုဖွဖွ​လေးဆွဲညှစ်ပြီး​ပြောလာသည်။
"ခင်ဗျားကိုလည်းဆု​တောင်း​​ပေးမယ်..."
သူ့အ​ပြောကို​မင်ယွန်းဂီက ​သူ့လက်​လေးနှစ်ဖက်ကိုကိုင်ရင်းသူ့မျက်လုံး​တွေကိုကြည့်ကာ​စောင့်ဆိုင်းသည်။ချစ်သူ​တွေဆို​ပေမယ့် ခုထိအဲ့လူကြီးအကြည့်​တွေကိုရင်မဆိုင်နိုင်စွာရှက်မိတုန်း။
"အိပ်မက်ဆိုးမက်ပါ​စေ...ဒီ​နေ့ကြည့်လာတဲ့က​လေးသရဲကညကျရင်ခင်ဗျားအိပ်မက်ထဲ​ပေါ်လာပြီးလာ​​ခြောက်ပါ​စေ"
"အာ..."
​ပြောပြီးပြီးချင်း ကား​ပေါ်က​ပြေးဆင်းသွားတဲ့လူလည်​လေးက သူပြန်​ပြောတာကို​တောင်မ​စောင့်။​ကားတံခါးကိုမြန်မြန်ဖွင့်ပြီး​နောက်က​နေလက်ကိုအမှီလိုက်ဆွဲရသည်။ဒီလိုမျိုးအိမ်ပြန်လို့ရကြေးလား?
"မိပြီ...ဘယ်​ပြေးမလို့လဲ"
"အိမ်​ရှေ့​ရောက်မှ​တော့အိမ်ထဲဝင်မလို့​ပေါ့"
"​မေ့​နေတာလား..."
"ဘာကိုလဲ"
​ယွန်းဂီဆိုလိုတာကိုသိ​ပေမယ့် ထယ်​ယောင်းကမသိချင်​ယောင်​ဆောင်ကာပြန်​ပြောသည်။
ထိုအခါ​ယွန်းဂီက သူ့ညာဘက်ပါးကိုလက်ညှိုး​လေးနဲ့ထိုးပြရင်း​ဖောင်းပြသည်။အဓိပ္ပါယ်က​တော့ နမ်းပါ​ပေါ့။ဒီအကျင့်ကအိမ်ပြန်လိုက်ပို့တိုင်းလုပ်ခိုင်းတဲ့တစ်ခု။
ထယ်​ယောင်းမြန်ဆန်စွာ​ယွန်းဂီပါးကိုရွှတ်ခနဲနမ်းလိုက်သည်။အိမ်ကလူ​တွေမြင်သွားမှာလည်းစိုးရ​သေး။အဲ့ဒါကိုဒီလူက ကိုယ်ချင်းမစာမနာအမြဲနမ်းခိုင်းတာ။
"ဒီဘက်​ရော"
တစ်ဖန်ဘယ်ဘက်ပါးကိုလက်ညှိုးထိုးပြသည်မို့ အိမ်ကိုတစ်ချက်ကြည့်ပြီးခပ်မြန်မြန်​နမ်းရပြန်သည်။
"ရပြီမလား...ဝင်​တော့မယ်"
"မရ​သေးဘူး...ကိုယ့်အလှည့်ကျန်​သေးတယ်"
ခြံတံခါးဖွင့်ပြီးဝင်မည်အပြု သူ့လက်တစ်ဖက်ကိုဆွဲ၍ခါးကိုဖက်ကာသူ့နှုတ်ခမ်းများကိုခပ်ဖွဖွနမ်းလာသည်။ရုန်းမရမယ့်အတူ ​မင်ယွန်းဂီရင်ဘတ်ကိုလက်​လေးနဲ့အသာပြန်ကိုင်ပြီး သူချစ်ရသူပေးတဲ့အနမ်း​တွေကို ​ငြိမ်သက်စွာခံယူလိုက်သည်။မိနစ်အနည်းငယ်ကြာစိတ်ကြိုက်နမ်းပြီးမှပြန်လွှတ်​ပေးတဲ့လူကြီး။အနမ်း​တွေကအစနူးညံ့ပြီးချိုမြိန်စွာ သူ့ကိုလှိုက်မော​စေသည်။ဒါ​တွေကအစ ဒီကလူကသ​ဘောကျ​နေရတာ​ပေါ့။
"ခုနကစတာ...အိပ်မက်လှလှမက်ပါ​စေ"
ထယ်​ယောင်း​နောက်တစ်ကြိမ် ဆု​တောင်း​ပေးရင်း​ယွန်းဂီနှုတ်ခမ်း​လေးကို​ခြေဖျား​ထောက်ကာ လှစ်ခနဲနမ်း၍တစ်ချိုး တည်းခြံထဲသို့​ပြေးဝင်သွား​တော့သည်။ကျန်ခဲ့တဲ့​ယွန်းဂီက​တော့ သူ့ချစ်သူ​လေးနမ်းသွားတဲ့နှုတ်ခမ်းပါး​လေးကိုကိုင်ရင်းပြုံးရယ်ပြီးကျန်ခဲ့သည်။အိမ်ထဲ​​ရောက်သွားတာ​သေချာမှ သူလည်းကားစက်နှိုး၍ပြန်ရသည်။
'​တောက်ခ်!!!'
ထိုအဖြစ်အပျက်စဆုံးကို ကစားကွင်းက​နေ ထယ်​ယောင်းအိမ်​ရှေ့ထိ​နောက်က တိတ်တဆိတ်လိုက်လာခဲ့တဲ့ ကားအနက်​လေး​ပေါ်ကဂန်ထယ်အီ ​တွေ့သွားတာ​ကြောင့်​ဒေါသထွက်ကာ စတီယာကိုလက်သီးနဲ့ထိုးရင်း​တောက်​ခေါက်သည်။
သူ့မှာအခုတတ်နိုင်တာဘာမျှမရှိ။အမြဲအနားမှာ​နေပြီး အပိုင်ရ​အောင်ကြိုးစားခဲ့​ပေမယ့် သူမရှိတုန်းခဏမှာတင်​ဘေဘီ့အချစ်​တွေကို မင်ယွန်းဂီကရသွားခဲ့သည်။ဒါဟာဘယ်​လောက်​တောင်ဆိုးရွားတဲ့ကျရှုံးမှုကြီးလဲ?​ဘေဘီကသူ့အတွက်ပဲဖြစ်ရမှာ​​လေ။အမြဲတစ်​ကောက်​ကောက်လိုက်ပြီး ​ပြန်ချစ်​ပေးဖို့ခယခဲ့တဲ့သူ့ကို​တော့ ​နာနာကျည်းကျည်း​မောင်းထုတ်ပြီး ဘာလို့မင်ယွန်းဂီဆိုတဲ့လူကိုကျ​တော့ အခွင့်အ​​ရေး​ပေးရသလဲ?​​ဘေဘီအချစ်ကိုရ​အောင်ကြိုးစားပြီး
အနာဂတ်အိပ်မက်​တွေထိ ​ဘေဘီနဲ့ပဲတူတူ​ရှေ့ဆက်သွားမယ်ဆိုတဲ့သူ့ရည်ရွယ်ချက်​တွေက ခု​တော့တစစီ​ကျေမွလျက်။
​ဘေဘီ့မှာချစ်သူရှိတဲ့အ​ကြောင်းပြချက်​ကြောင့်သူကလက်​လျော့မယ်ထင်လား?လုံးဝပဲ...လိုချင်တာဆိုငယ်ငယ်တည်းကမရရ​အောင်ယူတတ်တာသူ့အကျင့်။​အ​ဖေ့ညွှန်ကြားမှု​ကြောင့် ဆိုးလ်တက္ကသိုလ်ကပညာ​တော်သင်ဆု​ပေးအပ်ပွဲကိုသွားရင်း ​လမ်းချိုးတစ်ခုမှ​တွေ့ခဲ့ရတဲ့​ကောင်​လေးကိုအဲ့​နေ့တည်းကသူ့အပိုင်ဖြစ်ရမယ်လို့ကြုံးဝါးခဲ့တာ။
အ​လျော့​ပေးပြီးလိုက်ခဲ့တယ်ဆိုတာ ​ဘေဘီစိတ်အ​နှောင့်အယှက်ဖြစ်မှာစိုးလို့ ကိုယ်ကသ​ဘော​ကောင်းလွန်းလို့​တော့မဟုတ်ဘူး။အခုကစပြီး ​ဘေဘီမမြင်ဖူးတဲ့ကိုယ့်ပုံစံကိုပဲမြင်ရမယ်။ကိုယ်ကဆိုးသွမ်းတာမဟုတ်ဘူး...​ဘေဘီကကိုယ့်ကိုဆိုး​အောင်လုပ်တာ။ကိုယ့်ကိုအပြစ်မမြင်ပါနဲ့...​ဘေဘီ။
"​မင်းနဲ့​တွေ့ကြ​သေးတာ​ပေါ့ မင်ယွန်းဂီ!!
​​ဘေဘီကငါ့အတွက်ပဲဖြစ်ရမှာ"
.
.
.
နမ်ဂျွန် အိမ်မှာပဲ​ခွေ​နေတာအ​တော်ကြာပြီဖြစ်သည်။အပြင်လည်းမသွားဖြစ်သလို ပူပူ​နွေး​နွေးရည်းစားရသွားတဲ့သူငယ်ချင်းကလည်းသူ့​တောင်သတိမရ​တော့ ပျင်းဖို့​ကောင်းစွာသာအိမ်မှာပဲ အ​ဖေ့ဆီကအ​ပြောခံ၍​နေဖြစ်သည်။​​ဆော့ဂျင်ကိုသတိရ​ပေမယ့်လည်း နီး​တော့မလိုလိုနဲ့တဖြည်းဖြည်းအ​နေ​ဝေးလာတဲ့အတွက် ထိုစိမ်းသက်မှုကိုဒဏ်ကိုမခံနိုင်၍ မသွားဖြစ်။တစ်​ယောက်တည်းလမ်း​​ပျောက်ပြီး ​ကွင်းပြင်ထီးထီးမှာလေလွင့်​နေတဲ့နွားကြီးလိုပင်။
'တီ'
ပျင်းရိစွာအိပ်ယာ​ပေါ်လှဲ​နေရင်း လင်းခနဲဖြစ်သွားတဲ့screenနဲ့အတူnotiဝင်လာတဲ့အသံ​ကြောင့် ထိုင်းမှိုင်းစွာနဲ့ပင်ယူကြည့်​တော့ 'အစ်ကို'ဟူ​သောcontact​လေးမှဖြစ်သည်။ချက်ချင်းထထိုင်ပြီးဖတ်ကြည့်​တော့ 'ငါးသွားမျှားကြမလားနမ်ဂျွန်'တဲ့။အစ်ကို့ဘက်မှသူ့ကိုစဖိတ်​ခေါ်ခြင်းပင်။သူမဆိုင်းမတွပင် 'သွားမယ်'ဟုပြန်ပို့လိုက်သည်။ပျင်းဖို့​ကောင်းတဲ့ငါးမျှားတာကိုလုံးဝစိတ်မဝင်စား​ပေမဲ့ ​ခေါ်​နေတဲ့လူကအစ်ကို​လေ...မသွားရ​အောင်အရူးလား?
"အစ်ကို!!"
​ဆော့ဂျင်ပို့ထားတဲ့ လိပ်စာအတိုင်းနမ်ဂျွန်​​ရောက်လာတာကဆိပ်ကမ်းတစ်ခုဖြစ်၏။ကား​ပေါ်က​နေ​ဆင်းတာနဲ့ ကားကိုမှီကာ​စောင့်​နေတဲ့ အစ်ကို့ကိုသူလှမ်း​အော်​ခေါ်လိုက်​တော့ သူ့ကိုလက်ပြန်ပြပြီး ပြုံး၍စီးကြိုသည်။
"​စောင့်ရတာကြာသွားပြီလား အစ်ကို"
"မကြာ​သေးပါဘူး"
"ဘယ်မှာမျှားမှာလဲ အစ်ကို"
"ငါး​တွေရှိမယ့်​နေရာ​လောက်ကို သင်္ဘောနဲ့၂နာရီ​လောက်သွားမှ...ပင်လယ်ထဲမှာမျှားရမှာ...နမ်ဂျွန်က​ရေ​ကြောက်လား"
၂နာရီ​တောင်စီးပြီး ပင်လယ်ထဲမှာမျှားရမှာလား?ပျင်းဖို့အရမ်း​ကောင်းတာကို အစ်ကိုကဘာလို့သ​ဘောကျမှန်းမသိ။
​ရေ​တော့မ​ကြောက်​​ပေမယ့် ငါးကလုံးဝမမျှားတတ်တာ။အို...ဘာအ​ရေးလဲ?အစ်ကိုနဲ့တူတူတစ်​နေ့လုံးရှိရမှာပဲ..​ပျော်ဖို့​ကောင်းမှာ​​သေချာတယ်။
"မ​ကြောက်ပါဘူး...သွားရ​အောင်​လေ"
​ဒီ​နေ့က​ဆော့ဂျင်ရဲ့ jin's kitchenဆိုင်​ရဲ့ပိတ်ရက်ဖြစ်သည်။ပိတ်ရက်တိုင်း အိပ်ရင်အိပ်၊မအိပ်ရင်တစ်​နေ့လုံးဂိမ်း​​ဆော့တတ်​ပေမယ့် သူ့ဆိုင်ကို​ရက်အ​တော်ကြာမလာ​တော့တဲ့​ကောင်​လေးကိုသတိရလာတာ​ကြောင့် အရဲစွန့်၍စာပို့ကာ​​​ခေါ်လိုက်ခြင်းပင်။ဝါသနာအရ​နှစ်လတစ်ခါသာငါးမျှားတတ်​​ပေမယ့် ခုတစ်​ခေါက်​တော့တစ်လတည်းနဲ့နှစ်ကြိမ်မျှားဖို့ဖြစ်သွားသည်။သူ့​ဘေးကအရပ်ရှည်ရှည်နဲ့ ပင်လယ်ကြီးကိုဓါတ်ပုံလိုက်ရိုက်​နေတဲ့ ပါးချိုင့်နဲ့​ကောင်​လေးကိုကြည့်ပြီး စိတ်​အေးချမ်း​နေတာ​တော့အမှန်။အနားမလာ​အောင်သူကိုယ်တိုင်ပဲစည်း​တွေခြားပြီး အခုကျ​တော့လည်းသူကိုယ်တိုင်ပဲ ​ခေါ်ထားမိပြန်သည်။ကိုယ့်စိတ်ကိုယ်​တောင် နားလည်ရခက်လှသည်။
နမ်ဂျွန် ​ပင်လယ်ကိုဓါတ်ပုံရိုက်​နေသလိုလိုနဲ့ ​ဆော့ဂျင်ပုံ​တွေကိုသာခိုးရိုက်​နေသာဖြစ်သည်။သူ့​ဘေးကရယ်​နေတဲ့နှုတ်ခမ်းဖူးဖူးနဲ့အစ်ကိုက ပင်လယ်ပြာပြာ၊​ကောင်းကင်ပြာပြာကြီးကြားမှာ အဖြူ​​ရောင်ရှပ်​လေးနဲ့သန့်ပြန့်ပြီး​ချော​မော​နေသည်။သူ့ကိုအခုတ​လောစိမ်းကားလာတဲ့အစ်ကိုက အခုကျ​တော့လည်းသူ့ကိုပြုံးရွှင်ကာကြည့်​​နေရင်း စ​နောက် ပြန်သည်။သူပဲစိတ်ထင့်​ပြီး​လျှောက်ထင်​နေတာဖြစ်မှာပါ။
"အစ်ကို...ပင်လယ်ကြီးကလှတယ်​နော်"
"အစ်ကိုတို့​ကျောက်ချမယ်​နေရာကပိုလှတယ်..နမ်ဂျွန်ကငါးမျှားရတာ​ရောကြိုက်လို့လား"
"အ​သေအချာ​ပေါ့"
ကြိုက်ဖို့​နေ​နေသာသာ ဘယ်က​နေဘယ်လိုစမြှားရမှန်း​တောင်မသိ​ပေမယ့် လိမ်၍သာ​ဖြေလိုက်သည်။​နောက်ဆိုငါးမျှားကြိုက်တဲ့ပါးကို​သေချာသင်ခိုင်းရမယ်။ဒါမှ အစ်ကိုနဲ့အတူလိုက်မျှားနိုင်မှာ။
.
.
.
ဥက္ကဌမင်က ​မြေးသမက်ဖြစ်လာမည့်ထယ်​ယောင်းနဲ့အတူ ​နေ့လည်စာစားချင်သည်ဆို​သော​ကြောင့် ထယ်​ယောင်း​ယွန်းဂီအိမ်တွင်​​ရောက်​နေသည်။​ထယ်​ယောင်းကနဂိုတည်းကယဉ်​ကျေးလိမ္မာတဲ့လူငယ်တစ်ဦးဖြစ်ပြီး ထက်ထက်မြက်မြက်ရှိတာ​ကြောင့် ​ယွန်းဂီအဘိုးကသ​ဘောအကျကြီးကျ၍တပြုံးပြုံးပင်။သူ့​မြေးထက်ပင် ​ထယ်​ယောင်းကိုပါးစပ်ဖျားကမချ သဲသဲတုန်​နေ​သေးသည်။
ထယ်​​ယောင်း ​ယွန်းဂီအဘိုးနှင့်စကား​ပြောရင်းမှ​သူမသိရ​သေးတဲ့​ယွန်းဂီအ​ကြောင်း​တွေအများကြီးသိလိုက်ရသည်။အဘိုးဖြစ်သူက သူ့ချစ်သူမင်ယွန်းဂီကိုငယ်နာမည်အတိုင်း'ဖက်ထုပ်​လေး'ဟု ခုထိ​ခေါ်ပါသတဲ့။ငယ်ငယ်တုန်းကပုံ​တွေကိုထုတ်ပြပြီး ဘာလို့ဒီလို​ခေါ်သလဲဆိုတာပါရှင်းပြ​ပေးသည်။ထယ်​ယောင်း​ရှေ့မှာငယ်ဘဝဓါတ်ပုံ​တွေပြပြီး သူ့အတင်း​တွေပါအဘိုးက​ပြောပြ​နေတာ​ကြောင့် ​ယွန်းဂီက​တော့ ​ဘေးက​နေမျက်နှာဆူပုပ်ပုပ်နဲ့သာ။ထယ်​ယောင်းနဲ့အဘိုးဖြစ်သူက​တော့ တဝါးဝါးတဟားဟားနဲ့ပင်။
"အဲ့ပုံက ဖက်ထုပ်လေးမူကြို​ကျောင်းက​နေဘွဲ့ရတုန်း​ကလေ
အဘိုးကကိစ္စရှိပြီး​နောက်ကျတာကို မလာရမလားဆိုပြီးငို​နေတာ...ငယ်ငယ်ကအရမ်းဆိုးတာ...အဲ့မှာကြည့်...ဓါတ်ပုံရိုက်​တော့နှပ်​ချေး​တွေမျက်ရည်​တွေနဲ့...ညစ်ပတ်​နေတဲ့​ခွေး​ပေါက်​လေးလိုပဲ"
"ဒါ​လေးက...အလယ်တန်းတုန်းက​ကျောင်းမှာဘတ်စကတ်​ဘော​ဆော့တုန်းကပုံ​လေး...သူဆုရ​တော့အဘိုးဆီကိုလာကြွားတုန်းရိုက်ထားတဲ့ပုံ​လေး​လေ...ဖက်ထုပ်လေးချစ်စရာ​လေးမလား"
"ဒါ​လေးကျ​တော့...​​ချွေးမ​လေး​ကဖက်ထုပ်လေးကိုမွေးပြီးပြီးချင်းအနှီးထုတ်​လေးနဲ့ရိုက်ထားတဲ့ပုံ​လေး...ဝတုတ်ပြီးအသား​​​ဖွေး​ဖွေး​လေးလေ...အဲ့ဒါ​ကြောင့်အဘိုးကချစ်လွန်းလို့ ဖက်ထုပ်လေးလို့နာမည်ပေးခဲ့တာ"
ထယ်​ယောင်းကို အယ်ဘမ်တစ်ခုလုံးဖွင့်ပြပြီး မ​​မောနိုင်မ​ပန်းနိုင် ရှင်းပြ​နေတဲ့ဥက္ကဌမင်ပါ​လေ။ထယ်​ယောင်းကလည်းပြသမျှပုံတိုင်းကိုသ​ဘောကျလို့ မျက်လုံး​လေး​တွေကတလက်လက်။​ဘေးက​နေ​ထိုင်ခုံကို​မေး​ထောက်ပြီးကြည့်​နေတဲ့​ယွန်းဂီကလည်း ​ပျော်ရွှင်ပြီးသူ့ကို​တောင်​မေ့​နေကြတဲ့အဘိုးနဲ့ထယ်​ယောင်းကို ပြုံးပြီးသာကြည့်​နေသည်။ဒီတိုင်းကြီး​ငေးကြည့်​နေရင်းမှ သတိရပြီးဖုန်းကိုထုတ်ကာဓါတ်ပုံရိုက်၍သိမ်းထားလိုက်သည်။ထယ်​ယောင်းဆီသို့ပါတစ်ခါတည်းပို့ပြီး instagramမှာပါ@thvဆိုတဲ့acc​လေးကိုပါ tagတွဲ၍တင်လိုက်​သေးသည်။captionက​တော့ အရှည်ကြီးမဟုတ် ခရမ်း​ရောင်အသည်းပုံ​လေးတစ်ခုတည်းရယ်နဲ့သာ။bad boy​လေးဆိုပြီးနာမည်ကြီးတဲ့​ယွန်းဂီအပြင် ​ချော​မောလွန်းလို့နာမည်ကြီးတဲ့ထယ်​ယောင်းတို့လို follower​တွေသန်းချီရှိတဲ့accနှစ်ခုလုံး​ကြောင့်ခဏအတွင်းမှာပဲlike​ပေါင်း​သောင်း​ခြောက်​ထောင်​အောင်ရ၍ဂယက်ထသွားသည်။တကူးတကလာfollowထားသည့်​ကောင်မ​လေး​တွေက​တော့ ​လော​လောလတ်လတ်ကြီးအသည်းကွဲသွားကြကာ ဘာ​ပြောရမှန်း​တောင်မသိကြ။အသည်းကွဲသည့်ထဲတွင် ထယ်​ယောင်းကိုသ​ဘောကျ​နေသည့် ​ကောင်​လေး​တွေ​တောင်အဆစ်ပါ​သေးသည်။
​​ယွန်းဂီက ထယ်​​ယောင်းနဲ့စတွဲတည်းကအကုန်လုံးကိုofficialချပြပြီး ထယ်​ယောင်းကိုသူ့လူမှန်းမသိသိ​အောင်​ကြော်ငြာတတ်သည်။နာမည်ကြီးဟိုတယ်လုပ်ငန်းပိုင်ရှင်သန်းကြွယ်သူ​ဌေးရဲ့​မြေးဖြစ်ပြီး အသိုင်းအဝိုင်း​ကောင်း​ကောင်းမှဆင်းသက်လာခြင်း​​ကြောင့် ​ယောက်ျား​လေးချင်းချစ်ကြိုက်တာရှက်စရာဟု လူအများဆီမှကဲ့ရဲ့ခံ၊အာရုံစိုက်ခံရမည်ဆိုတာကြို​တွေးပြီးထား​ပေမယ့်လည်း သူ့အတွက်ထိုအတင်းအဖျင်း​တွေက​တော့​ခေါင်းထဲမှာကိုမရှိ။သူသိတာ ကင်မ်ထယ်​ယောင်းကိုချစ်ဖို့ဆိုတာကိုပင်။မြတ်နိုးလွန်းလို့တရားဝင်ချပြတယ်...လူ​တွေဝိုင်း​ပြောကြမှာပဲဆိုပြီးလျှိုဝှက်ပြီးတွဲစရာဘာအ​ကြောင်းမှမရှိ​ပေ။ကင်မ်ထယ်​ယောင်းဟာ ဒီကမင်ယွန်းဂီချစ်သူပါလို့တစ်​လောကလုံးသိ​လေ ပို​ကောင်း​လေပင်။
ထယ်​ယောင်း ​​​ယွန်းဂီအဘိုးနဲ့စကား​ပြောပြီး၍ ထမင်းမစားခင်အခု​ယွန်းဂီအခန်းထဲမှာထိုင်​နေတာဖြစ်သည်။
"ခင်ဗျားအခန်းကို ရှုပ်ပွ​နေမယ်ထင်တာ...သန့်သားပဲ"
"ထယ်​ယောင်းက ကိုယ့်ကိုအထင်အရမ်း​သေးတာပဲ...ကိုယ်ကနဂိုတည်းက သန့်သန့်​​လေးပဲ​နေတတ်တာ"
"အပို​တွေမ​ပြောနဲ့...ခုလိုသန့်​နေတာအ​ဒေါ်ကြီး​​တွေသန့်ရှင်း​ရေးလုပ်​​ပေးလို့​လေ...ခင်ဗျားဘာသာဆို​အမှိုက်​တွေပွပြီးလောက်​တောင်တက်နေမှာ"
မျက်နှာအမူအယာအမျိုးမျိုးနဲ့ သူ့ကိုကဲ့ရဲ့နေတဲ့​ကောင်​လေးက သူ့ရဲ့နှစ်​ယောက်မရှိတဲ့ချစ်သူ​လေးပင်။
"ထယ်​ယောင်းကလည်း...ကိုယ်ကသန့်ပါတယ်ဆို"
"အို​ကေ...အို​ကေ...ယုံ​​ပေးမယ်"
လက်ညှိုး​လေးနဲ့လက်မ​လေးကိုထိပြီး 'အို​ကေ'ဟုလုပ်ပြသည့်ထယ်​ယောင်းကိုကြည့်ရင်း ​ယွန်းဂီရင်ဘတ်​လေးကိုလက်နဲ့ဖိပြီးမျက်လုံး​လေးမှိတ်ကာအသည်းယားမိသည်။
ထယ်​ယောင်းက​တော့ ​ယွန်းဂီအခန်းတစ်ခန်းလုံးကို​စေ့​စေ့ပတ်ပတ်အကုန်လိုက်ကြည့်လို့​မောသွားမှ ကုတင်​​ပေါ်မှာထိုင်ရင်း​ယွန်းဂီကိုပါ လာထိုင်ရန်လက်ပြလိုက်သည်။စကားနား​ထောင်တဲ့​ယွန်းဂီက​တော့ နှစ်ခါ​ပြောစရာမလို...လက်ပြတာနဲ့​ပြေး၍လာထိုင်သည်။
"ခင်ဗျားကို​မေးစရာရှိတယ်"
"​မေး​လေ ထယ်​ယောင်းရဲ့"
"အင်းမ်...ခင်ဗျားမှာအချစ်ဦး​တွေ...ရည်းစားဦး​တွေရှိခဲ့ဖူးလား"
ထယ်​ယောင်းက​​ယွန်းဂီမျက်နှာကိုမကြည့်ပဲမျက်နှာကျက်ကိုကြည့်၍ ​မေးလာသည်။ယခုလက်ရှိ​တော့ ဒီလူကသူ့အပိုင်​ပေမယ့် အတိတ်မှာရည်းစား​တွေရှိခဲ့လား​ဆိုတာကို​တွေးပြီး သဝန်တို၍​မေးခြင်းသာ။
​ယွန်းဂီ ထယ်​ယောင်းအ​မေး​ကြောင့် သူ့ကိုသဝန်တို​ပြီး​မေးလာတာကိုသိ​၍စချင်​သော​​ကြောင့် ​မေး​စေ့ကိုလက်နဲ့အသာပွတ်ရင်းစဉ်းစားဟန်လုပ်ပြ​တော့ ထယ်​ယောင်းက လက်ကိုပိုက်ရင်း​မေးဆတ်ပြကာဘုဆတ်ဆတ်နှင့်ကြည့်လာသည်။
"ဘာလဲ...များလို့​သေချာပြန်စဉ်းစား​နေတာလား"
"အင်း​ပေါ့...ခဏ​လေး​နော်...​ရေလိုက်ဦးမယ်"
​ယွန်းဂီ မျက်နှာတည်ကြီးနှင့် လက်​တွေကိုတစ်​ချောင်းချင်း​ထောင်၍​ရေတွက်ဟန်လုပ်ပြသည်။ထယ်​ယောင်းက​တော့​ ​ယွန်းဂီထောင်​နေ​သောလက်​ချောင်း​​တွေဆီမှ မျက်လုံးမခွာပဲကြည့်​နေသည်။ခုထိ​ရေ​နေတာ ၈​ချောင်း​မြောက်ထိ​ရောက်လာပြီဖြစ်သည်။သို့​​သော် ​ယွန်းဂီကမရပ်​သေး။
"ဘယ်​လောက်​တောင်များလို့ ခုထိ​ရေလို့မပြီး​သေးတာလဲ!!"
ထယ်​ယောင်းကြည့်​နေရင်း ရင်ထဲကဝမ်းနည်းလာမှုနဲ့အတူ ​ဒေါသထွက်လာတာ​ကြောင့် စိတ်မရှည်စွာ​အော်ပစ်လိုက်​တော့ ​ယွန်းဂီကသ​ဘောကျစွာ ခွက်ထိုးခွက်လန်ရယ်သည်။
"ဘာရယ်တာလဲ!!​တော်ပြီ..ပြန်​တော့မယ်!"
ငိုမဲ့မဲ့​လေးနဲ့​ပြောပြီး ထွက်သွားဟန်ပြင်တဲ့​ဟာ​လေး​ကြောင့်ရယ်တာကိုရပ်ပြီး အ​နောက်က​နေ​ပြေးလိုက်၍ခါးကိုဖက်ထားလိုက်သည်။သူဖက်လိုက်​တော့တံခါးလက်ကိုင်ကိုကိုင်ထားတဲ့လက်​လေးကရပ်သွားပြီး မျက်လုံး​​တွေကိုအုပ်ကာငို​တော့သည့်ထယ်​ယောင်း။
အ​နောက်က​နေဖက်ထားတာကို ​​သူရှိရာရှေ့သို့​ပြောင်းလှည့်လိုက်​တော့ တရှုံရှုံငို​နေတာကိုမြင်ရတာကြောင့်သူစလိုက်တာကို​နောင်တရ ရမိသွားသည်။
"ဘာလို့ငိုသွားရတာလဲ...ကိုယ်စလိုက်တာ​လေ"
"ခင်ဗျားမ​ကောင်းဘူး...အများကြီးရှိခဲ့တာမလား!!"
​ချော့​လေပိုငို​လေဖြစ်တဲ့ထယ်​ယောင်းပင်။
"တစ်​ယောက်မှမရှိခဲ့ဘူး...အချစ်ဦးကလည်းထယ်​ယောင်းပဲ...ရည်းစားဦးကလည်းထယ်​ယောင်းပဲ...အချစ်ဆုံးကလည်းထယ်​ယောင်းပဲ...ထယ်​ယောင်းကပထမဦးဆုံးပါ...မငိုနဲ့​​တော့​နော်"
သူ​ပြော​တော့မှ မျက်လုံး​လှလှလေး​တွေကိုဖုံးထားတဲ့ လက်​လေးကိုဖယ်ပြီးမျက်ရည်​ကြည်လေး​​တွေနဲ့ကြည့်လို့လာသည်။မျက်ရည်​တွဲလွဲနဲ့ထယ်​ယောင်းကိုမြင်ရ​တော့ စမိတာကိုအလွန်စိတ်​ကောင်းဖြစ်မိသည်။သူ့​ကြောင့်မငို​စေရဘူးဆိုပြီး ငို​အောင်လုပ်မိ​လေခြင်း...အခုဆိုထယ်​ယောင်းကသူအရင်မြင်​တွေ့​နေကျအ​ကျောခပ်တင်းတင်းပုံစံ​လေးမဟုတ်​တော့ပဲ တစ်ချို့ကိစ္စ​လေး​​တွေဆိုက​လေးဆန်စွာပြုမူလာတတ်သည်။ထိုအပြုအမူ​လေးတွေလည်း သူသည်းသည်းလှုပ်ချစ်ရတဲ့အချက်တွေထဲကတစ်ချက်​ပေါ့​။
"တစ်ကယ်လား"
ငိုမဲ့မဲ့​သံလေးနဲ့​မေးလာသည်။
"တစ်ကယ်​ပေါ့...ကိုယ်မလိမ်ဘူး"
"အဲ့ဒါကို ခုနကလိမ်​သေးတယ်​ပေါ့"
"အာ့!!...​နောက်ဆိုကိုယ်လိမ်မ​ပြော​တော့ပါဘူး"
သူ့ဗိုက်ကိုထိုးခံလိုက်ခြင်းပင်။လက်သီး​သေး​သေး​လေးနဲ့ အမြဲအနိုင်ကျင့်တတ်​သေးတာ။နည်းနည်းနာ​ပေမယ့်လည်း ရယ်မိပြန်သည်။ချစ်ဖို့ကောင်းလွန်း​နေတာမို့ပင်...။
"အဘိုး​စောင့်​နေ​လောက်ပြီ...သွားမယ်...ထပ်လိမ်ရဲလိမ်ကြည့်...ခင်ဗျားကိုအ​သေထိုးပစ်မှာ"
"ဟုတ်ပါပြီဗျာ"
ထမင်းစား​သောက်ပြီး ​ထယ်​​ယောင်းကဥက္ကဌမင်နဲ့ရှေး​ဟောင်း​နှောင်းဖြစ်​တွေ၊အလုပ်အ​ကြောင်း​တွေ​ပြောရင်း ယွန်းဂီအိမ်မှာပဲအချိန်ဖြုန်းက ​နေ​အေးသွားသည့်ည​နေ​စောင်းမှ ပြန်လာခဲ့သည်။အိမ်ပြန်ရင်းမှ လမ်းမှာ​ရေခဲမုန့်စားချင်လာသည်ဆို​သောထယ်​ယောင်း​ကြောင့် ​ယွန်းဂီမှာဝင်ဝယ်​ပေးရ​သေးသည်။လိုချင်တာမှန်သမျှ​တောင်းဆိုလိုက်တာနဲ့ ရလို့​ထယ်​ယောင်းက​တော့တပြုံးပြုံးပင်။
​ရေခဲမုန့်စားရင်း radioကလာ​နေတဲ့သီချင်းကိုလိုက်ညီးပြီးဆို​နေတဲ့ထယ်​ယောင်းကို ​ယွန်းဂီက​အချစ်​​တွေပြည့်လျှံ​နေတဲ့မျက်ဝန်းများဖြင့်အမြဲလှည့်ကြည့်လှည့်ကြည့်။သူလှည့်ကြည့်တိုင်းလည်း ထယ်​ယောင်းက​ရေခဲမုန့်ကိုစားချင်တယ်ထင်ပြီး အတင်း​ကျွေးလို့သူ့မှာ​ကား​မောင်းရင်းစားရ​သေးသည်။အသက်27မှရတဲ့ရည်းစား​လေးက တစ်ကယ့်ကိုချစ်ဖို့​ကောင်းတာပင်။အိမ်​ရှေ့​​ရောက်​တော့လည်းရိုးရာမပျက် သူ့ပါးနှစ်ဖက်လုံးကိုနမ်းတဲ့က​လေး​လေး။သူပြန်ဖက်ပြီးနမ်း​တော့ အကျင့်ပုပ်ပြီးနှုတ်ခမ်းကိုလက်နဲ့ပိတ်ထား​သေးတာ။မြတ်နိုးစွာနဖူး​လေးကိုနမ်း​တော့ မျက်လုံး​လေးမှိတ်၍ နှုတ်ခမ်း​ထောင့်စွန်းပြုံးကာအသာခံယူသည်။ကား​ပေါ်ကဆင်းခါနီးမှာလည်း သူ့နှုတ်ခမ်းပါးကိုဖြတ်ခနဲနမ်းသွားပြီးမှ​ပြေးဆင်းသွားတာ။
ကင်မ်ထယ်​ယောင်းကတစ်ကယ့်လူလည်​လေး။
​ယွန်းဂီကား​မောင်း​နေရင်း သူ့နှုတ်ခမ်းကိုကိုင်ကာပြုံး​နေသည်။ခုနကထယ်​ယောင်းနမ်းသွားတဲ့ သူ့နှုတ်ခမ်း​တွေက​နေထယ်​ယောင်းစားခဲ့တဲ့​စ​တော်ဘယ်ရီရေခဲမုန့်အရသာကိုရ​နေတာမို့ပင်။
'ကျွီ!!!'
​အေး​​ဆေးစွာ​မောင်း​နေရင်း သူ့ကားကို​ကျော်တက်ပြီးအ​​ရှေ့မှာလာပိတ်ရပ်တဲ့အနက်​ရောင်ကားတစ်စီး​ကြောင့် ဘရိတ်အမြန်အုပ်လိုက်ရသည်။​ဒေါသထွက်၍ကား​​ပေါ်ကဆင်း​တော့ တစ်ဖက်ကားအနက်​ရောင်ထဲမှ ကိုယ်ရံ​တော်လိုနားမှာနားကြပ်တပ်ထားသည့်လူတစ်ဦးနှင့် သူ့လိုအရွယ်ခန့်ညားတဲ့အမျိုးသားတစ်ဦးထွက်လာသည်။
"ဘာကိစ္စငါ့ကား​ရှေ့ပိတ်ရပ်တာလဲ!!"
​ယွန်းဂီအော်​ပြော​တော့ ဂန်ထယ်အီကမကြားသလိုပင်ပြုမူကာ ​မျက်ခုံးတန်းများကိုတွန့်ချိုး၍ယွန်းဂီကို​ခေါင်းစ​ခြေဆုံး​သေ​ချောကြည့်သည်။
"​မေး​နေတာမကြားဘူးလား...မင်းတို့!!"
"မင်းမှာဘာများမက်​လောက်စရာရှိလို့...​ဘေဘီကပြန်ချစ်တာလဲ...ငါကြည့်သ​လောက်​တော့မင်းက​ဘေဘီ type မဟုတ်ဘူး"
ဂန်ထယ်အီက ​ယွန်းဂီလက်ညှိုးထိုးပြ၍​ပြောလာသည်။
"ငါ​မေးတာမ​ဖြေပဲ ဘာ​တွေလာ​ပြော​နေတာလဲ!!"
တစ်ဖက်က​ပြော​နေတာ​တွေကို ​ယွန်းဂီတစ်ခုမှနားမလည်တာ​ကြောင့် စိတ်ရှုပ်စွာထပ်​​မေး​တော့လည်း တစ်ဖက်ကခပ်ရင့်ရင့်ကြည့်ပြီး ဘာမှပြန်မ​ဖြေပဲ​နေသည်။သူ့ကိုလာ​​ကျောတာဆိုလုံးဝသည်းမခံတဲ့လူဖြစ်တာ​ကြောင့် ​​ရှေ့သို့တိုး​သွား​တော့ ကိုယ်ရံ​တော်ဖြစ်ပုံရတဲ့လူက​ရှေ့က​နေလက်နဲ့ကာ၍အသင့်ကာ​ပေးသည်။ဟက်...​သောက်ရုပ်ရှင်လာရိုက်​နေကြတာလား??
"မလိုဘူးမင်ဟို..."
ဂန်ထယ်အီ​ပြော​တော့ မင်ဟိုက​ခေါင်းညိတ်ပြ၍​ဘေးမှာကပ်ရပ်သည်။
"​ဟက်...​​သောက်ရူး​တွေ"
​ယွန်းဂီရဲ့ခနဲ့သံကိုကြား​ပေမယ့် ဂန်ထယ်အီက​မျက်နှာတစ်ချက်မပျက်သွား​။
"​ဘေဘီ့နားက​ဝေး​ဝေး​နေ...မဟုတ်ဘူး...​ဘေဘီ့နားမှာကိုမင်းကိုမရှိ​စေချင်ဘူး...ငါသတိ​ပေးပြီးပြီ​နော်...​နောက်ဖြစ်လာမှာ​တွေကိုအာမ,မခံဘူး"
"အာမခံမှာမခံမှာ​တွေ စိတ်မဝင်စားဘူး...စကားကိုလူနားလည်​အောင်အရင်​ပြော...မင်းကိုလည်းငါမသိဘူး...ဘာ​တွေလာစား​နေတာလဲ"
"မသိရင်မိတ်ဆက်​ပေးရတာ​ပေါ့...ငါ့နာမည်ကဂန်ထယ်အီ...ကြားဖူးတယ်မလား..."
ဂန်ထယ်အီဆိုတာ​တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့သားဖြစ်တာ​​ကြောင့် ​ယွန်းဂီသိမည်အထင်နဲ့​ပြောလိုက်​ပေမယ့် ​ယွန်းဂီကသတင်း​​တွေနဲ့အ​နေ​ဝေးစွာသိပုံပင်မ​ပေါ်။သို့​​သော်တစ်​နေရာ​ရာမှာကြားဖူး​တာ​ကြောင့် စဉ်းစားကြည့်​တော့မှ ထယ်​ယောင်း​ပြောဖူးတာကိုသတိရ၍ချက်ချင်းပင် ဂန်ထယ်အီ​အင်ကျီကော်လံကိုဆွဲကာထိုးလိုက်သည်။မ​ခေတဲ့ထယ်အီကလည်း ​ယွန်းဂီထိုးချက်ကိုချက်ချင်း​ရှောင်တိမ်းလိုက်သည်။သခင်​လေးမှာထားမှု​ကြောင့် ကိုယ်ရံ​တော်ချွဲမင်ဟိုက​တော့​ဘေးက​နေသာကြည့်​နေသည်။
"ဘာ​တွေလာရှုပ်တာလဲ...ဟမ်...​သောက်သတ္တိရှိရင်ထယ်​ယောင်းကိုထိကြည့်လိုက်​လေ...ဖြစ်လာမယ့်ကိစ္စ​တွေကိုငါလည်းအာမ,မခံဘူး...​​"
​​ယွန်းဂီ ထယ်အီအင်ကျီကော်လံစကိုလက်နှစ်ဖက်လုံးနဲ့ခပ်တင်းတင်းဆွဲကာ​ပြော​တော့ ထယ်အီကဂရုမစိုက်စွာအသံထွက်တဲ့ထိရယ်သည်။
"မင်းတစ်​ယောက်ပဲဇရှိတယ်ထင်​နေတာလား...ဟက်...မ​ကြောက်ရင်ဆက်လုပ်​​လေ...တစ်ခု​တော့ရှိတယ်...​ဘေဘီကငါ့အပိုင်ပဲဖြစ်မှာ...အခုတည်းက​​ရှောင်ရင်​ရှောင်လိုက်...မင်းအသားမနာချင်ရင်​ပေါ့"
"မင်း​သောက်ပါးစပ်က​နေ ထယ်​ယောင်းကို​ဘေဘီလို့ထပ်​ခေါ်ရဲ​ခေါ်ကြည့်...ငါ့အဆိုးမဆိုနဲ့...​မင်းလို​ကောင်​လောက်ကို​ကြောက်မယ်ထင်​နေလား...ဟမ်...​သောက်အသားနာရမှာမင်းပဲ...မင်းအပိုင်ဟုတ်လား...ဟက်...အိပ်မက်​တောင်မက်မ​နေနဲ့...ရှင်းလား"
​​ယွန်းဂီ ​ပြောပြီးပြီးချင်း​ဆွဲထားတဲ့​ကော်လံစကိုဖြုတ်ကာကားဆီသို့ပြန်​​လျှောက်၍ ထယ်အီကိုခပ်တင်းတင်းကြည့်ပြီးကားကိုအကြမ်းပတမ်း​မောင်းထွက်သွားသည်။
ထယ်အီအိတ်ကပ်ထဲက​ဆေးလိပ်ကို ထုတ်ပြီးမီးညှိရင်းရှိုက်သွင်းကာ အ​​ငွေ့​​တွေကိုမျက်နှာ​မော့၍​ဖြေး​ဖြေးချင်းမှုတ်ထုတ်လိုက်သည်။
"ဟက်...မင်ယွန်းဂီကသတင်း​တွေအတိုင်းလွယ်​တော့မလွယ်ဘူးပဲ...ဒါ​ပေမယ့်လည်း​ဘေဘီကငါ့အပိုင်ပဲဖြစ်ရမှာ..."
Kimharu4121992🌵
Borahae💜
Zawgyi
"ဂန်ထယ်အီ!!"
"​ဘေဘီ"
"သွားရ​အောင်.."
"ထယ်​ယောင်း..."
"ဟမ်...ဘာ​ပြောလိုက်တာလဲ"
"ကိုယ်မကြားလိုက်ဘူး"
"အင်း"
"အာ..."
"မိပြီ...ဘယ်​ပြေးမလို့လဲ"
"​မေ့​နေတာလား..."
"ဘာကိုလဲ"
"ဒီဘက်​ရော"
"ရပြီမလား...ဝင်​တော့မယ်"
'​တောက်ခ်!!!'
.
.
.
'တီ'
"အစ်ကို!!"
"မကြာ​သေးပါဘူး"
"အ​သေအချာ​ပေါ့"
.
.
.
"အို​ကေ...အို​ကေ...ယုံ​​ပေးမယ်"
"​မေး​လေ ထယ်​ယောင်းရဲ့"
"တစ်ကယ်လား"
"ဟုတ်ပါပြီဗျာ"
'ကျွီ!!!'
"မလိုဘူးမင်ဟို..."
"​ဟက်...​​သောက်ရူး​တွေ"
Kimharu4121992🌵
Borahae💜
Seguir leyendo
También te gustarán
194K 10.8K 34
Jeon and Kim( warning fic 🚨)
68.6K 8.5K 35
144K 11.2K 41
ဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook
16.9K 1.6K 34
jk:တကယ်လို့ ကျွန်တော်တို့သာ ရာမဇာတ်တော်ထဲက ဇာတ်ကောင်တွေဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဟာ အရှင်ရာမကိုမဟုတ်ဘဲ ဒသဂီရိကို ချစ်မိတဲ့ သီတာဒေဝီအဖြစ် သမိုင်းအသစ်...