Unicode
ဒီကောင်တွေ.. ပွဲမတိုင်ခင် လူကို ပြန်ပေးဆွဲမလို့ ကြိုရောက်လာကြတာလား..?
ခြူးမုယွင်တစ်ယောက် ဆွံ့အ,သွားရသည်။
ရှဲ့ချင်းလန်က ကျန်နှစ်ယောက်ကို လုံးဝဂရုမစိုက်ဘဲ ခြူးမုယွင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေ၏။
“အား.. ယွင်…”
ခြူးမုယွင်က သူနှင့် စကားမပြောချင်ပေ။
ရှဲ့ချင်းလန်သည် ကိုယ့်ကိုယ်ကို သေကြောင်းကြံ(လူမုန်းခံ)ရာ၌ အတော်လေး ကျွမ်းကျင်ပေ၏။
“လွန်ခဲ့တဲ့ သုံးလလောက်က မင်းပဲမလား..?”
ထိုစကားကြောင့် ရှန်ရွှိန်ယန်းက ရှဲ့ချင်းလန်ကို ဆတ်ခနဲ လှည့်ကြည့်လာသည်။ ရန်ချန်းက အေးတိအေးစက် မျက်နှာထားဖြင့် တည်ငြိမ်နေသော်ငြား သေသေချာချာ အကဲခတ်ကြည့်လျှင် သူ၏ မျက်ခုံးတန်းများ မသိမသာ တွန့်ကွေးသွားသည်ကို မြင်နိုင်ပေလိမ့်မည်။
ရှဲ့ချင်းလန်၏ အသံက စကားချိုချိုလေးများနှင့် အထူးသင့်လျော်သည်။ စကားပြောလိုက်ရုံဖြင့် အချစ်ရိပ်များ လွှမ်းမိုးနေသယောင် ထင်မှတ်ရသည်။
“မင်း ကိုယ့်အတွက် ထပ်သေသွားတာကို အဲ့လိုမျိုး ထိုင်ကြည့်နေရမယ့်အစား ချီဖောက်ပြန်ပြီးသာ ရူးသွားချင်တယ်..”
ဤတစ်ခေါက်တော့ ရှန်ရွှိန်ယန်း ပေါက်ကွဲချေပြီ။
လွန်ခဲ့သော နှစ်လေးထောင်ခန့်က ခြူးမုယွင်သည် ရှဲ့ချင်းလန်၏ အသက်ကို ကယ်တင်ရန်အလို့ငှာ သူ့ကိုယ်သူ စတေးသွားခဲ့၏။ ထိုဖြစ်ရပ်က ရှန်ရွှိန်ယန်း၏ နှလုံးအိမ်ထဲတွင် အဖုအထစ်ဖြစ်နေပြီး ဘယ်သောအခါမှ မချေဖျက်နိုင်ခဲ့ချေ။ သို့သော် ယခုလည်း…
သူ မသိလိုက်ခင်မှာ ခြူးမုယွင်က ရှဲ့ချင်းလန်အတွက် ထပ်သေပေးခဲ့ပြန်တာလား..?
ခြူးမုယွင်လည်း ခေါင်းကိုက်လာရသည်။
ရှဲ့ချင်းလန်က စက္ကန့်ပိုင်းအတွင်း သူ့ကိုယ်သူ ပွဲကြည့်ပရိသတ်အဖြစ်ကနေ အဓိကဇာတ်ကောင်နေရာကို ပြောင်းပစ်လိုက်တာပဲ။ ဒါမှမဟုတ် နှစ်ယောက်တစ်ယောက် တိုက်ချင်နေတဲ့ Tank အရူးကောင်လို့ ပြောရမလား။ ရှဲ့ချင်းလန်.. မင်း ဒီကို မီးလောင်ရာ လေပင့်မလို့ ရောက်လာတာလား..? ဒါမှမဟုတ် မင်းရဲ့ခေါင်းကို မလိုချင်တော့လား..?
(TN : Tank က Game အသုံးအနှုန်းပါနော်။ ဂိမ်းဆော့တဲ့လူတွေတော့ သိမယ်ထင်တယ်။ အသေခံပြီး ဝင်တိုးပေးရတဲ့ Role ပေါ့။)
ခြူးမုယွင်က ထိုသုံးယောက်၏ စွမ်းအင်အတိမ်အနက်ကို ချိန်ဆကြည့်လိုက်သည်။ ရှန်ရွှိန်ယန်းသည် ခွေးဝံပုလွေလေးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ချီစွမ်းအင်အပြည့် ပြန်မရသေးလောက်ပေ။ မည်သို့ဆိုစေ ခွေးဝံပုလွေလေးသည် ရင်ဆိုင်ရခက်သည့် ပြိုင်ဘက်တစ်ယောက် မဟုတ်ပါလား။ နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ခဲ့သဖြင့် ရှန်ရွှိန်ယန်း၏ ချီစွမ်းအားအတော်များများ ကုန်ဆုံးခဲ့ရလိမ့်မည်။ ရှဲ့ချင်းလန်သည်လည်း ချီစွမ်းအားဖောက်ပြန်မှုကို ဖြေရှင်းပြီးသော်ငြား အတွင်းဒဏ် ရှိနေဦးလိမ့်မည်။ ရန်ချန်းကတော့….. လက်ရှိအချိန်တွင် အားအနည်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် မည်သို့ပင် အားနည်းပါစေ၊ နှစ်ယောက်တစ်ဖွဲ့ ဖြစ်သွားသည်နှင့် ကျန်တစ်ယောက် သေဆုံးရလိမ့်မည်။
ခြူးမုယွင်၏စိတ်ထဲ ရှဲ့ချင်းလန်ကိုသာ မေတ္တာပို့နေမိ၏။ ထို့နောက် အေးတိအေးစက် မျက်နှာထားဖြင့် ပြောလိုက်သည်။ : “မင်း အတွေးလွန်နေပြီ.. ငါ တကယ်သေတာမှမဟုတ်တာ.. ဒီအတိုင်း မင်းဘေးနားမှာ ပြန်မရှင်ချင်ရုံပဲ..”
လူသားတို့၏ စိတ်နှလုံးကို လှုံ့ဆော်တတ်သော ဆရာခြူး၏ စွမ်းပကားက တကယ့်ကို သက်ရောက်မှု ပြင်းထန်လွန်းလှ၏။
ထိုသို့ပြောလိုက်သည်နှင့် ရှဲ့ချင်းလန်မှာ တစ်ကိုယ်လုံး တောင့်ခဲသွားပြီး ဒေါသထွက်နေသည့် ရှန်ရွှိန်ယန်းကတော့ ချက်ချင်းဆိုသလို မျက်နှာကြည်လင်လာသည်။ တစ်ယောက်နှင့်တစ်ယောက် လုံးဝကြည့်မရသဖြင့် ရှန်ရွှိန်ယန်းက အကွက်ဝင်တုန်း နှာခေါင်းရှုံ့ကာ ခနဲ့လိုက်သည်။
“ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လာလုပ်နေတယ်..”
ရှဲ့ချင်းလန်၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး ရှန်ရွှိန်ယန်းအား လှည့်ကြည့်ကာ ပြန်ပက်လိုက်သည်။ : “ဘာမဟုတ်တာလေးကို တကယ် ရေးကြီးခွင်ကျယ်လုပ်နေတာ ဘယ်အကောင်လဲ..? အားယွင်က မင်းကို အစကနေအဆုံးထိ အသိအမှတ်ပြုခဲ့တာ မဟုတ်ဘူး..”
ခြူးမုယွင် : “………”
Zero လေး : “(⊙v⊙) စည်ကားနေတာပဲ..!”
ခြူးမုယွင်၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားရသည်။
ဒီတစ်ယောက်ဖြစ်ဖြစ်၊ ဟိုတစ်ယောက်ဖြစ်ဖြစ်၊ စိတ်မပူရတဲ့လူကို မရှိဘူး..!
ရှန်ရွှိန်ယန်း၏ စိတ်ထဲတွင် အမြဲတမ်း သိမ်ငယ်နေခဲ့ရ၏။ သူ မည်သို့ပင် နှိမ့်ချပြီး တောင်းပန်တိုးလျှိုးနေပါစေ၊ ခြူးမုယွင်က သူ့ကို မျက်နှာသာမပေးခဲ့ချေ။ အမြဲတမ်း အေးစက်စက် မျက်နှာထားဖြင့် သူ့အပေါ် စိမ်းကားလွန်းလှသည်။ သို့နှင့် ယခုလို ရှဲ့ချင်းလန်က ရန်စလိုက်သောအခါ လေထဲတွင် ဓားရှည်တစ်လက် ပေါ်ထွက်လာပြီး တိုက်ပွဲစတင်တော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ခြူးမုယွင်က သက်ပြင်းရှိုက်ကာ စောင်ကို ခွာချလိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားဟူ၍ ဗလာနတ္တိ။ ယမန်နေ့ညက ရန်ချန်းနှင့် တစ်ညလုံး အချစ်တိုက်ပွဲဝင်ခဲ့သဖြင့် ကိုက်ရာ၊ စုပ်ရာ အပြည့်ဖြစ်နေပြီး ရှန်ရွှိန်ယန်းကလည်း ဒေါသထွက်ထွက်ဖြင့် စတော်ဘယ်ရီမှတ်များ ကျန်ရစ်စေခဲ့သေးသည်။
ခြူးမုယွင်၏ အသားအရေက နဂိုဖြူဝင်းနေရကား လရောင်ဖျော့ဖျော့အောက်ဝယ် အလွန်တရာ ဆွဲဆောင်မှုရှိနေတော့သည်။
ခြူးမုယွင်သည် နည်းနည်းလေးမျှ မတွန့်ဆုတ်သွားဘဲ အိပ်ရာပေါ်မှ ဆင်းလာခဲ့၏။ နတ်ဆိုးအရှင်သုံးပါးက သူ့ကို ချက်ချင်း လှည့်ကြည့်လာကြသည်။
ရှန်ရွှိန်ယန်းက ဓားကို ပြန်သိမ်းလိုက်ပြီး အပေါ်ထပ်ခြုံထည်ကို ချက်ချင်း ချွတ်လိုက်ကာ ခြူးမုယွင်အား ခြုံပေးရန်ပြင်သည်။
ခြူးမုယွင်က တွန်းဖယ်ပစ်လိုက်ပြီး မိမွေးတိုင်းဖမွေးတိုင်း မတ်တပ်ရပ်ကာ အေးစက်စက် ပြောလိုက်သည်။
“ထွက်သွား..”
တစ်ယောက်မှ မလှုပ်ခဲ့ချေ။
ခြူးမုယွင်က မျက်ခုံးပင့်ကာ ထပ်ပြောသည်။ : “ထွက်သွားကြ..!”
ရှားရှားပါးပါး အော်ဟစ်လာသဖြင့် ရှန်ရွှိန်ယန်းနှင့် ရှဲ့ချင်းလန်မှာ အနည်းငယ် ထိတ်ပျာသွားကြ၏။ သို့သော် ရန်ချန်းကတော့ အခန်းထဲမှ ချက်ချင်း လှည့်ထွက်သွားလေသည်။
ရှဲ့ချင်းလန်က ခြူးမုယွင်ကို ကြည့်သည်။ ပြီးနောက် ရှန်ရွှိန်ယန်းအား မျက်စောင်းထိုးကြည့်ပြီး လှည့်ထွက်သွားတော့သည်။
သိသာစွာဖြင့် ‘အရိပ်အကဲ နားမလည်ဆုံး’လူကား ရှန်ရွှိန်ယန်းသာ ဖြစ်နေသည်။ ထိုအမျိုးသားသည် ဘယ်သောအခါမှ နာခံမှုမရှိခဲ့ပေ။
ခြူးမုယွင်က သက်ပြင်းချကာ လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ : “အပြင်အရင်ထွက်နှင့်.. ငါ အင်္ကျီဝတ်ဦးမယ်..”
ရှန်ရွှိန်ယန်းက ထွက်သွားရန် ငြင်းဆန်နေဆဲ။
ခြူးမုယွင်က ထပ်ပြောသည်။ : “ရှောင်ယန်း.. လိမ္မာစမ်းပါကွာ..”
ရှန်ရွှိန်ယန်းက နှုတ်ခမ်းတင်းတင်းစေ့လိုက်ရင်း.. : “ခင်ဗျား ပျောက်သွားရင် ဘယ်လိုလုပ်မလဲ..?”
ခြူးမုယွင် အသံတိတ်သွားသည်။
ရှန်ရွှိန်ယန်းက စိတ်ထိခိုက်စွာ ဆက်ပြောလာသည်။ : “ကျွန်တော် အပြင်ထွက်သွားတိုင်း ခင်ဗျား ပျောက်ပျောက်သွားတယ်..”
ခြူးမုယွင်က အတတ်နိုင်ဆုံး ဖျောင်းဖျရင်း ရှန်ရွှိန်ယန်းကို ချော့မော့လိုက်သည်။ : “ဒီတစ်ခေါက်တော့ အဲ့လိုမဖြစ်ပါဘူး..”
အမ်း.. ဒီကောင် မယုံသေးဘူးပဲ..!
ခြူးမုယွင်က အဓိပ္ပါယ်ပါပါ ထပ်ပြောလိုက်သည်။ : “ငါ… ဇီးပန်းရောင်ဝါတောင်ကနေ ထွက်သွားမှာမဟုတ်ဘူး..”
ကောင်းရော.. စကားတစ်ခွန်းတည်းဖြင့် ရှန်ရွှိန်ယန်းက အင်္ကျီလက်ခါကာ လှည့်ထွက်သွားချေပြီ။
နောက်ဆုံးတော့ အခန်းတစ်ခုလုံး ဆိတ်ငြိမ်သွားခဲ့သည်။ ခြူးမုယွင်မှာ နားထင်ကိုနှိပ်ရင်း အနည်းငယ် စိတ်ပူပန်လာခဲ့သည်။
သုံးယောက်ထဲနဲ့ ပြဿနာကောင်းကောင်း ရှာသွားတာပဲ။ နောက်ထပ်လေးယောက် ထပ်ရောက်လာရင် ဇီးပန်းရောင်ဝါတောင်တော့ တစ်စစီပြိုကျသွားမှာ သေချာတယ်..!
ရန်ချန်းက ဘာဖြစ်ချင်နေတာလဲ..? တိုက်ပွဲဖြစ်အောင် ရန်လိုက်စနေတာလား..? နောက်ဆုံး တစ်ယောက်တည်း ကျန်တဲ့အထိ အချင်းချင်း သတ်ဖြတ်ကြမှာလား..?
ခြူးမုယွင်မှာ ဖြည်းဖြည်းချင်း အင်္ကျီဝတ်နေသော်ငြား အပြင်မှ အရှင်သခင်နှစ်ပါးကို ဘယ်လိုဖျောင်းဖျရမလဲ၊ မနားတမ်း စဉ်းစားနေရသည်။
အင်္ကျီဝတ်ပြီး အပြင်ထွက်လာပြီးနောက် ခြူးမုယွင်က စကားစရန် ရှိသေးသည်၊ ရှဲ့ချင်းလန်နှင့် ရှန်ရွှိန်ယန်းတို့ နှစ်ဦးလုံး တစ်ပြိုင်တည်း ထအော်လာကြသည်။
“ဘာတွေဝတ်ထားတာလဲ..?”
ခြူးမုယွင်က ဘာမှပြန်မဖြေခဲ့ပေ။
ရန်ချန်းက ဘေးမှနေ၍ ခနဲ့တဲ့တဲ့ ပြောလာသည်။ : “သူက အစကတည်းက ဇီးပန်းရောင်ဝါတောင်ရဲ့ အစေခံပဲလေ.. အစေခံအင်္ကျီဝတ်ထားတာ ဘာဖြစ်လို့လဲ..?”
ခြူးမုယွင် : “……...”
အငြိုးအာဃာတများ ထပ်မံဝေ့ဝိုက်လာပြီး သုံးယောက်သား ရန်ပွဲဖြစ်တော့မည့်အချိန် ခြူးမုယွင်က ကတိုက်ကရိုက် ဝင်ပြောလိုက်သည်။
“ငါ မင်းတို့နဲ့ တစ်ယောက်ချင်းစီ စကားပြောလို့ရမလား..?”
ထိုအခိုက်မှာတော့ သုံးယောက်လုံး ရှားရှားပါးပါး စိတ်ချင်းထပ်တူညီနေပြီး တစ်ယောက်မှ ပြန်မဖြေလာခဲ့ချေ။
သူတို့သုံးယောက်လုံးက ငတုံးမဟုတ်။ အထူးသဖြင့် ခြူးမုယွင်အကြောင်း ကောင်းကောင်း သိထားကြပြီးဖြစ်ရာ ခြူးမုယွင် ထိုစကားပြောလိုက်သည်နှင့် ဘာလုပ်ချင်နေမှန်း အလိုလို နားလည်နေကြသည်။ သူတို့သုံးယောက် ဆုံနေလျှင် ဖျောင်းဖျရန် မဖြစ်နိုင်သောကြောင့် ခြူးမုယွင်က လူစုခွဲကာ တစ်ယောက်ချင်းစီကို အယုံသွင်းလှည့်စားရန် ကြံစည်နေခြင်းသာ။
ရန်ချန်းက ဦးဆုံး ပြောလာသည်။ : “ဘာစကားမှ ပြောစရာမလိုဘူး.. မနက်ဖြန်ဆို ဇီးပန်းပွဲတော်ရောက်ပြီ.. စိတ်ရင်းပါပါနဲ့ လဲစရာ ပစ္စည်းယူလာရင် ဘယ်သူမဆို သူ့ကို ခေါ်သွားလို့ရတယ်..”
ရှန်ရွှိန်ယန်းက ရန်ချန်းကို မျက်ထောင့်နီဖြင့် စိုက်ကြည့်ကာ.. : “အခု ခေါ်သွားမှာ..”
ရန်ချန်းက ညင်းသွဲ့သွဲ့ ရယ်သွမ်းသွေးရင်း.. : “စမ်းကြည့်လေ..”
ရှန်ရွှိန်ယန်း၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ : “ဇီးပန်းရောင်ဝါတောင်လောက်နဲ့ ငါ့ကို တားနိုင်မယ်လို့ မင်းထင်နေတာလား..?”
ပြီးနောက် ရှဲ့ချင်းလန်ကို မျက်စောင်းထိုးကာ သရော်ပြုံးပြုံးလိုက်ရင်း.. : “အဲ့အမှိုက်ကောင်နဲ့ ပူးပေါင်းရင်တောင် မင်း ငါ့ကို တားနိုင်မယ်မထင်နဲ့..!”
ထိုသို့အပြောခံလိုက်ရသော်ငြား ရှဲ့ချင်းလန်သည် အလွန်တည်ငြိမ်နေပြီး မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိ။ ပတ်ဝန်းကျင်ကိုသာ အေးတိအေးစက် ဝေ့ကြည့်လိုက်သည်။
ရန်ချန်းက ပြုံးသည်။ : “ငါပြောချင်တာက…. ခြူးမုယွင်က မင်းနဲ့လိုက်မှာ မဟုတ်ဘူးလို့..”
ရှန်ရွှိန်ယန်းမှာ ချက်ချင်း တိတ်ကျသွားခဲ့သည်။
ရန်ချန်းက ခြူးမုယွင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့ကြင်နာစွာ ပြောလာသည်။ သို့သော် မျက်ဝန်းထဲတွင်မူ အေးစက်ခြင်းများအပြည့်။ : “သူက ငါ့ကိုပဲ ချစ်တာလေ.. ငါ့ကို ထားခဲ့နိုင်မှာမဟုတ်ဘူး.. မင်း သူ့ကို အတင်းခေါ်သွားရင်တောင် နည်းလမ်းရှာပြီး ငါ့ဆီ ပြန်လာမှာပဲ..”
“အို့…” ရန်ချန်းက ဆက်ပြောသည်။ “မင်း ငါ့ကို သတ်ချင်တာလား..? အဲ့တာလည်း အသုံးမဝင်ဘူးနော်.. ငါသေသွားရင် မင်းရဲ့ အားယွင်က သူ့အသက်ကိုစတေးပြီး ငါ့ကို အသက်သွင်းပေးမှာ..” “ဘာပဲပြောပြော… သူက… မသေနိုင်ဘူးလေ..”
ထိုသို့ပြောပြီးနောက် ရန်ချန်းက ခြူးမုယွင်ကို အသာလှည့်ကြည့်ကာ.. : “အားယွင်.. ကိုယ်ပြောတာ မှန်ရဲ့လား..?”
ခြူးမုယွင် : “အင်း..”
ရန်ချန်း၏ နှုတ်ခမ်းထောင့်မှ အပြုံးသည် တောက်ပသည်ထက် ပိုမိုတောက်ပလာလေပြီး.. : “ကိုယ့်ကို ထားမသွားဘူးမလား..?”
ခြူးမုယွင် : “အင်း..”
ရန်ချန်း : “ကိုယ် မင်းကို မချစ်ရင်တောင်..?”
ခြူးမုယွင် : “မင်း ငါ့ကိုမချစ်ရင်တောင်..”
ထိုစကားလုံးများက ရှန်ရွှိန်ယန်းနှင့် ရှဲ့ချင်းလန်ကို ထပ်တူညီ ခံစားသွားရစေသည်။ နှစ်ယောက်လုံး ရုပ်ထုတစ်ခုနှယ် တောင့်ခဲသွားကြပြီး မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် မလှုပ်မယှက် ငေးကြည့်နေကြ၏။
ရန်ချန်းက သူတို့ကို ပြုံးပြုကာ.. : “နှစ်ယောက်လုံး ကျေးဇူးပြုပြီး ပြန်သွားကြပါ..”
ပြီးနောက် ခြူးမုယွင်၏ လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ဖော်ရွေစွာ ဆက်ပြောခဲ့သည်။ : “မနက်ဖြန် ဇီးပန်းပွဲတော်ကျမှ ပြန်တွေ့ကြတာပေါ့.. မင်းတို့ရဲ့ လက်ဆောင်ကို စောင့်မျှော်နေပါ့မယ်..”
“ငါက သူ့ကို အတင်းဆွဲခေါ်သွားမယ်ဆိုရင်ရော..?”
ရုတ်တရက် အလွန်မောက်မာထောင်လွှားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအခိုက်မှာပင် ပထဝီမြေပြင်တစ်ခုလုံး လှုပ်ယမ်းသွားပြီး ဓားစွမ်းအင်လှိုင်းတစ်ခုသည် ကောင်းကင်လေထုလွှာကို ဖြတ်သန်းလျက် အလွန်ပြင်းထန်သည့် ဖိအားအရှိန်အဝါနှင့်အတူ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာခဲ့သည်။
ပထမဆုံးလှုပ်ရှားမှုကပင် လူသတ်တိုက်ကွက် ဖြစ်နေချေပြီ။ ခြူးမုယွင်၏ လက်ရှိခန္ဓာကိုယ်သည် ကျင့်ကြံဆင့်နိမ့်၍ သွေးများ အထက်အောက်ဗြောင်းဆန်သွားသလို ခံစားလိုက်ရသည်။ သို့နှင့် အသံတိတ် ဆဲရေးလိုက်မိသည်။
လင်းရွှမ်ရေ.. နည်းနည်းလောက် စိတ်လျော့ပါဦးဟ..!!!
……………………………………
TN : Click ကြပါနော်။ ဒါလေးပဲ ပြောစရာရှိပါတယ်။
……………………………………
Zawgyi
ဒီေကာင္ေတြ.. ပြဲမတိုင္ခင္ လူကို ျပန္ေပးဆြဲမလို႔ ႀကိဳေရာက္လာၾကတာလား..?
ျခဴးမုယြင္တစ္ေယာက္ ဆြံ႕အ,သြားရသည္။
ရွဲ႕ခ်င္းလန္က က်န္ႏွစ္ေယာက္ကို လုံးဝဂ႐ုမစိုက္ဘဲ ျခဴးမုယြင္ကိုသာ မမွိတ္မသုန္ စိုက္ၾကည့္ေနေလ၏။
“အား.. ယြင္…”
ျခဴးမုယြင္က သူႏွင့္ စကားမေျပာခ်င္ေပ။
ရွဲ႕ခ်င္းလန္သည္ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံ(လူမုန္းခံ)ရာ၌ အေတာ္ေလး ကြၽမ္းက်င္ေပ၏။
“လြန္ခဲ့တဲ့ သုံးလေလာက္က မင္းပဲမလား..?”
ထိုစကားေၾကာင့္ ရွန္႐ႊိန္ယန္းက ရွဲ႕ခ်င္းလန္ကို ဆတ္ခနဲ လွည့္ၾကည့္လာသည္။ ရန္ခ်န္းက ေအးတိေအးစက္ မ်က္ႏွာထားျဖင့္ တည္ၿငိမ္ေနေသာ္ျငား ေသေသခ်ာခ်ာ အကဲခတ္ၾကည့္လွ်င္ သူ၏ မ်က္ခုံးတန္းမ်ား မသိမသာ တြန႔္ေကြးသြားသည္ကို ျမင္ႏိုင္ေပလိမ့္မည္။
ရွဲ႕ခ်င္းလန္၏ အသံက စကားခ်ိဳခ်ိဳေလးမ်ားႏွင့္ အထူးသင့္ေလ်ာ္သည္။ စကားေျပာလိုက္႐ုံျဖင့္ အခ်စ္ရိပ္မ်ား လႊမ္းမိုးေနသေယာင္ ထင္မွတ္ရသည္။
“မင္း ကိုယ့္အတြက္ ထပ္ေသသြားတာကို အဲ့လိုမ်ိဳး ထိုင္ၾကည့္ေနရမယ့္အစား ခ်ီေဖာက္ျပန္ၿပီးသာ ႐ူးသြားခ်င္တယ္..”
ဤတစ္ေခါက္ေတာ့ ရွန္႐ႊိန္ယန္း ေပါက္ကြဲေခ်ၿပီ။
လြန္ခဲ့ေသာ ႏွစ္ေလးေထာင္ခန႔္က ျခဴးမုယြင္သည္ ရွဲ႕ခ်င္းလန္၏ အသက္ကို ကယ္တင္ရန္အလို႔ငွာ သူ႔ကိုယ္သူ စေတးသြားခဲ့၏။ ထိုျဖစ္ရပ္က ရွန္႐ႊိန္ယန္း၏ ႏွလုံးအိမ္ထဲတြင္ အဖုအထစ္ျဖစ္ေနၿပီး ဘယ္ေသာအခါမွ မေခ်ဖ်က္ႏိုင္ခဲ့ေခ်။ သို႔ေသာ္ ယခုလည္း…
သူ မသိလိုက္ခင္မွာ ျခဴးမုယြင္က ရွဲ႕ခ်င္းလန္အတြက္ ထပ္ေသေပးခဲ့ျပန္တာလား..?
ျခဴးမုယြင္လည္း ေခါင္းကိုက္လာရသည္။
ရွဲ႕ခ်င္းလန္က စကၠန႔္ပိုင္းအတြင္း သူ႔ကိုယ္သူ ပြဲၾကည့္ပရိသတ္အျဖစ္ကေန အဓိကဇာတ္ေကာင္ေနရာကို ေျပာင္းပစ္လိုက္တာပဲ။ ဒါမွမဟုတ္ ႏွစ္ေယာက္တစ္ေယာက္ တိုက္ခ်င္ေနတဲ့ Tank အ႐ူးေကာင္လို႔ ေျပာရမလား။ ရွဲ႕ခ်င္းလန္.. မင္း ဒီကို မီးေလာင္ရာ ေလပင့္မလို႔ ေရာက္လာတာလား..? ဒါမွမဟုတ္ မင္းရဲ႕ေခါင္းကို မလိုခ်င္ေတာ့လား..?
(TN : Tank က Game အသုံးအႏႈန္းပါေနာ္။ ဂိမ္းေဆာ့တဲ့လူေတြေတာ့ သိမယ္ထင္တယ္။ အေသခံၿပီး ဝင္တိုးေပးရတဲ့ Role ေပါ့။)
ျခဴးမုယြင္က ထိုသုံးေယာက္၏ စြမ္းအင္အတိမ္အနက္ကို ခ်ိန္ဆၾကည့္လိုက္သည္။ ရွန္႐ႊိန္ယန္းသည္ ေခြးဝံပုေလြေလးႏွင့္ ရင္ဆိုင္ခဲ့ရသျဖင့္ ခ်ီစြမ္းအင္အျပည့္ ျပန္မရေသးေလာက္ေပ။ မည္သို႔ဆိုေစ ေခြးဝံပုေလြေလးသည္ ရင္ဆိုင္ရခက္သည့္ ၿပိဳင္ဘက္တစ္ေယာက္ မဟုတ္ပါလား။ ႏွစ္ေယာက္သား ထိပ္တိုက္ရင္ဆိုင္ခဲ့သျဖင့္ ရွန္႐ႊိန္ယန္း၏ ခ်ီစြမ္းအားအေတာ္မ်ားမ်ား ကုန္ဆုံးခဲ့ရလိမ့္မည္။ ရွဲ႕ခ်င္းလန္သည္လည္း ခ်ီစြမ္းအားေဖာက္ျပန္မႈကို ေျဖရွင္းၿပီးေသာ္ျငား အတြင္းဒဏ္ ရွိေနဦးလိမ့္မည္။ ရန္ခ်န္းကေတာ့….. လက္ရွိအခ်ိန္တြင္ အားအနည္းဆုံး ျဖစ္ေပလိမ့္မည္။
သို႔ေသာ္ မည္သို႔ပင္ အားနည္းပါေစ၊ ႏွစ္ေယာက္တစ္ဖြဲ႕ ျဖစ္သြားသည္ႏွင့္ က်န္တစ္ေယာက္ ေသဆုံးရလိမ့္မည္။
ျခဴးမုယြင္၏စိတ္ထဲ ရွဲ႕ခ်င္းလန္ကိုသာ ေမတၱာပို႔ေနမိ၏။ ထို႔ေနာက္ ေအးတိေအးစက္ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။ : “မင္း အေတြးလြန္ေနၿပီ.. ငါ တကယ္ေသတာမွမဟုတ္တာ.. ဒီအတိုင္း မင္းေဘးနားမွာ ျပန္မရွင္ခ်င္႐ုံပဲ..”
လူသားတို႔၏ စိတ္ႏွလုံးကို လႈံ႕ေဆာ္တတ္ေသာ ဆရာျခဴး၏ စြမ္းပကားက တကယ့္ကို သက္ေရာက္မႈ ျပင္းထန္လြန္းလွ၏။
ထိုသို႔ေျပာလိုက္သည္ႏွင့္ ရွဲ႕ခ်င္းလန္မွာ တစ္ကိုယ္လုံး ေတာင့္ခဲသြားၿပီး ေဒါသထြက္ေနသည့္ ရွန္႐ႊိန္ယန္းကေတာ့ ခ်က္ခ်င္းဆိုသလို မ်က္ႏွာၾကည္လင္လာသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ လုံးဝၾကည့္မရသျဖင့္ ရွန္႐ႊိန္ယန္းက အကြက္ဝင္တုန္း ႏွာေခါင္းရႈံ႕ကာ ခနဲ႔လိုက္သည္။
“ဘာမဟုတ္တာေလးကို ေရးႀကီးခြင္က်ယ္ လာလုပ္ေနတယ္..”
ရွဲ႕ခ်င္းလန္၏ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားၿပီး ရွန္႐ႊိန္ယန္းအား လွည့္ၾကည့္ကာ ျပန္ပက္လိုက္သည္။ : “ဘာမဟုတ္တာေလးကို တကယ္ ေရးႀကီးခြင္က်ယ္လုပ္ေနတာ ဘယ္အေကာင္လဲ..? အားယြင္က မင္းကို အစကေနအဆုံးထိ အသိအမွတ္ျပဳခဲ့တာ မဟုတ္ဘူး..”
ျခဴးမုယြင္ : “………”
Zero ေလး : “(⊙v⊙) စည္ကားေနတာပဲ..!”
ျခဴးမုယြင္၏ ႏႈတ္ခမ္းမ်ား ရႈံ႕မဲ့သြားရသည္။
ဒီတစ္ေယာက္ျဖစ္ျဖစ္၊ ဟိုတစ္ေယာက္ျဖစ္ျဖစ္၊ စိတ္မပူရတဲ့လူကို မရွိဘူး..!
ရွန္႐ႊိန္ယန္း၏ စိတ္ထဲတြင္ အၿမဲတမ္း သိမ္ငယ္ေနခဲ့ရ၏။ သူ မည္သို႔ပင္ ႏွိမ့္ခ်ၿပီး ေတာင္းပန္တိုးလွ်ိဳးေနပါေစ၊ ျခဴးမုယြင္က သူ႔ကို မ်က္ႏွာသာမေပးခဲ့ေခ်။ အၿမဲတမ္း ေအးစက္စက္ မ်က္ႏွာထားျဖင့္ သူ႔အေပၚ စိမ္းကားလြန္းလွသည္။ သို႔ႏွင့္ ယခုလို ရွဲ႕ခ်င္းလန္က ရန္စလိုက္ေသာအခါ ေလထဲတြင္ ဓားရွည္တစ္လက္ ေပၚထြက္လာၿပီး တိုက္ပြဲစတင္ေတာ့မည့္ အေျခအေနသို႔ ေရာက္ရွိလာခဲ့သည္။
ျခဴးမုယြင္က သက္ျပင္းရႈိက္ကာ ေစာင္ကို ခြာခ်လိုက္သည္။
သူ၏ ခႏၶာကိုယ္ေပၚတြင္ အဝတ္အစားဟူ၍ ဗလာနတၱိ။ ယမန္ေန႔ညက ရန္ခ်န္းႏွင့္ တစ္ညလုံး အခ်စ္တိုက္ပြဲဝင္ခဲ့သျဖင့္ ကိုက္ရာ၊ စုပ္ရာ အျပည့္ျဖစ္ေနၿပီး ရွန္႐ႊိန္ယန္းကလည္း ေဒါသထြက္ထြက္ျဖင့္ စေတာ္ဘယ္ရီမွတ္မ်ား က်န္ရစ္ေစခဲ့ေသးသည္။
ျခဴးမုယြင္၏ အသားအေရက နဂိုျဖဴဝင္းေနရကား လေရာင္ေဖ်ာ့ေဖ်ာ့ေအာက္ဝယ္ အလြန္တရာ ဆြဲေဆာင္မႈရွိေနေတာ့သည္။
ျခဴးမုယြင္သည္ နည္းနည္းေလးမွ် မတြန႔္ဆုတ္သြားဘဲ အိပ္ရာေပၚမွ ဆင္းလာခဲ့၏။ နတ္ဆိုးအရွင္သုံးပါးက သူ႔ကို ခ်က္ခ်င္း လွည့္ၾကည့္လာၾကသည္။
ရွန္႐ႊိန္ယန္းက ဓားကို ျပန္သိမ္းလိုက္ၿပီး အေပၚထပ္ၿခဳံထည္ကို ခ်က္ခ်င္း ခြၽတ္လိုက္ကာ ျခဴးမုယြင္အား ၿခဳံေပးရန္ျပင္သည္။
ျခဴးမုယြင္က တြန္းဖယ္ပစ္လိုက္ၿပီး မိေမြးတိုင္းဖေမြးတိုင္း မတ္တပ္ရပ္ကာ ေအးစက္စက္ ေျပာလိုက္သည္။
“ထြက္သြား..”
တစ္ေယာက္မွ မလႈပ္ခဲ့ေခ်။
ျခဴးမုယြင္က မ်က္ခုံးပင့္ကာ ထပ္ေျပာသည္။ : “ထြက္သြားၾက..!”
ရွားရွားပါးပါး ေအာ္ဟစ္လာသျဖင့္ ရွန္႐ႊိန္ယန္းႏွင့္ ရွဲ႕ခ်င္းလန္မွာ အနည္းငယ္ ထိတ္ပ်ာသြားၾက၏။ သို႔ေသာ္ ရန္ခ်န္းကေတာ့ အခန္းထဲမွ ခ်က္ခ်င္း လွည့္ထြက္သြားေလသည္။
ရွဲ႕ခ်င္းလန္က ျခဴးမုယြင္ကို ၾကည့္သည္။ ၿပီးေနာက္ ရွန္႐ႊိန္ယန္းအား မ်က္ေစာင္းထိုးၾကည့္ၿပီး လွည့္ထြက္သြားေတာ့သည္။
သိသာစြာျဖင့္ ‘အရိပ္အကဲ နားမလည္ဆုံး’လူကား ရွန္႐ႊိန္ယန္းသာ ျဖစ္ေနသည္။ ထိုအမ်ိဳးသားသည္ ဘယ္ေသာအခါမွ နာခံမႈမရွိခဲ့ေပ။
ျခဴးမုယြင္က သက္ျပင္းခ်ကာ ေလသံေပ်ာ့ေပ်ာ့ျဖင့္ ေျပာလိုက္သည္။ : “အျပင္အရင္ထြက္ႏွင့္.. ငါ အက်ႌဝတ္ဦးမယ္..”
ရွန္႐ႊိန္ယန္းက ထြက္သြားရန္ ျငင္းဆန္ေနဆဲ။
ျခဴးမုယြင္က ထပ္ေျပာသည္။ : “ေရွာင္ယန္း.. လိမၼာစမ္းပါကြာ..”
ရွန္႐ႊိန္ယန္းက ႏႈတ္ခမ္းတင္းတင္းေစ့လိုက္ရင္း.. : “ခင္ဗ်ား ေပ်ာက္သြားရင္ ဘယ္လိုလုပ္မလဲ..?”
ျခဴးမုယြင္ အသံတိတ္သြားသည္။
ရွန္႐ႊိန္ယန္းက စိတ္ထိခိုက္စြာ ဆက္ေျပာလာသည္။ : “ကြၽန္ေတာ္ အျပင္ထြက္သြားတိုင္း ခင္ဗ်ား ေပ်ာက္ေပ်ာက္သြားတယ္..”
ျခဴးမုယြင္က အတတ္ႏိုင္ဆုံး ေဖ်ာင္းဖ်ရင္း ရွန္႐ႊိန္ယန္းကို ေခ်ာ့ေမာ့လိုက္သည္။ : “ဒီတစ္ေခါက္ေတာ့ အဲ့လိုမျဖစ္ပါဘူး..”
အမ္း.. ဒီေကာင္ မယုံေသးဘူးပဲ..!
ျခဴးမုယြင္က အဓိပၸါယ္ပါပါ ထပ္ေျပာလိုက္သည္။ : “ငါ… ဇီးပန္းေရာင္ဝါေတာင္ကေန ထြက္သြားမွာမဟုတ္ဘူး..”
ေကာင္းေရာ.. စကားတစ္ခြန္းတည္းျဖင့္ ရွန္႐ႊိန္ယန္းက အက်ႌလက္ခါကာ လွည့္ထြက္သြားေခ်ၿပီ။
ေနာက္ဆုံးေတာ့ အခန္းတစ္ခုလုံး ဆိတ္ၿငိမ္သြားခဲ့သည္။ ျခဴးမုယြင္မွာ နားထင္ကိုႏွိပ္ရင္း အနည္းငယ္ စိတ္ပူပန္လာခဲ့သည္။
သုံးေယာက္ထဲနဲ႔ ျပႆနာေကာင္းေကာင္း ရွာသြားတာပဲ။ ေနာက္ထပ္ေလးေယာက္ ထပ္ေရာက္လာရင္ ဇီးပန္းေရာင္ဝါေတာင္ေတာ့ တစ္စစီၿပိဳက်သြားမွာ ေသခ်ာတယ္..!
ရန္ခ်န္းက ဘာျဖစ္ခ်င္ေနတာလဲ..? တိုက္ပြဲျဖစ္ေအာင္ ရန္လိုက္စေနတာလား..? ေနာက္ဆုံး တစ္ေယာက္တည္း က်န္တဲ့အထိ အခ်င္းခ်င္း သတ္ျဖတ္ၾကမွာလား..?
ျခဴးမုယြင္မွာ ျဖည္းျဖည္းခ်င္း အက်ႌဝတ္ေနေသာ္ျငား အျပင္မွ အရွင္သခင္ႏွစ္ပါးကို ဘယ္လိုေဖ်ာင္းဖ်ရမလဲ၊ မနားတမ္း စဥ္းစားေနရသည္။
အက်ႌဝတ္ၿပီး အျပင္ထြက္လာၿပီးေနာက္ ျခဴးမုယြင္က စကားစရန္ ရွိေသးသည္၊ ရွဲ႕ခ်င္းလန္ႏွင့္ ရွန္႐ႊိန္ယန္းတို႔ ႏွစ္ဦးလုံး တစ္ၿပိဳင္တည္း ထေအာ္လာၾကသည္။
“ဘာေတြဝတ္ထားတာလဲ..?”
ျခဴးမုယြင္က ဘာမွျပန္မေျဖခဲ့ေပ။
ရန္ခ်န္းက ေဘးမွေန၍ ခနဲ႔တဲ့တဲ့ ေျပာလာသည္။ : “သူက အစကတည္းက ဇီးပန္းေရာင္ဝါေတာင္ရဲ႕ အေစခံပဲေလ.. အေစခံအက်ႌဝတ္ထားတာ ဘာျဖစ္လို႔လဲ..?”
ျခဴးမုယြင္ : “……...”
အၿငိဳးအာဃာတမ်ား ထပ္မံေဝ့ဝိုက္လာၿပီး သုံးေယာက္သား ရန္ပြဲျဖစ္ေတာ့မည့္အခ်ိန္ ျခဴးမုယြင္က ကတိုက္က႐ိုက္ ဝင္ေျပာလိုက္သည္။
“ငါ မင္းတို႔နဲ႔ တစ္ေယာက္ခ်င္းစီ စကားေျပာလို႔ရမလား..?”
ထိုအခိုက္မွာေတာ့ သုံးေယာက္လုံး ရွားရွားပါးပါး စိတ္ခ်င္းထပ္တူညီေနၿပီး တစ္ေယာက္မွ ျပန္မေျဖလာခဲ့ေခ်။
သူတို႔သုံးေယာက္လုံးက ငတုံးမဟုတ္။ အထူးသျဖင့္ ျခဴးမုယြင္အေၾကာင္း ေကာင္းေကာင္း သိထားၾကၿပီးျဖစ္ရာ ျခဴးမုယြင္ ထိုစကားေျပာလိုက္သည္ႏွင့္ ဘာလုပ္ခ်င္ေနမွန္း အလိုလို နားလည္ေနၾကသည္။ သူတို႔သုံးေယာက္ ဆုံေနလွ်င္ ေဖ်ာင္းဖ်ရန္ မျဖစ္ႏိုင္ေသာေၾကာင့္ ျခဴးမုယြင္က လူစုခြဲကာ တစ္ေယာက္ခ်င္းစီကို အယုံသြင္းလွည့္စားရန္ ႀကံစည္ေနျခင္းသာ။
ရန္ခ်န္းက ဦးဆုံး ေျပာလာသည္။ : “ဘာစကားမွ ေျပာစရာမလိုဘူး.. မနက္ျဖန္ဆို ဇီးပန္းပြဲေတာ္ေရာက္ၿပီ.. စိတ္ရင္းပါပါနဲ႔ လဲစရာ ပစၥည္းယူလာရင္ ဘယ္သူမဆို သူ႔ကို ေခၚသြားလို႔ရတယ္..”
ရွန္႐ႊိန္ယန္းက ရန္ခ်န္းကို မ်က္ေထာင့္နီျဖင့္ စိုက္ၾကည့္ကာ.. : “အခု ေခၚသြားမွာ..”
ရန္ခ်န္းက ညင္းသြဲ႕သြဲ႕ ရယ္သြမ္းေသြးရင္း.. : “စမ္းၾကည့္ေလ..”
ရွန္႐ႊိန္ယန္း၏ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားသည္။ : “ဇီးပန္းေရာင္ဝါေတာင္ေလာက္နဲ႔ ငါ့ကို တားႏိုင္မယ္လို႔ မင္းထင္ေနတာလား..?”
ၿပီးေနာက္ ရွဲ႕ခ်င္းလန္ကို မ်က္ေစာင္းထိုးကာ သေရာ္ၿပဳံးၿပဳံးလိုက္ရင္း.. : “အဲ့အမႈိက္ေကာင္နဲ႔ ပူးေပါင္းရင္ေတာင္ မင္း ငါ့ကို တားႏိုင္မယ္မထင္နဲ႔..!”
ထိုသို႔အေျပာခံလိုက္ရေသာ္ျငား ရွဲ႕ခ်င္းလန္သည္ အလြန္တည္ၿငိမ္ေနၿပီး မ်က္ႏွာအမူအရာ ေျပာင္းလဲသြားျခင္းမရွိ။ ပတ္ဝန္းက်င္ကိုသာ ေအးတိေအးစက္ ေဝ့ၾကည့္လိုက္သည္။
ရန္ခ်န္းက ၿပဳံးသည္။ : “ငါေျပာခ်င္တာက…. ျခဴးမုယြင္က မင္းနဲ႔လိုက္မွာ မဟုတ္ဘူးလို႔..”
ရွန္႐ႊိန္ယန္းမွာ ခ်က္ခ်င္း တိတ္က်သြားခဲ့သည္။
ရန္ခ်န္းက ျခဴးမုယြင္၏ လက္ကို ဆုပ္ကိုင္လိုက္ၿပီး ႏူးညံ့ၾကင္နာစြာ ေျပာလာသည္။ သို႔ေသာ္ မ်က္ဝန္းထဲတြင္မူ ေအးစက္ျခင္းမ်ားအျပည့္။ : “သူက ငါ့ကိုပဲ ခ်စ္တာေလ.. ငါ့ကို ထားခဲ့ႏိုင္မွာမဟုတ္ဘူး.. မင္း သူ႔ကို အတင္းေခၚသြားရင္ေတာင္ နည္းလမ္းရွာၿပီး ငါ့ဆီ ျပန္လာမွာပဲ..”
“အို႔…” ရန္ခ်န္းက ဆက္ေျပာသည္။ “မင္း ငါ့ကို သတ္ခ်င္တာလား..? အဲ့တာလည္း အသုံးမဝင္ဘူးေနာ္.. ငါေသသြားရင္ မင္းရဲ႕ အားယြင္က သူ႔အသက္ကိုစေတးၿပီး ငါ့ကို အသက္သြင္းေပးမွာ..” “ဘာပဲေျပာေျပာ… သူက… မေသႏိုင္ဘူးေလ..”
ထိုသို႔ေျပာၿပီးေနာက္ ရန္ခ်န္းက ျခဴးမုယြင္ကို အသာလွည့္ၾကည့္ကာ.. : “အားယြင္.. ကိုယ္ေျပာတာ မွန္ရဲ႕လား..?”
ျခဴးမုယြင္ : “အင္း..”
ရန္ခ်န္း၏ ႏႈတ္ခမ္းေထာင့္မွ အၿပဳံးသည္ ေတာက္ပသည္ထက္ ပိုမိုေတာက္ပလာေလၿပီး.. : “ကိုယ့္ကို ထားမသြားဘူးမလား..?”
ျခဴးမုယြင္ : “အင္း..”
ရန္ခ်န္း : “ကိုယ္ မင္းကို မခ်စ္ရင္ေတာင္..?”
ျခဴးမုယြင္ : “မင္း ငါ့ကိုမခ်စ္ရင္ေတာင္..”
ထိုစကားလုံးမ်ားက ရွန္႐ႊိန္ယန္းႏွင့္ ရွဲ႕ခ်င္းလန္ကို ထပ္တူညီ ခံစားသြားရေစသည္။ ႏွစ္ေယာက္လုံး ႐ုပ္ထုတစ္ခုႏွယ္ ေတာင့္ခဲသြားၾကၿပီး မယုံၾကည္ႏိုင္သည့္ မ်က္ဝန္းမ်ားျဖင့္ မလႈပ္မယွက္ ေငးၾကည့္ေနၾက၏။
ရန္ခ်န္းက သူတို႔ကို ၿပဳံးျပဳကာ.. : “ႏွစ္ေယာက္လုံး ေက်းဇူးျပဳၿပီး ျပန္သြားၾကပါ..”
ၿပီးေနာက္ ျခဴးမုယြင္၏ လက္ဖဝါးကို ညင္သာစြာ ပြတ္သပ္လိုက္ရင္း ေဖာ္ေ႐ြစြာ ဆက္ေျပာခဲ့သည္။ : “မနက္ျဖန္ ဇီးပန္းပြဲေတာ္က်မွ ျပန္ေတြ႕ၾကတာေပါ့.. မင္းတို႔ရဲ႕ လက္ေဆာင္ကို ေစာင့္ေမွ်ာ္ေနပါ့မယ္..”
“ငါက သူ႔ကို အတင္းဆြဲေခၚသြားမယ္ဆိုရင္ေရာ..?”
႐ုတ္တရက္ အလြန္ေမာက္မာေထာင္လႊားသည့္ အသံတစ္ခု ထြက္ေပၚလာခဲ့၏။ ထိုအခိုက္မွာပင္ ပထဝီေျမျပင္တစ္ခုလုံး လႈပ္ယမ္းသြားၿပီး ဓားစြမ္းအင္လႈိင္းတစ္ခုသည္ ေကာင္းကင္ေလထုလႊာကို ျဖတ္သန္းလ်က္ အလြန္ျပင္းထန္သည့္ ဖိအားအရွိန္အဝါႏွင့္အတူ ရွင္းရွင္းလင္းလင္း ေပၚထြက္လာခဲ့သည္။
ပထမဆုံးလႈပ္ရွားမႈကပင္ လူသတ္တိုက္ကြက္ ျဖစ္ေနေခ်ၿပီ။ ျခဴးမုယြင္၏ လက္ရွိခႏၶာကိုယ္သည္ က်င့္ႀကံဆင့္နိမ့္၍ ေသြးမ်ား အထက္ေအာက္ေျဗာင္းဆန္သြားသလို ခံစားလိုက္ရသည္။ သို႔ႏွင့္ အသံတိတ္ ဆဲေရးလိုက္မိသည္။
လင္း႐ႊမ္ေရ.. နည္းနည္းေလာက္ စိတ္ေလ်ာ့ပါဦးဟ..!!!
……………………………………
TN : Click ၾကပါေနာ္။ ဒါေလးပဲ ေျပာစရာရွိပါတယ္။
……………………………………