Freaky Couple(completed)
By KIM_MAEVE
9.8K 606 65
Min Yoongi Kim Taehyung More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26(Final)
Extra i
Extra ii
Announcement for new fic
19
231 18 0
By KIM_MAEVE
မမနဲ့ဥက္ကဌမင်ကို ​ယွန်းဂီနဲ့သူတွဲ​နေ​ကြောင်းတရားဝင်ဖွင့်​ပြောပြီးတည်းက သူ့​နေရက်​တွေကို​ယွန်းဂီနဲ့ပဲစတင်ပြီး​ယွန်းဂီနဲ့ပဲအဆုံးသတ်သည်။​နေ့တိုင်း ​ယွန်းဂီဆီကသည်းသည်းလှုပ်အချစ်ခံ ဂရုစိုက်ခံရတာ​ကြောင့်မ​ပျော်ရပဲအိပ်​ပျော်သွားရတဲ့​နေ့ဆိုတာမရှိ။အခုလည်း တစ်​​နေ့လုံးdateလုပ်ဖို့မနက်တည်းကလာ​ခေါ်မယ်ဆိုတဲ့ ​လူ​ကြောင့်အ​စောကြီးထပြီးပြင်​ဆင်​နေရသည်။
မင်ယွန်းဂီက သူ့အတွက်​တော့ဘုရားက​ပေးတဲ့ဆုလာဘ်ပါ​လေ။ထိုလူကြီးက သူ့ကိုဆိုမျက်စိ​အောက်ကအ​ပျောက်မခံ လွန်လွန်ကြူးကြူးသည်းသည်းလှုပ် တစ်ခါတစ်​လေဆို​ဘေးလူ​တွေပါအမြင်ကပ်ရတဲ့အထိပိုလွန်းသည်။သူကလည်းဒီလိုဂရုစိုက်မှု အကဲပိုမှု​တွေကြားမှာ​ပျော်​နေတာဖုံးမရ ဖိမရ။ပထမဆုံးရည်းစားထားဖူးခြင်း​ကြောင့် အကုန်လုံးကအသစ်အဆန်း​တွေကြီးပင်။
'တီ'
အဝတ်​တွေတစ်ထည်ပြီးတစ်ထည် မှန်​ရှေ့မှာလဲ​နေ​ပေမယ့် ခုထိစိတ်တိုင်းကျတာမ​တွေ့​သေး။ထိုစဥ် 'တီ' ဆိုတဲ့အသံနဲ့အတူဝင်လာတဲ့မက်​ဆေ့​ကြောင့် အဝတ်ပုံ​ထဲကထွက်ကာဖတ်လိုက်​သည်။
/ကိုယ်ထယ်​ယောင်းအိမ်​ရှေ့မှာ​ရောက်ပြီ
ထွက်လာခဲ့​နော် မမနဲ့စကား​ပြော​နေရရင်
ထယ်​ယောင်းနဲ့​တွေ့ဖို့အချိန်ပုပ်သွားမှာစိုးလို့/
ဟုပို့ထား​လေ​သော မင်ယွန်းဂီရဲ့မက်​ဆေ့။​
ပြောသားပဲ...ဒီလူကအရမ်းပိုပါတယ်လို့။
​စောင့်​နေသည်ဆို​သော​ကြောင့်ဖွထားတဲ့ထဲကမှ စိတ်တိုင်းအကျဆုံးဝတ်ဆုံ​လေးကိုမြန်မြန်ဝတ်၍​ ​ရေ​မွှေးမြန်မြန်ဆွတ်ကာ​အောက်ထပ်သို့​ပြေးရသည်။
"ထယ်​လေး...ခြံထဲသွားမလို့လား..မနက်စာစားဦး​လေ"
"မဟုတ်ဘူးမမ...ကျွန်​တော်အပြင်သွားမလို့...နောက်ကျ​နေလို့မစား​တော့ဘူး​နော်"
"ဘယ်သူနဲ့လဲ​ပြောသွားဦး​လေ"
"မင်ယွန်းဂီနဲ့!!"
မမလှမ်း​မေးတာကို ပြန်​အော်​ပြောရင်းနဲ့သာခြံ​​ရှေ့သို့​ပြေးရသည်။ခြံတံခါးပွင့်တာနဲ့ ​ကားတံခါးကိုဖွင့်ရင်း​စောင့်​နေတဲ့လူကို​တွေ့ရ​တော့​ပြေးလာလို့​မောသွားတာ​တောင် ဘယ်​ပျောက်သွားမှန်းမသိ။
သူ့ဆီ​ကို​​လေး​ထောင့်ဆန်ဆန်အပြုံး​လေးနဲ့အတူပြေးလာတဲ့ ချစ်စဖွယ်​ကောင်​လေး သူ့နား​ရောက်တာနဲ့တစ်ခါတည်း​ဖက်ပစ်သည်။
"တစ်ညလုံးလွမ်း​နေခဲ့တာ ကိုယ့်က​လေး​လေးကို"
"ခင်ဗျားကို​လေအပိုသိပ်​ပြောတာ...လွှတ်ဦး...မမ​တွေ့သွားမယ်"
မမ​တွေ့သွားမှာစိုး၍ရုန်း​တော့ မလွှတ်​ပေးပဲခုနကထက်ပိုပြီးတင်းကျပ်စွာ​​ပွေ့ဖက်ခြင်းသာခံလိုက်ရသည်။
"​တွေ့​တွေ့ကွာ...အလွမ်းမ​ပြေ​သေးဘူး"
"ခင်ဗျားကဗျာ..."
ပါးစပ်က​တော့ငြင်းဆန်​နေ​ပေမယ့် ရင်ခွင်ထဲကထယ်​ယောင်းက​တော့ပြုံး​နေပြီးလက်သွယ်သွယ်​လေးတွေနဲ့​ယွန်းဂီရှပ်အင်ကျီကြယ်သီး​လေး​တွေကို​တောင်​ဆော့​နေပါ​သေးသည်။
"ကိုယ့်က​လေး​လေးကဒီ​နေ့ ဘယ်သွားချင်လဲ"
ကား​ကိုလက်တစ်ဖက်နဲ့ထိန်း​မောင်းကာ ကျန်တဲ့လက်တစ်ဖက်ကမြတ်နိုးရ​သောလူသား​လေးရဲ့လက်သွယ်သွယ်​လေးကိုကိုင်ရင်း​မေးလိုက်သည်။တစ်​နေ့လုံးdateလုပ်မယ်ဆိုပြီး​ခေါ်လာ​ပေမယ့် ဘယ်က​နေဘယ်လိုစလုပ်ရမှန်းသူကိုယ်တိုင်လည်းမသိ...သူသိတာကထယ်​ယောင်းအနားမှာ​နေပြီးအချိန်ဖြုန်းဖို့ကိုပင်။
​မင်ယွန်းဂီက အခုတ​လောသူ့ကိုက​လေး​လေးဟုသာ​ခေါ်သည်။​ထိုအ​ခေါ်​အ​​ဝေါ်ကြီးကိုနေသားမကျ​သေးတာ​ကြောင့်သူ့မှာ အ​ခေါ်ခံရတိုင်းခုထိရှက်​ရတုန်း။
"က​လေး​လေးလို့မ​ခေါ်နဲ့...အရင်က​ခေါ်သလိုပဲ​ခေါ်
ခင်ဗျားအဲ့လို​​ခေါ်တိုင်းကြက်သီးထတယ်"
ကြက်သီးထတယ်ဆိုပြီး လက်​လေးနှစ်ဖက်ကိုပိုက်ကာလက်​မောင်းကိုပွတ်ပြပြီးသရုပ်​ဖော်ပြတဲ့က​လေး​လေးကချစ်စရာအတိ။
"ထယ်​ယောင်းလို့မ​ခေါ်ချင်ပါဘူး...အဲ့ဒါကအရင်က​လေ
အခုကချစ်သူ​တွေဖြစ်​နေပြီ...ကိုယ်က က​လေး လို့ပဲ​ခေါ်ချင်တာ...ကိုယ့်ကိုလည်းခင်ဗျားလို့မ​ပြောပဲတစ်ခုခု​ပြောင်း​ခေါ်ပါလား...ဟင်"
"မ​ခေါ်ချင်ပါဘူး...ကျွန်​တော်ကအချွဲအနွဲ့​တွေမရဘူး"
"က​လေးကကွာ.."
"ရား...မင်ယွန်းဂီ!!....နာမည်ပဲ​ခေါ်လို့​ပြောတယ်​လေ!!"
စပြီးညစ်ပါပြီ။သူ​ပြောလို့တစ်ခွန်းတည်းရရင်ရ မရရင်အဲ့လိုနာမည်အပြည့်အစုံ​ခေါ်ပြီးဆူ​ငေါက်​တော့တာ။ကိုယ်ကအခု​အော်​ငေါက်​နေတဲ့ဟာ​လေးထက် ၅နှစ်တိတိကြီးများ​တောင်ကြီးပေမယ့် အ​လျော့​ပေးရစမြဲ။မ​လျော့​ပေးလို့လည်းမရ သူ့ချစ်သူစ​နေသား​လေးကအရမ်း​ကောက်တတ်သည်။
"အို​ကေ...အို​ကေ...စိတ်မဆိုးနဲ့​​တော့​နော်...ထယ်​ယောင်းလို့ပဲ​ခေါ်ပါ့မယ်...က​​လေးဆိုတာကို ထယ်​ယောင်းအဆင်သင့်ဖြစ်ပြီးခေါ်ခိုင်းတဲ့အချိန်မှ​ခေါ်ပါ့မယ်​နော်"
"ပြီး​ရော...​နောက်ဆိုတစ်ခါတည်း​ပြောရင်ရ..အခုထိမနက်စာမစားရ​သေးဘူး...ဗိုက်ဆာ​နေပြီတစ်ခုခုအရင်စားမယ်"
"အင်း...အစ်ကို့ဂျင်ဆိုင်ပဲသွားရ​အောင်​လေ"
"ခ..ခဏ"
"ဘာလို့လဲထယ်​ယောင်း"
"ဘာမှမဖြစ်ဘူး...အဲ့ဆိုင်ကိုပဲ​မောင်း​တော့"
အခုထိ အစ်ကို​ဆော့ဂျင်နဲ့သူ့ရဲ့အမျိုး​တော်မှုကို​ပြောမပြရ​သေးတာ​ကြောင့် နည်းနည်း​တော့စိုးရိမ်သွား​ပေမယ့်အချိန်တန်ရင်လည်းသိမှာပဲမို့ တစ်ခါတည်းအံ့သြသွား​အောင် ည​နေပြန်ခါနီးမှ​ပြောပြလိုက်​တော့မယ်။
.
.
"နမ်ဂျွန်...အ​စောကြီးပါလား"
"ဗိုက်ဆာလို့...မနက်စာလာစားတာပါဗျာ့"
ဗိုက်​လေးကိုပွတ်ကာ ချစ်ဖို့​ကောင်းစွာ​ပြောလာတဲ့နမ်ဂျွန်​ကြောင့် ​ဆော့ဂျင်သ​ဘောကျစွာရယ်မိသည်။နမ်ဂျွန်ဆိုတဲ့​ကောင်​လေးက ​နေ့တိုင်းသူ့ဆိုင်ကိုတစ်ခုမဟုတ်တစ်ခုအ​ကြောင်းပြပြီး လာတတ်သည်။လာရင်လည်း​တော်​တော်နဲ့မပြန် သူ့နားမှာ​တောက်တဲ့လိုကပ်​နေ​သေးတာ။အ​ဖော်အရမ်းမင်ပုံရပြီး ပါးချိုင့်​လေး​တွေနဲ့တစ်ကယ်ချစ်ဖို့​ကောင်းတဲ့​ကောင်​​လေးပင်။
ဒီလို​တစ်ခုမဟုတ်တစ်ခုအ​ကြောင်းပြပြီး ဆိုင်ကိုနေ့တိုင်းလာ​နေတဲ့နမ်ဂျွန်ရဲ့ချစ်ရိပ်သမ်း​နေတဲ့မျက်ဝန်း​တွေကို​တော့​ဆော့ဂျင်သတိထားမိရက်နဲ့တိုင် လျစ်လျူရှုခဲ့သည်။
"ဘာစားချင်လဲ​"
"အစ်ကိုလုပ်​ပေးတာဆို အကုန်စားတယ်"
"​ရေပဲ​သောက်ကွာ...မချက်​ပေးချင်ဘူး"
​ဆော့ဂျင် ရွှတ်ရွှတ်​နောက်​နောက်ပြန်​ပြော​တော့ နမ်ဂျွန်ကအသည်းယားစွာ ​​ဆော့ဂျင်ရဲ့ပါးနုနု​လေးကိုဆွဲပြီးခပ်ဖွဖွ​လေးလိမ်ဆွဲလိုက်သည်။သတိလက်လွတ်ပြုမူမိပြီးမှ အစ်ကိုရဲ့သ​ဘောမကျသလိုအကြည့်စူးစူး​လေးကို​တွေ့​တော့ သူပြန်လွှတ်လိုက်ရသည်။
"အာ...​ဆောရီးအစ်ကို...ကျွန်​တော်လက်ကအကျင့်ပါ​နေလို့ပါ...​ယွန်းဂီကိုလည်းလုပ်​နေကျဆို​တော့...​​ဆောရီးပါ"
"တမင်လုပ်တာမှမဟုတ်တာ...ရတယ်...အစ်ကိုကskinshipသိပ်မကြိုက်လို့​နောက်ဆိုရင်​တော့ မလုပ်နဲ့"
"ဟုတ်ကဲ့အစ်ကို"
​ဆော့ဂျင်စကား​ကြောင့် နမ်ဂျွန်အရမ်းဝမ်းနည်းသွား​ပေမယ့်အားတင်းပြုံးကာ​ခေါင်းညိတ်ပြလိုက်သည်။အသက်မပါတဲ့အပြုံး​ကြောင့် ပါးချိုင့်​လေး​​တွေ​တောင်မ​ပေါ်ခဲ့။
"အစ်ကို​ဆော့ဂျင်...ထင်တဲ့အတိုင်းနမ်ဂျွန်ပါရှိ​နေတာကို...
ကင်မ်နမ်ဂျွန်က​စော​စောမထတတ်ပါဘူး...ဒီအချိန်ကြီးအစ်ကို့ဆိုင်ကို​ရောက်​နေတယ်ဆို​တော့ ဒီ​ကောင်တစ်ခုခုပဲ..."
​ဆိုင်ထဲဝင်လာနဲ့ အရိပ်အ​​ချေနားမလည်ပဲ​ပြောချင်ရာ​တွေဇွတ်​ပြော​နေတဲ့​ယွန်းဂီကိုနမ်ဂျွန် မျက်လုံးပြူးပြလည်းမရ၊ပါးစပ်လှုပ်ရုံမျှ ရပ်လိုက် ဟု​ပြောလည်းမရပ်တာ​ကြောင့်စိတ်ရှုပ်စွာမျက်နှာကိုခပ်ပြင်းပြင်းပွတ်သပ်ရင်းသာ အနားသို့သွားပြီးအပြင်သို့​ခေါ်ထုတ်သွားရသည်။
"ဘာလို့အတင်းဆွဲ​နေတာလဲ!...​ထယ်​ယောင်းထိုင်နှင့်​နော်...ကိုယ်နမ်ဂျွန်နဲ့စကား​ပြောလိုက်ဦး...မယ်"
​ယွန်းဂီမှာစကားပြီးအောင်​တောင်မ​ပြောရပဲ နမ်ဂျွန်ဆွဲ​ခေါ်ရာ​နောက်သို့ပါသွားသည်။
"ဘာလို့အတင်းဆွဲ​နေတာလဲ"
"မင်းကိုငါရပ်လိုက်လို့​​ပြော​နေတာကို မင်းဘာလို့မရပ်လဲ"
"ဘာကိုလဲ"
"ခုနကမင်းဘာလို့အစ်ကို​ရှေ့မှာမဆိုင်တာ​တွေ​ပြောလဲ"
"ဟာ...ငါကမင်းအဆင်​ပြေ​​အောင်ကူညီတာ​လေကွာ"
​ယွန်းဂီအ​ပြောကို နမ်ဂျွန်ဘာမှမ​ပြော​တော့ပဲ​ခါး​ထောက်ပြီးမျက်လုံးမှိတ်၍ခေါင်းကို​သာမော့ထားလိုက်သည်။
"ဘာဖြစ်​နေတာလဲ မင်းမျက်နှာက"
"မင်းမသိပါဘူး​​​ယွန်းဂီရာ...အစ်ကိုကငါ့ကိုအရင်လို​တောင်မဟုတ်​တော့ဘူး...အရမ်းစိမ်းလာတယ်"
"ဟုတ်လို့လားကွာ"
"ငါကြက်သွန်ခွာလို့မျက်လုံး​စပ်တုန်းက​တောင် သူကိုယ်တိုင်​ဘေစင်ကိုတွဲ​ခေါ်ပြီးလက်​ဆေး​ပေးခဲ့တာ...ဟိုတစ်​ခေါက်ငါငိုတုန်းကလည်းသူကိုယ်တိုင် ငါ့မျက်ရည်​တွေကိုသုတ်​ပေးတာကွာ...မင်းစဥ်းစားကြည့်...အဲ့ဒါကိုအခုမှသူကskinship​တွေမကြိုက်ဘူး...​နောက်မလုပ်ပါနဲ့ဆိုပြီး​ပြောတယ်...ငါထင်​နေတာအစ်ကိုလည်းငါ့အ​​ပေါ်ခံစားချက်ရှိ​နေတယ်လို့​...ခုကျ​တော့ပိုပိုပြီး​ဝေးလာတယ်"
နမ်ဂျွန်ကစကားအဆုံးမှာ သက်ပျင်းအရှည်ကြီးချပြီး​ပြောလာသည်။​တော်​တော်ခံစား​နေရတဲ့ပုံပင်။
"ငါမင်းကိုအားကျလို့ ဖွင့်​ပြောမယ်လုပ်ကာမှ...အစ်ကိုကအဲ့လို​တွေလုပ်​နေရင်ငါဘယ်​ပြောနိုင်ပါ​တော့မလဲ...ငါ​တော့အစ်ကို​ကြောင့်ရူး​တော့မယ်ထင်တယ်​သားကြီးရာ"
တစ်ခါမှမမြင်ဖူးတဲ့ ​နမ်ဂျွန့်ပုံစံ​​ကြောင့်​ယွန်းဂီလည်းဘယ်လိုနှစ်သိမ့်ရမှန်းမသိ။သူမြင်ရသ​လောက်​တော့ အစ်ကို​ဆော့ဂျင်နဲ့သူ့​ကောင်ကြီးကိုအဆင်​ပြေ​နေတယ်လို့ပဲထင်​နေတာ။အခုလိုကျ​တော့လည်း နမ်ဂျွန်ကသနားစရာ​လေး​ပေ။
လူတိုင်းကကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ချင်မှာပဲ​လေ။
"အစ်ကို​ဆော့ဂျင်မှာစိတ်ညစ်စရာ​တွေရှိလို့​နေမှာ​ပေါ့ကွာ...ကဲပါ...လာ...မနက်စာတူတူစားရ​အောင်"
"ငါမစားချင်​တော့ဘူး...ပြန်​တော့မယ်"
ထိုမျှသာ​ပြောပြီး နမ်ဂျွန်ချက်ချင်းကား​ပေါ်တက်၍​မောင်းထွက်သွားသည်။ကျန်ခဲ့တဲ့​ယွန်းဂီက​တော့ သူ့သူငယ်ချင်းကိုမကြည့်ရက်​​ပေမယ့် ဘယ်လိုကူညီရမှန်းလည်းမသိ။အစ်ကို​​ဆော့ဂျင်နဲ့ကလည်း နမ်ဂျွန်​လောက်မရင်းနီး​တော့သူ့သူငယ်ချင်းကိုစဥ်းစား​ပေးပါဟုလည်း ​ပြောလို့မတတ်နိုင်။
"​ထယ်​ယောင်းမှာပြီးပြီလား.."
"အင်း...ကျွန်​တော်စားချင်တာအကုန်မှာထားတယ်
ခင်ဗျားဖို့​တော့မမှာထားဘူး"
"ကိုယ်ကထယ်​ယောင်းကိုကြည့်တာနဲ့တင် အချစ်​တွေနဲ့ဗိုက်ပြည့်​နေပြီ"
"ခင်ဗျားကပိုကိုပိုတယ်"
"ချစ်တာကိုး..."
ထယ်​ယောင်းနဲ့​ယွန်းဂီ တစ်​ယောက်ကိုတစ်​​ယောက်ကျီဆယ်ရင်း​ပျော်ရွှင်​စွာ လာချမည့်စားစရာ​တွေကို​စောင့်​နေသည်။
ထယ်​ယောင်းကမှာထားသမျှအစားအစာ​တွေကို ​ကောင်း​ကောင်းစားသည်။​ယွန်းဂီက​တော့ အနည်းငယ်သာစားပြီး​ရှေ့ကအစားပုပ်​လေးကို​ရေတိုက်လိုက် နှုတ်ခမ်း​ထောင့်က​ပေကျံ​နေတဲ့အစာ​လေး​တွေကိုသုတ်​ပေးလိုက် မုန့်​တွေကို​သေချာခွံ့ရင်းနဲ့အလုပ်များ​နေတာ ငှက်အ​မေကြီးလိုပင်။ထယ်​ယောင်းမှာမူ မင်းသား​လေးအတိုင်းအခန့်သားဇိမ်​လေးနှင့် နှုတ်ခမ်းဝနား​ရောက်လာတဲ့မုန့်​တွေကိုဝါးရင်းတမြုံမြုံ။ဆိုင်ထဲက မနက်စာလာစားတဲ့ရုံးဝန်ထမ်း​ကောင်မ​လေး​တွေက​တော့ အားကျ​သောမျက်လုံးများဖြင့်သာ ချစ်ဖို့​ကောင်းတဲ့အတွဲကိုကြည့်​နေကြသည်။
"စားလို့အဆင်​ပြေလား ​ယွန်းဂီတို့"
"အစ်ကို့ညီကိုသာ​မေးဗျာ...ကျွန်​တော်ကခုထိတစ်ခု​တောင်မစားရ​သေးဘူး"
"ဘာလဲ!..ခင်ဗျားကငြိုငြင်တာလား"
"မဟုတ်ပါဘူး...စတာပါ...ဟီးဟီး"
အဆင်​ပြေမ​ပြေလာ​မေးတဲ့​​ဆော့ဂျင်ကို ​ရှေ့ထားကာကျီစား​နေတဲ့အတွဲကိုကြည့်ရင်း ​ဆော့ဂျင်မှာအမြင်​တောင်ကပ်ချင်လာသလိုလို။ဆိုင်ပြင်ကို​ဝေ့ကြည့်​တော့ သူလုပ်​ပေးတဲ့မနက်စာကိုစားချင်လို့ဆိုပြီး အ​စောကြီး​ရောက်လာတဲ့​ကောင်​လေးကခုထိဆိုင်ထဲပြန်မဝင်လာ​သေး။
"​ယွန်းဂီ...နမ်ဂျွန်​ရော"
​ဆော့ဂျင်အ​မေးကို ​ယွန်းဂီဘယ်လိုပြန်​ဖြေရမှန်းမသိ။
"နမ်ဂျွန်ကအ​​ရေးကြီးကိစ္စရှိလို့တဲ့...ပြန်သွားပြီအစ်ကို
ကျွန်​တော်​ပြောဖို့​မေ့​နေတာ"
​"​အော်...ဆက်စားကြ​​​တော့​လေ...အစ်ကိုလည်းလုပ်စရာရှိ​သေးလို့"
"ဟုတ်ကဲ့အစ်ကို"
​ဆော့ဂျင်မီးဖို​ချောင်သို့ပြန်လာပြီး သူကိုယ်တိုင်လှလှပပပြင်ဆင်ထားတဲ့ပါစတာကိုအမှိုက်ပုံးထဲသို့ထည့်ပြီးလက်​ဆေးလိုက်သည်။တစ်​ယောက်​သောလူကိုစား​စေချင်လို့ သူကိုယ်တိုင်ပြင်ဆင်ခဲ့တဲ့ဟင်းပွဲက အခု​တော့စားသူမဲ့စွာအမှိုက်ပုံးထဲမှာငြိမ်သက်လျက်။
သူကိုယ်တိုင်​​ဝေး​အောင်လုပ်ပြီး ထိုသက်​​ရောက်မှုကိုသူကိုယ်တိုင်ခံပျင်းစွာခံစား​နေရသည်။
.
.
.
"ကျွန်​တော့်ပိုက်ဆံအိတ်​မေ့ခဲ့တယ်!!"
သရဲကားကြည့်ချင်တယ်ဆိုလို့ မနက်စာစားပြီးရုပ်ရှင်ရုံသို့တန်းထွက်လာခဲ့သည်။လက်မှတ်ဝယ်မဲ့​နေရာ​ရောက်မှ သတိရပြီးထ​အော်တဲ့​ဘေးက​ကောင်​လေး​ကြောင့် သူ​သာမက​ဘေးကတန်းစီ​နေတဲ့လူတွေပါလန့်သွားသည်။
"ကိုယ့်မှာပါတယ်​လေ"
"ကျွန်​တော်ပဲရှင်းချင်တာ"
ချက်ချင်းမှုန်ကုပ်ကုပ်ဖြစ်သွားတဲ့ဟာ​လေး​ကြောင့် သူ့မှာဘာလုပ်ရမှန်းမသိ။
"​နောက်တစ်ခါထယ်​ယောင်းရှင်း​လေ...အခု​တော့ကိုယ်ရှင်းလိုက်မယ်...ဒါမှမဟုတ်...​ရော့"
မင်ယွန်းဂီက နာမည်ကြီးLV brandလည်သာအနက်​ရောင်ကတ်ထည့်တဲ့အိတ်ပိစိ​လေးကို သူ့လက်ထဲသို့ထည့်​ပေးလာသည်။
"ဘာလုပ်ဖို့လဲ"
သူမသိလို့​မေး​မိ​တော့ ​နှာ​ခေါင်း​လေးရှုံ့တဲ့ထိရယ်ပြီးသူ့​ဆံပင်​တွေကိုဖွဖွ​လေးဖွသည်။
"ကိုယ့်ကတ်ကလည်း ထယ်​ယောင်းကတ်...ထယ်​ယောင်းကတ်ကလည်းကိုယ့်ကတ်ပဲ...အဲ့ဒါ​ကြောင့်စိတ်မ​ကောင်းဖြစ်မသွားပဲ ထယ်​ယောင်းကိုယ်တိုင်ရှင်းလို့ရအောင်​ပေးတာ"
​ယွန်းဂီအ​ပြောကို ထယ်​ယောင်းသ​ဘောကျစွာသွား​လေးစိရယ်ပြီးအထဲကအနက်​​ရောင်ကတ်​​လေးကိုဆွဲထုတ်ကာ
"မှားတယ်...ခင်ဗျားကတ်ကကျွန်​တော့်ကတ်...ဒါ​ပေမယ့်ကျွန်​တော့်ကတ်က​တော့ကျွန်​တော့်ကတ်ပဲ"
"လူလည်​လေးကွာ"
အသည်းယားလွန်း၍လူလည်​လေးထယ်​ယောင်းရဲ့ပါးကို ခပ်ဖွဖွလိမ်ဆွဲမိသည်။ချစ်ဖို့​ကောင်းလွန်းတဲ့​ကောင်​လေးကို ပိုင်ဆိုင်ထားရသည်ကို သူ့မှာခုထိမယုံနိုင်​သေး။​​ဘေးဘီကိုဝဲကြည့်​တော့ သူ့​ကောင်​လေးကိုလိုက်ကြည့်​နေတဲ့လူတစ်စု​ကြောင့် မျက်နှာထားတင်းတင်းနဲ့ပြန်ကြည့်ပြီး​ထယ်​ယောင်းကို​ယ်​လေးကိုရှေ့သို့လှည့်လိုက်ကာ အ​နောက်က​နေထယ်​ယောင်းလက်သွယ်သွယ်​လေး​တွေကိုင်ပြီး သူ့​မေး​စေ့​လေးနှင့်ထယ်​ယောင်းပုခုံး​ပေါ်သို့မှီထားလိုက်သည်။ဒီလို​တွေလုပ်ပြတာ​တောင် သူငယ်ချင်း​တွေ ညီအစ်ကို​တွေလိုထင်​ပြီးသူ့​ကောင်​​လေးကိုထပ်ကြည့်ရင်းလည်းဆွဲထိုး​တော့မှာ။
ပြဿနာကခုမှစသည်။ထယ်​ယောင်း​ရွေးထားတဲ့ကားက ဒီနှစ်ထဲမှာ​ကြောက်ဖို့အ​ကောင်းဆုံးလို့review​တွေရ​နေတဲ့က​လေးသရဲကားပင်။က​လေးသရဲဖြစ်ဖြစ်၊လူကြီးသရဲဖြစ်ဖြစ် သရဲဆိုအ​သေ​ကြောက်ပါတယ်ဆိုတဲ့သူ​တော့ ​​ထယ်​ယောင်း​ရှေ့မှာအရှက်ကွဲ​တော့မှာ​သေချာ​နေပြီ။ဘယ်လိုလုပ်ရပါ့မလဲ?သူကပဲ​ကြောက်လို့တုန်​နေမယ့် ထယ်​ယောင်းကိုဖက်ပြီးနှစ်သိမ့်​ပေးချင်တာ။
Classic cinemaကိုမ​​ရွေးပဲ ရုပ်ရှင်​တွေထဲမှာလိုလူ​တွေကြားထဲမှာပဲကြည့်ချင်တယ်ဆိုတာ​ကြောင့် သူတို့ခုံ​ဘေးမှာလူ​တွေကအများကြီး။အတွဲ​တွေ သူငယ်ချင်းအုပ်စု​တွေလာကြတာများပြီး အကုန်လုံးက​ပျော်​ပျော်ရွှင်ရွှင်ပင် တက်ကြွ​နေကြသည်။အဲကွန်းအပြည့်ဖွင့်ထားတဲ့အခန်းထဲမှာ သူတစ်​ယောက်ပဲ​​​​ချွေး​စေး​တွေထွက်​နေတာဖြစ်လိမ့်မည်။​ဘေးမှာ​ပေါက်​ပေါက်ဗူး​လေးကိုင်ပြီးထိုင်​နေတဲ့ထယ်​ယောင်းက​တော့ ​အေး​ဆေးပင်။
​သောက်သရဲကားက စလာတာနဲ့​ယုတ္တိမရှိ။စုတ်ပြတ်​ပြီးလူသူ​ဝေးတဲ့ချုံ​တွေအုပ်မိုး​နေတဲ့အိမ်ကြီးကိုမှ​​ရွေးဝယ်ပြီး​အိမ်​ပြောင်းကြသည်။အဲ့လို​နေရာမှာ ​သောက်သရဲ​တွေများတာကိုဘယ်လိုငတုံး​တွေကမသိပဲ သွား​နေကြသလဲ?​​သောက်သရဲကထွက်မလာ​သေးပဲ ​နောက်ခံအသံ​တွေကပို​ကြောက်ဖို့​ကောင်း​အောင်လုပ်ထားတာကိုစဥ်းစားလို့ကိုမရ။အဲ့အသံ​တွေနဲ့တင် သူ့မှာ​သေးထွက်ကျမတတ်​ကြောက်​နေရတာ။
ထယ်​ယောင်းက​တော့ သူ့ကို​တောင်​မေ့ပြီး​​ပေါက်​ပေါက်ဆုပ်​လေးစားရင်း​ရှေ့မှာscreenအကြီးကြီးမှာသာ အာရုံအပြည့်စိုက်ထားသည်။
စလာပြီ။ခြောက်​နေပြီ...​မကြည့်ပဲ​နေတာ​တောင်အသံ​တွေနဲ့တင်သူ့မှာအတိုင်းသားသိ​နေရသည်။​သောက်က​လေးသရဲ​ကဇာတ်​ကောင်ကိုနောက်က​နေလိုက်​ခြောက်​နေတဲ့အသံ​တွေ​ရော ​နောက်ခံ​ကြောက်စဖွယ်တီစလုံး​တွေကြားမှာ သူ​နောက်ဆုံး​တော့လမ်း​ပျောက်ပြီး ​ပေါက်​ပေါက်ဆုပ်ဗူးထဲလက်နှစ်ထားတဲ့ထယ်​ယောင်းလက်​လေးကိုသာ အားကိုးတကြီးဖမ်းဆွဲပြီးမျက်လုံးမှိတ်ကာခန္ဓါကိုယ်​လေးကိုကျုံ့ထားလိုက်​တော့သည်။
​ပေါက်​ပေါက်ဆုပ်စားဖို့ကိုပင်​မေ့ကာ ​မျက်စိ​ရှေ့​ကဇာတ်လမ်းထဲမှာ​ပျော်ဝင်​နေတုန်း ရုတ်တရက်လက်ကိုအဆွဲခံလိုက်ရတာ​ကြောင့် ​ကြောက်လွန်းလို့ခန္ဓါကိုယ်​လေးပါတုန်တက်သွားသည်။​မှောင်ပျပျအလင်း​ရောင်ကြားမှာမြင်​နေရတာက က​လေးတစ်​ယောက်လို​ကြောက်​နေတဲ့မင်ယွန်းဂီကိုပင်။လုံးဝမထင်မှတ်ထားတဲ့အ​​ခြေအ​နေ​ကြောင့် သူ့မှာအကျယ်ကြီး​အော်ရယ်ချင်တာကိုမနည်း​အောင့်ထားရသည်။
"​ကြောက်​နေတာလား"
နှစ်ကိုယ်စာကြားရုံမျှအသံတိုးတိုးဖြင့် နား,နားကိုကပ်​ပြော​တော့ပြန်မ​ဖြေပဲ​ခေါင်းညိတ်ပြသည်။သူ့ထက်၅နှစ်​တောင်ကြီးတဲ့လူကြီးက ခုလိုကျ​တော့လည်းသူ့ထက်အငယ်​လေးတစ်​ယောက်လိုပါပဲလား?​ကြောက်လို့မျက်လုံးနဲ့နားကိုပိတ်ထားတဲ့ သူ့လက်ကိုကိုင်ထားတဲ့လူကြီးကအရမ်းချစ်ဖို့​ကောင်း​လှသည်။
​​ကြောက်​နေတဲ့လူကြီးကို တယုတယဖက်​ပေးလိုက်တော့သူ့ခါးကိုပြန်ဖက်လာသည်။​ဘေးကကြည့်​နေတဲ့မျက်လုံး​တွေကိုမြင်​ပေမယ့် သူဂရုမစိုက်ဘူး။သူသိတာက မင်ယွန်းဂီကိုဖက်​ပေးထားဖို့တင်။
"သွားရ​အောင်...ထ"
"ရုပ်ရှင်မှမပြီး​သေးတာ"
"ကျွန်​တော်မကြည့်ချင်​တော့ဘူး...ဇာတ်အိမ်ကမ​ကောင်းဘူး"
တစ်​ယောက်နားကိုတစ်​ယောက်ကပ်​ပြော​နေရင်း သူတို့တိတ်တဆိတ်ပင် ရုပ်ရှင်ရုံထဲကထွက်လာခဲ့ကြသည်။
အပြင်​ရောက်​တော့ ထယ်​ယောင်းကပြုံးစစမျက်နှာနှင့်​ယွန်းဂီကိုလှမ်းကြည့်​တော့ ​ယွန်းဂီမှာရှက်ရှက်နဲ့ဘာပြန်​ပြောရမှန်းမသိ။
"ခင်ဗျားသရဲ​ကြောက်ရင် ကျွန်​တော်ကဒီပြင့်ကားကြည့်မှာ​ပေါ့"
"ကိုယ်...ကိုယ်မ​ကြောက်ပါဘူး"
"အဲ့ဒါဆို ကစားကွင်းကသရဲအိမ်သွားရ​အောင်"
​ယွန်းဂီ ထယ်​ယောင်းအ​ပြော​ကြောင့်​ပြောစရာမရှိ​တော့ပဲ နှုတ်ခမ်းကိုမဲ့၍ငို​တော့မယ့်ဟန်လုပ်ပြသည်။ထယ်​ယောင်းမှာ​တော့ ​ယွန်းဂီကိုကြည့်ရင်းလက်ခုပ်တီးရင်းရယ်​နေတာ တဟားဟားနဲ့ပင်။
"မရယ်နဲ့ကွာ"
"ဘာဖြစ်လဲရယ်​တော့..."
"ကိုယ်ဖက်နမ်းပစ်မှာ"
"သရဲအိမ်လိုက်ရင် စိတ်ကြိုက်နမ်းရမယ်"
"ထယ်​ယောင်းကကွာ"
"င​ကြောက်ကြီးမင်ယွန်းဂီ"
ထယ်​ယောင်းကလျှာထုတ်ပြရင်း ​ပြောင်ကာ​ယွန်းဂီနားမှာပတ်ပတ်လည်စ​နောက်သည်။​ယွန်းဂီမှာ ရယ်ရခက်ငိုရခက်လက်ပိုက်ပြီးသာကြည့်​နေသည်။
"အရမ်း​ပျော်​​နေတဲ့ပုံပဲ...ကင်မ်ထယ်​ယောင်းရှီး"
သူစိမ်းတစ်​ယောက်ကသူတို့အနားကိုကပ်လာကာ ထယ်​ယောင်းနာမည်ကို​ခေါ်တာ​ကြောင့် စ​နောက်ရင်းရယ်​နေတဲ့ထယ်​ယောင်း​ရော လက်ပိုက်ရင်းပြုံး​နေတဲ့​ယွန်းဂီပါလှည့်ကြည့်လိုက်​တော့ အသက်ခပ်လတ်တလတ်​ယောကျာ်းတစ်​ယောက်ဖြစ်သည်။ရှပ်အင်ကျီကို ရင်ဘတ်မြင်ရ​လောက်တဲ့အထိဟကာဝတ်ထားပြီး မျက်မှန်တပ်ထားသည့်ထို​ယောက်ျားကသူများ​တွေအမြင်မှာ​တော့ ကြည့်​ကောင်းပုံ​ပေါက်​ပေမယ့် ​ယွန်းဂီအမြင်မှာ​တော့ ဘာ​ကြောင့်မှန်းရယ်မသိအထင်ကိုမကြီးမိ​ပေ။
"​အော်...ချွဲမူ​ယောင်းပဲ...ဘာကိစ္စလဲ"
ထယ်​ယောင်းက မျက်နှာထားတင်းစွာပြန်​မေး​တော့ တစ်ဖက်ကလူကခနဲ့သလိုရယ်သည်။​မမကိုသ​ဘောကျတယ်ဆိုပြီး သူ့ဆီမှာအစမ်းသပ်ခံရင်းအချိုးမ​ပြေတာ​ကြောင့် သူကသ​ဘောမတူ​တော့ မမ့ကိုအတင်းမရမကလိုက်ကပ်ပြီး သူ့ကိုလည်းစိတ်ဒုက္ခမျိုးစုံ​ပေးခဲ့တဲ့လူပင်။
ဘယ်သူလဲဆိုတာ မသိ​ပေမယ့် ထယ်​​ယောင်းနဲ့တစ်ခုခုဖြစ်ထားတယ်ဆိုတာ​သေချာတာမို့ ​ယွန်းဂီထယ်​​ယောင်းလက်ကိုကိုင်ကာ ​ဘေး၌ရပ်လိုက်သည်။တွဲထားတဲ့သူတို့လက်ကို ချွဲမူ​ယောင်းဆိုတဲ့လူကကြည့်ပြီး ​ခေါင်းကို​​​မော့ကာ​အော်ရယ်ပြန်သည်။
တစ်ဖက်ကလူရဲ့အပြုအမူ​ကြောင့် ထယ်​ယောင်း လည်ပင်း​ကြော​တွေ​ထောင်တဲ့အထိ အံကျိတ်ရင်း
"ဘာကိစ္စလဲ!"
"အို...​အေး​ဆေး​ပေါ့...ဒါက​​ရော​နောက်တစ်​ယောက်လား...အစ်မကိုဗန်းပြပြီး​ကောင်​​လေး​တွေနဲ့ပလူးပလဲလုပ်​နေတာရပ်လိုက်​တော့​လေကွာ...ထယ်ဟီးဖို့လူ​ရွေး​ပေးတာ​တော့​ဟုတ်ပါပြီ...ဒီ​လောက်အများကြီးကျ​တော့မင်းမလွန်ဘူးလား"
"ခင်ဗျား!!"
ထယ်​ယောင်း​ဒေါသထွက်ကာ တစ်ဖက်ကလူကိုထိုးဖို့​​​ဒေါသတကြီးရှေ့ကိုလှမ်းလိုက်​ပေမယ့် ​ယွန်းဂီက​နောက်က​နေဆွဲကာသူ့​နောက်သို့ပို့လိုက်သည်။
"လွှတ်!!...အဲ့လူကိုထိုးရမှ​ကျေနပ်မှာ!!"
​ယွန်းဂီဆွဲထားတဲ့ကြားမှပင် ထယ်​ယောင်းက​အော်ဟစ်လာသည်။
"မင်း​လေးသာထိုးလို့က​တော့ ကိုယ်အခါတစ်ရာမကအထိုးခံလိုက်မယ်"
တစ်ဖက်ကထပ်​ပြောတဲ့စကား​ကြောင့် ထယ်​ယောင်းအတင်းရုန်းကာ​ခြေ​ထောက်​တွေနဲ့ပါကန်​ကျောက်လာသည်။​
"ခင်ဗျားဘာ​တွေလာ​ပြော​နေတာလဲ"
​ယွန်းဂီ မျက်နှာတည်တည်ဖြင့်ခပ်ပြတ်ပြတ်ပင်​မေးလိုက်သည်။
"မင်းက​​ရော ဘယ်နှ​ယောက်​မြောက်လဲ...ငါသနားလို့​ပြောပြပေးမယ်...သူ့နားက​ဝေး​ဝေး​နေ...အစ်မကိုဗန်းပြပြီး​​ယောကျာ်း​တွေကိုအနားမှာ​ခေါ်ထားတဲ့မင်း​ဘေးကကင်မ်ထယ်​ယောင်းဆိုတဲ့​ကောင်​လေးက အဲ့လို​ကောင်​လေးပဲ"
"ခင်ဗျား!!!"
ထယ်​ယောင်းထိုးဖို့အတင်းရုန်း​ကာထိုးဖို့လုပ်​ပေမယ့် ထိုလူ့မျက်နှာ​ပေါ်ကိုအရင်​ရောက်သွားတာက သူ့လက်သီးမဟုတ်ပဲ ​​မင်ယွန်းဂီရဲ့လက်သီးသာဖြစ်သည်။
"​ခွေးမသား!!မင်းကငါ့​က​လေးကို​ဝေဖန်ရ​အောင်...ဘာ​စောက်ဆင့်ရှိလို့လဲ!!...မင်း​စောက်ခွက်တစ်ခုလုံးစုတ်ပြတ်သပ်မှငါပြန်မယ်!!"
ချွဲမူ​ယောင်းကို တွန်းလှဲကာအ​​ပေါ်က​နေတရစပ်ထိုး​နေတဲ့​ယွန်းဂီပင်။​ယွန်းဂီထိုးချက်​တွေ​အောက်မှာ ထိုလူကအလဲလဲအကွဲကွဲ။​ယွန်းဂီကိုပြန်ထိုးဖို့လုပ်​ပေမယ့်လည်း ယွန်းဂီကပါးနပ်စွာ ​ခြေ​ထောက်ကို​ရောလက်​တွေကိုပါသူ့ခန္ဓါကိုယ်နဲ့ဖိထား၍ အ​ပေါ်က​နေအသာစီးယူပြီးထိုးသည်။
"မင်ယွန်းဂီ!!..တော်​တော့!!!"
ထယ်​ယောင်း​ဝင်ဆွဲရင်းအော်​ပေမဲ့ ​ယွန်းဂီကကြားပုံမရ။
​အောက်ကလူကိုထိုး​နေတာ ​သွေး​တွေဖုံးပြီးမျက်နှာကို​တောင်ဖတ်မရ​တော့သည်အထိ။
"​တော်​တော့လို့!!!"
"ကိုယ်အဲ့​ကောင်ကို သတ်ရမှ​​ကျေနပ်မှာထယ်​ယောင်း!!"
"သွားရ​အောင်!!...လူ​တွေဝိုင်းကြည့်ပြီးလုံခြုံ​ရေး​တွေ​ရောက်လာ​တော့မယ်!!"
ထယ်​ယောင်း​ပြော​တော့မှ ယွန်းဂီထိုးတာကိုရပ်လိုက်သည်။ထိုးတာကိုရပ်လိုက်တာက သူ​ကျေနပ်သွားလို့မဟုတ်ဘူး။ထယ်​ယောင်းစိုးရိမ်​နေမှာကို​မလိုလားတာ​ကြောင့်ပင်။
"မင်း!!!"
ဒီ​လောက်ထိုးခံထားရသည့်ကြားမှပင် ချွဲမူ​ယောင်းကထပြီး​ယွန်းဂီကိုလက်ညှိုးထိုးကာ​ပြောလာသည်။
"​စောက်ပါးစပ်ကိုပိတ်ထား!!...မ​ကျေနပ်ရင်ငါနဲ့ဒဲ့လာရှင်း!!
ထယ်​ယောင်းကို​နောက်တစ်ခါလက်လွတ်စပယ်​ပြောရဲပြောကြည့်!!...ဒီထက်ပိုဆိုးမယ်...ငါ့နာမည်မင်ယွန်းဂီ!...ရှင်းချင်ရင်အချိန်မ​ရွေးလာရှာ!!...​​စောက်ပိုမ​ပြောဘူး​​...လာရှာလိုက်...တောက်ခ်!!!"
​ယွန်းဂီ ချွဲမူ​ယောင်းလက်ညှိုး​ငေါက်​​​ငေါက်ထိုးကာ​ပြောပြီး ထယ်​ယောင်းလက်ကိုဆွဲ၍ထွက်လာခဲ့သည်။
"ခင်ဗျား တစ်​နေရာရာထိသွား​သေးလား"
ထယ်​ယောင်းက ကား​ပေါ်​​ရောက်​တော့သူ့မျက်နှာကိုကိုင်ရင်းနဲ့စိုးရိမ်စွာ​မေးလာသည်။ခုနကထိထွက်​နေတဲ့​​ဒေါသက ​ရှေ့ကမျက်နှာ​လေးကိုမြင်ရ​တော့လည်း ဘယ်​ရောက်လို့​ရောက်သွားမှန်းမသိ။
"ကိုယ်ဘာမှမဖြစ်သွားပါဘူး"
သူ့မျက်နှာကိုကိုင်ထားတဲ့ ထယ်​ယောင်းလက်​လေး​တွေကိုပြန်ကိုင်ရင်း​ပြော​တော့လည်း ခုထိစိုးရိမ်နေဆဲမျက်လုံး​လေး​တွေနဲ့ပင်။
"ကိုယ်ဘာမှမဖြစ်ပါဘူးဆို...ကြည့်ပါလား"
သူလက်​မြှောက်ပြီးပြ​တော့ ထယ်​ယောင်းကယုံသွားဟန်ရှိ​ပေမယ့် မျက်နှာ​​လေးကငိုမဲ့မဲ့ဖြစ်သွားသည်။
"ကျွန်​တော့်​ကြောင့်...ခင်ဗျားထိခိုက်​တော့မလို့"
သူ့​ကြောင့်ဖြစ်တယ်ဆိုပြီးဝမ်းနည်းသွားတာပင်။
"ထယ်​ယောင်း​ကြောင့်မဟုတ်ပါဘူး...ထယ်​ယောင်းကိုကာကွယ်ရမှာကိုယ့်တာဝန်ပဲ​လေ...ကိုယ်ကအမြဲကာကွယ်​ပေးချင်တာ...ကင်မ်ထယ်​​ယောင်းဆိုတဲ့​ကောင်​​လေးကိုပဲသီးသန့်​နော်"
"ခင်ဗျားကဗျာ"
သူ​ပြော​တော့ငိုမဲ့မဲ့​လေးနဲ့ သူ့ကိုဖက်လာသည်။သူ့ကိုအမြဲ​နွေး​နွေး​ထွေး​ထွေးဖက်​ပေးတတ်တဲ့ ဒီလူသား​လေးကိုမြတ်နိုးစွာ​ခေါင်း​လုံးလုံးလေးကို ဖိကပ်နမ်းလိုက်သည်။
ဝမ်းနည်းသွားတဲ့​ကောင်​လေးကို မနည်းပြန်နှစ်သိမ့်ပြီးLotte worldသို့​ခေါ်လာရသည်။ဘာမဟုတ်တဲ့လူ​ကြောင့် သူတို့ရဲ့date​လေးကိုပျက်စီးသွားမှာမလိုလားတာ​ကြောင့် ထယ်​ယောင်း​အားခုနကကိစ္စကို​မေ့ပြီး ပြန်​ပျော်လာ​အောင်အတင်းဆွဲ​ခေါ်လာရသည်။ကစားကွင်းလည်း​ရောက်​ရော ထယ်​ယောင်းတို့က သူ့​တောင်သတိမရတော့။​​ဝက်ဝံဘီးကုပ်နဲ့ကျားဘီးကုပ်​လေးဝယ်ပြီး သူ့ကိုဝက်ဝံဘီးကုပ်​လေးတပ်​ပေးပြီး ကိုယ်တိုင်ကကျားဘီးကုပ်​လေးတပ်ထားသည်။ထိုအတိုင်း​လေးနဲ့ပင် အမှတ်တရဓါတ်ပုံ​တွေလည်းအများကြီးရိုက်​သေးသည်။မစ်ကီး​မောက်ရုပ်အာတာပူစီစားချင်တယ်ဆိုလို့လည်း သူ့မှာက​လေးတွေကြားမှာတန်းစီပြီးဝယ်​ပေးရ​သေးသည်။​ရောင်စုံအာတာပူစီပွပွကြီးကိုလက်ကကိုင်ပြီး စီးစရာ​တွေပတ်စီးတာလည်းအစုံ။ပင်လယ်ဓါးပြလိုဟာကြီးကို နှစ်ခါစီးချင်တယ်ဆိုလို့ သူ့မှာ​ကြောက်​ကြောက်နဲ့အားတင်းပြီးလိုက်စီး​ပေးရ​သေးသည်။က​လေးဆန်​ပေမယ့် ​ဘေးက​ကောင်​လေး​ပျော်​နေတာကိုမြင်ရ​တော့ သူအကုန်လိုက်လုပ်​ပေးမိသည်။ကင်မ်ထယ်​ယောင်းကစိတ်​ကောင်း​လေးဝင်​နေရင် သူ့ပါးကိုလျှပ်တပြက်ရွှတ်ခနဲနမ်းတတ်​သေးတာ။ဒါ​လေးနဲ့သာ သူ​နေ့တိုင်းအတူ​နေရရင်​သေချာတယ်...သူအသက်ရှည်မှာ။
"​ပျော်လား"
"​ပျော်တာ​ပေါ့...အရမ်း​ပျော်တာ...ပြီးရင်ပြိုင်ကားသွားစီးဦးမယ်​နော်"
"အကုန်ထယ်​ယောင်းသ​ဘော"
"အဲ့ဒါ​ကြောင့်ခင်ဗျားကိုချစ်တာ"
"ကိုယ်ကပိုချစ်တယ်"
"မရဘူး...ကျွန်​တော်ကပိုတယ်"
"ကိုယ်ကပိုတာ"
"ခင်ဗျား​နော်...ကျွန်​တော်ကပိုတာ"
ပြိုင်ကားကွင်းသို့သွားရင်း ငြင်းခုံ​နေကြတဲ့​ဘီးကုပ်နဲ့ကောင်​​​လေးနှစ်​ယောက်ကို ​ဘေးကဖြတ်သွားတဲ့လူ​တွေကပြုံးစိပြုံးစိနှင့်ကြည့်​နေကြသည်။ဘယ်သူပိုချစ်လဲငြင်းခုံ​နေကြတဲ့ နှစ်​​ယောက်က​တော့ ဘာမျှမသိ...လက်​လေးတွဲကာ​လျှောက်ရင်းစကားတတွတ်တွတ်​ပြော​နေကြဆဲပင်။
"​ဘေဘီ"
​ယွန်းဂီနဲ့လက်တွဲကာနှစ်​​ယောက်အတူယှဥ်​လျှောက်​နေရင်း ကြားဖူး​​နေခဲ့တဲ့​ခေါ်သံ​ကြောင့် ထယ်​ယောင်း​ခြေလှမ်း​တွေရပ်သွားသည်။
"ဘာလို့လဲ ထယ်​ယောင်း...ပြိုင်ကားစီးမယ်​ဆို"
​​ယွန်းဂီထယ်​ယောင်းကို​မေး​ပေမဲ့ ထယ်​ယောင်းကပြန်မ​​ဖြေ။တစ်ခုခုကို​တွေး​နေပုံရပြီး​ကြောက်လန့်သွားသလိုမျိုးဖြစ်​နေသည်။
"ဘာဖြစ်လို့လဲထယ်​ယောင်း"
"ဟမ်...​အော်...ဘာမှမဖြစ်ပါဘူး...သွားရ​အောင်​လေ"
ထယ်​ယောင်း နားကြားမှားတာပါဟု​​တွေးရင်း​​ယွန်းဂီကို​​ခေါင်းခါပြ၍လမ်းဆက်လျှောက်သည်။
"​ဘေဘီ...ကိုယ့်ကိုမမှတ်မိ​တော့ဘူးလား"
"ဂန်ထယ်အီ!!"
Kimharu4121992🌵
Borahae💜
Zawgyi
'တီ'
"မင်ယွန်းဂီနဲ့!!"
"ခင်ဗျားကဗျာ..."
"က​လေးကကွာ.."
"ခ..ခဏ"
"ဘာလို့လဲထယ်​ယောင်း"
.
.
"ဘာစားချင်လဲ​"
"ဟုတ်ကဲ့အစ်ကို"
"ဘာကိုလဲ"
"ဟုတ်လို့လားကွာ"
"ချစ်တာကိုး..."
"​ယွန်းဂီ...နမ်ဂျွန်​ရော"
"ဟုတ်ကဲ့အစ်ကို"
.
.
.
"ကိုယ့်မှာပါတယ်​လေ"
"ဘာလုပ်ဖို့လဲ"
"လူလည်​လေးကွာ"
"​ကြောက်​နေတာလား"
"သွားရ​အောင်...ထ"
"မရယ်နဲ့ကွာ"
"ဘာဖြစ်လဲရယ်​တော့..."
"ကိုယ်ဖက်နမ်းပစ်မှာ"
"ထယ်​ယောင်းကကွာ"
"ဘာကိစ္စလဲ!"
"ခင်ဗျား!!"
"ခင်ဗျား!!!"
"မင်ယွန်းဂီ!!..တော်​တော့!!!"
"​တော်​တော့လို့!!!"
"မင်း!!!"
"ခင်ဗျားကဗျာ"
"​ပျော်လား"
"အကုန်ထယ်​ယောင်းသ​ဘော"
"ကိုယ်ကပိုချစ်တယ်"
"ကိုယ်ကပိုတာ"
"​ဘေဘီ"
"ဂန်ထယ်အီ!!"
Kimharu4121992🌵
Borahae💜
Continue Reading
You'll Also Like
9.2K 1.2K 10
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးသားခြင်းဖြစ်ပါသည်။ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးသားခြင်းဖြစ်ပါသည်။
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
2.8K 200 22
​ပင်လယ်လှိုင်း​တွေကြားထဲမှာ ခင်ဗျားကိုလွမ်း​နေမယ် ဒါ​ပေမယ့် ဒီည​တော့ကျွန်​တော်ထွက်သွားပါရ​စေ This storyline is owned by Author @anxiousmin. I got a...
9.3K 253 16
Encanto-Ninjago crossover. A sacrifice in the past led a family into receiving a miracle symbolized by a candle that could never go out. As the fami...