Daisy (complete)

By BlackRoseTK93

573K 25.4K 1.5K

warning fic ๐Ÿšจ More

Intro
1
2
3
4
5
6
7
8 ๐Ÿ”ž
9
10
11๐Ÿ”ž
12
13๐Ÿ”ž
14๐Ÿ”ž
15
16๐Ÿ”ž
17๐Ÿ”ž
18๐Ÿ”ž
19๐Ÿ”ž
20
21๐Ÿ”ž
22
23
24
25๐Ÿ”ž
26๐Ÿ”ž
27๐Ÿ”ž
28
29
30
31
32
33
34
35
36
37
38
39
40๐Ÿ”ž
41 ๐Ÿ”ž
42๐Ÿ”ž
43
44
45๐Ÿ”ž
46๐Ÿ”ž
47
48๐Ÿ”ž
49๐Ÿ”ž
50
51
52๐Ÿ”ž
53
54
55
56
57
58
59
61๐Ÿ”ž
62
63๐Ÿ”ž
64
65๐Ÿ”ž
66๐Ÿ”ž
67
68
69๐Ÿ”ž
70
71
72
73
74๐Ÿ”ž
75
76
77
78
79๐Ÿ”ž
80๐Ÿ”ž
81
82๐Ÿ”ž
83
84
85
86๐Ÿ”ž
87
Final

60

4.1K 248 29
By BlackRoseTK93

" Jeon Taehyung! !!!"

အသံလာရာ Daisy ရော ဒေါက်တာလေးပါ
ကြည့်လိုက်မိကြသည်..ခုချိန်ထိ ဒေါက်တာရဲ့ လက်ဟာ Daisy ရဲ့ ပခုံးနှစ်ဖက်ကိုကိုင်လျက် အနေအထားမှာပင် မသိရင် မိသားစုဓာတ်ပုံရိုက်နေသလို..

Daisy ဟာ J ကိုကြည့်လိုက်တော့ သူဒီရွာလေးကိုစရောက်တုန်းကအတိုင်းပင်..

သဘော်ပေါ်ကဆင်းကာ ကမ်းကိုရောက်ဖို့ ရွံတွေထဲက ဖြတ်ကာလျှောက်လာရတာကိုပင်..

ခုလည်း J ဟာ ဒူးလောက်ကနေစလို့ ခြေထောက်အဖျားထိ ရွံတွေ​ေ တလူးလို့..အကျီတွေမှာရော မျက်နှာတွေမှာပါ ရွံစလေးတွေပေလို့နေသည်..

J ဟာ ချက်ချင်းပဲ Daisy လက်ကို ဆွဲကာ သူနားကိုခေါ်လိုက်တော့ Daisy ဟာ သူဆွဲထားတဲ့ လက်ကို ခါထုတ်ကာ ဒေါက်တာလေးကို နှုတ်ဆက်လို့ ထွက်လာခဲ့သည်..

အခြေအနေကိုသိတဲ့ ဒေါက်တာလေးကတော့ Daisy ကို ညိညိနှိုင်းနှိုင်းလုပ်ဖို့ သတိပေးလိုက်သေးသည်..

"သွားခွင့်ပြုပါအုံး ဒေါက်တာ ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် "

" တခုခုဆို သားလေးမျက်နှာကြည့်ပါ Taehyung "

"ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး ဒေါက်တာ "

Daisy ဟာ ဒေါက်တာကို နှုတ်ဆက်ပြီးတာနဲ့
လှည့်ထွက်လာလိုက်တော့ J ဟာ အနောက်ကနေတကောက်ကောက်လိုက်လို့လာသည်...

" Daisy "

" ငါ ကွာရှင်းစာချုပ် ထားခဲ့တယ်လေ မင်းမသိဘူးလား"

" ဘာကွာရှင်းစာချုပ်လည်း ဘာကိစ္စနဲ့ ကွာရှင်းပေးရမှာလည်း "

" မင်းလုပ်ထားတာမင်းမသိလို့ ငါ့ကိုပြန်မေးနေတာလား ဟင့် ဟင့် "

J ဟာ ငိုနေတဲ့ Daisy ကိုရော Daisy လက်ထဲက ချီလို့ထားတဲ့ ပြူးကြောင်ကြောင်လေးကြည့်နေတာ့ သားသူဖြစ်ကိုပါ ပွေ့ဖတ်လိုက်တော့ Daisy ကရုန်းသည်..

Daisy က ရုန်းလေ J ကပိုတိုးကာဖတ်ထားတာကြောင့် အလည်က သားဖြစ်သူမှာ စနေတယ်အထင်နဲ့ တခ်ခ်နဲ့ ပျော်လို့နေသည်..

သားဖြစ်သူရဲ့ ရယ်သံလေးကြောင့် Daisy မှာငိုနေတာကနေ ရပ်လို့သွားသည်..သူဒီကိုရောက်တဲ့နေ့ကစလို့ခုဏလောက်အထိသားဖြစ်သူရဲ့ရယ်သံကိုမကြားခဲ့ရဘူးလေ ခုတော့ သူရော သူ့သားလေးက ပါ J ကိုသာလိုအပ်တယ်ဆိုသိလာသည်..
J ရှိမှ သူတို့နှစ်ယောက်ရဲ့ ဘဝကလည်းပြည့်စုံတယ်ဆိုတာသိလာသည်..သို့သော်လည်း..

"ဖယ် ဘာလို့ငါတို့နောက်လိုက်လာရတာလည်း "

" အချစ်မရှိပဲ မောင်တယောက်ထဲ ဘယ်လိုနေမလည်း "

" လူလိမ် မင်းပျော်နေတယ်မဟုတ်လား "

" ရှင်းပြမယ် ရှင်းပြချင်လွန်းလို့ကို နေမအိပ်ညမအိပ်လိုက်ရှာနေခဲ့တာ တခုခုဆို မောင်စကားကိုနားမထောင်ပဲ ဘာလို့ထွက်ပြေးဖို့ပဲကြိုးစားရတာလည်း Daisy"

" ငါမခံစားနိုင်လို့ "

" မောင်ရှင်းပြမယ် မောင်တို့စတွေ့ခဲ့တာ april 5 ဆို 23 နှစ်ပြည့်ပြီ ..မောင်တို့ မဂ်လာနေ့ april 5 ဆို 3နှစ်ပြည့်ပြီ.ပြီးတော့ သားကလည်း april 5 ဆို တနှစ်ပြည့်ပြီလေ.

ဒီလိုတွေအမှတ်တရကို တနေ့တချိန်ထဲ လုပ်လို့ရအောင် သားကိုတောင် အဲ့နေ့မှာမွေးခဲ့တာပဲမဟုတ်လား.

အဲ့တာ အမှတ်တရလက်ဆောင်အနေ နဲ့လက်ဆောင်ပေးချင့်လို့ခုလိုတိတ်တဆိတ်စီစဥ်ခဲ့တာပါ အချစ်ရယ်..

အထင်လွှဲစရာဖြစ်သွားတာမောင်တောင်းပန်ပါတယ်..မောင်ကဘာလို့ဖောက်ပြန်ရမှာလည်း အချစ်ရယ်. မောင့်က အချစ်ကလွဲလို့ ဘယ်သူကိုမှ မချစ်နိုင်တာအချစ်မသိလို့များလားကွာ..​."

" သူကဘယ်သူလည်း "

" အဲ့တာ မောင့် သူငယ်ချင်း Architecture တယောက် သူ့မှာလည်း အမျိုးသမီးရှိတယ် "

" သူက "

" ဟုတ်တယ် မောင်တို့လိုပဲ "

" ဟွန့် အဲ့တာအစောထဲက ပြောပြပါလား ငါမှာညတိုင်းမင်းပြန်လာရင် မင်းအကျီက အမျိုးသမီးရေမွှေးနံ့ကြောင့်အဲ့အကျီတွေအကုန် ကပ်ကြေးနဲ့ညှပ်ပြီး လွှတ်ပြစ်လိုက်တာ နှမျောစရာကြီး ..

ပြီးတော့ ငါမှာငိုလိုက်ရတာ ညတိုင်းပဲ ပြန်ရော်ပေး ငါ့မျက်ရည်တွေ ပြန်ရော်ပေး မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး ပြန်ရော်ပေးလို့ ဟင့်ဟင့် "

J ဟာ Daisy လက်ထဲက သားကိုပြောင်းချီလိုက်တော့ Daisy ဟာ ခြေလွှတ်လက်လွှတ်ဖြစ်ကာ ​အပြီအပြင်ကိုကောက်လို့ ငိုပါလေးရော.. ရွာလမ်းမ အလယ် ဆောင့်ကြောင့်ထိုင်ကာ အသံပြဲကြီးနဲ့ကိုအော်ကာငိုနေတော့သည် .

" ဟော အကျီတွေကို ကပ်ကြေးနဲ့ ညှပ်ပြစ်ရလောက်တဲ့အထိကို သဝန်တိုတာလား မောင်အချစ် "

" ဟုတ်တယ် ဟုတ်တယ် ဟင့်ဟင့် "

" မရှက်ဘူးလား ကလေးလည်းမဟုတ် လမ်းမကြီးမှာငိုနေတာ "

" ဟင့်ဟင့် မရှက်ဘူးလုံးဝမရှက်ဘူး ပြန်ရော်ပေးဆို"

"အချစ်တွေနဲ့ အရော်ပြန်ပေးမယ်နော် Daisy"

အချစ်တွေနဲ့ပြန်ရော်ပေးမယ်ဆိုတဲ့ စကား
ကြောင့် ငုံ့တုတ်လေးထိုင်နေရာကနေ မော့ကြည့်လာတဲ့ Daisy က မျက်နှာတခုလုံးက နီရဲကာ တကယ်ကို ငိုလို့ထားတဲ့ မျက်နှာလေး..

"ဘယ်လောက်လည်း"

"တညလုံး "

"ဟွန့် ဒီစကားပဲပြောနေ "

" လာပါအချစ်ရယ် အိမ်ပြန်ရအောင်နော် "

" မရဘူး ဒီချိန်ပြန်လို့မရဘူး ရေကျနေပြီ မနက်ဖြန်မှ ပြန်လို့ရမှာ "

" မနက်ဖြန် Hobi Hyung ကို ဂျက်လေယာဥ်စီ
စဥ်ခိုင်းလိုက်မယ် ဒီတိုင်းမောင့်သားကိုပြန်မခေါ်နိုင်ဘူး ဒီလောက်ပင်ပန်းတာကို "

" ငါမပါဘူးပေါ့ သားပဲပေါ့ "

" မောင့် အချစ်ကအရေးကြီးဆုံး "

" တော်ဆက်မပြောနဲ့ သားဖနှစ်ယောက်လုံး
ကြည့်လို့မရဘူး Jeon Tae မင်းနော် သူ့ Daddy လာတော့တမျိုးနော် ဟွန့် နှစ်ယောက်လုံးကို စိတ်ကောက်တယ် "

ရှေ့ကနေကော့တော့ကော့တော့ထွက်လို့သွားတဲ့ Daisy နောက်ကို အနောက်ကနေလိုက်ကာ ချော့လို့နေတဲ့ သားဖနှစ်ယောက်.. သူတိူ့နေတဲ့ အိမ်လေးရောက်တော့ အဘွားက အိမ်ရှေ့မှာ​ထိုင်လို့နေသည်..

" သား ဘယ်သူလည်း "

" အဘွား အဲ့တာ သားရဲ့ အမျိုးသားပါ "

" ဟေ ဟုတ်လား ဒါကြောင့်ဘွါးမြေးလေးက ပျော်နေတာကို လာလာ လာထိုင် အောင်မလေးကြည့်ပါအုံး ငါ့မြေးလေးက သူ့အဖေနဲ့ကျပြုံးနေလိုက်တာများ ပါးချိုင့်လေးတောင်ပေါ်လို့ပါလား ဟော်တော် အဖေတူသားလေးပဲ ..ဟဲ့ ဟဲ့ ငါမြေးရီနေပြီ လာကြည့်ကြဟဲ့ ချစ်ဖို့ကောင်းလိုက်တာ ငါ့မြေးက သူအဖေနဲ့တရုပ်ထဲဟဲ့ "

အဘွားအိုဟာ ဘေးအိမ်က အဘိုးအဘွားတွေကိုပါ အော်ခေါ်ကာ Jeon Tae လေးပြုံးပျော်နေတာကိုခေါ်ကာပြလို့နေသည်..စရောက်ထဲက တငိုငိုတရီရီဖြစ်နေတဲ့ Jeon Tae လေးက ခုလိုရီတာပထမဆုံးမြင်ဘူးကြတာကြောင့်ဖြစ်သည်...

" အဘွား သားတို့ မနက်ဖြန် ပြန်တော့မယ် အဘွား "

" ဟုတ်လား အင်းလေ သားအမျိုးသားလည်းပြန်ရောက်ပြီဆိုတော့ မခွဲချင်ပေမယ့်လည်းဘယ်တက်နိုင်ပါ့မလားကွယ် အဘွားတို့က နေသာကျနေပါပြီလေ "

" နေခဲ့တဲ့ အတော်အတွင်းဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ် အဘွား "

ရွာလေးဟာ အိမ်ခြေ သုံးဆယ်သာရှိသလို အဘိုးအဘွားပေါင်း 70 လောက်သာရှိသည်..ဒီညမှာတော့ အဘွားအိုရဲ့ အိမ်ရှေ့ကွင်းပြင်ကြီးထဲမှာ ရွာတဲ့ က အဘိုးအဖွားပေါင်း 70 ကို ညစာ အသားကင်ဖြင့် ပျော်ပွဲရွှင်ပွဲလုပ်ပေးရန် J ဟာ နေ့လည်ရောက်ထဲက ချက်ချင်းဆိုသလိုပြင် Hobi ရှိ ဖုန်းဆက်ကာ လိုအပ်တာမှန်သမျှအစီအစဥ်ချကာ ညအမှီပြင်ဆင်စေသည်..

အဘိုးအဘွားတွေဟာလည်းပျော်လို့ရွှင်လို့တက်နိုင်တဲ့ဘက်ကာ ဝိုင်းကာကူညီကျသည်..ည 7:00 နာရီလောက်မှ စတင်လိုက်တဲ့ ပွဲလေးက ထိုရွာလေးမှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လို့ပင်ပျော်ရမလား တော်တော်လေးကိုပင် စည်ကားလို့နေသည်..

ရွာက သဘာဝပြုလုပ်ထားတဲ့ အရက်ကို အဘွားအိုတွေဟာ Daisy ကို ရော J ကိုပါတိုက်ကြတာကြောင့် ပုံမှန်အရက်ပြင်းပြင်းသောက်တက်တဲ့ J အတွက်က ဘာမှမဖြစ်ပေမယ့် တယောက်ပြီးတယောက် ငှဲ့ပေးနေတဲ့ ခွက်ပေါင်းးမနည်းကိုသောက်နေရတဲ့ Daisy က ခြေတောင်မခိုင်ချင်တော့..

ရှေးသီချင်းကိုဖွင့်ကာ ကိုယ့်အတွဲနဲ့ က သလို အဘွားအဘွားခြင်းလည်းတွဲကာ က ကြပြန်တော့ J က Daisy ခါးလေးကို ကိုင်ကာ Daisy က J ရဲ့ ပခုံးပေါ်လက်ကဘေးတင်လို့ အတူတူကကြပြန်တယ်..

" ပျော်လားDaisy "

" ငါမင်းကိုလိုချင်တယ် J "

Daisy က စကားအဆုံးမှာပင် J ရဲ့ နှုတ်ခမ်းစီသို့ သူရဲ့ နှုတ်ခမ်းတို့ကို ဦးတည်လိုက်ကာ အနမ်းများစီသို့...Daiay ဟာ ဒီလိုလူကြားသူကြားထဲ နမ်းဖို့မပြောနဲ့ နှစ်ယောက်ထဲတောင် နမ်းခဲသည်... ခုတော့တော်တော်မှုးနေမှန်းသိသာနေပြီ..

" အဲ့စကားကို ဒီည တာဝန်ယူလို့ဖြစ်ပါမလား Daisy"

ပွဲအပြီးမှာ J ဟာ Daisy ကိုတွဲခေါ်လာရတဲ့ အခြေအနေတောင်ဖြစ်လို့နေသည်..အိပ်ပျော်နေပြီဖြစ်တဲ့ သားဖြစ်သူကို Hobi က ချီလို့ သူတို့ရဲ့ အိမ်လေးထဲသို့ဝင်လာတော့..

" သား အဘွားကို ဒီတညတော့ ဘွားမြေးလေးနဲ့ ပေးအိပ်လို့ရမလား "

" ဗျာ ဟုတ် ရပါတယ် အဘွား "

" ကျေးဇူးပါ သားရယ် အဘွားသားလေးကိုလည်း သေချာသိပ်လိုက်ပါအုံး ဒီရက်ထဲ သားလေးလည်း ဘွားမြေးလေးကြောင့် ညပိုင်းတွေအိပ်ရတယ်လို့ကိုမရှိဘူးသားရဲ့ "

" ဟုတ်ကဲ့ အဘွား "

" ဟိုကလေးလည်း ဟိုဘက်အိမ်မှာအိပ်လိုက်နော် အဘွားပြောထားတယ် အဘွားတို့ ရွာက အိမ်တွေအခန်းနှစ်ခန်းပဲရှိတာ ဒါတောင်တခန်းနဲ့တခန်းက ဝေးသေးတာပဲကြည့် "

" ဟုတ် ရတယ် အဘွား.. သားကို ခုဏ အဘိုးက သူနဲ့လာအိပ်ဖို့ခေါ်ထားတယ် ဗျ.သူဌေးဒါဆိုကျွန်တော်သွားပြီနော် "

" အင်း "

Hobi ဟာလည်းနှုတ်ဆက်ကာထွက်လာခဲ့ပြီး အိပ်နေတဲ့ သားကိုလည်း အဘွားက သူတို့အခန်းနဲ့ မျက်နှာခြင်းဆိုင် ဘက်ခြမ်းက အဘွားရဲ့ အခန်းသို့ခေါ်လို့သွားသည်..

မျက်နှာခြင်းဆိုင်ဆိုပေမယ့် အလည်မှာ ကွက်လပ်တခုရှိနေသေးတာကြောင့် အလှမ်းတော့ဝေးသည်..

ညဘက်တွေသားဖြစ်သူ ငိုခဲ့ရင် ငိုသံကိုသေချာမကြားရနိုင်ပေမယ့် သားဖြစ်သူက အိပ်ပျော်နေလိုက်တာများနှစ်နှစ်ခြိမ့်ခြိမ့်လေးဖြစ်လို့နေသည်..

J လည်း Daisy ကို တွဲခေါ်လာကာ အခန်းထဲသို့ဝင်လာခဲ့သည်...ခုဏလူတွေကြားထဲမှာမို့ အနမ်းတို့ကို ခဏလေးနဲ့ ရပ်လိုက်တဲ့ Daisy ကို ဘာမှ ပြန်မလုပ်ပဲညိမ်နေခဲ့တာ ခုလို နှစ်ယောက်ထဲ ရှိတဲ့ အခန်းထဲမှာတော့ J ဟာ Daisy ကိုဆွဲလှည့်ကာ တံခါးမှာ ကပ်လိုက်ပြီး လွမ်းနေခဲ့တဲ့ နှုတ်ခမ်းလေးကို အတိုးရောအရင်းရော ပေါင်းကာ နမ်းလို့နေသည်..

မှုးနေပေမယ့် သူ့ရဲ့အနမ်းတွေကို အလိုက်သင့်လေးတုန့်ပြန်နေတဲ့ Daisy..J ရဲ့ လက်တို့ဟာ တဖြေးဖြေး Daisy ရဲ့ Shirt အကျီကြယ်သီးတွေစီသို့ တလုံးခြင်းဖြုတ်ကာ ဆွဲချလိုက်ပြီး ပေါ်ပေါက်လာတဲ့ လည်ပင်းနဲ့ ပခုံးသားတို့ကို အနမ်းလေးတွေပေးကာ မေးလိုက်တဲ့ J...

"အခု မောင့် ကိုတကယ်လိုချင်တာလား Daisy "

" အင်း မောင် "

အင်းမောင်လို့သာပြောတာ J ရဲ့ပခုံးပေါ် ခေါင်းလေးမှီလို့ အိပ်ပျော်နေပြီဖြစ်တဲ့ Daisy.. J ဟာ တချက်ပြုံးလိုက်ပြီး ခန္တာကိုယ်လေးကို ပွေ့လိုက်ကာ အဆင့်သင့်ခင်းလို့ထားတဲ့ အိပ်ယာခင်းလေးပေါ် အသာအယာလေးချလို့ ခုဏဖြုတ်လို့ထားတဲ့ ကြယ်သီးလေးတွေပြန်တက်ပေးလိုက်ပြီး Daisy ရဲ့ဘေး တိုးကပ်ကာ ခေါင်းအုံးတလုံးထဲ ရှိတာကြောင့် သူကခေါင်းအုံးမှာအုံးကာ သူရဲ့လက်မောင်းပေါ် Daisy ရဲ့ခေါင်းလေးကိုတင်ကာ အိပ်စေလိုက်တော့ အိပ်ပျော်နေရင်း ရင်ခွင်ထဲ တိုးဝင်ကာ ဖတ်လို့ထားတဲ့ Daisy ရဲ့ ကိုယ်လုံးလေးကို တင်းကြပ်စွာဖတ်လို့ထားလိုက်သည်...

" လွမ်းနေခဲ့တာကွာ "

...

မနက်ခင်းမှာ အိပ်ယာထဲ လူးလှိမ့် ကာ ခုထိမနိုးသေးတဲ့ Daisy.. တပတ်ကျော် ကောင်းကောင်းမအိပ်ရတာကို အတိုးချပြီးအိပ်လို့နေတယ်..ရွာထဲက အဖိုးအဖွားတွေကို သူတို့ပြန်တော့မည်ဆိုတော့ကြောင့် လာရောက်နှုတ်ဆက်နေကြပြီ..

သားလေး Jeon Tae နဲ့ J ကတော့ လာနှုတ်ဆက်တဲ့ အဘိုးအဘွားတွေကို နှုတ်ဆက်ရင်း လာသမျှ အဖိုးအဖွားတွေကို ကန်တော့ငွေလေးတွေကို စာအိတ်နဲ့ထည့်ကာ ပေးလိုက်သေးတဲ့ သားဖနှစ်ယောက်...ရရှိသွားတဲ့ အဖိုးအဖွားတွေမှာလည်းပျော်လို့ရွှင်လို့ ငိုတဲ့သူက ငိုလို့နေကြသည်....

Daisy ဟာ အိပ်ယာနိုးလာချိန်မှာ ညကသောက်ထားတာများသွားတာမို့ အိမ်မက်လိုလို တကယ်လိုလိုဖြစ်နေတာကြောင့် အိပ်ယာနိုးနိုးချင်းမှာ ငေါက်ခနဲ ထထိုင်လိုက်ပြီး ဘေးကိုကြည့်ပြန်တော့လည်း သားမရှိတာကြောင့် အိမ်ယာထဲကနေ ကုန်းရုန်းထကာ အိမ်ရှေ့သို့ မြန်မြန်ထွက်လာလိုက်တော့ အိမ်ရှေ့မှာစည်ကားလို့နေတဲ့ လူအုပ်ကြီးကြောင့် အံ့သြနေသလို အဝေး လူအုပ်ကြီးထဲက သားဖြစ်သူနဲ့ J ကိုမြင်ရော အိမ်ပေါ်ကနေ ဖိနပ်တောင်မစီးနိုင် ပြေးဆင်းသွားကာ ဖတ်လို့ထားလိုက်သည်..

" ဟင့် အိမ်မက်ထင်နေတာ ငါအိမ်မက်ထင်နေတာ "

"မောင် အချစ်ညက တော်တော်မှုးသွားလို့ပါ "

" ဘာလုပ်နေကြတာလည်း "

" အဘိုးအဘွားတွေကို ပြန်ခါနီး နှုတ်ဆက် ကန်တော့နေတာ "

" စာအိတ်တွေက "

" မောင်စီစဥ်ထားတဲ့ လက်ဆောင် "

" မောင် "

" သွားအဝတ်အစားသွားလဲတော့ ပြန်မယ် "

J ဟာ Daisy ရဲ့ နားနားလေးကို တိုးကပ်ကာ ထပ်မှန်စကားဆိုလိုက်တော့ Daisy ဟာ ရှက်သွေးလေးဖြာကာ နှုတ်ခမ်းလေးကိုက်လို့ J ကိုမျက်စောင်းလေးထိုးကာ ထွက်လို့သည်...

" မောင် ချစ်ချင်နေပြီ Daisy "


BlackroseTK93
Taekookforever🐰🐻

ဒီတပိုင်းပြီးရင် ခဏနားပါ့မယ် မရှိတော့ဘူး
ကျွန်မ မှာရေးထားတာ မရှိတော့ဘူးလို့ 😞

zawgyi

" Jeon Taehyung! !!!"











" Daisy "











" ငါမခံစားနိုင်လို့ "





" သူကဘယ်သူလည်း "


" သူက "











"ဘယ်လောက်လည်း"

"တညလုံး "

"ဟွန့် ဒီစကားပဲပြောနေ "







ရှေ့ကနေကော့တော့ကော့တော့ထွက်လို့သွားတဲ့ Daisy နောက်ကို အနောက်ကနေလိုက်ကာ ချော့လို့နေတဲ့ သားဖနှစ်ယောက်.. သူတို့နေတဲ့ အိမ်လေးရောက်တော့ အဘွားက အိမ်ရှေ့မှာထိုင်လို့နေသည်..

" သား ဘယ်သူလည်း "











" ပျော်လားDaisy "






" ဗျာ ဟုတ် ရပါတယ် အဘွား "


" ဟုတ်ကဲ့ အဘွား "



" အင်း "







" အင်း မောင် "


" လွမ်းနေခဲ့တာကွာ "

...






" ဘာလုပ်နေကြတာလည်း "


" စာအိတ်တွေက "


" မောင် "





BlackroseTK93
Taekookforever🐰🐻


Continue Reading

You'll Also Like

278K 11.4K 40
แ€ค Fic แ€žแ€Šแ€บ แ€กแ€›แ€™แ€บแ€ธแ€›แ€ญแ€ฏแ€„แ€บแ€ธแ€…แ€ญแ€ฏแ€„แ€บแ€ธแ€žแ€ฑแ€ฌ แ€กแ€žแ€ฏแ€ถแ€ธแ€กแ€”แ€พแ€ฏแ€”แ€บแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€žแ€ฌแ€žแ€ฏแ€ถแ€ธแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ Big Warning ๐Ÿšจ18+ Fic แ€แ€•แ€ฏแ€’แ€บแ€–แ€ผแ€…แ€บแ€žแ€Šแ€บ แ‹
307K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
671K 33.3K 24
โ†ณ โ [ ILLUSION ] โž โ” yandere hazbin hotel x fem! reader โ” yandere helluva boss x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, a powerful d...
321K 10.3K 52
There's no way you're hitting on me right now. โ” Lando Norris x Fem!OC ยฉ KissLeclerc , April 2024 Started: April 8, 2024 Completed: May 10, 2...