အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

נכתב על ידי Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... עוד

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

241

2.1K 451 33
נכתב על ידי Melinoe_Megami

Unicode

ရန်ချန်း သူ့ကို ဘာလို့အပြင်မှာထားခဲ့မှန်း ခြူးမုယွင် သိသည်။

သူတို့နှစ်ဦး ပွင့်ပွင့်လင်းလင်း စကားပြောဖြစ်ပြီးနောက် ပြန်လည်ပေါင်းစည်းရန် အခွင့်အရေးများစွာ ရခဲ့ပါသော်ငြား ရန်ချန်းသည် ထိုသို့မလုပ်ခဲ့ပေ။

ယမန်နေ့ညက သူတို့ အရက်မူးသွားတာ ဖြစ်နိုင်သည်။ အချိန်ရပ်တန့်သွားသလို ခံစားခဲ့ရတာလည်း ဖြစ်နိုင်သည်။ နှစ်ယောက်သား သာယာစိတ်များဖြင့် စိတ်ကြွသွားတာ ဖြစ်နိုင်သည်။ သို့သော် ခန္ဓာကိုယ်၏ ကျေနပ်သာယာမှုအောက်တွင် စိတ်ဝိဉာဉ်က ဗလာကျင်းနေခဲ့၏။

ရန်ချန်းက သူနှင့် ခုတင်တစ်လုံးတည်းတွင် အတူမအိပ်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် အတူအိပ်စက်ခြင်းက ချစ်တင်းနှောရတာထက် ပိုပြီး ကြောက်စရာကောင်းလွန်းသည်။ အတူအိပ်ရင်း ပွေ့ဖက်မိချိန်တိုင်း ခန္ဓာကိုယ်က သက်သောင့်သက်သာ ဖြစ်လာပြီး ထင်ယောင်ထင်မှား အတွေးများ ပေါ်လာနိုင်ပေသည်။

တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးလေသယောင်၊ သူတို့၏ အသက်ရှူသံများ စည်းချက်ညီလာသယောင်၊ ခန္ဓာကိုယ်အပူချိန်က ထပ်တူကျလာသယောင်၊ နောက်ဆုံး နှလုံးခုန်သံပင် တစ်ချိန်တည်း ဖြစ်တည်လာသယောင်..

အနှီခံစားချက်များဟာ စိတ်ဝိဉာဉ်ကို ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်လျှံသွားစေနိုင်၏။

သို့သော် အရာအားလုံးက အတုအယောင်များသာ၊ တစ်ဖက်သတ် စိတ်ကူးယဉ်အတွေးများသာ။ အိပ်ရာနိုးလာသည်နှင့် ဗလာကျင်းနေသော စိတ်ဝိဉာဉ်ကို ပိုမို ဗလာကျင်းသွားစေလိမ့်မည်။ လေညင်းသဖွယ် စိတ်ကူးယဉ်အိပ်မက်က ခန္ဓာကိုယ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ကာ အနူးညံ့ဆုံးသော၊ ထိလွယ်ရှလွယ်သည့် ခံစားချက်များကို ထိုးနှက်ပစ်လိမ့်မည်။

သို့ဖြစ်ရာ ရန်ချန်းသည် ရှေ့ဆက်မတိုးရဲခဲ့ပေ။

ခြူးမုယွင်အနေဖြင့် ထိုခံစားချက်များကို နားလည်သော်ငြား ရှန်ရွှိန်ယန်းကတော့ နားမလည်နိုင်ခဲ့ပေ။ သူ၏ စိတ်ထဲတွင် အရာအားလုံး ရှုပ်ထွေးနေတော့သည်။

ရန်ချန်းဆီကို ခြူးမုယွင် ရောက်သွားမှန်း သတင်းရလိုက်ကတည်းက သူ၏ အတွင်းစိတ်ရိုင်းများ ကြွတက်လာပြီး အော်ဟစ်သောင်းကျန်းနေခဲ့၏။ မျက်လုံးမှိတ်လိုက်တိုင်း ရန်ချန်းနှင့် ခြူးမုယွင်တို့ လည်ပင်းယှက်ကာ အတူအိပ်စက်နေပုံကို မြင်ယောင်လာသည်။ စိတ်အာရုံတစ်ခုလုံးတွင် မြတ်နိုးတွယ်တာခြင်းများ ထင်ဟပ်နေသော ခြူးမုယွင်၏ အကြင်နာမျက်ဝန်းများသာ စိုးမိုးနေခဲ့လေသည်။

ထိုမျက်ဝန်းများက သူ့ကို ကြည့်မနေသည်မှာ စိတ်မကောင်းစရာပင်။

ရှန်ရွှိန်ယန်းမှာ ထိုအတွေးများကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင့် တစ်စက္ကန့်ပင် သည်းမခံနိုင်တော့ဘဲ ဇီးပန်းရောင်ဝါတောင်သို့ ရောက်ချလာတော့သည်။ ဇီးပန်းပွဲတော်ကို စိတ်ဝင်စား၍မဟုတ်၊ သူက ခြူးမုယွင်ကို ပြန်ခေါ်သွားချင်ရုံသာ။

ဇီးပန်းရောင်ဝါတောင်၏ အကာအကွယ်စည်းကို အမြန်ဆုံး ချိုးဖောက်ပြီး ရောက်ရှိလာချိန်မှာတော့ သူမြင်လိုက်ရသည်ကား တစ်ကိုယ်လုံး ချစ်တင်းနှောထားသည့် အငွေ့အသက်များဖြင့် အပြင်မှာ ပစ်ထားခံရသော ခြူးမုယွင်ကိုပင်။

ထိုအခိုက်အတန့် ရှန်ရွှိန်ယန်းမှာ သူ၏ စိတ်ခံစားချက်ကို ဖော်ပြရန်ပင် မတတ်နိုင်တော့ချေ။

သူက ခြူးမုယွင်ကို ရတနာတစ်ပါးနှယ် ဖူးဖူးမှုတ်ထားခဲ့သည်။ ထိုသူအတွက် အရာအားလုံး လက်လျော့နိုင်ခဲ့သည်။ သူ့အပေါ် နည်းနည်းလေး ခံစားချက်ရှိလာလျှင်ပင် ရူးသွပ်လုမတတ် ပျော်ရွှင်မိချေလိမ့်မည်။

သူ၏ အောက်ခြေစည်းကိုပင် ထိုအမျိုးသားအတွက် ပယ်ဖျက်ပေးခဲ့ပြီး မျက်စိပိတ်နားပိတ် နေပေးချင်ခဲ့သည်။ သို့သော် သူ ဘာပြန်ရလိုက်သနည်း။

သွေးအေးရက်စက်ပြီး အကြင်နာမဲ့မှုများ…

သူ့ဘက်က မာနကိုခဝါချပြီး တိုးလျှိုးတောင်းပန်နေသည့်တိုင် သူ့အပေါ် ပစ်ပစ်ခါခါ ပြုမူသွားပြီး သူပြောခဲ့သမျှ စကားလုံးတိုင်းကို အမှိုက်တစ်ခုနှယ် သဘောထားကာ သူ့ကို ထားရစ်ခဲ့လေသည်။

သူက နှလုံးသည်းညှာပေါ်တွင် တင်ထားချင်သော်ငြား တစ်ဖက်လူက ဤနေရာကို အရောက်လာပြီး ဖျက်ဆီးခံချင်နေသည်။

ရှန်ရွှိန်ယန်းမှာ ဒေါသထွက်လွန်း၍ ရူးသွပ်လုမတတ်။

ရန်ချန်းသာ တကယ်ဂရုစိုက်လျှင် အဘယ်သို့ အပြင်မှာ နေရာပေးထားမည်နည်း။ ချစ်တင်းနှောပြီးသည်နှင့် အဘယ်သို့ ပစ်ထားသွားမည်နည်း။

ရှန်ရွှိန်ယန်း၏ ကြောက်ခမန်းလိလိ အမျက်ဒေါသအောက်တွင် ထုတ်မပြောနိုင်သည့် ဝမ်းနည်းကြေကွဲခြင်းများ ရောယှက်နေခဲ့သည်။ သူ ခြူးမုယွင်အတွက် ဝမ်းနည်းရသလို သူ့ကိုယ်သူလည်း မုန်းတီးနေမိသည်။

ထိုအခိုက် ခြူးမုယွင်က ရှောင်ပြေးမနေဘဲ ရှန်ရွှိန်ယန်းအား မော့ကြည့်ကာ အေးတိအေးစက် ပြောလိုက်သည်။ : “ထွက်သွား..”

ရှန်ရွှိန်ယန်း၏ မျက်ဝန်းလှလှလေးများသည် ရုတ်ချည်းဆိုသလို သွေးနီရောင်လွှမ်းသွား၏။

ခြူးမုယွင်က ဆက်ပြောလာသည်။ : “ရန်ချန်းအိပ်နေတာကို မနှောင့်ယှက်နဲ့..”

ရှန်ရွှိန်ယန်းမှာ အသံထွက်အောင် ရယ်မောလိုက်မိသည်။ မျက်ဝန်းအိမ်က နီရဲနေပြီး ပြုံးယောင်သန်းနေသော်ငြား သူ၏ အသံက စိတ်အားငယ်ခြင်းများဖြင့် ပြည့်နှက်နေလေသည်။

“ခင်​ဗျားက သူ့ကို တန်ဖိုးထားပေမယ့် ရန်ချန်းဘက်က ခင်​ဗျားကို ဘယ်လိုသဘောထားနေလဲ သိရဲ့လား..?”

ခြူးမုယွင် မျက်မှောင်ကြုတ်သွားသည်။

ရှန်ရွှိန်ယန်းက ခြူးမုယွင်၏ အရှေ့သို့ စာရွက်တစ်ရွက် ပစ်ပေးလိုက်သည်။ ထိုစာရွက်ပေါ်တွင် ဖီးနစ်တစ်ကောင်နှယ် ထောင်လွှားမောက်မာလွန်းသော စာသားတစ်ကြောင်း ပါရှိနေသည်။

“ခြူးမုယွင်က ငါ့ဆီမှာ.. သူ့ကို လိုချင်ရင် တန်ဖိုးညီတာတစ်ခုခုယူလာပြီး လာလဲချေ..”

ရန်ချန်း၏ လက်ရေးဆိုတာ သံသယဝင်စရာမရှိ။

ရန်ချန်းက လှည့်ကွက်တချို့သုံး၍ နတ်ဆိုးအရှင်ကြီးများကို ဇီးပန်းရောင်ဝါတောင်သို့ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ခြူးမုယွင် သိနေပြီးသားပင်။ သို့သော် ယခုလိုမျိုး… အင်း… တည့်တိုးဆန်ဆန် နည်းလမ်းသုံးပြီး ဖိတ်ခေါ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။

ဟိုခြောက်ယောက်ကို ရန်စချင်နေတာလား..? ရန်ချန်းအတွက် ဘာအကျိုးရှိမှာမလို့လဲ..?

ခြူးမုယွင်တစ်ယောက် တွေးမရဖြစ်နေသော်ငြား ထိုအပြုအမူက ရှန်ရွှိန်ယန်း၏ အမြင်မှာတော့ အဓိပ္ပါယ်ကွာခြားသွားသည်။ သူ၏ စိတ်ထဲ ခြူးမုယွင် ဝမ်းနည်းနေသည်၊ ရန်ချန်းကြောင့် စိတ်မကောင်းဖြစ်သွားပြီ ဟူ၍ တွေးထင်နေတော့သည်။

ရှန်ရွှိန်ယန်းမှာ ထိုသို့တွေးနေမိရင်း နောက်တစ်ကြိမ် ဝမ်းနည်းလာပြန်၏။ သူ၏ နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံလိုက်ရပြီး သွေးကြော၊ အာရုံကြောများ ဆောင့်ဆွဲခံလိုက်ရသလို လှုပ်ရှားလိုက်တိုင်း နှလုံးကွဲကြေလုမတတ် ရင်နာလာရသည်။

စူးနင့်နေသော နာကျင်မှုအောက်ဝယ် ရှန်ရွှိန်ယန်းသည် ရုတ်တရက် စိတ်တည်ငြိမ်လာပြီး သူ၏ မျက်ဝန်းကြားမှ ရန်လိုစိတ်များ အံ့ဩစရာကောင်းအောင် ပျောက်ကွယ်သွားခဲ့သည်။ သူက ခြူးမုယွင်၏ ခုတင်ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ ခြူးမုယွင်ကို ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။

ခြူးမုယွင်ပင် ထိတ်လန့်သွားပြီး ရှန်ရွှိန်ယန်းအား အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ပြန်ငုံ့ကြည့်လိုက်မိသည်။

ရှန်ရွှိန်ယန်းသည် ဘယ်သောအခါမှ သူ၏ ခံစားချက်များကို ဖုံးကွယ်မထားတတ်ပေ။ သူ၏ ချစ်ခြင်းတရားက ယိုင်နဲ့သွားခြင်းမရှိ၊ အရာအားလုံး ပုံအပ်ကာ အရာအားလုံး ပေးဆပ်နိုင်သည်အထိ လှပလွန်းခဲ့သည်။

လူအတော်များများသည် ထိုသို့သော ချစ်ခြင်းတရားကို လက်ခံနိုင်စွမ်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချစ်သည် ကောင်းကင်ထက်မှ နေမင်းကြီးသဖွယ် ပူလောင်လွန်းသောကြောင့် ဖြစ်၏။ နေ၏ အလင်းနှင့်အပူရှိန်က အမှောင်ထုကို ထွန်းလင်းစေကာ အေးစက်မှုများ လွင့်ပြယ်စေသော်ငြား အရမ်းနီးကပ်လွန်းလျှင်လည်း ကိုယ့်ကို လောင်ကျွမ်းသွားမလား၊ တစ်စစီ ဖြစ်သွားမလား ဟူ၍ တစ်ချိန်လုံး စိတ်ပူနေရလိမ့်မည်။

ခြူးမုယွင်တွင် ထိုသို့သော စိုးရိမ်စိတ်များ မရှိပါချေ။ ထိုအစား အသိအမှတ်ပင် ပြုသေးသည်။ ထို့ကြောင့်လည်း ရှန်ရွှိန်ယန်းကို အမြဲတမ်း သူများထက်ပို၍ အနည်းငယ် အလိုလိုက်ပေးခဲ့သည်။

သို့သော် အချစ်ကိုတော့ မတုံ့ပြန်နိုင်ခဲ့ပါချေ။

ရှန်ရွှိန်ယန်းက သူ့ကို ငေးမောကြည့်ရင်း နူးညံ့စွာ ပြောလာခဲ့သည်။ : “အားယွင်.. ကျွန်တော် ခင်ဗျားကို ပြန်ခေါ်သွားမယ်လေ နော်..? ရန်ချန်းက ခင်ဗျားကို လုံးဝဂရုမစိုက်ဘူး.. ပစ္စည်းတစ်ခုလို သဘောထားနေတာ.. သူလိုချင်တာရနိုင်ဖို့ ကျားကွက်တစ်ခုလို အသုံးချနေတာ.. အစကနေအဆုံးထိ ခင်ဗျားကို အသုံးချနေရုံကလွဲရင် ဘာအချစ်မှမရှိဘူး..”

“ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါနော်.. ပကတိမြူနှင်းနန်းတော်ကို ပြန်ကြမယ်လေ.. အားယွင် လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးမယ်.. ကျွန်တော့်ကို ပြန်မချစ်လည်းရတယ်.. ဒါပေမဲ့ ကျွန်တော့်အနားကနေ ထပ်ပြီးထွက်မသွားပါနဲ့နော်..”

သနားငဲ့ညှာပေးရန် တောင်းဆိုနေမိရင်း နောက်ဆုံးသော အခွင့်အရေးကို မျှော်လင့်တောင့်တနေသည့် ကလေးငယ်လေးသဖွယ် သူ၏ အဆုံးသတ်စကားက သနားစရာကောင်းလှသည်။

ခြူးမုယွင်က အသာမျက်လွှာချပြီး စကားငါးလုံးသာ ပြန်ဖြေခဲ့သည်။ : “စိတ်မကောင်းပါဘူး..”

ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ်သွားလေ၏။ သို့သော် လေဟာပြင်တစ်ခုလုံး ဗလာကျင်းကာ ဖိအားပြင်းထန်လာပြီး အချိန်ရပ်တန့်သွားသယောင် ထင်မှတ်ရသည်။

ရှန်ရွှိန်ယန်း၏ မျက်ဝန်းအိမ်ထဲတွင် အလင်းရောင် ပျောက်ကွယ်သွားချေပြီ။ သူက မတ်တပ်ရပ်ကာ ခြူးမုယွင်အား စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်။

ခြူးမုယွင်က မထုံတက်သေး အမူအရာဖြင့် တည်ငြိမ်နေဆဲ။

ထိုအပြုအမူက တစ်ဖက်လူအား ရန်စနေသည့်နှယ်။ ရှန်ရွှိန်ယန်းက ခြူးမုယွင်၏ မေးစေ့ကို ဖျစ်ညှစ်ကာ တွန်းလှဲပစ်လိုက်သည်။

ခြူးမုယွင်က မရုန်းကန်သလို တုံ့ပြန်ခြင်းလည်းမရှိ။ ရှန်ရွှိန်ယန်းကို လုပ်ချင်ရာ လုပ်ခွင့်ပေးထားလိုက်သည်။

သို့သော် ရှန်ရွှိန်ယန်း လုပ်ချင်ရာ လုပ်တော့မည့်အချိန် ပိတ်ထားသောတံခါးက ဝုန်းခနဲ ပွင့်ဟလာခဲ့သည်။

ရန်ချန်းက အပေါ်ထပ်အင်္ကျီ ဝတ်ဆင်ထားပြီး အေးတိအေးစက် မျက်နှာထားဖြင့် မတ်တပ်ရပ်နေလေသည်။

ခြူးမုယွင်က မျက်နှာသေဖြင့် အသာမော့ကြည့်လိုက်သည်။

ရှန်ရွှိန်ယန်းလည်း လှုပ်ရှားမှု ရပ်တန့်သွား၏။ သူက အင်္ကျီမကျွတ်သေးသော်လည်း သူ့အောက်မှ ‘အရာ’ကိုမူ ရှင်းရှင်းလင်းလင်း မြင်နေရချေပြီ။

ရန်ချန်း၏ လေသံက အလွန်တရာ အေးစက်နေတော့သည်။ : “ရောက်ပြီဆိုတော့ ဘာယူလာခဲ့လဲ..?”

ရှန်ရွှိန်ယန်းက မတ်တပ်ရပ်ကာ ခြူးမုယွင်ကို စောင်ဖြင့် ပတ်လိုက်သည်။ လက်ရှိအခြေအနေအရ ထိုအပြုအမူက အဓိပ္ပါယ်မဲ့သလို ရယ်စရာကောင်းနေသော်ငြား ရှန်ရွှိန်ယန်းမှာ ထိုသို့မလုပ်ဘဲ မနေနိုင်ခဲ့ချေ။

ပြီးနောက် သူက အဝတ်အစားများကို စိမ်ပြေနပြေ သေသပ်အောင်လုပ်ရင်း မူလ ဟိတ်ဟန်များပြီး မာန်မာနကြီးသည့် လောဘအရှင်သခင်ပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ ထို့နောက်တွင်မူ မျက်ခုံးပင့်ကာ ညစ်ကျယ်ကျယ် ပြောလိုက်သည်။

“မင်းက သူ့ကို ရောင်းနေတာမဟုတ်ဘူးလား.. ဘာလို့ ပစ္စည်းကောင်းမကောင်း ပေးမစစ်တာလဲ..?”

ရန်ချန်းက အေးစက်စက် ပြန်ပြောသည်။ : “ရှန်ရွှိန်ယန်း.. မင်းက သေချင်နေတာပဲ..”

ရှန်ရွှိန်ယန်း၏ မျက်ဝန်းထဲတွင် မီးဟုန်းဟုန်းတောက်လာပြီး.. : “ဒီနေ့ ဒီနေရာမှာ ဘယ်သူသေမလဲ.. သိချင်လာပြီ..!”

ချက်ချင်းဆိုသလို တိုက်ပွဲစတင်တော့မည့် အခြေအနေသို့ ရောက်ရှိသွားလေ၏။

ခြူးမုယွင်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ဤတိုက်ပွဲက ရန်ချန်းအတွက် အခြေအနေမကောင်းပေ။ သူသာ နေကောင်းနေလျှင် ရှန်ရွှိန်ယန်းကို အပြိုင်တိုက်ခိုက်နိုင်သော်လည်း ယခုတော့…

ခြူးမုယွင်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ရင်တလှပ်လှပ် ဖြစ်သွားရသည်။

သို့သော် ထိုအခိုက်အတန့် အေးစက်သော်ငြား အလွန်ဆွဲဆောင်မှုရှိသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒီနေ့ ဘယ်သူသေမလဲဆိုတာ ကျုပ်လည်း သိချင်မိတယ်..”

ထိုစကားနှင့်အတူ လရောင်အောက်ဝယ် အနီရောင်ဝတ်ရုံရှင် ရှဲ့ချင်းလန်ကို မြင်လိုက်ရလေသည်။

သူ၏မျက်နှာပေါ် အရိပ်ကျနေသော်ငြား မျက်ဝန်းများက ခြူးမုယွင်ကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။

………………………………………..

TN : Click မယ်နော် ပေါင်ပေ့တို့။

………………………………………..

Zawgyi

ရန္ခ်န္း သူ႔ကို ဘာလို႔အျပင္မွာထားခဲ့မွန္း ျခဴးမုယြင္ သိသည္။

သူတို႔ႏွစ္ဦး ပြင့္ပြင့္လင္းလင္း စကားေျပာျဖစ္ၿပီးေနာက္ ျပန္လည္ေပါင္းစည္းရန္ အခြင့္အေရးမ်ားစြာ ရခဲ့ပါေသာ္ျငား ရန္ခ်န္းသည္ ထိုသို႔မလုပ္ခဲ့ေပ။

ယမန္ေန႔ညက သူတို႔ အရက္မူးသြားတာ ျဖစ္ႏိုင္သည္။ အခ်ိန္ရပ္တန႔္သြားသလို ခံစားခဲ့ရတာလည္း ျဖစ္ႏိုင္သည္။ ႏွစ္ေယာက္သား သာယာစိတ္မ်ားျဖင့္ စိတ္ႂကြသြားတာ ျဖစ္ႏိုင္သည္။ သို႔ေသာ္ ခႏၶာကိုယ္၏ ေက်နပ္သာယာမႈေအာက္တြင္ စိတ္ဝိဉာဥ္က ဗလာက်င္းေနခဲ့၏။

ရန္ခ်န္းက သူႏွင့္ ခုတင္တစ္လုံးတည္းတြင္ အတူမအိပ္ခ်င္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ အတူအိပ္စက္ျခင္းက ခ်စ္တင္းေႏွာရတာထက္ ပိုၿပီး ေၾကာက္စရာေကာင္းလြန္းသည္။ အတူအိပ္ရင္း ေပြ႕ဖက္မိခ်ိန္တိုင္း ခႏၶာကိုယ္က သက္ေသာင့္သက္သာ ျဖစ္လာၿပီး ထင္ေယာင္ထင္မွား အေတြးမ်ား ေပၚလာႏိုင္ေပသည္။

တစ္ဦးကိုတစ္ဦး နက္နက္ရႈိင္းရႈိင္း ခ်စ္ျမတ္ႏိုးေလသေယာင္၊ သူတို႔၏ အသက္ရႉသံမ်ား စည္းခ်က္ညီလာသေယာင္၊ ခႏၶာကိုယ္အပူခ်ိန္က ထပ္တူက်လာသေယာင္၊ ေနာက္ဆုံး ႏွလုံးခုန္သံပင္ တစ္ခ်ိန္တည္း ျဖစ္တည္လာသေယာင္..

အႏွီခံစားခ်က္မ်ားဟာ စိတ္ဝိဉာဥ္ကို ေပ်ာ္႐ႊင္ၾကည္ႏူးမႈမ်ားျဖင့္ ျပည့္လွ်ံသြားေစႏိုင္၏။

သို႔ေသာ္ အရာအားလုံးက အတုအေယာင္မ်ားသာ၊ တစ္ဖက္သတ္ စိတ္ကူးယဥ္အေတြးမ်ားသာ။ အိပ္ရာႏိုးလာသည္ႏွင့္ ဗလာက်င္းေနေသာ စိတ္ဝိဉာဥ္ကို ပိုမို ဗလာက်င္းသြားေစလိမ့္မည္။ ေလညင္းသဖြယ္ စိတ္ကူးယဥ္အိပ္မက္က ခႏၶာကိုယ္အတြင္းပိုင္းအထိ ထိုးေဖာက္ဝင္ေရာက္ကာ အႏူးညံ့ဆုံးေသာ၊ ထိလြယ္ရွလြယ္သည့္ ခံစားခ်က္မ်ားကို ထိုးႏွက္ပစ္လိမ့္မည္။

သို႔ျဖစ္ရာ ရန္ခ်န္းသည္ ေရွ႕ဆက္မတိုးရဲခဲ့ေပ။

ျခဴးမုယြင္အေနျဖင့္ ထိုခံစားခ်က္မ်ားကို နားလည္ေသာ္ျငား ရွန္႐ႊိန္ယန္းကေတာ့ နားမလည္ႏိုင္ခဲ့ေပ။ သူ၏ စိတ္ထဲတြင္ အရာအားလုံး ရႈပ္ေထြးေနေတာ့သည္။

ရန္ခ်န္းဆီကို ျခဴးမုယြင္ ေရာက္သြားမွန္း သတင္းရလိုက္ကတည္းက သူ၏ အတြင္းစိတ္႐ိုင္းမ်ား ႂကြတက္လာၿပီး ေအာ္ဟစ္ေသာင္းက်န္းေနခဲ့၏။ မ်က္လုံးမွိတ္လိုက္တိုင္း ရန္ခ်န္းႏွင့္ ျခဴးမုယြင္တို႔ လည္ပင္းယွက္ကာ အတူအိပ္စက္ေနပုံကို ျမင္ေယာင္လာသည္။ စိတ္အာ႐ုံတစ္ခုလုံးတြင္ ျမတ္ႏိုးတြယ္တာျခင္းမ်ား ထင္ဟပ္ေနေသာ ျခဴးမုယြင္၏ အၾကင္နာမ်က္ဝန္းမ်ားသာ စိုးမိုးေနခဲ့ေလသည္။

ထိုမ်က္ဝန္းမ်ားက သူ႔ကို ၾကည့္မေနသည္မွာ စိတ္မေကာင္းစရာပင္။

ရွန္႐ႊိန္ယန္းမွာ ထိုအေတြးမ်ားေၾကာင့္ စိတ္ဆင္းရဲကိုယ္ဆင္းရဲျခင့္ တစ္စကၠန႔္ပင္ သည္းမခံႏိုင္ေတာ့ဘဲ ဇီးပန္းေရာင္ဝါေတာင္သို႔ ေရာက္ခ်လာေတာ့သည္။ ဇီးပန္းပြဲေတာ္ကို စိတ္ဝင္စား၍မဟုတ္၊ သူက ျခဴးမုယြင္ကို ျပန္ေခၚသြားခ်င္႐ုံသာ။

ဇီးပန္းေရာင္ဝါေတာင္၏ အကာအကြယ္စည္းကို အျမန္ဆုံး ခ်ိဳးေဖာက္ၿပီး ေရာက္ရွိလာခ်ိန္မွာေတာ့ သူျမင္လိုက္ရသည္ကား တစ္ကိုယ္လုံး ခ်စ္တင္းေႏွာထားသည့္ အေငြ႕အသက္မ်ားျဖင့္ အျပင္မွာ ပစ္ထားခံရေသာ ျခဴးမုယြင္ကိုပင္။

ထိုအခိုက္အတန႔္ ရွန္႐ႊိန္ယန္းမွာ သူ၏ စိတ္ခံစားခ်က္ကို ေဖာ္ျပရန္ပင္ မတတ္ႏိုင္ေတာ့ေခ်။

သူက ျခဴးမုယြင္ကို ရတနာတစ္ပါးႏွယ္ ဖူးဖူးမႈတ္ထားခဲ့သည္။ ထိုသူအတြက္ အရာအားလုံး လက္ေလ်ာ့ႏိုင္ခဲ့သည္။ သူ႔အေပၚ နည္းနည္းေလး ခံစားခ်က္ရွိလာလွ်င္ပင္ ႐ူးသြပ္လုမတတ္ ေပ်ာ္႐ႊင္မိေခ်လိမ့္မည္။

သူ၏ ေအာက္ေျခစည္းကိုပင္ ထိုအမ်ိဳးသားအတြက္ ပယ္ဖ်က္ေပးခဲ့ၿပီး မ်က္စိပိတ္နားပိတ္ ေနေပးခ်င္ခဲ့သည္။ သို႔ေသာ္ သူ ဘာျပန္ရလိုက္သနည္း။

ေသြးေအးရက္စက္ၿပီး အၾကင္နာမဲ့မႈမ်ား…

သူ႔ဘက္က မာနကိုခဝါခ်ၿပီး တိုးလွ်ိဳးေတာင္းပန္ေနသည့္တိုင္ သူ႔အေပၚ ပစ္ပစ္ခါခါ ျပဳမူသြားၿပီး သူေျပာခဲ့သမွ် စကားလုံးတိုင္းကို အမႈိက္တစ္ခုႏွယ္ သေဘာထားကာ သူ႔ကို ထားရစ္ခဲ့ေလသည္။

သူက ႏွလုံးသည္းညႇာေပၚတြင္ တင္ထားခ်င္ေသာ္ျငား တစ္ဖက္လူက ဤေနရာကို အေရာက္လာၿပီး ဖ်က္ဆီးခံခ်င္ေနသည္။

ရွန္႐ႊိန္ယန္းမွာ ေဒါသထြက္လြန္း၍ ႐ူးသြပ္လုမတတ္။

ရန္ခ်န္းသာ တကယ္ဂ႐ုစိုက္လွ်င္ အဘယ္သို႔ အျပင္မွာ ေနရာေပးထားမည္နည္း။ ခ်စ္တင္းေႏွာၿပီးသည္ႏွင့္ အဘယ္သို႔ ပစ္ထားသြားမည္နည္း။

ရွန္႐ႊိန္ယန္း၏ ေၾကာက္ခမန္းလိလိ အမ်က္ေဒါသေအာက္တြင္ ထုတ္မေျပာႏိုင္သည့္ ဝမ္းနည္းေၾကကြဲျခင္းမ်ား ေရာယွက္ေနခဲ့သည္။ သူ ျခဴးမုယြင္အတြက္ ဝမ္းနည္းရသလို သူ႔ကိုယ္သူလည္း မုန္းတီးေနမိသည္။

ထိုအခိုက္ ျခဴးမုယြင္က ေရွာင္ေျပးမေနဘဲ ရွန္႐ႊိန္ယန္းအား ေမာ့ၾကည့္ကာ ေအးတိေအးစက္ ေျပာလိုက္သည္။ : “ထြက္သြား..”

ရွန္႐ႊိန္ယန္း၏ မ်က္ဝန္းလွလွေလးမ်ားသည္ ႐ုတ္ခ်ည္းဆိုသလို ေသြးနီေရာင္လႊမ္းသြား၏။

ျခဴးမုယြင္က ဆက္ေျပာလာသည္။ : “ရန္ခ်န္းအိပ္ေနတာကို မေႏွာင့္ယွက္နဲ႔..”

ရွန္႐ႊိန္ယန္းမွာ အသံထြက္ေအာင္ ရယ္ေမာလိုက္မိသည္။ မ်က္ဝန္းအိမ္က နီရဲေနၿပီး ၿပဳံးေယာင္သန္းေနေသာ္ျငား သူ၏ အသံက စိတ္အားငယ္ျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနေလသည္။

“ခင္​ဗ်ားက သူ႔ကို တန္ဖိုးထားေပမယ့္ ရန္ခ်န္းဘက္က ခင္​ဗ်ားကို ဘယ္လိုသေဘာထားေနလဲ သိရဲ႕လား..?”

ျခဴးမုယြင္ မ်က္ေမွာင္ၾကဳတ္သြားသည္။

ရွန္႐ႊိန္ယန္းက ျခဴးမုယြင္၏ အေရွ႕သို႔ စာ႐ြက္တစ္႐ြက္ ပစ္ေပးလိုက္သည္။ ထိုစာ႐ြက္ေပၚတြင္ ဖီးနစ္တစ္ေကာင္ႏွယ္ ေထာင္လႊားေမာက္မာလြန္းေသာ စာသားတစ္ေၾကာင္း ပါရွိေနသည္။

“ျခဴးမုယြင္က ငါ့ဆီမွာ.. သူ႔ကို လိုခ်င္ရင္ တန္ဖိုးညီတာတစ္ခုခုယူလာၿပီး လာလဲေခ်..”

ရန္ခ်န္း၏ လက္ေရးဆိုတာ သံသယဝင္စရာမရွိ။

ရန္ခ်န္းက လွည့္ကြက္တခ်ိဳ႕သုံး၍ နတ္ဆိုးအရွင္ႀကီးမ်ားကို ဇီးပန္းေရာင္ဝါေတာင္သို႔ ဖိတ္ေခၚမည္ျဖစ္ေၾကာင္း ျခဴးမုယြင္ သိေနၿပီးသားပင္။ သို႔ေသာ္ ယခုလိုမ်ိဳး… အင္း… တည့္တိုးဆန္ဆန္ နည္းလမ္းသုံးၿပီး ဖိတ္ေခၚလိမ့္မည္ဟု လုံးဝမထင္ထားခဲ့ေခ်။

ဟိုေျခာက္ေယာက္ကို ရန္စခ်င္ေနတာလား..? ရန္ခ်န္းအတြက္ ဘာအက်ိဳးရွိမွာမလို႔လဲ..?

ျခဴးမုယြင္တစ္ေယာက္ ေတြးမရျဖစ္ေနေသာ္ျငား ထိုအျပဳအမူက ရွန္႐ႊိန္ယန္း၏ အျမင္မွာေတာ့ အဓိပၸါယ္ကြာျခားသြားသည္။ သူ၏ စိတ္ထဲ ျခဴးမုယြင္ ဝမ္းနည္းေနသည္၊ ရန္ခ်န္းေၾကာင့္ စိတ္မေကာင္းျဖစ္သြားၿပီ ဟူ၍ ေတြးထင္ေနေတာ့သည္။

ရွန္႐ႊိန္ယန္းမွာ ထိုသို႔ေတြးေနမိရင္း ေနာက္တစ္ႀကိမ္ ဝမ္းနည္းလာျပန္၏။ သူ၏ ႏွလုံးသားတစ္ခုလုံး ဖ်စ္ညႇစ္ခံလိုက္ရၿပီး ေသြးေၾကာ၊ အာ႐ုံေၾကာမ်ား ေဆာင့္ဆြဲခံလိုက္ရသလို လႈပ္ရွားလိုက္တိုင္း ႏွလုံးကြဲေၾကလုမတတ္ ရင္နာလာရသည္။

စူးနင့္ေနေသာ နာက်င္မႈေအာက္ဝယ္ ရွန္႐ႊိန္ယန္းသည္ ႐ုတ္တရက္ စိတ္တည္ၿငိမ္လာၿပီး သူ၏ မ်က္ဝန္းၾကားမွ ရန္လိုစိတ္မ်ား အံ့ဩစရာေကာင္းေအာင္ ေပ်ာက္ကြယ္သြားခဲ့သည္။ သူက ျခဴးမုယြင္၏ ခုတင္ေရွ႕တြင္ ဒူးတစ္ဖက္ေထာက္ထိုင္ကာ ျခဴးမုယြင္ကို ျဖည္းညင္းစြာ ေမာ့ၾကည့္လိုက္သည္။

ျခဴးမုယြင္ပင္ ထိတ္လန႔္သြားၿပီး ရွန္႐ႊိန္ယန္းအား အံ့အားသင့္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ျပန္ငုံ႔ၾကည့္လိုက္မိသည္။

ရွန္႐ႊိန္ယန္းသည္ ဘယ္ေသာအခါမွ သူ၏ ခံစားခ်က္မ်ားကို ဖုံးကြယ္မထားတတ္ေပ။ သူ၏ ခ်စ္ျခင္းတရားက ယိုင္နဲ႔သြားျခင္းမရွိ၊ အရာအားလုံး ပုံအပ္ကာ အရာအားလုံး ေပးဆပ္ႏိုင္သည္အထိ လွပလြန္းခဲ့သည္။

လူအေတာ္မ်ားမ်ားသည္ ထိုသို႔ေသာ ခ်စ္ျခင္းတရားကို လက္ခံႏိုင္စြမ္းမရွိၾကေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအခ်စ္သည္ ေကာင္းကင္ထက္မွ ေနမင္းႀကီးသဖြယ္ ပူေလာင္လြန္းေသာေၾကာင့္ ျဖစ္၏။ ေန၏ အလင္းႏွင့္အပူရွိန္က အေမွာင္ထုကို ထြန္းလင္းေစကာ ေအးစက္မႈမ်ား လြင့္ျပယ္ေစေသာ္ျငား အရမ္းနီးကပ္လြန္းလွ်င္လည္း ကိုယ့္ကို ေလာင္ကြၽမ္းသြားမလား၊ တစ္စစီ ျဖစ္သြားမလား ဟူ၍ တစ္ခ်ိန္လုံး စိတ္ပူေနရလိမ့္မည္။

ျခဴးမုယြင္တြင္ ထိုသို႔ေသာ စိုးရိမ္စိတ္မ်ား မရွိပါေခ်။ ထိုအစား အသိအမွတ္ပင္ ျပဳေသးသည္။ ထို႔ေၾကာင့္လည္း ရွန္႐ႊိန္ယန္းကို အၿမဲတမ္း သူမ်ားထက္ပို၍ အနည္းငယ္ အလိုလိုက္ေပးခဲ့သည္။

သို႔ေသာ္ အခ်စ္ကိုေတာ့ မတုံ႔ျပန္ႏိုင္ခဲ့ပါေခ်။

ရွန္႐ႊိန္ယန္းက သူ႔ကို ေငးေမာၾကည့္ရင္း ႏူးညံ့စြာ ေျပာလာခဲ့သည္။ : “အားယြင္.. ကြၽန္ေတာ္ ခင္ဗ်ားကို ျပန္ေခၚသြားမယ္ေလ ေနာ္..? ရန္ခ်န္းက ခင္ဗ်ားကို လုံးဝဂ႐ုမစိုက္ဘူး.. ပစၥည္းတစ္ခုလို သေဘာထားေနတာ.. သူလိုခ်င္တာရႏိုင္ဖို႔ က်ားကြက္တစ္ခုလို အသုံးခ်ေနတာ.. အစကေနအဆုံးထိ ခင္ဗ်ားကို အသုံးခ်ေန႐ုံကလြဲရင္ ဘာအခ်စ္မွမရွိဘူး..”

“ကြၽန္ေတာ္နဲ႔ ျပန္လိုက္ခဲ့ပါေနာ္.. ပကတိျမဴႏွင္းနန္းေတာ္ကို ျပန္ၾကမယ္ေလ.. အားယြင္ လုပ္ခ်င္တာမွန္သမွ် လုပ္ခြင့္ေပးမယ္.. ကြၽန္ေတာ့္ကို ျပန္မခ်စ္လည္းရတယ္.. ဒါေပမဲ့ ကြၽန္ေတာ့္အနားကေန ထပ္ၿပီးထြက္မသြားပါနဲ႔ေနာ္..”

သနားငဲ့ညႇာေပးရန္ ေတာင္းဆိုေနမိရင္း ေနာက္ဆုံးေသာ အခြင့္အေရးကို ေမွ်ာ္လင့္ေတာင့္တေနသည့္ ကေလးငယ္ေလးသဖြယ္ သူ၏ အဆုံးသတ္စကားက သနားစရာေကာင္းလွသည္။

ျခဴးမုယြင္က အသာမ်က္လႊာခ်ၿပီး စကားငါးလုံးသာ ျပန္ေျဖခဲ့သည္။ : “စိတ္မေကာင္းပါဘူး..”

ပတ္ဝန္းက်င္တစ္ခုလုံး တစ္ခဏတာ တိတ္ဆိတ္သြားေလ၏။ သို႔ေသာ္ ေလဟာျပင္တစ္ခုလုံး ဗလာက်င္းကာ ဖိအားျပင္းထန္လာၿပီး အခ်ိန္ရပ္တန္႔သြားသေယာင္ ထင္မွတ္ရသည္။

ရွန္႐ႊိန္ယန္း၏ မ်က္ဝန္းအိမ္ထဲတြင္ အလင္းေရာင္ ေပ်ာက္ကြယ္သြားေခ်ၿပီ။ သူက မတ္တပ္ရပ္ကာ ျခဴးမုယြင္အား စူးစူးရဲရဲ စိုက္ၾကည့္လာခဲ့သည္။

ျခဴးမုယြင္က မထုံတက္ေသး အမူအရာျဖင့္ တည္ၿငိမ္ေနဆဲ။

ထိုအျပဳအမူက တစ္ဖက္လူအား ရန္စေနသည့္ႏွယ္။ ရွန္႐ႊိန္ယန္းက ျခဴးမုယြင္၏ ေမးေစ့ကို ဖ်စ္ညႇစ္ကာ တြန္းလွဲပစ္လိုက္သည္။

ျခဴးမုယြင္က မ႐ုန္းကန္သလို တုံ႔ျပန္ျခင္းလည္းမရွိ။ ရွန္႐ႊိန္ယန္းကို လုပ္ခ်င္ရာ လုပ္ခြင့္ေပးထားလိုက္သည္။

သို႔ေသာ္ ရွန္႐ႊိန္ယန္း လုပ္ခ်င္ရာ လုပ္ေတာ့မည့္အခ်ိန္ ပိတ္ထားေသာတံခါးက ဝုန္းခနဲ ပြင့္ဟလာခဲ့သည္။

ရန္ခ်န္းက အေပၚထပ္အက်ႌ ဝတ္ဆင္ထားၿပီး ေအးတိေအးစက္ မ်က္ႏွာထားျဖင့္ မတ္တပ္ရပ္ေနေလသည္။

ျခဴးမုယြင္က မ်က္ႏွာေသျဖင့္ အသာေမာ့ၾကည့္လိုက္သည္။

ရွန္႐ႊိန္ယန္းလည္း လႈပ္ရွားမႈ ရပ္တန႔္သြား၏။ သူက အက်ႌမကြၽတ္ေသးေသာ္လည္း သူ႔ေအာက္မွ ‘အရာ’ကိုမူ ရွင္းရွင္းလင္းလင္း ျမင္ေနရေခ်ၿပီ။

ရန္ခ်န္း၏ ေလသံက အလြန္တရာ ေအးစက္ေနေတာ့သည္။ : “ေရာက္ၿပီဆိုေတာ့ ဘာယူလာခဲ့လဲ..?”

ရွန္႐ႊိန္ယန္းက မတ္တပ္ရပ္ကာ ျခဴးမုယြင္ကို ေစာင္ျဖင့္ ပတ္လိုက္သည္။ လက္ရွိအေျခအေနအရ ထိုအျပဳအမူက အဓိပၸါယ္မဲ့သလို ရယ္စရာေကာင္းေနေသာ္ျငား ရွန္႐ႊိန္ယန္းမွာ ထိုသို႔မလုပ္ဘဲ မေနႏိုင္ခဲ့ေခ်။

ၿပီးေနာက္ သူက အဝတ္အစားမ်ားကို စိမ္ေျပနေျပ ေသသပ္ေအာင္လုပ္ရင္း မူလ ဟိတ္ဟန္မ်ားၿပီး မာန္မာနႀကီးသည့္ ေလာဘအရွင္သခင္ပုံစံသို႔ ျပန္ေျပာင္းသြားခဲ့သည္။ ထို႔ေနာက္တြင္မူ မ်က္ခုံးပင့္ကာ ညစ္က်ယ္က်ယ္ ေျပာလိုက္သည္။

“မင္းက သူ႔ကို ေရာင္းေနတာမဟုတ္ဘူးလား.. ဘာလို႔ ပစၥည္းေကာင္းမေကာင္း ေပးမစစ္တာလဲ..?”

ရန္ခ်န္းက ေအးစက္စက္ ျပန္ေျပာသည္။ : “ရွန္႐ႊိန္ယန္း.. မင္းက ေသခ်င္ေနတာပဲ..”

ရွန္႐ႊိန္ယန္း၏ မ်က္ဝန္းထဲတြင္ မီးဟုန္းဟုန္းေတာက္လာၿပီး.. : “ဒီေန႔ ဒီေနရာမွာ ဘယ္သူေသမလဲ.. သိခ်င္လာၿပီ..!”

ခ်က္ခ်င္းဆိုသလို တိုက္ပြဲစတင္ေတာ့မည့္ အေျခအေနသို႔ ေရာက္ရွိသြားေလ၏။

ျခဴးမုယြင္၏ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားသည္။ ဤတိုက္ပြဲက ရန္ခ်န္းအတြက္ အေျခအေနမေကာင္းေပ။ သူသာ ေနေကာင္းေနလွ်င္ ရွန္႐ႊိန္ယန္းကို အၿပိဳင္တိုက္ခိုက္ႏိုင္ေသာ္လည္း ယခုေတာ့…

ျခဴးမုယြင္၏ စိတ္ထဲတြင္ အေတြးတစ္ခု ျဖတ္ေျပးသြားၿပီး ရင္တလွပ္လွပ္ ျဖစ္သြားရသည္။

သို႔ေသာ္ ထိုအခိုက္အတန႔္ ေအးစက္ေသာ္ျငား အလြန္ဆြဲေဆာင္မႈရွိသည့္ အသံတစ္ခု ထြက္ေပၚလာခဲ့သည္။

“ဒီေန႔ ဘယ္သူေသမလဲဆိုတာ က်ဳပ္လည္း သိခ်င္မိတယ္..”

ထိုစကားႏွင့္အတူ လေရာင္ေအာက္ဝယ္ အနီေရာင္ဝတ္႐ုံရွင္ ရွဲ႕ခ်င္းလန္ကို ျမင္လိုက္ရေလသည္။

သူ၏မ်က္ႏွာေပၚ အရိပ္က်ေနေသာ္ျငား မ်က္ဝန္းမ်ားက ျခဴးမုယြင္ကိုသာ ေငးစိုက္ၾကည့္ေနခဲ့သည္။

………………………………………..

TN : Click မယ္ေနာ္ ေပါင္ေပ့တို႔။

………………………………………..

המשך קריאה

You'll Also Like

687K 97.5K 119
《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှော...
387K 27.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
124K 18.3K 29
It's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little W...
17.5K 2.1K 9
Associated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just...