True Love 💭 (Completed)
KaKyoePhyu85 द्वारा
845K 17K 325
ကောင်မလေးကိုချစ်ပါသည်။ अधिक
Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)
Part 💭 22 (U&Z)
11.6K 306 8
KaKyoePhyu85 द्वारा
True Love 💭❤ အပိုင်း - ၂၂
(Unicode)
ဆေးရုံဘေးကအအေးဆိုင်လေးတွင်လွန်းငယ်နှင့်ရွှေကူနှစ်ယောက်သားထိုင်နေကြတော့သည်။ ရွှေကူဘာဖြစ်မှန်းမသိသည်က အကိုလေးနှင့်ပတ်သက်လျှင် အလိုလိုရှက်တာလိုလိုပြေးပုန်းချင်တာလိုလို တစ်ခါတစ်လေအကိုလေးရှိသည့်နေရာတောင် မသွားချင်ခံစားချက်ကြီးကတစ်မျိုးဖြစ်နေလေသည်။ ဘာလို့ဆိုအမြဲအကိုလေးကိုပဲလို့ကြည့်နေမိပြီး အကိုလေးကပြန်ကြည့်လျှင်ရွှေကူရင်ခုန်မိနေလို့ပင်။
"ရွှေကူဘာတွေစဉ်းစားနေတာလဲ"
"မသိဘူးရွှေကူလဲ ဘာတွေတွေးနေမိမှန်းကိုမသိတော့ဘူးလွန်းငယ်ရယ်"
"လွန်းငယ်မေးမယ် ရွှေကူအမှန်တိုင်းဖြေ"
"ဘာများလဲလွန်းငယ်ရဲ့မေးလေ"
"ရွှေကူလူတစ်ယောက်ကိုချစ်ဖူးလား"
"အာ ဟွန့်အွန်း.ရွှေကူမချစ်ဖူးဘူး"
"လွန်းငယ်တော့ရွှေကူအချစ်တွေ့နေပြီးချစ်မိနေပြီထင်တာပဲ"
မချစ်ဖူးဘူးပြောသည့်ကောင်မလေးက မျက်နှာလေးရဲနေကာမလုံမလဲဖြစ်နေသည်မို့ လွန်းငယ်ပြုံးစိစိနှင့်ရှိနေရတော့သည်။
"ရွှေကူအချစ်ဆိုတာကြီးမသိဘူးလွန်းငယ်  ပြီးတော့ရွှေကူချစ်မိနေလား မချစ်မိဘူးလားဆိုတာလဲသေချာမသိဘူး"
ဟုတ်ပါသည် ဘယ်ဟာကိုအချစ်လို့ခေါ်တာလဲရွှေကူတဂယ်ပဲ နားမလည်ချေ။
"လူတစ်ယောက်ရှိတယ်ကွာ အဲ့လူကရွှေကူ့ဘေးရောက်လာတဲ့အခါမျိုးတွေဆို ရွှေကူ့အတွက်အားအင်တွေရပြီးရွှေကူလုံခြုံသလိုခံစားရလိမ့်မယ် ရွှေကူအဲ့လိုလူနဲ့တွေ့ဘူးလားလွန်းငယ်ကိုဖြေ"
ရွှေကူလွန်းငယ်ကိုမဝဲ့မရဲလေးကြည့်၍ခေါင်းလေးငြိမ့်ပြမိတော့သည်။
"အင်း ကျန်သေးတယ်"
လွန်းငယ်ဆီတွင်နောက်ထပ်မေးခွန်းများရှိသေးသလို ရွှေကူအတွက်ဒီမေးခွန်းတွေကအသုံးဝင်သည်မဝင်သည်ရွှေကူလဲမသိတော့ပေ။
"ရွှေကူလူတစ်ယောက်ကိုသေချာကြီးလိုက်ကြည့်နေဖူးလား သူစကားပြောတဲ့အခါ သူ့အပြုမူ အမူအကျင့်လေးတွေကအစပေါ့ အဲ့လူအကြောင်းတွေးလိုက်မိတာနဲ့ရွှေကူတန်းပြီးသူနဲ့ပတ်သက်တာတွေသတိရသွားတာမျိုးလေး ပြီးတော့တွေးမိတိုင်းကြည်နူးနေသလိုလေးရော"
"အင်းနဲနဲတော့ဖြစ်ဖူးမယ်ထင်တယ်"
"အဲ့လူကကွာတစ်ခြားကောင်မလေးအကြောင်းပြောနေရင် ဝမ်းနည်းနေသလိုရောဖြစ်ဖူးလား"
"အွန်း"
ဒီမေးခွန်းကိုတော့ရွှေကူချက်ချင်းပင်ဖြေလိုက်တော့သည်။
"ပြီးတော့အဲ့လူအနားပဲအမြဲရှိချင်တာမျိုးလေးရော သူအနားမရှိရင်ရွှေကူ့ရင်ထဲဟာတာတာကြီးနဲ့လွမ်းနေတာမျိုးပေါ့"
"ဖြစ်တော့ဖြစ်ဖူးတယ်ထင်တယ်"
"ဒီကောင်မလေးသေချာဖြေလေ ထင်တယ်တွေမလုပ်နဲ့ဖြစ်ဖူးတယ်ပဲဖြေလိုက်တော့"
"အင်းဖြစ်ဖူးတယ်လွန်းငယ်"
"အဲ့တာရွှေကူချစ်မိနေလို့ပေါ့"
"ဟာပေါက်ပေါက်ရှာရှာတွေလွန်းငယ်ရယ်"
"တဂယ်ပြောတာရွှေကူရဲ့ လွန်းငယ်အတွေ့အကြုံအရပြောရရင်အဲ့တာအချစ်ပဲ"
"ရွှေကူတော့မယုံဘူး ရွှေကူကအားကိုးရာရှာမိရုံလေးလေ အဲ့လူကိုချစ်သွားတာထိမဖြစ်ဘူးထင်တာပဲ"
"ရွှေကူကအဲ့တာချစ်မိမှန်းမသိသေးတာ ရွှေကူသေချာလေးစဉ်းစားကြည့်နော်အိမ်ပြန်ရောက်ရင် ရွှေကူ့နှလုံးသားလေးကိုမေးပြီးတိကျတဲ့အဖြေကိုရှာကြည့်လိုက် ရွှေကူသိလိမ့်မယ်"
ရွှေကူ့မှာလွန်းငယ်စကားကြောင့်အနည်းငယ်နေရခက်သွားရတော့သည်။ ရွှေကူကအခုအကိုလေးအကြောင်းကိုတွေးမိပြီးပြောမိလိုက်တာလေ လွန်းငယ်ပြောသလိုဆိုရွှေကူကအကိုလေးကို ချစ်မိနေတာမျိုးပေါ့။ မဟုတ်လောက်ပါဘူးနော်။ ရွှေကူကအကိုလေးကိုလေ။
"အခုထဲကတွေးနေပြီလားရွှေကူက"
"အာ.. မတွေးပါဘူးလွန်းငယ်ရယ် "
ရွှေကူအအေးလေးထက်သောက်လိုက်၍ ရွှေကူ့ကိုပြုံးပြီးကြည့်နေသည့်လွန်းငယ်ကို ရယ်ပြလိုက်တော့သည်။
"လွန်းငယ်ရောအချစ်ကိုဘယ်လိုတွေ့ခဲ့တာလဲ "
မေးလေးထောက်၍ပြောလာသည့်ရွှေကူက တဂယ်သိချင်နေပုံရသည်ကြောင့်..
"သိချင်ရင်ပြောပြမှာပေါ့ အဲ့တာမှရွှေကူလဲစဉ်းစားလို့ရမှာလေ"
ရွှေကူအအေးလေးတစ်ငုံထပ်သောက်၍ လွန်းငယ်ရဲ့အပြောတွေကိုနားထောင်ရန်အသင့်ပြင်လိုက်တော့သည်။
"လွန်းငယ်ဦးကိုစတွေ့တုန်းကအရမ်းကြောက်ခဲ့ရတာ ဦးကအလုပ်ရှင်ဆိုတာကြောင့်လဲဖြစ်မှာပေါ့ "
"အင်း"
"ဦးကလွန်းငယ်တစ်ယောက်ထဲကွက်ပြီးသဘောတွေကောင်းပြီးဂရုစိုက်ပေးတဲ့အထိ ဦးကလွန်းငယ်ကိုချစ်နေမှန်းမသိခဲ့ဘူး ဟီး..လွန်းငယ်က Hotel မှာအငယ်ဆုံးမလို့ဂရုစိုက်ပေးတယ်ပဲထင်မိတာ "
"လွန်းငယ်တို့ကတော့လုပ်ပြီ"
"ဟုတ်တယ်ရွှေကူလဲအဲ့လိုထင်နေတယ်မလား ရွှေကူ့ကိုအဲ့လူကသနားလို့ဂရုစိုက်ပေးနေတယ်ပဲထင်နေတာမလားအခုလဲ"
"​ရွှေကူသေချာမသိဘူး"
"သိတဲ့အချိန်မှပြောပါရပါတယ် ယောက်ကျားလေးတွေက တဂယ်ချစ်ကြတဲ့အခါမျိုးမှာအဲ့လူကိုအရမ်းဂရုစိုက်ပေးကြတာရွှေကူရဲ့ သူ့တို့ကိုယ်တိုင်လဲအရင်ကအကျင့်ဆိုးတွေကိုပြုပြင်ပြောင်းလဲကြတယ် သူတို့အတွက်ဆိုကိုယ်ကအထူးလူလိုကို အခွင့်ရေးတွေရနေတာမျိုးတွေလဲရှိတယ် "
ရွှေကူ့မျက်လုံးထဲ အရင်ကဆိုးတေခဲ့သည့်အကိုလေးကရွှေကူရောက်ပြီးသည့်အချိန်ကစ၍ အရက်ရောဆေးလိပ်ပါမသောက်တော့သည့်အဖြစ်ကိုပြေးမြင်မိတော့သည်။
ဒါကတိုက်ဆိုင်တာမဟုတ်မှန်းမေမေကြီးပြောထဲကသိရခြင်း။ ရွှေကူဆေးလိပ်မီးကြောက်တတ်လို့ အကိုလေးကဆေးလိပ်ဖြတ်ခဲ့သည်တဲ့လေ။ အမြဲရွှေကူ့ကိုဆိုဂရုစိုက်သည်ကလဲ ရွှေကူတို့ကမောင်နှမတွေမို့သာပင်။
"ရွှေကူသိလားလွန်းငယ်တို့ထင်ကြတာကကွာ အဲ့လူကိုအားကိုးချင်မိတာအကိုလိုမျိုးပေါ့ကွာ အဲ့လူအနားရှိရင်လုံခြုံနေတာကအကိုလိုမျိုးခံစားရလို့လို့ထင်တတ်ကြတာ တဂယ်ကမဟုတ်ဘူးရွှေကူရဲ့မသိစိတ်ကချစ်မိနေလို့ အဲ့လူကိုအားကိုးမိသွားတာမျိုး"
"အားကိုးရင်းချစ်မိသွားတာလဲရှိကြပါတယ် ဥပမာရွှေကူ့လိုပေါ့.."
"ဟမ်..ရွှေကူလား"
"အင်းပေါ့ "
"လွန်းငယ်ရယ်မဟုတ်တာတွေပြောနေပြန်ပါပြီ ရွှေကူကဘယ်သူ့ကိုမှမချစ်မိသေးပါဘူးနော် အချစ်ကိုခုထိမတွေ့သေးတာရယ်"
"အင်းပါငြင်းလို့ရပါတယ် နောက်မှတော့လွန်းငယ်စကားတွေမှန်လိုက်တာလို့လာပြောရင်ဟွန်း.. မုန့်ဝယ်ကျွေးရတော့မှာနော်"
"ဟုတ်ပါပြီအချစ်ဆရာမကြီးရယ် စီနီယာကြီးကတရားတွေပို့ချနေတော့ လိုက်နာနားထောင်ရမှာပေါ့လို့"
"ဟား ဟား တစ်​ယောက်ထဲချစ်မိပြီးလွန်းငယ်တို့ဆရာမကြီးဖြစ်နေတာ "
ဦးကြောင့်ပေါ့ရွှေကူရယ်။ အရမ်းလဲအချစ်ခံရဖူးပါသည် ချစ်စရာကောင်းအောင်သဝန်တိုတာလေးလဲခံရဖူးပါသည်။ အကြီးဖြစ်ပြီးချွဲတာတွေရောအလိုလိုက်တာရော စုံလို့ပါလေ။အကုန်ဦးကြောင့်အချစ်ဆိုတဲ့အရာကြီးကို လွန်းငယ်သိသွားရခြင်းပါလေ။
"ဘာတွေတွေးနေတာလဲကွ"
"ဘာမှမဟုတ်ပါဘူး"
"စိတ်ညစ်စရာရှိလို့လား"
လမ်းမကြီး၌ကားကိုရုတ်တရက် ရပ်လိုက်သည့်အကိုလေးကြောင့်ရွှေကူ့ကိုယ်လေးရှေ့သို့ပစ်ကျသွားရတော့သည်။ တော်သေးသည်ကအကိုလေးလက်ကရွှေကူ့ရှေ့ထိုးခံထားသည်ကြောင့် ရွှေကူစောင့်မိမသွားခြင်း။
"ဟိုကောင်နဲ့တွေ့လာလို့လား ဟုတ်လားအဲ့ကောင်ခြောက်လိုက်လို့လား"
"မဟုတ်ပါဘူးအကိုလေးရယ် "
ဒီအကိုလေးကတော့ထင်ချင်ရာထင်နေတော့တာပဲလေ။
"အဲ့တာဆိုဘာဖြစ်လို့မျက်နှာမလန်းတာလဲကွ "
"အဲ့တာက... ဘာမှမဖြစ်ပါဘူးဆိုအကိုလေးရယ်ရွှေကူကအိပ်ချင်နေလို့"
"အိပ်ရေးမဝလို့လား အဲ့တာဆိုလဲအိမ်ပြန်ရောက်ရင်အစောအိပ်လိုက်နော်"
"ဟုတ်"
တစ်ခုခုကိုတွေးနေမှန်းသိပေမယ့်ဘာလဲမပြောပြတော့လဲခက်သားပဲကောင်မလေးရယ်။ ထူးခန့်ကောင်မလေးကိုနှောက်ယှက်မှာဆိုးလို့ပါကွ။
"မေမေကြီး "
"ဝေ့ .."
"အကိုလေးရောဟင်"
"သမီးကိုကိုအပြင်ပြန်ထွက်သွားတယ်သမီးရဲ့ မေမေကြီးကိုလဲသေချာမပြောသွားဘူး ဘာဖြစ်လို့လဲသမီး အပြင်သွားချင်လို့လား"
"ရွှေကူကမတွေ့လို့မေးကြည့်တာဟီး.."
"စနောက်မယ့်လူမရှိလို့မလား"
သမီးလေးကချစ်စဖွယ်ခေါင်းလေးငြိမ့်ပြလေသည်။
"သမီးကိုကိုကလေ အပြောတော့နဲနဲကြမ်းတယ်သမီးရဲ့ဒါပေမယ့်သမီးကိုတော့သံယောဇဉ်အတော်ရှိတာ"
"ဟုတ် ရွှေကူသိပါတယ်"
"တွေ့တယ်မလားစကားပြောရင်ကောက်ထုလိုက်မယ်တို့ ကိုင်ပေါက်လိုက်ရတို့ တစ်ခါတစ်လေအော်ကအော်လိုက်သေးတယ်လေ"
"ဟုတ်တယ်နော် ရွှေကူ့ကိုဆိုအမြဲကိုင်ပေါက်လိုက်မယ်ကြည့်ပြောတာ "
"ဟုတ်ပါ့ဟုတ်ပါ့ ပြီးတော့သူပဲဘာမှမလုပ်ရက်ဖူးဖူးမှုတ်ထားတာပဲကြည့် သမီးဆိုင်ကယ်စီးပြီးထွက်သွားတဲ့အခေါက်ကဆို မိုးချုပ်တော့မှာမလို့တဲ့လေ ပွစိပွစိနဲ့မေမေကြီးကိုအပြစ်ပြောတာ​ သမီးကိုတစ်ယောက်ထဲလွှတ်ရမလားလို့တဲ့လေ ပြန်လာတော့သမီးကမျက်မှန်အကျိုးနဲ့မောင်းလာတယ်ဆိုတော့ မေမေကြီးမှာပြေးတောင်ပုန်းလိုက်ချင်တာ "
"မေမေကြီးကတော့လုပ်ပြီ"
"သမီးကိုကိုအကြောင်းလဲသိရဲ့နဲ့သမီးရယ် မျက်လုံးကြီးမီးတောက်လို့လေ "
"ဟီးဟီး.. အကိုလေးကတစ်ခါတစ်လေအဲ့အတိုင်းကြီးဟုတ်တယ်"
"သမီးသိလား သမီးကိုကိုက​လေသမီးလေးကိုတဂယ်ချစ်ရှာတာသမီးရဲ့ ငယ်ငယ်ထဲကသားလေးကသမီးလိုညီမလေးလိုချင်ခဲ့တာလေ မေမေကြီးကမွေးပေးလို့မရတော့လို့သာ အဲ့တာကြောင့်အခုမှသမီးကိုမျက်စိအောက်ကအပျောက်မခံ အပြင်ထွက်ဖို့တောင်သူပါမှကြည့်ထွက်ခိုင်းတာပဲကြည့် "
မေမေကြီးကရွှေကူ့လက်လေးကိုဖွဖွလေးကိုင်၍ပြောလာသည့်အခါရွှေကူဝမ်းနည်းမိသွားရတော့သည်။ မေမေကြီးတို့ရောအကိုလေးတို့ရောကရွှေကူ့ကိုသမီးလေးလို ညီမအရင်းလေးလိုသဘောထားတာကိုမှ ရွှေကူကအကိုလေးအပေါ်စိတ်တွေအနည်းငယ်လှုပ်ရှားမိနေသည်တဲ့လား။
"သမီးသိပါတယ်မေမေကြီးရယ် မေမေကြီးရောဘဘကြီးရောအကိုလေးရောက သမီးကိုမိသားစုအရင်းတွေလိုချစ်ကြတယ်ဆိုတာသမီးသိပါတယ် "
ဒေါ်မာ့ကိုလာဖက်၍ပခုံးပေါ်မေးတင်ကာပြောလာသည့်သမီးလေးက အားနာနေဟန်ပင်။
"သမီးလေးသိဖို့ပဲ မေမေကြီးတို့ကသမီးလေးဘေးအမြဲရှိတယ်ဆိုတာသိထားရင်ကိုကျေနပ်ပါပြီသမီးရယ် "
ရွှေကူမငိုမိအောင်ထိန်းနေရသည်။ ရွှေကူငိုရင်မေမေကြီးပါလိုက်ငိုမည်မို့လေ။
ရွှေကူခြံထဲမှဒန်းလေးပေါ်ထိုင်နေကာ အတွေးတွေထဲစီးမျောနေမိသည်။ ရွှေကူမျက်လုံးမှိတ်၍အကိုလေးပုံရိပ်လေးတွေတွေးဆကာ ဘယ်ဘက်ရင်ဘက်လေးပေါ်လက်လေးတင်မိတော့ မြန်ဆန်စွာပင်ခုန်နေတော့သည်။ တစ်ဖန်တွေးမိသည်တွေက ကြည်နူးစရာတွေပင်ဖြစ်နေသလို လွန်းငယ်ရဲ့စကားတွေဟာလဲစိတ်ထဲကြီးစိုးနေလေသည်။ မေမေကြီးပြောသည့်အကိုလေးနဲ့မောင်နှမဆိုသည့်စကားလုံးတို့ဟာ ရွှေကူ့အဖို့ခြောက်လှန့်နေသည့်အလားဖြစ်ရသည်။
"တဂယ်က ရွှေကူကအကိုလေးကိုမောင်နှမလိုချစ်ခင်မိတာမှမဟုတ်ပဲ"
မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာရတော့သည်။
"ရွှေကူက ရွှေကူကကျေးဇူးကန်းမိပြီး အကိုလေးကိုချစ်မိနေပြီပေါ့လေ"
"လွန်းငယ်ပြောသလိုရွှေကူကချစ်မိနေပြီပေါ့ အကိုလေးကိုမှလေ"
ခံစားချက်တွေတစ်မျိုးဖြစ်နေတယ်ဆိုတာ အချစ်ပေါ့။ရွှေကူဘယ်လိုလုပ်ရမလဲဟင် အကိုလေးကိုချစ်မိလို့မဖြစ်သည်ကို ရွှေကူကချစ်မိသွားပြီပေါ့။ မေမေကြီးရယ်ရွှေကူကမေမေကြီးတို့အချစ်နဲ့မတန်ပါဘူးလေ မေမေကြီးတို့လိုရိုးရိုးသားသားရွှေကူက မတွေးမိတော့ဘူးမေမေကြီးရယ်။ ရွှေကူအခုအရောင်တွေဆိုးမိသွားပြီမေမေကြီးရဲ့။
ရွှေကူအဆုံးအစွန်ထိတွေး၍မဖြစ်သင့်သလို ဖြစ်လို့လဲမရဘူးဆိုသည့်အသိကြောင့်​ငိုနေမိတော့သည်။ နာကျင်ရသည်က ဆိုင်သူရှိသည့်အကိုလေးကြောင့် ဝမ်းနည်းမိလို့ရယ်တော့မဟုတ် ရွှေကူမေမေကြီးတို့အပေါ် မကောင်းသလိုခံစားရ၍သာ ပို၍ဝမ်းနည်းမိခြင်းဖြစ်သည်။
"သမီးဘာဖြစ်လို့လဲကွယ် မျက်နှာလဲမလန်းဘူး"
"ခြံထဲထိုင်တာလေတိုက်လို့နေမှာမေမေကြီး သမီးဘာမှမဖြစ်ပါဘူး"
"အေးအေးလာအထဲဝင်တော့သမီး"
"ဟုတ်"
ရွှေကူမေမေကြီးနှင့်အိမ်ထဲဝင်ခါနီး အကိုလေးကားကခြံရှေ့ရပ်လိုက်သည့်အခါရွှေကူပြေး၍သွားဖွင့်ပေးလိုက်တော့သည်။ ကားခေါင်းထဲတွင် ကောင်မလေးတစ်ယောက်ပါလာသည်ကိုလဲရွှေကူတွေ့လိုက်ပါသည်။ အကိုလေးပြောတဲ့ချစ်ရသူကောင်မလေးများလားဟုတွေးမိ၍ ရွှေကူအကိုလေးတို့ဆီလာဖို့ကိုတွေဝေနေမိတော့သည်။
"ဟယ်သမီးရာရာလေး"
"အန်တီတို့တော့အမြဲလှနေတာပဲနော် ရာရာတို့တောင်မမှီဘူးသိလား"
"သမီးရာရာတို့ကတော့လုပ်ပြီ လာအိမ်ထဲဝင်လေသမီး"
"ဟုတ်အန်တီ"
ထိုကောင်မလေးက မေမေကြီးနှင့်ဖက်လဲတကင်းနှုတ်ဆက်နေကြသည့်အခါရွှေကူမဝေးကနေသာရပ်၍ကြည့်နေမိတော့သည်။ အကိုလေးရဲ့ကောင်မလေးဆိုတာကြိမ်းသေဖြစ်လောက်ပါသည်။ ဘာလို့ဆိုသူလေးကငယ်ငယ်ချောချောလေးလေ။ အရပ်လဲရွှေကူ့ထက်ရှည်သလို ဝတ်ထားသည်ကလဲဘောင်းဘီအရှည်နှင့်အပေါ်မှခါးတိုလေးရယ်နှင့်သူလေးက သိပ်လှပါသည်။
"လာလေကောင်မလေး"
"ဟုတ်"
ရွှေကူအိမ်ထဲရောက်တော့ဝင်မထိုင်တော့ပဲ အအေးလေးအရင်ဖျော်ရန်မီးဖိုခန်းထဲဝင်ခဲ့လိုက်တော့သည်။
"သားနဲ့ဘယ်လိုတွေ့လာတာလဲကွဲ့."
"အဲ့အရှုပ်ထုတ်မလေ လာခေါ်ပါပြောလို့သွားခေါ်ပေးရတာမာမီရေ"
"ရာရာကကားမရှိလို့ပါနော် ဘာလဲအကိုဖြစ်တဲ့လူက ရာရာ့ကိုတောင်လာမခေါ်ပေးချင်တာလား"
"မေးမလို့လမ်းမှာထဲက ရာရာမင်းရဲ့ကားရော"
"ရာရာဆိုးလို့တဲ့ပါးပါးကကားကိုသိမ်းထားတယ်လေ"
"သမီးတို့ကတော့လုပ်ပြီ အခုထိခလေးဆန်တုန်းပဲလားသမီးရဲ့အပျိုကြီးတောင်ဖြစ်နေပြီကို"
"အဲ့အပျိုကြီးဖြစ်နေလို့တဲ့အန်တီရေ"
"ဘယ်လို"
"ရာရာကယောက်ကျားရနေပြီလေအခု"
"ဟေ.."
"ဟုတ်လို့လားကွာ စေ့စပ်တယ်ပဲကြားမိတာနော် ကျန်တာငါလဲဘာသံမှမကြားမိပါလားဟ"
"အန်တီလဲသမီးစေ့စပ်တာပဲသိတာကွဲ့"
"ခိုးပြေးထားတာလေရာရာတို့က"
"ဟေ..ခိုးပြေးတယ်"
"ဟုတ်တယ်ရာရာကအခိုးခံရတာမဟုတ်ဘူး ရာရာကခိုးပြီးကားတင်ပြေးသွားတာ"
"အမလေးတော်"
"စေ့စပ်ထားတဲ့လူကိုမချစ်လို့လားရာရာက"
"အဲ့စေ့စပ်တဲ့လူပဲကိုကိုရေ အဲ့ဦးခပဲ မင်္ဂလာဆောင်မယ်ဆိုတော့လဲရက်ရွေ့တယ် ရာရာကချစ်တာကိုသူကဈေးကိုင်ပြီးမချစ်ပါဘူးကြည့်လုပ်နေတာလေ အဲ့တာနဲ့ခိုးပြေးလိုက်တာရှုပ်လို့"
"ဒါမှငါ့ညီမကွအားပေးတယ်ချ"
လက်ဖဝါးချင်းရိုက်၍ အောင်ပွဲခံနေကြသည့်သားဖြစ်သူနှင့်သမီးရာရာကိုကြည့်၍ ဒေါ်မာရင်လေးနေရတော့သည်။
ရာရာကမဟုတ်မခံ ပွင့်လင်းသလိုဘာကိုမှလဲကြောက်တတ်တဲ့လူမဟုတ်ပေ။ သူ့ကိုယ်ပိုင်အတွေးကခလေးဆန်သလို ရိုးလဲရိုးသားသည်။ တစ်ပါးလူကိုလဲအနိုင်မကျင့်တတ် သနားကြင်နာတတ်သည့်ရာရာက ယခုလုပ်ရက်တွင်လဲမှန်ကန်သည်ထင်သည်။
ဘာလို့ဆိုစေ့တောင်စေ့စပ်ပြီးပြီလေ ပြီးတော့ရာရာကချစ်နေတာပဲရာရာမှန်တယ်။
အဲ့လိုပဲချစ်နေမှတော့ ယောက်ကျားလေးမိန်းခလေးခွဲမနေနဲ့ ချစ်ရင်မရရအောင်ယူပြီးခိုးသာပြေးပဲ။
ကောင်မလေးမင်းကိုတော့လေ ကိုယ်ကခိုးမပြေးဘူးကွ။ ဘာလို့ဆိုကိုယ်ကလက်ထပ်ခွင့်ကို ကိုဥဿာထက်ပိုကောင်းအောင်ပြင်ဆင်ပြီးကောင်မလေးကို မိသားဖသားပီပီတောင်းရမ်းယူမှာလေ။ ကောင်မလေးမျက်နှာမငယ်စေရဘူးကိုယ့်ကြောင့် ကိုယ်ကချစ်ရသူလေ ချစ်ရတဲ့ကောင်မလေးကိုကိုယ်အကောင်းဆုံးတွေပဲပေးမှာမလို့ကောင်မလေး ကိုယ့်ရင်ခွင်ထဲမှာပျော်ရွှင်နေပါကောင်မလေးရယ်။
အအေးအဆီပုလင်းကဖောက်ရခက်နေသည်ကြောင့်ရွှေကူမှာအချိန်အကြာကြီးဖောက်နေရတော့သည်။ အအေးလေးဖျော်ပြီးတော့ရှေ့သို့ထွက်လာတော့ အားလုံးကပျော်ရွှင်နေကြလေတော့သည်။ အကိုလေးလဲပျော်နေမှာပေါ့နော် ချစ်ရသူကိုအိမ်ခေါ်လာတာဆိုတော့လေ။
Words 3075
25.8.2023 6:08pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True love  အပိုင် - ၂၂
"အင်း ကျန်သေးတယ်"
"အွန်း"
"အင်း"
"ရွှေကူသေချာမသိဘူး"
"ဟမ်..ရွှေကူလား"
"အင်းပေါ့ "
"ဘာတွေတွေးနေတာလဲကွ"
"ဘာမှမဟုတ်ပါဘူး"
"ဟုတ်"
"မေမေကြီး "
"ဝေ့ .."
"အကိုလေးရောဟင်"
"ဟုတ် ရွှေကူသိပါတယ်"
"ဟုတ်"
"ဟယ်သမီးရာရာလေး"
"ဟုတ်အန်တီ"
"လာလေကောင်မလေး"
"ဟုတ်"
"ဘယ်လို"
"ဟေ.."
"ဟေ..ခိုးပြေးတယ်"
"အမလေးတော်"
Words 3075
25.8.2023 6:08pm
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
71.5K 2.7K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
237K 31.4K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
456K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
258K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်