အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

De Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... Mais

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

240

2.1K 465 9
De Melinoe_Megami

Unicode

“ခင်ဗျား သွားလို့ရပါတယ်.. ကျွန်တော် ဒီလက်ကို မလိုချင်တော့ဘူး..”

***

ကလေးတစ်ယောက်၏ ပြောစကားဟု မြင်ယောင်ရန်ပင် ခက်လှသည်။

တရစပ်စီးကျနေသော သွေးများက ဒဏ်ရာအလွန်ပြင်းထန်ကြောင်း သက်သေခံနေ၏။ ကလေးငယ်ကို အသာထား၊ လူကြီးတစ်ယောက်ပင် ဤမျှနာကျင်မှုကြီးကို မတောင့်ခံနိုင်လောက်ပေ။

ခြူးမုယွင်က မြေပေါ်ကျနေသော ဓားမြှောင်ကို လှမ်းကြည့်လိုက်သည်။ ဓားသွားထက်တွင် သွေးစက်များ စွန်းထင်းနေရကား ထိုဓားသွားဖြင့် လှီးဖြတ်ထားခြင်းမှန်း သိသာနေတော့သည်။

သို့သော် ရှန်ရွှိန်ယန်းသည် မျက်နှာတစ်ချက်မပျက်၊ ခြူးမုယွင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

ခြူးမုယွင်မှာ ဒေါသထွက်လာသော်ငြား ကလေးငယ်၏ အကြည့်ကြောင့် သူ၏ နှလုံးသားထဲ အပ်ပေါင်းများစွာဖြင့် ထိုးစိုက်ခံနေရသလို ခံစားလိုက်ရ၏။ နှလုံးကွဲကြေသလို မနာကျင်ရသော်ငြား လျစ်လျူရှုရန် ခဲယဉ်းလှသည်။

အဆုံးမှာတော့ သူပဲ စိတ်လျော့လိုက်ရပြီး ရှန်ရွှိန်ယန်းအနား လျှောက်သွားလိုက်သည်။ ထို့နောက် လက်ကိုမြှောက်ကာ အဖြူရောင်အလင်းတစ်ခုနှင့်အတူ ရှန်ရွှိန်ယန်း၏ ဒဏ်ရာကို ကုသပေးခဲ့သည်။

ပြီးနောက် လေးနက်စွာ ပြောသည်။ : “ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် ထပ်မလုပ်နဲ့..”

ရှန်ရွှိန်ယန်းသည် ဒဏ်ရာအခြေအနေကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ အက်ရှစွာ ပြောလာသည်။ : “မသွားပါနဲ့..”

ခြူးမုယွင်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။

ရှန်ရွှိန်ယန်းသည် ရန်ချန်းငယ်လေးထက် အလွန်ဉာဏ်များပေ၏။ အလားတူ စွန့်ပစ်ခံရသည့် အခြေအနေမျိုး ရင်ဆိုင်နေရချိန်တွင် ရန်ချန်းငယ်လေးက သနားချင့်စဖွယ် တောင်းပန်ရုံသာ နားလည်သော်လည်း ရှန်ရွှိန်ယန်းပေါက်စလေးကတော့ သင်ကြားပေးစရာမလိုအောင် ခြိမ်းခြောက်တတ်နေချေပြီ။

ခြူးမုယွင်မှာ ဒေါသထွက်လာပြီး သူ၏အသံက ပုံမှန်ထက် အေးစက်နေတော့သည်။ : “မင်းခန္ဓာကိုယ်က မင်းအပိုင်ပဲ.. မင်းကိုယ်မင်းတောင် အလေးမထားတတ်ရင် တခြားလူတွေ မင်းကို အလေးထားဖို့ မျှော်လင့်နိုင်ဦးမလား..?”

မည်သို့ဉာဏ်များပါစေ ရှန်ရွှိန်ယန်းက ကလေးငယ်လေးသာ။ ထိုသို့သော အေးစက်စက်လေသံဖြင့် အပြောခံလိုက်ရသောအခါ နူးညံ့သော နှုတ်ခမ်းပါးလေးများ တုန်ယင်လာပြီး မျက်ဝန်းထဲဝယ် စိုးထိတ်မှုများ ဖြတ်ပြေးသွားခဲ့သည်။

“ခင်ဗျား ကျွန်တော့်နားမှာ ရှိနေရင်.. ကျွန်တော် မလုပ်…….”

“ဘာ..?” ခြူးမုယွင်က အထက်စီးမှ ငုံ့မိုးကြည့်လိုက်သည်။

ရှန်ရွှိန်ယန်း၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားရှာသည်။

ခြူးမုယွင် လှည့်ထွက်သွားသည်။ သို့သော် ရှန်ရွှိန်ယန်းသည် ထိုနေရာတွင်သာ တုတ်တုတ်မလှုပ် ရပ်ကျန်ခဲ့လေသည်။

အိပ်မက်တစ်ခုလုံးကို အေးတိအေးစက် စောင့်ကြည့်နေသော ခြူးမုယွင်က သူ့ကိုယ်သူ ပြန်ပြောနေမိသည်။

မင်း ထွက်မသွားသင့်ဘူး..!

ကလေးများကို ဆုံးမသွန်သင်ရာ၌ အိပ်မက်ထဲမှ ခြူးမုယွင်၏ နည်းလမ်းသည် အပေါ်ယံအားဖြင့် မှန်ကန်သည်ဟု ထင်ရပေသည်။ ပထမတစ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့လျှင် ဒုတိယအကြိမ်ဟူ၍ ရှိလာဦးမည်ပင်။ ကလေးများသည် အလွန်ဉာဏ်ကောင်းပြီး နည်းလမ်းတစ်ခု ရှာတွေ့သည်နှင့် ထပ်ခါထပ်ခါ လွန်ကျူးလာတတ်သည်။ မလျော်ကန်သည့် ကိစ္စများ၊ အဓိပ္ပါယ်မရှိသည့် တောင်းဆိုမှုများ ပြုလုပ်လာတတ်ကြသည်။

ထိုအကျင့်ကို အမြန်ဆုံး တားမြစ်ထားခါမှ တော်ရာကျလိမ့်မည်။

သို့သော် ခြူးမုယွင်သည် ‘အိမ်မက်ထဲမှ ခြူးမုယွင်’ အမှားလုပ်မိပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

အဘယ်ကြောင့်ဆိုသော် ထိုကလေးငယ်သည် ကလေးပင်ဖြစ်လင့်ကစား ကြောက်စရာကောင်းအောင် ပိုင်ဆိုင်လိုစိတ် ကြီးမားလွန်းသော ရှန်ရွှိန်ယန်း ဖြစ်နေသောကြောင့်ပင်။

ထိုကလေးငယ်သည် ထိန်းမနိုင်သိမ်းမရ စွဲလမ်းစိတ်တို့ဖြင့် ရှေ့နောက်မဆင်ခြင်ဘဲ လုပ်ချင်ရာလုပ်ပစ်လိမ့်မည်။

ဤသည်ကို အိပ်မက်ထဲမှ ခြူးမုယွင်က နားမလည်ပေ။ နားလည်နေသော ခြူးမုယွင်ကလည်း တားဆီးခြင်းငှာ မစွမ်းသာခဲ့ပေ။

သူတွေးနေစဉ်မှာပင် အိပ်မက်ထဲမှ ခြူးမုယွင် ထွက်သွားလေပြီ။ ဤမျှချမ်းအေးလွန်းသော ရာသီဥတုတွင် ရှန်ရွှိန်ယန်းသည် ထမင်းမစားရေမသောက်ဘဲ၊ ထိုနေရာမှာပင် မိုးဒဏ်လေဒဏ် ကြံ့ကြံ့ခံနေရသော ရုပ်ထုကြီးပမာ နေ့ရောညပါ မတ်တပ်ရပ်နေလေ၏။

ဒါပေါ့၊ ခြူးမုယွင်က တကယ်ထွက်သွားခြင်းမဟုတ်၊ ကလေးငယ်ကို ထားမသွားနိုင်ခဲ့ချေ။ အဝေးတစ်နေရာမှနေ၍ ရှန်ရွှိန်ယန်း လက်လျော့သွားမည့်အချိန်ကို စောင့်ကြည့်နေခဲ့သည်။

တစ်ဦးနှင့်တစ်ဦး လွန်ဆွဲနေသကဲ့သို့ မည်သူက ပိုပြီးတောင့်ခံနိုင်မလဲ ဆိုသည့်အပေါ် မူတည်နေသည်။ လူကြီးများသည် ကလေးများထက် ပိုမိုစိတ်ရှည်ကြပြီး အထူးသဖြင့် ခြူးမုယွင်ကတော့ တကယ့်ကို စိတ်ရှည်နိုင်လွန်းသည်။

တကယ်တော့ ခြူးမုယွင်သည် ‘အိပ်မက်ထဲက သူ’က အရမ်းတုံးအ,တာပဲဟု ခံစားနေရလေသည်။ သူက တကယ့်ကို တုံးအ,လွန်းသည်။ သို့တည်းမဟုတ် အခြေအနေအရပ်ရပ်ကို အကဲဖြတ်နိုင်ခြင်းမရှိဘဲ အတွေ့အကြုံနည်းပါးသည်ဟု ဆိုရပေမည်။

ဥပမာအားဖြင့် သူက ရှန်ရွှိန်ယန်းထက် ခေါင်းမာနိုင်လျှင်ပင် ရှန်ရွှိန်ယန်း၏ ခန္ဓာကိုယ်က တောင့်ခံနိုင်ပါမည်လော။

ဖွံ့ဖြိုးဆဲအရွယ် ကလေးငယ်တစ်ဦးက ဤသို့ ထမင်းမစား ရေမသောက်ဘဲ နှစ်ရက်၊ သုံးရက်၊ လေးရက်ကြာအောင် မတ်တပ်ရပ်နေခြင်း။ စိတ်အားထက်သန်မှု ပြင်းထန်လေ၊ ကလေး၏ ခန္ဓာကိုယ်အတွက် အထိအခိုက်များလေ ဖြစ်လာလိမ့်မည်။

ထိုအတွက် အဆုံးသတ်ကား တစ်ခုတည်းသာ ရှိ၏။ ရှန်ရွှိန်ယန်း သတိလစ်သွားတော့သည်။

နောက်ဆုံးတော့ ခြူးမုယွင် ပေါ်ထွက်လာပြီး ရှန်ရွှိန်ယန်းကို ပွေ့ချီလိုက်ရသည်။ ရေခဲတမျှ အေးစက်နေသော ခန္ဓာကိုယ်လေးသည် အအေးဆုံးဆောင်းရာသီမှ ရေခဲချွန်တစ်ချောင်းကဲ့သို့ သူ၏ နှလုံးအိမ်ကို ဖောက်ထွင်းသွားလေသည်။

ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ ကလေးငယ်ကို ကြိုးစားကုသပေးခဲ့သည်။ သို့သော် ဒဏ်ရာမပေါ်ဘဲ အားနည်းနေသည့် ခန္ဓာကိုယ်လေးက မည်သို့ကုသပေးပါစေ မသက်သာလာခဲ့ချေ။

ကုသရေးမန္တန်လည်း အသုံးမဝင်တော့ကြောင်း သိလိုက်ချိန်ဝယ် ခြူးမုယွင်တစ်ယောက် စိုးရိမ်ပူပန်လာသည်။ ရှန်ရွှိန်ယန်းကို ဂရုတစိုက် ပွေ့ချီထားရင်း ထိုကလေးငယ်လေး သေဆုံးမည်မဟုတ်မှန်း သိနေသည့်တိုင် သွေးရောင်ပျောက်နေသော မျက်နှာလေးကိုကြည့်ကာ အလွန်အမင်း စိုးရိမ်လာခဲ့သည်။

ဤလွန်ဆွဲပွဲတွင် ရှန်ရွှိန်ယန်း အနိုင်ရသွားချေပြီ။ ခြူးမုယွင်ကို ဆွဲထားနိုင်ရန် ဤမျှအနေအထားထိ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်သည့် နည်းလမ်းမျိုးကို အသုံးပြုခဲ့သဖြင့် ခြူးမုယွင်မှာ ရန်ချန်းကို ထားရစ်ခဲ့သလိုမျိုး ရှန်ရွှိန်ယန်းကို မပစ်ပယ်နိုင်ခဲ့ချေ။

သို့သော် တကယ်တမ်း အနိုင်ရသွားခြင်းလော။

မဟုတ်ပါချေ။

ခြူးမုယွင်က သူနှင့် သဘောတူညီချက်ယူကာ စည်းကမ်းတစ်ခု ချမှတ်ခဲ့လေသည်။ : “အခု မင်းနဲ့အတူ နေပေးလို့ရတယ်.. ဒါပေမဲ့ မင်း အရွယ်ရောက်တာနဲ့ ထွက်သွားရမယ်..”

ရှန်ရွှိန်ယန်းက နားမလည်နိုင်စွာ ပြန်မေးခဲ့သည်။ : “ဘာလို့ မဖြစ်မနေ ခွဲခွာရမှာလဲ..?”

ခြူးမုယွင် : “မင်း တစ်ယောက်တည်း ရပ်တည်နိုင်အောင် သင်ယူရမယ်..”

ရှန်ရွှိန်ယန်း : “ဒါပေမဲ့ ကျွန်တော်…”

ခြူးမုယွင်က ဖြတ်ပြောလိုက်သည်။ : “သဘောမတူရင် ငါ တကယ်ထွက်သွားတော့မှာ.. မင်းနဲ့ ဘယ်တော့မှ ထပ်တွေ့မှာ မဟုတ်ဘူး..”

ရှန်ရွှိန်ယန်းသည် နောက်ဆုံးတော့ ခြူးမုယွင်၏ စကားကို လက်ခံလိုက်ရသည်။ : “ကောင်းပါပြီ..”

အိပ်မက်၏ နောက်ပိုင်းမြင်ကွင်းများက တဖြည်းဖြည်း ရှင်းလင်းပြတ်သားလာသည်။ ခြူးမုယွင်မှာ ထိုနှစ်ယောက် အတူရှိနေပုံကို စောင့်ကြည့်ရင်း ပျော်ရွှင်ကြည်နူးနေမိသည်။

‘အိမ်မက်ထဲမှ ခြူးမုယွင်’ သည် ကလေးငယ်ကို အလွန်ချစ်မြတ်နိုးပြီး တတ်စွမ်းသမျှ သင်ကြားပေးသည်။ ကလေးငယ် စိတ်အားထက်သန်ပြီး ဝါသနာပါသည့် ကျင့်ကြံနည်းကို လေ့ကျင့်စေသည်။ အကောင်းဆုံး နည်းလမ်းများဖြင့် ပြီးပြည့်စုံစွာ ကြီးပြင်းစေခဲ့လေသည်။

ရှန်ရွှိန်ယန်းပေါက်စလေး၏ မျက်ဝန်းအိမ်ထဲ၌ နက်ရှိုင်းစွာ ငြိတွယ်နေသော စွဲလမ်းစိတ်များသာ မရှိခဲ့လျှင် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာသည်ဟု ဆိုနိုင်ပေလိမ့်မည်။

ရှန်ရွှိန်ယန်းသည် လိမ္မာရေးခြားရှိပြီး စဉ်းစားဆင်ခြင်တတ်၏။ သင်လွယ်တတ်လွယ်သည်။ ချစ်စရာကောင်းပြီး တက်ကြွကာ အပြောအဆို ချိုသာသည်။ နူးညံ့လှပသော မျက်နှာလေးဖြင့် လူကပ်ကာ ကလူ၏သို့မြူ၏သို့ လုပ်ရသည်ကို သဘောကျလေသည်။ ခြူးမုယွင်ကလည်း ထိုကလေးငယ်ကို ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ အလိုလိုက်ထားခဲ့သည်။

တစ်နေ့မှာတော့ ရှန်ရွှိန်ယန်း ထွက်သွားပြီး ပြန်ရောက်မလာခင် ခြူးမုယွင်၏စိတ်ထဲ ရှားရှားပါးပါး အထီးကျန်လာသလို ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်က သူ့ကို လှုပ်နှိုးလိုက်သည့်အလား ခြူးမုယွင်တစ်ယောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။

သူ.. ဘာတွေလုပ်နေမိတာလဲ..?

တစ်ဆယ့်ရှစ်နှစ်အရွယ် ရှန်ရွှိန်ယန်း၏ အသွင်အပြင်သည် ပိုမိုနူးညံ့လှပကာ ဆွဲဆောင်မှုရှိလာ၏။ ကလေးဆန်ဆန်အကျင့်များ ပျောက်ကွယ်ကာ ရဲရင့်တက်ကြွလာသည်။

ခြူးမုယွင်က ထိုကလေးငယ် အရွယ်ရောက်သည့်နေ့တွင် သူတို့၏ သဘောတူညီချက်အကြောင်း သတိပေးလိုက်သည်။ သို့သော် ရှန်ရွှိန်ယန်းက လုံးဝမေ့လျော့နေပုံပင်။

ခြူးမုယွင်က ဆိုသည်။ : “ငါထွက်သွားသင့်ပြီ..”

ရှန်ရွှိန်ယန်း၏ နှုတ်ခမ်းထောင့်မှ အပြုံးလေးမှာ တောင့်ခဲသွားရသည်။

ခြူးမုယွင်သည် သွေးအေးရက်စက်ပြီး ဘာကိုမှဂရုမစိုက်တတ်သည့် ပုံစံမျိုး ပြန်ဖြစ်သွားပြီး နွေးထွေးမှုကင်းစွာ ပြောလာသည်။

“မင်း အရွယ်ရောက်ပြီပဲ..”

ရှန်ရွှိန်ယန်းက ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးသည် ပွင့်လန်းလာသည့် ပျိုးနီပန်းတစ်ပွင့်နှယ် အလွန်လှပနေပြီး..

“ခင်ဗျား… ထွက်သွားလို့မရတော့ဘူး..”

အိပ်မက်က ရုတ်ချည်း ပြီးဆုံးသွားလေ၏။ ခြူးမုယွင်မှာ ရူးသွပ်ရက်စက်သော ထိုအပြုံးကိုကြည့်ရင်း လန့်နိုးလာခဲ့သည်။

မျက်လုံးပွင့်လာသည့်တိုင် သူ့မှာ အသိစိတ်မကပ်နိုင်သေးပေ။ အိပ်ရာပေါ်မှ ထထိုင်လိုက်မိသည်။

ရှန်ရွှိန်ယန်းကို အိပ်မက်မက်တယ်ဆိုတော့ ဖြစ်နိုင်ခြေ တစ်ခုပဲရှိတယ်။ ရှန်ရွှိန်ယန်း လာနေပြီ..!

မနေ့ညက ရန်ချန်းနှင့် အလွန်အကျူး ချစ်တင်းနှောခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်က အနည်းငယ် နာကျင်နေသေး၏။ သို့ဖြစ်ရာ ယခုလို ရုတ်တရက် ထထိုင်လိုက်ချိန်ဝယ် တစ်ကိုယ်လုံး ပြုတ်ထွက်လုမတတ် ခံစားလိုက်ရသည်။

ဘေးဘီကို စူးစမ်းလိုက်သောအခါ ရန်ချန်းနှင့် အတူရှိမနေဘဲ အခန်းအပြင်ဘက် သူ၏ခုတင်ပေါ် ပြန်ရောက်နေကြောင်း သတိပြုလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်တွင်မူ လရောင်အောက်ဝယ် တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရလေသည်။

သေချာတာပေါ့၊ ရှန်ရွှိန်ယန်းက ဇီးပန်းရောင်ဝါတောင်ပေါ်သို့ အရင်ဆုံး ရောက်လာခဲ့ချေပြီ။

ခြူးမုယွင်သည် ကိုယ်လုံးတီးဖြစ်နေပြီး အိပ်ရာပေါ်မှ ထထိုင်လိုက်ချိန် စောင်အောက်လျှောသွားသဖြင့် ဖြူဆွတ်သော အသားအရေထက် အနီရောင်အမှတ်များက ထင်ရှားသိသာစွာ ပေါ်ထွက်လာခဲ့သည်။

ရှန်ရွှိန်ယန်းသည် ခြူးမုယွင်၏ ခန္ဓာကိုယ်ထက်မှ မမြင်ဖွယ်ရာ အနီရောင်အမှတ်များကို မီးရှို့ပြာချပစ်ချင်နေသည့်အလား  မီးတောက်နေသော မျက်ဝန်းများဖြင့် စကားတစ်ခွန်းမျှမဆိုဘဲ အနားကပ်လာသည်။

ခြူးမုယွင်လည်း မသိမသာ မျက်မှောင်ကုတ်လိုက်ရင်း အပေါ်ထပ်ကို ဆွဲယူကာ ဝတ်ဆင်လိုက်သည်။

သို့သော် ရှန်ရွှိန်ယန်းက အပေါ်ထပ်အင်္ကျီကို အတင်းအကျပ် ဆွဲဖယ်ကာ ခြူးမုယွင်အား ကိုယ်လုံးတီးဖြစ်စေပြန်သည်။

ခြူးမုယွင်က သူ့ကို မော့ကြည့်လိုက်သည်။

“ခင်ဗျားက ဘာလဲ..? အိပ်ရာဖော်လား..? သူ့ကိစ္စပြီးတာနဲ့ စွန့်ပစ်ခံလိုက်ရတာလား..?”

ရှန်ရွှိန်ယန်းက လှောင်ပြောင်ခနဲ့ရင်း ဆက်ပြောလာသည်။ : “ကျုပ် ခင်ဗျားကို ကောင်းကောင်းမွန်မွန် မထားခဲ့လို့လား..? အဲ့တာကြောင့် ဒီလိုပုံစံမျိုးနဲ့ ခင်ဗျားကိုယ်ခင်ဗျား ဈေးချနေရတာလား..?”

…………………………………

TN : Click ကြမယ်နော် ကျယ်မေ့တို့

…………………………………

Zawgyi

“ခင္ဗ်ား သြားလို႔ရပါတယ္.. ကြၽန္ေတာ္ ဒီလက္ကို မလိုခ်င္ေတာ့ဘူး..”

***

ကေလးတစ္ေယာက္၏ ေျပာစကားဟု ျမင္ေယာင္ရန္ပင္ ခက္လွသည္။

တရစပ္စီးက်ေနေသာ ေသြးမ်ားက ဒဏ္ရာအလြန္ျပင္းထန္ေၾကာင္း သက္ေသခံေန၏။ ကေလးငယ္ကို အသာထား၊ လူႀကီးတစ္ေယာက္ပင္ ဤမွ်နာက်င္မႈႀကီးကို မေတာင့္ခံႏိုင္ေလာက္ေပ။

ျခဴးမုယြင္က ေျမေပၚက်ေနေသာ ဓားေျမႇာင္ကို လွမ္းၾကည့္လိုက္သည္။ ဓားသြားထက္တြင္ ေသြးစက္မ်ား စြန္းထင္းေနရကား ထိုဓားသြားျဖင့္ လွီးျဖတ္ထားျခင္းမွန္း သိသာေနေတာ့သည္။

သို႔ေသာ္ ရွန္႐ႊိန္ယန္းသည္ မ်က္ႏွာတစ္ခ်က္မပ်က္၊ ျခဴးမုယြင္ကိုသာ မမွိတ္မသုန္ စိုက္ၾကည့္ေနခဲ့သည္။

ျခဴးမုယြင္မွာ ေဒါသထြက္လာေသာ္ျငား ကေလးငယ္၏ အၾကည့္ေၾကာင့္ သူ၏ ႏွလုံးသားထဲ အပ္ေပါင္းမ်ားစြာျဖင့္ ထိုးစိုက္ခံေနရသလို ခံစားလိုက္ရ၏။ ႏွလုံးကြဲေၾကသလို မနာက်င္ရေသာ္ျငား လ်စ္လ်ဴရႈရန္ ခဲယဥ္းလွသည္။

အဆုံးမွာေတာ့ သူပဲ စိတ္ေလ်ာ့လိုက္ရၿပီး ရွန္႐ႊိန္ယန္းအနား ေလွ်ာက္သြားလိုက္သည္။ ထို႔ေနာက္ လက္ကိုေျမႇာက္ကာ အျဖဴေရာင္အလင္းတစ္ခုႏွင့္အတူ ရွန္႐ႊိန္ယန္း၏ ဒဏ္ရာကို ကုသေပးခဲ့သည္။

ၿပီးေနာက္ ေလးနက္စြာ ေျပာသည္။ : “ကိုယ့္ကိုယ္ကို ဒဏ္ရာရေအာင္ ထပ္မလုပ္နဲ႔..”

ရွန္႐ႊိန္ယန္းသည္ ဒဏ္ရာအေျခအေနကို တစ္ခ်က္ေလးပင္ လွည့္မၾကည့္ဘဲ အက္ရွစြာ ေျပာလာသည္။ : “မသြားပါနဲ႔..”

ျခဴးမုယြင္၏ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားသည္။

ရွန္႐ႊိန္ယန္းသည္ ရန္ခ်န္းငယ္ေလးထက္ အလြန္ဉာဏ္မ်ားေပ၏။ အလားတူ စြန႔္ပစ္ခံရသည့္ အေျခအေနမ်ိဳး ရင္ဆိုင္ေနရခ်ိန္တြင္ ရန္ခ်န္းငယ္ေလးက သနားခ်င့္စဖြယ္ ေတာင္းပန္႐ုံသာ နားလည္ေသာ္လည္း ရွန္႐ႊိန္ယန္းေပါက္စေလးကေတာ့ သင္ၾကားေပးစရာမလိုေအာင္ ၿခိမ္းေျခာက္တတ္ေနေခ်ၿပီ။

ျခဴးမုယြင္မွာ ေဒါသထြက္လာၿပီး သူ၏အသံက ပုံမွန္ထက္ ေအးစက္ေနေတာ့သည္။ : “မင္းခႏၶာကိုယ္က မင္းအပိုင္ပဲ.. မင္းကိုယ္မင္းေတာင္ အေလးမထားတတ္ရင္ တျခားလူေတြ မင္းကို အေလးထားဖို႔ ေမွ်ာ္လင့္ႏိုင္ဦးမလား..?”

မည္သို႔ဉာဏ္မ်ားပါေစ ရွန္႐ႊိန္ယန္းက ကေလးငယ္ေလးသာ။ ထိုသို႔ေသာ ေအးစက္စက္ေလသံျဖင့္ အေျပာခံလိုက္ရေသာအခါ ႏူးညံ့ေသာ ႏႈတ္ခမ္းပါးေလးမ်ား တုန္ယင္လာၿပီး မ်က္ဝန္းထဲဝယ္ စိုးထိတ္မႈမ်ား ျဖတ္ေျပးသြားခဲ့သည္။

“ခင္ဗ်ား ကြၽန္ေတာ့္နားမွာ ရွိေနရင္.. ကြၽန္ေတာ္ မလုပ္…….”

“ဘာ..?” ျခဴးမုယြင္က အထက္စီးမွ ငုံ႔မိုးၾကည့္လိုက္သည္။

ရွန္႐ႊိန္ယန္း၏ မ်က္ႏွာတစ္ျပင္လုံး ျဖဴေဖ်ာ့သြားရွာသည္။

ျခဴးမုယြင္ လွည့္ထြက္သြားသည္။ သို႔ေသာ္ ရွန္႐ႊိန္ယန္းသည္ ထိုေနရာတြင္သာ တုတ္တုတ္မလႈပ္ ရပ္က်န္ခဲ့ေလသည္။

အိပ္မက္တစ္ခုလုံးကို ေအးတိေအးစက္ ေစာင့္ၾကည့္ေနေသာ ျခဴးမုယြင္က သူ႔ကိုယ္သူ ျပန္ေျပာေနမိသည္။

မင္း ထြက္မသြားသင့္ဘူး..!

ကေလးမ်ားကို ဆုံးမသြန္သင္ရာ၌ အိပ္မက္ထဲမွ ျခဴးမုယြင္၏ နည္းလမ္းသည္ အေပၚယံအားျဖင့္ မွန္ကန္သည္ဟု ထင္ရေပသည္။ ပထမတစ္ႀကိမ္ ၿခိမ္းေျခာက္ႏိုင္ခဲ့လွ်င္ ဒုတိယအႀကိမ္ဟူ၍ ရွိလာဦးမည္ပင္။ ကေလးမ်ားသည္ အလြန္ဉာဏ္ေကာင္းၿပီး နည္းလမ္းတစ္ခု ရွာေတြ႕သည္ႏွင့္ ထပ္ခါထပ္ခါ လြန္က်ဴးလာတတ္သည္။ မေလ်ာ္ကန္သည့္ ကိစၥမ်ား၊ အဓိပၸါယ္မရွိသည့္ ေတာင္းဆိုမႈမ်ား ျပဳလုပ္လာတတ္ၾကသည္။

ထိုအက်င့္ကို အျမန္ဆုံး တားျမစ္ထားခါမွ ေတာ္ရာက်လိမ့္မည္။

သို႔ေသာ္ ျခဴးမုယြင္သည္ ‘အိမ္မက္ထဲမွ ျခဴးမုယြင္’ အမွားလုပ္မိၿပီျဖစ္ေၾကာင္း ခ်က္ခ်င္း သိလိုက္၏။

အဘယ္ေၾကာင့္ဆိုေသာ္ ထိုကေလးငယ္သည္ ကေလးပင္ျဖစ္လင့္ကစား ေၾကာက္စရာေကာင္းေအာင္ ပိုင္ဆိုင္လိုစိတ္ ႀကီးမားလြန္းေသာ ရွန္႐ႊိန္ယန္း ျဖစ္ေနေသာေၾကာင့္ပင္။

ထိုကေလးငယ္သည္ ထိန္းမႏိုင္သိမ္းမရ စြဲလမ္းစိတ္တို႔ျဖင့္ ေရွ႕ေနာက္မဆင္ျခင္ဘဲ လုပ္ခ်င္ရာလုပ္ပစ္လိမ့္မည္။

ဤသည္ကို အိပ္မက္ထဲမွ ျခဴးမုယြင္က နားမလည္ေပ။ နားလည္ေနေသာ ျခဴးမုယြင္ကလည္း တားဆီးျခင္းငွာ မစြမ္းသာခဲ့ေပ။

သူေတြးေနစဥ္မွာပင္ အိပ္မက္ထဲမွ ျခဴးမုယြင္ ထြက္သြားေလၿပီ။ ဤမွ်ခ်မ္းေအးလြန္းေသာ ရာသီဥတုတြင္ ရွန္႐ႊိန္ယန္းသည္ ထမင္းမစားေရမေသာက္ဘဲ၊ ထိုေနရာမွာပင္ မိုးဒဏ္ေလဒဏ္ ႀကံ့ႀကံ့ခံေနရေသာ ႐ုပ္ထုႀကီးပမာ ေန႔ေရာညပါ မတ္တပ္ရပ္ေနေလ၏။

ဒါေပါ့၊ ျခဴးမုယြင္က တကယ္ထြက္သြားျခင္းမဟုတ္၊ ကေလးငယ္ကို ထားမသြားႏိုင္ခဲ့ေခ်။ အေဝးတစ္ေနရာမွေန၍ ရွန္႐ႊိန္ယန္း လက္ေလ်ာ့သြားမည့္အခ်ိန္ကို ေစာင့္ၾကည့္ေနခဲ့သည္။

တစ္ဦးႏွင့္တစ္ဦး လြန္ဆြဲေနသကဲ့သို႔ မည္သူက ပိုၿပီးေတာင့္ခံႏိုင္မလဲ ဆိုသည့္အေပၚ မူတည္ေနသည္။ လူႀကီးမ်ားသည္ ကေလးမ်ားထက္ ပိုမိုစိတ္ရွည္ၾကၿပီး အထူးသျဖင့္ ျခဴးမုယြင္ကေတာ့ တကယ့္ကို စိတ္ရွည္ႏိုင္လြန္းသည္။

တကယ္ေတာ့ ျခဴးမုယြင္သည္ ‘အိပ္မက္ထဲက သူ’က အရမ္းတုံးအ,တာပဲဟု ခံစားေနရေလသည္။ သူက တကယ့္ကို တုံးအ,လြန္းသည္။ သို႔တည္းမဟုတ္ အေျခအေနအရပ္ရပ္ကို အကဲျဖတ္ႏိုင္ျခင္းမရွိဘဲ အေတြ႕အႀကဳံနည္းပါးသည္ဟု ဆိုရေပမည္။

ဥပမာအားျဖင့္ သူက ရွန္႐ႊိန္ယန္းထက္ ေခါင္းမာႏိုင္လွ်င္ပင္ ရွန္႐ႊိန္ယန္း၏ ခႏၶာကိုယ္က ေတာင့္ခံႏိုင္ပါမည္ေလာ။

ဖြံ႕ၿဖိဳးဆဲအ႐ြယ္ ကေလးငယ္တစ္ဦးက ဤသို႔ ထမင္းမစား ေရမေသာက္ဘဲ ႏွစ္ရက္၊ သုံးရက္၊ ေလးရက္ၾကာေအာင္ မတ္တပ္ရပ္ေနျခင္း။ စိတ္အားထက္သန္မႈ ျပင္းထန္ေလ၊ ကေလး၏ ခႏၶာကိုယ္အတြက္ အထိအခိုက္မ်ားေလ ျဖစ္လာလိမ့္မည္။

ထိုအတြက္ အဆုံးသတ္ကား တစ္ခုတည္းသာ ရွိ၏။ ရွန္႐ႊိန္ယန္း သတိလစ္သြားေတာ့သည္။

ေနာက္ဆုံးေတာ့ ျခဴးမုယြင္ ေပၚထြက္လာၿပီး ရွန္႐ႊိန္ယန္းကို ေပြ႕ခ်ီလိုက္ရသည္။ ေရခဲတမွ် ေအးစက္ေနေသာ ခႏၶာကိုယ္ေလးသည္ အေအးဆုံးေဆာင္းရာသီမွ ေရခဲခြၽန္တစ္ေခ်ာင္းကဲ့သို႔ သူ၏ ႏွလုံးအိမ္ကို ေဖာက္ထြင္းသြားေလသည္။

ျခဴးမုယြင္က မ်က္ေမွာင္ၾကဳတ္ကာ ကေလးငယ္ကို ႀကိဳးစားကုသေပးခဲ့သည္။ သို႔ေသာ္ ဒဏ္ရာမေပၚဘဲ အားနည္းေနသည့္ ခႏၶာကိုယ္ေလးက မည္သို႔ကုသေပးပါေစ မသက္သာလာခဲ့ေခ်။

ကုသေရးမႏၲန္လည္း အသုံးမဝင္ေတာ့ေၾကာင္း သိလိုက္ခ်ိန္ဝယ္ ျခဴးမုယြင္တစ္ေယာက္ စိုးရိမ္ပူပန္လာသည္။ ရွန္႐ႊိန္ယန္းကို ဂ႐ုတစိုက္ ေပြ႕ခ်ီထားရင္း ထိုကေလးငယ္ေလး ေသဆုံးမည္မဟုတ္မွန္း သိေနသည့္တိုင္ ေသြးေရာင္ေပ်ာက္ေနေသာ မ်က္ႏွာေလးကိုၾကည့္ကာ အလြန္အမင္း စိုးရိမ္လာခဲ့သည္။

ဤလြန္ဆြဲပြဲတြင္ ရွန္႐ႊိန္ယန္း အႏိုင္ရသြားေခ်ၿပီ။ ျခဴးမုယြင္ကို ဆြဲထားႏိုင္ရန္ ဤမွ်အေနအထားထိ ကိုယ့္ကိုယ္ကို ညႇင္းပန္းႏွိပ္စက္သည့္ နည္းလမ္းမ်ိဳးကို အသုံးျပဳခဲ့သျဖင့္ ျခဴးမုယြင္မွာ ရန္ခ်န္းကို ထားရစ္ခဲ့သလိုမ်ိဳး ရွန္႐ႊိန္ယန္းကို မပစ္ပယ္ႏိုင္ခဲ့ေခ်။

သို႔ေသာ္ တကယ္တမ္း အႏိုင္ရသြားျခင္းေလာ။

မဟုတ္ပါေခ်။

ျခဴးမုယြင္က သူႏွင့္ သေဘာတူညီခ်က္ယူကာ စည္းကမ္းတစ္ခု ခ်မွတ္ခဲ့ေလသည္။ : “အခု မင္းနဲ႔အတူ ေနေပးလို႔ရတယ္.. ဒါေပမဲ့ မင္း အ႐ြယ္ေရာက္တာနဲ႔ ထြက္သြားရမယ္..”

ရွန္႐ႊိန္ယန္းက နားမလည္ႏိုင္စြာ ျပန္ေမးခဲ့သည္။ : “ဘာလို႔ မျဖစ္မေန ခြဲခြာရမွာလဲ..?”

ျခဴးမုယြင္ : “မင္း တစ္ေယာက္တည္း ရပ္တည္ႏိုင္ေအာင္ သင္ယူရမယ္..”

ရွန္႐ႊိန္ယန္း : “ဒါေပမဲ့ ကြၽန္ေတာ္…”

ျခဴးမုယြင္က ျဖတ္ေျပာလိုက္သည္။ : “သေဘာမတူရင္ ငါ တကယ္ထြက္သြားေတာ့မွာ.. မင္းနဲ႔ ဘယ္ေတာ့မွ ထပ္ေတြ႕မွာ မဟုတ္ဘူး..”

ရွန္႐ႊိန္ယန္းသည္ ေနာက္ဆုံးေတာ့ ျခဴးမုယြင္၏ စကားကို လက္ခံလိုက္ရသည္။ : “ေကာင္းပါၿပီ..”

အိပ္မက္၏ ေနာက္ပိုင္းျမင္ကြင္းမ်ားက တျဖည္းျဖည္း ရွင္းလင္းျပတ္သားလာသည္။ ျခဴးမုယြင္မွာ ထိုႏွစ္ေယာက္ အတူရွိေနပုံကို ေစာင့္ၾကည့္ရင္း ေပ်ာ္႐ႊင္ၾကည္ႏူးေနမိသည္။

‘အိမ္မက္ထဲမွ ျခဴးမုယြင္’ သည္ ကေလးငယ္ကို အလြန္ခ်စ္ျမတ္ႏိုးၿပီး တတ္စြမ္းသမွ် သင္ၾကားေပးသည္။ ကေလးငယ္ စိတ္အားထက္သန္ၿပီး ဝါသနာပါသည့္ က်င့္ႀကံနည္းကို ေလ့က်င့္ေစသည္။ အေကာင္းဆုံး နည္းလမ္းမ်ားျဖင့္ ၿပီးျပည့္စုံစြာ ႀကီးျပင္းေစခဲ့ေလသည္။

ရွန္႐ႊိန္ယန္းေပါက္စေလး၏ မ်က္ဝန္းအိမ္ထဲ၌ နက္ရႈိင္းစြာ ၿငိတြယ္ေနေသာ စြဲလမ္းစိတ္မ်ားသာ မရွိခဲ့လွ်င္ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာသည္ဟု ဆိုႏိုင္ေပလိမ့္မည္။

ရွန္႐ႊိန္ယန္းသည္ လိမၼာေရးျခားရွိၿပီး စဥ္းစားဆင္ျခင္တတ္၏။ သင္လြယ္တတ္လြယ္သည္။ ခ်စ္စရာေကာင္းၿပီး တက္ႂကြကာ အေျပာအဆို ခ်ိဳသာသည္။ ႏူးညံ့လွပေသာ မ်က္ႏွာေလးျဖင့္ လူကပ္ကာ ကလူ၏သို႔ျမဴ၏သို႔ လုပ္ရသည္ကို သေဘာက်ေလသည္။ ျခဴးမုယြင္ကလည္း ထိုကေလးငယ္ကို ပကတိမ်က္စိျဖင့္ ျမင္ႏိုင္သည္အထိ အလိုလိုက္ထားခဲ့သည္။

တစ္ေန႔မွာေတာ့ ရွန္႐ႊိန္ယန္း ထြက္သြားၿပီး ျပန္ေရာက္မလာခင္ ျခဴးမုယြင္၏စိတ္ထဲ ရွားရွားပါးပါး အထီးက်န္လာသလို ခံစားလိုက္ရသည္။ သို႔ေသာ္ ထိုခံစားခ်က္က သူ႔ကို လႈပ္ႏႈိးလိုက္သည့္အလား ျခဴးမုယြင္တစ္ေယာက္ အသိစိတ္ျပန္ဝင္လာခဲ့သည္။

သူ.. ဘာေတြလုပ္ေနမိတာလဲ..?

တစ္ဆယ့္ရွစ္ႏွစ္အ႐ြယ္ ရွန္႐ႊိန္ယန္း၏ အသြင္အျပင္သည္ ပိုမိုႏူးညံ့လွပကာ ဆြဲေဆာင္မႈရွိလာ၏။ ကေလးဆန္ဆန္အက်င့္မ်ား ေပ်ာက္ကြယ္ကာ ရဲရင့္တက္ႂကြလာသည္။

ျခဴးမုယြင္က ထိုကေလးငယ္ အ႐ြယ္ေရာက္သည့္ေန႔တြင္ သူတို႔၏ သေဘာတူညီခ်က္အေၾကာင္း သတိေပးလိုက္သည္။ သို႔ေသာ္ ရွန္႐ႊိန္ယန္းက လုံးဝေမ့ေလ်ာ့ေနပုံပင္။

ျခဴးမုယြင္က ဆိုသည္။ : “ငါထြက္သြားသင့္ၿပီ..”

ရွန္႐ႊိန္ယန္း၏ ႏႈတ္ခမ္းေထာင့္မွ အၿပဳံးေလးမွာ ေတာင့္ခဲသြားရသည္။

ျခဴးမုယြင္သည္ ေသြးေအးရက္စက္ၿပီး ဘာကိုမွဂ႐ုမစိုက္တတ္သည့္ ပုံစံမ်ိဳး ျပန္ျဖစ္သြားၿပီး ေႏြးေထြးမႈကင္းစြာ ေျပာလာသည္။

“မင္း အ႐ြယ္ေရာက္ၿပီပဲ..”

ရွန္႐ႊိန္ယန္းက ႐ုတ္တရက္ ၿပဳံးလိုက္သည္။ ထိုအၿပဳံးသည္ ပြင့္လန္းလာသည့္ ပ်ိဳးနီပန္းတစ္ပြင့္ႏွယ္ အလြန္လွပေနၿပီး..

“ခင္ဗ်ား… ထြက္သြားလို႔မရေတာ့ဘူး..”

အိပ္မက္က ႐ုတ္ခ်ည္း ၿပီးဆုံးသြားေလ၏။ ျခဴးမုယြင္မွာ ႐ူးသြပ္ရက္စက္ေသာ ထိုအၿပဳံးကိုၾကည့္ရင္း လန႔္ႏိုးလာခဲ့သည္။

မ်က္လုံးပြင့္လာသည့္တိုင္ သူ႔မွာ အသိစိတ္မကပ္ႏိုင္ေသးေပ။ အိပ္ရာေပၚမွ ထထိုင္လိုက္မိသည္။

ရွန္႐ႊိန္ယန္းကို အိပ္မက္မက္တယ္ဆိုေတာ့ ျဖစ္ႏိုင္ေျခ တစ္ခုပဲရွိတယ္။ ရွန္႐ႊိန္ယန္း လာေနၿပီ..!

မေန႔ညက ရန္ခ်န္းႏွင့္ အလြန္အက်ဴး ခ်စ္တင္းေႏွာခဲ့သျဖင့္ သူ၏ ခႏၶာကိုယ္က အနည္းငယ္ နာက်င္ေနေသး၏။ သို႔ျဖစ္ရာ ယခုလို ႐ုတ္တရက္ ထထိုင္လိုက္ခ်ိန္ဝယ္ တစ္ကိုယ္လုံး ျပဳတ္ထြက္လုမတတ္ ခံစားလိုက္ရသည္။

ေဘးဘီကို စူးစမ္းလိုက္ေသာအခါ ရန္ခ်န္းႏွင့္ အတူရွိမေနဘဲ အခန္းအျပင္ဘက္ သူ၏ခုတင္ေပၚ ျပန္ေရာက္ေနေၾကာင္း သတိျပဳလိုက္မိၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ထို႔ေနာက္တြင္မူ လေရာင္ေအာက္ဝယ္ တ႐ုတ္႐ိုးရာဝတ္စုံ ဝတ္ဆင္ထားေသာ အမ်ိဳးသားတစ္ဦး မတ္တပ္ရပ္ေနသည္ကို ျမင္လိုက္ရေလသည္။

ေသခ်ာတာေပါ့၊ ရွန္႐ႊိန္ယန္းက ဇီးပန္းေရာင္ဝါေတာင္ေပၚသို႔ အရင္ဆုံး ေရာက္လာခဲ့ေခ်ၿပီ။

ျခဴးမုယြင္သည္ ကိုယ္လုံးတီးျဖစ္ေနၿပီး အိပ္ရာေပၚမွ ထထိုင္လိုက္ခ်ိန္ ေစာင္ေအာက္ေလွ်ာသြားသျဖင့္ ျဖဴဆြတ္ေသာ အသားအေရထက္ အနီေရာင္အမွတ္မ်ားက ထင္ရွားသိသာစြာ ေပၚထြက္လာခဲ့သည္။

ရွန္႐ႊိန္ယန္းသည္ ျခဴးမုယြင္၏ ခႏၶာကိုယ္ထက္မွ မျမင္ဖြယ္ရာ အနီေရာင္အမွတ္မ်ားကို မီးရႈိ႕ျပာခ်ပစ္ခ်င္ေနသည့္အလား  မီးေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ စကားတစ္ခြန္းမွ်မဆိုဘဲ အနားကပ္လာသည္။

ျခဴးမုယြင္လည္း မသိမသာ မ်က္ေမွာင္ကုတ္လိုက္ရင္း အေပၚထပ္ကို ဆြဲယူကာ ဝတ္ဆင္လိုက္သည္။

သို႔ေသာ္ ရွန္႐ႊိန္ယန္းက အေပၚထပ္အက်ႌကို အတင္းအက်ပ္ ဆြဲဖယ္ကာ ျခဴးမုယြင္အား ကိုယ္လုံးတီးျဖစ္ေစျပန္သည္။

ျခဴးမုယြင္က သူ႔ကို ေမာ့ၾကည့္လိုက္သည္။

“ခင္ဗ်ားက ဘာလဲ..? အိပ္ရာေဖာ္လား..? သူ႔ကိစၥၿပီးတာနဲ႔ စြန႔္ပစ္ခံလိုက္ရတာလား..?”

ရွန္႐ႊိန္ယန္းက ေလွာင္ေျပာင္ခနဲ႔ရင္း ဆက္ေျပာလာသည္။ : “က်ဳပ္ ခင္ဗ်ားကို ေကာင္းေကာင္းမြန္မြန္ မထားခဲ့လို႔လား..? အဲ့တာေၾကာင့္ ဒီလိုပုံစံမ်ိဳးနဲ႔ ခင္ဗ်ားကိုယ္ခင္ဗ်ား ေဈးခ်ေနရတာလား..?”

…………………………………

TN : Click ၾကမယ္ေနာ္ က်ယ္ေမ့တို႔

…………………………………

Continue lendo

Você também vai gostar

571K 82.4K 138
ပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်...
52.7K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
125K 23.5K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
795K 31.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....