True love 💭❤ အပိုင် - ၂၁
(Unicode)
ရွှေကူရောက်ပြီးတစ်နာရီလောက်ကြာမှ လွန်းငယ်နှင့် မမဖြူငယ်တို့ရောက်လာလေတော့သည်။ လွန်းငယ်တို့သားမိကဖက်၍ငိုနေကြသလို ကိုယ်ဆီတောင်းပန်၍ဝန်ခံနေကြသည့်အခါရွှေကူပါလိုက်၍ငိုမိတော့သည်။ လွန်းငယ်တို့မိသားစုလေးကိုဒီလောက်နွေးထွေးမယ်လို့မထင်ခဲ့မိဘူးလေ။ ရွှေကူလဲဒီလိုမိဘနှစ်ပါးရှိနေရင်ကောင်းမှာပဲနော်။
ပြန်ပြေလည်နေသည့် မိသားစုလေးအား လူများစွာက ဘေးတွင်ဝန်းရံ၍ကြည့်နေကြသည်။ အရင်က စိတ်မချမ်းမြေ့ဖွယ်ပူဆွေးသောကတွေ ပြည့်နေသည့်အခန်းလေးထဲ ယခုတော့ပျော်စရာလေးတွေ ပြည့်နေခဲ့ပြန်လေသည်။
"လွန်းလေးမမတို့ပြန်တော့မယ်နော် သားလေးရှိသေးလို့လေ"
"ဟုတ်မမ လွန်းငယ်ကြောင့်မမတို့စိတ်ပူသွားရပြီမမရယ် "
"ရပါတယ် ညီမတွေပဲကို "
"အန်တီ့သမီးတို့ပြန်တော့မယ်နော် နောက်နေ့မှပြန်လာလည်တော့မယ်နော် မေမေကလဲအန်တီဆီလာနေပြီတဲ့ ခဏနေရောက်တော့မှာ"
"အေးပါကွယ် ကျေးဇူးတင်ပါတယ်သမီးရယ်"
"ဟုတ်ရပါတယ်အန်တီရယ် "
မမဖြူငယ်နဲ့အကိုခွန်းစေရာနဲ့ပြန်သွားလေတော့သည်။ မေမေနှင့်အတော်ကြာ စကားတွေပြောပြီးမှရွှေကူ့ကိုသတိရလေတော့သည်။ ခဏနေမှောင်တော့မှာပဲ။
"ရွှေကူ ပြန်နားတော့လေ မအိပ်ရသေးဘူးမို့လား ပြန်နားတော့လေနော် "
"အင်း လွန်းအဲ့တာဆိုရွှေကူပြန်မယ်နော်"
"လိုက်ပို့ပေးမယ်လေ"
"ရပါတယ် ရွှေကူဆိုင်ကယ်ပါတယ် "
"ရွှေကူကညကလဲမအိပ်ရသေးဘူး ဆိုင်ကယ်နဲ့ဆိုတော့စိတ်မချပါဘူးနော် ဦးရောလိုက်ခဲ့နော် ရွှေကူကိုလိုက်ပို့ရအောင်လို့လေ"
"အင်းခလေး"
"မေမေ့ ခဏလေးနော်ရွှေကူ့ကိုလိုက်ပို့လိုက်ချင်လို့"
"အင်းသမီး သမီးလေးရွှေကူကျေးဇူးပါကွယ် "
"ရပါတယ်အန်တီရဲ့ ဦးလေးသမီးပြန်ပြီနော်"
"အေးအေးသမီး"
သူငယ်ချင်းတွေဖြစ်ကြ၍လွန်းငယ်နှင့်လက်ချင်းချိတ်၍ ရွှေကူတို့အပြင်သို့ထွက်ခဲ့လိုက်တော့သည်။ နောက်မှပါလာသည့်လူကိုလွန်းငယ်မိတ်မဆက်ပေးလဲ လွန်းငယ်ရဲ့ချစ်ရသူဆိုတာရွှေကူမှန်းမိပါသည်။ဘာလို့ဆိုမနေ့ညကလွန်းငယ်ကပြောပြတယ်မဟုတ်လား။
"လွန်းငယ်တို့ လိုက်ပို့ဖို့မလိုတော့ဘူးထင်တယ်နော်ရွှေကူရေ.."
လွန်းစကားကြောင့်ရွှေကူ ဘေးဘီကြည့်မိတော့ကားရဲ့ဘေးမှအကိုလေးက မျက်မှန်အနက်ကြီးတပ်ပြီး ရွှေကူတို့ဆီကြည့်နေလေသည်။
"ဟင်..အကိုလေ "
"ရှင့်လူကြီးနဲ့ထားခဲ့တော့မယ်နော်ရွှေကူ"
"အို.. လွန်းနော်ကြားသွားရင် ရွှေကူ့ကိုအိမ်ပေါ်ကနှင်ချနေပါအုံးမယ် "
ရွှေကူတို့ကစနောက်တယ်ဆိုပေမယ့်လဲ အကိုလေးကြားသွားလျှင်စိတ်ဆိုးသွားလောက်ပါသည်။ဘာလို့ဆိုရွှေကူတို့ကမောင်မှမတွေမဟုတ်လား ရွှေကူ့အပေါ်အကိုလေးဂရုစိုက်နေတယ်ဆိုတာလဲ ရွှေကူ့ကိုညီမလေးလိုခင်တွယ်လို့မဟုတ်လား။
ရွှေကူ့အကြောင်းကိုလွန်းငယ်အသိဆုံးပင်။ ရွှေကူက အကိုကွန့်မြူးဝေကိုကြိုက်နေတယ်ဆိုတာ သူ့ဘာသာမသိသေးယုံပါ။ ဘေးကလွန်းငယ်ကတော့ ဒီကောင်မလေးအကြောင်းသိလို့စသလို နောက်သလိုနဲ့ အမြဲတွန်းပို့နေတာတောင် ဒီတစ်ယောက်ကထုံနေတုန်းပင်။ ရွှေကူရယ်အလိုက်တာနော် ဘာလို့အခုထိမြင်အောင်မကြည့်တတ်သေးတာလဲရွှေကူရယ်။
"အကိုမြူးဝေ ရွှေကူ့ကိုလာကြိုတာလား"
"ဟုတ်တယ်ညီမ "
"လွန်းငယ်တို့ကလိုက်ပို့မလို့ပဲ လာကြိုတာဆိုတော့လဲထားခဲ့တော့မယ်နော် ရွှေကူရေလွန်းငယ်တို့ပြန်ဝင်တော့မယ်နော်"
"အင်းလွန်း "
လွန်းငယ်တို့နှစ်ယောက်ကလက်ချင်းတွဲ၍အထဲပြန်ဝင်သွားသည်ကို ရွှေကူလိုက်၍ကြည့်နေမိတော့သည်။ ဘယ်လိုပဲကြည့်ကြည့် အဲ့အတွဲလေးကချစ်စရာလေးပင်ဖြစ်နေလေသည်။ လွန်းငယ်ရယ်ရွှေကူအားကျနေပြီနော်။ မိဘတွေကလဲအရမ်းချစ်ကြသလို ချစ်သူဆိုသည့်လူကြီးကလဲလွန်းငယ်ကိုအရမ်းချစ်မည့်ပုံဖြစ်လေသည်။
"ကောင်မလေး တတ်လေဘာလုပ်နေတာလဲ"
"ဟို..ရွှေကူ့ဆိုင်ကယ်"
"ထားခဲ့လိုက် မနေ့ကထဲကလိုက်ပို့ပါ့မယ်ပြောတာကို ဆိုင်ကယ်စီးပြီးထွက်သွားတယ်မင်းက အဲ့ဆိုင်ကယ်အကြောင်းလာမပြောနဲ့ မီးနဲ့ရှို့ချင်နေတာနော် ဒီနေရာမှာတင်ပုံရှို့လိုက်ရမလားပြော"
"ရွှေကူကအကိုလေးကိုမနှိုးချင်လို့ပါ ပြီးတော့ရွှေကူကဆိုင်ကယ်စီးနေကျပဲကို "
ထားပါတော့ကိုယ်ကလိုက်ပို့မယ်ပြောပြီးအိပ်သွားမိတာကိုး။ ညကဂိမ်းအဆော့ကောင်းတဲ့ကျေးဇူးကြောင့်မလို့ အပြစ်တင်လျှင် ဂိမ်းကိုပဲအပြစ်တင်သင့်တာမို့မင်းလေးကံကောင်းသွားတယ်မှတ်ပါ။
"အခုဘယ်အချိန်ရှိနေပြီလဲ"
"၆ နာရီရှိပြီ"
ရွှေကူလက်မှာပတ်ထားသည့်နာရီလေးကိုငုံ့ကြည့်၍ဆိုလိုက်သည်။ အကိုလေးကလေ သူ့မှာလဲနာရီရှိတဲ့ဟာကို ရွှေကူ့ကိုမေးနေတယ်။
"အဲ့မျက်လုံးအကောင်းကြီးနဲ့ ဒီအချိန်ဆိုင်ကယ်စီးချင်သေးတယ်နော် အိမ်ပြန်မရောက်ချင်တော့ဘူးနဲ့တူတယ်ဟုတ်လား"
တစိတ်ရှိရွှေကူ့မျက်လုံးမကောင်းဘူးဆိုတာပဲ လာထိခိုက်နေတယ်ဟွန့်..။ ရွှေကူကကန်းနေတာမှမဟုတ်တာကို မြင်ရသေးပါတယ်အကိုလေးရယ်။
"ရွှေကူမြင်ရပါတယ်"
"အပိုမပြောနဲ့တတ် နောက်ရက်မှဝန်ထမ်းတစ်ယောက်နဲ့အဲ့ဆိုင်ကယ်ယူခိုင်းလိုက်မယ်"
ပေကပ်ကပ်နဲ့မျက်မှန်လေးပင့်တင်ကာ ရပ်နေသည့်ရှေ့ကမှန်ကြောင်မလေးကို ကွန့်မြူးဆက်မကြည့်နိုင်တော့ မဟုတ်ရင်အူယားတာနဲ့ဒီကောင်မလေးမလွယ်တော့ဘူး။
"ပွေ့ပြီးကားထဲတင်ရမှာလား ရွှေ..ကူ..."
"တတ်ပါ့မယ် ရွှေကူ့ကိုယ့်ဘာသာတတ်ပါ့မယ်"
ဒီအကိုလေးက စိတ်မှန်တာမဟုတ်ဘူးတစ်ခါတစ်လေကောင်းပြီး မထင်ရင်မထင်သလိုလဲရွှေ့ကူ့ကို ပွေ့ဖက်ဆွဲရမ်းတတ်သေးတာမို့ ရွှေကူကားလေးထဲအမြန်ပင်ဝင်လိုက်ရတော့သည်။ အကိုလေးကပြီးတော့ အရမ်းဆူငေါက်တာမဟုတ်လား။
အမိန့်တွေပေးရတာက ကောင်မလေးကိုချစ်လို့ပါကွာ။စကားနားမထောင်ပဲ အန္တာရယ်များတာတွေလုပ်မှာဆိုးလို့ပါကွ။ သနပ်ခါးလေးနှင့်ကောင်မလေးက ချစ်စရာကောင်းလောက်အောင်ကိုရှိနေလေသည်။ ဒီအတိုင်းလေးပဲ ဖြူဖြူစင်စင်လေးနေပါမှန်ကြောင်မလေးရေ မျက်မှန်ချွတ်လိုက်ပြီးအလှပြင်လိုက်ရင်လေ ဒီကကောင်စိတ်မောရလွန်းလို့ပါကွာ။ ဒီမအူမလည်ပုံလေးနဲ့ပဲ ကိုယ့်အပိုင်အဖြစ်ရှိနေပေးပါကွာရွှေကူလေးရာ။
"အိမ်ပြန်ရောက်ရင်အိပ်လိုက်နော် အိပ်ရေးပျက်ပြီးလဲသွားမယ်"
"ရွှေကူကအားရှိပါတယ်အကိုလေးရဲ့"
"လူကြည့်တော့တစ်ပိဿာတောင်မပြည့်တာကိုအားရှိပါတယ်လာလုပ်နေသေး ကောက်ထုလိုက်ရအွန််း..."
အကိုလေးကလေထုမယ်ဆိုတာကြည့်ပဲပြောပြောနေ၍ ရွှေကူကား၏အစွန်ဆုံးလေတိုးသည့်ဘက်ကိုကပ်လိုက်တော့သည်။ ပြောသလိုတဂယ်ကောက်ထုနေမှဖြင့် ရွှေကူမေ့လဲလောက်ပါသည်။
အိမ်ရောက်သည်နှင့် ရွှေကူထမင်းလေးနဲနဲစား၍ အိပ်ယာဝင်ရန်အိမ်ပေါ်သို့တတ်လာခဲ့တော့သည်။
"ဒါလေးသောက်ပြီးမှအိပ်"
ဆေးလုံးတစ်လုံးရယ်ရေဗူးလေးရယ်ရှေ့တိုးပေးလာသည့်အကိုလေးက ရွှေကူ့အခန်းပေါက်ဝတွင်ဖြစ်လေသည်။
"အကိုလေးဒါကဘာဆေးလဲဟင်"
"သောက်လိုက် သေဆေးမဟုတ်ဘူး"
သေဆေးမဟုတ်မှန်းတော့သိတာပေါ့လို့ ဒါပေမယ့်ဘာဆေးလဲတော့ရွှေကူကသိချင်သေးတာလေအကိုလေးရယ်။ သို့ပေမယ့်ဆက်မမေးတော့ပဲ ရွှေကူထိုဆေးလေးကိုသောက်လိုက်တော့သည်။
"မနက်လဲမနိူးရင်မထနဲ့ကြိုက်သလောက်အိပ်ကြားလား"
"ဟုတ်ကဲ့"
"ဝင်တော့လေအိပ်ချင်နေပြီမလား"
ရွှေကူခေါင်းငြိမ့်ပြ၍အခန်းအတွင်းသို့ဝင်လာလိုက်တော့သည်။ အနည်းငယ်လေတိုက်နေသော်လည်းရွှေကူတံခါးလေးဖွင့်၍ စောင်လေးခြုံကာမျက်လုံးလေးမှိတ်လိုက်တော့ မကြာပါရွှေကူအိပ်ပျော်သွားခဲ့ပြီဖြစ်သည်။
"မာမီ့သမီးရော"
"မထသေးဘူးသား မာမီသွားကြည့်ပြီးပြီး အိပ်နေတာများသိုးလို့တော်"
"အိပ်ရေးပျက်ထားလို့နေမှာ"
"ဟုတ်ပါရဲ့အိပ်ရေးကတစ်ညလောက်ပဲပျက်တာဆိုပေမယ့်လဲ သမီးလေးကလူကောင်ကသေးတော့အားနည်းသွားလို့နေမှာ အိပ်ပါစေလေမာမီတော့မနှိုးတော့ဘူး သားတစ်ယောက်ထဲပဲသွားလိုက်တော့ဒီနေ့လဲ"
"ကျွန်တော်ကအဆင်ပြေပါတယ် မာမီ့သမီးသာအဲ့အလုပ်ကြီးတအားသွားချင်နေတာ မသိရင်သူကဥက္ကဌကျလို့"
"ဒီလိုဝန်ထန်းတွေရှိလို့ ငါ့ကုမ္ပဏီအောင်မြင်တာပေါ့ကွ မင်းလိုသာလူ့ပေါ်ကျော့လိုနေနေကြရင်ဒေဝါလီခံရတာကြာပေါ့"
"ဟားဗျာ.. ကျွန်တော်မမိုက်တော့ဘူးဆိုတာဒယ်ဒီတွေ့နေတာပဲလေ ဘာလဲမယုံသေးဘူးလား"
"ယုံစေချင်ရင်မင်းမိန်းမယူပြလိုက်လေ"
"ကျွန်တော်မိန်းမကောက်ယူမှ ဟင်တွေဟာတွေဖြစ်ပြီး သားရယ်မင်းကဟုတ်လှချည်လားဖြစ်သွားမယ်နော်"
"အမလေးတော် အဲ့လိုလေးပြောဖူးချင်သေးလို့ ငါ့သားယူပြစမ်းပါအုံး"
"မာမီပြီးမှနောင်တမရနဲ့နော်"
"ကျုပ်ကနောင်တရစရာဘာရှိလဲ ယူသာယူမတားဘူး"
မာမီ့သမီးကိုတဂယ်ကြီးယူသွားမှအမလေးတပြီး ငိုမနေဖို့ပဲကျွန်တော်ဆုတောင်းပါတယ်မာမီရယ်။ ဟား ဟား ..ကျွန်တော်ကကောင်မလေးကို တဂယ်ကြီးရအောင်ယူတော့မှာဗျ။
"Hello အကိုလေး"
"အင်းကိုယ်ကြားတယ် ဘာပြောစရာရှိလို့လဲပြောလေ"
"ရွှေကူ့မှာဆိုင်ကယ်ကလဲမရှိဘူး အကိုလေးကလဲအပြင်မထွက်ရဘူးလို့မှာသွားတာမလား.."
ကွန့်မြူးစာရွက်ဖိုင်တွေကြည့်နေရင်းမှ စာပွဲပေါ်ပြန်တင်၍ ဖုန်းကိုအာရုံစိုက်လိုက်တော့သည်။
"အင်းလေ အဲ့တော့ဘာဖြစ်လဲ"
"ရွှေကူအပြင်လေးသွားစရာရှိလို့ဘယ်လိုလုပ်ရမလဲဟင်"
"ဘာသွားလုပ်မှာလဲအပြင်က"
"မမဖြူငယ်တို့ကခေါ်လို့ လွန်းငယ်မွေးနေ့လေးလုပ်ပေးချင်တယ်ပြောလို့ရွှေကူလဲသွားချင်လို့ပါ"
"အင်းခဏစောင့်လာခေါ်ပေးမယ်"
"အကိုလေးလာခေါ်မလို့လား"
"အင်းလေ"
"အလုပ်တွေရှိသေးတယ်မလားအကိုလေးက"
"လာပြန်ပြီဒီအလုပ် အရေးမကြီးပါဘူးလို့ပြောထားတယ်လေ အဆင်သင့်လုပ်ထားခဏနေလာခဲ့မယ်"
"ဟုတ်ကဲ့"
တစ်စိတ်ရှိဒီအလုပ်ပဲလာလာပြောနေသည့်ကောင်မလေးကို တဂယ်အနားရှိလျှင်ခေါင်းကိုထုပစ်ချင်လှပါသည်။
ဘယ်နှယ့်ကောင်မလောက်ဘာမှအရေးမကြီးပါဘူးဆိုမှကွာ။
ရွှေကူဂါဝန်အနီလေးဝတ်၍ ဆံပင်လေးကိုအပေါ်သို့မြောက်မြောက်လေးစီးလိုက်တော့သည်။ ညနေခင်းလေးဖြစ်သည်ကြောင့် နေလုံးကြီးကအိမ်နှင့်ကွယ်နေသည့်အခါ အိမ်ရှေ့ကဒန်းလေးမှာနေရိပ်ထဲတွင်ရှိနေလေသည်။ ရွှေကူထိုဒန်းလေးဆီပြေးထိုင်၍ ပန်းပင်လေးတွေကိုလိုက်ကြည့်နေမိသည်။ လှလိုက်တာများပန်းလေးတွေကအရောင်စုံကိုဖူးပွင့်၍ လှနေလေတော့သည်။
ခြံရှေ့မှကားရပ်သံကြား၍ ရွှေကူပြေးသွားလိုက်တော့ အကိုလေးကမှန်ကိုချ၍ရွှေကူ့ကိုကြည့်နေလေသည်။
"ကားပေါ်တတ်"
"ဟုတ်"
"အခုကဘယ်ကိုမောင်းရမှာလဲ"
"ဟို Center ကိုမောင်းပေး Family Center ကို"
"အွန်း"
လူတွေကအများကြီးမဟုတ်သော်လည်း လူရင်းတွေကြည့်နှင့်ရွှေကူတို့အဖွဲ့လေးကတောင့်လှပါသည်။ မမဖြူငယ်နှင့်အသိတွေဖြစ်သည့် အကိုတွေအဖွဲ့မှာလဲရွှေကူနှင့်စိမ်းမနေပဲ အနည်းငယ်ခင်ရသည့်လူတွေဖြစ်လေသည်။ စားပွဲခုံလေးပေါ်ကိတ်လေးတင်၍ လွန်းငယ်တို့အလာကိုစောင့်နေသည့်ရွှေကူ့ဘေး အကိုလေးကအတင်းကပ်နေလေတော့သည်။
"အကိုလေး"
"ဘာလဲ"
"ဘာမှမဟုတ်တော့ပါဘူး "
ရုပ်ကတည်နေလေသည်ကြောင့်ရွှေကူလဲ ဆက်မပြောရဲတော့ပေ။
တော်သေးတာပေါ့ ကောင်မလေးနောက် လိုက်လာခဲ့ပေလို့။ ဟိုးအရင်ထဲကကွန့်မြူးတို့နယ်ပယ်ထဲမှာနာမည်ကြီးလှသည့် ကိုခွန်းစေရာတို့ ကိုဘုန်းသစ်တို့ ကိုတေဇတို့ကို ထွေထွေထူးထူးကြီးမိတ်ဆက်ပြီး နှုတ်ဆက်စကားပြောနေဖို့မလိုအောင်ပင်သိကျွမ်းကြလေသည်။ ကိုခွန်းကအလုပ်မှာလဲသူ့နယ်ပယ်အတွင်းပြိုင်ဘက်ကင်းသလို ရည်းစားတွေလဲအရမ်းပွေရှုပ်ခဲ့ဖူးလေသည်။ ယခုမှမိန်းမရသွားသည့်အခါ အရင်လိုမဟုတ်မိန်းမမျက်နှာတစ်ကမ္ဘာဖြစ်သွားသည်ကိုလဲ ကောင်မလေးနှင့်ပတ်သက်၍မှသေချာသိခဲ့ရခြင်း။
ကိုခွန်းလဲကွန့်မြူးလိုပဲ အချစ်စစ်ကိုတွေပြီးပြောင်းလဲသွားတာဖြစ်နိုင်ပေမယ့် ကျန်သည့်သုံးယောက်ကတော့ယခုထိပွေရှုပ်နေကြဆဲဖြစ်လေသည်။ ကောင်မလေးရယ်စိတ်မချပါဘူးကွာ ကောင်မလေးနားအဲလူကြီးတွေကိုကပ်ခွင့်မပေးနိုင်ဘူးကွ။
မျက်လုံးလေးအပိတ်ခံထားသည့်လွန်းငယ်မှာ ရွှေကူတို့ဆီတရွေ့ရွေ့နှင့် လှမ်းလာတော့အကုန်လုံးအသံတိတ်၍ငြိမ်နေလိုက်ကြတော့သည်။စားပွဲခုံလေးရှေ့ရောက်တော့ မျက်လုံးလေးဖွင့်လာသည့်လွန်းငယ်ဖို့ ရွှေကူတို့အဖွဲ့မှာ Birthday သီချင်းလေးသံပြိုင်သီဆိုလိုက်ကြတော့သည်။
"Happy Birthday to you
Happy birthday to you
Happy birthday Happy birthday
happy birthday to you"
"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ကိုယ့်ခလေးလေး"
"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလွန်းလေး "
"ပျော်ရွှင်ပါစေလွန်းရေ"
လွန်းငယ်ကအကုန်လုံးကိုလိုက်ကြည့်၍ မျက်ရည်တွေစီးကျလာတော့သည်။
"ခလေးကလဲမငိုရဘူးလေ."
"ဦးစီစဉ်ထားတာလား"
"ကိုယ်လေ ခလေးမွေးနေ့ကိုဘယ်တုန်းကမှမမေ့ခဲ့ဖူးဘူး ခလေးချစ်တဲ့ခလေးရဲ့မမတွေ ခလေးသူငယ်ချင်းတွေ ခလေးနဲ့ရင်းနှီးတဲ့လူတွေနဲ့ပျော်ပျော်ရွှင်ဖြတ်သန်းရမှာပေါ့ ကိုယ်ကခလေးကိုအမြဲဒီလိုဘေးမှာ မိတ်ဆွေစစ်မိတ်ဆွေမှန်တွေနဲ့ပဲ ပျော်နေစေချင်တာလေ "
ချစ်သူနှစ်ဦးမှာအချင်းချင်းဖက်ထားကြတော့ ရွှေကူ့မှာကြည်နူးနေရတော့သည်။
လွန်းငယ်ကိတ်လေးခွဲ၍ ဦးမှစ၍ အကုန်လုံးကိုလိုက်ခွံ့ကျွေးလိုက်သည်။ အသီအသီ ပေးကြသည့်လက်ဆောင်တွေကိုလက်ခံရင်း ခုံလေးပေါ်လက်ဆောင်ဗူးလေးတွေတင်နေခိုက်။
"Can you marry me?"
"ဦး..."
နှင်းဆီပန်းစည်းကြီးကို ဘေးချ၍ထိုလူက လွန်းငယ်ရှေ့မုဆိုးဒူးထောက်ထိုင်၍ လက်စွပ်ဗူးလေးကို ကိုင်ထားသည့်မြင်ကွင်းလေးကလှပလွန်းနေလေသည်။
"ခလေးနဲ့တွေ့မှ ကိုယ်အချစ်ဆိုတဲ့အရာကိုသိခဲ့တာခလေး ခလေးကြောင့်ပဲကိုယ့်ဘဝလေးပြည့်စုံခဲ့တာ အထီးကျန်လွန်းလှတဲ့ကိုယ့်ဘဝလေးထဲ ခလေးရောက်လာပြီးမှစိုပြေခဲ့တာ ကိုယ်အမြဲခလေးအပေါ်အချစ်စစ်နဲ့ချစ်သွားမှာပါ တစ်ရက်ထပ်တစ်ရက်ပိုတဲ့အချစ်တွေနဲ့လေ ခလေးအားကိုးရတဲ့လူကိုယ်ဖြစ်ချင်တယ် ခလေးလက်ကိုတွဲပြီးမိုးမြေဆုံးထိ ကိုယ်သွားချင်တယ် "
"အရင်ကကိုယ့်အနာဂတ်ကြီးကမှောင်မိုက်နေခဲ့တာ ခလေးလေးကြောင့်အလင်းရောင်တွေရခဲ့တာ ခလေးကကိုယ့်ရဲ့အချစ်မီးပြတိုက်လေးပါကွာ ကိုယ့်ဘဝကိုအမြဲအလင်းဆောင်ပေးနိုင်မလားခလေး ဟင်...."
စကားလုံးတွေက လေးနက်နေသည့်အခါရွှေကူပါ ပီတိတွေဖြစ်၍လွန်းငယ်အစားဂုဏ်ယူနေမိတော့သည်။ လွန်းငယ်လေးကံကောင်းပါတယ်လွန်းရယ်။
"ခလေးနဲ့လက်ထပ်ပြီး ပျော်ရွှင်တဲ့ဘဝလေးထူထောင်ဖို့ ကိုယ့်ကိုအခွင့်ရေးပေးနိုင်မလား ခလေးလက်ကိုတွဲခွင့်ပြုနိုင်မလားခလေး "
လွန်းငယ်ခေါင်းလေးကို တစ်ဆက်ဆက်နှင့် ငြိမ့်ပြလိုက်တော့သည်။
"လွန်းငယ်ခွင့်ပြုပါတယ် လွန်းငယ်ဦးနဲ့ပျော်ရွှင်တဲ့ဘဝလေးတည်ဆောက်ချင်ပါတယ် ဦးနဲ့သက်ဆုံးတိုင်အတူရှိနေချင်တယ် "
အငိုမျက်လုံးအပြုံးမျက်နှာနှင့်နှစ်ဦးသားက လက်စွပ်လေးဝတ်ပေးပြီးသည့်အချိန်တွင်တော့ တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ထားကြလေတော့သည်။
"ကိုယ်ပျော်လိုက်တာခလေးရယ် ကိုယ်ပျော်လိုက်တာကွာ"
"လွန်းငယ်ရော ဟင့်"
ဘေးကပွဲကြည့်ပရိတ်သက်မှာလဲ အားပေးဖို့ကိုမေ့လျော့စွာ အချစ်တွေပြည့်နေကြသည့်နှစ်ဦးသားကို ပြုံးပြုံးကြီးတွေနဲ့မေ့လျော့စွာကြည့်နေမိသည်။ ထိုထဲတွင်တော့ရွှေကူကထိတ်ဆုံးကပင်ဖြစ်လေတော့သည်။
"အားမကျဘူးလားကောင်မလေး"
"အားကျတာပေါ့"
ရွှေကူဖြေမိပြီးမှ ရှက်သွားရသည်။ ဒီအကိုလေးဘာတွေမေးမှန်းလဲမသိဘူး ရွှေကူကအားကျရအောင်ရည်းစားလဲရှိတာမဟုတ်ပဲနဲ့။
"နောက်ဆိုရည်းစားလေးဘာလေးထားကြားလား အဲ့တာမှဒီလိုလက်ထပ်ခွင့်တောင်းခံရမှာ"
"ရွှေကူကရည်းစားမထားပါဘူးနော် အပျိုကြီးလုပ်မှာ"
"ဟာ..."
"အကိုလေးသာ အပျော်တွေမတွဲပဲ အတည်တကျအချစ်စစ်ကိုတွဲရမှာနော် အဲ့မှာကြည့် အကိုခမ်းထည်ကအချစ်ဦနဲ့လက်ထပ်ရတော့မှာ သူများတွေလိုမှိုလိုပေါက်အောင်ထားပြီး အတည်မယူတာမဟုတ်ဘူးနော် ဟွန့်.. ရွှေကူ့ကိုပဲလာပြောမနေနဲ့ "
ဟုတ်တယ်လေ ပြောတော့ကောင်မလေးကိုပိုးတော့မှာဆို အခုတော့အိမ်မှာပဲအမြဲနေနေပြီးအဲ့ကောင်မလေးဆီလဲသွားတာမတွေ့နဲ့အကိုလေးတော့ အခုထိလူရွေးနေတုန်းထင်ပါရဲ့လေ။
"တစ်ခါမှဒီလိုမပြောဖူးပါဘူး ဘယ်ကအားတွေရပြီးပြန်ပြောနေတာလဲရွှေ..ကူ.."
"ရွှေကူကပြောပြတာပါ အကိုလေးနော် လူကြားထဲမှာရွှေကူ့ကိုမရိုက်နဲ့ "
ခေါင်းလေးအသာပုတ်မလို့ကို သူလေးကပြောလိုက်ရင် ကွန့်မြူးကပဲနှိပ်စက်နေတတ်သလိုလို။ ဒီဟာလေးဘေးမှာ သူ့အားကိုးတွေရှိတော့ အာခံတတ်နေပြီပေါ့လေ။ အိမ်ရောက်မှတွေ့ပါမယ် အဲ့ကျမှအကိုလေးရယ် ရွှေကူမှားပါပြီဖြစ်သွားစေရမယ်။
Words 3272
22.8.2023 7:10pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True love အပိုင္ - ၂၁
ေ႐ႊကူေရာက္ၿပီးတစ္နာရီေလာက္ၾကာမွ လြန္းငယ္ႏွင့္ မမျဖဴငယ္တို႔ေရာက္လာေလေတာ့သည္။ လြန္းငယ္တို႔သားမိကဖက္၍ငိုေနၾကသလို ကိုယ္ဆီေတာင္းပန္၍ဝန္ခံေနၾကသည့္အခါေ႐ႊကူပါလိုက္၍ငိုမိေတာ့သည္။ လြန္းငယ္တို႔မိသားစုေလးကိုဒီေလာက္ႏြေးေထြးမယ္လို႔မထင္ခဲ့မိဘူးေလ။ ေ႐ႊကူလဲဒီလိုမိဘႏွစ္ပါးရွိေနရင္ေကာင္းမွာပဲေနာ္။
ျပန္ေျပလည္ေနသည့္ မိသားစုေလးအား လူမ်ားစြာက ေဘးတြင္ဝန္းရံ၍ၾကည့္ေနၾကသည္။ အရင္က စိတ္မခ်မ္းေျမ့ဖြယ္ပူေဆြးေသာကေတြ ျပည့္ေနသည့္အခန္းေလးထဲ ယခုေတာ့ေပ်ာ္စရာေလးေတြ ျပည့္ေနခဲ့ျပန္ေလသည္။
"လြန္းေလးမမတို႔ျပန္ေတာ့မယ္ေနာ္ သားေလးရွိေသးလို႔ေလ"
"ဟုတ္မမ လြန္းငယ္ေၾကာင့္မမတို႔စိတ္ပူသြားရၿပီမမရယ္ "
"ရပါတယ္ ညီမေတြပဲကို "
"အန္တီ့သမီးတို႔ျပန္ေတာ့မယ္ေနာ္ ေနာက္ေန႕မွျပန္လာလည္ေတာ့မယ္ေနာ္ ေမေမကလဲအန္တီဆီလာေနၿပီတဲ့ ခဏေနေရာက္ေတာ့မွာ"
"ေအးပါကြယ္ ေက်းဇူးတင္ပါတယ္သမီးရယ္"
"ဟုတ္ရပါတယ္အန္တီရယ္ "
မမျဖဴငယ္နဲ႕အကိုခြန္းေစရာနဲ႕ျပန္သြားေလေတာ့သည္။ ေမေမႏွင့္အေတာ္ၾကာ စကားေတြေျပာၿပီးမွေ႐ႊကူ႕ကိုသတိရေလေတာ့သည္။ ခဏေနေမွာင္ေတာ့မွာပဲ။
"ေ႐ႊကူ ျပန္နားေတာ့ေလ မအိပ္ရေသးဘူးမို႔လား ျပန္နားေတာ့ေလေနာ္ "
"အင္း လြန္းအဲ့တာဆိုေ႐ႊကူျပန္မယ္ေနာ္"
"လိုက္ပို႔ေပးမယ္ေလ"
"ရပါတယ္ ေ႐ႊကူဆိုင္ကယ္ပါတယ္ "
"ေ႐ႊကူကညကလဲမအိပ္ရေသးဘူး ဆိုင္ကယ္နဲ႕ဆိုေတာ့စိတ္မခ်ပါဘူးေနာ္ ဦးေရာလိုက္ခဲ့ေနာ္ ေ႐ႊကူကိုလိုက္ပို႔ရေအာင္လို႔ေလ"
"အင္းခေလး"
"ေမေမ့ ခဏေလးေနာ္ေ႐ႊကူ႕ကိုလိုက္ပို႔လိုက္ခ်င္လို႔"
"အင္းသမီး သမီးေလးေ႐ႊကူေက်းဇူးပါကြယ္ "
"ရပါတယ္အန္တီရဲ႕ ဦးေလးသမီးျပန္ၿပီေနာ္"
"ေအးေအးသမီး"
သူငယ္ခ်င္းေတြျဖစ္ၾက၍လြန္းငယ္ႏွင့္လက္ခ်င္းခ်ိတ္၍ ေ႐ႊကူတို႔အျပင္သို႔ထြက္ခဲ့လိုက္ေတာ့သည္။ ေနာက္မွပါလာသည့္လူကိုလြန္းငယ္မိတ္မဆက္ေပးလဲ လြန္းငယ္ရဲ႕ခ်စ္ရသူဆိုတာေ႐ႊကူမွန္းမိပါသည္။ဘာလို႔ဆိုမေန႕ညကလြန္းငယ္ကေျပာျပတယ္မဟုတ္လား။
"လြန္းငယ္တို႔ လိုက္ပို႔ဖို႔မလိုေတာ့ဘူးထင္တယ္ေနာ္ေ႐ႊကူေရ.."
လြန္းစကားေၾကာင့္ေ႐ႊကူ ေဘးဘီၾကည့္မိေတာ့ကားရဲ႕ေဘးမွအကိုေလးက မ်က္မွန္အနက္ႀကီးတပ္ၿပီး ေ႐ႊကူတို႔ဆီၾကည့္ေနေလသည္။
"ဟင္..အကိုေလ "
"ရွင့္လူႀကီးနဲ႕ထားခဲ့ေတာ့မယ္ေနာ္ေ႐ႊကူ"
"အို.. လြန္းေနာ္ၾကားသြားရင္ ေ႐ႊကူ႕ကိုအိမ္ေပၚကႏွင္ခ်ေနပါအုံးမယ္ "
ေ႐ႊကူတို႔ကစေနာက္တယ္ဆိုေပမယ့္လဲ အကိုေလးၾကားသြားလွ်င္စိတ္ဆိုးသြားေလာက္ပါသည္။ဘာလို႔ဆိုေ႐ႊကူတို႔ကေမာင္မွမေတြမဟုတ္လား ေ႐ႊကူ႕အေပၚအကိုေလးဂ႐ုစိုက္ေနတယ္ဆိုတာလဲ ေ႐ႊကူ႕ကိုညီမေလးလိုခင္တြယ္လို႔မဟုတ္လား။
ေ႐ႊကူ႕အေၾကာင္းကိုလြန္းငယ္အသိဆုံးပင္။ ေ႐ႊကူက အကိုကြန့္ျမဴးေဝကိုႀကိဳက္ေနတယ္ဆိုတာ သူ႕ဘာသာမသိေသးယုံပါ။ ေဘးကလြန္းငယ္ကေတာ့ ဒီေကာင္မေလးအေၾကာင္းသိလို႔စသလို ေနာက္သလိုနဲ႕ အၿမဲတြန္းပို႔ေနတာေတာင္ ဒီတစ္ေယာက္ကထုံေနတုန္းပင္။ ေ႐ႊကူရယ္အလိုက္တာေနာ္ ဘာလို႔အခုထိျမင္ေအာင္မၾကည့္တတ္ေသးတာလဲေ႐ႊကူရယ္။
"အကိုျမဴးေဝ ေ႐ႊကူ႕ကိုလာႀကိဳတာလား"
"ဟုတ္တယ္ညီမ "
"လြန္းငယ္တို႔ကလိုက္ပို႔မလို႔ပဲ လာႀကိဳတာဆိုေတာ့လဲထားခဲ့ေတာ့မယ္ေနာ္ ေ႐ႊကူေရလြန္းငယ္တို႔ျပန္ဝင္ေတာ့မယ္ေနာ္"
"အင္းလြန္း "
လြန္းငယ္တို႔ႏွစ္ေယာက္ကလက္ခ်င္းတြဲ၍အထဲျပန္ဝင္သြားသည္ကို ေ႐ႊကူလိုက္၍ၾကည့္ေနမိေတာ့သည္။ ဘယ္လိုပဲၾကည့္ၾကည့္ အဲ့အတြဲေလးကခ်စ္စရာေလးပင္ျဖစ္ေနေလသည္။ လြန္းငယ္ရယ္ေ႐ႊကူအားက်ေနၿပီေနာ္။ မိဘေတြကလဲအရမ္းခ်စ္ၾကသလို ခ်စ္သူဆိုသည့္လူႀကီးကလဲလြန္းငယ္ကိုအရမ္းခ်စ္မည့္ပုံျဖစ္ေလသည္။
"ေကာင္မေလး တတ္ေလဘာလုပ္ေနတာလဲ"
"ဟို..ေ႐ႊကူ႕ဆိုင္ကယ္"
"ထားခဲ့လိုက္ မေန႕ကထဲကလိုက္ပို႔ပါ့မယ္ေျပာတာကို ဆိုင္ကယ္စီးၿပီးထြက္သြားတယ္မင္းက အဲ့ဆိုင္ကယ္အေၾကာင္းလာမေျပာနဲ႕ မီးနဲ႕ရွို႔ခ်င္ေနတာေနာ္ ဒီေနရာမွာတင္ပုံရွို႔လိုက္ရမလားေျပာ"
"ေ႐ႊကူကအကိုေလးကိုမႏွိုးခ်င္လို႔ပါ ၿပီးေတာ့ေ႐ႊကူကဆိုင္ကယ္စီးေနက်ပဲကို "
ထားပါေတာ့ကိုယ္ကလိုက္ပို႔မယ္ေျပာၿပီးအိပ္သြားမိတာကိုး။ ညကဂိမ္းအေဆာ့ေကာင္းတဲ့ေက်းဇူးေၾကာင့္မလို႔ အျပစ္တင္လွ်င္ ဂိမ္းကိုပဲအျပစ္တင္သင့္တာမို႔မင္းေလးကံေကာင္းသြားတယ္မွတ္ပါ။
"အခုဘယ္အခ်ိန္ရွိေနၿပီလဲ"
"၆ နာရီရွိၿပီ"
ေ႐ႊကူလက္မွာပတ္ထားသည့္နာရီေလးကိုငုံ႕ၾကည့္၍ဆိုလိုက္သည္။ အကိုေလးကေလ သူ႕မွာလဲနာရီရွိတဲ့ဟာကို ေ႐ႊကူ႕ကိုေမးေနတယ္။
"အဲ့မ်က္လုံးအေကာင္းႀကီးနဲ႕ ဒီအခ်ိန္ဆိုင္ကယ္စီးခ်င္ေသးတယ္ေနာ္ အိမ္ျပန္မေရာက္ခ်င္ေတာ့ဘူးနဲ႕တူတယ္ဟုတ္လား"
တစိတ္ရွိေ႐ႊကူ႕မ်က္လုံးမေကာင္းဘူးဆိုတာပဲ လာထိခိုက္ေနတယ္ဟြန့္..။ ေ႐ႊကူကကန္းေနတာမွမဟုတ္တာကို ျမင္ရေသးပါတယ္အကိုေလးရယ္။
"ေ႐ႊကူျမင္ရပါတယ္"
"အပိုမေျပာနဲ႕တတ္ ေနာက္ရက္မွဝန္ထမ္းတစ္ေယာက္နဲ႕အဲ့ဆိုင္ကယ္ယူခိုင္းလိုက္မယ္"
ေပကပ္ကပ္နဲ႕မ်က္မွန္ေလးပင့္တင္ကာ ရပ္ေနသည့္ေရွ႕ကမွန္ေၾကာင္မေလးကို ကြန့္ျမဴးဆက္မၾကည့္နိုင္ေတာ့ မဟုတ္ရင္အူယားတာနဲ႕ဒီေကာင္မေလးမလြယ္ေတာ့ဘူး။
"ေပြ႕ၿပီးကားထဲတင္ရမွာလား ေ႐ႊ..ကူ..."
"တတ္ပါ့မယ္ ေ႐ႊကူ႕ကိုယ့္ဘာသာတတ္ပါ့မယ္"
ဒီအကိုေလးက စိတ္မွန္တာမဟုတ္ဘူးတစ္ခါတစ္ေလေကာင္းၿပီး မထင္ရင္မထင္သလိုလဲေ႐ႊ႕ကူ႕ကို ေပြ႕ဖက္ဆြဲရမ္းတတ္ေသးတာမို႔ ေ႐ႊကူကားေလးထဲအျမန္ပင္ဝင္လိုက္ရေတာ့သည္။ အကိုေလးကၿပီးေတာ့ အရမ္းဆူေငါက္တာမဟုတ္လား။
အမိန့္ေတြေပးရတာက ေကာင္မေလးကိုခ်စ္လို႔ပါကြာ။စကားနားမေထာင္ပဲ အႏၱာရယ္မ်ားတာေတြလုပ္မွာဆိုးလို႔ပါကြ။ သနပ္ခါးေလးႏွင့္ေကာင္မေလးက ခ်စ္စရာေကာင္းေလာက္ေအာင္ကိုရွိေနေလသည္။ ဒီအတိုင္းေလးပဲ ျဖဴျဖဴစင္စင္ေလးေနပါမွန္ေၾကာင္မေလးေရ မ်က္မွန္ခြၽတ္လိုက္ၿပီးအလွျပင္လိုက္ရင္ေလ ဒီကေကာင္စိတ္ေမာရလြန္းလို႔ပါကြာ။ ဒီမအူမလည္ပုံေလးနဲ႕ပဲ ကိုယ့္အပိုင္အျဖစ္ရွိေနေပးပါကြာေ႐ႊကူေလးရာ။
"အိမ္ျပန္ေရာက္ရင္အိပ္လိုက္ေနာ္ အိပ္ေရးပ်က္ၿပီးလဲသြားမယ္"
"ေ႐ႊကူကအားရွိပါတယ္အကိုေလးရဲ႕"
"လူၾကည့္ေတာ့တစ္ပိႆာေတာင္မျပည့္တာကိုအားရွိပါတယ္လာလုပ္ေနေသး ေကာက္ထုလိုက္ရအြန္္း..."
အကိုေလးကေလထုမယ္ဆိုတာၾကည့္ပဲေျပာေျပာေန၍ ေ႐ႊကူကား၏အစြန္ဆုံးေလတိုးသည့္ဘက္ကိုကပ္လိုက္ေတာ့သည္။ ေျပာသလိုတဂယ္ေကာက္ထုေနမွျဖင့္ ေ႐ႊကူေမ့လဲေလာက္ပါသည္။
အိမ္ေရာက္သည္ႏွင့္ ေ႐ႊကူထမင္းေလးနဲနဲစား၍ အိပ္ယာဝင္ရန္အိမ္ေပၚသို႔တတ္လာခဲ့ေတာ့သည္။
"ဒါေလးေသာက္ၿပီးမွအိပ္"
ေဆးလုံးတစ္လုံးရယ္ေရဗူးေလးရယ္ေရွ႕တိုးေပးလာသည့္အကိုေလးက ေ႐ႊကူ႕အခန္းေပါက္ဝတြင္ျဖစ္ေလသည္။
"အကိုေလးဒါကဘာေဆးလဲဟင္"
"ေသာက္လိုက္ ေသေဆးမဟုတ္ဘူး"
ေသေဆးမဟုတ္မွန္းေတာ့သိတာေပါ့လို႔ ဒါေပမယ့္ဘာေဆးလဲေတာ့ေ႐ႊကူကသိခ်င္ေသးတာေလအကိုေလးရယ္။ သို႔ေပမယ့္ဆက္မေမးေတာ့ပဲ ေ႐ႊကူထိုေဆးေလးကိုေသာက္လိုက္ေတာ့သည္။
"မနက္လဲမနိူးရင္မထနဲ႕ႀကိဳက္သေလာက္အိပ္ၾကားလား"
"ဟုတ္ကဲ့"
"ဝင္ေတာ့ေလအိပ္ခ်င္ေနၿပီမလား"
ေ႐ႊကူေခါင္းၿငိမ့္ျပ၍အခန္းအတြင္းသို႔ဝင္လာလိုက္ေတာ့သည္။ အနည္းငယ္ေလတိုက္ေနေသာ္လည္းေ႐ႊကူတံခါးေလးဖြင့္၍ ေစာင္ေလးၿခဳံကာမ်က္လုံးေလးမွိတ္လိုက္ေတာ့ မၾကာပါေ႐ႊကူအိပ္ေပ်ာ္သြားခဲ့ၿပီျဖစ္သည္။
"မာမီ့သမီးေရာ"
"မထေသးဘူးသား မာမီသြားၾကည့္ၿပီးၿပီး အိပ္ေနတာမ်ားသိုးလို႔ေတာ္"
"အိပ္ေရးပ်က္ထားလို႔ေနမွာ"
"ဟုတ္ပါရဲ႕အိပ္ေရးကတစ္ညေလာက္ပဲပ်က္တာဆိုေပမယ့္လဲ သမီးေလးကလူေကာင္ကေသးေတာ့အားနည္းသြားလို႔ေနမွာ အိပ္ပါေစေလမာမီေတာ့မႏွိုးေတာ့ဘူး သားတစ္ေယာက္ထဲပဲသြားလိုက္ေတာ့ဒီေန႕လဲ"
"ကြၽန္ေတာ္ကအဆင္ေျပပါတယ္ မာမီ့သမီးသာအဲ့အလုပ္ႀကီးတအားသြားခ်င္ေနတာ မသိရင္သူကဥကၠဌက်လိဳ႕"
"ဒီလိုဝန္ထန္းေတြရွိလို႔ ငါ့ကုမၸဏီေအာင္ျမင္တာေပါ့ကြ မင္းလိုသာလူ႕ေပၚေက်ာ့လိုေနေနၾကရင္ေဒဝါလီခံရတာၾကာေပါ့"
"ဟားဗ်ာ.. ကြၽန္ေတာ္မမိုက္ေတာ့ဘူးဆိုတာဒယ္ဒီေတြ႕ေနတာပဲေလ ဘာလဲမယုံေသးဘူးလား"
"ယုံေစခ်င္ရင္မင္းမိန္းမယူျပလိုက္ေလ"
"ကြၽန္ေတာ္မိန္းမေကာက္ယူမွ ဟင္ေတြဟာေတြျဖစ္ၿပီး သားရယ္မင္းကဟုတ္လွခ်ည္လားျဖစ္သြားမယ္ေနာ္"
"အမေလးေတာ္ အဲ့လိုေလးေျပာဖူးခ်င္ေသးလို႔ ငါ့သားယူျပစမ္းပါအုံး"
"မာမီၿပီးမွေနာင္တမရနဲ႕ေနာ္"
"က်ဳပ္ကေနာင္တရစရာဘာရွိလဲ ယူသာယူမတားဘူး"
မာမီ့သမီးကိုတဂယ္ႀကီးယူသြားမွအမေလးတၿပီး ငိုမေနဖို႔ပဲကြၽန္ေတာ္ဆုေတာင္းပါတယ္မာမီရယ္။ ဟား ဟား ..ကြၽန္ေတာ္ကေကာင္မေလးကို တဂယ္ႀကီးရေအာင္ယူေတာ့မွာဗ်။
"Hello အကိုေလး"
"အင္းကိုယ္ၾကားတယ္ ဘာေျပာစရာရွိလို႔လဲေျပာေလ"
"ေ႐ႊကူ႕မွာဆိုင္ကယ္ကလဲမရွိဘူး အကိုေလးကလဲအျပင္မထြက္ရဘူးလို႔မွာသြားတာမလား.."
ကြန့္ျမဴးစာ႐ြက္ဖိုင္ေတြၾကည့္ေနရင္းမွ စာပြဲေပၚျပန္တင္၍ ဖုန္းကိုအာ႐ုံစိုက္လိုက္ေတာ့သည္။
"အင္းေလ အဲ့ေတာ့ဘာျဖစ္လဲ"
"ေ႐ႊကူအျပင္ေလးသြားစရာရွိလို႔ဘယ္လိုလုပ္ရမလဲဟင္"
"ဘာသြားလုပ္မွာလဲအျပင္က"
"မမျဖဴငယ္တို႔ကေခၚလို႔ လြန္းငယ္ေမြးေန႕ေလးလုပ္ေပးခ်င္တယ္ေျပာလို႔ေ႐ႊကူလဲသြားခ်င္လို႔ပါ"
"အင္းခဏေစာင့္လာေခၚေပးမယ္"
"အကိုေလးလာေခၚမလို႔လား"
"အင္းေလ"
"အလုပ္ေတြရွိေသးတယ္မလားအကိုေလးက"
"လာျပန္ၿပီဒီအလုပ္ အေရးမႀကီးပါဘူးလို႔ေျပာထားတယ္ေလ အဆင္သင့္လုပ္ထားခဏေနလာခဲ့မယ္"
"ဟုတ္ကဲ့"
တစ္စိတ္ရွိဒီအလုပ္ပဲလာလာေျပာေနသည့္ေကာင္မေလးကို တဂယ္အနားရွိလွ်င္ေခါင္းကိုထုပစ္ခ်င္လွပါသည္။
ဘယ္ႏွယ့္ေကာင္မေလာက္ဘာမွအေရးမႀကီးပါဘူးဆိုမွကြာ။
ေ႐ႊကူဂါဝန္အနီေလးဝတ္၍ ဆံပင္ေလးကိုအေပၚသို႔ေျမာက္ေျမာက္ေလးစီးလိုက္ေတာ့သည္။ ညေနခင္းေလးျဖစ္သည္ေၾကာင့္ ေနလုံးႀကီးကအိမ္ႏွင့္ကြယ္ေနသည့္အခါ အိမ္ေရွ႕ကဒန္းေလးမွာေနရိပ္ထဲတြင္ရွိေနေလသည္။ ေ႐ႊကူထိုဒန္းေလးဆီေျပးထိုင္၍ ပန္းပင္ေလးေတြကိုလိုက္ၾကည့္ေနမိသည္။ လွလိုက္တာမ်ားပန္းေလးေတြကအေရာင္စုံကိုဖူးပြင့္၍ လွေနေလေတာ့သည္။
ၿခံေရွ႕မွကားရပ္သံၾကား၍ ေ႐ႊကူေျပးသြားလိုက္ေတာ့ အကိုေလးကမွန္ကိုခ်၍ေ႐ႊကူ႕ကိုၾကည့္ေနေလသည္။
"ကားေပၚတတ္"
"ဟုတ္"
"အခုကဘယ္ကိုေမာင္းရမွာလဲ"
"ဟို Center ကိုေမာင္းေပး Family Center ကို"
"အြန္း"
လူေတြကအမ်ားႀကီးမဟုတ္ေသာ္လည္း လူရင္းေတြၾကည့္ႏွင့္ေ႐ႊကူတို႔အဖြဲ႕ေလးကေတာင့္လွပါသည္။ မမျဖဴငယ္ႏွင့္အသိေတြျဖစ္သည့္ အကိုေတြအဖြဲ႕မွာလဲေ႐ႊကူႏွင့္စိမ္းမေနပဲ အနည္းငယ္ခင္ရသည့္လူေတြျဖစ္ေလသည္။ စားပြဲခုံေလးေပၚကိတ္ေလးတင္၍ လြန္းငယ္တို႔အလာကိုေစာင့္ေနသည့္ေ႐ႊကူ႕ေဘး အကိုေလးကအတင္းကပ္ေနေလေတာ့သည္။
"အကိုေလး"
"ဘာလဲ"
"ဘာမွမဟုတ္ေတာ့ပါဘူး "
႐ုပ္ကတည္ေနေလသည္ေၾကာင့္ေ႐ႊကူလဲ ဆက္မေျပာရဲေတာ့ေပ။
ေတာ္ေသးတာေပါ့ ေကာင္မေလးေနာက္ လိုက္လာခဲ့ေပလို႔။ ဟိုးအရင္ထဲကကြန့္ျမဴးတို႔နယ္ပယ္ထဲမွာနာမည္ႀကီးလွသည့္ ကိုခြန္းေစရာတို႔ ကိုဘုန္းသစ္တို႔ ကိုေတဇတို႔ကို ေထြေထြထူးထူးႀကီးမိတ္ဆက္ၿပီး ႏႈတ္ဆက္စကားေျပာေနဖို႔မလိုေအာင္ပင္သိကြၽမ္းၾကေလသည္။ ကိုခြန္းကအလုပ္မွာလဲသူ႕နယ္ပယ္အတြင္းၿပိဳင္ဘက္ကင္းသလို ရည္းစားေတြလဲအရမ္းေပြရႈပ္ခဲ့ဖူးေလသည္။ ယခုမွမိန္းမရသြားသည့္အခါ အရင္လိုမဟုတ္မိန္းမမ်က္ႏွာတစ္ကမၻာျဖစ္သြားသည္ကိုလဲ ေကာင္မေလးႏွင့္ပတ္သက္၍မွေသခ်ာသိခဲ့ရျခင္း။
ကိုခြန္းလဲကြန့္ျမဴးလိုပဲ အခ်စ္စစ္ကိုေတြၿပီးေျပာင္းလဲသြားတာျဖစ္နိုင္ေပမယ့္ က်န္သည့္သုံးေယာက္ကေတာ့ယခုထိေပြရႈပ္ေနၾကဆဲျဖစ္ေလသည္။ ေကာင္မေလးရယ္စိတ္မခ်ပါဘူးကြာ ေကာင္မေလးနားအဲလူႀကီးေတြကိုကပ္ခြင့္မေပးနိုင္ဘူးကြ။
မ်က္လုံးေလးအပိတ္ခံထားသည့္လြန္းငယ္မွာ ေ႐ႊကူတို႔ဆီတေ႐ြ႕ေ႐ြ႕ႏွင့္ လွမ္းလာေတာ့အကုန္လုံးအသံတိတ္၍ၿငိမ္ေနလိုက္ၾကေတာ့သည္။စားပြဲခုံေလးေရွ႕ေရာက္ေတာ့ မ်က္လုံးေလးဖြင့္လာသည့္လြန္းငယ္ဖို႔ ေ႐ႊကူတို႔အဖြဲ႕မွာ Birthday သီခ်င္းေလးသံၿပိဳင္သီဆိုလိုက္ၾကေတာ့သည္။
"Happy Birthday to you
Happy birthday to you
Happy birthday Happy birthday
happy birthday to you"
"ေပ်ာ္႐ႊင္စရာေမြးေန႕ေလးျဖစ္ပါေစ ကိုယ့္ခေလးေလး"
"ေပ်ာ္႐ႊင္စရာေမြးေန႕ေလးျဖစ္ပါေစလြန္းေလး "
"ေပ်ာ္႐ႊင္ပါေစလြန္းေရ"
လြန္းငယ္ကအကုန္လုံးကိုလိုက္ၾကည့္၍ မ်က္ရည္ေတြစီးက်လာေတာ့သည္။
"ခေလးကလဲမငိုရဘူးေလ."
"ဦးစီစဥ္ထားတာလား"
"ကိုယ္ေလ ခေလးေမြးေန႕ကိုဘယ္တုန္းကမွမေမ့ခဲ့ဖူးဘူး ခေလးခ်စ္တဲ့ခေလးရဲ႕မမေတြ ခေလးသူငယ္ခ်င္းေတြ ခေလးနဲ႕ရင္းႏွီးတဲ့လူေတြနဲ႕ေပ်ာ္ေပ်ာ္႐ႊင္ျဖတ္သန္းရမွာေပါ့ ကိုယ္ကခေလးကိုအၿမဲဒီလိုေဘးမွာ မိတ္ေဆြစစ္မိတ္ေဆြမွန္ေတြနဲ႕ပဲ ေပ်ာ္ေနေစခ်င္တာေလ "
ခ်စ္သူႏွစ္ဦးမွာအခ်င္းခ်င္းဖက္ထားၾကေတာ့ ေ႐ႊကူ႕မွာၾကည္ႏူးေနရေတာ့သည္။
လြန္းငယ္ကိတ္ေလးခြဲ၍ ဦးမွစ၍ အကုန္လုံးကိုလိုက္ခြံ႕ေကြၽးလိုက္သည္။ အသီအသီ ေပးၾကသည့္လက္ေဆာင္ေတြကိုလက္ခံရင္း ခုံေလးေပၚလက္ေဆာင္ဗူးေလးေတြတင္ေနခိုက္။
"Can you marry me?"
"ဦး..."
ႏွင္းဆီပန္းစည္းႀကီးကို ေဘးခ်၍ထိုလူက လြန္းငယ္ေရွ႕မုဆိုးဒူးေထာက္ထိုင္၍ လက္စြပ္ဗူးေလးကို ကိုင္ထားသည့္ျမင္ကြင္းေလးကလွပလြန္းေနေလသည္။
"ခေလးနဲ႕ေတြ႕မွ ကိုယ္အခ်စ္ဆိုတဲ့အရာကိုသိခဲ့တာခေလး ခေလးေၾကာင့္ပဲကိုယ့္ဘဝေလးျပည့္စုံခဲ့တာ အထီးက်န္လြန္းလွတဲ့ကိုယ့္ဘဝေလးထဲ ခေလးေရာက္လာၿပီးမွစိုေျပခဲ့တာ ကိုယ္အၿမဲခေလးအေပၚအခ်စ္စစ္နဲ႕ခ်စ္သြားမွာပါ တစ္ရက္ထပ္တစ္ရက္ပိုတဲ့အခ်စ္ေတြနဲ႕ေလ ခေလးအားကိုးရတဲ့လူကိုယ္ျဖစ္ခ်င္တယ္ ခေလးလက္ကိုတြဲၿပီးမိုးေျမဆုံးထိ ကိုယ္သြားခ်င္တယ္ "
"အရင္ကကိုယ့္အနာဂတ္ႀကီးကေမွာင္မိုက္ေနခဲ့တာ ခေလးေလးေၾကာင့္အလင္းေရာင္ေတြရခဲ့တာ ခေလးကကိုယ့္ရဲ႕အခ်စ္မီးျပတိုက္ေလးပါကြာ ကိုယ့္ဘဝကိုအၿမဲအလင္းေဆာင္ေပးနိုင္မလားခေလး ဟင္...."
စကားလုံးေတြက ေလးနက္ေနသည့္အခါေ႐ႊကူပါ ပီတိေတြျဖစ္၍လြန္းငယ္အစားဂုဏ္ယူေနမိေတာ့သည္။ လြန္းငယ္ေလးကံေကာင္းပါတယ္လြန္းရယ္။
"ခေလးနဲ႕လက္ထပ္ၿပီး ေပ်ာ္႐ႊင္တဲ့ဘဝေလးထူေထာင္ဖို႔ ကိုယ့္ကိုအခြင့္ေရးေပးနိုင္မလား ခေလးလက္ကိုတြဲခြင့္ျပဳနိုင္မလားခေလး "
လြန္းငယ္ေခါင္းေလးကို တစ္ဆက္ဆက္ႏွင့္ ၿငိမ့္ျပလိုက္ေတာ့သည္။
"လြန္းငယ္ခြင့္ျပဳပါတယ္ လြန္းငယ္ဦးနဲ႕ေပ်ာ္႐ႊင္တဲ့ဘဝေလးတည္ေဆာက္ခ်င္ပါတယ္ ဦးနဲ႕သက္ဆုံးတိုင္အတူရွိေနခ်င္တယ္ "
အငိုမ်က္လုံးအၿပဳံးမ်က္ႏွာႏွင့္ႏွစ္ဦးသားက လက္စြပ္ေလးဝတ္ေပးၿပီးသည့္အခ်ိန္တြင္ေတာ့ တစ္ဦးႏွင့္တစ္ဦး ဖက္တြယ္ထားၾကေလေတာ့သည္။
"ကိုယ္ေပ်ာ္လိုက္တာခေလးရယ္ ကိုယ္ေပ်ာ္လိုက္တာကြာ"
"လြန္းငယ္ေရာ ဟင့္"
ေဘးကပြဲၾကည့္ပရိတ္သက္မွာလဲ အားေပးဖို႔ကိုေမ့ေလ်ာ့စြာ အခ်စ္ေတြျပည့္ေနၾကသည့္ႏွစ္ဦးသားကို ၿပဳံးၿပဳံးႀကီးေတြနဲ႕ေမ့ေလ်ာ့စြာၾကည့္ေနမိသည္။ ထိုထဲတြင္ေတာ့ေ႐ႊကူကထိတ္ဆုံးကပင္ျဖစ္ေလေတာ့သည္။
"အားမက်ဘဴးလားေကာင္မေလး"
"အားက်တာေပါ့"
ေ႐ႊကူေျဖမိၿပီးမွ ရွက္သြားရသည္။ ဒီအကိုေလးဘာေတြေမးမွန္းလဲမသိဘူး ေ႐ႊကူကအားက်ရေအာင္ရည္းစားလဲရွိတာမဟုတ္ပဲနဲ႕။
"ေနာက္ဆိုရည္းစားေလးဘာေလးထားၾကားလား အဲ့တာမွဒီလိုလက္ထပ္ခြင့္ေတာင္းခံရမွာ"
"ေ႐ႊကူကရည္းစားမထားပါဘူးေနာ္ အပ်ိဳႀကီးလုပ္မွာ"
"ဟာ..."
"အကိုေလးသာ အေပ်ာ္ေတြမတြဲပဲ အတည္တက်အခ်စ္စစ္ကိုတြဲရမွာေနာ္ အဲ့မွာၾကည့္ အကိုခမ္းထည္ကအခ်စ္ဦနဲ႕လက္ထပ္ရေတာ့မွာ သူမ်ားေတြလိုမွိုလိုေပါက္ေအာင္ထားၿပီး အတည္မယူတာမဟုတ္ဘူးေနာ္ ဟြန့္.. ေ႐ႊကူ႕ကိုပဲလာေျပာမေနနဲ႕ "
ဟုတ္တယ္ေလ ေျပာေတာ့ေကာင္မေလးကိုပိုးေတာ့မွာဆို အခုေတာ့အိမ္မွာပဲအၿမဲေနေနၿပီးအဲ့ေကာင္မေလးဆီလဲသြားတာမေတြ႕နဲ႕အကိုေလးေတာ့ အခုထိလူေ႐ြးေနတုန္းထင္ပါရဲ႕ေလ။
"တစ္ခါမွဒီလိုမေျပာဖူးပါဘူး ဘယ္ကအားေတြရၿပီးျပန္ေျပာေနတာလဲေ႐ႊ..ကူ.."
"ေ႐ႊကူကေျပာျပတာပါ အကိုေလးေနာ္ လူၾကားထဲမွာေ႐ႊကူ႕ကိုမရိုက္နဲ႕ "
ေခါင္းေလးအသာပုတ္မလို႔ကို သူေလးကေျပာလိုက္ရင္ ကြန့္ျမဴးကပဲႏွိပ္စက္ေနတတ္သလိုလို။ ဒီဟာေလးေဘးမွာ သူ႕အားကိုးေတြရွိေတာ့ အာခံတတ္ေနၿပီေပါ့ေလ။ အိမ္ေရာက္မွေတြ႕ပါမယ္ အဲ့က်မွအကိုေလးရယ္ ေ႐ႊကူမွားပါၿပီျဖစ္သြားေစရမယ္။
Words 3272
22.8.2023 7:10pm
ဆက္လက္ႀကိဳးစားသြားပါမည္။