True love 💭❤ အပိုင်း -၂၀
(Unicode)
"မေမေကြီးတို့လိုက်ပို့ပေးမယ်လေ သမီးဘဘကြီးလဲအားတယ်"
"ရပါတယ်မေမေကြီးရဲ့ရွှေကူ bus ကားစီးသွားလိုက်မယ် "
"မဟုတ်တာပဲသမီးရယ် အခုခေတ်ကမိန်းခလေးတွေ bus ကားစီးရင်လုံခြုံတော့တာမဟုတ်ဘူးကွဲ့ သိတယ်မလားနှမချင်းကိုယ်ချင်းမစာတဲ့လူတွေကတို့လားဆိတ်လားနဲ့ သမီးရယ်မဖြစ်ပါဘူးမေမေကြီးတို့ပဲလိုက်ပို့ပေးမယ်"
"မေမေကြီးတို့ကိုအားနာလို့ပါ Taxi ဖြစ်ဖြစ်စီးသွားလိုက်မယ်လေအဲ့တာဆို"
"အဲ့တာလဲစိတ်မချပါဘူးသမီးရယ်"
"ကျွန်တော်လိုက်ပို့မှာမာမီ ဘာ bus ကား ဘာ taxi မှစီးသွားစရာမလိုဘူး မာမီတို့လဲလိုက်ပို့စရာမလိုဘူး"
"သားကအလုပ်သွားရအုံးမှာမဟုတ်ဘူးလား"
"ကိုယ်ပိုင်အလုပ်ပဲမာမီရာ နောက်ကျတော့ရောဘယ်ကောင်ကအလုပ်ဖြုတ်မှာကျလို့"
"အဟမ်း.."
ဒယ်ဒီ့ချောင်းဟန့်သံကြားမှ ကွန့်မြူးဂုတ်နဲနဲပုသွားရတော့သည်။ ဒယ်ဒီကတော့အလုပ်ဖြုတ်လို့ရသည့်အထဲမှာပါတော့ ဒယ်ဒီ့နားပြေးကပ်လိုက်ကာ...
"ဒယ်ဒီ့သမီးကိုလိုက်ပို့လို့အလုပ်နောက်ကျတာ ဘာမှမဖြစ်ဘူးမလား "
"ဘာပြောလို့လဲငါက"
"ဒယ်ဒီပဲချောင်းဟန့်ပြီးတော့"
"ချွဲကပ်လို့ချောင်းဆိုးတာလေ မင်းမှာလဲလန့်နေလိုက်တာ ဒီလေးနှစ်မှာအဲ့တာမင်းကုမ္ပဏီဖြစ်သွားပြီလို့ပြောထားသားပဲ အဲ့တော့စိတ်ကြိုက်မှောက်ချင်မှောက်လှန်ချင်လှန် စိတ်မဝင်စားသေးဘူး"
"ပြီးတာပဲဗျာ ရုံးရောက်ရင်အဲ့ကမ္ပဏီကြီးရောင်းပြီး တောင်ကြီးကဘိုးဘိုးဆီသွားနေတော့မယ်ကျွန်တော်"
"ဒီခွေးသား.."
ချာကနဲထမင်းစား စားပွဲဆီပြေးဝင်လာသည့်အကိုလေးက ဘဘကြီးကိုစိတ်တိုအောင်ဆွခဲ့သေးသည်။
"အကိုလေး"
"အွန်း.."
"အကိုလေးအားလို့လား"
"ဒယ်ဒီပြောတာမကြားဘူးလား အလုပ်ကကိုယ်လုပ်ချင်လုပ် မလုပ်ချင်လဲနေတဲ့ "
"အဲ့တာတော့အဲ့တာပေါ့ ဒါပေမယ့်ရွှေကူနဲ့တစ်ရက်လုံးလိုက်နေမှာကတော့မဟုတ်သေးဘူးထင်လို့ ဒီနေ့ Meeting ရှိတယ်လေအကိုလေးရဲ့"
"ဘာအရေးကြီးလို့လဲ အဲ့Meeting က"
"အမ်.."
ရွှေကူဘာဆက်ပြောရမှန်းတောင်မသိတော့သည်အထိ အကိုလေးကပြောလိုက်သည့်အခါရွှေကူ ကြောင်ကြောင်လေးဖြစ်သွားရတော့သည်။ ရွှေကူနဲ့လိုက်ခဲ့ဖို့လဲအရေးကြီးတာမှမဟုတ်ပဲ။ ရွှေကူတစ်ယောက်ထဲနှင့်လဲအဆင်ပြေနေပြီကို အကိုလေးကဘာလိုက်လုပ်မှာပါလိမ့်။
အဲ့ဆေးရုံမှာဆရာဝန်ယောက်ကျားလေးတွေမှအများကြီးလေ ဘယ်အကြောင်းကြောင့်ယုံပြီးတစ်ယောက်ထဲလွှတ်ထားရမှာလဲကောင်မလေးရယ်။ မင်းလေးကလေကိုယ်တိုင်မို့သာမသိတာ မင်းလေးကအရိုးခံလေးနဲ့အကြည်ဓာတ်လေးဆိုတာလူတကာသိတယ်ကွ။ စိတ်ချထားပြီးလွှတ်ထားလို့ရတဲ့အခြေနေဟုတ်မနေဘူး။ ကိုယ်တို့ကအဆင့်တတ်ကြသေးတာလဲမဟုတ်ဘူး မင်းလေးတစ်ခြားယောက်ကျားလေးကိုစိတ်ယိုင်သွားမယ့်အခြေနေမျိုး ကိုယ်ဖြစ်ခွင့်မပေးဘူး။ အဲ့တော့မင်းလေးဘယ်သွားသွားကိုယ်ကလိုက်ခဲ့မှာ အမြဲဘေးကနေပေါ့။
"အပင်စောင့်ရုပ်ကဆိုးတော့မဟုတ်ဘူး ကိုယ်ကကောင်မလေးရဲ့ကိုယ်စောင့်နတ်လေး.."
ရွှေကူအန်တီ့ကိုမျက်နှာသစ်ပေး ရေဝတ်တိုက်ပေး၍ ခြေထောက်နှင့်လက်တို့ကိုသေချာနှိပ်နယ်ပေးနေတော့ အကိုလေးကဘေးမှသတင်းစာကြည့်၍ထိုင်နေလေတော့သည်။ ဒါများအလုပ်သွားတာမဟုတ်ဘူး အကိုလေးကမပျင်းဘူးလားလဲမသိဘူး။
"သမီးလေးနဲ့ခင်တာကြာပြီလားသမီးက"
"ဟုတ်အန်တီ နဲနဲတော့ကြာပြီ"
ရွှေကူအကြောင်းစုံကိုအန်တီပြန်မသက်သာသေးသည့်အခြေနေတွင်ပြောမပြချင်ပေ။ တော်ကြာအဲ့အဖြစ်ပျက်ကိုပြန်တွေးမိပြီး စိတ်ထိခိုက်သွားမှဖြင့်။
"သမီးလေးအဆင်ပြေရဲ့လားကွယ် အန်တီသတိမေ့နေတဲ့အချိန်တွေ အန်တီ့သမီးလေးဘယ်လိုနေလဲသမီးပြောပြပေးပါ့လားကွယ်"
ဒေါ်ခင်သမီးဖြစ်သူအကြောင်းကိုရောက်လာသည့်လူစေ့လိုက်မေးဖြစ်ပါသည်။ ဒါမှသမီးလေးဘယ်လိုတွေနေနေလဲဆိုတာသိချာသိရမှာလေ။ အကြာကြီးမေမေကပစ်ထားမိလို့ မေမေတောင်းပန်ပါတယ်သမီးရယ်။
"လွန်းငယ်ကအခုအလုပ်ရနေပြီအန်တီဲရဲ့ အကိုခွန်းစေရာအလုပ်မှာလေ လွန်းလေးကအရမ်းတော်လို့အကိုခွန်းစေရာကအမြဲချီးကျူးနေတာ "
ဒေါ်ခင်ပြုံး၍သမီးရွှေကူရဲ့စကားတွေကို နားထောင်နေလိုက်တော့သည်။
"ရွှေကူနဲ့လဲနေ့တိုင်းဖုန်းပြောဖြစ်တယ် လွန်းငယ်ကပြောတယ်သူအရင်လိုလူမမာတပိုင်းမနေတော့ဘူးတဲ့ အလုပ်ကြိုးစားပြီးအန်တီပြန်သတိရလာရင် မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့အန်တီတို့ကိုလိုလေသေးမရှိအောင်ထားမှာတဲ့"
မျက်ရည်တွေစီးကျလာသည့်အန်တီ့ကို ရွှေကူ tissue လေးယူ၍သုတ်ပေးလိုက်တော့သည်။
"လွန်းငယ်ကနယ်ဘက်ရောက်နေလို့ပါ မဟုတ်ရင်အန်တီသတိရလာတာသာသိရင် ချက်ချင်းပြေးလာမှာအန်တီရဲ့"
"အေးပါကွယ် သမီးလေးအဆင်ပြေပြီဆိုအန်တီကျေနပ်ပါပြီ အရင်လိုတငိုငိုရီရီဖြစ်နေမှာအန်တီကစိုးရိမ်မိတာ "
"လွန်းငယ်ကအခုဆိုရင့်ကျက်နေပြီလေ သမီးကိုတောင်အကြံတွေပေးပြီး သင်ပြပေးနေတာအခုဆို "
ဟုတ်မှာပါ သမီးလေးကမေမေဒီလိုဖြစ်သွားတော့ မရင့်ကျက်ချင်ပဲရင့်ကျက်သွားရတာမျိုးနေမှာ။ အရင်ထဲကမိဘတွေစကားနားထောင်ပြီး မိဘနှစ်ပါးကိုအရမ်းချစ်တဲ့သမီးလေးကအခုဆို ရင့်ကျက်နေပြီတဲ့လားကွယ်။ မေမေကြောင့်သမီးလေးပင်ပန်းနေမှာ။
"အကိုလေးဗိုက်ဆာရင်သွားစားလေ"
"ကောင်မလေးကရော"
"ရွှေကူကဗိုက်မဆာသေးလို့"
"အဲ့တာဆိုခဏနေမှစားကြတာပေါ့စောသေးတယ်အခုက"
"ဟုတ်ကဲ့"
အကိုလေးဘေးဝင်ထိုင်၍ ယူလာသည့်ပန်းသီးလေးကိုအခွံသင်လိုက်တော့သည်။ ဓားလေးကအသစ်စက်စက်လေးမို့ရွှေကူသတိထား၍ အခွံသင်နေသည်ကိုဘေးမှမျက်မှောင်ကြီးကျုပ်၍ အကိုလေးကကြည့်နေလေတော့သည်။အကိုလေးရောရွှေကူ့လို မျက်လုံးမှုံနေလို့များလားဟုတောင် ထင်မိပါသည်။
"အကိုလေးရောမျက်မှန်တပ်ရတာလား"
"ဘာဖြစ်လို့လဲ"
"မျက်မှောင်ကြီးကုတ်ထားလို့လေ မမြင်ရဘူးထင်လို့"
"အကုန်လုံးကိုသဲသဲကွဲကွဲမြင်ရတယ် ကြည့်ချင်လို့ကိုတမင်လုပ်ပြီးကြည့်နေတာ ရှင်းပြီလား.."
"ဟုတ်"
အခွံသင်ပေးမည်ပြောသည်ကိုလက်မခံပဲ ကိုယ်တိုင်သာခွာနေသည့်ကောင်မလေးကြောင့် အလိုမကျမျက်မှောင်ကျုပ်ထားသည်ကိုမင်းလေးက မသိသည့်အလားလာမေးတယ်ပေါ့လေ။
"အဲ့ပန်းသီးကခွာမှဖြစ်မှာလားကောင်မလေး"
"အန်တီ့နိုးလာရင်စားဖို့လေ အကိုလေးရောစားချင်ရင်ရွှေကူဟိုတစ်လုံးထပ်ခွာပေးမယ်လေ"
"မလိုဘူးမလိုဘူး ..ပန်းသီးလဲမကြိုက်ဘူး ဓားနဲ့အခွံသင်ပြီးစားရတဲ့အသီးဆိုပိုလို့တောင်မကြိုက်ဘူး"
ငြင်းနေတာများ ရွှေကူကအတင်းကြီးကြွေးမှာကျလို့ပါလေ။ ဒီအကိုလေးတော့ဘယ်လိုဖြစ်မှန်းကိုမသိဘူး ရွှေကူ့နောက်လဲတစ်နေကုန်ပက်လိုက်နေသလို ဘေးမှနေလျှင်လဲအရမ်းမေးမြန်း၍ အပြင်ကိုထွက်ခွင့်ကိုမပေးသည်ကိုရွှေကူသတိထားမိပါသည်။ မေမေကြီးပြောသလိုအကိုလေးကသူကိုယ်တိုင်ပွေရှုပ်ခဲ့ပြီးတော့ ရွှေကူ့ကျမှဥစ္စာခြောက်နေတယ်ဆိုတာမျိုးများလား။
"အာ့.."
"မှန်း..ပေးစမ်း "
အတွေးလေးထဲစီးမျောမိသွားသည့်ရွှေကူမှာ ပန်းသီးလေးစိပ်နေသည့်အချိန် သတိလွတ်၍လက်ညိုးဓားချသွားရတော့သည်။
"ပြောပါတယ်အဲ့တာတွေကြိုမြင်လို့ ကိုယ်အခွံနွှာပေးမယ်လို့ပြောတာကိုနားမှမထောင်ပဲ"
"အကိုလေး.."
သွေးလေးတွေစို့တတ်နေသည့်လက်ခလေးကို ကွန့်မြူးအာခံတွင်းထဲထည့်၍ငုံထားလိုက်တော့သည်။
"ရောဂါတွေတော့ရတော့မှာပဲ အကိုလေးလွှတ်.."
ရုန်းကြည့်ပေမယ့်လဲ လက်ကိုဆွဲအတင်းဆွဲထားကာ ချိုချဉ်လေးကိုစုတ်သလိုရွှေကူ့လက်ညိုးလေးကို အကိုလေးလျှာဖျားလေးနှင့်ထိတွေ့၍စုတ်ယူနေသည့်အခါ ရွှေကူရှက်စိတ်လေးတွေပို၍ နှလုံးခုန်နှုန်းတွေမြန်လာရတော့သည်။
"ဘာလို့ရုန်းနေတာလဲကောင်မလေး ကြည့်အခုသွေးတိတ်သွားပြီမလား"
"ဘာဖြစ်လို့လဲနာလို့လားကောင်မလေး"
"မ..မဟုတ်ပါဘူး"
"အင်းခဏလေး ဒါလေးဖိထားပေး"
မျက်နှာလေးခရမ်းချဉ်သီးလုံးလေးလို ရဲတာနေသည့်ကောင်မလေးကြောင့် ကွန့်မြူးစိုးရိမ်စိတ်တွေကြားအနည်းငယ်ကျေနပ်ပီတိဖြစ်သွားရတော့သည်။ အခုဆိုကောင်မလေးလဲကိုယ်နဲ့ပတ်သက်ရင် ခံစားချက်လေးတွေ နည်းနည်းရှိနေပြီမှန်းကိုယ်သိလိုက်ပြီကောင်မလေးရယ်။
သွေးတွေမထွက်တော့ပေမယ့် အနည်းငယ်စိုတိုတိုဖြစ်နေသည့်လက်ညိုးထိပ်လေးကို ရွှေကူအသည်းတယားယားနှင့်ကြည့်နေမိတော့သည်။ ဒီအကိုလေးနဲ့တော့လေ အကိုလေးရဲ့အပြုအမှုတွေကြောင့် ရွှေကူကြာရင် မနေတတ်တော့ဘူးအကိုလေးရဲ။ မဟုတ်ရင်လဲအန်တီနိုးမှအခွံသင်ပါတယ် အခုတော့ကြိုပြီးအခွံလွှာမိတာ ရှက်စရာအဖြစ်တွေကြုံသွားရပြီမလား။
"သတိထားမှပေါ့ကွ ဓားကအသစ်မို့ထက်တယ်လို့ကိုယ်ပြောသားပဲ"
မျက်နှာထက်အလိုမကျမှုတွေပြည့်နေသည့်အကိုလေးကို ရွှေကူသေချာလိုက်ကြည့်နေမိသည်။ အဖြူရောင်ရှပ်လက်ရှည်ကို ကြယ်သီးလေးတစ်လုံးဖြုတ်ထားသည့်အကိုလေးပုံစံက ကြည့်ကောင်းလွန်းလှသည်။ မျက်နှာထက်ချောမောမှုတွေလွှမ်းခြုံ၍ ဘယ်ဘက်နှုတ်ခမ်းအောက်ကမှဲ့နက်ခလေးကလဲ ထင်းထွက်နေသည်မှာအကိုလေးရဲ့ချောမောမှုကိုပို၍ပင်ထင်ပေါ်နေစေသည်။
ထူထဲသည့်မျက်ခုံးမွှေး ဖြောင့်တန်းသည့်နှာတံနှင့် ရဲနေသည့်နှုတ်ခမ်းပါးပါးတို့ကြောင့်ရွှေကူပင် အသက်ရူဖို့မေ့လောက်သည်အထိငေးနေမိတော့သည်။ အကိုလေးရည်းစားတွေပွေရှုပ်ခဲ့တာဒါကြောင့်ကိုး။ ရုပ်ရည်ကသာမာန်မှမဟုတ်ပဲလေ လုံးဝပြီးပြည့်စုံနေမှတော့ ပျိုမဒီလေးတွေကလဲပြန်ကြိုက်ကြတော့မှာပေါ့။ ရွှေကူအကိုလေးရဲ့မျက်လုံးလေးများကိုတဖန်ငေးကြည့်နေရင်းမှ ထိုမျက်လုံးတစ်စုံကပါ ရွှေကူ့ကိုလာစိုက်ကြည့်နေသည့်အခါ ရွှေကူကြာကြာမကြည့်ရဲ အကြည့်လွှဲလိုက်မိတော့သည်။
"ကြည့်ချင်လဲကြည့်ပါ အခွန်ဆောင်စရာမလိုပါဘူးကွ "
"ရွှေကူကအကိုလေးပုံစံထူးဆန်းနေလို့ကြည်မိတာကို"
"ဘာထူးဆန်းလို့လဲ ကိုယ်ကနေ့တိုင်းချောပြီးပြည့်စုံနေတာကြည့်ပဲ ဘာလဲဒီနေ့တစ်ရက်ထဲကွက်ပြီးချောနေတယ်ထင်လို့လား"
"ဟုတ်ပါပြီချောတယ်နော်ရပြီလား အန်တီနိုးသွားမယ်အကိုလေးရဲ့ အကိုလေးကစကားပြောရင်အကျယ်ကြီးပဲ "
"ယောက်ကျားလေးမို့အသံဩတာလေကွာ စကားတွေအများကြီးပြောရအောင်လုပ်တာကဘယ်သူလဲပြော ပြောစကားနားမထောင်ပဲလက်ဓားချတဲ့အထိဖြစ်သွားတာကရောဘယ်သူလဲ ဘယ်သူကလူကိုအတင်းစိုက်ကြည့်ပြီးကိုယ့်ကိုစကားတွေပြောရအောင်လုပ်နေတာလဲအဲ့တာဆို"
"ဟုတ်ပါပြီ ရွှေကူမှားမှန်းသိပါပြီ "
ပြောလိုက်ခါမှတအားစကားတွေများလာတာမို့ရွှေကူ့မှာ စကားကိုဖြတ်၍အတင်းငြိမ်ခိုင်းလိုက်ရသည်။ အန်တီကအိပ်တာမကြာသေးပါဘူးဆိုဒီအကိုလေး ဘယ်လိုတွေများဖြစ်နေလဲမသိဘူး။
ရွှေကူအန်တီ့ဖို့ဆန်ပြုတ်လေးလာယူတာဖြစ်ပြီး ဒီညဆေးရုံမှာအိပ်မည်အကြောင်းမေမေကြီးတို့ကိုအသိပေးလိုက်တော့သည်။
"ရပါတယ်သမီးရယ်လူမူရေးပဲလေ ဒါနဲ့လူနာကသက်သာလားသမီး"
"ဟုတ်မေမေကြီးသက်သာပါတယ် အန်တီခင်ကသူ့သမီးလွန်းငယ်ကိုမတွေ့တော့ နဲနဲလေးစိတ်ပျော့နေသေးတယ်ထင်တယ် "
"မိဘဆိုတာကလဲဒီအတိုင်းပါပဲသမီးရယ် ကိုယ်ကသာနာမကျန်းဖြစ်တာသားသမီးကိုတော့စိတ်ပူကြတာပဲ သားသမီးမျက်နှာမြင်ရမှအေးချမ်းကြတာလေ"
"အဲ့တာကြောင့်ကျွန်တော်မိန်းမယူပြီးလဲဒီမှာပဲနေမှာလို့ပြောတာပေါ့ဗျ မာမီတို့ကျွန်တော့ကိုလွမ်းနေမှာဆိုးလို့လေ"
"မင်းတော့မလွမ်းပါဘူးကွာ "
ဘဘကြီးကစာအုပ်ဖတ်နေရင်းမှ ထပြောတော့မေမေကြီးရယ်ရွှေကူရယ်မှာ ရယ်နေရတော့သည်။
"အမလေးမလွမ်းဘူးစိတ်ချအဲ့မိန်းမမြန်မြန်ယူတော့ ပြီးရင်ဂျောင်းပြန်မလာနဲ့ ကျုပ်တို့အိမ်မှာသမီးလေးရှိရင်ရပြီ"
"ကျွန်တော်ယူမယ့်ကောင်မလေးပါ ဒီအိမ်မှာခေါ်ထားပြီးနေမှာ မာမီတို့နှင်လဲမသွားဘူးဟားဟား ..မာမီတို့ရှေ့မှာကိုကောင်မလေးနဲ့ရိုပြအုံးမှာ .."
ရွှေကူထိုအခါမှာတော့မရယ်နိုင်တော့ပေ။ အကိုလေးကအဲ့ကောင်မလေးကိုအတော်ချစ်တာပဲနော်။ အမြဲကျွန်တော့ကောင်မလေးဆိုတာ ပါးစပ်ကမချ။ အင်းပေါ့လေအကိုလေးလိုလူကချစ်ရမယ့်လူရှိတာမဆန်းပါဘူးလေ။ အမြဲအချောအလှလေးတွေဝိုင်းဝိုင်းလည်နေတာကို ဒါပေမယ့်အဲကောင်မလေးကိုတော့မနာလိုဖြစ်မိသားပဲ။ အကိုလေးဆီက ဂရုစိုက်မှုတွေအချစ်တွေအကုန်လုံးကို သိမ်းကြုံးပြီးရနေမှာကြိမ်းသေမဟုတ်လားဟင်။
ကွန့်မြူးညနေခင်းတွင်တော့ကောင်မလေးကိုဆေးရုံသို့ပြန်ပို့၍ အိမ်သို့ပြန်လာခဲ့တော့သည်။ ဒီညမှာပါကောင်မလေးနောက်လိုက်ကပ်နေလျှင် မာမီတို့သတိထားမိသွားမည်ဖြစ်သည်။ ကိုယ်ကောင်မလေးအချစ်ကိုမရမချင်းမာမီတို့သိလို့မဖြစ်သေးဘူး။ တော်ကြာကောင်မလေးနဲ့ကိုယ့်ကိုခွဲထားမှဖြင့်ကိုယ်အခက်တွေရမှာပေါ့ကွ။
ဒီနေ့ရုံးပိတ်ရက်ဖြစ်သည်မို့ အကိုလေးကအိမ်တွင်ရှိနေလေတော့သည်။ ရွှေကူနေ့ည်၁နာရီလောက်တော့ အိမ်သို့ရေပြန်ချိုးတာဖြစ်ပြီး လွန်းငယ်တို့အလာကိုသာစောင့်နေလိုက်တော့သည်။ ဦးလေးဖေမောင်ကလွန်းငယ်တို့ရောက်လာလျှင် ဖုန်းဆက်မည်ဟုပြောကာ ရွှေကူ့ကိုအိမ်တွင်နားခိုင်းထားသော်လည်းရွှေကူအိပ်မရ စိတ်တို့ကလွန်းငယ်ဆီသာရောက်နေရတော့သည်။ လွန်းငယ်ကိုအန်တီနှင့်အမြန်တွေ့စေချင်လှပြီဖြစ်သည်။
ဆိုဖာပေါ်တွင်အိပ်နေသည့် အကိုလေးက ၃ နာရီထိုးခါနီးမှကပ်အိပ်သွားခြင်းဖြစ်သည်။ ရွှေကူလဲဘေးတွင်ထိုင်၍ စာအုပ်လေးဖတ်ကာဖုန်းဝင်အလာကိုစောင့်နေလိုက်တော့သည်။ ဖုန်းဆက်လာသည်အချိန်က ၄ နာရီဝန်းကျင်ဖြစ်လေရာ ရွှေကူအကိုလေးကိုလဲမနှိုးရက် မေမေကြီးတို့ကလဲမရှိသည်မို့ ဆိုင်ကယ်သော့လေးဆွဲကာခုံပေါ်တွင်စာလေးရေးပေး၍ ရွှေကူဆေးရုံသို့ပြေးခဲ့တော့သည်။ အကိုလေးစိတ်ဆိုးလဲမတတ်နိုင်တော့ဘူး အကိုလေးကအရမ်းကြီးအိပ်နေတာကိုး ရွှေကူကဘယ်နှိုးရက်ပါ့မလဲလို့။
Words 2693
19.8.2023 6:55pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True love အပိုင္ - ၂၀
"ေမေမႀကီးတို႔လိုက္ပို႔ေပးမယ္ေလ သမီးဘဘႀကီးလဲအားတယ္"
"ရပါတယ္ေမေမႀကီးရဲ႕ေ႐ႊကူ bus ကားစီးသြားလိုက္မယ္ "
"မဟုတ္တာပဲသမီးရယ္ အခုေခတ္ကမိန္းခေလးေတြ bus ကားစီးရင္လုံၿခဳံေတာ့တာမဟုတ္ဘူးကြဲ႕ သိတယ္မလားႏွမခ်င္းကိုယ္ခ်င္းမစာတဲ့လူေတြကတို႔လားဆိတ္လားနဲ႕ သမီးရယ္မျဖစ္ပါဘူးေမေမႀကီးတို႔ပဲလိုက္ပို႔ေပးမယ္"
"ေမေမႀကီးတို႔ကိုအားနာလို႔ပါ Taxi ျဖစ္ျဖစ္စီးသြားလိုက္မယ္ေလအဲ့တာဆို"
"အဲ့တာလဲစိတ္မခ်ပါဘူးသမီးရယ္"
"ကြၽန္ေတာ္လိုက္ပို႔မွာမာမီ ဘာ bus ကား ဘာ taxi မွစီးသြားစရာမလိုဘူး မာမီတို႔လဲလိုက္ပို႔စရာမလိုဘူး"
"သားကအလုပ္သြားရအုံးမွာမဟုတ္ဘူးလား"
"ကိုယ္ပိုင္အလုပ္ပဲမာမီရာ ေနာက္က်ေတာ့ေရာဘယ္ေကာင္ကအလုပ္ျဖဳတ္မွာက်လိဳ႕"
"အဟမ္း.."
ဒယ္ဒီ့ေခ်ာင္းဟန့္သံၾကားမွ ကြန့္ျမဴးဂုတ္နဲနဲပုသြားရေတာ့သည္။ ဒယ္ဒီကေတာ့အလုပ္ျဖဳတ္လို႔ရသည့္အထဲမွာပါေတာ့ ဒယ္ဒီ့နားေျပးကပ္လိုက္ကာ...
"ဒယ္ဒီ့သမီးကိုလိုက္ပို႔လို႔အလုပ္ေနာက္က်တာ ဘာမွမျဖစ္ဘူးမလား "
"ဘာေျပာလို႔လဲငါက"
"ဒယ္ဒီပဲေခ်ာင္းဟန့္ၿပီးေတာ့"
"ခြၽဲကပ္လို႔ေခ်ာင္းဆိုးတာေလ မင္းမွာလဲလန့္ေနလိုက္တာ ဒီေလးႏွစ္မွာအဲ့တာမင္းကုမၸဏီျဖစ္သြားၿပီလို႔ေျပာထားသားပဲ အဲ့ေတာ့စိတ္ႀကိဳက္ေမွာက္ခ်င္ေမွာက္လွန္ခ်င္လွန္ စိတ္မဝင္စားေသးဘူး"
"ၿပီးတာပဲဗ်ာ ႐ုံးေရာက္ရင္အဲ့ကမၸဏီႀကီးေရာင္းၿပီး ေတာင္ႀကီးကဘိုးဘိုးဆီသြားေနေတာ့မယ္ကြၽန္ေတာ္"
"ဒီေခြးသား.."
ခ်ာကနဲထမင္းစား စားပြဲဆီေျပးဝင္လာသည့္အကိုေလးက ဘဘႀကီးကိုစိတ္တိုေအာင္ဆြခဲ့ေသးသည္။
"အကိုေလး"
"အြန္း.."
"အကိုေလးအားလို႔လား"
"ဒယ္ဒီေျပာတာမၾကားဘူးလား အလုပ္ကကိုယ္လုပ္ခ်င္လုပ္ မလုပ္ခ်င္လဲေနတဲ့ "
"အဲ့တာေတာ့အဲ့တာေပါ့ ဒါေပမယ့္ေ႐ႊကူနဲ႕တစ္ရက္လုံးလိုက္ေနမွာကေတာ့မဟုတ္ေသးဘူးထင္လို႔ ဒီေန႕ Meeting ရွိတယ္ေလအကိုေလးရဲ႕"
"ဘာအေရးႀကီးလို႔လဲ အဲ့Meeting က"
"အမ္.."
ေ႐ႊကူဘာဆက္ေျပာရမွန္းေတာင္မသိေတာ့သည္အထိ အကိုေလးကေျပာလိုက္သည့္အခါေ႐ႊကူ ေၾကာင္ေၾကာင္ေလးျဖစ္သြားရေတာ့သည္။ ေ႐ႊကူနဲ႕လိုက္ခဲ့ဖို႔လဲအေရးႀကီးတာမွမဟုတ္ပဲ။ ေ႐ႊကူတစ္ေယာက္ထဲႏွင့္လဲအဆင္ေျပေနၿပီကို အကိုေလးကဘာလိုက္လုပ္မွာပါလိမ့္။
အဲ့ေဆး႐ုံမွာဆရာဝန္ေယာက္က်ားေလးေတြမွအမ်ားႀကီးေလ ဘယ္အေၾကာင္းေၾကာင့္ယုံၿပီးတစ္ေယာက္ထဲလႊတ္ထားရမွာလဲေကာင္မေလးရယ္။ မင္းေလးကေလကိုယ္တိုင္မို႔သာမသိတာ မင္းေလးကအရိုးခံေလးနဲ႕အၾကည္ဓာတ္ေလးဆိုတာလူတကာသိတယ္ကြ။ စိတ္ခ်ထားၿပီးလႊတ္ထားလို႔ရတဲ့အေျခေနဟုတ္မေနဘူး။ ကိုယ္တို႔ကအဆင့္တတ္ၾကေသးတာလဲမဟုတ္ဘူး မင္းေလးတစ္ျခားေယာက္က်ားေလးကိုစိတ္ယိုင္သြားမယ့္အေျခေနမ်ိဳး ကိုယ္ျဖစ္ခြင့္မေပးဘူး။ အဲ့ေတာ့မင္းေလးဘယ္သြားသြားကိုယ္ကလိုက္ခဲ့မွာ အၿမဲေဘးကေနေပါ့။
"အပင္ေစာင့္႐ုပ္ကဆိုးေတာ့မဟုတ္ဘူး ကိုယ္ကေကာင္မေလးရဲ႕ကိုယ္ေစာင့္နတ္ေလး.."
ေ႐ႊကူအန္တီ့ကိုမ်က္ႏွာသစ္ေပး ေရဝတ္တိုက္ေပး၍ ေျခေထာက္ႏွင့္လက္တို႔ကိုေသခ်ာႏွိပ္နယ္ေပးေနေတာ့ အကိုေလးကေဘးမွသတင္းစာၾကည့္၍ထိုင္ေနေလေတာ့သည္။ ဒါမ်ားအလုပ္သြားတာမဟုတ္ဘူး အကိုေလးကမပ်င္းဘူးလားလဲမသိဘူး။
"သမီးေလးနဲ႕ခင္တာၾကာၿပီလားသမီးက"
"ဟုတ္အန္တီ နဲနဲေတာ့ၾကာၿပီ"
ေ႐ႊကူအေၾကာင္းစုံကိုအန္တီျပန္မသက္သာေသးသည့္အေျခေနတြင္ေျပာမျပခ်င္ေပ။ ေတာ္ၾကာအဲ့အျဖစ္ပ်က္ကိုျပန္ေတြးမိၿပီး စိတ္ထိခိုက္သြားမွျဖင့္။
"သမီးေလးအဆင္ေျပရဲ႕လားကြယ္ အန္တီသတိေမ့ေနတဲ့အခ်ိန္ေတြ အန္တီ့သမီးေလးဘယ္လိုေနလဲသမီးေျပာျပေပးပါ့လားကြယ္"
ေဒၚခင္သမီးျဖစ္သူအေၾကာင္းကိုေရာက္လာသည့္လူေစ့လိုက္ေမးျဖစ္ပါသည္။ ဒါမွသမီးေလးဘယ္လိုေတြေနေနလဲဆိုတာသိခ်ာသိရမွာေလ။ အၾကာႀကီးေမေမကပစ္ထားမိလို႔ ေမေမေတာင္းပန္ပါတယ္သမီးရယ္။
"လွန်းငယ်ကအခုအလုပ်ရနေပြီအန်တီဲရဲ့ အကိုခြန္းေစရာအလုပ္မွာေလ လြန္းေလးကအရမ္းေတာ္လို႔အကိုခြန္းေစရာကအၿမဲခ်ီးက်ဴးေနတာ "
ေဒၚခင္ၿပဳံး၍သမီးေ႐ႊကူရဲ႕စကားေတြကို နားေထာင္ေနလိုက္ေတာ့သည္။
"ေ႐ႊကူနဲ႕လဲေန႕တိုင္းဖုန္းေျပာျဖစ္တယ္ လြန္းငယ္ကေျပာတယ္သူအရင္လိုလူမမာတပိုင္းမေနေတာ့ဘူးတဲ့ အလုပ္ႀကိဳးစားၿပီးအန္တီျပန္သတိရလာရင္ မိသားစုေတြေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕အန္တီတို႔ကိုလိုေလေသးမရွိေအာင္ထားမွာတဲ့"
မ်က္ရည္ေတြစီးက်လာသည့္အန္တီ့ကို ေ႐ႊကူ tissue ေလးယူ၍သုတ္ေပးလိုက္ေတာ့သည္။
"လြန္းငယ္ကနယ္ဘက္ေရာက္ေနလို႔ပါ မဟုတ္ရင္အန္တီသတိရလာတာသာသိရင္ ခ်က္ခ်င္းေျပးလာမွာအန္တီရဲ႕"
"ေအးပါကြယ္ သမီးေလးအဆင္ေျပၿပီဆိုအန္တီေက်နပ္ပါၿပီ အရင္လိုတငိုငိုရီရီျဖစ္ေနမွာအန္တီကစိုးရိမ္မိတာ "
"လြန္းငယ္ကအခုဆိုရင့္က်က္ေနၿပီေလ သမီးကိုေတာင္အႀကံေတြေပးၿပီး သင္ျပေပးေနတာအခုဆို "
ဟုတ္မွာပါ သမီးေလးကေမေမဒီလိုျဖစ္သြားေတာ့ မရင့္က်က္ခ်င္ပဲရင့္က်က္သြားရတာမ်ိဳးေနမွာ။ အရင္ထဲကမိဘေတြစကားနားေထာင္ၿပီး မိဘႏွစ္ပါးကိုအရမ္းခ်စ္တဲ့သမီးေလးကအခုဆို ရင့္က်က္ေနၿပီတဲ့လားကြယ္။ ေမေမေၾကာင့္သမီးေလးပင္ပန္းေနမွာ။
"အကိုေလးဗိုက္ဆာရင္သြားစားေလ"
"ေကာင္မေလးကေရာ"
"ေ႐ႊကူကဗိုက္မဆာေသးလို႔"
"အဲ့တာဆိုခဏေနမွစားၾကတာေပါ့ေစာေသးတယ္အခုက"
"ဟုတ္ကဲ့"
အကိုေလးေဘးဝင္ထိုင္၍ ယူလာသည့္ပန္းသီးေလးကိုအခြံသင္လိုက္ေတာ့သည္။ ဓားေလးကအသစ္စက္စက္ေလးမို႔ေ႐ႊကူသတိထား၍ အခြံသင္ေနသည္ကိုေဘးမွမ်က္ေမွာင္ႀကီးက်ဳပ္၍ အကိုေလးကၾကည့္ေနေလေတာ့သည္။အကိုေလးေရာေ႐ႊကူ႕လို မ်က္လုံးမႈံေနလို႔မ်ားလားဟုေတာင္ ထင္မိပါသည္။
"အကိုေလးေရာမ်က္မွန္တပ္ရတာလား"
"ဘာျဖစ္လို႔လဲ"
"မ်က္ေမွာင္ႀကီးကုတ္ထားလို႔ေလ မျမင္ရဘူးထင္လို႔"
"အကုန္လုံးကိုသဲသဲကြဲကြဲျမင္ရတယ္ ၾကည့္ခ်င္လို႔ကိုတမင္လုပ္ၿပီးၾကည့္ေနတာ ရွင္းၿပီလား.."
"ဟုတ္"
အခြံသင္ေပးမည္ေျပာသည္ကိုလက္မခံပဲ ကိုယ္တိုင္သာခြာေနသည့္ေကာင္မေလးေၾကာင့္ အလိုမက်မ်က္ေမွာင္က်ဳပ္ထားသည္ကိုမင္းေလးက မသိသည့္အလားလာေမးတယ္ေပါ့ေလ။
"အဲ့ပန္းသီးကခြာမွျဖစ္မွာလားေကာင္မေလး"
"အန္တီ့နိုးလာရင္စားဖို႔ေလ အကိုေလးေရာစားခ်င္ရင္ေ႐ႊကူဟိုတစ္လုံးထပ္ခြာေပးမယ္ေလ"
"မလိုဘူးမလိုဘူး ..ပန္းသီးလဲမႀကိဳက္ဘူး ဓားနဲ႕အခြံသင္ၿပီးစားရတဲ့အသီးဆိုပိုလို႔ေတာင္မႀကိဳက္ဘူး"
ျငင္းေနတာမ်ား ေ႐ႊကူကအတင္းႀကီးေႂကြးမွာက်လိဳ႕ပါေလ။ ဒီအကိုေလးေတာ့ဘယ္လိုျဖစ္မွန္းကိုမသိဘူး ေ႐ႊကူ႕ေနာက္လဲတစ္ေနကုန္ပက္လိုက္ေနသလို ေဘးမွေနလွ်င္လဲအရမ္းေမးျမန္း၍ အျပင္ကိုထြက္ခြင့္ကိုမေပးသည္ကိုေ႐ႊကူသတိထားမိပါသည္။ ေမေမႀကီးေျပာသလိုအကိုေလးကသူကိုယ္တိုင္ေပြရႈပ္ခဲ့ၿပီးေတာ့ ေ႐ႊကူ႕က်မွဥစၥာေျခာက္ေနတယ္ဆိုတာမ်ိဳးမ်ားလား။
"အာ့.."
"မွန္း..ေပးစမ္း "
အေတြးေလးထဲစီးေမ်ာမိသြားသည့္ေ႐ႊကူမွာ ပန္းသီးေလးစိပ္ေနသည့္အခ်ိန္ သတိလြတ္၍လက္ညိုးဓားခ်သြားရေတာ့သည္။
"ေျပာပါတယ္အဲ့တာေတြႀကိဳျမင္လို႔ ကိုယ္အခြံႏႊာေပးမယ္လို႔ေျပာတာကိုနားမွမေထာင္ပဲ"
"အကိုေလး.."
ေသြးေလးေတြစို႔တတ္ေနသည့္လက္ခေလးကို ကြန့္ျမဴးအာခံတြင္းထဲထည့္၍ငုံထားလိုက္ေတာ့သည္။
"ေရာဂါေတြေတာ့ရေတာ့မွာပဲ အကိုေလးလႊတ္.."
႐ုန္းၾကည့္ေပမယ့္လဲ လက္ကိုဆြဲအတင္းဆြဲထားကာ ခ်ိဳခ်ဥ္ေလးကိုစုတ္သလိုေ႐ႊကူ႕လက္ညိုးေလးကို အကိုေလးလွ်ာဖ်ားေလးႏွင့္ထိေတြ႕၍စုတ္ယူေနသည့္အခါ ေ႐ႊကူရွက္စိတ္ေလးေတြပို၍ ႏွလုံးခုန္ႏႈန္းေတြျမန္လာရေတာ့သည္။
"ဘာလို႔႐ုန္းေနတာလဲေကာင္မေလး ၾကည့္အခုေသြးတိတ္သြားၿပီမလား"
"ဘာျဖစ္လို႔လဲနာလို႔လားေကာင္မေလး"
"မ..မဟုတ္ပါဘူး"
"အင္းခဏေလး ဒါေလးဖိထားေပး"
မ်က္ႏွာေလးခရမ္းခ်ဥ္သီးလုံးေလးလို ရဲတာေနသည့္ေကာင္မေလးေၾကာင့္ ကြန့္ျမဴးစိုးရိမ္စိတ္ေတြၾကားအနည္းငယ္ေက်နပ္ပီတိျဖစ္သြားရေတာ့သည္။ အခုဆိုေကာင္မေလးလဲကိုယ္နဲ႕ပတ္သက္ရင္ ခံစားခ်က္ေလးေတြ နည္းနည္းရွိေနၿပီမွန္းကိုယ္သိလိုက္ၿပီေကာင္မေလးရယ္။
ေသြးေတြမထြက္ေတာ့ေပမယ့္ အနည္းငယ္စိုတိုတိုျဖစ္ေနသည့္လက္ညိုးထိပ္ေလးကို ေ႐ႊကူအသည္းတယားယားႏွင့္ၾကည့္ေနမိေတာ့သည္။ ဒီအကိုေလးနဲ႕ေတာ့ေလ အကိုေလးရဲ႕အျပဳအမႈေတြေၾကာင့္ ေ႐ႊကူၾကာရင္ မေနတတ္ေတာ့ဘူးအကိုေလးရဲ။ မဟုတ္ရင္လဲအန္တီနိုးမွအခြံသင္ပါတယ္ အခုေတာ့ႀကိဳၿပီးအခြံလႊာမိတာ ရွက္စရာအျဖစ္ေတြႀကဳံသြားရၿပီမလား။
"သတိထားမွေပါ့ကြ ဓားကအသစ္မို႔ထက္တယ္လို႔ကိုယ္ေျပာသားပဲ"
မ်က္ႏွာထက္အလိုမက်မႈေတြျပည့္ေနသည့္အကိုေလးကို ေ႐ႊကူေသခ်ာလိုက္ၾကည့္ေနမိသည္။ အျဖဴေရာင္ရွပ္လက္ရွည္ကို ၾကယ္သီးေလးတစ္လုံးျဖဳတ္ထားသည့္အကိုေလးပုံစံက ၾကည့္ေကာင္းလြန္းလွသည္။ မ်က္ႏွာထက္ေခ်ာေမာမႈေတြလႊမ္းၿခဳံ၍ ဘယ္ဘက္ႏႈတ္ခမ္းေအာက္ကမွဲ႕နက္ခေလးကလဲ ထင္းထြက္ေနသည္မွာအကိုေလးရဲ႕ေခ်ာေမာမႈကိုပို၍ပင္ထင္ေပၚေနေစသည္။
ထူထဲသည့္မ်က္ခုံးေမႊး ေျဖာင့္တန္းသည့္ႏွာတံႏွင့္ ရဲေနသည့္ႏႈတ္ခမ္းပါးပါးတို႔ေၾကာင့္ေ႐ႊကူပင္ အသက္႐ူဖို႔ေမ့ေလာက္သည္အထိေငးေနမိေတာ့သည္။ အကိုေလးရည္းစားေတြေပြရႈပ္ခဲ့တာဒါေၾကာင့္ကိုး။ ႐ုပ္ရည္ကသာမာန္မွမဟုတ္ပဲေလ လုံးဝၿပီးျပည့္စုံေနမွေတာ့ ပ်ိဳမဒီေလးေတြကလဲျပန္ႀကိဳက္ၾကေတာ့မွာေပါ့။ ေ႐ႊကူအကိုေလးရဲ႕မ်က္လုံးေလးမ်ားကိုတဖန္ေငးၾကည့္ေနရင္းမွ ထိုမ်က္လုံးတစ္စုံကပါ ေ႐ႊကူ႕ကိုလာစိုက္ၾကည့္ေနသည့္အခါ ေ႐ႊကူၾကာၾကာမၾကည့္ရဲ အၾကည့္လႊဲလိုက္မိေတာ့သည္။
"ၾကည့္ခ်င္လဲၾကည့္ပါ အခြန္ေဆာင္စရာမလိုပါဘူးကြ "
"ေ႐ႊကူကအကိုေလးပုံစံထူးဆန္းေနလို႔ၾကည္မိတာကို"
"ဘာထူးဆန္းလို႔လဲ ကိုယ္ကေန႕တိုင္းေခ်ာၿပီးျပည့္စုံေနတာၾကည့္ပဲ ဘာလဲဒီေန႕တစ္ရက္ထဲကြက္ၿပီးေခ်ာေနတယ္ထင္လို႔လား"
"ဟုတ္ပါၿပီေခ်ာတယ္ေနာ္ရၿပီလား အန္တီနိုးသြားမယ္အကိုေလးရဲ႕ အကိုေလးကစကားေျပာရင္အက်ယ္ႀကီးပဲ "
"ေယာက္က်ားေလးမို႔အသံဩတာေလကြာ စကားေတြအမ်ားႀကီးေျပာရေအာင္လုပ္တာကဘယ္သူလဲေျပာ ေျပာစကားနားမေထာင္ပဲလက္ဓားခ်တဲ့အထိျဖစ္သြားတာကေရာဘယ္သူလဲ ဘယ္သူကလူကိုအတင္းစိုက္ၾကည့္ၿပီးကိုယ့္ကိုစကားေတြေျပာရေအာင္လုပ္ေနတာလဲအဲ့တာဆို"
"ဟုတ္ပါၿပီ ေ႐ႊကူမွားမွန္းသိပါၿပီ "
ေျပာလိုက္ခါမွတအားစကားေတြမ်ားလာတာမို႔ေ႐ႊကူ႕မွာ စကားကိုျဖတ္၍အတင္းၿငိမ္ခိုင္းလိုက္ရသည္။ အန္တီကအိပ္တာမၾကာေသးပါဘူးဆိုဒီအကိုေလး ဘယ္လိုေတြမ်ားျဖစ္ေနလဲမသိဘူး။
ေ႐ႊကူအန္တီ့ဖို႔ဆန္ျပဳတ္ေလးလာယူတာျဖစ္ၿပီး ဒီညေဆး႐ုံမွာအိပ္မည္အေၾကာင္းေမေမႀကီးတို႔ကိုအသိေပးလိုက္ေတာ့သည္။
"ရပါတယ္သမီးရယ္လူမူေရးပဲေလ ဒါနဲ႕လူနာကသက္သာလားသမီး"
"ဟုတ္ေမေမႀကီးသက္သာပါတယ္ အန္တီခင္ကသူ႕သမီးလြန္းငယ္ကိုမေတြ႕ေတာ့ နဲနဲေလးစိတ္ေပ်ာ့ေနေသးတယ္ထင္တယ္ "
"မိဘဆိုတာကလဲဒီအတိုင္းပါပဲသမီးရယ္ ကိုယ္ကသာနာမက်န္းျဖစ္တာသားသမီးကိုေတာ့စိတ္ပူၾကတာပဲ သားသမီးမ်က္ႏွာျမင္ရမွေအးခ်မ္းၾကတာေလ"
"အဲ့တာေၾကာင့္ကြၽန္ေတာ္မိန္းမယူၿပီးလဲဒီမွာပဲေနမွာလို႔ေျပာတာေပါ့ဗ် မာမီတို႔ကြၽန္ေတာ့ကိုလြမ္းေနမွာဆိုးလို႔ေလ"
"မင္းေတာ့မလြမ္းပါဘူးကြာ "
ဘဘႀကီးကစာအုပ္ဖတ္ေနရင္းမွ ထေျပာေတာ့ေမေမႀကီးရယ္ေ႐ႊကူရယ္မွာ ရယ္ေနရေတာ့သည္။
"အမေလးမလြမ္းဘူးစိတ္ခ်အဲ့မိန္းမျမန္ျမန္ယူေတာ့ ၿပီးရင္ေဂ်ာင္းျပန္မလာနဲ႕ က်ဳပ္တို႔အိမ္မွာသမီးေလးရွိရင္ရၿပီ"
"ကြၽန္ေတာ္ယူမယ့္ေကာင္မေလးပါ ဒီအိမ္မွာေခၚထားၿပီးေနမွာ မာမီတို႔ႏွင္လဲမသြားဘူးဟားဟား ..မာမီတို႔ေရွ႕မွာကိုေကာင္မေလးနဲ႕ရိုျပအုံးမွာ .."
ေ႐ႊကူထိုအခါမွာေတာ့မရယ္နိုင္ေတာ့ေပ။ အကိုေလးကအဲ့ေကာင္မေလးကိုအေတာ္ခ်စ္တာပဲေနာ္။ အၿမဲကြၽန္ေတာ့ေကာင္မေလးဆိုတာ ပါးစပ္ကမခ်။ အင္းေပါ့ေလအကိုေလးလိုလူကခ်စ္ရမယ့္လူရွိတာမဆန္းပါဘူးေလ။ အၿမဲအေခ်ာအလွေလးေတြဝိုင္းဝိုင္းလည္ေနတာကို ဒါေပမယ့္အဲေကာင္မေလးကိုေတာ့မနာလိုျဖစ္မိသားပဲ။ အကိုေလးဆီက ဂ႐ုစိုက္မႈေတြအခ်စ္ေတြအကုန္လုံးကို သိမ္းႀကဳံးၿပီးရေနမွာႀကိမ္းေသမဟုတ္လားဟင္။
ကြန့္ျမဴးညေနခင္းတြင္ေတာ့ေကာင္မေလးကိုေဆး႐ုံသို႔ျပန္ပို႔၍ အိမ္သို႔ျပန္လာခဲ့ေတာ့သည္။ ဒီညမွာပါေကာင္မေလးေနာက္လိုက္ကပ္ေနလွ်င္ မာမီတို႔သတိထားမိသြားမည္ျဖစ္သည္။ ကိုယ္ေကာင္မေလးအခ်စ္ကိုမရမခ်င္းမာမီတို႔သိလို႔မျဖစ္ေသးဘူး။ ေတာ္ၾကာေကာင္မေလးနဲ႕ကိုယ့္ကိုခြဲထားမွျဖင့္ကိုယ္အခက္ေတြရမွာေပါ့ကြ။
ဒီေန႕႐ုံးပိတ္ရက္ျဖစ္သည္မို႔ အကိုေလးကအိမ္တြင္ရွိေနေလေတာ့သည္။ ေ႐ႊကူေန႕ည္၁နာရီေလာက္ေတာ့ အိမ္သို႔ေရျပန္ခ်ိဳးတာျဖစ္ၿပီး လြန္းငယ္တို႔အလာကိုသာေစာင့္ေနလိုက္ေတာ့သည္။ ဦးေလးေဖေမာင္ကလြန္းငယ္တို႔ေရာက္လာလွ်င္ ဖုန္းဆက္မည္ဟုေျပာကာ ေ႐ႊကူ႕ကိုအိမ္တြင္နားခိုင္းထားေသာ္လည္းေ႐ႊကူအိပ္မရ စိတ္တို႔ကလြန္းငယ္ဆီသာေရာက္ေနရေတာ့သည္။ လြန္းငယ္ကိုအန္တီႏွင့္အျမန္ေတြ႕ေစခ်င္လွၿပီျဖစ္သည္။
ဆိုဖာေပၚတြင္အိပ္ေနသည့္ အကိုေလးက ၃ နာရီထိုးခါနီးမွကပ္အိပ္သြားျခင္းျဖစ္သည္။ ေ႐ႊကူလဲေဘးတြင္ထိုင္၍ စာအုပ္ေလးဖတ္ကာဖုန္းဝင္အလာကိုေစာင့္ေနလိုက္ေတာ့သည္။ ဖုန္းဆက္လာသည္အခ်ိန္က ၄ နာရီဝန္းက်င္ျဖစ္ေလရာ ေ႐ႊကူအကိုေလးကိုလဲမႏွိုးရက္ ေမေမႀကီးတို႔ကလဲမရွိသည္မို႔ ဆိုင္ကယ္ေသာ့ေလးဆြဲကာခုံေပၚတြင္စာေလးေရးေပး၍ ေ႐ႊကူေဆး႐ုံသို႔ေျပးခဲ့ေတာ့သည္။ အကိုေလးစိတ္ဆိုးလဲမတတ္နိုင္ေတာ့ဘူး အကိုေလးကအရမ္းႀကီးအိပ္ေနတာကိုး ေ႐ႊကူကဘယ္ႏွိုးရက္ပါ့မလဲလို႔။
Words 2693
19.8.2023 6:55pm
ဆက္လက္ႀကိဳးစားသြားပါမည္။