True Love 💭 (Completed)
By KaKyoePhyu85
844K 16.9K 325
ကောင်မလေးကိုချစ်ပါသည်။ More
Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)
Part 💭 18 (U&Z)
11.8K 321 0
By KaKyoePhyu85
True love 💭❤ အပိုင် - ၁၈
(Unicode)
ရွှေကူသီချင်းလေးငြီး၍ ဆိုင်ကယ်လေးရေဆေးနေလိုက်သည်။ အသုံးမပြုတော့သည့်ဆိုင်ကယ်လေးက ဖုန်လေးတွေတတ်နေလေသည်​။ ရွှေကူ့ဆိုင်ကယ်လေးကို ပစ်ထားမိသလိုဖြစ်သွားပါသည်ကြောင့် ရေသေချာဆေး၍ချော့ရပေအုံးမည်။ မဟုတ်လျှင်သူစိတ်ကောက်တာနှင့်ရွှေကူ နောက်ကျအမြဲ ဆိုင်ပို့ပြီးဆေးကုနေရမှဒုက္ခလေ။
အသံလေးလဲဖွင့်ဟမဆို နှုတ်ခမ်းလေးပိတ်၍ညည်းတွားနေသည့်ကောင်မလေးကို  ဝရံတာအပေါ်ထပ်မှကြည့်ရုံနှင့်အားမရ၍ အောက်သို့ဆင်းလာကာ ခုံပုလေးယူ၍ကွန့်မြူးနောက်မှထိုင်ကြည့်နေလိုက်တော့သည်။ မင်းလေးနဲ့ပတ်သက်ရင်လေကိုယ်ကအဲ့လိုပဲ ရှက်ရကောင်းမှန်းမသိတဲ့အထိ မင်းလေးကိုလိုက်ကြည့်နေမှာဖြစ်သည်။
"အမလေး.. "
ရွှေကူဒီဘက်မှဆေးပြီး၍ ဆိုင်ကယ်၏တစ်ခြားတစ်ဖက်ကိုသွားဆေးရန်သွားလိုက်တော့အကိုလေးကိုပြူးပြူးကြီးတွေ့ရလေတော့သည်။
"အကိုလေးဘာထိုင်လုပ်နေတာလဲဟင်"
"ဘာမှမဟုတ်ပါဘူးပျင်းလို့လာထိုင်နေတာ"
ဒါဆိုရွှေကူသီချင်းညည်းနေတာကြားသွားတာပေါ့လေ။
"အကိုလေးဂိမ်းမဆော့ဘူးလား"
ပျင်းရင်ဂိမ်းဆော့နေပေါ့လေ။ ဒီကောင်မလေးပြန်မပြောရဲ၍သာနေနေပုံ တစ်ချက်တစ်ချက်ပြောလိုက်ပုံများ မကြည်သလိုကြည်သလိုနှင့် ကွန့်မြူးကိုပြောပြောနေလေသည်။
"မဆော့ဘူးပျင်းလို့ "
ဟော့တော့ ရွှေကူဆိုင်ကယ်ရေဆေးနေတာကိုကျတော့ပျင်းလို့လာကြည့်တာပြောပြီး အခုတော့လဲပျင်းလို့ဂိမ်းမဆော့ဘူးပြောပြန်လေသည်။
"ဆေးလေ အဖော်နေပေးမယ်"
"ရွှေကူတစ်​ယောက်ထဲလဲရပါတယ် အကိုလေးအိမ်ထဲဝင်နေလေ"
"မနေဘူးဒီမှာပဲနေမလို့ "
ပြောမရသည့်အခြေနေမလို့ရွှေကူလဲ မသိချင်ယောင်ဆောင်ကာဆိုင်ကယ်လေးသာဆက်ဆေးလိုက်တော့သည်။
"ပေးကိုယ်ဆေးပေးမယ်"
"အကိုလေးထိုင်နေပါပြီးတော့မယ်"
"ရပါတယ် "
ကွန့်မြူး ရေပိုက်လေးသူမလက်ထဲမှဆွဲယူလိုက်သည်။ ရေတွေပန်းထွက်နေသည့်ပိုက်လေးက ကွန့်မြူးဆီရောက်ပြီးမကြာပါရေမထွက်တော့ပေ။
"မီးပျက်သွားတာလား"
"မဟုတ်ဘူးထင်တယ်အကိုလေး ရေစက်လည်နေတယ် ရွှေကူသွားကြည့်လိုက်မယ်ခဏလေး"
"အင်း.."
ရွှေကူသွားကြည့်တော့ ရေဘားကပိတ်နေခြင်းဖြစ်သည်။ မေမေကြီးများပိတ်သွားသလားပဲ။ မီးဖိုခန်းမှအပြင်သို့ထွက်လို့ရသည်ကြောင့် မေမေကြီးရေတင်ရင်းပိတ်သွားတာဖြစ်လောက်သည်။
"အကိုလေးရေ​ ရေဘားကြီးကပိတ်နေတာတော့ အခုလာတယ်မို့လား..."
ရွှေကူအော်၍အကိုလေးဆီပြန်လာရာ ကြွက်စုတ်လေးအလားဖြစ်နေသည့်အကိုလေးကြောင့် ရွှေကူခြေထောက်တွေဆိုင်ကယ်ကြီးတစ်ဖက်တွင် ရပ်တန့်သွားရတော့သည်။
ဆံပင်တိုတိုလေးတွေက ရေစက်လေးတွေကြောင့်အမြှောင်းလိုက်လေးတွေစု၍ ကျိုးတို့ကျဲတဲရှိနေလေသည်။ အဖြူရှပ်ဝတ်ထားသည့် ခန္ဓာကိုယ်အပေါ်ပိုင်း၌လဲ ရေတွေစိုနေသည်ကြောင့် အသားလေးတွေနှင့်ကပ်နေလေသည်။ အကိုလေးတို့များ ချောချက်ကဘယ်လိုဘယ်ပုံဖြစ်နေနေ အချောကိုပျက်သွားသည်လို့မရှိဘူး။ အကိုလေးရေတွေနဲ့ဆော့ထားတာတော့ မဟုတ်မှန်းလဲသိပါသည်။ ရွှေကူရေဖွင့်လိုက်လို့စိုသွားမှန်းလဲသိသည်ကြောင့်ရွှေကူရှေ့မရောက် အကိုလေးကိုရပ်ကြည့်နေမိသည်။
"အကိုလေးရရဲ့လား.."
ကွန့်မြူးမျက်လုံးထောင့်ကပ်၍ကြည့်လိုက်တော့ ကောင်မလေးက အားနာစွာရယ်ပြနေလေသည်။
"ဘယ်လိုထင်လဲ"
"အား.. အကိုလေး မေမေကြီးရေ "
"အကိုလေး..."
ရွှေကူ့ကိုရေလိုက်ပက်နေသည်ကြောင့် ရွှေကူပတ်ပြေးနေရသည်။
"ဟား ဟား.. တစ်ယောက်ထဲစိုလို့တော့ဘယ်ဖြစ်မလဲ "
"အကိုလေးမညစ်ပတ်နဲ့ ရွှေကူအင်းကျီတွေအကုန်စိုကုန်ပြီလို့ အကိုလေး..."
ပြောမရတော့ရွှေကူခြံထဲပတ်​ပြေးလိုက်တော့သည်။ ရေပိုက်ကလဲပန်းခြံထဲရေလောင်းသည့်ပိုက်မို့ရှည်လေသည့်အခါ အကိုလေးကအသာလေးရွှေကူပြေးသည့်နေရာအကုန်မှီလေတော့သည်။ ရွှေကူခြံအနှံ့ပြေး၍အပင်တွေကြား ပြေးပုန်းသော်လည်းပန်းပင်တွေနှင့်ရော၍ပက်လေသည်။ ရွှေကူ့မှာသာပြေးရင်းမောနေရတာအကိုလေးကတော့ တဟားဟားနှင့်ရယ်နေပြန်သည်။ ရွှေကူအကိုလေးနားပြန်ပြေး၍ ရေပိုက်ကိုဆွဲလုလိုက်တော့ လွှတ်မပေးပြန်လုနေလေသည်ကြောင့် အကိုလေးပါတစ်ကိုယ်လုံးစိုရွဲသွားတော့သည်။
"ဟေ့ကောင်မလေး လွှတ်.."
"အကိုလေးလွှတ်ပါလား.."
"ဟေ့ ဟေ့.. စိုကုန်ပြီနော်ကောင်မလေး"
ရွှေကူကပိုစိုတာကို အကိုလေးမို့မစဉ်းမစားအသဲဗြဲကြီးနှင့်လာအော်နေသည်ကြောင့် ရွှေကူအားမချန်ပဲအတင်းဆွဲလုလိုက်တော့သည်။
"ဟား ဟား.. ရွှေကူ့အလှည့်ပဲ အကိုလေးပြေးနိုင်ရင်ပြေးပေါ့"
သနားလို့လွှတ်ပေးလိုက်တာကို မင်းလေးကအဟုတ်မှတ်နေတာပေါ့လေ။ ရေစိုနေသည့်အင်းကျီလေးက ခန္ဓာကိုယ်သေးသေးလေးပေါ်ကပ်ရပ်နေသည်ကြောင့် ကွန့်မြူးကောင်မလေးကိုသိပ်မကြည့်ရဲဖြစ်နေရသည်။ ကိုယ်ချစ်တဲ့မိန်းခလေးမို့ ကိုယ်စိတ်ပိုယိုင်သွားမှာဆိုးရတယ်ကောင်မလေးရယ်။ ပျော်ရွှင်နေသည့်ကောင်မလေးကို အပျော်တွေမဖျက်စီးရက်သည်မို့ ကွန့်မြူးလဲအလိုတော်ကျ လှည့်လည်ပြေးလိုက်တော့ ရေပိုက်လေးဆွဲ၍အတင်းလိုက်ပက်နေလေတော့သည်။
ဟုတ်တယ် ဒီလိုလေးပျော်နေဖို့ပဲကိုယ်ကရည်ရွယ်တာပါကွာ။ တစ်နေ့တစ်နေ့ကောင်မလေးပျော်အောင် ဘယ်လိုလုပ်ပေးရမလဲပဲ ကိုယ်စဉ်းစားနေရတာပါကောင်မလေးရယ်။
"ဟ နှစ်ကောင်သားဘာဖြစ်လာတာလဲကွ"
"ဒယ်ဒီ့သမီးရေနဲ့လိုက်ပက်လို့ပြန်ပတ်ထားတာ"
"ဘဘကြီးသားအရင်ပတ်တာဘဘကြီး"
"ကောင်းရောကွာ "
ဦးမိုးမြင့်သဘောတွေကျနေရသည်က နှစ်ကောင်သားရေတွေစိုရွဲ၍ ကြွက်စုတ်လေးနှစ်ကောင်လိုဖြစ်နေရသည်ကြောင့်ပင်။ အပြင်မှာအော်သံတွေကြားပေမယ့် ပျော်နေကြသည့်အသံမို့လွှတ်ထားလိုက်တာ ဟော ဆော့ကစားလာလိုက်ကြတာများ ခလေးတွေအတိုင်းဖြစ်လေသည်။
"အမလေးတော် ဒီမောင်နှမအမြဲမရိုးရဘူး ဒါကဘယ်လိုဖြစ်လာကြပြန်တာလဲပြောပါအုံး.."
"မေမေကြီးသားရွှေကူ့ကိုရေနဲ့လိုက်ပက်တာ "
"မာမီ့သမီးကရေဘားကိုမပြောမဆိုနဲ့ဖွင့်လိုက်တာလေ ကျွန်တော်ကပိတ်များပိတ်နေတာလားဆိုပြီးငုံ့အကြည့် ရေတွေထွက်လာရော မာမီ့သားပဲလေဘယ်ရမလဲပြန်ပက်တာပေါ့"
"အမလေးငါ့သမီးကိုများ ပြန်ပက်လိုက်သေး ငါရိုက်လိုက်ရ"
မာမီကအပြောနောက်ကျစွာ ကွန့်မြူးနောက်ကျောကိုရိုက်ပြီးသွားပြီဖြစ်သည်။
တဟီးတဟားဟားနှင့်အပြင်မှာဆူညံနေတာဒါကြောင့်ကိုး။ မောင်နှမနှစ်​ယောက် ရေစိုဝတ်တွေနဲ့အိမ်ပေါ်တတ်သွားကြမှ ဒေါ်မာပြုံးနေမိတော့သည်။ အခုမှသားတစ်ယောက်သမီးတစ်ယောက်နှင့် မိသားစုလေးပြည့်စုံလေတော့သည်။ ပျော်ရပြန်ပါသည် သမီးလေးလဲဒီမိသားစုထဲ ပျော်ရွှင်စွာ နေနေပြီမို့လေ။
အလုပ်ကဒီနေ့မှအပြင်သွားရင်းအစောပြန်လာကြသည့်ရွှေကူတို့မှာ ဆော့ကစား၍ပြီးတာတောင်ညနေစောင်းပဲရှိသေးသည်ဖြစ်သည်။ ရေစိုနေသည့်ဆံပင်လေးတွေကိုခြောက်အောင်သုတ်၍ ရွှေကူလွန်းငယ်ဆီဖုန်းခေါ်ရန်ပြင်လိုက်တော့သည်။ပျော်စရာလေးတွေဆို လွန်းငယ်ကိုမလွတ်တမ်းပြန်ဝေမျှရမယ်လေ။
"ဟင် စက်ပိတ်ထားတာလား"
ရွှေကူခဏခဏပြန်ခေါ်ပေမယ့်ဖုန်းလေးကစက်ပိတ်ထားသည်ကြည့်ဖြစ်နေ၍ ရွှေကူစိတ်တွေပူလာရတော့သည်။ လွန်းငယ်ကဒီလိုဖုန်းမကိုင်ပဲနေမယ့်လူမဟုတ်ဘူး။ အထူးသဖြင့်ရွှေကူ့ဖုန်းကိုပေါ့။ အမြဲညနေတိုင်းလိုလိုဖုန်းပြောနေကျဖြစ်သလို မနေ့ကတောင်ပြောလိုက်သေးတာကို အခုတော့မကိုင်သည်ကြောင့် ရွှေကူဟိုတွေးဒီတွေးနှင့်ရှိနေလေသည်။
"Hello မမ"
"အန်တီသတိရလာပြီရွှေကူ လွန်းလေးမေမေသတိရလာပြီ"
မမဖြူငယ်ကအသံတွေကတုန်နေ၍ တအားပျော်နေသည့်အလားဖြစ်နေသလို ရွှေကူလဲဘာမှပြန်မပြောနိုင်အောင် ပျော်ရွှင်နေရတော့သည်။
"မမဖြူငယ်လွန်းငယ်ရော လွန်းငယ်နဲ့အဆက်သွယ်ရသေးလားမမ"
"မမကအဲ့တာလှမ်းမေးတာ လွန်းလေးကအလုပ်မလာဘူးရွှေကူ မမကဖျားနေတယ်ထင်လိုက်တာ ရွှေကူနဲ့ရောအဆက်အသွယ်မရတာလား"
"ဟုတ်မမ မနေ့ကတော့ရသေးတယ်ဒီနေ့ဖုန်းလဲဆက်လို့မရတော့ဘူးမမ"
လွန်းလေးဖုန်းကိုဆက်မရ၍ ဖြူငယ့်ဆီဖုန်းလှမ်းခေါ်သည့်ဦးလေးကြောင့် ဖြူငယ်တို့ကအန်တီ့ဆီအရင်ရောက်လာကြခြင်း။ ဆေးရုံအနီးနားရောက်နေတော့အကိုက်ဖြစ်သွားကာ ဖြူငယ်တို့လင်မယားချက်ချင်းအန်တီ့ဆီဝင်လာခဲ့ကြသည်။ လွန်းလေးကိုဖုန်းဆက်ပေမယ့်လဲ ဆက်မရသည်ကြောင့်ရွှေကူ့ကိုခေါ်မိတော့ အဆက်အသွယ်မရဘူးဆိုသည်ကြောင့် လန့်သွားရတော့သည်။ လွန်းလေးတစ်ခုခုဖြစ်နေရင်ဒုက္ခ။
"ရွှေကူမမကိုတစ်ခုလောက်ကူညီပါလား"
"ဟုတ်မမပြောလေမမ"
"လွန်းအခန်းကိုမမကိုသွားကြည့်ပေးလို့ရမလား မမဒီမှာအန်တီ့ကိုအဆင်ပြေသလိုပြောပြီးမမလာခဲ့မယ် ရွှေကူသိတယ်မလားလွန်းငယ်အကြောင်းမမစိတ်ပူလို့"
"ဟုတ်မမရွှေကူအခုသွားလိုက်မယ် "
လွန်းငယ်ကတစ်ခါသတ်သေဖို့ကြံစည်ဖူးသည်ကြောင့် ရွှေကူလဲထိတ်လန့်သွားရတော့သည်။
မေမေကြီးကိုပြော၍ရွှေကူဆိုင်ကယ်သော့ဆွဲယူကာ လွန်းငယ်အခန်းဆီမောင်းနှင်လာတော့သည်။ မေမေကြီးပြောသလိုအကိုလေးလိုက်ပို့တာစောင့်နေလို့မရလောက်သည်အထိ လွန်းငယ်အခြေနေကိုစိတ်ပူနေရသည်။ လွန်းငယ်ရယ်ဘာမှဖြစ်လိုက်ပါနဲ့နော်။
"လွန်းငယ် လွန်းငယ် တံခါးဖွင့်ပေးလွန်းငယ် .."
ရွှေကူအကြမ်းပတမ်းထုရိုက်အော်နေပေမယ့်တုတ်တုတ်မျှမလှုပ်သည်ကြောင့် စိတ်ပူသွားရတော့သည်။
"ရွှေကူ "
"ကိုကြီးခေါင်"
"မရဘူးလား တံခါးမဖွင့်ဘူးလားရွှေကူ"
"ဟုတ်တယ်ကိုကြီးလုပ်ပါအုံး လွန်းငယ်တစ်ခုခုဖြစ်နေပြီလားမသိဘူး "
ကိုကြီးခေါင်လွင်မိုးကတံခါးကိုဖျက်၍အထဲဝင်လိုက်တော့ အခန်းကြီးကတိတ်ဆိတ်နေလေတော့သည်။ ရွှေကူအခန်းတိုင်းလွန်းငယ်နာမည်အော်ခေါ်၍ ရှာပေမယ့်လွန်းငယ်ကိုမတွေ့ပေ။
"ကိုကြီးမတွေ့ဘူးရော "
"အကိုရောမတွေ့ဘူး"
မမဖြူငယ်ရယ် အကိုခွန်းစေရာရယ် ကိုကြီးခေါင်လွင်မိုးရယ်နှင့်အတူ ရွှေကူတို့ခေါင်းချင်းဆိုင်၍ လွန်းငယ်ကိုရှာရန်တိုင်ပင်နေကြတော့သည်။ ရွှေကူမျက်မှန်လေးကို စကပ်စလေးနှင့် ဝါးနေသည့်နေရာတွေကိုလိုက်သုတ်၍ ပေါင်ပေါ်သာတင်ထားလိုက်တော့သည်။ တိတိကျကျဆို မနေ့ကညပိုင်းလောက်ထိအဆက်အသွယ်ရကြသေးသည်ဖြစ်သည်။ မောင်လေးခွန်းစစ်မဟာကိုလာခေါ်မည်ပြောပြီးရောက်မလာသည်က လွန်းငယ်မအား၍ဟုထင်လိုက်ပေမယ့် တဂယ်ကလွန်းငယ်အဲ့အချိန်ထဲကပျောက်နေခြင်းမှန်း ရွှေကူတို့သိလိုက်ရတော့သည်။
"ကိုကြီးတစ်ခုခုလုပ်ပါအုံး"
"ရတယ်ကိုကြီးသေချာရှာလိုက်မယ် လူပျောက်တာမှန်ရင်ပြန်တွေ့ရမယ်ငယ် ကိုကြီးအဆက်အသွယ်အကုန်သုံးပြီးရှာပေးမယ်တအားစိတ်မပူနဲ့နော်"
ခွန်းယုံကြည်ချက်ရှိပါသည်။ ဘာလို့ဆိုလွန်းငယ်ကအပြင်ထွက်တာရှားပြီး သွားတတ်သည့်နေရာသိပ်မရှိသည်ကြောင့်ပင်။
"ရွှေကူမှောင်နေပြီမမတို့လိုက်ပို့မယ်"
"ရပါတယ်မမရဲ့ရွှေကူဆိုင်ကယ်ပါတယ် မမတို့လွန်းငယ်ကိုသာရှာပါနော်ရွှေကူစိတ်ပူလို့"
"ပူတာကပူတာပေါ့ရွှေကူရယ် တစ်ယောက်ထဲပြန်လွှတ်ရမှာလဲမမကစိတ်မချဘူးလေ"
"ရွှေကူသတိထားပြီးမောင်းလိုက်မယ်မမ အန်တီလဲစိတ်ပူနေမှာ မမသွားပြီးတစ်ခုခုပြောထားလိုက်ပါလား"
"ဟုတ်သားပဲမမကလွန်းလေးကိုလာခေါ်တာဆိုပြီးထွက်လာတာ အခုမပြန်ရင်တစ်မျိုးထင်သွားလိမ့်မယ်"
"ဒီလိုလုပ်ကိုခေါင်လွင်မိုးက ငယ်နဲ့ဆေးရုံကိုသွားလိုက် ကိုကြီးကလွန်းငယ်ကိုဆက်ရှာထားလိုက်မယ် ရွှေကူကနောက်ကျနေပြီဆိုတော့ညီမလေးကပြန်လိုက်တော့"
"ဟုတ်ကဲ့"
"ရွှေကူမမစိတ်ချမယ်နော်မမသွားပြီနော်"
"ဟုတ်မမစိတ်ချ"
မမဖြူငယ်ရောအကုန်လုံးကထွက်သွားကြတော့ ရွှေကူလဲထ၍ပြန်ရန်ပြင်လိုက်တော့သည်။
"ခွပ်.."
ရွှေကူလဲမေ့တတ်ပါ့နော် မျက်မှန်လေးအင်းကျီသို့ ချိတ်ထားသည်အထင်နှင့် ထရပ်လိုက်တာအောက်သို့ပြုတ်ကျသွားလေတော့သည်။ အရာရာနှင့်အကြောင်းကြောင်းဆိုတာဒါမျိုးနေမှာ။ အမြဲမျက်မှန်တပ်မှမြင်ရသည့်ရွှေကူက အခုမှဘာစိတ်ကူးပေါက်ပြီးချွတ်ထားမိမှန်းမသိ။ ကျကွဲသည့်မျက်မှန်လေးကို ထိုင်ချ၍ရှာလိုက်တော့ ကောင်းကောင်းမြင်ရသည့်မြင်ကွင်းထဲ မှန်လေးကွဲပြီးရှိနေလေသည်။ မျက်မှန်လေးကောက်ကြည့်မိတော့ မှန်တစ်ဖက်ကကွဲကျေနေပြီး ကျန်တစ်ဖက်အကောင်းတိုင်းလေးရှိနေသည်။
"တစ်ဝက်တစ်ဝက်ဆီကို ကွက်ပြီးကွဲသွားတာများ မိရွှေကူတို့တော်လိုက်တာနော် တမင်ခွဲရင်တောင်အဲ့လိုကွဲမှာမဟုတ်ဘူး"
ကိုယ်တိုင်အပြစ်တွေပြော၍ ထိုအအေးဆိုင်လေးမှထွက်ခဲ့တော့သည်။
ဆိုင်ကယ်ဦးထုတ်လေးကောက်ဆောင်း၍ ရွှေကူတစ်ဒီဒီမြည်နေသည့်ဖုန်းလေးကို ရွှေကူကိုင်လိုက်တော့သည်။
"အခုဘယ်မှာလဲ"
ရွှေကူနားတောင်အူသွားရသည်မို့ ဖုန်းလေးကိုအနည်းငယ်ပြန်ခွာလိုက်ရတော့သည်။
"ပြန်လာနေပြီအကိုလေး"
"ဘယ်မှာလဲမေးနေတာ"
"ဟို..."
ရွှေကူမျက်မှန်တစ်ဖက်ပွင့်လေးနှင့်မောင်းလာသည်မှာ လမ်းတစ်ဝက်တောင်ရောက်တော့မည်ဖြစ်သည်။ ညာဘက်ကိုသာကပ်၍ ဖြေးဖြေးလေးမောင်းလာလိုက်သည်မှာလဲ အတော်လေးအဆင်​ပြေနေလေသည်။ နှစ်လမ်းသွားဖြစ်သည်မို့ မောင်းရတာကြောက်စရာတော့မလိုပေ။
သို့ပေမယ့်လဲ တစ်လမ်းသွားပဲရှိသည့်ကားလမ်းမထက်တွင်တော့ ရွှေကူအခက်တွေ့နေရတော့သည်။ မျက်နှာချင်းဆိုင်ကကားမီးဆိုင်ကယ်မီးတွေက ရွှေကူ့မျက်လုံးကိုလာထိုးသည့်အခါ ရွှေကူမမြင်ရအလင်းတွေစူးနေရတော့သည်။ သို့ပေမယ့်လဲဘယ်တတ်နိုင်မှာလဲ လမ်းထက်ဝက်ပဲရောက်နေပြီလေ။
အရေးထဲကားကဆီပျက်တော့မှာမို့ ကွန့်မြူးဝင်ထည့်နေရသေးသည်။ ညမှောင်နေပြီမို့ကွန့်မြူးစိတ်တွေအလုံးစုံက ကောင်မလေးဆီသာစိတ်မချခြင်းတွေနှင့် ရောက်နေတော့သည်။
"ဟ ဘယ်လိုတွေမောင်းနေကြတာလဲကွ"
*တီး.. တီး.. တီး..*
ကားဟွန်းစွတ်တီးသော်လည်းရှေ့ကကားကအရှိန်မတင် နှေးကွေး၍မောင်းနေလေတော့သည်။
"တောက်နောက်ကျနေပါပြီဆိုမှ "
ကွန့်မြူးကျော်တတ်၍မောင်းရန်သာ တွေးမိတော့ပြီမို့ကျော်တတ်လိုက်တော့သည်။ မျက်နှာချင်းဆိုင်တွင်လဲ ဘယ်ယာဥ်မှမတွေ့၍ ကွန််မြူးထိုလမ်းကြောင်းအတိုင်းသာ အနည်းငယ်အရှိန်တင်၍မောင်းလိုက်တော့သည်။
ရွှေကူရှေ့မှဆိုင်ကယ်နှစ်စီးပြိုင်မောင်းလာသည်ကို့မြင်တော့ ဘယ်ရှောင်ရမလဲမသိစဉ်းစားနေမိသည်။
"အို အလယ်တည့်တည့်ကရှောင်လိုက်မယ်"
*တီ.. တီ.. တီ ..တီ..*
ဘေးကပ်မောင်းနေသည့်ဆိုင်ကယ်ကရုတ်တရက် ကွန့်မြူးကား၏အလယ်တည်တည့်ကိုပြောင်း၍ မောင်းနေသည်ကြောင့် ကားဟွန်းကိုသာတီး၍အချက်ပေးရတော့သည်။
"ဟာ သေချင်နေတာလားမသိဘူး"
*တီ.. တီ..*
"ကောင်မလေးလား ..ကျွီ..."
ကွန့်မြူးအနားရောက်တော့မည့်ဆိုင်ကယ်ပုံစံလေးကိုမီးရောင်တွေကြောင့်မြင်လိုက်ရတော့ ဘရိတ်ကိုဆောင့်၍အုပ်လိုက်တော့သည်။
"ဘုရား..ဘုရားကားကြီးလား "
ရွှေကူ့ဆိုင်ကယ်လေးဟာရပ်သွားရသလို ရင်တွေလဲတုန်နေရတော့သည်။ လက်တွေတုန်၍ကြည့်မိတော့ ဆိုင်ကယ်နှစ်စီးမဟုတ်ပဲကားကြီးဖြစ်နေမှန်းလဲ ရွှေကူအခုမှသိလိုက်ရခြင်းပင်။ အမလေး ရွှေကူကားကိုဝင်တိုက်တော့မလို့တော်သေးသည်။
"ကောင်မလေး"
"ဟင်.."
ကားပေါ်မှဆင်းလာသည့်လူက အကိုလေးမှန်းရွှေကူသိလိုက်ရတော့ လန့်ဖြန့်သွားရတော့သည်။ရွှေကူတော့သေပါပြီ။
"သေချင်နေတာလား ဟမ်.. အသက်ရှည်ရှည်မနေချင်တော့ဘူးလားဟုတ်လား"
"အာ့ .."
လက်ကိုင်ကို ကိုင်ထားသည့်ရွှေကူ့လက်တွေဆီ အကိုလေးကလှမ်းဆွဲ၍အတင်းဖိထားသည်ကြောင့်ရွှေကူနာသွားရတော့သည်။
"ဆင်း..အဲ့ဆိုင်ကယ်ပေါ်က"
ရွှေကူမငြင်းရဲဆိုင်ကယ်လေးပေါ်မှဆင်းလိုက်တော့ ဒေါက်ထောက်ချိန်တောင်မရလက်မှဆောင့်ဆွဲသွားလေတော့သည်။ နောက်မှကျန်ခဲ့သည့်ဆိုင်ကယ်လေးမှာလဲ ဗုန်းခနဲလဲကျသွားလေတော့ပြန်သည်။ ရွှေကူတော့အဆူခံရုံနဲ့ပြီးမည့်ပုံမပေါ် အခက်မသင့်ရင်အကိုလေးပြောပြောနေသလို ကိုင်ပေါက်ခံရနိုင်သည့်အခြေနေဖြစ်သည်။
Words 3074
14.8.2023 6:50pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True love  အပိုင် - ၁၈
"အမလေး.. "
"မဆော့ဘူးပျင်းလို့ "
"ဆေးလေ အဖော်နေပေးမယ်"
"ပေးကိုယ်ဆေးပေးမယ်"
"ရပါတယ် "
"မီးပျက်သွားတာလား"
"အင်း.."
"အကိုလေးရရဲ့လား.."
"ဘယ်လိုထင်လဲ"
"အကိုလေး..."
"ဟေ့ကောင်မလေး လွှတ်.."
"အကိုလေးလွှတ်ပါလား.."
"ကောင်းရောကွာ "
"ဟင် စက်ပိတ်ထားတာလား"
"Hello မမ"
"ဟုတ်မမပြောလေမမ"
"ရွှေကူ "
"ကိုကြီးခေါင်"
"ကိုကြီးမတွေ့ဘူးရော "
"အကိုရောမတွေ့ဘူး"
"ဟုတ်ကဲ့"
"ဟုတ်မမစိတ်ချ"
"ခွပ်.."
"အခုဘယ်မှာလဲ"
"ပြန်လာနေပြီအကိုလေး"
"ဘယ်မှာလဲမေးနေတာ"
"ဟို..."
*တီး.. တီး.. တီး..*
*တီ.. တီ.. တီ ..တီ..*
*တီ.. တီ..*
"ကောင်မလေးလား ..ကျွီ..."
"ကောင်မလေး"
"ဟင်.."
"အာ့ .."
Words 3074
14.8.2023 6:50pm
Continue Reading
You'll Also Like
3.2K 103 23
သီးသန့်တည်နေရာ♥ဂိမ္မာန်ဦး သီးသန့္တည္ေနရာ♥ဂိမၼာန္ဦး
234K 31.1K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
394K 15.9K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ