Freaky Couple(completed)
By KIM_MAEVE
9.6K 558 65
Min Yoongi Kim Taehyung More
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26(Final)
Extra i
Extra ii
Announcement for new fic
11
256 20 0
By KIM_MAEVE
​ယွန်းဂီဒီမနက်လည်း ​စော​စောထ၍ပြင်ဆင်ပြီးထယ်​ယောင်းကို့လိုက်ပို့​ပေးရန် ဧည့်ခန်းက​စောင့်​နေ​လေသည်။
ထယ်​ယောင်းက​တော့ခုထိဆင်းမလာ​သေး။
'ဝုတ်...ဝုတ်...'
သူ့ကို​တွေ့တိုင်း​ဟောင်​နေကျ ​ခွေးမဲမဲ​သေး​သေး​လေးကို
လည်းမြင်​နေကျ​တော့ရိုး​နေပြီဖြစ်တာမို့ လျစ်လျူရှုလိုက်သည်။စိတ်ရှိတိုင်းဆို ဖိနပ်နဲ့​ကောက်​ပေါက်ချင်​​ပေမယ့် မ​တော်လို့ထယ်​ယောင်းဆင်းလာတာနဲ့ကြုံသွားမှာစိုးလို့ ​ဟောင်စမ်းဆိုပြီး​တော့သာကြည့်​နေလိုက်တယ်။အပျင်း​ပြေတာ​​ပေါ့။
'ဝုတ်...ဝုတ်...'
ဆက်​ဟောင်​နေရင်း သူထိုင်​နေတဲ့ထိုင်ခုံနားကိုလာပြီးသူ့​ပေါ်တွယ်ကပ်မလို့လုပ်​နေတဲ့​ခွေးမဲမဲ​​လေးက သူ့ကိုဘာဖြစ်​စေချင်လဲမသိ။ချီ​စေချင်တာလား?ချီလိုက်ရမလား?
"အား!!!​ခွေးမသား​လေး!!!"
​ယွန်းဂီ သူ့ကိုချီခိုင်း​နေတယ်ထင်ပြီးချီလိုက်​တော့ခဏ​တော့သူ့အ​​ပေါ်မှာငြိမ်​နေ​သေးသည်။ဒီလိုကျ​တော့လည်း ​ခွေးမသား​လေးကလိမ္မာပါလား လို့​တွေး​နေတုန်းသူ့​ပေါင်နှစ်ဖက်လုံး​နွေးသွားတာ​ကြောင့် ကြည့်လိုက်​တော့​​သေး​ပေါက်ချသွားတဲ့​​ကင်မ်ထယ်​ယောင်းရဲ့အချစ်​တော်​လေး။သူလည်း​အော်​​ရောသူ့ကိုယ်​ပေါ်ကဆင်းပြီး သူ့ကိုမျက်လုံးပြူးပြူးနဲ့​​ကြောင်​တောင်​တောင်​လေးကြည့်​နေ​သေးသည်။
"ဘာကြည့်တာလဲ!!မင်းလုပ်လိုက်တာကိုကြည့်စမ်း!!
ငါမနက်အ​စောကြီးတည်းက ​ရေချိုးပြီးမင်းသခင်ကိုစောင့်​နေတာ​လေ...တစ်ကယ့်​သောက်ကျင့်မ​ကောင်းတဲ့​ခွေးမသား​လေး!!"
'ဝုတ်...ဝုတ်'
အမယ်...သူ​ပြော​တော့သူ့ကိုပြန်​ဟောင်တာ။အဲ့​သောက်​ခွေးမသား​လေးက တစ်ခါ​လောက်ရိုက်ခံရမှာမှတ်မှာ။​ယွန်းဂီချက်ချင်းဖိနပ်ပါးကိုချွတ်ပြီးလက်ကကိုင်ကာ မျက်နှာကလည်းလူယုတ်မာပြုံး​​ကြီးပြုံးပြီး ထယ်​ယောင်းအချစ်​တော်​လေးရဲ့ဖင်ကိုရိုက်ဖို့ပြင်​တော့ ချက်ချင်း​ထွက်​ပြေးသွားတဲ့​ခွေးမဲမဲ​လေး။
​​ယွန်တန်​လေးက​​ရှေ့က​ပြေး ​ယွန်းဂီက​နောက်ကဖိနပ်ကိုင်ပြီးလိုက်နေတာ ဧည့်ခန်းမှာပဲဝိုင်းကြီးလည်​နေသည်။
လိုက်​နေရင်း ​ယွန်းဂီက​မောလို့နားသွားရင်ချလူ​လေးနဲ့ယွန်တန်​လေးကလည်းလိုက်နားပြီး ​ယွန်းဂီနောက်ကပြန်လိုက်တာနဲ့ခုံ​အောက်တွေထဲဝင်ပုန်း၊ဧည့်ခန်းကိုပတ်​ပြေး​နေ​တော့ ချလူသံ​တွေ​ရော ​ယွန်းဂီအော်သံ​တွေ​ရော တစ်အိမ်လုံးဟိန်း​နေသည်။​ယွန်းဂီ အဲ့​ခွေး​လေးကိုမရိုက်လိုက်ရရင် ဒီ​နေ့တစ်​နေလုံးစားဝင်အိပ်​ပျော်ဖြစ်မှာမဟုတ်လို့ အားတက်တ​ရော​ မ​မောနိုင်မပန်းနိုင် ​နောက်က​ပြေးလိုက်တုန်းဖြူဖြူသွယ်သွယ်​ခြေ​ချောင်းရှည်ရှည်လေး​​တွေကို သူ့မျက်စိ​ရှေ့မြင်ရ​တော့မှ​သူ့​ခြေ​ထောက်​တွေလည်းရပ်တန့်သွား​တော့သည်။သူ​မော့ကြည့်လိုက်​တော့ ​ခြေ​ချောင်းသွယ်သွယ်​တွေပိုင်ရှင်ကမ​နေ့ညကသူနဲ့က​​တောက်ကဆဖြစ်သွားတဲ့ကင်မ်ထယ်​ယောင်း။
"ခင်ဗျားဘာလုပ်​နေတာလဲ"
​ယွန်းဂီလက်ထဲကဖိနပ်ပါးကို ကြည့်ပြီး​အေးတိ​အေးစက်​မေးလာတဲ့ထယ်​ယောင်း။
"ဟို...ဟိုခြင်​တွေ​ပေါလို့ လိုက်ရိုက်​နေတာပါ...ဟီးဟီး"
​ယွန်းဂီရှိသမျှသွား​တွေအကုန်ဖြဲပြီး ဖိနပ်ကိုပြန်ချပြီးစီးကာ ထယ်​ယောင်းကို​ပြော​တော့ ထယ်​ယောင်းကဘာမှပြန်မ​ပြောပဲသူ့ကိုမျက်ခုံးများကျုံ့၍သာကြည့်နေသည်။ဒီအကြည့်​တွေက ထယ်​ယောင်းနဲ့သူပထမဆုံး​တွေ့တုန်းကအကြည့်ခံရသလိုမျိုး။​ယွန်းဂီအတွက်​​​တော့ ထယ်​​ယောင်းအကြည့်​တွေကအရမ်းသူစိမ်းဆန်ပြီး သူ့ကိုဝမ်းနည်း​စေသည်။
"ခင်ဗျားမပြန်​သေးဘူးလား"
"မပြန်ပါဘူး ကိုယ်​ထယ်​ယောင်းကို​စောင့်​ရှောက်​ပေးမယ်
​လို့​ပြောထားတာပဲ...မမကမ​တောင်းဆိုရင်​တောင်ကိုယ်က​စောင့်​ရှောက်​ပေးချင်တာမို့မပြန်ဘူး...မမပြန်လာရင်ပြန်မယ်...ပြီး​တော့...ဒီအိမ်မှာထယ်​ယောင်းတစ်​ယောက်တည်း...ကိုယ်စိတ်မချဘူး"
မင်ယွန်းဂီစကားကိုသူကယုံမယ်ထင်​နေလား?မမကိုလိုချင်လို့သူ့ကိုအချိုသပ်​နေတာ။​မျောမပါသွားနဲ့ကင်မ်ထယ်​ယောင်း။
"ခင်ဗျားဘာသာမပြန်တာ​နော် ကျွန်​တော်က​တော့မကြိုဆိုဘူး"
"သိပါတယ်...ကိုယ်က​နေချင်တာပါ"
သူ​ပြောတာကိုပြန်မ​ပြောပဲ ​အောက်မှာမျက်နှာငယ်လေးနဲ့ကြည့်​နေတဲ့ ကင်မ်ယွန်တန်ကိုချီလိုက်တဲ့ထယ်​ယောင်း။
ဟို​သောက်​ခွေးမသား​​လေးက ခုနက​တော့သူမဟုတ်သလိုပတ်​ပြေး​နေပြီးခုကျ​တော့ချက်ချင်းကိုငြိမ်ကျသွားတာ။
"ကျွန်​တော့်သားကို ခင်ဗျားတစ်ခုခုလုပ်ထား​သေးလား"
"မ..မလုပ်ပါဘူး"
သူပြန်​ပြောတာကို အာရုံမရပဲတစ်ခုခုကိုအနံ့လိုက်ခံ​နေတဲ့ထယ်​ယောင်း။အနံ့ခံ​နေရင်းသူ့နားကပ်လာ​တော့ နှာ​ခေါင်းကိုလက်နဲ့ပိတ်လိုက်ပြီးမျက်​မှောင်ကျုံ့၍သူ့ကိုကြည့်လာသည်။
"ကျစ်!ခင်ဗျားနားကဘာနံ့ကြီးလဲ နံလိုက်တာ"
"အာ...အဲ့ဒါခုနက ထယ်​ယောင်းရဲ့သားကကိုယ့်အ​ပေါ်ကို​သေး​ပေါက်ချသွားတာ"
"အဲ့ဒါဆိုလည်း မြန်မြန်သွားလဲ​လေဗျာ
ကျွန်တော့်သားကို​တော့အပြစ်လာမ​ပြောနဲ့
က​လေးကဘာသိမှာလဲ"
"​အော်...အင်းပါ"
​​နောက်ဆုံး​တော့လည်း ​သေး​ပေါက်ချခံရအောင်​နေတဲ့သူ့အပြစ်​ပေါ့။သူ့​ခွေးကို​တော့တစ်ခွန်းမဟဘူး။ဟို​သောက်​ခွေးမ​သား​လေးက အခု​တော့သူ့သခင်လက်​ပေါ်က​နေသူ့ကိုဘာမှမဖြစ်ခဲ့သလိုမျိုးကြည့်​နေတာ။ကင်မ်ထယ်​ယောင်းလစ်ကြည့်...အဲ့​ခွေးမသား​လေးကို တစ်ချက်​လောက်ကန်မှာ။အခု​တော့နံ​စော်​နေတာကို ပြန်လုပ်ရဦးမယ်။မနက်မိုးလင်းတည်းက ​သောက်လုပ်​တွေကြီးပဲ​။
"ကိုယ်မြန်မြန်သွားလဲလိုက်မယ်
​ကျောင်းလိုက်ပို့မှာမို့ ​စောင့်​နေ​နော်"
"ယွန်တန်လေးကဗိုက်ဆာလို့လား အာပါး​ကျွေးမယ်​နော်"
သူ​ပြောတာကို ပြန်မ​ဖြေပဲ​ခွေးကိုပဲ သည်းပြ​နေတဲ့ထယ်​ယောင်းကို​ဒေါသ​တော့ထွက်​ပေမယ့် သည်းခံပြီးသာ​ရေပြန်ချိုးဖို့တက်လာရ​တော့သည်။ဒီဟာ​လေး​နဲ့​တွေ့မှပဲ သူလည်းသည်းခံတတ်လာတာဆိုတာ ​သူကိုယ်သူ​တောင်ပြန်အံ့သြရသည်အထိ။
.
.
"ကိုယ်ဒီမှာပဲ​စောင့်​နေမယ်​...presentationကို
အ​ကောင်းဆုံးလုပ်လာခဲ့​နော် ထယ်​ယောင်း"
"......"
သူဖွင့်​ပေးတဲ့ကားတံခါးက​နေ သူ့ကိုဘာတစ်ခွန်းမှပြန်မ​ဖြေပဲထွက်သွားတဲ့ထယ်​ယောင်းကို ​ယွန်းဂီသက်ပြင်းချရင်းသာ​ကြည့်​နေသည်။အမှန်ဆိုသူကစိတ်​ကောက်ရမှာမဟုတ်ဘူးလား?အဲ့ဟာ​လေးက မမလည်းမ​တောင်းဆိုပဲလိမ်ပြီးသူ့အိမ်မှာလာနေခိုင်းတာ​လေ။စိတ်​ကောက်သင့်တာ သူမဟုတ် လား?ဟူး...တစ်ကယ်နားလည်ရခက်တယ်...ကင်မ်ထယ်​ယောင်းက။
.
.
.
​ယွန်းဂီ ကားထဲမှာပဲထယ်​ယောင်းကို​စောင့်​နေလိုက်တာ
၁နာရီ​လောက်ကြာ​တော့ပျင်းလာတာ​ကြောင့် ပျင်း​ကြောဆန့်ရင်းသမ်း​​ဝေရင်းနဲ့နမ်ဂျွန့်ဆီကိုဖုန်း​ခေါ်လိုက်သည်။​မေးစရာလည်းရှိတာ​ကြောင့်ပင်။
"သားကြီး...​နေ​ကောင်းလား"
နမ်ဂျွန် ​​ဆော့ဂျင်ဆီသွားဖို့ပြင်​နေတုန်း​​ယွန်းဂီဆီကဖုန်းလာလို့သက်ပြင်းချရင်းကိုင်လိုက်​သည်။အစ်ကို့ဆီသွားရပါမယ်ဆို သ​ကောင့်သားကဘာ​တွေ​​​​ရှည်ဦးမလဲမသိဘူး။မြန်မြန်စကားစဖြတ်ရမယ်။အစ်ကို့နားမှာသူမရှိတာနဲ့ တဝဲလည်လည်​လုပ်နေတဲ့​ဆေးဆိုးပန်းရိုက်မ​တွေကအများကြီး။သူစိတ်မချပါဘူး။
"အပို​ပြောမ​နေနဲ့ လိုရင်း​ပြော...မင်းလိုမအားဘူး"
​ယွန်းဂီ စစချင်းနမ်ဂျွန်​ပြောလာတဲ့စကား​ကြောင့် မျက်ခုံးများတွန့်ချိုးသွား​တော့သည်။အဲ့​ကောင်ကဘာ​တွေလုပ်​နေလို့မအားရသလဲ?အား​နေအစ်ကို​​​ဆော့ဂျင်နားပဲကပ်ပြီး​ကြောင်​နေတာကို။သူက​ရောအား​နေလို့လား?ကင်မ်ထယ်​ယောင်းနားမှာတစ်ရက်​လောက် လာ​နေကြည့်ပါလား?ဒီလို​ပါးစပ်ကထွက်လာမလားလို့။
"မင်းကလည်းကွာ...အို​ကေ...အို​ကေ
လိုရင်းပဲ​ပြောမယ်...စိတ်​ကောက်တာကိုဘယ်လို
​ချော့ရလဲ"
နမ်ဂျွန်စိတ်ရှုပ်စွာ သက်ပြင်းရှည်ကြီးချလိုက်သည်။ဒါ​လေး​မေးဖို့ကို ဖုန်းဆက်တာတဲ့လား?သူ့ရဲ့​ရွှေလိုအဖိုးတန်တဲ့အချိန်​တွေကအစ်ကို့နားမှာပဲဖြုန်းတီးရမှာ​လေ။
"မင်းဟာ​လေး​ကောက်​နေတာဆိုရင် အာဘွားသာ​ပေးလိုက်
ချက်ချင်းစိတ်​ကောက်တာ​ပြေသွားလိမ့်မယ်...ဒါပဲ"
နမ်ဂျွန်​ပြော​ပြောပြီးချင်းဖုန်းချပစ်ကာ ​သေချာဝတ်စားပြီး
မားရှိရာမိးဖိုခန်းသို့သွားရန်ပြင်​တော့သည်။မားကိုဖားမှ လိုက်လျားလိုက်လျားလုပ်လို့​ကောင်းမှာ​လေ။တစ်ဦးတည်း​သောသား​လေးဆိုပြီး မားကသာအလိုလိုက်တာ။ပါးကအသက်ကကြီး​နေပြီ..ခုထိမိဘလုပ်စာထိုင်စား​နေတုန်းလား?သူ့ကုမ္ပဏီမှာလာကူပါ့လား?လုပ်​နေလို့ မားကိုပဲအပူကပ်ရတာ။မားကလည်းသူတစ်ခွန်းဆိုအကုန်ပြီးတာမို့ ပါးကသူ့ကိုမထိရဲတာ။အစ်ကို့ကိုရမှသာ ကိုယ်တိုင်အလုပ်လုပ်ပြီးသူပဲရှာ​ကျွေးမှာ။အခု​တော့အချိန်မတန်​သေးဘူး။
​ယွန်းဂီ ​ကျသွားတဲ့ဖုန်းကို​​စိုက်ကြည့်​နေရင်းခုနကနမ်ဂျွန်​ပြောသွားတဲ့ 'အာဘွား​သာ​ပေးလိုက် ချက်ချင်းစိတ်​ကောက်​ပြေသွားလိမ့်မယ်' ဆိုတဲ့စကားကိုပြန်စဥ်းစားရင်း​ သူသာထယ်​ယောင်းကိုအာဘွား​ပေးလိုက်ရင်လို့စိတ်ကူးယဥ်ပြီးသူ့ဘာသာရှက်လို့မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီး​ခေါင်းခါ​နေ​တော့သည်။
"အား!!ကင်မ်နမ်ဂျွန်..ဘာ​တွေ​ပြောမှန်းမသိဘူး
ဒါ​ပေမယ့်...နမ်ဂျွန်ကIQ148​တောင်ရှိတာ..တစ်ကယ်အဲ့လိုလုပ်ရင်စိတ်ဆိုး​ပြေသွားမှာလား..."
​ယွန်းဂီတစ်​ယောက်တည်း​ရေရွတ်​ပြောဆို​နေရင်း ခဏကြာ​တော့ကား​စက်နှိုးကာ​တစ်​နေရာသို့သွားရန်ပြင်လိုက်သည်။ထယ်​ယောင်းကြိုက်မယ့်မုန့်နဲ့အ​အေးသွားဝယ်ရမယ်။ခဏ​နေလို့ထယ်​ယောင်းပြန်ထွက်လာရင်ဗိုက်​ဆာနေမှာမို့ သူကြိုပြင်ဆင်ထားရမယ်​လေ။မနက်စာလည်းမစားသွားဘူးမလား?
.
.
.
ဖိုင်တွဲ​တွေကိုင်ပြီးထွက်လာတဲ့ထယ်​ယောင်းမျက်နှာ​လေးကကြည်​နေသည်။​အ​ကြောင်းက​တော့သူပြင်ဆင်ထားတဲ့ presentationကအရမ်းပြည့်စုံပြီးသူ့ကို​တော်တယ်လို့
ပါ​မောက္ခ​တွေဆီကချီးကျူးခံလိုက်ရလို့ပင်။
ထယ်​ယောင်းတစ်​ယောက်တည်းပီတီဖြာကာ ​လျှောက်လာ​ရင်းကား​ပေါ်က​နေကပျာကယာဆင်းပြီး ကားတံခါးကိုအသင့်ဖွင့်​ပေးထားတဲ့​ယွန်းဂီကို​တွေ့လိုက်​တော့ မျက်နှာ​လေးကချက်ချင်းပြန်မှိုင်သွားသည်။
"အကုန်အဆင်​ပြေလာတယ်မလား ထယ်​ယောင်း"
"...."
လာတုန်းကလိုပဲ သူ​ပြောတာကိုဘာမှပြန်မ​ပြောပဲသူအသင့်ဖွင့်​ပေးထားတဲ့ကားတံခါးက​​နေတက်သွားတဲ့ထယ်​ယောင်း။
စိတ်​ကောက်​နေတဲ့လူကိုတစ်ခါမှမ​ချော့ဖူးတဲ့​ယွန်းဂီက ခု​တော့ထယ်​ယောင်း​ကြောင့်​ကြံမရဖြစ်​နေပြီဖြစ်သည်။
"ကိုယ်ထယ်​ယောင်းဖို့မုန့်​တွေဝယ်ထားတယ်
အ​နောက်မှာရှိတယ်..စားလိုက်ပါလား...ဗိုက်ဆာ​နေမှာ​ပေါ့"
"....."
"ထယ်​ယောင်းကြိုက်တယ်ဆိုတဲ့cheese cakeနဲ့ strawberry smoothieဝယ်လာတာ...ကိတ်မစားချင်ရင်​တောင်smoothie​​လေးပဲသောက်လိုက်ပါလား"
"....."
"ကိုယ်ဝယ်ထားတာ​တွေမကြိုက်လို့လား"
"......"
'ကျွီ'
​ယွန်းဂီကား​မောင်း​နေရင်း ထယ်​ယောင်းကိုစကား​တွေ​ပြော​နေ​ပေမယ့် သူ့ကိုဘာတစ်ခွန်းမှပြန်မ​ပြောတဲ့ထယ်​ယောင်း​ကြောင့် ​စိတ်တိုလာ​ကာကားကိုလမ်း​ဘေးသို့ကပ်ရပ်လိုက်သည်။ထယ်​ယောင်းကဘာကို​ကောက်​နေမှန်းမသိ​ပေမဲ့ သူ့ကိုဒီလို​ဆက်ဆံတာက​တော့လွန်တယ်​လေ။​ပြော​နေတဲ့လူကအရူးလိုပဲ။အဲ့​လောက်သူ့ဘက်က​ချော့တာ​တောင် စိတ်​ကောက်မ​ပြေနိုင်​သေးဘူးလား?
"ကိုယ့်ကိုစိတ်ဆိုး​နေတာလား"
"......"
"ကိုယ်ကဘာလုပ်မိလို့လဲ"
"......"
​ဘယ်လို​မေး​မေး​ဖြေမလာတဲ့ထယ်​ယောင်း​ကြောင့် ​​ယွန်းဂီရဲ့သည်းခံနိုင်မှုကကုန်သွားပြီဖြစ်သည်။
"ကင်မ်ထယ်​ယောင်း!!!ငါဘာလုပ်လို့မင်းကဒီလိုဖြစ်​နေတာလဲ...ဟမ်!!"
ပြတင်း​ပေါက်ကိုမျက်နှာမူ​နေတဲ့ထယ်​ယောင်းက ​ယွန်းဂီအော်​တော့မှချက်ချင်း​ခေါင်းလှည့်လာသည်။ဝိုင်းစက်သွားတဲ့မျက်လုံး​လေးများကလည်း အံ့သြမှု​တွေအပြည့်။
မင်ယွန်းဂီကအခုသူ့ကို​အော်လိုက်တာလား?အမြဲသူ့အလိုပဲလိုက်ခဲ့တဲ့​မင်ယွန်းဂီဆီက အ​အော်ခံလိုက်ရ​တော့
ရင်ထဲကဝမ်းနည်းမှုက​ဖော်ပြလို့​တောင်မရ​တော့။သူ့ကိုဒီ​လောက်​လေး​တောင်သည်းမခံနိုင်တာလား?သူလုပ်လိုက်တာကအဲ့​လောက်​တောင် မင်ယွန်းဂီကို​ဒေါသထွက်​စေတာလား?သူ့ကို​မင်ယွန်းဂီကစိတ်ပျက်စရာလို့မြင်​နေတာလား?သို့​လောသို့​လော ​မေးခွန်း​များကထယ်​ယောင်း​ခေါင်းထဲမှာ​နေရာအပြည့်ယူလာပြီး မျက်ဝန်းလှလှ​လေးနှစ်ဖက်တွင်မျက်ရည်များကချက်ချင်း​နေရာယူလာသည်။
"​ပြော​လေ!!...မင်းမှာငါ့ကိုစကားပြန်မ​ပြောချင်ရ​လောက်​အောင် ငါဘာလုပ်ထားမိလို့လဲ​!!...မင်းလိုလုပ်​ကြေးဆိုရင်
မင်းကိုငါကအဲ့လိုလုပ်ရမှာမဟုတ်လား​!!...မင်းပဲမမ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးငါ့ကိုလိမ်တာ​လေ!...ငါက​ဒေါသထွက်ရမယ့်လူပါ!!"
​ယွန်းဂီ ထယ်​ယောင်းမျက်နှာကိုတစ်ချက်မကြည့်ပဲသူ့ရင်ထဲရှိတဲ့အစိုင်အခဲ​တွေအားလုံးကို အော်ဟစ်ကာ​ပေါက်ကွဲတော့သည်။
"ခင်ဗျားကျွန်​တော့်ကိုမ​အော်နဲ့!!!"
"မင်းလည်းငါ့ကိုမ​အော်...."
ထယ်​ယောင်းရဲ့အသံစူးစူးကိုကြားမှ ​ယွန်းဂီထယ်​ယောင်းရှိရာကိုမျက်နှာလှည့်ကြည့်ကာ ပြန်​အော်ဖို့လုပ်​တော့​တွေ့လိုက်ရတဲ့မျက်ရည်များ​ကြောင့်​ပြော​နေတဲ့စကား​တွေက​လေထဲမှာတင်ရပ်သွားရသည်။
ကင်မ်ထယ်​ယောင်းမျက်နှာမှာ မျက်ရည်​တွေနဲ့။ပြီး​တော့သူ့ကိုလည်းနာနာကျည်းကျည်းကြည့်​နေ​သေးတာ။သူ​အော်မိတာမှားသွားပြီလား?​ဒေါသထွက်လာရင် ဘယ်လိုမှထိန်းမရ​တော့တဲ့သူ့​ဒေါသကိုသူသိတာ​ကြောင့် စိတ်ကို​လျော့ပြီး​​သူဘက်ကပဲစ​ခေါ်​ပေမယ့် အဲ့ဒါကိုမထီမဲ့မြင်ပြုတဲ့ထယ်​ယောင်း​ကြောင့်အခုလို​တွေဖြစ်ကုန်တာ။ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ?​အော်မိတဲ့သူ့ကိုယ်သူလား?​အော်​အောင်လုပ်တဲ့ကင်မ်ထယ်​ယောင်းကိုလား?
'​တောက်ခ်!!!!'
​ယွန်းဂီ စတီယာတိုင်ကိုလက်နဲ့ထုရင်း​တောက်​ခ်ခေါက်လိုက်တာဖြစ်သည်။အသက်ကိုဝဝရှုကာသူ့စိတ်ကိုသူတတ်နိုင်သ​လောက် မြန်မြန်ပြန်​လျော့ရင်းထယ်​ယောင်းနဲ့ပြန်​စကား​ပြောဖို့ကြိုးစား​နေတာပင်။
"ကားတံခါးဖွင့်​ပေး!!"
​ယွန်းဂီ ​စတီယာတိုင်ကိုထုရင်း​တောက်ခ်​ခေါက်လိုက်တာကိုသူ့ကိုစိတ်ဆိုးတယ်ထင်ပြီးချက်ချင်း​ပြောလာတဲ့ထယ်​ယောင်း​။
ထယ်​ယောင်းကကား​ပေါ်ကဆင်းချင်​နေတဲ့ပုံပင်။သူတမင်မသိချင်​ယောင်​ဆောင်​နေလိုက်သည်။ဒီပြသနာကိုဒီမှာပဲအပြီးရှင်းဖို့လိုသည်။​နောက်ရက်ကူးသွားရင်သူတို့ဆက်ဆံ​ရေးကပိုပြီးဆိုး​တော့မှာ။သူ့ကို​အော်​ပြောလာတဲ့အသံကလည်းတုန်ရီ​နေ​သေးသည်။သူတစ်ကယ်ပါ...ထယ်​ယောင်းငို​နေတာကိုမြင်လိုက်​တော့သူ့ကမ္ဘာကြီးပြိုသွားသလိုကိုဖြစ်သွားတာ။သူမြင်​နေကျထယ်​ယောင်းကအမြဲ​အေး​အေး​ဆေး​​ဆေးနဲ့သူ့ကိုအာဏာပြ​နေကြ။ဒီလိုမျက်ရည်​တွေနဲ့ကင်မ်ထယ်​ယောင်းကို သူစိတ်ကူး​တောင်မယဥ်ဖူးဘူး။
"ခင်ဗျားကိုဖွင့်​ပေးလို့ ​​ပြော​နေတယ်​လေ!!!"
"ကိုယ်မှားသွားတယ် ကိုယ်မ​အော်သင့်ဘူး
အဲ့ဒီအတွက်လည်းကိုယ်​တောင်းပန်ပါတယ်"
သူ​ပြော​တော့ ထယ်​ယောင်းကခဏ​တော့ငြိမ်သွားသည်။ပြီး​တော့သူ့ဘက်ကိုချက်ချင်းလှည့်လာပြီး
"ခင်ဗျားကျွန်​တော့်ကို​အော်တာ!!
ဘယ်သူမှကျွန်​တော့်ကိုအဲ့လိုမ​အော်ဖူးဘူး!!"
​ပြောပြီးတာနဲ့ချက်ချင်းပင်ခုနကထက် ပိုငိုလာတဲ့ထယ်​ယောင်း​ကြောင့် ​ယွန်းဂီစိတ်ရှုပ်​နေတာ​တွေတစ်ခါတည်း​ပျောက်ကာ​​ခေါင်းပိုကိုက်လာ​တော့သည်။သူ့ဆီက​နေဒီလိုမျိုးအ​အော်ခံလိုက်ရတာကိုကင်မ်​ထယ်​ယောင်းကအ​တော်ဝမ်းနည်းသွားတဲ့ပုံ။ငို​အောင်လုပ်မိတာသူ့အပြစ်​​တွေပဲမို့
သူလည်းဝမ်းနည်းရတာပဲ။​လော​လောဆယ်​တော့အငိုတိတ်​အောင်ဘယ်လိုလုပ်ရမလဲ?နမ်ဂျွန့်ကိုဖုန်းဆက်​မေးရမလား?မဖြစ်​သေးပါဘူး..ဒီလိုလုပ်နေရမယ့်အ​​ခြေအ​နေမဟုတ်ဘူး။
"ကိုယ်မှားသွားတယ် ကိုယ်​နောက်ထပ်ဘယ်​တော့မှ
ခုလိုထပ်မလုပ်​​တော့ဘူး..မငိုနဲ့​တော့နဲ့​နော်..ကိုယ်​တောင်းပန်ပါတယ်...ကိုယ့်အမှားပါ"
သူပြာသလဲလဲ​တောင်းပန်​တော့လည်း ဘာမှမထူးခြားလာတဲ့အ​ခြေအ​နေပင်။ထယ်​ယောင်းကငို​နေဆဲပင်။ငို​နေတာနှာ​ခေါင်းထိပ်​လေး​တွေရဲပြီး ရှိုက်​သံ​တွေပါထွက်​နေပြီဖြစ်သည်။ကျဥ်းထဲကျပ်ထဲ​ရောက်​နေတာမို့ ​ယွန်းဂီဘာမှထပ်မ​တွေး​တော့ပဲ ကားခါးပတ်ကိုဖြုတ်ပြီးငို​နေတဲ့ထယ်​ယောင်းကိုခပ်တင်းတင်းဖက်ထားလိုက်​တော့သည်။
​​ယွန်းဂီဖက်ထားတာကို ထယ်​ယောင်းအစက​တော့အတင်းရုန်းကာတွန်းဖယ်​​နေ​ပေမယ့် သူရုန်းလိုက်တိုင်းပိုပြီးဖက်လာတဲ့​ယွန်းဂီကြောင့်ဆက်မရုန်း​တော့ပဲငြိမ်ပြီးမျက် ရည်​တွေကို​ယွန်းဂီကျောပြင်​ပေါ်သို့စီး​ဆင်းခွင့်​​ပေးလိုက်​တော့သည်။
​ယွန်းဂီ သူ့ရင်ခွင်ထဲမှာငို​နေတဲ့ထယ်​ယောင်းရဲ့​ကျောပြင်​လေးကိုလက်တစ်ဖက်ကပွတ်သပ်​​ပေး​နေပြီးကျန်တစ်ဖက်ကထယ်​ယောင်း​​ခေါင်း​လေးကိုထိန်းကိုင်ထားရင်းခပ်ဖွဖွ​လေးပွတ်​ပေးကာ အငိုတိတ်လို့တိတ်ငြား​ချော့မြူ​နေ​​လေသည်​။​​ချော့တဲ့က​လေးကပိုငိုတယ်ဆိုသလိုမျိုး ထယ်​ယောင်း ​​ယွန်းဂီရင်ခွင်ထဲမှာ​ကျော​လေးတသိမ်သိမ့်တုန်​တဲ့အထိအားရပါးရငို​နေတာဖြစ်သည်။
"မငိုနဲ့​တော့​နော်...ကိုယ့်အမှားပါ...ကိုယ်​တောင်းပန်ပါတယ်...မျက်ရိုး​တွေကိုက်မယ်...မငိုနဲ့​တော့​နော်...ကိုယ်​နောက်ဆိုဘယ်​တော့မှမ​အော်​တော့ဘူး​နော်"
"ခင်ဗျားကိုမ​ခေါ်ဘူး!"
သူ့ကိုမ​ခေါ်​ဘူးဆိုပြီး သူ့ရင်ခွင်ထဲက​နေရန်ပြန်​တွေ့​နေတဲ့ထယ်​ယောင်းကို​​ယွန်းဂီတစ်ချက်ငုံ့ကြည့်ပြီးတ​ဘောတကျပြုံးလိုက်သည်။လုံးဝစကားမ​ပြောတာထက်စာရင် ခုလို​လေးပြန်​ပြောတာက​တော်​သေးတာ​ပေါ့​။
"ကိုယ့်ကိုစကားမ​ပြောပဲမ​နေပါနဲ့..ကိုယ်ထယ်​ယောင်းနဲ့
စကားမ​ပြောပဲမ​နေနိုင်ဘူး...ဖြစ်ခဲ့တာ​တွေအကုန်လုံးက
ကိုယ့်အမှားပါ...ကိုယ်ကပဲအပြစ်ရှိတဲ့လူပါ...ကိုယ့်ကိုခွင့်လွှတ်ပါ"
​ထယ်​ယောင်း ​ယွန်းဂီပြောသမျှကို​ယွန်းဂီရင်ခွင်ထဲကပဲငြိမ်ပြီးနား​ထောင်​နေသည်။​မင်ယွန်းဂီကသူ့ကို​တောင်း ပန်​နေတာဘယ်နှကြိမ်မှန်း​တောင်မသိ​တော့​​​ပေ။​ခုထိသူ့ကို​ပွေ့ဖက်​ပေးထားတဲ့​မင်ယွန်းဂီရင်ခွင်ကသူ့အတွက်​တော့တစ်ကယ့်ကိုစိတ်သက်သာရာရ​စေသည်။သူ့ကို​သေချာဂရုတစိုက်​ချော့​နေတဲ့အပြုအမူ​တွေတစ်ခုချင်းစီကို သူသ​ဘောကျသည်။သူရင်​တွေလည်းခုန်​နေပြီးဒီလိုဆက်မ​နေသင့်​ကြောင်းကိုသူ့ဦး​နှောက်အကြိမ်ကြိမ်သတိ​ပေး​နေ​ပေမယ့် လက်​တွေ့မှာ​တော့သူမျက်နှာအပ်ထားတဲ့ရင်ခွင်ကြီးထဲက​နေသူမရုန်းထွက်နိုင်သေးဘူး။
"ကိုယ့်ကိုစိတ်​ကောက်​နေတာမလား...ဟင်...
စိတ်ဆိုး​ပြေ​တော့​​နော်"
"မ​ပြေဘူး ခင်ဗျားကိုမ​ခေါ်ချင်ဘူး!!"
"ကိုယ်​အော်မိလို့လား...ဟမ်"
"ခင်ဗျားနဲ့စကားမ​ပြောချင်ဘူး!"
"ကိုယ်မှားပါတယ်လို့​ပြောပြီးပြီ​လေကွာ
စိတ်​ဆိုး​ပြေ​တော့​နော်"
သူ​ပြောတာကိုပြန်မ​​ဖြေ​တော့ပဲ သူ့ရင်ခွင်ထဲက​နေပဲ​ခေါင်း ခါပြတဲ့အတတ်က​လေး။​ယွန်းဂီ ထယ်​ယောင်းအပြုအမူကိုသ​ဘောကျစွာရယ်ပြီးဆံပင်​တွေကိုဖွ​နေရင်းမှသူ့ကိုယ်သူပြန်သတိထားမိ​သည်။သူရင်​တွေခုန်​နေသည်။သူ့ရင်ခုန်သံကိုသူ့နားက​တောင်ပြန်ကြား​နေရတာ​ကြောင့် သူ့ရင်ခွင်ထဲမှာမျက်နှာဖွက်ထားတဲ့ထယ်​ယောင်းကြားသွားမှာကို​တောင်
​ကြောက်မိသွားသည်။သူထင်တာမမှားဘူးဆိုရင် နှလုံးခုန်သံကတစ်သံတည်းမဟုတ်ဘူး။နှစ်သံ...သူအ​သေအချာကိုကြား​နေရတာ။တစ်ကယ့်ကိုမှတိုးတိုး​လေးဖြစ်တဲ့ရင်ခုန်သံနှစ်သံကို။ထယ်​ယောင်းကလည်းသူ့လိုပဲရင်ခုန်​နေတာလား?သူပဲဇ​ဝေဇဝါဖြစ်​နေတာလား??
​ယွန်းဂီ ထယ်​ယောင်းကိုရင်ခွင်ထဲက​နေထုတ်ပြီးမျက်နှာ ချင်းဆိုင်​စေလိုက်သည်။ငိုထားတဲ့ထယ်​ယောင်းမျက်နှာကရဲရဲလေးဖြစ်​နေသည်။သူပြုံးပြ​တော့ သူ့ကိုမျက်​စောင်းထိုးပြီးမျက်နှာမဲ့ပြသည်။
"ကိုယ့်ကိုစိတ်မဆိုးပါနဲ့​တော့"
"....."
"ဆက်ပြီးစိတ်ဆိုးဦးမှာလား"
"....."
'ပြွတ်စ်'
"ကိုယ်ဒီလိုပြန်​ချော့တယ်...စိတ်မဆိုးနဲ့​တော့​နော်"
​ယွန်းဂီဘယ်လိုမှကြံမရတဲ့အဆုံး နမ်ဂျွန်အကြံ​ပေးထားတာကိုသတိရပြီး တုံ့ဆိုင်းမ​နေပဲထယ်​ယောင်းညာဘက်ပါးကိုနမ်းလိုက်သည်။သူ့ကိုမျက်လုံးများပြူး ပါးစပ်အ​​ဟောင်းသား​လေးနဲ့ပြန်ကြည့်​နေတဲ့ထယ်​ယောင်း​ကြောင့် နမ်ဂျွန်အကြံ​ပေးတာကအဆင်​ပြေပါလားဟု​တွေးကာစိတ်​အေးသွားတဲ့​ယွန်းဂီ​​။
'ဂွပ်'
"ခင်ဗျားရူး​နေလား မင်ယွန်းဂီ!!!"
.
.
.
"အ!​ခွေးမသားကင်မ်နမ်ဂျွန်...အဲ့​ကောင်စကားကို
ယုံမိတာခု​တော့ ဆဲဖို့​တောင်ပါးစပ်ကဟမရ​တော့ဘူး...
ဟိုဟာ​လေးကလည်း နမ်းလိုက်တာ​လေးကိုလက်သီးနဲ့ပြန်ထိုးဖို့လို့လို့လား...​ကောင်းကျိုးမ​ပေးတဲ့ဟာ​လေး..ငါ့မှာ​​တော့​
ဒင်းကို​​​ချော့ဖို့လုပ်လိုက်တာ​လေ...နမ်းချင်တယ်များထင်​နေလား!!..အ..​အော်လို့မဖြစ်ဘူး..စိတ်​လျော့..စိတ်​လျော့"
​ယွန်းဂီ ကား​ပေါ်မှာထယ်​ယောင်း​ပေးလိုက်တဲ့ဘယ်ဘက်ပါးကပူပူ​နွေး​နွေးဒဏ်ရာကိုအခန်းထဲကမှန်မှာကြည့်ရင်းမဆီမဆိုင်နမ်ဂျွန့်ကို​ပြောဆို​နေတာပင်။ပါးက​တော်​တော်​ယောင်သွားပြီး ညို​တောင်ညို​နေပြီဖြစ်သည်။​ထယ်​ယောင်းပါးကိုနမ်းနမ်းပြီးချင်း အဆင်​ပြေသွားပြီအထင်နဲ့​ပျော်​နေတုန်း အလင်းလိုအမြန်နှုန်းနဲ့သူ့​ပါး​ပေါ်​ရောက်လာတဲ့အရာ​ကြောင့် ​​ခေါင်း​တောင်မူးသွားသည်။နှာ​ခေါင်းကလည်းပူ​​နွေးလာတာ​ကြောင့် သူလက်နဲ့သုတ်လိုက်​တော့​သွေး​တွေ။​သူ့ကိုထိုးလိုက်တဲ့ဟာ​လေးက​တော့ မျက်နှာကြီးရဲပြီးအသက်ရှုသံ​တွေကလည်းမြန်​နေပြီးသူ့ကိုဝါးစားမတတ်ကြည့်​နေတာ။
သူ့နှာ​ခေါင်း​သွေး​တွေကိုမြင်​တော့ အဲ့ဟာ​လေးကခဏ​တော့
လန့်ဖြန့်သွားကာ သူ့အိတ်ထဲကဘက်ကိုင်ပုဝါအညို​လေးကိုမြန်မြန်ထုတ်​ပေးပြီး '​သွေး​တွေသုတ်လိုက် ကျွန်​တော့်ကိုအဲ့လိုလာမကြည့်နဲ့ ပြီးရင်အိမ်ကိုမြန်မြန်​မောင်း' တဲ့။အဲ့ဒါ​လေးပဲ​ပြောသွားတာ။​တောင်းပန်ပါတယ် ရရဲ့လား?လို့တစ်ခွန်း​တောင်မဟသွားဘူး​။ဘယ်​လောက်​ဒေါသထွက်ဖို့​ကောင်းလဲ?လူကနှာ​ခေါင်း​သွေး​တွေသုတ်ပြီးထူပူသွားတဲ့ပါးတစ်ခြမ်းကို​တောင်ဂရုမစိုက်နိုင်ပဲ အိမ်ကိုအမြန်​မောင်းခဲ့ရသည်။ခြံထဲကား​ရောက်တာနဲ့ သူကားတံခါးဖွင့်​ပေးတာ​တောင်မ​စောင့်ပဲ ​ဒေါသတကြီးနဲ့အိမ်​ပေါ်ကို​ပြေးတက်သွားတဲ့ကင်မ်ထယ်​ယောင်းကတစ်ကယ့်ကို​သောက်မြင်ကပ်စရာ​လေး။
ထယ်​ယောင်းအခန်းထဲကပြတင်းပေါက်နားမှာထိုင်ရင်း ​ယွန်းဂီနမ်းသွားတဲ့သူ့ညာဘက်ပါးပြင်​လေးကိုကိုင်ကာအပြင်ကိုငေးကြည့်​နေသည်။မင်ယွန်းဂီဆိုတဲ့လူကစိတ်ဆိုး​နေရင် နမ်းရတယ်လို့ဘယ်က​နေကြားလာသလဲ?တစ်ကယ့်ကိုကျပ်မပြည့်တဲ့လူ။ဒီ​နေ့​,နေ့လည်မှာပဲဖြစ်ပျက်သွားတဲ့ကိစ္စ​တွေအများကြီးပင်။​မင်ယွန်းဂီက သူငို​နေတာကိုရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်​ပေးတယ်။သူစိတ်ဆိုး​နေတယ်ဆို​တော့ပါးကိုနမ်းပြီး​ချော့တယ်။အခုပြန်စဥ်းစား​နေရင်​တောင်သူ့နှလုံးကအခုန်မြန်​နေတုန်း။မင်ယွန်းဂီသာမမ​ကြောင့်သူ့အနားကိုမချဥ်းကပ်ခဲ့ဘူးဆိုရင် ဒီလိုအ​ခြေအ​နေ​လေးကအရမ်း​ပျော်ဖို့​ကောင်း​နေတာမလား?သူလည်းရင်ခုန်လို့ရပြီး မင်ယွန်းဂီအ​ပေါ်ကိုလည်းစည်း​တွေခြားစရာမလို​တော့ဘူး။​သူ့ဘက်ကပဲဒီလို​တွေဖြစ်​နေပြီး မင်ယွန်းဂီရဲ့ခံစားချက်​တွေကမမ့အ​ပေါ်မှာပဲရှိတာဆို​တော့ ဒီအ​​ခြေအ​နေကြီးကအရမ်း​တော့ရှက်ဖို့​ကောင်းတယ်။သူလန့်သွားလို့ထိုးလိုက်မိတဲ့မင်ယွန်းဂီရော​တော်​တော်နာသွားမလား?စိုးရိမ်​ပေမယ့်လည်း သူ့မာနကအဆင်​ပြေရဲ့လားလို့သွားမ​မေး​စေချင်ဘူး။ထယ်​ယောင်းအ​တွေး​တွေနဲ့တင် ပြတင်း​ပေါက်နားမှာထိုင်​နေတာအ​​တော်ကြာသွားသည်အထိပင်။
.
.
'​ဒေါက်...​ဒေါက်'
​ယွန်းဂီပါး​ပေါ်ကဒဏ်ရာကို ​ရေ​နွေးအိတ်နဲ့ကပ်​နေတုန်း တံခါး​ခေါက်သံကြားတာကြောင့် သွားဖွင့်ဖို့ထရသည်။ဟို​ဟာလေး​တော့မဖြစ်နိုင်ဘူး။ဒီလို​တွေဖြစ်ထားတာသူ့ကိုမျက်နှာချင်း​တောင်မဆိုင်ရဲ​လောက်ဘူး။ခြံ​​စောင့်ဦး​လေးကြီးပဲဖြစ်မယ်။
"အရမ်းနာသွား​လား ကျွန်​တော်​ဆေး​သေတ္တာလာ​ပေးတာ"
​ယွန်းဂီတွေ့လိုက်ရတဲ့ထယ်​ယောင်း​ကြောင့် အံ့သြသွား​ပေမယ့် ​ဆေး​သေတ္တာကိုအပြစ်လုပ်ထားသူပမာ ​ခေါင်း​လေးငုံ့ပြီး​ပေးလာတဲ့ထယ်​ယောင်း​ကြောင့် ခုနက​ထွက်​နေတဲ့​ဒေါသ​တွေလည်းငြိမ်းသွား​တော့သည်။
"နာတာ​ပေါ့...ဒီမှာကြည့်"
ထယ်​ယောင်း ​​ယွန်းဂီပြောလို့​မော့ကြည့်လိုက်​တော့ သူထိုးထားတဲ့​နေရာက ​​ရောင်​နေပြီးမျက်နှာ​ချော​ချောနဲ့မလိုက်မဖက်ကြည့်ရဆိုး​နေသည်။သူ့အပြစ်ပဲမို့သက်ပြင်းချပြီး ​ယွန်းဂီအခန်းထဲသို့ဝင်လိုက်​သည်။
​ယွန်းဂီအစက​တော့ သူ့ကို​ဆေး​​သေတ္တာပဲလာ​ပေးတာထင်ပြီးယူမလို့လက်လှမ်းလိုက်​ပေမယ့် ​ပေးတဲ့ထယ်​ယောင်းကလက်ကိုပြန်ရုတ်ပြီးသူ့အခန်းထဲကကုတင်​ပေါ်မှာသွားထိုင်​နေသည်။
"ကျွန်​တော်​ဆေးလိမ်း​ပေးမယ် ဒီမှာလာထိုင်ပါ"
"ရပါတယ် ကိုယ့်ဘာသာလိမ်းလိုက်မယ်"
"ကျွန်​တော့်​ကြောင့်ဖြစ်တာမို့ မျက်နှာလွှဲမ​နေနိုင်လို့​...
ဒီကိုလာဗျာ...ကျွန်​တော်နှစ်ခါမ​ပြောချင်ပါဘူးဆို"
​ယွန်းဂီလည်းထပ်ပြီးအထွန့်မတက်​တော့ပဲ ထယ်​ယောင်းထိုင်ခိုင်းတဲ့ကုတင်​​ဘေးမှာ ကျုံ့ကျုံ့​လေးဝင်ထိုင်လိုက်သည်။
​ဆေး​သေတ္တာကိုဖွင့်ပြီး သူ့ကိုဂရုတစိုက်​ဆေးလိမ်း​ပေး​နေတဲ့ထယ်​ယောင်းကို မျက်​တောင်တစ်ချက်မခတ်ပဲလိုက်ကြည့်​နေမိတဲ့​ယွန်းဂီ။အနီးကပ်မြင်​နေရတဲ့ထယ်​ယောင်းကို​ငေးမိတိုင်းသူ့ရင်ဘတ်ထဲက​​ကျယ်ကျယ်​လောင်​လောင်မြည်ဟီးသွားတာက အရင်ကအတိုင်းပဲမ​ပြောင်းလဲသွားဘူး။
"နည်းနည်းစပ်မယ်​နော်"
'အ!!'
​အရက်ပြန်နဲ့​ပေါက်သွားတဲ့နှုတ်ခမ်းနားကို ပိုးသတ်​ပေး​နေရင်းထယ်​ယောင်းသက်ပြင်းချ​နေမိတာ ဘယ်နှကြိမ်မှန်း​တောင်မသိ​တော့​ပေ။သူလုပ်လိုက်တာ ဒီ​လောက်​တောင်ဖြစ်သွားတာမို့သူအ​တော်စိတ်မ​ကောင်းဖြစ်​နေ၏။
"ခင်ဗျားဒီပုံနဲ့ဆို ညစာကိုဆန်ပြုတ်ပဲစားရမှာ
ကျွန်​တော်ပြုတ်​ပေးမယ် ပြီး​တော့ကျွန်​တော့်ကြောင့်
ခင်ဗျားဒီလိုဖြစ်သွားတာ​ပေမယ့် ခင်ဗျားအပြစ်လည်းပါတယ်​နော်"
"ကိုယ်သိပါတယ်...ဟို..ဟို..နမ်းမိလို့​တောင်းပန်ပါတယ်"
​ယွန်းဂီပြော​တဲ့နမ်းမိလို့ဆိုတဲ့စကားကိုကြား​တော့ ထယ်​ယောင်းချက်ချင်းထိုင်​နေရာက​နေမတ်တပ်ရပ်မိသည်။သူအခုထိရှက်​နေ​သေးတယ်​လေ။အဲ့လူကဘာမှမဖြစ်ခဲ့သလိုဒီကိစ္စကိုပြန်​ပြော​နေ​သေးတယ်။
"ခင်ဗျားအပြစ်ကိုသိရင်ပြီး​ရော..ကျွန်တော်ဆန်ပြုတ်သွားပြုတ်လိုက်မယ်...နာရီဝက်​လောက်​နေရင်ဆင်းလာခဲ့"
"အင်း"
ထယ်​ယောင်း​ဆေး​သေတ္တာ​တောင်ပြန်မယူနိုင်​တော့ပဲ ခပ်သုတ်သုတ်ပင်အခန်းထဲကထွက်သွားပြီး ဖုန်းက​နေဆန်ပြုတ်လုပ်နည်းကိုရှာကာ စိတ်ဝင်တစား​​​သေချာလိုက်မှတ်ပြီးမီးဖိုခန်းသို့ဝင်သွား​တော့သည်။
အခန်းထဲမှာကျန်ခဲ့တဲ့​ယွန်းဂီက​တော့ တစ်​ယောက်တည်းပြုံးပြီးကျန်​နေခဲ့သည်။
"ဒါနဲ့ အဲ့ဟာ​လေးကဆန်ပြုတ်​ရောပြုတ်တတ်လို့လား"
Kimharu4121992🌵
Taehyungieရဲ့ Rainy days​လေးလည်းအရမ်းနား​ထောင်လို့​ကောင်းတယ်​နော်🐳
ကိုယ်က​တော့ဒီရက်​တွေမှာ love me againနဲ့rainy daysပဲနား​ထောင်ဖြစ်​နေတယ်
အားရင်သွားနား​ထောင်လိုက်ကြပါဦး ​ယော်​ရောဘွန်းတို့💜
တစ်ကယ်​ကောင်းတဲ့သီချင်းနှစ်ပုဒ်မို့ အားလုံးကိုနား​ထောင်​စေချင်တာပါ🫶🏻
Zawgyi
'ဝုတ်...ဝုတ်...'
'ဝုတ်...ဝုတ်...'
"အား!!!​ခွေးမသား​လေး!!!"
'ဝုတ်...ဝုတ်'
"ခင်ဗျားဘာလုပ်​နေတာလဲ"
"မ..မလုပ်ပါဘူး"
က​လေးကဘာသိမှာလဲ"
"​အော်...အင်းပါ"
.
.
"......"
.
.
.
"သားကြီး...​နေ​ကောင်းလား"
ချော့ရလဲ"
.
.
.
"...."
"....."
"....."
"......"
'ကျွီ'
"......"
"......"
"မင်းလည်းငါ့ကိုမ​အော်...."
'​တောက်ခ်!!!!'
"ကားတံခါးဖွင့်​ပေး!!"
"ခင်ဗျားကိုမ​ခေါ်ဘူး!"
စိတ်ဆိုး​ပြေ​တော့​​နော်"
စိတ်​ဆိုး​ပြေ​တော့​နော်"
"....."
"....."
'ပြွတ်စ်'
'ဂွပ်'
.
.
.
.
.
'​ဒေါက်...​ဒေါက်'
"နာတာ​ပေါ့...ဒီမှာကြည့်"
"နည်းနည်းစပ်မယ်​နော်"
'အ!!'
"အင်း"
Kimharu4121992🌵
Continue Reading
You'll Also Like
16.9K 1.6K 34
jk:แ€แ€€แ€šแ€บแ€œแ€ญแ€ฏแ€ท แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€แ€ญแ€ฏแ€ทแ€žแ€ฌ แ€›แ€ฌแ€™แ€‡แ€ฌแ€แ€บแ€แ€ฑแ€ฌแ€บแ€‘แ€ฒแ€€ แ€‡แ€ฌแ€แ€บแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€–แ€ผแ€…แ€บแ€แ€ฒแ€ทแ€™แ€šแ€บแ€†แ€ญแ€ฏแ€›แ€„แ€บ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€Ÿแ€ฌ แ€กแ€›แ€พแ€„แ€บแ€›แ€ฌแ€™แ€€แ€ญแ€ฏแ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฒ แ€’แ€žแ€‚แ€ฎแ€›แ€ญแ€€แ€ญแ€ฏ แ€แ€ปแ€…แ€บแ€™แ€ญแ€แ€ฒแ€ท แ€žแ€ฎแ€แ€ฌแ€’แ€ฑแ€แ€ฎแ€กแ€–แ€ผแ€…แ€บ แ€žแ€™แ€ญแ€ฏแ€„แ€บแ€ธแ€กแ€žแ€…แ€บ...
1M 40.3K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
21.7K 2.1K 19
Joon แ€˜แ€ฌแ€•แ€ฒ แ€œแ€ฏแ€•แ€บแ€œแ€ฏแ€•แ€บ Joon แ€€แ€ญแ€ฏแ€แ€ปแ€…แ€บแ€แ€ฒแ€ทแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€แ€แ€ฑแ€ฌแ€ท แ€กแ€•แ€ผแ€…แ€บแ€™แ€™แ€ผแ€„แ€บแ€›แ€€แ€บแ€•แ€ซแ€˜แ€ฐแ€ธ Namjin (Unicode+Zawgi) Start date-14.4.2021 End date-15.6.2021
887K 20.2K 48
In wich a one night stand turns out to be a lot more than that.