"ပုံကြမ်းကတော့ ဆွဲထားပြီးသား
ကျွန်တော်ရထားတဲ့ခေါင်းစဥ်က လွတ်လပ်ပြီး
ကြည့်လိုက်တာနဲ့အဆင့်အတန်းတစ်ခုရှိနေရမယ့်
ဒီဇိုင်းမျိုး...အင်းမ်...မော်ဒယ်နဲ့လည်းလိုက်ရမယ့်ဒီဇိုင်းမျိုး
ဆိုတော့ နည်းနည်းတော့ဒီဇိုင်းကိုပြန်ပြင်ရမယ်ထင်တယ်
အချိန်ကရပါတယ်...လိုက်ခဲ့...ကျွန်တော့်အလုပ်ခန်းထဲကို"
မနက်ကကူညီပေးဆိုလို့ လွယ်လွယ်ခေါင်းညိတ်လိုက်မိတာ
နောင်တရလိုက်တာ။ယောင်းဖလောင်းလေးဆီကအမှတ်ရချင်ဇောနဲ့ ကူညီပေးမှာပါဆိုပြီးအာချောင်လိုက်တဲ့အကျိုး ဆက်ကမော်ဒယ်လုပ်ပေးရမယ်တဲ့။သူ့ရုပ်ကချောပြီးသားဆိုတော့မော်ဒယ်လုပ်ပေးရတာကိစ္စမရှိပေမယ့် presentationလုပ်ရင်သူပါလိုက်ပြီးထိုင်ပေးရမယ်ဆိုတော့မလုပ်ချင်ပါဘူး။ရှုပ်ရှုပ်ယှက်ယှက်တွေ။အခုမှငြင်းလည်းဟိုဟာလေးကအခက်တွေ့ဦးမှာဆိုတော့ကူညီလိုက်ပါ့မယ်လေ။
ထယ်ယောင်းခေါ်သွားတဲ့ အပေါ်ဆုံးကအလုပ်ခန်းဆိုတဲ့နေရာကတစ်ခန်းလုံးကအညိုရောင်တွေသုတ်ထားပြီးဒီဇိုင်းဆွဲထားတဲ့စာရွက်တွေကလည်းတစ်ခန်းလုံးကနံရံတိုင်းမှာကပ်ထားတာအပြည့်။ပြတင်းပေါက်အကြီးကြီးတွေနဲ့ လသာဆောင်လည်းရှိပြီးလိုက်ကာတွေကတော့အဖြူရောင်တွေနဲ့အလှတင်ထားသည်။ပြတင်းပေါက်နားမှာစက်ချုပ်စက်ကြီးနှစ်လုံးနဲ့ အင်ကျီတိုင်းချုပ်တဲ့အရုပ်တွေလည်းရှိသည်။နရံအပေါ်နားမှာနံရံကပ်မှန်ဗီရိုပါပြီး အဲ့ထဲမှာလည်းပိတ်စတွေ၊အပ်ချုပ်ပစ္စည်းတွေနဲ့ရှုပ်ပွနေသည်။တစ်ခန်းလုံးကိုချုံ့ကြည့်လိုက်ရင် တော်တော်ကိုအလုပ်ကြိုးစားတဲ့fashion designerတစ်ယောက်ရဲ့အခန်းလိုမျိုးပင်။
ထယ်ယောင်းကတော့ သူ့အလုပ်ခန်းလေးကိုသူကြည့်ပြီးဂုဏ်ယူပြုံးလေးပြုံးနေပေမယ့် ယွန်းဂီကတော့မျက်ခုံးတွေကျုံ့၊မျက်နှာကိုရှုံ့မဲ့ရင်းသာ ရှုပ်ပွနေတဲ့အခန်းတစ်ခန်းရယ်လို့သာမှတ်ချက်ချနေသည်။
"ဒါကျွန်တော့်အလုပ်ခန်းလေ ဘယ်လိုလဲ"
သူ့ကိုကြွားသလိုလိုနဲ့ ချီးကျူးပေးစေချင်သလိုမေးစေ့ကိုလက်ညှိးလေးနဲ့ပွတ်ပြီးမေးလာတဲ့ထယ်ယောင်းကြောင့် မသိမသာသက်ပြင်းချလိုက်ရင်း လိမ်ပြောဖို့သာပြင်ရတော့သည်။အမှန်အတိုင်း ရှုပ်ပွညစ်ပတ်ပြီးမျက်စိနောက်စရာအခန်းလို့ပြောကြည့်ပါလား?သူ့အတွက်မတွေးရဲစရာ။
"ဝါး....ကိုယ်ဒီလိုဒီဇိုင်းနာတစ်ယောက်ရဲ့အခန်းကိုအခုမှ
ပထမဆုံးမြင်ဖူးတာပဲ...မိုက်လိုက်တာ...ဒါတွေကထယ်ယောင်းဆွဲထားတဲ့ဒီဇိုင်းတွေလား...ဝါး...မိုက်တယ်"
သူမုသားတစ်ပိသာလောက်ထည့်ပြီးပြောလိုက်တော့ သူ့အဖြေကိုမျှော်လင့်နေတဲ့ဟာလေးကမျက်လုံးအရောင်လေးတွေပိုတောက်သွားပြီး လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့တစ်ယောက်တည်းပြုံးပြီးရှေ့ကထွက်သွားတာ မူလတန်းကလေးတစ်ယောက်လိုပင်။
"မမအခန်းကကျွန်တော့်အခန်းထက်ပိုမိုက်တယ်
ဒါပေမယ့် ကျွန်တော့်အခန်းကိုပဲပိုကြိုက်တယ်
မမအခန်းကဟိုရှေ့ကအခန်းလေ...ကြည့်ချင်လား"
သူမေးလိုက်တော့ရှေ့ကမင်ယွန်းဂီမျက်နှာက အရောင်တွေတလက်လက်နဲ့အရမ်းတွေကြည့်ချင်နေတဲ့ပုံစံ။
"ကြည့်ချင်တာပေါ့"
သူထင်ထားတဲ့အတိုင်းဖြေလာတဲ့လူ။သူကရောပြမယ်ထင်လား?နိုး!!!
"ဘာလို့ပြရမှာလဲ...ကျွန်တော်တောင်မမအလုပ်ခန်းထဲ
သိပ်မဝင်ဖူးဘူး...ဒါကfashion designerတွေလိုက်နာရမယ့်အချက်ထဲကတစ်ခုပဲ...ခင်ဗျားကလေ..ဘာမှမသိဘူး"
"အော်...ကိုယ်မသိလို့ပါ"
တွေ့လား?စကားပြောပုံကို။မပြနိုင်ရင်လည်း ဘာလို့ကြည့်ချင်လားလို့ လားမေးသေးလဲ?တစ်ကယ်ကိုပါလေ..အကြောတင်းအကြောမာမနိုင်စိန်လေး။အခုတော့ သူကပဲနလပိန်း တုံးလိုလိုဘာလိုလိုနဲ့ ပြောလိုက်တဲ့ပုံစံက။သူလည်းကြည့်ချင်လို့ကြည့်ချင်တယ်ဖြေတာပေါ့။သပ်သပ်လူကိုနှိမ်သွားတာ။
"လာ...အရင်ဆုံးဟိုမှာထိုင်နေ"
"ဘာလို့လဲ"
"ခင်ဗျားနဲ့လိုက်မယ့်ပုံစံကို ကျွန်တော်ဆွဲထားတာနဲ့
ပြန်ချိန်ပြီး ပြင်သင့်တာပြင်မလို့"
"ဒီတိုင်းကြီးထိုင်နေရမှာလား"
"ဟင့်အင်း...မထိုင်နဲ့...ခြေထောက်တစ်ချောင်းခေါင်းပေါ်တင်ထားလိုက်...ခင်ဗျားကလေအရမ်းစကားများတာပဲ
ကျွန်တော့်အစ်မ စကားများတဲ့လူတွေကိုသဘောမကျဘူးနော်...ခင်ဗျားကိုနည်းနည်းလေးခင်လာလို့ပြောပြတာ"
ယွန်းဂီ စကားအစမှာရွဲ့ပြီးပြောလိုက်တဲ့စကားကြောင့်
ဒေါသထွက်ချင်ပေမယ့် သူ့ကိုနည်းနည်းခင်လာတယ်နော်ဆိုပြီးရင်းရင်းနီးနီးပြောဆိုလာတဲ့ထယ်ယောင်းကြောင့်
ရှေ့သွားသေးသေးလေးတွေကိုစိပြီး နှာခေါင်းလေးရှုံ့ကာရယ်မိတော့သည်။ထယ်ယောင်းကပုံကြမ်းစာအုပ်လေးကိုသာကြည့်နေပြီး နှုတ်ခမ်းတထော်ထော်နဲ့သူ့ကိုပြောနေပုံက တစ်ကယ်ချစ်ဖို့ကောင်းတာမို့ သူတောင်အသည်းယားသွားသည်။
"နည်းနည်းခင်လာလို့...ဟုတ်လား"
"အင်းလေ...နည်းနည်းလေးပါ...မဆိုသလောက်လေး...
ဒီလောက်လေး...."
ဒီဇိုင်းစာရွက်ကိုမျက်မှန်ဝိုင်းလေးတပ်ပြီးကြည့်နေတာကြောင့် မြင်နေကျနဲ့ကွဲထွက်နေတဲ့အသွင်အပြင်နဲ့ သူ့ကိုမျက်နှာလေးရှုံ့ပြီးလက်မထိပ်လေးနဲ့ လက်ညှိုးရဲ့ပထမအဆစ်လေးကိုထိပြီး'ဒီလောက်လေး'လို့သရုပ်ပြနေတဲ့ထယ်ယောင်းအပြုအမူလေးကချစ်ဖို့ကောင်းလွန်းနေတာကြောင့် ယွန်းဂီမနေနိုင်တော့ပဲထိုင်ခုံကနေထကာ ထယ်ယောင်းခေါင်းလေးကိုသွားဖွမိတော့သည်။
"ချစ်စရာလေးကွာ"
ဒီဇိုင်းပုံကြမ်းကိုအာရုံစိုက်ကြည့်နေတုန်း ရုတ်တရက်ခေါင်းပေါ်ရောက်လာတဲ့နူးညံ့တဲ့အထိအတွေ့ကြောင့် မော့ကြည့်လိုက်တော့ မင်ယွန်းဂီကသွားပိစိလေးတွေပေါ်တဲ့အထိပြုံးပြီးသူ့ဆံပင်တွေကိုဖွနေတာပင်။ဒီလိုအပြုအမူမျိုးက သူနဲ့သိပ်ပြီးတရင်းတနီးမရှိတာမို့ သူ့နှလုံးသားထဲထိနွေးထွေးသွားတာတော့အမှန်ပေ။မမကတော့သူ့ကိုတစ်ခုခုနှစ်သိမ့်ပေးတိုင်း၊ချီးကျူးပေးတိုင်းခေါင်းပဲပွတ်ပေးလေ့ရှိတာမို့ ဒီလိုသူ့ဆံပင်ကိုဖွဖူးတဲ့လူကတော့ အခုသူ့ကိုမျက်လုံးကျဥ်းကျဥ်းများမှိတ်တဲ့အထိပြုံးနေတဲ့မင်ယွန်းဂီကပထမဆုံးပင်။
သူလည်းဒီလိုအခြေအနေကိုသဘောကျနေတာကြောင့်ငြင်းဆန်ဖို့ကိုပင်မေ့ပြီး ငြိမ်ခံနေမိသည်။ရင်ဘတ်ထဲကနှလုံးကခုန်လာတော့မှ သတိဝင်လာပြီးငြင်းဖို့ပြင်ရတော့သည်။
"ခင်ဗျားဘာလုပ်တာလဲ"
ယွန်းဂီလည်း ထယ်ယောင်းပြောတော့မှသတိထားမိတော့
သူ့သစ္စာဖောက်လက်တစ်ဖက်က ထယ်ယောင်းခေါင်းပေါ်ရောက်နှင့်နေပြီးဖြစ်သည်။သူ့ဘာသာတောင် ဒီနားထိဘယ်လိုရောက်လာမှန်းမသိလိုက်ပေ။အောက်ကိုငုံ့ကြည့်တော့လည်းခုနကထိချစ်ဖို့ကောင်းအောင်ပြုမူနေတဲ့ထယ်ယောင်းက အခုကျတော့ကျားပေါက်လေးတစ်ကောင်လိုအသွင်ပြောင်းသွားတာကြောင့် လက်တွေကိုပြန်ရုတ်ပြီးဆင်ခြင်ပေးရတော့သည်။
"အာ...ခုနကထယ်ယောင်းလုပ်နေတာလေးကချစ်ဖို့ကောင်းနေတော့...အသည်းယားသွားလို့...ဆောရီး"
အာ...ဒီလူကတော့...ဘာကိုချစ်ဖို့ကောင်းတာလဲ?ဘာကိုအသည်းယားတာလဲ?အဲ့လူနဲ့ခပ်ကင်းကင်းနေပါမယ်ဆိုမှ
အဲ့လူကလာလာကပ်နေတာ။ရင်ဘတ်ထဲကနှလုံးကလည်းသေချာမသိပဲ အဲ့လူပြောတာတွေကိုခုန်နေပြန်ပြီ။
"ဖယ်...လက်ကို"
"အင်းပါ"
"ဟိုမှာပြန်ထိုင်နေ...ထဆိုမှထ"
"အင်း...အင်း"
ယွန်းဂီသွားဖွမိလိုက်တဲ့ထယ်ယောင်းဆံပင်ပျော့ပျော့လေးတွေကိုပြန်ပုံသွင်းပေးလိုက်ပြီး ထိုင်ခုံရှိရာသို့မြန်မြန်ပြန်လျှောက်လာပြီး အကြောင်းမဲ့နံရံကပုံတွေကိုကြည့်ကာ
'ဟိုဒီဇိုင်းလေး အရမ်းလှတာပဲ' 'အဲ့ဒီဇိုင်းလေးလည်းမိုက်တယ်နော်'ဟု တစ်ယောက်တည်းလက်ညှိုးတစ်ထိုးထိုးနဲ့ရှက်ရမ်းရမ်းကာမျက်နှာရဲရဲနဲ့ အရှက်ပြေတစ်ယောက်တည်းရယ်နေတော့သည်။သူ့ကိုယ်သူလည်းဘာလို့အဲ့ဟာလေးကိုဒီလိုတွေသွားလုပ်လိုက်မိမှန်းကိုမသိတာ။
ယွန်းဂီကိုအကြည့်လွှဲပြီး ထယ်ယောင်းလည်းမနည်းစိတ်ငြိမ်အောင်ပြန်လုပ်ပြီးဒီဇိုင်းမှာသာအာရုံပြန်စိုက်ထားလိုက်သည်။မနက်ဖြန်presentationလုပ်ရမှာမို့ လိုက်တွေးနေဖို့အချိန်မရှိဘူး။
.
.
"ခင်ဗျားအင်ကျီချွတ်လိုက်ပါလား"
"ဟမ်!!!ဘာလို့လဲ"
"ကျစ်!..ခင်ဗျားရဲ့အပေါ်ထပ်အင်ကျီကိုပဲချွတ်ခိုင်းတာ"
"ဘာလုပ်ဖို့လဲ"
"ခင်ဗျားလက်တိုနဲ့လိုက်လားဆိုတာသိချင်လို့...ချွတ်ဆိုချွတ်ဗျာ..မမကစကားများတာမကြိုက်သလို...ကျွန်တော်လည်းမကြိုက်ဘူး"
အားနေမမနဲ့အကျပ်ကိုင်နေတော့တာ။ချွတ်ဆိုတော့လည်းချွတ်ပြရုံပေါ့။သူ့အသားပဲ့ပါသွားတာမှမဟုတ်တာ။
"ခင်ဗျားဘယ်ဘက်ပုခုံးကအမာရွတ်ကအကြီးကြီးပဲ ဘာဖြစ်တာလဲ"
"ဆိုက်ကယ်ပြိုင်ရင်းဖြစ်တာ"
"အဲ့လိုတောင်ဖြစ်သွားတာလား"
"အင်း..တစ်ဖက်ကဆိုင်ကယ်နဲ့ချိတ်မိပြီး လွင့်ထွက်သွားတာ
အဲ့ဒါနဲ့ဒီလိုအမာရွတ်ကြီးကျန်ခဲ့တာ"
"အိုးမိုင်ဂေါ့!!"
သူပြောတာကို မျက်လုံးလေးတွေဝိုင်းသွားတဲ့အထိအံ့သြသွားတဲ့ထယ်ယောင်းကြောင့် ယွန်းဂီလေပေါ်ရောက်သွားသလိုမာန်တက်သွားချင်တော့သည်။အဘိုးနဲ့တောင်အတိုက်အခံလုပ်ပြီးခိုးပြိုင်ခဲ့တာက ရှေ့ကဟာလေးဆီကအံ့သြခံရတော့လည်း ခံစားချက်ကတစ်မျိုးလေး။
"ခင်ဗျားတော်တော်နာသွားတယ်မလား"
"မနာပါဘူး...ခဏပဲနာတာ"
နာပေမယ့် ကြွားချင်နေတာကပိုနေတော့ယွန်းဂီ ခပ်တည်တည်နဲ့ပဲလိမ်ပြောလိုက်သည်။
"အိုး....ခင်ဗျားကတစ်ခုခုတော့တစ်ခုခုပဲ
ကျွန်တော်ဆိုအသားနာမှာအရမ်းကြောက်တာ"
အသားနာမှာကိုကြောက်တယ်ဆိုပြီး လက်သွယ်သွယ်တွေကိုကျစ်နေအောင်ဆုပ်ပြီးခန္ဓါကိုယ်လေးကိုတုန်ပြနေတဲ့ကင်မ်ထယ်ယောင်းကတစ်ကယ်ချစ်စရာလေး။
"ကိုယ်ကအဲ့အမာရွတ်ကို tattooထိုးပြီးဖုံးမလို့စဥ်းစားနေတာ...ဒါနဲ့မမကtattooထိုးတာကြိုက်ပါ့မလား...မမရဲ့typeကရော"
"မမtypeကတော့ လီယိုနာဒိုလိုမျိုးလေ
ခင်ဗျားနဲ့တော့တော်တော်ကွာတာပေါ့
တူကိုမတူတာ...နှိုင်းယှဥ်လို့ကိုမရတာ...ဒါပေမယ့်
ကျွန်တော်လည်းသေချာတော့မသိဘူးလေ"
ယွန်းဂီ ထယ်ယောင်းနဲ့စကားပြောရတာအဆင်ချောနေတာမို့ မမအကြိုက်ကိုသိချင်လို့မေးလိုက်တာလေသည်။ထယ်ယောင်းကတော့ စိတ်ဝင်တစားလက်ကအမာရွတ်ကိုကြည့်နေတုန်း မမအကြောင်းမေးလာတဲ့ယွန်းဂီကြောင့်မျက်နှာလေးခဏတော့ပျက်သွားသည်။ထယ်ယောင်းဖြေမယ့်အဖြေကိုသာသိချင်နေတဲ့ယွန်းဂီကတော့မဲ့သွားတဲ့မျက်နှာလေးကိုမတွေ့လိုက်။
"ထယ်ယောင်းကရော"
"ကျွန်တော့်ကိုဘာလို့မေးတာလဲ"
"ကိုယ်သိချင်လို့ပေါ့"
သူတစ်ကယ်သိချင်နေတာပင်။ထယ်ယောင်းကရောtattooထိုးတဲ့ယောကျာ်းတစ်ယောက်ကိုဘယ်လိုမြင်လဲ?ဆိုတာကိုသိချင်တာကြောင့်ဖြစ်သည်။
"ကျွန်တော်ကတော့ သဘောကျတယ်မကျတယ်မရှိဘူး
လူတစ်ယောက်ကသူ့လွတ်လပ်ခွင့်နဲ့သူပဲလေ....ကြိုက်တာလုပ်ခွင့်ရှိတယ်...အဲ့အမာရွတ်ကိုtattooနဲ့ဖုံးလိုက်ရင်အခုလောက်တော့ကြည့်ရမဆိုးလောက်ဘူး...ကျွန်တော့်အစ်မကtattooထိုးတဲ့ယောကျာ်းတစ်ယောက်ကိုသဘောမကျဘူးဆိုရင်တောင် ခင်ဗျားစိတ်မပျက်သွားနဲ့...ခင်ဗျားရဲ့ပုံစံအတိုင်းနေတာကမှခင်ဗျားပီသမှာ...ကျွန်တော်လည်း tattooသေးသေးလေးတစ်ခုထိုးမလို့စိတ်ကူးရှိတယ်.."
ယွန်းဂီ ထယ်ယောင်းပြောသမျှကို ပြုံးပြီးနားထောင်နေမိသည်။သူကထယ်ယောင်းထက်အသက်ကြီးပေမယ့် ထယ်ယောင်းကတော့သူ့ထက်ပိုရင့်ကျက်တဲ့ပုံ။အခုလည်းကြည့်လေ...သူ့ကိုပြောသွားတာတစ်ကယ့်ကိုမှလူကြီးတစ်ယောက်အတိုင်းပင်။ထယ်ယောင်းကအမြဲသူ့အပေါ်ကို အနိုင်ကျင့်နေတယ်လို့ထင်ရပေမယ့် အခုကျတော့လည်းသူနဲ့ရင်းနီးလာလို့များလား?သူ့အပေါ်ကိုထယ်ယောင်းကနည်းနည်းနူးညံ့လာတယ်လို့ထင်ရတယ်။
"ထယ်ယောင်းtattooထိုးချင်ရင် ကိုယ့်ကိုပြော
ကိုယ်အသိtattoo artistဆီခေါ်သွားပေးမယ်"
"အင်း"
တစ်ကယ်တော့သူtattooထိုးထားတဲ့သူတွေကိုသဘာမကျသလို tattooထိုးချင်စိတ်လည်းမရှိဘူး။ဒါပေမယ့်မင်ယွန်းဂီပြောလာတဲ့စကားကြောင့် သူလည်းအဲ့လူနည်းတူ tattooတစ်ခုလောက်ထိုးချင်လာ၍ပြောလိုက်တာပင်။မင်ယွန်းဂီကြောင့်ပဲသူ့အမြင်တွေကပါပြောင်းလဲလာခဲ့တယ်။မင်ယွန်းဂီကြောင့်ပဲtattooသေးသေးလေးတစ်ခုထိုးချင်လာခဲ့တယ်။ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးကဒီလိုမဖြစ်သင့်ဘူးဆိုတာကိုတွေးမိပြန်တော့လည်း သက်ပြင်းချရပြန်သည်။
.
.
.
"နမ်ဂျွန်အခုတလောအစ်ကို့ဆီတစ်ယောက်တည်းလာတယ်နော်...ယွန်းဂီနဲ့ရန်ဖြစ်ထားလို့လား...အရင်ကဆိုအစ်ကို့ဆိုင်ကိုနှစ်ယောက်အတူလာနေကျပါ"
"အဲ့ဒါကလား...ယွန်းဂီကအရေးမပါတာတွေလုပ်နေလို့လေ"
"ဟမ်..ဘာလို့လဲ"
"ဒီလိုအစ်ကိုရာ........."
နမ်ဂျွန် ယွန်းဂီဘာတွေအရေးမပါတာတွေလုပ်နေလဲဆိုတာကိုသေချာလက်ဟန်ခြေဟန်နဲ့သရုပ်ဖော်ပြတာကို ဆော့ဂျင်ကဂရုတစိုက်နားထောင်ရင်း ရယ်နေလေသည်။
"အော်...အဲ့ဒါကြောင့်ကိုး"
"ဟုတ်တယ်အစ်ကို...အစ်ကိုအဲ့ကောင်လေးအကြောင်းကိုသိတယ်မလား...အစ်ကိုနဲ့တူတူတစ်ကုတင်တည်းအိပ်ရမှာကိုမတူမတန်သလိုပြောတာလေ...အရမ်းလည်းရိုင်းတာသိလား...ယွန်းဂီအပေါ်ကိုလည်းအရမ်းနိုင်တာ...အဲ့ဒါကိုကျွန်တော်ကမကြိုက်တာ...မာနကလည်းကြီးသေးတယ်...ယွန်းဂီကလည်းအဲ့လိုမာနခဲလေးရဲ့အစ်မကိုမှသွားသဘောကျမိတာအစ်ကိုရာ"
"ယွန်းဂီက တစ်ကယ်ရောအစ်မထယ်ဟီးကို
သဘောကျလို့လား"
"ကျွန်တော်လည်းသေချာမသိပါဘူးဗျာ
ဒါပေမယ့်ယွန်းဂီက တစ်ခါမှတော့အဲ့လိုမဖြစ်ဖူးဘူး
အဲ့မမကိုပထမဆုံးလို့ပြောလို့ရတယ်"
"ဟုတ်လား...ယွန်းဂီကိုအစ်ကိုကplay boyထင်နေတာ
အစ်ကိုထင်ထားတာနဲ့တစ်ခြားစီပါလား...ဟားဟား"
သူထင်ထားတာလေးတွေပြောပြီး ရယ်နေတဲ့အစ်ကိုကအပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းလိုက်တာ။ပြုံးလိုက်တိုင်းပိုပိုလှသွားတဲ့နှုတ်ခမ်းဖူးဖူးလေးကိုလည်း ဘယ်သူ့ကိုမှမမြင်စေချင်တာ။နမ်ဂျွန်တစ်ယောက် ဆော့ဂျင်ရယ်နေတာကိုငေးနေရင်းမှ သဝန်တိုပြီးဘေးဘီကိုဝေ့ကြည့်လိုက်တော့ဆိုင်ထဲမှာအစ်ကို့ကိုငေးနေတဲ့ မိန်းကလေးတစ်သိုက်ကိုတွေ့လိုက်ရသည်။အဲ့မိန်းကလေးတွေကို မျက်လုံးပြူးပြရင်း'ဘာကြည့်တာလဲ'ဆိုတဲ့သဘောနဲ့မေးဆတ်ပြလိုက်တော့ အချင်းချင်းလက်တို့ပြီးသူ့ကိုမျင်စောင်းထိုးကာတိုးတိုးပြောနေကြတော့သည်။ဟွန့်...အစ်ကို့ကိုများငမ်းချင်နေကြတာ။လဲသေလိုက်ကြ။မိန်းကလေးလည်းရန်ပြန်တွေ့မှာပဲ။ငါ့အစ်ကိုချောချောကို ဘယ်သူ့ဆီကမှအကြည့်မခံစေချင်တာ။
"နမ်ဂျွန် အအေးသောက်မလား
အစ်ကိုကိုယ်တိုင်သွားဖျော်ပေးမယ်လေ"
"ကျွန်တော်လည်းလိုက်ကြည့်ချင်တယ်"
"လိုက်ခဲ့လေကွာ...ပြောစရာလိုလို့လား"
"ဟီး...အစ်ကိုကအကောင်းဆုံး"
နမ်ဂျွန်ကလက်မလေးနှစ်ချောင်းထောင်ပြရင်း ပါးချိုင့်လှလှလေးတွေပေါ်တဲ့အထိရယ်ပြတော့ ဆော့ဂျင်လည်းမနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းခါပြရင်း သဘောတကျလိုက်ရယ်မိသည်။ဆိုင်ထဲကသူတို့နှစ်ယောက်ကိုငေးနေတဲ့ကောင်မလေးတွေကို ဆော့ဂျင်ကတော့မမြင်ပေမယ့် နမ်ဂျွန်ကတော့ယောကျာ်းလေးတန်နဲ့မျက်စောင်းတစ်ချက်ထိုးကာ ဆော့ဂျင်နောက်ကိုကောက်ကောက်ပါအောင်ရထားတွဲလေးလို ဆော့ဂျင်ပုခုံးနှစ်ဖက်ကိုနောက်ကနေသူ့လက်နှစ်ဖက်နဲ့ကိုင်ရင်း ဆိုင်အနောက်ဘက်ရဲ့မီးဖိုချောင်သို့လိုက်သွားတော့သည်။တစ်ကယ်မနိုင်တဲ့နမ်ဂျွန့်ပုံစံကို ယွန်းဂီသာမြင်ရင်မိုးမွှန်အောင်ဆဲဦးမှာအသေအချာပင်။
.
.
.
.
ထယ်ယောင်း ယွန်းဂီနဲ့အတူနေ့လည်စာစားပြီးတည်းက
အလုပ်ခန်းမှာဒီဇိုင်းကိုပြန်ပြင်နေတာအခုမှပြီးသည်။ပြတင်းပေါက်အပြင်ဘက်ကိုလိုက်ကာဆွဲကြည့်တော့နေတောင်ဝင်သွားပြီ။ထယ်ယောင်းအကျင့်ကတစ်ခုခုကိုလုပ်ပြီဆိုရင် ပတ်ဝန်းကျင်ကိုပါမေ့သွားပြီးအာရုံစိုက်လုပ်တတ်ခြင်းပင်။
"ရပြီ..နောက်ဆုံးတော့ပြီးသွားပြီ
ခင်ဗျားနဲ့လုံးဝလိုက်ဖက်မယ့်ဒီဇိုင်းပဲ"
အကုန်လုံးကိုအချောသတ်ရေးဆွဲပြီး သေချာပြန်ကြည့်တော့ သူဖန်တီးရေးဆွဲထားတဲ့ဒီဇိုင်းလေးက မင်ယွန်းဂီနဲ့သာဆိုရင်အရမ်းလိုက်ဖက်သွားမှာ။မင်ယွန်းဂီရဲ့အသွင်အပြင်နဲ့လိုက်ပြီးသေချာပြန်ပြင်ထားတဲ့ဒီဇိုင်းမို့အဲ့လူတွေ့ရင်လည်းဝမ်းသာသွားမှာ။သူ့ကိုတောင် တော်လှချည်လားဆိုပြီးအံ့သြနေဦးမှာ။သူပြောတာတောင်တစ်ဖက်ကအသံပြန်မလာတာကြောင့် မျက်မှန်ချွတ်ပြီးကြည့်လိုက်တော့ မင်ယွန်းဂီကအိပ်တောင်ပျော်နေပြီဖြစ်သည်။
အမှန်တော့ဒီဇိုင်းပြန်ပြင်ဆွဲတာလေးက မင်ယွန်းဂီကိုအဲ့ရှေ့မှာထိုင်ခိုင်းထားတာနဲ့ဘာမှမဆိုင်ပေမယ့် တမင်အနိုင်ကျင့်ချင်လို့ကို အဲ့မှာထိုင်ခိုင်းထားတာ။သူ့အကြံကိုမသိတဲ့မင်ယွန်းဂီကတော့ သူ့ကိုစောင့်နေရင်းအိပ်ပျော်သွားတဲ့ပုံ။
ထယ်ယောင်းနာရီအတော်ကြာထိုင်ထားတာကြောင့် ညောင်းနေတဲ့ခါးကိုအကြောဆန့်ရင်းအိပ်နေတဲ့ယွန်းဂီဆီနှိုးဖို့သွားရတော့သည်။ယွန်းဂီနားရောက်တော့ပုခုံးကိုပုတ်ပြီးနှိုးမလို့လက်လှမ်းလိုက်ပေမယ့် ခုံပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ယွန်းဂီကြောင့် လက်ကိုနောက်ပြန်ဆုတ်ကာ ခဏလောက်ငေးကြည့်နေလိုက်သည်။စောင်းအိပ်နေတာကြောင့် ဖိအိပ်ထားတဲ့ပါးတွေကဖောင်းနေပြီးနှုတ်ခမ်းကလည်းစူထွက်နေကြောင့် ကလေးတစ်ယောက်လိုပင်ဖြစ်နေသည်မို့ ထယ်ယောင်းသဘောကျကာ ခါးကိုင်း၍ရပ်ကြည့်နေသည်။ခဏကြာတော့မှ ခါးကိုပြန်မတ်ပြီးနှိုးရတော့သည်။
"မင်ယွန်းဂီ...ထလို့ရပြီ"
သူပုခုံးကိုလှုပ်နှိုးတော့ အိပ်ချင်မူးတူးနဲ့ထလာသည်။
"အာ...အိပ်ပျော်သွားတာပဲ
ဘယ်အချိန်တောင်ရှိနေပြီလဲ"
သူအိပ်ပျော်နေတာအဲ့လောက်တောင်ရှိသွားပြီလား?
"နေတော့ဝင်သွားပြီ အိပ်ရေးဝသွားပြီမလား
ညနေစာချက်ပေးတော့...ကျွန်တော်ဗိုက်ဆာနေပြီ
မှာမစားတော့ဘူး...ကျွန်တော်အဲ့ဒါတွေချည်းမစားနိုင်ဘူး
အိမ်မှာချက်တာပဲစားချင်တာ...ခင်ဗျားမချက်တတ်လည်း
ရအောင်ချက်...ကျွန်တော့်အစ်မကိုလိုချင်ရင် ဟင်းချက်နည်းပါသင်ထား..မမကလည်းကျွန်တော့်လိုပဲ..အပြင်စာတွေမစားနိုင်ဘူး..."
သူ့ကိုပြောချင်တာတွေပြောပြီး အခန်းထဲကထွက်သွားတဲ့ဟာလေးကို တစ်ခွန်းတောင်ပြန်မပြောလိုက်ရဘူး။လူကအိပ်တစ်ဝက်နိုးတစ်ဝက်မို့ ဘာတွေပြောသွားမှန်းလည်းမသိလိုက်ဘူး။သူကြားတာတော့ ဟင်းချက်ပေးဆိုတာပဲ...ပြီးတော့မမကလိုချင်ရင်ဟင်းချက်သင်တဲ့။အခုလည်းခေါက်ဆွဲပဲပြုတ်တတ်တဲ့ငါ့ကို ဟင်းချက်ကျွေးတဲ့။အပျင်းပြေချက်ပေးတာပေါ့လေ။ချက်ပေးပြီးမှမစားနိုင်ဘူးဆိုလို့ကတော့တွေ့မယ်...ဒင်းနဲ့ငါနဲ့။
မီးဖိုချောင်ထဲမှာ အေပရွန်ဝတ်၊ဖုန်းနဲ့youtubeကဟင်းချက်နည်းတွေကြည့်ပြီးမလုပ်တတ်လုပ်တတ်နဲ့လုပ်နေတဲ့ယွန်းဂီကကုန်းကုန်းကွကွနဲ့အိမ်ထောင်ရှင်ထီးလေးတစ်ယောက်လိုပင်။မီးဖိုချောင်တစ်ခုလုံးလည်း သူ့ဖွထားမှုကြောင့်ပေပွညစ်ပတ်နေပြီး ယွန်းဂီကိုယ်တိုင်လည်းမျက်နှာမှာရောအေပရွန်မှာပါဘာတွေမှန်းမသိပေကျံနေသေးသည်။ထယ်ယောင်းကတော့ရေချိုးပြီးတော့ ဒီဇိုင်းနဲ့တွဲပြီးရှင်းပြရမယ့်အချက်အလက်တွေကိုpower pointပြင်ဆင်နေသည်။ဝယ်စားလိုက်ရင် နှစ်ယောက်လုံးပိုအဆင်ပြေပေမယ့် တမင်ယွန်းဂီကိုညစ်ပြီးချက်ပြုတ်ခိုင်းလိုက်တာဖြစ်သည်။
.
.
.
"ဖက်ထုပ်လေး အခြေအနေရော"
"ဥက္ကဌလေးအိမ်ပြန်မအိပ်တာ ဒီနေ့နဲ့ဆိုသုံးညရှိပြီလို့ပြောပါတယ်စုံစမ်းကြည့်တော့ ကင်မ်အိမ်တော်မှာနေ,နေတယ်လို့ပြောပါတယ်ဥက္ကဌကြီး"
"တစ်ခြားပြသနာရှာတာတွေရှိသေးလား"
"မရှိပါဘူးဥက္ကဌကြီး"
"ဟင်းမ်...ဒီတိုင်းဆက်စောင့်ကြည့်ခိုင်းထားလိုက်"
"ဟုတ်ကဲ့ပါ ဥက္ကဌကြီး"
သက်ပြင်းချရင်းပြောလာတဲ့ ဥက္ကဌကြီးမင်ရဲ့ပုံစံကသူ့မြေးအကြောင်းကိုတွေးပြီးစိတ်ပူနေသည်မှာသိသာလှသည်။တစ်ဦးတည်းသောမြေးလေးမို့အကုန်အလိုက်လိုက်ထားခဲ့ပြီး အမြဲအနောက်ကပဲလူလွှတ်ပြီးစောင့်ရှောက်ထားခိုင်းတာ။သူ့လူယုံတွေပြောပုံအရဆို ဖက်ထုပ်လေးကကင်မ်အိမ်တော်က
ကလေးအနားမှာပဲကပ်နေတာ အတော်ကြာပြီဟုဆိုသည်။
.
.
ယွန်းဂီ youtubeကနေကြည့်ပြီးတော့ချက်လိုက်တာထမင်းတစ်အိုးနဲ့ဟင်းတစ်ခွက်တော့ပြီးသွားပြီဖြစ်သည်။ဟင်းနာမည်ကတော့ကင်မ်ချီကျီဂဲတဲ့။သူကြည့်ထားသမျှထဲမှာ အလွယ်ဆုံးမို့ ဒါကိုရွေးချက်လိုက်တာပင်။အနံ့ကတော့မွှေးနေတာပဲ..အရသာတော့သူကိုယ်တိုင်မမြည်းကြည့်လို့မသိ။ဟင်းကျက်သွားတော့ ပင်ပန်းသွားတာကြောင့်ရေအရင်ချိုးရန်အပေါ်ထပ်သို့တက်သွားလိုက်သည်။တစ်ကိုယ်လုံးလည်းဟင်းနံ့တွေစွဲသွားနေတာကြောင့် သူ့ဘာသာတောင်မသတီတော့။ပြီးမှဟိုဟာလေးကိုထမင်းစားဖို့သွားပင့်ရမည်။
'ဒေါက်..ဒေါက်'
"ကိုယ်ဝင်လာပြီနော်"
တံခါးခေါက်တာတောင်ပြန်ဖြေသံမကြားတာကြောင့် ယွန်းဂီအသံပေးရင်းဝင်လာတော့ စာအုပ်ပုံတွေစာရွက်တွေကြားထဲမှာ စာရိုက်နေရင်းအိပ်ပျော်သွားပုံရတဲ့ထယ်ယောင်းပင်။စာရိုက်နေရင်းတန်းလန်းအိပ်ပျော်သွားတာမို့ ဖိမိထားတဲ့S keyကlaptop screenပေါ်မှာတောက်လျှောက်ရေးထားတာတော်တော်တောင် ရောက်နေပြီဖြစ်သည်။
ယွန်းဂီအဲ့ဒါကိုကြည့်ပြီးလှောင်သလိုတစ်ချက်ရယ်လိုက်ပြီးမှ ထယ်ယောင်းလက်ကိုအသာမပြီးဖယ်ပေးလိုက်သည်။
လက်ကိုဖယ်ပေးနေတုန်း နီးကပ်သွားတဲ့ခန္ဓါကိုယ်နှစ်ခုကြောင့် အိပ်နေတဲ့ထယ်ယောင်းကတော့ဘယ်လိုမှမနေပေမယ့် သူကတော့အသက်ရှုတွေမြန်လာပြီးရင်တွေခုန်လာသည်။ဒီဟာလေးနားရောက်တိုင်းဘာလို့ဒီလိုတွေဖြစ်နေတာလဲ?ဒါပေမယ့်လည်း သူမရွေ့မိပဲဒီအတိုင်းသာငြိမ်နေတုန်း။
ထယ်ယောင်းကိုငေးကြည့်နေတုန်းမှာပဲ တစ်ဖြည်းဖြည်းကပ်သွားတဲ့ယွန်းဂီမျက်နှာကထယ်ယောင်းမျက်နှာနဲ့စင်တီမီတာအနည်းငယ်လောက်သာကွာတော့သည်။အနားကိုပိုတိုးကပ်သွားတိုင်း သေချာမြင်နေရတဲ့ထယ်ယောင်းမျက်နှာပေါ်ကသွေးကြောမျှင်လေးတွေက သူ့နှလုံးခုန်သံကိုပိုအရှိန်မြင့်စေသည်။တစ်ခါမှမရဖူးတဲ့ လာဗင်ဒါလိုရေမွှေးနဲ့ကိုလည်းထယ်ယောင်းဆီကရနေတာကြောင့် ယွန်းဂီမက်မောစွာရှုရှိုက်နေမိသည်။
သူကိုယ်သူလည်းဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်နေတုန်းမှာပင်
သူ့နှုတ်ခမ်းတွေက ရှေ့ကကင်မ်ထယ်ယောင်းနှုတ်ခမ်းတွေကိုဦးတည်နေတာဖြစ်လို့ မနည်းသတိကပ်ပြီးဆတ်ကနဲပြန်ခွာလိုက်ရသည်။
"မင်းရူးနေလား ယွန်းဂီ!...မင်းရူးနေပြီလား
မင်ယွန်းဂီ!...မင်းချစ်နေတာမမကို..မင်းရင်ခုန်တာလည်းမမကိုပဲ...အသိစိတ်ကပ်ထားစမ်း!!"
ယွန်းဂီ ထယ်ယောင်းအနားကနေဝရန်တာဘက်သို့ထွက်သွားလိုက်ပြီးသူ့ပါးတွေကိုသူခပ်ဖွဖွပြန်ရိုက်ကာ သူ့ကိုယ်သူသတိပေးနေတာဖြစ်သည်။
ယွန်းဂီ သူ့လုပ်ရပ်ကိုသူလက်မခံနိုင်ဖြစ်နေတုန်းဘောင်းဘီအိတ်ကပ်ထဲကတုန်ခါလာတဲ့ဖုန်းကြောင့်
ဖွင့်ကြည့်လိုက်တော့ 'မမ'ဆီကဖြစ်တာကြောင့်စိတ်ရှုပ်နေတာတွေပျောက်သွားသည်။ဟုတ်တယ်..သူသဘောကျတာမမကို။ခုနကသူ့လုပ်ရပ်ကိုသူသေချာမသိပေမယ့် သူလိုချင်တာလည်းမမကိုပါ။သူခဏတာရောထွေးသွားတာဖြစ်မယ်။
"ဟယ်လို မမ..."
ယွန်းဂီ ခုထိစားပွဲခုံပေါ်မှာမှောက်အိပ်နေသေးတဲ့ထယ်ယောင်းကိုမနှိုးတော့ပဲမမနဲ့ဖုန်းပြောဖို့အခန်းထဲကထွက်လာလိုက်သည်။သူလောလောဆယ် ထယ်ယောင်းနဲ့လည်းစကားမပြောချင်ဘူး။မမ့အပေါ်ရော ထယ်ယောင်းအပေါ်မှာပါ လိပ်ပြာမလုံဖြစ်နေတာကြောင့်ပင်။
စားပွဲပေါ်မှာအိပ်နေတဲ့ထယ်ယောင်းကတော့ ယွန်းဂီထွက်သွားပြီးခဏကြာတော့ကျောကုန်းလေးကတသိမ့်သိမ့်တုန်လာပြီးမျက်ရည်အချို့က သူဖိအိပ်ထားတဲ့စာအုပ်တွေထဲစိမ့်ဝင်သွားသည်။ရင်ထဲကနေပါလှိုက်တက်လာတဲ့ဝမ်းနည်းမှုကြောင့် သူ့အလိုလိုကျနေတဲ့မျက်ရည်တွေကိုသူကိုယ်တိုင်လည်းတားမရ။
.
.
.
ခုနကအဖြစ်အပျက်တွေကြောင့် သူကတော့ရင်ထဲမှာတစ်မျိုးကြီးဖြစ်သွားပြီးမျက်နှာမကောင်းပေမယ့် သူ့ရှေ့ကမင်ယွန်းဂီကတော့မျက်နှာကြည်လင်နေသည်။မမနဲ့ဖုန်းပြောထားလို့ပျော်ရွှင်နေတာကျိန်းသေတာပေါ့။သူပဲအဲ့လူအပေါ်မဖြစ်သင့်တဲ့ခံစားချက်တွေဖြစ်နေတာ...သူ့ရှေ့ကလူကတော့မမကိုချစ်နေတာတဲ့လေ။အမှန်တရားပေမယ့် သူ့အတွက်ဘာလို့လက်ခံရခက်နေရတာလဲ?
"ကိုယ်ချက်ထားတာ ဘယ်လိုလဲ"
မင်ယွန်းဂီမေးတော့မှပဲသူလည်းသတိထားမိတော့တယ်။စားသာစားနေတာဘာအရသာမှန်းတောင်မသိဘူး။နည်းနည်းတော့ငံပေမယ့် စားကောင်းပါတယ်။ကျိတ်မှိတ်စားလို့တော့ရပါသေးတယ်။
"ကောင်းပါတယ်"
"ကိုယ် အိမ်ပြန်တာနဲ့ဟင်းချက်သင်တန်းတက်ဖို့စုံစမ်းပြီးပြီ"
"အင်း"
ယွန်းဂီကတော့ အားတက်သရောပြောနေပေမယ့် ထယ်ယောင်းကဆက်တောင်နားမထောင်ချင်တော့ပေ။သူပြောလိုက်တဲ့စကားကို အကောင်အထည်ဖော်ဖို့လုပ်နေတဲ့လူကအထင်ကြီးစရာတော့ကောင်းပေမယ့် အဲ့ဒါတွေကမမဖို့လေ။မမကကံကောင်းမှာပါ။
"ခုနကကိုယ့်ကို မမဖုန်းဆက်တယ်
ထယ်ယောင်းကိုဆက်မရလို့တဲ့"
"အင်း"
"ထယ်ယောင်းအကြောင်းတွေပဲ ကိုယ့်ကိုမေးတာပါ
ထယ်ယောင်းဖြေနိုင်လား အဆင်ပြေရဲ့လားမေးတာ"
"အင်း"
"ပြီးတော့...."
စကားကိုဆက်မပြောတော့တဲ့ ယွန်းဂီကြောင့်သူစားလက်စကိုရပ်ကာ ရေသောက်ရင်းယွန်းဂီမျက်နှာကိုကြည့်လိုက်သည်။
"ပြီးတော့ဘာဖြစ်လဲ"
"မမက ကိုယ်ဒီမှာနေတယ်ဆိုတာသိတော့အံ့သြသွားတယ်
ကိုယ်ရှင်းပြတော့ သူအဲ့လိုမတောင်းဆိုပါဘူးတဲ့...အဲ့ဒါ...."
"အဲ့တော့...."
သူလည်း မမဆီကအဲ့စကားကိုကြားတုန်းကအံ့သြသွားတာ။သူ့ကိုလိမ်လို့ဆိုပြီး ထယ်ယောင်းကိုဒေါသထွက်သွားသေးတာ။ဒါပေမယ့် မမကသူ့ကိုတောင်ကူညီပေးလို့ကျေးဇူးတင်နေတာကြောင့် အဲ့ဟာလေးကိုကျိတ်ပြီးကျေးဇူးတင်လိုက်သေးတာ။
"ဟုတ်တယ် မမကအဲ့လိုမတောင်းဆိုဘူး...ကျွန်တော့်ဘာသာ ခင်ဗျားကိုလိမ်လိုက်တာ..အခုခင်ဗျားပြန်ချင်တယ်ဆိုလည်းပြန်"
"ကိုယ်ဆိုလိုတာ အဲ့လိုမဟုတ်...."
သူပြောချင်တာတောင်မဆုံးသေးပဲ ထထွက်သွားတဲ့ထယ်ယောင်းကြောင့်ယွန်းဂီထမင်းစားပွဲမှာ သက်ပြင်းချရင်းသာကျန်ခဲ့တော့သည်။ထယ်ယောင်းနဲ့ပြေလည်ဖို့ကြိုးစားတိုင်း သူတို့အခြေအနေကပိုပိုဆိုးသွားသည်။ညှိလို့လည်းဘယ်တော့မှမရ။
"ကုန်အောင်တော့စားသွားပေါ့ကွာ...ဗိုက်ဆာနေတော့မှာပဲ....ကျစ်"
ထယ်ယောင်းတစ်ဝက်တစ်ပြတ်နဲ့ထားခဲ့တဲ့ စားလက်စထမင်းပန်းကန်လေးကိုကြည့်ရင်း ယွန်းဂီစိတ်ပူလို့လေပူတွေသာမှုတ်ထုတ်မိတော့သည်။ဒီလိုတွေဖြစ်ပျက်နေတာကို သူသဘောမကျလိုက်တာ။
Kimharu4121992🌵
တစ်ညလုံးV oppaရဲ့love me again လေးကိုstreamနေ့လို့ ခုမှupရတော့တယ်
နားမထောင်ရသေးရင်လည်း သွားနားထောင်လိုက်ကြဦးနော်🐳
မျက်နှာချောချော၊အသံချိုချိုလေးနဲ့တစ်ကယ့်ကိုနားထောင်ရကျိုးနပ်စေမယ့်သီချင်းလေး
သီချင်းကောင်းလေးတစ်ပုဒ်ကိုဖန်တီးပေးလို့လည်းကျေးဇူးပါကိုကို♡
Zawgyi
"ပုံၾကမ္းကေတာ့ ဆြဲထားၿပီးသား
ကြၽန္ေတာ္ရထားတဲ့ေခါင္းစဥ္က လြတ္လပ္ၿပီး
ၾကည့္လိုက္တာနဲ႔အဆင့္အတန္းတစ္ခု႐ွိေနရမယ့္
ဒီဇိုင္းမ်ိဳး...အင္းမ္...ေမာ္ဒယ္နဲ႔လည္းလိုက္ရမယ့္ဒီဇိုင္းမ်ိဳး
ဆိုေတာ့ နည္းနည္းေတာ့ဒီဇိုင္းကိုျပန္ျပင္ရမယ္ထင္တယ္
အခ်ိန္ကရပါတယ္...လိုက္ခဲ့...ကြၽန္ေတာ္႕အလုပ္ခန္းထဲကို"
မနက္ကကူညီေပးဆိုလို႔ လြယ္လြယ္ေခါင္းညိတ္လိုက္မိတာ
ေနာင္တရလိုက္တာ။ေယာင္းဖေလာင္းေလးဆီကအမွတ္ရခ်င္ေဇာနဲ႔ ကူညီေပးမွာပါဆိုၿပီးအာေခ်ာင္လိုက္တဲ့အက်ိဳး ဆက္ကေမာ္ဒယ္လုပ္ေပးရမယ္တဲ့။သူ႕႐ုပ္ကေခ်ာၿပီးသားဆိုေတာ့ေမာ္ဒယ္လုပ္ေပးရတာကိစၥမ႐ွိေပမယ့္ presentationလုပ္ရင္သူပါလိုက္ၿပီးထိုင္ေပးရမယ္ဆိုေတာ့မလုပ္ခ်င္ပါဘူး။႐ႈပ္႐ႈပ္ယွက္ယွက္ေတြ။အခုမွျငင္းလည္းဟိုဟာေလးကအခက္ေတြ႕ဦးမွာဆိုေတာ့ကူညီလိုက္ပါ့မယ္ေလ။
ထယ္ေယာင္းေခၚသြားတဲ့ အေပၚဆုံးကအလုပ္ခန္းဆိုတဲ့ေနရာကတစ္ခန္းလုံးကအညိဳေရာင္ေတြသုတ္ထားၿပီးဒီဇိုင္းဆြဲထားတဲ့စာ႐ြက္ေတြကလည္းတစ္ခန္းလုံးကနံရံတိုင္းမွာကပ္ထားတာအျပည့္။ျပတင္းေပါက္အႀကီးႀကီးေတြနဲ႔ လသာေဆာင္လည္း႐ွိၿပီးလိုက္ကာေတြကေတာ့အျဖဴေရာင္ေတြနဲ႔အလွတင္ထားသည္။ျပတင္းေပါက္နားမွာစက္ခ်ဳပ္စက္ႀကီးႏွစ္လုံးနဲ႔ အင္က်ီတိုင္းခ်ဳပ္တဲ့အ႐ုပ္ေတြလည္း႐ွိသည္။နရံအေပၚနားမွာနံရံကပ္မွန္ဗီ႐ိုပါၿပီး အဲ့ထဲမွာလည္းပိတ္စေတြ၊အပ္ခ်ဳပ္ပစၥည္းေတြနဲ႔႐ႈပ္ပြေနသည္။တစ္ခန္းလုံးကိုခ်ံဳ႕ၾကည့္လိုက္ရင္ ေတာ္ေတာ္ကိုအလုပ္ႀကိဳးစားတဲ့fashion designerတစ္ေယာက္ရဲ႕အခန္းလိုမ်ိဳးပင္။
ထယ္ေယာင္းကေတာ့ သူ႕အလုပ္ခန္းေလးကိုသူၾကည့္ၿပီးဂုဏ္ယူျပဳံးေလးျပဳံးေနေပမယ့္ ယြန္းဂီကေတာ့မ်က္ခုံးေတြက်ံဳ႕၊မ်က္ႏွာကို႐ႈံ႕မဲ့ရင္းသာ ႐ႈပ္ပြေနတဲ့အခန္းတစ္ခန္းရယ္လို႔သာမွတ္ခ်က္ခ်ေနသည္။
"ဒါကြၽန္ေတာ့္အလုပ္ခန္းေလ ဘယ္လိုလဲ"
သူ႕ကိုႂကြားသလိုလိုနဲ႔ ခ်ီးက်ဴးေပးေစခ်င္သလိုေမးေစ့ကိုလက္ညႇိးေလးနဲ႔ပြတ္ၿပီးေမးလာတဲ့ထယ္ေယာင္းေၾကာင့္ မသိမသာသက္ျပင္းခ်လိုက္ရင္း လိမ္ေျပာဖို႔သာျပင္ရေတာ့သည္။အမွန္အတိုင္း ႐ႈပ္ပြညစ္ပတ္ၿပီးမ်က္စိေနာက္စရာအခန္းလို႔ေျပာၾကည့္ပါလား?သူ႕အတြက္မေတြးရဲစရာ။
"ဝါး....ကိုယ္ဒီလိုဒီဇိုင္းနာတစ္ေယာက္ရဲ႕အခန္းကိုအခုမွ
ပထမဆုံးျမင္ဖူးတာပဲ...မိုက္လိုက္တာ...ဒါေတြကထယ္ေယာင္းဆြဲထားတဲ့ဒီဇိုင္းေတြလား...ဝါး...မိုက္တယ္"
သူမုသားတစ္ပိသာေလာက္ထည့္ၿပီးေျပာလိုက္ေတာ့ သူ႕အေျဖကိုေမွ်ာ္လင့္ေနတဲ့ဟာေလးကမ်က္လုံးအေရာင္ေလးေတြပိုေတာက္သြားၿပီး ေလးေထာင့္ဆန္ဆန္အျပဳံးေလးနဲ႔တစ္ေယာက္တည္းျပဳံးၿပီးေ႐ွ႕ကထြက္သြားတာ မူလတန္းကေလးတစ္ေယာက္လိုပင္။
"မမအခန္းကကြၽန္ေတာ္႕အခန္းထက္ပိုမိုက္တယ္
ဒါေပမယ့္ ကြၽန္ေတာ္႕အခန္းကိုပဲပိုႀကိဳက္တယ္
မမအခန္းကဟိုေ႐ွ႕ကအခန္းေလ...ၾကည့္ခ်င္လား"
သူေမးလိုက္ေတာ့ေ႐ွ႕ကမင္ယြန္းဂီမ်က္ႏွာက အေရာင္ေတြတလက္လက္နဲ႔အရမ္းေတြၾကည့္ခ်င္ေနတဲ့ပုံစံ။
"ၾကည့္ခ်င္တာေပါ့"
သူထင္ထားတဲ့အတိုင္းေျဖလာတဲ့လူ။သူကေရာျပမယ္ထင္လား?ႏိုး!!!
"ဘာလို႔ျပရမွာလဲ...ကြၽန္ေတာ္ေတာင္မမအလုပ္ခန္းထဲ
သိပ္မဝင္ဖူးဘူး...ဒါကfashion designerေတြလိုက္နာရမယ့္အခ်က္ထဲကတစ္ခုပဲ...ခင္ဗ်ားကေလ..ဘာမွမသိဘူး"
"ေအာ္...ကိုယ္မသိလို႔ပါ"
ေတြ႕လား?စကားေျပာပုံကို။မျပႏိုင္ရင္လည္း ဘာလို႔ၾကည့္ခ်င္လားလို႔ လားေမးေသးလဲ?တစ္ကယ္ကိုပါေလ..အေၾကာတင္းအေၾကာမာမႏိုင္စိန္ေလး။အခုေတာ့ သူကပဲနလပိန္း တုံးလိုလိုဘာလိုလိုနဲ႔ ေျပာလိုက္တဲ့ပုံစံက။သူလည္းၾကည့္ခ်င္လို႔ၾကည့္ခ်င္တယ္ေျဖတာေပါ့။သပ္သပ္လူကိုႏွိမ္သြားတာ။
"လာ...အရင္ဆုံးဟိုမွာထိုင္ေန"
"ဘာလို႔လဲ"
"ခင္ဗ်ားနဲ႔လိုက္မယ့္ပုံစံကို ကြၽန္ေတာ္ဆြဲထားတာနဲ႔
ျပန္ခ်ိန္ၿပီး ျပင္သင့္တာျပင္မလို႔"
"ဒီတိုင္းႀကီးထိုင္ေနရမွာလား"
"ဟင့္အင္း...မထိုင္နဲ႔...ေျခေထာက္တစ္ေခ်ာင္းေခါင္းေပၚတင္ထားလိုက္...ခင္ဗ်ားကေလအရမ္းစကားမ်ားတာပဲ
ကြၽန္ေတာ္႕အစ္မ စကားမ်ားတဲ့လူေတြကိုသေဘာမက်ဘူးေနာ္...ခင္ဗ်ားကိုနည္းနည္းေလးခင္လာလို႔ေျပာျပတာ"
ယြန္းဂီ စကားအစမွာ႐ြဲ႕ၿပီးေျပာလိုက္တဲ့စကားေၾကာင့္
ေဒါသထြက္ခ်င္ေပမယ့္ သူ႕ကိုနည္းနည္းခင္လာတယ္ေနာ္ဆိုၿပီးရင္းရင္းနီးနီးေျပာဆိုလာတဲ့ထယ္ေယာင္းေၾကာင့္
ေ႐ွ႕သြားေသးေသးေလးေတြကိုစိၿပီး ႏွာေခါင္းေလး႐ႈံ႕ကာရယ္မိေတာ့သည္။ထယ္ေယာင္းကပုံၾကမ္းစာအုပ္ေလးကိုသာၾကည့္ေနၿပီး ႏႈတ္ခမ္းတေထာ္ေထာ္နဲ႔သူ႕ကိုေျပာေနပုံက တစ္ကယ္ခ်စ္ဖို႔ေကာင္းတာမို႔ သူေတာင္အသည္းယားသြားသည္။
"နည္းနည္းခင္လာလို႔...ဟုတ္လား"
"အင္းေလ...နည္းနည္းေလးပါ...မဆိုသေလာက္ေလး...
ဒီေလာက္ေလး...."
ဒီဇိုင္းစာ႐ြက္ကိုမ်က္မွန္ဝိုင္းေလးတပ္ၿပီးၾကည့္ေနတာေၾကာင့္ ျမင္ေနက်နဲ႔ကြဲထြက္ေနတဲ့အသြင္အျပင္နဲ႔ သူ႕ကိုမ်က္ႏွာေလး႐ႈံ႕ၿပီးလက္မထိပ္ေလးနဲ႔ လက္ညိႇဳးရဲ႕ပထမအဆစ္ေလးကိုထိၿပီး'ဒီေလာက္ေလး'လို႔သ႐ုပ္ျပေနတဲ့ထယ္ေယာင္းအျပဳအမူေလးကခ်စ္ဖို႔ေကာင္းလြန္းေနတာေၾကာင့္ ယြန္းဂီမေနႏိုင္ေတာ့ပဲထိုင္ခုံကေနထကာ ထယ္ေယာင္းေခါင္းေလးကိုသြားဖြမိေတာ့သည္။
"ခ်စ္စရာေလးကြာ"
ဒီဇိုင္းပုံၾကမ္းကိုအာ႐ုံစိုက္ၾကည့္ေနတုန္း ႐ုတ္တရက္ေခါင္းေပၚေရာက္လာတဲ့ႏူးညံ့တဲ့အထိအေတြ႕ေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ မင္ယြန္းဂီကသြားပိစိေလးေတြေပၚတဲ့အထိျပဳံးၿပီးသူ႕ဆံပင္ေတြကိုဖြေနတာပင္။ဒီလိုအျပဳအမူမ်ိဳးက သူနဲ႔သိပ္ၿပီးတရင္းတနီးမ႐ွိတာမို႔ သူ႕ႏွလုံးသားထဲထိေႏြးေထြးသြားတာေတာ့အမွန္ေပ။မမကေတာ့သူ႕ကိုတစ္ခုခုႏွစ္သိမ့္ေပးတိုင္း၊ခ်ီးက်ဴးေပးတိုင္းေခါင္းပဲပြတ္ေပးေလ့႐ွိတာမို႔ ဒီလိုသူ႕ဆံပင္ကိုဖြဖူးတဲ့လူကေတာ့ အခုသူ႕ကိုမ်က္လုံးက်ဥ္းက်ဥ္းမ်ားမွိတ္တဲ့အထိျပဳံးေနတဲ့မင္ယြန္းဂီကပထမဆုံးပင္။
သူလည္းဒီလိုအေျခအေနကိုသေဘာက်ေနတာေၾကာင့္ျငင္းဆန္ဖို႔ကိုပင္ေမ့ၿပီး ၿငိမ္ခံေနမိသည္။ရင္ဘတ္ထဲကႏွလုံးကခုန္လာေတာ့မွ သတိဝင္လာၿပီးျငင္းဖို႔ျပင္ရေတာ့သည္။
"ခင္ဗ်ားဘာလုပ္တာလဲ"
ယြန္းဂီလည္း ထယ္ေယာင္းေျပာေတာ့မွသတိထားမိေတာ့
သူ႕သစၥာေဖာက္လက္တစ္ဖက္က ထယ္ေယာင္းေခါင္းေပၚေရာက္ႏွင့္ေနၿပီးျဖစ္သည္။သူ႕ဘာသာေတာင္ ဒီနားထိဘယ္လိုေရာက္လာမွန္းမသိလိုက္ေပ။ေအာက္ကိုငုံ႔ၾကည့္ေတာ့လည္းခုနကထိခ်စ္ဖို႔ေကာင္းေအာင္ျပဳမူေနတဲ့ထယ္ေယာင္းက အခုက်ေတာ့က်ားေပါက္ေလးတစ္ေကာင္လိုအသြင္ေျပာင္းသြားတာေၾကာင့္ လက္ေတြကိုျပန္႐ုတ္ၿပီးဆင္ျခင္ေပးရေတာ့သည္။
"အာ...ခုနကထယ္ေယာင္းလုပ္ေနတာေလးကခ်စ္ဖို႔ေကာင္းေနေတာ့...အသည္းယားသြားလို႔...ေဆာရီး"
အာ...ဒီလူကေတာ့...ဘာကိုခ်စ္ဖို႔ေကာင္းတာလဲ?ဘာကိုအသည္းယားတာလဲ?အဲ့လူနဲ႔ခပ္ကင္းကင္းေနပါမယ္ဆိုမွ
အဲ့လူကလာလာကပ္ေနတာ။ရင္ဘတ္ထဲကႏွလုံးကလည္းေသခ်ာမသိပဲ အဲ့လူေျပာတာေတြကိုခုန္ေနျပန္ၿပီ။
"ဖယ္...လက္ကို"
"အင္းပါ"
"ဟိုမွာျပန္ထိုင္ေန...ထဆိုမွထ"
"အင္း...အင္း"
ယြန္းဂီသြားဖြမိလိုက္တဲ့ထယ္ေယာင္းဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကိုျပန္ပုံသြင္းေပးလိုက္ၿပီး ထိုင္ခုံ႐ွိရာသို႔ျမန္ျမန္ျပန္ေလွ်ာက္လာၿပီး အေၾကာင္းမဲ့နံရံကပုံေတြကိုၾကည့္ကာ
'ဟိုဒီဇိုင္းေလး အရမ္းလွတာပဲ' 'အဲ့ဒီဇိုင္းေလးလည္းမိုက္တယ္ေနာ္'ဟု တစ္ေယာက္တည္းလက္ညိႇဳးတစ္ထိုးထိုးနဲ႔႐ွက္ရမ္းရမ္းကာမ်က္ႏွာရဲရဲနဲ႔ အ႐ွက္ေျပတစ္ေယာက္တည္းရယ္ေနေတာ့သည္။သူ႕ကိုယ္သူလည္းဘာလို႔အဲ့ဟာေလးကိုဒီလိုေတြသြားလုပ္လိုက္မိမွန္းကိုမသိတာ။
ယြန္းဂီကိုအၾကည့္လႊဲၿပီး ထယ္ေယာင္းလည္းမနည္းစိတ္ၿငိမ္ေအာင္ျပန္လုပ္ၿပီးဒီဇိုင္းမွာသာအာ႐ုံျပန္စိုက္ထားလိုက္သည္။မနက္ျဖန္presentationလုပ္ရမွာမို႔ လိုက္ေတြးေနဖို႔အခ်ိန္မ႐ွိဘူး။
.
.
"ခင္ဗ်ားအင္က်ီခြၽတ္လိုက္ပါလား"
"ဟမ္!!!ဘာလို႔လဲ"
"က်စ္!..ခင္ဗ်ားရဲ႕အေပၚထပ္အင္က်ီကိုပဲခြၽတ္ခိုင္းတာ"
"ဘာလုပ္ဖို႔လဲ"
"ခင္ဗ်ားလက္တိုနဲ႔လိုက္လားဆိုတာသိခ်င္လို႔...ခြၽတ္ဆိုခြၽတ္ဗ်ာ..မမကစကားမ်ားတာမႀကိဳက္သလို...ကြၽန္ေတာ္လည္းမႀကိဳက္ဘူး"
အားေနမမနဲ႔အက်ပ္ကိုင္ေနေတာ့တာ။ခြၽတ္ဆိုေတာ့လည္းခြၽတ္ျပ႐ုံေပါ့။သူ႕အသားပဲ့ပါသြားတာမွမဟုတ္တာ။
"ခင္ဗ်ားဘယ္ဘက္ပုခုံးကအမာ႐ြတ္ကအႀကီးႀကီးပဲ ဘာျဖစ္တာလဲ"
"ဆိုက္ကယ္ၿပိဳင္ရင္းျဖစ္တာ"
"အဲ့လိုေတာင္ျဖစ္သြားတာလား"
"အင္း..တစ္ဖက္ကဆိုင္ကယ္နဲ႔ခ်ိတ္မိၿပီး လြင့္ထြက္သြားတာ
အဲ့ဒါနဲ႔ဒီလိုအမာ႐ြတ္ႀကီးက်န္ခဲ့တာ"
"အိုးမိုင္ေဂါ့!!"
သူေျပာတာကို မ်က္လုံးေလးေတြဝိုင္းသြားတဲ့အထိအံ့ၾသသြားတဲ့ထယ္ေယာင္းေၾကာင့္ ယြန္းဂီေလေပၚေရာက္သြားသလိုမာန္တက္သြားခ်င္ေတာ့သည္။အဘိုးနဲ႔ေတာင္အတိုက္အခံလုပ္ၿပီးခိုးၿပိဳင္ခဲ့တာက ေ႐ွ႕ကဟာေလးဆီကအံ့ၾသခံရေတာ့လည္း ခံစားခ်က္ကတစ္မ်ိဳးေလး။
"ခင္ဗ်ားေတာ္ေတာ္နာသြားတယ္မလား"
"မနာပါဘူး...ခဏပဲနာတာ"
နာေပမယ့္ ႂကြားခ်င္ေနတာကပိုေနေတာ့ယြန္းဂီ ခပ္တည္တည္နဲ႔ပဲလိမ္ေျပာလိုက္သည္။
"အိုး....ခင္ဗ်ားကတစ္ခုခုေတာ့တစ္ခုခုပဲ
ကြၽန္ေတာ္ဆိုအသားနာမွာအရမ္းေၾကာက္တာ"
အသားနာမွာကိုေၾကာက္တယ္ဆိုၿပီး လက္သြယ္သြယ္ေတြကိုက်စ္ေနေအာင္ဆုပ္ၿပီးခႏၶါကိုယ္ေလးကိုတုန္ျပေနတဲ့ကင္မ္ထယ္ေယာင္းကတစ္ကယ္ခ်စ္စရာေလး။
"ကိုယ္ကအဲ့အမာ႐ြတ္ကို tattooထိုးၿပီးဖုံးမလို႔စဥ္းစားေနတာ...ဒါနဲ႔မမကtattooထိုးတာႀကိဳက္ပါ့မလား...မမရဲ႕typeကေရာ"
"မမtypeကေတာ့ လီယိုနာဒိုလိုမ်ိဳးေလ
ခင္ဗ်ားနဲ႔ေတာ့ေတာ္ေတာ္ကြာတာေပါ့
တူကိုမတူတာ...ႏိႈင္းယွဥ္လို႔ကိုမရတာ...ဒါေပမယ့္
ကြၽန္ေတာ္လည္းေသခ်ာေတာ့မသိဘူးေလ"
ယြန္းဂီ ထယ္ေယာင္းနဲ႔စကားေျပာရတာအဆင္ေခ်ာေနတာမို႔ မမအႀကိဳက္ကိုသိခ်င္လို႔ေမးလိုက္တာေလသည္။ထယ္ေယာင္းကေတာ့ စိတ္ဝင္တစားလက္ကအမာ႐ြတ္ကိုၾကည့္ေနတုန္း မမအေၾကာင္းေမးလာတဲ့ယြန္းဂီေၾကာင့္မ်က္ႏွာေလးခဏေတာ့ပ်က္သြားသည္။ထယ္ေယာင္းေျဖမယ့္အေျဖကိုသာသိခ်င္ေနတဲ့ယြန္းဂီကေတာ့မဲ့သြားတဲ့မ်က္ႏွာေလးကိုမေတြ႕လိုက္။
"ထယ္ေယာင္းကေရာ"
"ကြၽန္ေတာ္႕ကိုဘာလို႔ေမးတာလဲ"
"ကိုယ္သိခ်င္လို႔ေပါ့"
သူတစ္ကယ္သိခ်င္ေနတာပင္။ထယ္ေယာင္းကေရာtattooထိုးတဲ့ေယာက်ာ္းတစ္ေယာက္ကိုဘယ္လိုျမင္လဲ?ဆိုတာကိုသိခ်င္တာေၾကာင့္ျဖစ္သည္။
"ကြၽန္ေတာ္ကေတာ့ သေဘာက်တယ္မက်တယ္မ႐ွိဘူး
လူတစ္ေယာက္ကသူ႕လြတ္လပ္ခြင့္နဲ႔သူပဲေလ....ႀကိဳက္တာလုပ္ခြင့္႐ွိတယ္...အဲ့အမာ႐ြတ္ကိုtattooနဲ႔ဖုံးလိုက္ရင္အခုေလာက္ေတာ့ၾကည့္ရမဆိုးေလာက္ဘူး...ကြၽန္ေတာ့္အစ္မကtattooထိုးတဲ့ေယာက်ာ္းတစ္ေယာက္ကိုသေဘာမက်ဘူးဆိုရင္ေတာင္ ခင္ဗ်ားစိတ္မပ်က္သြားနဲ႔...ခင္ဗ်ားရဲ႕ပုံစံအတိုင္းေနတာကမွခင္ဗ်ားပီသမွာ...ကြၽန္ေတာ္လည္း tattooေသးေသးေလးတစ္ခုထိုးမလို႔စိတ္ကူး႐ွိတယ္.."
ယြန္းဂီ ထယ္ေယာင္းေျပာသမွ်ကို ျပဳံးၿပီးနားေထာင္ေနမိသည္။သူကထယ္ေယာင္းထက္အသက္ႀကီးေပမယ့္ ထယ္ေယာင္းကေတာ့သူ႕ထက္ပိုရင့္က်က္တဲ့ပုံ။အခုလည္းၾကည့္ေလ...သူ႕ကိုေျပာသြားတာတစ္ကယ့္ကိုမွလူႀကီးတစ္ေယာက္အတိုင္းပင္။ထယ္ေယာင္းကအၿမဲသူ႕အေပၚကို အႏိုင္က်င့္ေနတယ္လို႔ထင္ရေပမယ့္ အခုက်ေတာ့လည္းသူနဲ႔ရင္းနီးလာလို႔မ်ားလား?သူ႕အေပၚကိုထယ္ေယာင္းကနည္းနည္းႏူးညံ့လာတယ္လို႔ထင္ရတယ္။
"ထယ္ေယာင္းtattooထိုးခ်င္ရင္ ကိုယ့္ကိုေျပာ
ကိုယ္အသိtattoo artistဆီေခၚသြားေပးမယ္"
"အင္း"
တစ္ကယ္ေတာ့သူtattooထိုးထားတဲ့သူေတြကိုသဘာမက်သလို tattooထိုးခ်င္စိတ္လည္းမ႐ွိဘူး။ဒါေပမယ့္မင္ယြန္းဂီေျပာလာတဲ့စကားေၾကာင့္ သူလည္းအဲ့လူနည္းတူ tattooတစ္ခုေလာက္ထိုးခ်င္လာ၍ေျပာလိုက္တာပင္။မင္ယြန္းဂီေၾကာင့္ပဲသူ႕အျမင္ေတြကပါေျပာင္းလဲလာခဲ့တယ္။မင္ယြန္းဂီေၾကာင့္ပဲtattooေသးေသးေလးတစ္ခုထိုးခ်င္လာခဲ့တယ္။ဒါေပမယ့္ အဲ့ဒါေတြအကုန္လုံးကဒီလိုမျဖစ္သင့္ဘူးဆိုတာကိုေတြးမိျပန္ေတာ့လည္း သက္ျပင္းခ်ရျပန္သည္။
.
.
.
"နမ္ဂြၽန္အခုတေလာအစ္ကို႔ဆီတစ္ေယာက္တည္းလာတယ္ေနာ္...ယြန္းဂီနဲ႔ရန္ျဖစ္ထားလို႔လား...အရင္ကဆိုအစ္ကို႔ဆိုင္ကိုႏွစ္ေယာက္အတူလာေနက်ပါ"
"အဲ့ဒါကလား...ယြန္းဂီကအေရးမပါတာေတြလုပ္ေနလို႔ေလ"
"ဟမ္..ဘာလို႔လဲ"
"ဒီလိုအစ္ကိုရာ........."
နမ္ဂြၽန္ ယြန္းဂီဘာေတြအေရးမပါတာေတြလုပ္ေနလဲဆိုတာကိုေသခ်ာလက္ဟန္ေျခဟန္နဲ႔သ႐ုပ္ေဖာ္ျပတာကို ေဆာ့ဂ်င္ကဂ႐ုတစိုက္နားေထာင္ရင္း ရယ္ေနေလသည္။
"ေအာ္...အဲ့ဒါေၾကာင့္ကိုး"
"ဟုတ္တယ္အစ္ကို...အစ္ကိုအဲ့ေကာင္ေလးအေၾကာင္းကိုသိတယ္မလား...အစ္ကိုနဲ႔တူတူတစ္ကုတင္တည္းအိပ္ရမွာကိုမတူမတန္သလိုေျပာတာေလ...အရမ္းလည္း႐ိုင္းတာသိလား...ယြန္းဂီအေပၚကိုလည္းအရမ္းႏိုင္တာ...အဲ့ဒါကိုကြၽန္ေတာ္ကမႀကိဳက္တာ...မာနကလည္းႀကီးေသးတယ္...ယြန္းဂီကလည္းအဲ့လိုမာနခဲေလးရဲ႕အစ္မကိုမွသြားသေဘာက်မိတာအစ္ကိုရာ"
"ယြန္းဂီက တစ္ကယ္ေရာအစ္မထယ္ဟီးကို
သေဘာက်လို႔လား"
"ကြၽန္ေတာ္လည္းေသခ်ာမသိပါဘူးဗ်ာ
ဒါေပမယ့္ယြန္းဂီက တစ္ခါမွေတာ့အဲ့လိုမျဖစ္ဖူးဘူး
အဲ့မမကိုပထမဆုံးလို႔ေျပာလို႔ရတယ္"
"ဟုတ္လား...ယြန္းဂီကိုအစ္ကိုကplay boyထင္ေနတာ
အစ္ကိုထင္ထားတာနဲ႔တစ္ျခားစီပါလား...ဟားဟား"
သူထင္ထားတာေလးေတြေျပာၿပီး ရယ္ေနတဲ့အစ္ကိုကအျပစ္ကင္းစင္ၿပီးခ်စ္ဖို႔ေကာင္းလိုက္တာ။ျပဳံးလိုက္တိုင္းပိုပိုလွသြားတဲ့ႏႈတ္ခမ္းဖူးဖူးေလးကိုလည္း ဘယ္သူ႕ကိုမွမျမင္ေစခ်င္တာ။နမ္ဂြၽန္တစ္ေယာက္ ေဆာ့ဂ်င္ရယ္ေနတာကိုေငးေနရင္းမွ သဝန္တိုၿပီးေဘးဘီကိုေဝ့ၾကည့္လိုက္ေတာ့ဆိုင္ထဲမွာအစ္ကို႔ကိုေငးေနတဲ့ မိန္းကေလးတစ္သိုက္ကိုေတြ႕လိုက္ရသည္။အဲ့မိန္းကေလးေတြကို မ်က္လုံးျပဴးျပရင္း'ဘာၾကည့္တာလဲ'ဆိုတဲ့သေဘာနဲ႔ေမးဆတ္ျပလိုက္ေတာ့ အခ်င္းခ်င္းလက္တို႔ၿပီးသူ႕ကိုမ်င္ေစာင္းထိုးကာတိုးတိုးေျပာေနၾကေတာ့သည္။ဟြန္႔...အစ္ကို႔ကိုမ်ားငမ္းခ်င္ေနၾကတာ။လဲေသလိုက္ၾက။မိန္းကေလးလည္းရန္ျပန္ေတြ႕မွာပဲ။ငါ့အစ္ကိုေခ်ာေခ်ာကို ဘယ္သူ႕ဆီကမွအၾကည့္မခံေစခ်င္တာ။
"နမ္ဂြၽန္ အေအးေသာက္မလား
အစ္ကိုကိုယ္တိုင္သြားေဖ်ာ္ေပးမယ္ေလ"
"ကြၽန္ေတာ္လည္းလိုက္ၾကည့္ခ်င္တယ္"
"လိုက္ခဲ့ေလကြာ...ေျပာစရာလိုလို႔လား"
"ဟီး...အစ္ကိုကအေကာင္းဆုံး"
နမ္ဂြၽန္ကလက္မေလးႏွစ္ေခ်ာင္းေထာင္ျပရင္း ပါးခ်ိဳင့္လွလွေလးေတြေပၚတဲ့အထိရယ္ျပေတာ့ ေဆာ့ဂ်င္လည္းမႏိုင္ဘူးဆိုတဲ့သေဘာနဲ႔ေခါင္းခါျပရင္း သေဘာတက်လိုက္ရယ္မိသည္။ဆိုင္ထဲကသူတို႔ႏွစ္ေယာက္ကိုေငးေနတဲ့ေကာင္မေလးေတြကို ေဆာ့ဂ်င္ကေတာ့မျမင္ေပမယ့္ နမ္ဂြၽန္ကေတာ့ေယာက်ာ္းေလးတန္နဲ႔မ်က္ေစာင္းတစ္ခ်က္ထိုးကာ ေဆာ့ဂ်င္ေနာက္ကိုေကာက္ေကာက္ပါေအာင္ရထားတြဲေလးလို ေဆာ့ဂ်င္ပုခုံးႏွစ္ဖက္ကိုေနာက္ကေနသူ႕လက္ႏွစ္ဖက္နဲ႔ကိုင္ရင္း ဆိုင္အေနာက္ဘက္ရဲ႕မီးဖိုေခ်ာင္သို႔လိုက္သြားေတာ့သည္။တစ္ကယ္မႏိုင္တဲ့နမ္ဂြၽန္႔ပုံစံကို ယြန္းဂီသာျမင္ရင္မိုးမႊန္ေအာင္ဆဲဦးမွာအေသအခ်ာပင္။
.
.
.
.
ထယ္ေယာင္း ယြန္းဂီနဲ႔အတူေန႔လည္စာစားၿပီးတည္းက
အလုပ္ခန္းမွာဒီဇိုင္းကိုျပန္ျပင္ေနတာအခုမွၿပီးသည္။ျပတင္းေပါက္အျပင္ဘက္ကိုလိုက္ကာဆြဲၾကည့္ေတာ့ေနေတာင္ဝင္သြားၿပီ။ထယ္ေယာင္းအက်င့္ကတစ္ခုခုကိုလုပ္ၿပီဆိုရင္ ပတ္ဝန္းက်င္ကိုပါေမ့သြားၿပီးအာ႐ုံစိုက္လုပ္တတ္ျခင္းပင္။
"ရၿပီ..ေနာက္ဆုံးေတာ့ၿပီးသြားၿပီ
ခင္ဗ်ားနဲ႔လုံးဝလိုက္ဖက္မယ့္ဒီဇိုင္းပဲ"
အကုန္လုံးကိုအေခ်ာသတ္ေရးဆြဲၿပီး ေသခ်ာျပန္ၾကည့္ေတာ့ သူဖန္တီးေရးဆြဲထားတဲ့ဒီဇိုင္းေလးက မင္ယြန္းဂီနဲ႔သာဆိုရင္အရမ္းလိုက္ဖက္သြားမွာ။မင္ယြန္းဂီရဲ႕အသြင္အျပင္နဲ႔လိုက္ၿပီးေသခ်ာျပန္ျပင္ထားတဲ့ဒီဇိုင္းမို႔အဲ့လူေတြ႕ရင္လည္းဝမ္းသာသြားမွာ။သူ႕ကိုေတာင္ ေတာ္လွခ်ည္လားဆိုၿပီးအံ့ၾသေနဦးမွာ။သူေျပာတာေတာင္တစ္ဖက္ကအသံျပန္မလာတာေၾကာင့္ မ်က္မွန္ခြၽတ္ၿပီးၾကည့္လိုက္ေတာ့ မင္ယြန္းဂီကအိပ္ေတာင္ေပ်ာ္ေနၿပီျဖစ္သည္။
အမွန္ေတာ့ဒီဇိုင္းျပန္ျပင္ဆြဲတာေလးက မင္ယြန္းဂီကိုအဲ့ေ႐ွ႕မွာထိုင္ခိုင္းထားတာနဲ႔ဘာမွမဆိုင္ေပမယ့္ တမင္အႏိုင္က်င့္ခ်င္လို႔ကို အဲ့မွာထိုင္ခိုင္းထားတာ။သူ႕အၾကံကိုမသိတဲ့မင္ယြန္းဂီကေတာ့ သူ႕ကိုေစာင့္ေနရင္းအိပ္ေပ်ာ္သြားတဲ့ပုံ။
ထယ္ေယာင္းနာရီအေတာ္ၾကာထိုင္ထားတာေၾကာင့္ ေညာင္းေနတဲ့ခါးကိုအေၾကာဆန္႔ရင္းအိပ္ေနတဲ့ယြန္းဂီဆီႏိႈးဖို႔သြားရေတာ့သည္။ယြန္းဂီနားေရာက္ေတာ့ပုခုံးကိုပုတ္ၿပီးႏိႈးမလို႔လက္လွမ္းလိုက္ေပမယ့္ ခုံေပၚမွာေကြးေကြးေလးအိပ္ေပ်ာ္ေနတဲ့ယြန္းဂီေၾကာင့္ လက္ကိုေနာက္ျပန္ဆုတ္ကာ ခဏေလာက္ေငးၾကည့္ေနလိုက္သည္။ေစာင္းအိပ္ေနတာေၾကာင့္ ဖိအိပ္ထားတဲ့ပါးေတြကေဖာင္းေနၿပီးႏႈတ္ခမ္းကလည္းစူထြက္ေနေၾကာင့္ ကေလးတစ္ေယာက္လိုပင္ျဖစ္ေနသည္မို႔ ထယ္ေယာင္းသေဘာက်ကာ ခါးကိုင္း၍ရပ္ၾကည့္ေနသည္။ခဏၾကာေတာ့မွ ခါးကိုျပန္မတ္ၿပီးႏိႈးရေတာ့သည္။
"မင္ယြန္းဂီ...ထလို႔ရၿပီ"
သူပုခုံးကိုလႈပ္ႏိႈးေတာ့ အိပ္ခ်င္မူးတူးနဲ႔ထလာသည္။
"အာ...အိပ္ေပ်ာ္သြားတာပဲ
ဘယ္အခ်ိန္ေတာင္႐ွိေနၿပီလဲ"
သူအိပ္ေပ်ာ္ေနတာအဲ့ေလာက္ေတာင္႐ွိသြားၿပီလား?
"ေနေတာ့ဝင္သြားၿပီ အိပ္ေရးဝသြားၿပီမလား
ညေနစာခ်က္ေပးေတာ့...ကြၽန္ေတာ္ဗိုက္ဆာေနၿပီ
မွာမစားေတာ့ဘူး...ကြၽန္ေတာ္အဲ့ဒါေတြခ်ည္းမစားႏိုင္ဘူး
အိမ္မွာခ်က္တာပဲစားခ်င္တာ...ခင္ဗ်ားမခ်က္တတ္လည္း
ရေအာင္ခ်က္...ကြၽန္ေတာ္႕အစ္မကိုလိုခ်င္ရင္ ဟင္းခ်က္နည္းပါသင္ထား..မမကလည္းကြၽန္ေတာ္႕လိုပဲ..အျပင္စာေတြမစားႏိုင္ဘူး..."
သူ႕ကိုေျပာခ်င္တာေတြေျပာၿပီး အခန္းထဲကထြက္သြားတဲ့ဟာေလးကို တစ္ခြန္းေတာင္ျပန္မေျပာလိုက္ရဘူး။လူကအိပ္တစ္ဝက္ႏိုးတစ္ဝက္မို႔ ဘာေတြေျပာသြားမွန္းလည္းမသိလိုက္ဘူး။သူၾကားတာေတာ့ ဟင္းခ်က္ေပးဆိုတာပဲ...ၿပီးေတာ့မမကလိုခ်င္ရင္ဟင္းခ်က္သင္တဲ့။အခုလည္းေခါက္ဆြဲပဲျပဳတ္တတ္တဲ့ငါ့ကို ဟင္းခ်က္ေကြၽးတဲ့။အပ်င္းေျပခ်က္ေပးတာေပါ့ေလ။ခ်က္ေပးၿပီးမွမစားႏိုင္ဘူးဆိုလို႔ကေတာ့ေတြ႕မယ္...ဒင္းနဲ႔ငါနဲ႔။
မီးဖိုေခ်ာင္ထဲမွာ ေအပ႐ြန္ဝတ္၊ဖုန္းနဲ႔youtubeကဟင္းခ်က္နည္းေတြၾကည့္ၿပီးမလုပ္တတ္လုပ္တတ္နဲ႔လုပ္ေနတဲ့ယြန္းဂီကကုန္းကုန္းကြကြနဲ႔အိမ္ေထာင္႐ွင္ထီးေလးတစ္ေယာက္လိုပင္။မီးဖိုေခ်ာင္တစ္ခုလုံးလည္း သူ႕ဖြထားမႈေၾကာင့္ေပပြညစ္ပတ္ေနၿပီး ယြန္းဂီကိုယ္တိုင္လည္းမ်က္ႏွာမွာေရာေအပ႐ြန္မွာပါဘာေတြမွန္းမသိေပက်ံေနေသးသည္။ထယ္ေယာင္းကေတာ့ေရခ်ိဳးၿပီးေတာ့ ဒီဇိုင္းနဲ႔တြဲၿပီး႐ွင္းျပရမယ့္အခ်က္အလက္ေတြကိုpower pointျပင္ဆင္ေနသည္။ဝယ္စားလိုက္ရင္ ႏွစ္ေယာက္လုံးပိုအဆင္ေျပေပမယ့္ တမင္ယြန္းဂီကိုညစ္ၿပီးခ်က္ျပဳတ္ခိုင္းလိုက္တာျဖစ္သည္။
.
.
.
"ဖက္ထုပ္ေလး အေျခအေနေရာ"
"ဥကၠဌေလးအိမ္ျပန္မအိပ္တာ ဒီေန႔နဲ႔ဆိုသုံးည႐ွိၿပီလို႔ေျပာပါတယ္စုံစမ္းၾကည့္ေတာ့ ကင္မ္အိမ္ေတာ္မွာေန,ေနတယ္လို႔ေျပာပါတယ္ဥကၠဌႀကီး"
"တစ္ျခားျပသနာ႐ွာတာေတြ႐ွိေသးလား"
"မ႐ွိပါဘူးဥကၠဌႀကီး"
"ဟင္းမ္...ဒီတိုင္းဆက္ေစာင့္ၾကည့္ခိုင္းထားလိုက္"
"ဟုတ္ကဲ့ပါ ဥကၠဌႀကီး"
သက္ျပင္းခ်ရင္းေျပာလာတဲ့ ဥကၠဌႀကီးမင္ရဲ႕ပုံစံကသူ႕ေျမးအေၾကာင္းကိုေတြးၿပီးစိတ္ပူေနသည္မွာသိသာလွသည္။တစ္ဦးတည္းေသာေျမးေလးမို႔အကုန္အလိုက္လိုက္ထားခဲ့ၿပီး အၿမဲအေနာက္ကပဲလူလႊတ္ၿပီးေစာင့္ေ႐ွာက္ထားခိုင္းတာ။သူ႕လူယုံေတြေျပာပုံအရဆို ဖက္ထုပ္ေလးကကင္မ္အိမ္ေတာ္က
ကေလးအနားမွာပဲကပ္ေနတာ အေတာ္ၾကာၿပီဟုဆိုသည္။
.
.
ယြန္းဂီ youtubeကေနၾကည့္ၿပီးေတာ့ခ်က္လိုက္တာထမင္းတစ္အိုးနဲ႔ဟင္းတစ္ခြက္ေတာ့ၿပီးသြားၿပီျဖစ္သည္။ဟင္းနာမည္ကေတာ့ကင္မ္ခ်ီက်ီဂဲတဲ့။သူၾကည့္ထားသမွ်ထဲမွာ အလြယ္ဆုံးမို႔ ဒါကိုေ႐ြးခ်က္လိုက္တာပင္။အနံ႔ကေတာ့ေမႊးေနတာပဲ..အရသာေတာ့သူကိုယ္တိုင္မျမည္းၾကည့္လို႔မသိ။ဟင္းက်က္သြားေတာ့ ပင္ပန္းသြားတာေၾကာင့္ေရအရင္ခ်ိဳးရန္အေပၚထပ္သို႔တက္သြားလိုက္သည္။တစ္ကိုယ္လုံးလည္းဟင္းနံ႔ေတြစြဲသြားေနတာေၾကာင့္ သူ႕ဘာသာေတာင္မသတီေတာ့။ၿပီးမွဟိုဟာေလးကိုထမင္းစားဖို႔သြားပင့္ရမည္။
'ေဒါက္..ေဒါက္'
"ကိုယ္ဝင္လာၿပီေနာ္"
တံခါးေခါက္တာေတာင္ျပန္ေျဖသံမၾကားတာေၾကာင့္ ယြန္းဂီအသံေပးရင္းဝင္လာေတာ့ စာအုပ္ပုံေတြစာ႐ြက္ေတြၾကားထဲမွာ စာ႐ိုက္ေနရင္းအိပ္ေပ်ာ္သြားပုံရတဲ့ထယ္ေယာင္းပင္။စာ႐ိုက္ေနရင္းတန္းလန္းအိပ္ေပ်ာ္သြားတာမို႔ ဖိမိထားတဲ့S keyကlaptop screenေပၚမွာေတာက္ေလွ်ာက္ေရးထားတာေတာ္ေတာ္ေတာင္ ေရာက္ေနၿပီျဖစ္သည္။
ယြန္းဂီအဲ့ဒါကိုၾကည့္ၿပီးေလွာင္သလိုတစ္ခ်က္ရယ္လိုက္ၿပီးမွ ထယ္ေယာင္းလက္ကိုအသာမၿပီးဖယ္ေပးလိုက္သည္။
လက္ကိုဖယ္ေပးေနတုန္း နီးကပ္သြားတဲ့ခႏၶါကိုယ္ႏွစ္ခုေၾကာင့္ အိပ္ေနတဲ့ထယ္ေယာင္းကေတာ့ဘယ္လိုမွမေနေပမယ့္ သူကေတာ့အသက္႐ႈေတြျမန္လာၿပီးရင္ေတြခုန္လာသည္။ဒီဟာေလးနားေရာက္တိုင္းဘာလို႔ဒီလိုေတြျဖစ္ေနတာလဲ?ဒါေပမယ့္လည္း သူမေ႐ြ႕မိပဲဒီအတိုင္းသာၿငိမ္ေနတုန္း။
ထယ္ေယာင္းကိုေငးၾကည့္ေနတုန္းမွာပဲ တစ္ျဖည္းျဖည္းကပ္သြားတဲ့ယြန္းဂီမ်က္ႏွာကထယ္ေယာင္းမ်က္ႏွာနဲ႔စင္တီမီတာအနည္းငယ္ေလာက္သာကြာေတာ့သည္။အနားကိုပိုတိုးကပ္သြားတိုင္း ေသခ်ာျမင္ေနရတဲ့ထယ္ေယာင္းမ်က္ႏွာေပၚကေသြးေၾကာမွ်င္ေလးေတြက သူ႕ႏွလုံးခုန္သံကိုပိုအ႐ွိန္ျမင့္ေစသည္။တစ္ခါမွမရဖူးတဲ့ လာဗင္ဒါလိုေရေမႊးနဲ႔ကိုလည္းထယ္ေယာင္းဆီကရေနတာေၾကာင့္ ယြန္းဂီမက္ေမာစြာ႐ႈ႐ိႈက္ေနမိသည္။
သူကိုယ္သူလည္းဘာျဖစ္လို႔ျဖစ္မွန္းမသိျဖစ္ေနတုန္းမွာပင္
သူ႕ႏႈတ္ခမ္းေတြက ေ႐ွ႕ကကင္မ္ထယ္ေယာင္းႏႈတ္ခမ္းေတြကိုဦးတည္ေနတာျဖစ္လို႔ မနည္းသတိကပ္ၿပီးဆတ္ကနဲျပန္ခြာလိုက္ရသည္။
"မင္း႐ူးေနလား ယြန္းဂီ!...မင္း႐ူးေနၿပီလား
မင္ယြန္းဂီ!...မင္းခ်စ္ေနတာမမကို..မင္းရင္ခုန္တာလည္းမမကိုပဲ...အသိစိတ္ကပ္ထားစမ္း!!"
ယြန္းဂီ ထယ္ေယာင္းအနားကေနဝရန္တာဘက္သို႔ထြက္သြားလိုက္ၿပီးသူ႕ပါးေတြကိုသူခပ္ဖြဖြျပန္႐ိုက္ကာ သူ႕ကိုယ္သူသတိေပးေနတာျဖစ္သည္။
ယြန္းဂီ သူ႕လုပ္ရပ္ကိုသူလက္မခံႏိုင္ျဖစ္ေနတုန္းေဘာင္းဘီအိတ္ကပ္ထဲကတုန္ခါလာတဲ့ဖုန္းေၾကာင့္
ဖြင့္ၾကည့္လိုက္ေတာ့ 'မမ'ဆီကျဖစ္တာေၾကာင့္စိတ္႐ႈပ္ေနတာေတြေပ်ာက္သြားသည္။ဟုတ္တယ္..သူသေဘာက်တာမမကို။ခုနကသူ႕လုပ္ရပ္ကိုသူေသခ်ာမသိေပမယ့္ သူလိုခ်င္တာလည္းမမကိုပါ။သူခဏတာေရာေထြးသြားတာျဖစ္မယ္။
"ဟယ္လို မမ..."
ယြန္းဂီ ခုထိစားပြဲခုံေပၚမွာေမွာက္အိပ္ေနေသးတဲ့ထယ္ေယာင္းကိုမႏိႈးေတာ့ပဲမမနဲ႔ဖုန္းေျပာဖို႔အခန္းထဲကထြက္လာလိုက္သည္။သူေလာေလာဆယ္ ထယ္ေယာင္းနဲ႔လည္းစကားမေျပာခ်င္ဘူး။မမ့အေပၚေရာ ထယ္ေယာင္းအေပၚမွာပါ လိပ္ျပာမလုံျဖစ္ေနတာေၾကာင့္ပင္။
စားပြဲေပၚမွာအိပ္ေနတဲ့ထယ္ေယာင္းကေတာ့ ယြန္းဂီထြက္သြားၿပီးခဏၾကာေတာ့ေက်ာကုန္းေလးကတသိမ့္သိမ့္တုန္လာၿပီးမ်က္ရည္အခ်ိဳ႕က သူဖိအိပ္ထားတဲ့စာအုပ္ေတြထဲစိမ့္ဝင္သြားသည္။ရင္ထဲကေနပါလိႈက္တက္လာတဲ့ဝမ္းနည္းမႈေၾကာင့္ သူ႕အလိုလိုက်ေနတဲ့မ်က္ရည္ေတြကိုသူကိုယ္တိုင္လည္းတားမရ။
.
.
.
ခုနကအျဖစ္အပ်က္ေတြေၾကာင့္ သူကေတာ့ရင္ထဲမွာတစ္မ်ိဳးႀကီးျဖစ္သြားၿပီးမ်က္ႏွာမေကာင္းေပမယ့္ သူ႕ေ႐ွ႕ကမင္ယြန္းဂီကေတာ့မ်က္ႏွာၾကည္လင္ေနသည္။မမနဲ႔ဖုန္းေျပာထားလို႔ေပ်ာ္႐ႊင္ေနတာက်ိန္းေသတာေပါ့။သူပဲအဲ့လူအေပၚမျဖစ္သင့္တဲ့ခံစားခ်က္ေတြျဖစ္ေနတာ...သူ႕ေ႐ွ႕ကလူကေတာ့မမကိုခ်စ္ေနတာတဲ့ေလ။အမွန္တရားေပမယ့္ သူ႕အတြက္ဘာလို႔လက္ခံရခက္ေနရတာလဲ?
"ကိုယ္ခ်က္ထားတာ ဘယ္လိုလဲ"
မင္ယြန္းဂီေမးေတာ့မွပဲသူလည္းသတိထားမိေတာ့တယ္။စားသာစားေနတာဘာအရသာမွန္းေတာင္မသိဘူး။နည္းနည္းေတာ့ငံေပမယ့္ စားေကာင္းပါတယ္။က်ိတ္မွိတ္စားလို႔ေတာ့ရပါေသးတယ္။
"ေကာင္းပါတယ္"
"ကိုယ္ အိမ္ျပန္တာနဲ႔ဟင္းခ်က္သင္တန္းတက္ဖို႔စုံစမ္းၿပီးၿပီ"
"အင္း"
ယြန္းဂီကေတာ့ အားတက္သေရာေျပာေနေပမယ့္ ထယ္ေယာင္းကဆက္ေတာင္နားမေထာင္ခ်င္ေတာ့ေပ။သူေျပာလိုက္တဲ့စကားကို အေကာင္အထည္ေဖာ္ဖို႔လုပ္ေနတဲ့လူကအထင္ႀကီးစရာေတာ့ေကာင္းေပမယ့္ အဲ့ဒါေတြကမမဖို႔ေလ။မမကကံေကာင္းမွာပါ။
"ခုနကကိုယ့္ကို မမဖုန္းဆက္တယ္
ထယ္ေယာင္းကိုဆက္မရလို႔တဲ့"
"အင္း"
"ထယ္ေယာင္းအေၾကာင္းေတြပဲ ကိုယ့္ကိုေမးတာပါ
ထယ္ေယာင္းေျဖႏိုင္လား အဆင္ေျပရဲ႕လားေမးတာ"
"အင္း"
"ၿပီးေတာ့...."
စကားကိုဆက္မေျပာေတာ့တဲ့ ယြန္းဂီေၾကာင့္သူစားလက္စကိုရပ္ကာ ေရေသာက္ရင္းယြန္းဂီမ်က္ႏွာကိုၾကည့္လိုက္သည္။
"ၿပီးေတာ့ဘာျဖစ္လဲ"
"မမက ကိုယ္ဒီမွာေနတယ္ဆိုတာသိေတာ့အံ့ၾသသြားတယ္
ကိုယ္႐ွင္းျပေတာ့ သူအဲ့လိုမေတာင္းဆိုပါဘူးတဲ့...အဲ့ဒါ...."
"အဲ့ေတာ့...."
သူလည္း မမဆီကအဲ့စကားကိုၾကားတုန္းကအံ့ၾသသြားတာ။သူ႕ကိုလိမ္လို႔ဆိုၿပီး ထယ္ေယာင္းကိုေဒါသထြက္သြားေသးတာ။ဒါေပမယ့္ မမကသူ႕ကိုေတာင္ကူညီေပးလို႔ေက်းဇူးတင္ေနတာေၾကာင့္ အဲ့ဟာေလးကိုက်ိတ္ၿပီးေက်းဇူးတင္လိုက္ေသးတာ။
"ဟုတ္တယ္ မမကအဲ့လိုမေတာင္းဆိုဘူး...ကြၽန္ေတာ့္ဘာသာ ခင္ဗ်ားကိုလိမ္လိုက္တာ..အခုခင္ဗ်ားျပန္ခ်င္တယ္ဆိုလည္းျပန္"
"ကိုယ္ဆိုလိုတာ အဲ့လိုမဟုတ္...."
သူေျပာခ်င္တာေတာင္မဆုံးေသးပဲ ထထြက္သြားတဲ့ထယ္ေယာင္းေၾကာင့္ယြန္းဂီထမင္းစားပြဲမွာ သက္ျပင္းခ်ရင္းသာက်န္ခဲ့ေတာ့သည္။ထယ္ေယာင္းနဲ႔ေျပလည္ဖို႔ႀကိဳးစားတိုင္း သူတို႔အေျခအေနကပိုပိုဆိုးသြားသည္။ညႇိလို႔လည္းဘယ္ေတာ့မွမရ။
"ကုန္ေအာင္ေတာ့စားသြားေပါ့ကြာ...ဗိုက္ဆာေနေတာ့မွာပဲ....က်စ္"
ထယ္ေယာင္းတစ္ဝက္တစ္ျပတ္နဲ႔ထားခဲ့တဲ့ စားလက္စထမင္းပန္းကန္ေလးကိုၾကည့္ရင္း ယြန္းဂီစိတ္ပူလို႔ေလပူေတြသာမႈတ္ထုတ္မိေတာ့သည္။ဒီလိုေတြျဖစ္ပ်က္ေနတာကို သူသေဘာမက်လိုက္တာ။
Kimharu4121992🌵
တစ္ညလုံးV oppaရဲ႕love me again ေလးကိုstreamေန႔လို႔ ခုမွupရေတာ့တယ္
နားမေထာင္ရေသးရင္လည္း သြားနားေထာင္လိုက္ၾကဦးေနာ္🐳
မ်က္ႏွာေခ်ာေခ်ာ၊အသံခ်ိဳခ်ိဳေလးနဲ႔တစ္ကယ့္ကိုနားေထာင္ရက်ိဳးနပ္ေစမယ့္သီခ်င္းေလး
သီခ်င္းေကာင္းေလးတစ္ပုဒ္ကိုဖန္တီးေပးလို႔လည္းေက်းဇူးပါကိုကို♡