True Love 💭❤ အပိုင်း - ၁၅
(Unicode)
မေမေကြီးတို့က အပြင်သွားကြ၍အိမ်ကြီးထဲတွင် အကိုလေးရယ်ရွှေကူရယ်သာရှိတော့သည်။ ရွှေကူကနမ်းမိလိုက်၍ အကိုလေးကိုရင်မဆိုင်ရဲသလို ကိုယ်တိုင်လဲရှက်မိနေသည်ကြောင့် ရွှေကူအကိုလေးကိုမတွေ့ရဲပေ။ ထမင်းဟင်းကမေမေကြီးကချက်ခဲ့သည်မို့ ရွှေကူအိမ်ပြန်ရောက်ကထဲက ခဏသာအပြင်ထွက်ပြီး အခန်းထဲတွင်သာ အောင်နေမိသည်။ ယခုည၇နာရီတောင်ထိုးပြီဖြစ်သည်မို့အပြင်မထွက်ချင်လဲ အကိုလေးထမင်းစားရန်ပြင်ပေးရမည်မို့ ရွှေကူအခန်းအပြင်ထွက်လိုက်တော့သည်။
ဆိုဖာပေါ်ထိုင်နေသည့်အကိုလေးရဲ့ကျောပြင်ကျယ်ကြီးကိုရွှေကူ လှေခါးပေါ်မှဆင်းလာထဲကမြင်နေရသည်။ အကိုလေးသိလား အကိုလေးကိုနမ်းမိတဲ့အချိန်ကစပြီး ရွှေကူအကိုလေးအကြောင်းတွေးမိတိုင်း ရင်တွေလေးနေရတယ်ဆိုတာ။ ရွှေကူတို့ကမောင်နှမတွေမို့လား အနေအထိုင်ဆင်ခြင်ရမယ်လေအဲ့တော့။ သို့ပေမယ့် ရွှေကူ့စိတ်တွေဘာဖြစ်နေရတာလဲ ဘယ်ယောက်ကျားလေးကိုမှမနမ်းဖူးသည်ကြောင့် အကိုလေးကိုနမ်းမိတဲ့အခိုက်တန့်လေးကို ရွှေကူစိတ်စွဲပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာများလား။ အိမ်၏လှေကားထစ်တွေကအရမ်းမများပေမယ့် ရွှေကူ့အတွေးတွေကဟိုးအဆုံးထိရောက်သည်အထိ အတွေးနယ်ကျွံရလောက်အောင်အချိန်တွေရနေခဲ့ပါသည်။
"ဘာဖြစ်လို့လဲထိုင်လေ"
"အကိုလေးထမင်းစားတော့မလားရွှေကူပြင်ပေးမယ်လေ"
ကွန့်မြူးဖုန်းယူ၍နာရီကိုကြည့်လိုက်သည်။
"7 နာရီဆိုစားနေကျပဲ စားမယ်လေ"
"ဟုတ်"
ကွန့်မြူးကိုတစ်ချက်မကြည့် ချာကနဲလှည့်ထွက်သွားလေသည့်ကောင်မလေးကဘာဖြစ်နေမှန်းတော့မသိ ကွန့်မြူးကိုရှောင်နေသည်တော့အမှန်ပေ။
"နေ့လည်ကကိစ္စကြောင့်များလား..."
"ကောင်မလေးရောမစားဘူးလား"
"ရွှေကူမဆာလို့မေမေကြီးတို့ပြန်လာမှစားမလို့"
"မာမီတို့က ၁၀ နာရီလောက်မှပြန်လာမှာလေကွာ လာတစ်ခါထဲစားစောင့်မနေနဲ့"
"ဟို..."
"ရွှေ..ကူ..."
"ဟုတ် "
ထမင်းပန်ကန်လေးပြေးယူကာ ရွှေကူအကိုလေးပြောသည့်အတိုင်းထမင်းတစ်ခါထဲစားလိုက်ရသည်။ အကိုလေးကပုံမှန်လိုပဲစားနေပေမယ့် ရွှေကူကတော့စိတ်မလုံ အကိုလေးအပေါ်နေ့လည်ကကိစ္စကြောင့်အပြစ်ရှိသလိုကြီးခံစားနေရတော့သည်။
"ဘာဖြစ်လို့လဲစားမကောင်းပြန်ဘူးလား"
"စားကောင်းပါတယ်"
"အဲ့တာဆိုထည့်စားလေ ရော့ကိုယ်ထည့်ပေးမယ်"
မျက်နှာဝိုင်းလေးကိုသာကြည့်၍ရှေ့တည့်တည့်မှ ကြက်သားဘူးသီးချက်လေးကို ပန်းကန်လေးထဲထည့်ပေးလိုက်တော့သည်။ မျက်မှန်လေးနှင့်ကောင်မလေးက ပန်းနုရောင်လေးတွေသန်းသည်အထိ မျက်နှာလေးကကြည်တောက်နေလေသည်။ ဘာလို့မျက်နှာလေးကရဲနေရတာလဲ။ အစပ်စားမိလို့များလားဟုတွေးမိ၍ပန်းကန်လေးထဲကြည့်မိတော့ ဟင်းလေးကအရွက်ကြော်လေးတစ်မျိုးသာ ထည့်ထားလေတော့သည်။
ကိုယ်ကသာထမင်းမိန်ပြီး သုံးပန်းကန်စားလိုက်ပေမယ့်ကောင်မလေးကတော့သိပ်မစား စကားလဲမပြောအနည်းညိုးငယ်၍ရှိနေလေသည်။ စိတ်ပူအောင်လို့ကွာ ဘာဖြစ်နေတာလဲကောင်မလေးရာ။ ရှက်နေတာဆိုလဲဒီလိုပုံစံဖြစ်စရာမှမလိုပဲ ဘာအဆင်မပြေလို့စိတ်တွေပင်ပန်းနေတာလဲကောင်မလေးရယ်။
ည ၉ နာရီလောက်ရွှေကူ့အခန်းထဲသို့လွင့်ပြယ်လာသည့် ဂီတာသံလေးကြောင့်ရွှေကူခေါင်းလေးထောင်၍ အသံဘယ်ဆီကလာသလဲဟုနားစွင့်နေလိုက်တော့သည်။ ပြူတင်းပေါက်နားရောက်သွားသည့်အချိန် အိမ်ရှေ့ကပန်းခြံထဲမှဟုရွှေကူသိသွား၍ အခန်းအပြင်ပြေးထွက်လာကာဝရံတာဆီ ထွက်လာခဲ့တော့သည်။
ကွန့်မြူးဂီတာကိုဟိုတီးဒီတီးနှင့် စမ်းကာ...
"အဟမ်း..အဟမ်း.."
လည်ချောင်းတစ်ချက်ရှင်းလိုက်တော့သည်။ အပေါ်မော့ကြည့်မိတော့ဂါဝန်ဖြူဖြူလေးနှင့် ကောင်မလေးကဝရံတာတွင်ထိုင်၍ကွန့်မြူးကို တိုင်တန်းလေးတွေကြားမှ ချောင်းကြည့်နေသည်ကိုကွန့်မြူးတွေ့လိုက်ရတော့သည်။
ကောင်မလေးအတွက်ဆိုတာပဲကွာ ချောင်းကြည့်စရာမလိုပါဘူးအောက်ဆင်းလာပြီးဘေးကကြည့်လဲဖြစ်တာပဲကိုကွာ။ ဒီသီချင်းက ကိုယ့်ကောင်မလေးအတွက်ရည်ရွယ်တာပါကောင်မလေးရယ်။
"ဒီတစ်ညတော့ကောင်မလေးရာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵
သံဇဉ်လေးနဲ့နင်အိပ်ဖို့ရာ
🎶🎵🎶🎵🎶🎵🎶
ဂီတာလေးတစ်လက်ကိုယ်ထမ်းလို့လာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
မင်းလေးအိပ်ပြီလား...
🎶🎵🎶🎵🎶🎵🎶
မအိပ်သေးတဲကောင်မလေးရာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵
ဒီသီချင်းလေးခံစားပေးပါ
🎶🎵🎶🎵🎶🎵🎶🎵
ကောင်မလေးအတွက်ကိုယ်ရေးထားတာ
မီးလေးဖွင့်ပါအုံး....
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
ကောင်မလေးရဲ့အိမ်အပြင်ဘက်မှာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶
လေပြေလေးနဲ့ ကိုယ်သီချင်းငြီးတာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
အဖေအမေကြားလို့စိတ်ဆိုးမိလား
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶
မင်းလေးပြောကူအုံး...
🎶🎵🎶🎵🎶🎵🎶
တစ်ညလုံးလည်းဆိုနေအုံးမှာ
🎶🎵🎶🎵🎶🎵🎶🎵🎶
သံစဉ်ငြီးလို့ကိုယ်မောတဲ့အခါ
🎶🎵🎶🎵🎶🎵🎶🎵🎶
အသံမကြားလို့အိပ်မသွားနဲ့ကွာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵
တစ်ချက်တော့တောင်းပန်တယ်ကလေးလေးရယ်....
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
မင်းအတွက်နဲ့သီချင်းလေးရေးတာသိပ်ချစ်လို့ပါကွာ...
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
အမြဲတမ်းပဲမင်းလေးအတွက်ပါကလေးရာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ...
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
ကလေးလေးအနားရောက်ခဲ့တဲ့အခိုက်မှာ
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵
လွမ်းတယ် လွမ်းတယ် လွမ်းတယ်အမြဲတမ်းလွမ်းနေမယ်
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶
အခြေနေပေးခဲ့ရင်နေ့တိုင်းတွေ့ချင်တယ်...."
🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶
သီချင်းစာသားလေးစသည့်အချိန်ထဲကရွှေကူ့ရင်ထဲ တစ်သိမ့်သိမ့်ကြည်နူး၍ အပျော်တွေစုစည်းပြည့်နေရသည်။ အကိုလေးရယ်သီချင်းရွေးဆိုတာကလဲ ကောင်မလေးတဲ့လားရှင်ရယ်။ ရွှေကူတစ်ခြားမတွေးမိသည်အထိ အကိုလေးသီချင်းလေးထဲစီးမျောရင်း အဖြူရောင်ဝတ်ထားသည့်အကိုလေးကို အမျိုးအမည်မသိသည့်ခံစားချက်လေးနှင့် ကြည့်နေမိတော့သည်။
အသံချိုချိုလေးနှင့် နားထဲပျားရည်လေးတွေလောင်းထည့်လိုက်သည့်အလား သာယာနေလေသည်။ဖြစ်နိုင်လျှင် ရွှေကူအကိုလေးဘေးထိုင်ကြည့်၍နားထောင်ချင်လှပါသည်။
ကောင်မလေးဆိုသည့်နေရာရောက်လျှင် ရွှေကူရှက်စိတ်လေးတွေပိုနေမိသည်။ အကိုလေးကသူ့ကောင်မလေးကိုရည်ရွယ်ပြီးဆိုပေမယ့် ရွှေကူကမဆီမဆိုင်ကြားထဲမှခံစားချက်တွေပို၍ မျက်နှာလေးတွေတောင်ပူနေမိသည်။ အကိုလေးသိလားအဲ့ကောင်မလေးကြားရင်လေ အကိုလေးအမှတ်ပြည့်ရမှာကြိမ်းသေတယ်အကိုလေးရယ်။
နှစ်ကြိမ်မျှသီဆိုရသည့်သီချင်းလေးပြီးသွားတော့ ရွှေကူရင်ဘက်လေးတဒိန်းဒိန်းနှင့် အကိုလေးကိုချောင်းကြည့်နေသည့်ခုံလေးမှ ရင်ဘက်လေးဆီဖိထားမိတော့သည်။ ရွှေကူထပ်ပြီးဘာဖြစ်နေပြန်တာလဲ။
သီချင်းလေးပြီးသွားသော်လည်း အကြည့်မပျက်သည်ကအပေါ်ထပ်မှကောင်မလေးဆီသာဖြစ်တော့သည်။ မင်းလေးခံစားမိမယ်ထင်ပါတယ် ဒီသီချင်းလေးကကောင်မလေးအတွက်ဆိုတာလေ။ ကိုယ်လေ ကောင်မလေးကိုသာအချစ်စစ်နဲ့ချစ်ခဲ့ဖူးတာ ကောင်မလေးကလွဲလို့ ကိုယ်ဘယ်မိန်းခလေးအနားမှကပ်တော့မှာမဟုတ်ဘူး သိလားကောင်မလေး။
ဒယ်ဒီနဲ့မာမီမရှိတုန်းကိုယ်အခွင့်ရေးလေးကိုအသုံးချလိုက်ပြီနော် နောက်ဆိုလဲကိုယ်ကြုံရင်ကြုံသလိုကောင်မလေးကိုယ့်ကိုချစ်လာဖို့ ကိုယ်ဖန်တီးအုံးမှာကောင်မလေး။ဒီညကောင်မလေးကောင်းကောင်းအိပ်ပျော်ပါစေကွာ ကိုယ့်ကိုလဲနဲနဲလောက်ဖြစ်ဖြစ်ချစ်ပေးလာရင်ကောင်းမယ်ကောင်မလေးရယ်။
"မာမီတို့ညကနောက်ကျတယ်နော် "
"ဟုတ်ပါ့သားရယ်ငယ်သူငယ်ချင်းတွေဆိုတော့စကားမပျက်ဖြစ်နေလို့"
"ဖုန်းဆက်ပေါ့မာမီရယ်နောက်ကျမယ်ဆိုလဲ အခုတော့ကျွန်တော့က ၁၀ နာရီလောက်ပြန်လာမယ်ထင်လိုက်တာ"
"မေ့သွားတာသားရဲ့အချိန်ကုန်သွားမှန်းကိုမသိလိုက်တာ"
ဒီမာမီတို့ကြောင့်ညကသီချင်းတစ်ပုဒ်ပဲဆိုလိုက်ရတာလေ။ မဟုတ်လျှင်သုံးလေးပုဒ်လောက်ဆိုပြီးကောင်မလေးကိုကြူးပါတယ်ကွာ။ ကျွန်တော်ကောင်မလေးအချစ်ကိုမရရင် အဲ့တာမာမီတို့ကြောင့်ပဲ။
"သမီးလေးစောင့်နေသေးတာလားမေမေကြီးတဂယ်မေ့သွားတာသမီးရယ်"
"မေမေကြီးတို့ပြန်မလာသေးလို့ရွှေကူ ၁၀ နာရီထိုးတော့အိပ်သွားတာ ဟီးအတော်ဖြစ်သွားတာပေါ့"
"ဟုတ်ပါ့ တော်သေးတာပေါ့မဟုတ်ရင်သမီးအိပ်ရေးပျက်နေမှာ"
ဦးမိုးမြင့် သားဖြစ်သူမျက်နှာကိုကြည့်မိတော့ဆူပုတ်၍ နေလေသည်ကြောင့်...
"ဘာဖြစ်နေတာလဲအဲ့ရုပ်က "
"ဒယ်ဒီတို့ကိုစိတ်ကောက်နေတာ ညကနောက်ကျမယ်လို့ကြိုမပြောလို့"
"ဟ.. ခလေးလားမင်းက သမီးလေးတောင်သူဘာသူအိပ်သေးတယ် မင်းကဘာဖြစ်လို့စိတ်ကောက်နေတာလဲကွ"
"ဒယ်ဒီတို့ကြောင့်ကျွန်တော့အစီအစဉ်တွေပျက်ကုန်တာဗျ မသိဘူးဗျာစိတ်ကောက်နေတယ်ဒါပဲ"
"အမလေးတော် ငယ်ငယ်နိုးနိုးလဲမဟုတ်တော့ဘူးစိတ်ကောက်တယ်ကလာလိုက်သေး အံပါ့ အရင်ကလိုညတိုင်းပြန်မအိပ်တဲ့ညမင်းသားကြီးက အခုတော့မိဘတွေနဲနဲလေးနောက်ကျတာကိုစိတ်ကောက်ရတယ်ရှိသေး အကိုရယ်ရီချင်စရာကြီးနော်.."
"ဟုတ်ပါ့ကွာ ဒီကောင်သူငယ်များပြန်နေသလား"
"ဟားဗျာ...ရှေးရှေးတုန်းကဟာတွေလာပြောနေပြန်ပါပြီဗျာ အဲ့လိုမနေတော့ဘူးပြောထားသားပဲ တော်ပြီကျွန်တော်ထမင်းမစားတော့ဘူး"
"ဟဲ့ထမင်းကကုန်နေပြီလေ"
"ထပ်မယူတော့ဘူးလို့ပြောတာ"
ခလေးတစ်ယောက်လိုရန်တွေ့သွားကာ ထထွက်သွားသည့်အကိုလေးကြောင့်ရွှေကူရယ်ချင်မိသွားသည်။ အကိုလေးရယ်ဘယ်လိုတွေတောင် စိတ်ဆိုးနေရတာလဲ မျက်နှာကဆူပုတ်နေတာများရွှေကူသဘောတွေကျပါဘိ။ ကိုကိုကြီးတို့နဲ့ကွာပါ့နော် အကိုလေးကမိဘတွေကိုလဲချစ်တယ် ရွှေကူ့ကိုလဲဂရုစိုက်တယ်။ ရွှေကူအခုမှအကိုရှိရခြင်းကိုနားလည်သဘောပေါက်ရတော့သည်။ အကိုရှိတာပျော်စရာကြီးပါလားနော်။
"တိုးတိုးဘဲကြီးကလေပိတ်ရက်မနက်ဖြန်ကျရင် ဘုရားဖူးလိုက်ပို့မယ်တဲ့ အဲ့တာရွှေကူလိုက်ခဲ့ပါ့လား"
"ဘယ်သူတွေပါသေးလဲတိုးတိုး"
"မဇင်တို့အတွဲရောပါမယ် တိုးတိုးဘဲကြီးကားနဲ့သွားကြမှာ "
"ရွှေကူလိုက်တော့လိုက်ချင်တယ် မေမေကြီးဆီကခွင့်တောင်းရမှာတော့"
"တောင်းလိုက်ပေါ့ရွှေကူကလဲ လူရင်းတွေကြည့်သွားကြမှာကိုဘာမှမဖြစ်ဘူးလို့စိတ်ချလို့ပြောလိုက်"
"ခွင့်ပြုရင်တော့လိုက်ခဲ့မယ်လေ ဘယ်ဘုရားသွားမှာလဲ"
"ရွှေတိဂုံဘုရားပဲ ဘုရားဖူးကပြန်လာရင် ကာရာအိုကေသွားကြမှာ"
"ဟယ်ငရဲတော့ကြီးတော့မှာပဲတိုးတိုးရယ်"
"ဘာမှမဖြစ်ပါဘူးသီချင်းပဲဆိုကြမှာကို လိုက်မယ်မလားလို့"
"အင်းအင်း..လိုက်ခဲ့မယ် ရွှေကူကအဓိကဘုရားဖူးချင်လို့ ကာရာအိုကေကတော့ရွှေကူမသေချာဘူးနော်"
"ရပါတယ် မလိုက်ချင်လဲဘုရားဖူးပြီးတာနဲ့ပြန်လိုက်ပို့မယ်ဟုတ်ပြီလား"
"ရတယ်အဲ့တာဆို"
"ဒီညခွင့်တောင်းလိုက်လေပြီးရင်ဖုန်းဆက်အုံးနော် တိုးတိုးမနက်လာခေါ်ဖို့ပြင်ရမှာမလို့လေ"
"Ok ဘယ်အချိန်လောက်လဲ"
"၉ နာရီထိုးလောက်မှသွားကြမလားလို့လေ ကောင်းတယ်မလားအဲ့အချိန်"
"ကောင်းပါတယ် ည၈ နာရီလောက်ရွှေကူဆက်ခဲ့မယ်နော်"
"အင်းပါသေချာခွင့်တောင်းနော်ရွှေကူပါရင်ပျော်ရမှာ"
"အပိုတွေပါနော် သူတို့ကအတွဲတွေနဲ့များ ရွှေကူတစ်ယောက်ထဲကန့်လန့်လေးဖြစ်နေမှာကိုကျတော့ထည့်မပြောဘူးနော်"
"ဟားဟား..ဒါတော့ဒါပေါ့လို့ "
ရွှေကူမေမေကြီး TV ကြည့်နေသည့်နားကပ်၍ထိုင်လိုက်တော့သည်။
"မေမေကြီး"
"ဝေ့"
"ရွှေကူခွင့်တောင်းချင်လို့"
"ဘာများလဲသမီးရဲ့"
ဒေါ်မာသမီးလေးဘက်က ယခုလိုခွင့်တောင်းသည်ဆိုသည့်စကားလေးမကြားဖူးခဲ့ပြီမို့ သမီးလေးစကားကိုသေချာနားထောင်လိုက်တော့သည်။
"မနက်ဖြန်ကအလုပ်ပိတ်ရက်လေ"
"အင်း.."
"ရွှေကူ့အလုပ်ကသူငယ်ချင်းတွေနဲ့ဘုရားဖူးသွားချင်လို့ အဲ့တာမေမေကြီးဆီကခွင့်တောင်းချင်တာ"
"ဘာများလဲလို့သမီးရယ် သမီးလဲအရွယ်ရောက်နေပြီပဲ သူငယ်ချင်းတွေနဲ့လူငယ်သဘာဝသွားလည်ချင်တာတော့မေမေကြီးနားလည်ပါတယ် သွားလေသမီး နောက်မကျရင်ပြီးရော မိန်းခလေးဆိုတော့နောက်မကျစေချင်တာမေမေကြီးက"
"ဟုတ်နောက်မကျဘူးမေမေကြီး ရွှေ့ကူနေ့လည်လောက်ပြန်ရောက်မှာ"
"သမီးလေးကိုယုံပါတယ်ကွယ် သမီးလေးကတလေးတစားနဲ့ခွင့်တောင်းတော့မေမေကြီးကပိုလို့တောင်ယုံသေးတယ် "
"ခွင့်တောင်းရမှာပေါ့မေမေကြီးရယ် ရွှေကူ့မှာမေမေကြီးတို့ပဲရှိတာလေ ရွှေကူမေမေကြီးတို့မသိပဲဘာမှမလုပ်ရဲပါဘူး "
ဒေါ်မာ့ဆီဖက်၍ ပြောလာသည့်သမီးလေးကို သဘောကျစွာဒေါ်မာလဲပြန်ဖက်ထားလိုက်တော့သည်။
"သမီးလေးကအလိမ္မာလေးပဲ မေမေကြီးကသမီးလေးကိုအရမ်းချစ်တာလေ အမွေစားအမွေခံနဲ့တရားဝင်မွေးစားခွင့်မရတာပဲ မေမေကြီးနှမြောတုန်းအခုထိ"
"ရွှေကူလဲမေမေကြီးတို့ကိုချစ်ပါတယ် ဒါပေမယ့်ရွှေကူကရွာပြန်မှာမလို့လေ မေမေကြီးတို့ဆီပြန်လာမယ်မလာဘူးက မသေချာလို့ပါ"
"အဲ့လိုကြီးမပြောပါနဲ့အုံးသမီးရယ် မေမေကြီးရင်မောလို့ပါ"
ရွှေကူငြိမ်၍သာမေမေကြီးကိုဖတ်ထားလိုက်တော့သည်။
"ဘာတွေပြောနေတာလဲမာမီ"
"မေမေကြီးရွှေကူဖုန်းဆက်စရာရှိသေးလို့အပေါ်တက်တော့မယ်နော်"
ဒေါ်မာခေါင်းငြိမ့်ပြလိုက်သည်။
ဘာလဲဟကွန့်မြူးလာမှထပြေးသွားလေသည့်ကောင်မလေးက ကွန့်မြူးကိုတစ်ချက်လေးတောင်ကြည့်မသွားပေ။ ကောင်မလေးနော်ဒီရက်တွေမှာစိမ်းကားလွန်းနေတယ် ကိုယ်စိတ်မရှည်တော့ရင်အပိုင်သိမ်းပစ်လိုက်မှာနော်။
Words 2694
9.8.2023 5:30pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True Love အပိုင္း - ၁၅
ေမေမႀကီးတို႔က အျပင္သြားၾက၍အိမ္ႀကီးထဲတြင္ အကိုေလးရယ္ေ႐ႊကူရယ္သာရွိေတာ့သည္။ ေ႐ႊကူကနမ္းမိလိုက္၍ အကိုေလးကိုရင္မဆိုင္ရဲသလို ကိုယ္တိုင္လဲရွက္မိေနသည္ေၾကာင့္ ေ႐ႊကူအကိုေလးကိုမေတြ႕ရဲေပ။ ထမင္းဟင္းကေမေမႀကီးကခ်က္ခဲ့သည္မို႔ ေ႐ႊကူအိမ္ျပန္ေရာက္ကထဲက ခဏသာအျပင္ထြက္ၿပီး အခန္းထဲတြင္သာ ေအာင္ေနမိသည္။ ယခုည၇နာရီေတာင္ထိုးၿပီျဖစ္သည္မို႔အျပင္မထြက္ခ်င္လဲ အကိုေလးထမင္းစားရန္ျပင္ေပးရမည္မို႔ ေ႐ႊကူအခန္းအျပင္ထြက္လိုက္ေတာ့သည္။
ဆိုဖာေပၚထိုင္ေနသည့္အကိုေလးရဲ႕ေက်ာျပင္က်ယ္ႀကီးကိုေ႐ႊကူ ေလွခါးေပၚမွဆင္းလာထဲကျမင္ေနရသည္။ အကိုေလးသိလား အကိုေလးကိုနမ္းမိတဲ့အခ်ိန္ကစၿပီး ေ႐ႊကူအကိုေလးအေၾကာင္းေတြးမိတိုင္း ရင္ေတြေလးေနရတယ္ဆိုတာ။ ေ႐ႊကူတို႔ကေမာင္ႏွမေတြမို႔လား အေနအထိုင္ဆင္ျခင္ရမယ္ေလအဲ့ေတာ့။ သို႔ေပမယ့္ ေ႐ႊကူ႕စိတ္ေတြဘာျဖစ္ေနရတာလဲ ဘယ္ေယာက္က်ားေလးကိုမွမနမ္းဖူးသည္ေၾကာင့္ အကိုေလးကိုနမ္းမိတဲ့အခိုက္တန့္ေလးကို ေ႐ႊကူစိတ္စြဲၿပီး ထင္ေယာင္ထင္မွားေတြျဖစ္ေနတာမ်ားလား။ အိမ္၏ေလွကားထစ္ေတြကအရမ္းမမ်ားေပမယ့္ ေ႐ႊကူ႕အေတြးေတြကဟိုးအဆုံးထိေရာက္သည္အထိ အေတြးနယ္ကြၽံရေလာက္ေအာင္အခ်ိန္ေတြရေနခဲ့ပါသည္။
"ဘာျဖစ္လို႔လဲထိုင္ေလ"
"အကိုေလးထမင္းစားေတာ့မလားေ႐ႊကူျပင္ေပးမယ္ေလ"
ကြန့္ျမဴးဖုန္းယူ၍နာရီကိုၾကည့္လိုက္သည္။
"7 နာရီဆိုစားေနက်ပဲ စားမယ္ေလ"
"ဟုတ္"
ကြန့္ျမဴးကိုတစ္ခ်က္မၾကည့္ ခ်ာကနဲလွည့္ထြက္သြားေလသည့္ေကာင္မေလးကဘာျဖစ္ေနမွန္းေတာ့မသိ ကြန့္ျမဴးကိုေရွာင္ေနသည္ေတာ့အမွန္ေပ။
"ေန႕လည္ကကိစၥေၾကာင့္မ်ားလား..."
"ေကာင္မေလးေရာမစားဘူးလား"
"ေ႐ႊကူမဆာလို႔ေမေမႀကီးတို႔ျပန္လာမွစားမလို႔"
"မာမီတို႔က ၁၀ နာရီေလာက္မွျပန္လာမွာေလကြာ လာတစ္ခါထဲစားေစာင့္မေနနဲ႕"
"ဟို..."
"ေ႐ႊ..ကူ..."
"ဟုတ္ "
ထမင္းပန္ကန္ေလးေျပးယူကာ ေ႐ႊကူအကိုေလးေျပာသည့္အတိုင္းထမင္းတစ္ခါထဲစားလိုက္ရသည္။ အကိုေလးကပုံမွန္လိုပဲစားေနေပမယ့္ ေ႐ႊကူကေတာ့စိတ္မလုံ အကိုေလးအေပၚေန႕လည္ကကိစၥေၾကာင့္အျပစ္ရွိသလိုႀကီးခံစားေနရေတာ့သည္။
"ဘာျဖစ္လို႔လဲစားမေကာင္းျပန္ဘူးလား"
"စားေကာင္းပါတယ္"
"အဲ့တာဆိုထည့္စားေလ ေရာ့ကိုယ္ထည့္ေပးမယ္"
မ်က္ႏွာဝိုင္းေလးကိုသာၾကည့္၍ေရွ႕တည့္တည့္မွ ၾကက္သားဘူးသီးခ်က္ေလးကို ပန္းကန္ေလးထဲထည့္ေပးလိုက္ေတာ့သည္။ မ်က္မွန္ေလးႏွင့္ေကာင္မေလးက ပန္းႏုေရာင္ေလးေတြသန္းသည္အထိ မ်က္ႏွာေလးကၾကည္ေတာက္ေနေလသည္။ ဘာလို႔မ်က္ႏွာေလးကရဲေနရတာလဲ။ အစပ္စားမိလို႔မ်ားလားဟုေတြးမိ၍ပန္းကန္ေလးထဲၾကည့္မိေတာ့ ဟင္းေလးကအ႐ြက္ေၾကာ္ေလးတစ္မ်ိဳးသာ ထည့္ထားေလေတာ့သည္။
ကိုယ္ကသာထမင္းမိန္ၿပီး သုံးပန္းကန္စားလိုက္ေပမယ့္ေကာင္မေလးကေတာ့သိပ္မစား စကားလဲမေျပာအနည္းညိုးငယ္၍ရွိေနေလသည္။ စိတ္ပူေအာင္လို႔ကြာ ဘာျဖစ္ေနတာလဲေကာင္မေလးရာ။ ရွက္ေနတာဆိုလဲဒီလိုပုံစံျဖစ္စရာမွမလိုပဲ ဘာအဆင္မေျပလို႔စိတ္ေတြပင္ပန္းေနတာလဲေကာင္မေလးရယ္။
ည ၉ နာရီေလာက္ေ႐ႊကူ႕အခန္းထဲသို႔လြင့္ျပယ္လာသည့္ ဂီတာသံေလးေၾကာင့္ေ႐ႊကူေခါင္းေလးေထာင္၍ အသံဘယ္ဆီကလာသလဲဟုနားစြင့္ေနလိုက္ေတာ့သည္။ ျပဴတင္းေပါက္နားေရာက္သြားသည့္အခ်ိန္ အိမ္ေရွ႕ကပန္းၿခံထဲမွဟုေ႐ႊကူသိသြား၍ အခန္းအျပင္ေျပးထြက္လာကာဝရံတာဆီ ထြက္လာခဲ့ေတာ့သည္။
ကြန့္ျမဴးဂီတာကိုဟိုတီးဒီတီးႏွင့္ စမ္းကာ...
"အဟမ္း..အဟမ္း.."
လည္ေခ်ာင္းတစ္ခ်က္ရွင္းလိုက္ေတာ့သည္။ အေပၚေမာ့ၾကည့္မိေတာ့ဂါဝန္ျဖဴျဖဴေလးႏွင့္ ေကာင္မေလးကဝရံတာတြင္ထိုင္၍ကြန့္ျမဴးကို တိုင္တန္းေလးေတြၾကားမွ ေခ်ာင္းၾကည့္ေနသည္ကိုကြန့္ျမဴးေတြ႕လိုက္ရေတာ့သည္။
ေကာင္မေလးအတြက္ဆိုတာပဲကြာ ေခ်ာင္းၾကည့္စရာမလိုပါဘူးေအာက္ဆင္းလာၿပီးေဘးကၾကည့္လဲျဖစ္တာပဲကိုကြာ။ ဒီသီခ်င္းက ကိုယ့္ေကာင္မေလးအတြက္ရည္႐ြယ္တာပါေကာင္မေလးရယ္။
"ဒီတစ္ညေတာ့ေကာင္မေလးရာ
သံဇဥ္ေလးနဲ႕နင္အိပ္ဖို႔ရာ
ဂီတာေလးတစ္လက္ကိုယ္ထမ္းလို႔လာ
မင္းေလးအိပ္ၿပီလား...
မအိပ္ေသးတဲေကာင္မေလးရာ
ဒီသီခ်င္းေလးခံစားေပးပါ
ေကာင္မေလးအတြက္ကိုယ္ေရးထားတာ
မီးေလးဖြင့္ပါအုံး....
ေကာင္မေလးရဲ႕အိမ္အျပင္ဘက္မွာ
ေလေျပေလးနဲ႕ ကိုယ္သီခ်င္းၿငီးတာ
အေဖအေမၾကားလို႔စိတ္ဆိုးမိလား
မင္းေလးေျပာကူအုံး...
တစ္ညလုံးလည္းဆိုေနအုံးမွာ
သံစဥ္ၿငီးလို႔ကိုယ္ေမာတဲ့အခါ
အသံမၾကားလို႔အိပ္မသြားနဲ႕ကြာ
တစ္ခ်က္ေတာ့ေတာင္းပန္တယ္ကေလးေလးရယ္....
မင္းအတြက္နဲ႕သီခ်င္းေလးေရးတာသိပ္ခ်စ္လို႔ပါကြာ...
အၿမဲတမ္းပဲမင္းေလးအတြက္ပါကေလးရာ
ခ်စ္တယ္ ခ်စ္တယ္ ခ်စ္တယ္ ေျပာလိုက္ပါရေစကြာ...
ကေလးေလးအနားေရာက္ခဲ့တဲ့အခိုက္မွာ
လြမ္းတယ္ လြမ္းတယ္ လြမ္းတယ္အၿမဲတမ္းလြမ္းေနမယ္
အေျခေနေပးခဲ့ရင္ေန႕တိုင္းေတြ႕ခ်င္တယ္...."
သီခ်င္းစာသားေလးစသည့္အခ်ိန္ထဲကေ႐ႊကူ႕ရင္ထဲ တစ္သိမ့္သိမ့္ၾကည္ႏူး၍ အေပ်ာ္ေတြစုစည္းျပည့္ေနရသည္။ အကိုေလးရယ္သီခ်င္းေ႐ြးဆိုတာကလဲ ေကာင္မေလးတဲ့လားရွင္ရယ္။ ေ႐ႊကူတစ္ျခားမေတြးမိသည္အထိ အကိုေလးသီခ်င္းေလးထဲစီးေမ်ာရင္း အျဖဴေရာင္ဝတ္ထားသည့္အကိုေလးကို အမ်ိဳးအမည္မသိသည့္ခံစားခ်က္ေလးႏွင့္ ၾကည့္ေနမိေတာ့သည္။
အသံခ်ိဳခ်ိဳေလးႏွင့္ နားထဲပ်ားရည္ေလးေတြေလာင္းထည့္လိုက္သည့္အလား သာယာေနေလသည္။ျဖစ္နိုင္လွ်င္ ေ႐ႊကူအကိုေလးေဘးထိုင္ၾကည့္၍နားေထာင္ခ်င္လွပါသည္။
ေကာင္မေလးဆိုသည့္ေနရာေရာက္လွ်င္ ေ႐ႊကူရွက္စိတ္ေလးေတြပိုေနမိသည္။ အကိုေလးကသူ႕ေကာင္မေလးကိုရည္႐ြယ္ၿပီးဆိုေပမယ့္ ေ႐ႊကူကမဆီမဆိုင္ၾကားထဲမွခံစားခ်က္ေတြပို၍ မ်က္ႏွာေလးေတြေတာင္ပူေနမိသည္။ အကိုေလးသိလားအဲ့ေကာင္မေလးၾကားရင္ေလ အကိုေလးအမွတ္ျပည့္ရမွာႀကိမ္းေသတယ္အကိုေလးရယ္။
ႏွစ္ႀကိမ္မွ်သီဆိုရသည့္သီခ်င္းေလးၿပီးသြားေတာ့ ေ႐ႊကူရင္ဘက္ေလးတဒိန္းဒိန္းႏွင့္ အကိုေလးကိုေခ်ာင္းၾကည့္ေနသည့္ခုံေလးမွ ရင္ဘက္ေလးဆီဖိထားမိေတာ့သည္။ ေ႐ႊကူထပ္ၿပီးဘာျဖစ္ေနျပန္တာလဲ။
သီခ်င္းေလးၿပီးသြားေသာ္လည္း အၾကည့္မပ်က္သည္ကအေပၚထပ္မွေကာင္မေလးဆီသာျဖစ္ေတာ့သည္။ မင္းေလးခံစားမိမယ္ထင္ပါတယ္ ဒီသီခ်င္းေလးကေကာင္မေလးအတြက္ဆိုတာေလ။ ကိုယ္ေလ ေကာင္မေလးကိုသာအခ်စ္စစ္နဲ႕ခ်စ္ခဲ့ဖူးတာ ေကာင္မေလးကလြဲလို႔ ကိုယ္ဘယ္မိန္းခေလးအနားမွကပ္ေတာ့မွာမဟုတ္ဘူး သိလားေကာင္မေလး။
ဒယ္ဒီနဲ႕မာမီမရွိတုန္းကိုယ္အခြင့္ေရးေလးကိုအသုံးခ်လိဳက္ၿပီေနာ္ ေနာက္ဆိုလဲကိုယ္ႀကဳံရင္ႀကဳံသလိုေကာင္မေလးကိုယ့္ကိုခ်စ္လာဖို႔ ကိုယ္ဖန္တီးအုံးမွာေကာင္မေလး။ဒီညေကာင္မေလးေကာင္းေကာင္းအိပ္ေပ်ာ္ပါေစကြာ ကိုယ့္ကိုလဲနဲနဲေလာက္ျဖစ္ျဖစ္ခ်စ္ေပးလာရင္ေကာင္းမယ္ေကာင္မေလးရယ္။
"မာမီတို႔ညကေနာက္က်တယ္ေနာ္ "
"ဟုတ္ပါ့သားရယ္ငယ္သူငယ္ခ်င္းေတြဆိုေတာ့စကားမပ်က္ျဖစ္ေနလို႔"
"ဖုန္းဆက္ေပါ့မာမီရယ္ေနာက္က်မယ္ဆိုလဲ အခုေတာ့ကြၽန္ေတာ့က ၁၀ နာရီေလာက္ျပန္လာမယ္ထင္လိုက္တာ"
"ေမ့သြားတာသားရဲ႕အခ်ိန္ကုန္သြားမွန္းကိုမသိလိုက္တာ"
ဒီမာမီတို႔ေၾကာင့္ညကသီခ်င္းတစ္ပုဒ္ပဲဆိုလိုက္ရတာေလ။ မဟုတ္လွ်င္သုံးေလးပုဒ္ေလာက္ဆိုၿပီးေကာင္မေလးကိုၾကဴးပါတယ္ကြာ။ ကြၽန္ေတာ္ေကာင္မေလးအခ်စ္ကိုမရရင္ အဲ့တာမာမီတို႔ေၾကာင့္ပဲ။
"သမီးေလးေစာင့္ေနေသးတာလားေမေမႀကီးတဂယ္ေမ့သြားတာသမီးရယ္"
"ေမေမႀကီးတို႔ျပန္မလာေသးလို႔ေ႐ႊကူ ၁၀ နာရီထိုးေတာ့အိပ္သြားတာ ဟီးအေတာ္ျဖစ္သြားတာေပါ့"
"ဟုတ္ပါ့ ေတာ္ေသးတာေပါ့မဟုတ္ရင္သမီးအိပ္ေရးပ်က္ေနမွာ"
ဦးမိုးျမင့္ သားျဖစ္သူမ်က္ႏွာကိုၾကည့္မိေတာ့ဆူပုတ္၍ ေနေလသည္ေၾကာင့္...
"ဘာျဖစ္ေနတာလဲအဲ့႐ုပ္က "
"ဒယ္ဒီတို႔ကိုစိတ္ေကာက္ေနတာ ညကေနာက္က်မယ္လို႔ႀကိဳမေျပာလို႔"
"ဟ.. ခေလးလားမင္းက သမီးေလးေတာင္သူဘာသူအိပ္ေသးတယ္ မင္းကဘာျဖစ္လို႔စိတ္ေကာက္ေနတာလဲကြ"
"ဒယ္ဒီတို႔ေၾကာင့္ကြၽန္ေတာ့အစီအစဥ္ေတြပ်က္ကုန္တာဗ် မသိဘူးဗ်ာစိတ္ေကာက္ေနတယ္ဒါပဲ"
"အမေလးေတာ္ ငယ္ငယ္နိုးနိုးလဲမဟုတ္ေတာ့ဘူးစိတ္ေကာက္တယ္ကလာလိုက္ေသး အံပါ့ အရင္ကလိုညတိုင္းျပန္မအိပ္တဲ့ညမင္းသားႀကီးက အခုေတာ့မိဘေတြနဲနဲေလးေနာက္က်တာကိုစိတ္ေကာက္ရတယ္ရွိေသး အကိုရယ္ရီခ်င္စရာႀကီးေနာ္.."
"ဟုတ္ပါ့ကြာ ဒီေကာင္သူငယ္မ်ားျပန္ေနသလား"
"ဟားဗ်ာ...ေရွးေရွးတုန္းကဟာေတြလာေျပာေနျပန္ပါၿပီဗ်ာ အဲ့လိုမေနေတာ့ဘူးေျပာထားသားပဲ ေတာ္ၿပီကြၽန္ေတာ္ထမင္းမစားေတာ့ဘူး"
"ဟဲ့ထမင္းကကုန္ေနၿပီေလ"
"ထပ္မယူေတာ့ဘူးလို႔ေျပာတာ"
ခေလးတစ္ေယာက္လိုရန္ေတြ႕သြားကာ ထထြက္သြားသည့္အကိုေလးေၾကာင့္ေ႐ႊကူရယ္ခ်င္မိသြားသည္။ အကိုေလးရယ္ဘယ္လိုေတြေတာင္ စိတ္ဆိုးေနရတာလဲ မ်က္ႏွာကဆူပုတ္ေနတာမ်ားေ႐ႊကူသေဘာေတြက်ပါဘိ။ ကိုကိုႀကီးတို႔နဲ႕ကြာပါ့ေနာ္ အကိုေလးကမိဘေတြကိုလဲခ်စ္တယ္ ေ႐ႊကူ႕ကိုလဲဂ႐ုစိုက္တယ္။ ေ႐ႊကူအခုမွအကိုရွိရျခင္းကိုနားလည္သေဘာေပါက္ရေတာ့သည္။ အကိုရွိတာေပ်ာ္စရာႀကီးပါလားေနာ္။
"တိုးတိုးဘဲႀကီးကေလပိတ္ရက္မနက္ျဖန္က်ရင္ ဘုရားဖူးလိုက္ပို႔မယ္တဲ့ အဲ့တာေ႐ႊကူလိုက္ခဲ့ပါ့လား"
"ဘယ္သူေတြပါေသးလဲတိုးတိုး"
"မဇင္တို႔အတြဲေရာပါမယ္ တိုးတိုးဘဲႀကီးကားနဲ႕သြားၾကမွာ "
"ေ႐ႊကူလိုက္ေတာ့လိုက္ခ်င္တယ္ ေမေမႀကီးဆီကခြင့္ေတာင္းရမွာေတာ့"
"ေတာင္းလိုက္ေပါ့ေ႐ႊကူကလဲ လူရင္းေတြၾကည့္သြားၾကမွာကိုဘာမွမျဖစ္ဘူးလို႔စိတ္ခ်လိဳ႕ေျပာလိုက္"
"ခြင့္ျပဳရင္ေတာ့လိုက္ခဲ့မယ္ေလ ဘယ္ဘုရားသြားမွာလဲ"
"ေ႐ႊတိဂုံဘုရားပဲ ဘုရားဖူးကျပန္လာရင္ ကာရာအိုေကသြားၾကမွာ"
"ဟယ္ငရဲေတာ့ႀကီးေတာ့မွာပဲတိုးတိုးရယ္"
"ဘာမွမျဖစ္ပါဘူးသီခ်င္းပဲဆိုၾကမွာကို လိုက္မယ္မလားလို႔"
"အင္းအင္း..လိုက္ခဲ့မယ္ ေ႐ႊကူကအဓိကဘုရားဖူးခ်င္လို႔ ကာရာအိုေကကေတာ့ေ႐ႊကူမေသခ်ာဘူးေနာ္"
"ရပါတယ္ မလိုက္ခ်င္လဲဘုရားဖူးၿပီးတာနဲ႕ျပန္လိုက္ပို႔မယ္ဟုတ္ၿပီလား"
"ရတယ္အဲ့တာဆို"
"ဒီညခြင့္ေတာင္းလိုက္ေလၿပီးရင္ဖုန္းဆက္အုံးေနာ္ တိုးတိုးမနက္လာေခၚဖို႔ျပင္ရမွာမလို႔ေလ"
"Ok ဘယ္အခ်ိန္ေလာက္လဲ"
"၉ နာရီထိုးေလာက္မွသြားၾကမလားလို႔ေလ ေကာင္းတယ္မလားအဲ့အခ်ိန္"
"ေကာင္းပါတယ္ ည၈ နာရီေလာက္ေ႐ႊကူဆက္ခဲ့မယ္ေနာ္"
"အင္းပါေသခ်ာခြင့္ေတာင္းေနာ္ေ႐ႊကူပါရင္ေပ်ာ္ရမွာ"
"အပိုေတြပါေနာ္ သူတို႔ကအတြဲေတြနဲ႕မ်ား ေ႐ႊကူတစ္ေယာက္ထဲကန့္လန့္ေလးျဖစ္ေနမွာကိုက်ေတာ့ထည့္မေျပာဘူးေနာ္"
"ဟားဟား..ဒါေတာ့ဒါေပါ့လို႔ "
ေ႐ႊကူေမေမႀကီး TV ၾကည့္ေနသည့္နားကပ္၍ထိုင္လိုက္ေတာ့သည္။
"ေမေမႀကီး"
"ေဝ့"
"ေ႐ႊကူခြင့္ေတာင္းခ်င္လို႔"
"ဘာမ်ားလဲသမီးရဲ႕"
ေဒၚမာသမီးေလးဘက္က ယခုလိုခြင့္ေတာင္းသည္ဆိုသည့္စကားေလးမၾကားဖူးခဲ့ၿပီမို႔ သမီးေလးစကားကိုေသခ်ာနားေထာင္လိုက္ေတာ့သည္။
"မနက္ျဖန္ကအလုပ္ပိတ္ရက္ေလ"
"အင္း.."
"ေ႐ႊကူ႕အလုပ္ကသူငယ္ခ်င္းေတြနဲ႕ဘုရားဖူးသြားခ်င္လို႔ အဲ့တာေမေမႀကီးဆီကခြင့္ေတာင္းခ်င္တာ"
"ဘာမ်ားလဲလို႔သမီးရယ္ သမီးလဲအ႐ြယ္ေရာက္ေနၿပီပဲ သူငယ္ခ်င္းေတြနဲ႕လူငယ္သဘာဝသြားလည္ခ်င္တာေတာ့ေမေမႀကီးနားလည္ပါတယ္ သြားေလသမီး ေနာက္မက်ရင္ၿပီးေရာ မိန္းခေလးဆိုေတာ့ေနာက္မက်ေစခ်င္တာေမေမႀကီးက"
"ဟုတ္ေနာက္မက်ဘဴးေမေမႀကီး ေ႐ႊ႕ကူေန႕လည္ေလာက္ျပန္ေရာက္မွာ"
"သမီးေလးကိုယုံပါတယ္ကြယ္ သမီးေလးကတေလးတစားနဲ႕ခြင့္ေတာင္းေတာ့ေမေမႀကီးကပိုလို႔ေတာင္ယုံေသးတယ္ "
"ခြင့္ေတာင္းရမွာေပါ့ေမေမႀကီးရယ္ ေ႐ႊကူ႕မွာေမေမႀကီးတို႔ပဲရွိတာေလ ေ႐ႊကူေမေမႀကီးတို႔မသိပဲဘာမွမလုပ္ရဲပါဘူး "
ေဒၚမာ့ဆီဖက္၍ ေျပာလာသည့္သမီးေလးကို သေဘာက်စြာေဒၚမာလဲျပန္ဖက္ထားလိုက္ေတာ့သည္။
"သမီးေလးကအလိမၼာေလးပဲ ေမေမႀကီးကသမီးေလးကိုအရမ္းခ်စ္တာေလ အေမြစားအေမြခံနဲ႕တရားဝင္ေမြးစားခြင့္မရတာပဲ ေမေမႀကီးႏွေျမာတုန္းအခုထိ"
"ေ႐ႊကူလဲေမေမႀကီးတို႔ကိုခ်စ္ပါတယ္ ဒါေပမယ့္ေ႐ႊကူက႐ြာျပန္မွာမလို႔ေလ ေမေမႀကီးတို႔ဆီျပန္လာမယ္မလာဘူးက မေသခ်ာလို႔ပါ"
"အဲ့လိုႀကီးမေျပာပါနဲ႕အုံးသမီးရယ္ ေမေမႀကီးရင္ေမာလို႔ပါ"
ေ႐ႊကူၿငိမ္၍သာေမေမႀကီးကိုဖတ္ထားလိုက္ေတာ့သည္။
"ဘာေတြေျပာေနတာလဲမာမီ"
"ေမေမႀကီးေ႐ႊကူဖုန္းဆက္စရာရွိေသးလို႔အေပၚတက္ေတာ့မယ္ေနာ္"
ေဒၚမာေခါင္းၿငိမ့္ျပလိုက္သည္။
ဘာလဲဟကြန့္ျမဴးလာမွထေျပးသြားေလသည့္ေကာင္မေလးက ကြန့္ျမဴးကိုတစ္ခ်က္ေလးေတာင္ၾကည့္မသြားေပ။ ေကာင္မေလးေနာ္ဒီရက္ေတြမွာစိမ္းကားလြန္းေနတယ္ ကိုယ္စိတ္မရွည္ေတာ့ရင္အပိုင္သိမ္းပစ္လိုက္မွာေနာ္။
Words 2694
9.8.2023 5:30pm
ဆက္လက္ႀကိဳးစားသြားပါမည္။