အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

235

2K 477 51
By Melinoe_Megami

Unicode

Zero : “Oh My God!”

ခြူးမုယွင် : “……..”

Zero : “ဇီးပန်းအလှကို ရှုစားမယ်ဆိုတာ ဘာကြီးလဲ..? အဲ့တာက….. ရှု… ရှုစားမလို့………..” ဘာကိုရှုစားမယ်ဆိုတာ သူ မပြောရဲဘူး..!

ခြူးမုယွင်က သက်ပြင်းဖွဖွချလိုက်သည်။ : “ကြည့်ရတာ ‘မနာလိုခြင်း’ကို ငါတို့ လျော့တွက်မိခဲ့ပုံပဲ..”

သူ၏လှည့်ကွက် ကျရှုံးသွားကတည်းက ရန်ချန်းဟာ သတိရှိနေပြီး ထောင်ချောက်ထဲ ခုန်ဆင်းလာမည်မဟုတ်မှန်း ခြူးမုယွင် အတပ်သိလိုက်၏။ ပုံမှန်ဆိုလျှင် လူစည်ကားမှုကို ရှောင်ရှားရန် ချက်ချင်း ထွက်သွားမိမည်ပင်။ လက်ရှိအခြေအနေအရ သူသာ တခြားလူများရှေ့ ကိုယ်ယောင်ပြမိလျှင် ဇီးပန်းရောင်ဝါတောင်ကြီး ပေါက်ကွဲထွက်သွားပေလိမ့်မည်။

မော့ကျိုးရှောင်၊ ရှန်ရွှိန်ယန်းနှင့် လင်းရွှမ်တို့အားလုံး သူ့အကြောင်းသိနေပြီး ရှဲ့ချင်းလန်သည်လည်း သူ အသက်ပြန်ရှင်လာနိုင်ကြောင်း သိထားပြီးသားဖြစ်၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကို တန်းသိသွားလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဇီးပန်းရောင်ဝါတောင်ပေါ်၌ ဇီးပန်းပွင့်များ ရှုစားရတော့မည်မဟုတ်ဘဲ ကောင်းကင်ပေါ်မှ မီးရှူးမီးပန်းများကိုသာ ရှုစားကြရလိမ့်မည်။

အင်း… ကောင်းကင်ပေါ်က မီးရှူးမီးပန်းဆိုတာ သူ လေပေါ်ပျံတက်ပြီး ပေါက်ကွဲထွက်သွားလို့လေ..!

သို့သော် သည်အတိုင်း ထွက်သွားရန်လည်း အဆင်မပြေ။ ရန်ချန်းက သူ့ကို အလွတ်ပေးမှာမဟုတ်သလို အကယ်၍ ယဲ့ကျန့်ဟန်၏ အကူအညီဖြင့် ထွက်သွားနိုင်ခဲ့လျှင်ပင် ရန်ချန်း ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ ခန့်မှန်းရခက်လှသည်။

သို့နှင့် ခြူးမုယွင်၏ စိတ်ထဲတွင် သံသယတချို့ ပေါ်ထွက်လာခဲ့လေသည်။

ဒီကိစ္စကို အမြန်ဆုံး အတည်ပြုမှဖြစ်မယ်။ မဟုတ်ရင် ပြဿနာတက်သွားလိမ့်မယ်..!

ရန်ချန်းက ကိစ္စအားလုံးကို သိနေတယ်ဆိုပါစို့။ အဲ့တာဆို သူ ဘယ်လိုသိသွားတာလဲ..? ပြီးတော့ အားလုံးသိနေတာတောင် ဘာမှမပြောဘူးဆိုတော့ ဘာတွေကြံစည်နေတာလဲ..?

ခြူးမုယွင်အနေဖြင့် ထိုကိစ္စနှစ်ရပ်ကို အဖြေရှာရပေလိမ့်မည်။

ဘာမှမသိဘဲ ခြယ်လှယ်ခံနေရသည့် ဘဝက သိပ်ပြီးကြောက်စရာမကောင်းပေ။ တကယ်တမ်း ကြောက်စရာကောင်းသည်က ဤအခြေအနေမှ ရုန်းထွက်ရန် ရွေးချယ်လိုက်လျှင် ကိစ္စများအားလုံး ပြန်လည်အဖက်ဆယ်ရန် ခဲယဉ်းသွားလိမ့်မည်။ ခြူးမုယွင်အနေဖြင့် မရှုံးနိမ့်ချင်သောကြောင့် ဇီးပန်းရောင်ဝါတောင်ပေါ်တွင် ဆက်နေရချေဦးမည်။

ခြူးမုယွင်သည် ယဲ့ကျန့်ဟန်ကို အကြောင်းပြန်ပြီးနောက် သစ်သားထိုင်ခုံပေါ်ထိုင်ကာ ထိုအကြောင်း တွေးနေခဲ့၏။

ဇီးပန်းပွဲတော်မတိုင်ခင် လဝက်ခန့် အချိန်ရသေးသည်။ ဤအချိန်ကာလက သိပ်မကြာသလို တိုတောင်းသည်လည်း မဟုတ်။ သို့သော် ရန်ချန်းက ထိုမတိုင်မီ ကျိန်းသေပေါက် လှုပ်ရှားလာလိမ့်မည်။ သို့ဖြစ်ရာ ဤကား သူ၏ နောက်ဆုံးအခွင့်အရေးပင်။

ထိုအခိုက် Zero လေးက ခပ်တိုးတိုး ပြောလာသည်။ : “ဇီးပန်းရောင်ဝါတောင်ပေါ် ရောက်တာ ဒီလောက်ကြာပြီ.. ‘မဟူရာည’ကိုလည်း မတွေ့မိဘူး..”

ခြူးမုယွင်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ : “ရန်ချန်းက ဘယ်လိုလုပ် လွှတ်ပေးထားမှာလဲ..?”

Zero လေးက မျက်မှောင်ကြုတ်ကာ ဝမ်းနည်းတကြီး ပြောလာသည်။ : “လွှတ်ပေးထားရင်တောင် ‘မဟူရာည'က ကျွန်တော်တို့ကို အဖက်လုပ်မှာမဟုတ်ဘူးနော်..”

လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ခန့်က နတ်ဘုရားသားရဲကြီး ‘မဟူရာည’၏ အတောင်ပံကို ‘ရှန်ယွင်’က ချိုးပစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်.. ‘လင်းမု’နဲ့ ကျွင်းမော့တို့ တိုက်ခိုက်ခံရစဥ်ကလည်း ရှဲ့ချင်းလန်၏ လက်ချက်ကြောင့် ‘မဟူရာည’ခမျာ မြင်မကောင်းအောင် တိုက်ခိုက်ခံလိုက်ရပြန်သည်။ သို့ဖြစ်ရာ ‘မဟူရာည’က လက်တုံ့ပြန်ချင်နေမည်ပင်။ အချင်းချင်း ပြန်တွေ့ကြလျှင် သူတို့ကို အဘယ်သို့ မျက်နှာသာပေးမည်နည်း။

Zero လေး သက်ပြင်းချလိုက်မိသည်။

သို့သော် ခြူမုယွင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ထွက်လာပြီး လုံးဝမသိသာသည့် သဲလွန်စတစ်ခုကို ရုတ်ချည်း ရှာတွေ့သွားလေ၏။

‘မဟူရာည’၊ ‘အသက်တံခါး’၊ ‘အတွင်းဒဏ်ရာ’၊ ဝိဉာဉ်ပုံသွင်းမြက်’

ခြူးမုယွင်၏ ရင်ထဲ လှိုင်းထန်လာပြီး တစ်ကိုယ်လုံး အေးစက်သွားရသည်။

သူက ဆတ်ခနဲ မတ်တပ်ရပ်ကာ လက်မြှောက်လိုက်သည်။ ပြီးနောက် ခန္ဓာကိုယ်တွင်းမှ နှင်းကြာပွင့်ကို ဖယ်ရှားကာ မီးလျှံအဆိပ်ကို ဖိနှိပ်ချုပ်ခြယ်ခြင်းမရှိဘဲ ထွက်ပေါ်စေလိုက်လေသည်။

တချိန်တည်းမှာပင် အိပ်ခန်းထဲ အနားယူနေသော ရန်ချန်းသည်လည်း ရုတ်ချည်း မျက်လုံးပွင့်လာခဲ့၏။

ခြူးမုယွင်က အခန်းတံခါးဝကို မလှုပ်မယှက် ထိုင်ကြည့်နေခဲ့သည်။

သို့သော် ရန်ချန်းသည် အခန်းထဲမှ ထွက်မလာခဲ့ချေ။

သေချာတာပေါ့၊ သူ အရာအားလုံး သိနေပြီးသားပင်။

ခြူမုယွင်သည် အတော်ကြာအောင် စောင့်နေခဲ့ပြီးနောက် အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။

ရန်ချန်းသည် အပေါ်ထပ်ဝတ်ကာ ပြတင်းပေါက်ရှေ့တွင် ထိုင်နေပြီး ခြူးမုယွင်ကို အသာမော့ကြည့်လာသည်။ သူ၏ ခရမ်းရောင်မျက်ဝန်းများက ညှို့မှိုင်းနေခဲ့လေသည်။

ခြူးမုယွင်က ဖြစ်သမျှအကြောင်း အကောင်းမှတ်ကာ ခပ်တိုးတိုးလေး ခေါ်လိုက်သည်။ : “ဦးလေး..”

ရန်ချန်း၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး ညစ်ကျယ်ကျယ်အပြုံးတစ်ခု ဖြစ်တည်လာသည်။ : “ရက်နည်းနည်းလောက် စောင့်ရဦးမယ်ထင်တာ..”

ခြူးမုယွင်က သူ့ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့သည်။

“ဘာလို့ စိတ်လှုပ်ရှားနေတာလဲ..?” ရန်ချန်းက သူ့ကို တည့်တည့်ကြည့်ကာ.. “ဒါက မင်းပုံစံမဟုတ်ဘူးလေ..”

ခြူးမုယွင် : “ကျွန်တော့်မှာ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး.. ဦးလေးအနား ပြန်လာချင်ရုံပါ.. ဒါပေမဲ့… အရင်ခန္ဓာကိုယ် မဟုတ်တော့လို့ပါ..”

ရန်ချန်းက ခနဲ့တဲ့တဲ့ ပြောလာသည်။ : “ငါ့အနားပြန်ရောက်လာတုန်းက မင်းဘာလုပ်ခဲ့လဲ..?”

ခြူးမုယွင် : “ဦးလေးကို ချစ်တယ်..”

ရန်ချန်း၏ အမူအရာသည် ပြောင်းလဲမှုမရှိ။

ခြူးမုယွင် ဆက်ပြောသည်။ : “ဦးလေးနဲ့ အစကနေ ပြန်စချင်တယ်..”

သူပြောသမျှ အလိမ်အညာချည်းသာ။ တစ်ဖက်လူ ယုံကြည်အောင်ပင် တကူးတက ဟန်မဆောင်ခဲ့သော်ငြား ရန်ချန်းခမျာ ရင်ခုန်သံမြန်လာခဲ့လေ၏။ အသိစိတ်နှင့်ဝိဉာဉ် ကွဲထွက်ပြီး ရူးသွပ်သွားရသလို သူ၏ နှလုံးသားက ပရမ်းပတာ ခုန်ပေါက်နေတော့သည်။

ရန်ချန်းက စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သို့တိုင် သူ၏အသံက အတန်ငယ် အက်ရှနေဆဲ။

“မင်းမှာ နှလုံးသားမရှိဘူး..”

ခြူးမုယွင်က မသိမသာ မျက်ခုံးပင့်လိုက်သည်။

“ဦးလေးမှာရော နှလုံးသားရှိလို့လား..? ဦးလေးသာ တကယ်စိတ်ရင်းမှန်ရင် ကျွန်တော့်ကို ဘာလို့ တခြားလူဆီ ထပ်ခါထပ်ခါ တွန်းပို့ခဲ့တာလဲ..? ဦးလေးသာ တကယ်ချစ်ရင် ဘာလို့ အချစ်ပြိုင်ဘက်ကို ရန်စချင်ရုံနဲ့ ကျွန်တော့်ကို တခြားလူလိုဖြစ်အောင် ပြောင်းလဲပစ်ခဲ့တာလဲ..? ဦးလေးမှာသာ နှလုံးသားရှိရင် ဘာလို့ ကျွန်တော့်ကို အချစ်နဲ့လိင်ကိစ္စက ဘာမှမသက်ဆိုင်ဘူးလို့ ပြောခဲ့တာလဲ..? ဘာလို့ အပျော်အပါးပဲသိတဲ့ အရုပ်တစ်ရုပ်ဖြစ်အောင် သင်ကြားပေးခဲ့တာလဲ..? ဦးလေးကို လုံးဝပြန်မချစ်တဲ့ လူတစ်ယောက်ကို အသက်ပြန်ရှင်လာစေချင်တာနဲ့ ဘာလို့ ကျွန်တော်သေမှာကို ထိုင်ကြည့်နေခဲ့ရတာလဲ..?”

သူက အော်မေးလိုက်ချိန်တွင် ရန်ချန်း၏ မျက်ခုံးတန်းနှစ်ခုကြား ဒေါသမီးလျှံများ တောက်လောင်လာခဲ့၏။

ခြူးမုယွင် ပြောခဲ့သမျှက ရန်ချန်းလုပ်ခဲ့ဖူးသော ‘အမှား’များသာ။ သူက ရေခဲဝိဉာဉ်သားရဲလေးကို ပြုစုပျိုးထောင်ပေးပြီး သူ့အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးလာအောင် ဖန်တီးခဲ့သည်။ သို့သော် ထို့နောက်တွင်မူ သူ ဘာလုပ်ခဲ့သနည်း။ သားရဲလေးကို အရက်စက်ဆုံးနည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

ထိုဖြစ်ရပ်များက ရန်ချန်းကို တစ်ချိန်လုံး ခြောက်လှန့်နေခဲ့သော်ငြား ယခုအချိန်မှာတော့ လှောင်ရယ်စရာကိစ္စမှန်း သိရှိသွားချေပြီ။

“မင်းမှာ အဲ့လိုပြောပိုင်ခွင့်ရှိလို့လား..?” ရန်ချန်းက ခြူးမုယွင်ကို မေးလာသည်။

ခြူးမုယွင်က နောက်မဆုတ်ဘဲ.. : “ဒါတွေအားလုံး ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ..! အရင်လို ပြန်မဖြစ်နိုင်မှန်းလည်း ကျွန်တော်သိတယ်.. အဲ့တာကြောင့် တခြားနာမည်တစ်ခုနဲ့ ဦးလေးအနားကို ပြန်လာခဲ့တယ်.. ဇီးပန်းရောင်ဝါနန်းတော်မှာ တစ်သက်လုံး အစေခံလုပ်ရမယ်ဆိုရင်လည်း ရတယ်.. ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကို မျှော်လင့်ချက်တွေ ပေးနေပြန်တာလဲ..? မျှော်လင့်ချက်တွေပေးပြီးမှ ဘာလို့ ရိုက်ချိုးပစ်လိုက်ရတာလဲ..?!”

ရန်ချန်းက သူ့ကို စောင်းငဲ့ကြည့်ကာ.. : “ရှန်ယွင်..! တော်သင့်ပြီ..!”

နောက်ဆုံးတော့ ထိုနာမည်ကို ထုတ်ပြောလာခဲ့ချေပြီ။

ခြူးမုယွင်မှာ အတန်ငယ် တောင့်ခဲသွားခဲ့သည်။

ရန်ချန်းက သူ့အနား တိုးကပ်လာသည်။ သူ၏ အေးစက်စက်မျက်ဝန်းများက ခြူးမုယွင်၏ အယောင်ဆောင်ပုံရိပ်ကို အပိုင်းပိုင်း ဆုတ်ဖြဲကာ အတွင်းစိတ်ဝိဉာဉ်အထိ ထိုးဖောက်ရန် မစောင့်နိုင်တော့သကဲ့သို့…

“ဒီလောက် အလိမ်အညာတွေပြောနေတာ တန်လို့လား..?”

ခြူးမုယွင်က ရန်ချန်းကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ကာ.. “ ဦးလေး ဘာတွေပြောနေတာလဲ..? ကျွန်တော် နားမလည်ဘူး..”

ရန်ချန်းက လက်မြှောက်ကာ သွယ်လျသော လက်ချောင်းများဖြင့် သူ၏လည်ပင်းကို ဖျစ်ညှစ်လာသည်။ အားပြင်းလွန်းသဖြင့် ခြူးမုယွင်မှာ အသက်ရှူကျပ်လာပြီး အမြင်အာရုံပင် မှောင်မိုက်သွားရသည်အထိ။

သို့တိုင် ရန်ချန်းကို ရန်စလိုက်သေးသည်။ : “ရန်ချန်း.. ဘာလို့ အမြဲတမ်း ဒီလိုမျိုးတွေ လုပ်……..”

“ပါးစပ်ပိတ်ထား..!”

ရန်ချန်းက သူ့ကို ပစ်ထုတ်လိုက်သည်။ အရှိန်ပြင်းလွန်းသဖြင့် ခြူးမုယွင်မှာ အိမ်တိုင်နှင့် ဝင်ဆောင့်မိပြီး ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားရ၏။ ချောင်းဆိုးပြီး နှုတ်ခမ်းထောင့်မှ အနီရင့်ရင့်သွေးစက်များပင် စီးကျလာခဲ့သည်။

ရန်ချန်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ.. : “မင်း လူအများကြီးကို လှည့်စားခဲ့တယ်.. မင်း……”

သို့သော် စကားဆုံးအောင် ဆက်မပြောနိုင်ခဲ့ပေ။ သူ့ဝိဉာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ပြင်းထန်လွန်းသော နာကျင်မှုများ ပျံ့နှံ့လာပြီး ဖြူဆွတ်ဆွတ် အသားအရေထက်တွင် အနက်ရောင်အရိပ်များ စွန်းထင်းလာသည်။ အပေါ်ရုံတစ်ထပ်တည်း ဝတ်ထားသဖြင့် ဖြူဝင်းသော နောက်ကျောပြင်၌ အနက်ရောင်အစင်းများ ပေါ်ထွက်လာသည်ကိုပင် မြင်နိုင်လောက်သည်အထိ။

ရန်ချန်းက လျင်မြန်စွာ ဖိနှိပ်လိုက်သည်။ သို့သော် ဒေါသထွက်နေသဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။

ခြူးမုယွင်သည် ထိုမြင်ကွင်းကို အေးတိအေးစက် စိုက်ကြည့်နေရင်း အဖြေရှာတွေ့ခဲ့သည်။

“ခင်ဗျား ‘မဟူရာည’ကို ဝါးမြိုပစ်လိုက်တာပဲ.. အို…” ခြူးမုယွင်က တစ်ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ဝါးမြိုတာမဟုတ်ဘူး.. ‘မဟူရာည’က ခင်ဗျားကို အသက်အပ်နှင်းသွားတာဖြစ်မယ်..”

‘အသက်တံခါး’ ပေါ်ထွက်လာသည့်နေ့က ‘မဟူရာည’သည် ဒဏ်ရာအပြင်းအထန်ရသွားပြီး သေဆုံးလုနီးပါး ဖြစ်သွားလိမ့်မည်။ သို့သော် သူက အသက်မသေချင်သဖြင့် သူ၏ ဝိဉာဉ်ကို သူ့သခင်ထံသို့ အပ်နှင်းလိုက်ခြင်းပင်။

………………………………………………

TN : Click မယ်၊ Click မယ်ဝေ။

………………………………………………

Zawgyi

Zero : “Oh My God!”

ျခဴးမုယြင္ : “……..”

Zero : “ဇီးပန္းအလွကို ရႈစားမယ္ဆိုတာ ဘာႀကီးလဲ..? အဲ့တာက….. ရႈ… ရႈစားမလို႔………..” ဘာကိုရႈစားမယ္ဆိုတာ သူ မေျပာရဲဘူး..!

ျခဴးမုယြင္က သက္ျပင္းဖြဖြခ်လိုက္သည္။ : “ၾကည့္ရတာ ‘မနာလိုျခင္း’ကို ငါတို႔ ေလ်ာ့တြက္မိခဲ့ပုံပဲ..”

သူ၏လွည့္ကြက္ က်ရႈံးသြားကတည္းက ရန္ခ်န္းဟာ သတိရွိေနၿပီး ေထာင္ေခ်ာက္ထဲ ခုန္ဆင္းလာမည္မဟုတ္မွန္း ျခဴးမုယြင္ အတပ္သိလိုက္၏။ ပုံမွန္ဆိုလွ်င္ လူစည္ကားမႈကို ေရွာင္ရွားရန္ ခ်က္ခ်င္း ထြက္သြားမိမည္ပင္။ လက္ရွိအေျခအေနအရ သူသာ တျခားလူမ်ားေရွ႕ ကိုယ္ေယာင္ျပမိလွ်င္ ဇီးပန္းေရာင္ဝါေတာင္ႀကီး ေပါက္ကြဲထြက္သြားေပလိမ့္မည္။

ေမာ့က်ိဳးေရွာင္၊ ရွန္႐ႊိန္ယန္းႏွင့္ လင္း႐ႊမ္တို႔အားလုံး သူ႔အေၾကာင္းသိေနၿပီး ရွဲ႕ခ်င္းလန္သည္လည္း သူ အသက္ျပန္ရွင္လာႏိုင္ေၾကာင္း သိထားၿပီးသားျဖစ္၍ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ သူ႔ကို တန္းသိသြားလိမ့္မည္။ ထိုအခ်ိန္ေရာက္လွ်င္ ဇီးပန္းေရာင္ဝါေတာင္ေပၚ၌ ဇီးပန္းပြင့္မ်ား ရႈစားရေတာ့မည္မဟုတ္ဘဲ ေကာင္းကင္ေပၚမွ မီးရႉးမီးပန္းမ်ားကိုသာ ရႈစားၾကရလိမ့္မည္။

အင္း… ေကာင္းကင္ေပၚက မီးရႉးမီးပန္းဆိုတာ သူ ေလေပၚပ်ံတက္ၿပီး ေပါက္ကြဲထြက္သြားလို႔ေလ..!

သို႔ေသာ္ သည္အတိုင္း ထြက္သြားရန္လည္း အဆင္မေျပ။ ရန္ခ်န္းက သူ႔ကို အလြတ္ေပးမွာမဟုတ္သလို အကယ္၍ ယဲ့က်န႔္ဟန္၏ အကူအညီျဖင့္ ထြက္သြားႏိုင္ခဲ့လွ်င္ပင္ ရန္ခ်န္း ဘယ္လိုတုန႔္ျပန္လာမလဲဆိုတာ ခန႔္မွန္းရခက္လွသည္။

သို႔ႏွင့္ ျခဴးမုယြင္၏ စိတ္ထဲတြင္ သံသယတခ်ိဳ႕ ေပၚထြက္လာခဲ့ေလသည္။

ဒီကိစၥကို အျမန္ဆုံး အတည္ျပဳမွျဖစ္မယ္။ မဟုတ္ရင္ ျပႆနာတက္သြားလိမ့္မယ္..!

ရန္ခ်န္းက ကိစၥအားလုံးကို သိေနတယ္ဆိုပါစို႔။ အဲ့တာဆို သူ ဘယ္လိုသိသြားတာလဲ..? ၿပီးေတာ့ အားလုံးသိေနတာေတာင္ ဘာမွမေျပာဘူးဆိုေတာ့ ဘာေတြႀကံစည္ေနတာလဲ..?

ျခဴးမုယြင္အေနျဖင့္ ထိုကိစၥႏွစ္ရပ္ကို အေျဖရွာရေပလိမ့္မည္။

ဘာမွမသိဘဲ ျခယ္လွယ္ခံေနရသည့္ ဘဝက သိပ္ၿပီးေၾကာက္စရာမေကာင္းေပ။ တကယ္တမ္း ေၾကာက္စရာေကာင္းသည္က ဤအေျခအေနမွ ႐ုန္းထြက္ရန္ ေ႐ြးခ်ယ္လိုက္လွ်င္ ကိစၥမ်ားအားလုံး ျပန္လည္အဖက္ဆယ္ရန္ ခဲယဥ္းသြားလိမ့္မည္။ ျခဴးမုယြင္အေနျဖင့္ မရႈံးနိမ့္ခ်င္ေသာေၾကာင့္ ဇီးပန္းေရာင္ဝါေတာင္ေပၚတြင္ ဆက္ေနရေခ်ဦးမည္။

ျခဴးမုယြင္သည္ ယဲ့က်န႔္ဟန္ကို အေၾကာင္းျပန္ၿပီးေနာက္ သစ္သားထိုင္ခုံေပၚထိုင္ကာ ထိုအေၾကာင္း ေတြးေနခဲ့၏။

ဇီးပန္းပြဲေတာ္မတိုင္ခင္ လဝက္ခန႔္ အခ်ိန္ရေသးသည္။ ဤအခ်ိန္ကာလက သိပ္မၾကာသလို တိုေတာင္းသည္လည္း မဟုတ္။ သို႔ေသာ္ ရန္ခ်န္းက ထိုမတိုင္မီ က်ိန္းေသေပါက္ လႈပ္ရွားလာလိမ့္မည္။ သို႔ျဖစ္ရာ ဤကား သူ၏ ေနာက္ဆုံးအခြင့္အေရးပင္။

ထိုအခိုက္ Zero ေလးက ခပ္တိုးတိုး ေျပာလာသည္။ : “ဇီးပန္းေရာင္ဝါေတာင္ေပၚ ေရာက္တာ ဒီေလာက္ၾကာၿပီ.. ‘မဟူရာည’ကိုလည္း မေတြ႕မိဘူး..”

ျခဴးမုယြင္က သာမန္ကာလွ်ံကာ ျပန္ေျဖလိုက္သည္။ : “ရန္ခ်န္းက ဘယ္လိုလုပ္ လႊတ္ေပးထားမွာလဲ..?”

Zero ေလးက မ်က္ေမွာင္ၾကဳတ္ကာ ဝမ္းနည္းတႀကီး ေျပာလာသည္။ : “လႊတ္ေပးထားရင္ေတာင္ ‘မဟူရာည'က ကြၽန္ေတာ္တို႔ကို အဖက္လုပ္မွာမဟုတ္ဘူးေနာ္..”

လြန္ခဲ့ေသာ ႏွစ္ေပါင္းေလးေထာင္ခန္႔က နတ္ဘုရားသားရဲႀကီး ‘မဟူရာည’၏ အေတာင္ပံကို ‘ရွန္ယြင္’က ခ်ိဳးပစ္ခဲ့သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးေထာင္ေက်ာ္.. ‘လင္းမု’နဲ႔ ကြၽင္းေမာ့တို႔ တိုက္ခိုက္ခံရစဥ္ကလည္း ရွဲ႕ခ်င္းလန္၏ လက္ခ်က္ေၾကာင့္ ‘မဟူရာည’ခမ်ာ ျမင္မေကာင္းေအာင္ တိုက္ခိုက္ခံလိုက္ရျပန္သည္။ သို႔ျဖစ္ရာ ‘မဟူရာည’က လက္တုံ႔ျပန္ခ်င္ေနမည္ပင္။ အခ်င္းခ်င္း ျပန္ေတြ႕ၾကလွ်င္ သူတို႔ကို အဘယ္သို႔ မ်က္ႏွာသာေပးမည္နည္း။

Zero ေလး သက္ျပင္းခ်လိုက္မိသည္။

သို႔ေသာ္ ျခဴမုယြင္၏ စိတ္ထဲတြင္ အေတြးတစ္ခု ေပၚထြက္လာၿပီး လုံးဝမသိသာသည့္ သဲလြန္စတစ္ခုကို ႐ုတ္ခ်ည္း ရွာေတြ႕သြားေလ၏။

‘မဟူရာည’၊ ‘အသက္တံခါး’၊ ‘အတြင္းဒဏ္ရာ’၊ ဝိဉာဥ္ပုံသြင္းျမက္’

ျခဴးမုယြင္၏ ရင္ထဲ လႈိင္းထန္လာၿပီး တစ္ကိုယ္လုံး ေအးစက္သြားရသည္။

သူက ဆတ္ခနဲ မတ္တပ္ရပ္ကာ လက္ေျမႇာက္လိုက္သည္။ ၿပီးေနာက္ ခႏၶာကိုယ္တြင္းမွ ႏွင္းၾကာပြင့္ကို ဖယ္ရွားကာ မီးလွ်ံအဆိပ္ကို ဖိႏွိပ္ခ်ဳပ္ျခယ္ျခင္းမရွိဘဲ ထြက္ေပၚေစလိုက္ေလသည္။

တခ်ိန္တည္းမွာပင္ အိပ္ခန္းထဲ အနားယူေနေသာ ရန္ခ်န္းသည္လည္း ႐ုတ္ခ်ည္း မ်က္လုံးပြင့္လာခဲ့၏။

ျခဴးမုယြင္က အခန္းတံခါးဝကို မလႈပ္မယွက္ ထိုင္ၾကည့္ေနခဲ့သည္။

သို႔ေသာ္ ရန္ခ်န္းသည္ အခန္းထဲမွ ထြက္မလာခဲ့ေခ်။

ေသခ်ာတာေပါ့၊ သူ အရာအားလုံး သိေနၿပီးသားပင္။

ျခဴမုယြင္သည္ အေတာ္ၾကာေအာင္ ေစာင့္ေနခဲ့ၿပီးေနာက္ အခန္းတံခါးကို တြန္းဖြင့္ကာ ဝင္သြားလိုက္သည္။

ရန္ခ်န္းသည္ အေပၚထပ္ဝတ္ကာ ျပတင္းေပါက္ေရွ႕တြင္ ထိုင္ေနၿပီး ျခဴးမုယြင္ကို အသာေမာ့ၾကည့္လာသည္။ သူ၏ ခရမ္းေရာင္မ်က္ဝန္းမ်ားက ညႇိဳ႕မႈိင္းေနခဲ့ေလသည္။

ျခဴးမုယြင္က ျဖစ္သမွ်အေၾကာင္း အေကာင္းမွတ္ကာ ခပ္တိုးတိုးေလး ေခၚလိုက္သည္။ : “ဦးေလး..”

ရန္ခ်န္း၏ ႏႈတ္ခမ္းေထာင့္မ်ား ေကာ့တက္သြားၿပီး ညစ္က်ယ္က်ယ္အၿပဳံးတစ္ခု ျဖစ္တည္လာသည္။ : “ရက္နည္းနည္းေလာက္ ေစာင့္ရဦးမယ္ထင္တာ..”

ျခဴးမုယြင္က သူ႔ကို မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနခဲ့သည္။

“ဘာလို႔ စိတ္လႈပ္ရွားေနတာလဲ..?” ရန္ခ်န္းက သူ႔ကို တည့္တည့္ၾကည့္ကာ.. “ဒါက မင္းပုံစံမဟုတ္ဘူးေလ..”

ျခဴးမုယြင္ : “ကြၽန္ေတာ့္မွာ ထိခိုက္နစ္နာေစလိုတဲ့ ရည္႐ြယ္ခ်က္မရွိပါဘူး.. ဦးေလးအနား ျပန္လာခ်င္႐ုံပါ.. ဒါေပမဲ့… အရင္ခႏၶာကိုယ္ မဟုတ္ေတာ့လို႔ပါ..”

ရန္ခ်န္းက ခနဲ႔တဲ့တဲ့ ေျပာလာသည္။ : “ငါ့အနားျပန္ေရာက္လာတုန္းက မင္းဘာလုပ္ခဲ့လဲ..?”

ျခဴးမုယြင္ : “ဦးေလးကို ခ်စ္တယ္..”

ရန္ခ်န္း၏ အမူအရာသည္ ေျပာင္းလဲမႈမရွိ။

ျခဴးမုယြင္ ဆက္ေျပာသည္။ : “ဦးေလးနဲ႔ အစကေန ျပန္စခ်င္တယ္..”

သူေျပာသမွ် အလိမ္အညာခ်ည္းသာ။ တစ္ဖက္လူ ယုံၾကည္ေအာင္ပင္ တကူးတက ဟန္မေဆာင္ခဲ့ေသာ္ျငား ရန္ခ်န္းခမ်ာ ရင္ခုန္သံျမန္လာခဲ့ေလ၏။ အသိစိတ္ႏွင့္ဝိဉာဥ္ ကြဲထြက္ၿပီး ႐ူးသြပ္သြားရသလို သူ၏ ႏွလုံးသားက ပရမ္းပတာ ခုန္ေပါက္ေနေတာ့သည္။

ရန္ခ်န္းက စိတ္တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။ သို႔တိုင္ သူ၏အသံက အတန္ငယ္ အက္ရွေနဆဲ။

“မင္းမွာ ႏွလုံးသားမရွိဘူး..”

ျခဴးမုယြင္က မသိမသာ မ်က္ခုံးပင့္လိုက္သည္။

“ဦးေလးမွာေရာ ႏွလုံးသားရွိလို႔လား..? ဦးေလးသာ တကယ္စိတ္ရင္းမွန္ရင္ ကြၽန္ေတာ့္ကို ဘာလို႔ တျခားလူဆီ ထပ္ခါထပ္ခါ တြန္းပို႔ခဲ့တာလဲ..? ဦးေလးသာ တကယ္ခ်စ္ရင္ ဘာလို႔ အခ်စ္ၿပိဳင္ဘက္ကို ရန္စခ်င္႐ုံနဲ႔ ကြၽန္ေတာ့္ကို တျခားလူလိုျဖစ္ေအာင္ ေျပာင္းလဲပစ္ခဲ့တာလဲ..? ဦးေလးမွာသာ ႏွလုံးသားရွိရင္ ဘာလို႔ ကြၽန္ေတာ့္ကို အခ်စ္နဲ႔လိင္ကိစၥက ဘာမွမသက္ဆိုင္ဘူးလို႔ ေျပာခဲ့တာလဲ..? ဘာလို႔ အေပ်ာ္အပါးပဲသိတဲ့ အ႐ုပ္တစ္႐ုပ္ျဖစ္ေအာင္ သင္ၾကားေပးခဲ့တာလဲ..? ဦးေလးကို လုံးဝျပန္မခ်စ္တဲ့ လူတစ္ေယာက္ကို အသက္ျပန္ရွင္လာေစခ်င္တာနဲ႔ ဘာလို႔ ကြၽန္ေတာ္ေသမွာကို ထိုင္ၾကည့္ေနခဲ့ရတာလဲ..?”

သူက ေအာ္ေမးလိုက္ခ်ိန္တြင္ ရန္ခ်န္း၏ မ်က္ခုံးတန္းႏွစ္ခုၾကား ေဒါသမီးလွ်ံမ်ား ေတာက္ေလာင္လာခဲ့၏။

ျခဴးမုယြင္ ေျပာခဲ့သမွ်က ရန္ခ်န္းလုပ္ခဲ့ဖူးေသာ ‘အမွား’မ်ားသာ။ သူက ေရခဲဝိဉာဥ္သားရဲေလးကို ျပဳစုပ်ိဳးေထာင္ေပးၿပီး သူ႔အေပၚ နက္နက္ရႈိင္းရႈိင္း ခ်စ္ျမတ္ႏိုးလာေအာင္ ဖန္တီးခဲ့သည္။ သို႔ေသာ္ ထို႔ေနာက္တြင္မူ သူ ဘာလုပ္ခဲ့သနည္း။ သားရဲေလးကို အရက္စက္ဆုံးနည္းျဖင့္ ဖ်က္ဆီးပစ္ခဲ့သည္။

ထိုျဖစ္ရပ္မ်ားက ရန္ခ်န္းကို တစ္ခ်ိန္လုံး ေျခာက္လွန႔္ေနခဲ့ေသာ္ျငား ယခုအခ်ိန္မွာေတာ့ ေလွာင္ရယ္စရာကိစၥမွန္း သိရွိသြားေခ်ၿပီ။

“မင္းမွာ အဲ့လိုေျပာပိုင္ခြင့္ရွိလို႔လား..?” ရန္ခ်န္းက ျခဴးမုယြင္ကို ေမးလာသည္။

ျခဴးမုယြင္က ေနာက္မဆုတ္ဘဲ.. : “ဒါေတြအားလုံး ကြၽန္ေတာ္ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရတာ..! အရင္လို ျပန္မျဖစ္ႏိုင္မွန္းလည္း ကြၽန္ေတာ္သိတယ္.. အဲ့တာေၾကာင့္ တျခားနာမည္တစ္ခုနဲ႔ ဦးေလးအနားကို ျပန္လာခဲ့တယ္.. ဇီးပန္းေရာင္ဝါနန္းေတာ္မွာ တစ္သက္လုံး အေစခံလုပ္ရမယ္ဆိုရင္လည္း ရတယ္.. ဒါေပမဲ့ ဘာလို႔ ကြၽန္ေတာ့္ကို ေမွ်ာ္လင့္ခ်က္ေတြ ေပးေနျပန္တာလဲ..? ေမွ်ာ္လင့္ခ်က္ေတြေပးၿပီးမွ ဘာလို႔ ႐ိုက္ခ်ိဳးပစ္လိုက္ရတာလဲ..?!”

ရန္ခ်န္းက သူ႔ကို ေစာင္းငဲ့ၾကည့္ကာ.. : “ရွန္ယြင္..! ေတာ္သင့္ၿပီ..!”

ေနာက္ဆုံးေတာ့ ထိုနာမည္ကို ထုတ္ေျပာလာခဲ့ေခ်ၿပီ။

ျခဴးမုယြင္မွာ အတန္ငယ္ ေတာင့္ခဲသြားခဲ့သည္။

ရန္ခ်န္းက သူ႔အနား တိုးကပ္လာသည္။ သူ၏ ေအးစက္စက္မ်က္ဝန္းမ်ားက ျခဴးမုယြင္၏ အေယာင္ေဆာင္ပုံရိပ္ကို အပိုင္းပိုင္း ဆုတ္ၿဖဲကာ အတြင္းစိတ္ဝိဉာဥ္အထိ ထိုးေဖာက္ရန္ မေစာင့္ႏိုင္ေတာ့သကဲ့သို႔…

“ဒီေလာက္ အလိမ္အညာေတြေျပာေနတာ တန္လို႔လား..?”

ျခဴးမုယြင္က ရန္ခ်န္းကို တည္တည္ၿငိမ္ၿငိမ္ စိုက္ၾကည့္ကာ.. “ ဦးေလး ဘာေတြေျပာေနတာလဲ..? ကြၽန္ေတာ္ နားမလည္ဘူး..”

ရန္ခ်န္းက လက္ေျမႇာက္ကာ သြယ္လ်ေသာ လက္ေခ်ာင္းမ်ားျဖင့္ သူ၏လည္ပင္းကို ဖ်စ္ညႇစ္လာသည္။ အားျပင္းလြန္းသျဖင့္ ျခဴးမုယြင္မွာ အသက္ရႉက်ပ္လာၿပီး အျမင္အာ႐ုံပင္ ေမွာင္မိုက္သြားရသည္အထိ။

သို႔တိုင္ ရန္ခ်န္းကို ရန္စလိုက္ေသးသည္။ : “ရန္ခ်န္း.. ဘာလို႔ အၿမဲတမ္း ဒီလိုမ်ိဳးေတြ လုပ္……..”

“ပါးစပ္ပိတ္ထား..!”

ရန္ခ်န္းက သူ႔ကို ပစ္ထုတ္လိုက္သည္။ အရွိန္ျပင္းလြန္းသျဖင့္ ျခဴးမုယြင္မွာ အိမ္တိုင္ႏွင့္ ဝင္ေဆာင့္မိၿပီး ရင္ဘတ္တစ္ခုလုံး ေျဗာင္းဆန္သြားရ၏။ ေခ်ာင္းဆိုးၿပီး ႏႈတ္ခမ္းေထာင့္မွ အနီရင့္ရင့္ေသြးစက္မ်ားပင္ စီးက်လာခဲ့သည္။

ရန္ခ်န္းက သူ႔ကို စူးစူးရဲရဲ စိုက္ၾကည့္ကာ.. : “မင္း လူအမ်ားႀကီးကို လွည့္စားခဲ့တယ္.. မင္း……”

သို႔ေသာ္ စကားဆုံးေအာင္ ဆက္မေျပာႏိုင္ခဲ့ေပ။ သူ႔ဝိဉာဥ္၏ အနက္ရႈိင္းဆုံးေနရာမွ ျပင္းထန္လြန္းေသာ နာက်င္မႈမ်ား ပ်ံ႕ႏွံ႔လာၿပီး ျဖဴဆြတ္ဆြတ္ အသားအေရထက္တြင္ အနက္ေရာင္အရိပ္မ်ား စြန္းထင္းလာသည္။ အေပၚ႐ုံတစ္ထပ္တည္း ဝတ္ထားသျဖင့္ ျဖဴဝင္းေသာ ေနာက္ေက်ာျပင္၌ အနက္ေရာင္အစင္းမ်ား ေပၚထြက္လာသည္ကိုပင္ ျမင္ႏိုင္ေလာက္သည္အထိ။

ရန္ခ်န္းက လ်င္ျမန္စြာ ဖိႏွိပ္လိုက္သည္။ သို႔ေသာ္ ေဒါသထြက္ေနသျဖင့္ သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ခဲ့ေပ။

ျခဴးမုယြင္သည္ ထိုျမင္ကြင္းကို ေအးတိေအးစက္ စိုက္ၾကည့္ေနရင္း အေျဖရွာေတြ႕ခဲ့သည္။

“ခင္ဗ်ား ‘မဟူရာည’ကို ဝါးၿမိဳပစ္လိုက္တာပဲ.. အို…” ျခဴးမုယြင္က တစ္ခဏရပ္ၿပီးမွ ဆက္ေျပာလိုက္သည္။ “ဝါးၿမိဳတာမဟုတ္ဘူး.. ‘မဟူရာည’က ခင္ဗ်ားကို အသက္အပ္ႏွင္းသြားတာျဖစ္မယ္..”

‘အသက္တံခါး’ ေပၚထြက္လာသည့္ေန႔က ‘မဟူရာည’သည္ ဒဏ္ရာအျပင္းအထန္ရသြားၿပီး ေသဆုံးလုနီးပါး ျဖစ္သြားလိမ့္မည္။ သို႔ေသာ္ သူက အသက္မေသခ်င္သျဖင့္ သူ၏ ဝိဉာဥ္ကို သူ႔သခင္ထံသို႔ အပ္ႏွင္းလိုက္ျခင္းပင္။

………………………………………………

TN : Click မယ္၊ Click မယ္ေဝ။

………………………………………………

Continue Reading

You'll Also Like

136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
161K 26.5K 29
Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 by 瓦伦丁 English Translation - Ex...
125K 23.5K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
230K 24.5K 200
THIS STORY IS NOT MY OWN. MANHWA NAME - ATTACK AND OCUPPY. YOU CAN GOOGLE SEARCH ON IT. English Translation can be found " Must Read " reading list...