True Love 💭❤ အပိုင်း - ၁၂
(Unicode)
1 လခန့်ကြာသော်.....
ကွန့်မြူးညလရောင်တို့နှင့်အတူ အတွေးဆဆတွေး၍ ဘီယာဗူးတစ်ဗူးကိုဖောက်သောက်လိုက်တော့သည်။ တစ်ဗူးလုံးကုန်သွားသော်လည်းရီဝေမှုမရှိ ချိုမြမြအရသာကြောင့် ကွန့်မြူးပို၍အလိုမကျဖြစ်သွားရသည်။ စိတ်လွတ်ကိုယ်လွတ်မူးရူးချင်ပေမယ့်လဲ ကောင်မလေးအိမ်တွင်ရှိသည်ဆိုသည့်အသိကြောင့် အပြင်းစားအရက်တွေကိုကျော်လွန်၍ ဘီယာဗူးတစ်ဗူးကိုသာစိတ်ပါစွာ ကိုယ်တိုင်ယူဆောင်ခဲ့သည်မဟုတ်လား။ ယခုမှအလိုမကျဖြစ်နေရသည်မှာလဲဘီယာကြောင့်ပဲလား ကိုယ့်အတွေးတွေကြောင့်ပဲလားဆိုတာ မမူးပဲအဖြေရှာမရစွာအကျပ်ရိုက်နေရသည်။
သေချာခဲ့ပြီ သူ့ခံစားချက်တွေသေချာသလောက်ရှိခဲ့ပြီမို့ အခက်တွေ့နေရတော့သည်။ ကောင်မလေးကအခုဆို သူ့ကိုအကိုတစ်ယောက်လိုမျိုးခင်တွယ်နေမိပြီမလား။ သူလေးအခုမှပျော်ရွှင်လာရသလိုအမြဲ မျက်နှာလေးကြည်တောက်စွာအမြဲပြုံးပျော်နေရသည့် ချစ်စဖွယ်ပုံစံလေးကိုလဲသူအခုမှ အလိုကျစွာတွေ့နေရသည်မဟုတ်လား။ ပျော်စေချင်ပါသည်။ အမြဲပျော်ရွှင်နေပြီး အပူအပင်လေးလဲကင်းစွာဒီအိမ်မှာတစ်သက်လုံးနေစေချင်ပါသည်။ ရွာလဲမပြန်စေချင်သလို အဝေးထွက်သွားပြီးနေမှာလဲမလိုချင်ဖြစ်ရသည်။
ဒီတစ်လလေးအတွင်းမှာဘာတွေသိခဲ့ရလဲဆိုလျှင် သူမလေးမှလွဲ၍တစ်ခြားမိန်းခလေးအနားကပ်လာလျှင် ကွန့်မြူးသိသာစွာစိတ်အိုက်လာရသည်။ တစ်ခြားဝန်ထမ်းယောက်ကျားလေးတွေနှင့်စကားပြောနေလျှင်ကွန့်မြူးအလိုမကျစွာ စိတ်တို့တို၍ ကောင်မလေးကိုအနားခေါ်ထားတတ်သည်။ ပြောစကားနားမထောင်ပဲတလွဲလုပ်လာလျှင်လဲ ဆူငေါက်မိပေမယ့်စိတ်ထဲတော့မပါ အမြဲသနားနေရပြန်သည်။
မျက်လုံးဝိုင်းဝိုင်းလေး မျက်တောင်ကော့ကော့လေး မျက်မှန်လေးနှင့်ချစ်စရာသိပ်ကောင်းသည့်ကောင်မလေးကို ကွန့်မြူးတစ်ရက်တစ်ရက် တိုးပွားလာသည့်သနားကြင်နာမှုနှင့်အတူ အချစ်တွေလဲတိုးပွားလာမိပြီထင်ပါသည်။ ဆူငေါက်လိုက်တိုင်း ခေါင်းလေးငုံ့ငုံ့သွားတတ်ပြီး မျက်လုံးပြူးပြူးလေးနှင့် ခပ်ကြောက်ကြောက်လေးကြည့်လာလျှင်ရင်ဘက်ကြီးတစ်ခုလုံး စုတ်ပြတ်သွားသလိုခုန်လာတတ်သေးသည်။
မလွယ်ခဲ့ဘူး။ဒီရက်တွေကိုယ့်အတွက် တဂယ်မလွယ်ကူခဲ့ဘူးကောင်မလေး။
မာမီ့ရှေ့မင်းလေးကိုစိုက်ကြည့်မိလျှင် ကိုယ့်မှာမနည်းစိတ်ပြန်ထိန်းနေခဲ့ရတာလဲ မလွယ်ကူခဲ့ဘူး။ မင်းလေးကိုစိုက်ကြည့်မိတိုင်း အကြောင်းအမျိုးမျိုးပြ၍ ရှောင်ဖယ်စကားပြောရတာလဲ ကိုယ့်အတွက်မလွယ်ခဲ့ဘူး။
ခက်ရသည်။ သေချာသလောက်ရှိနေသည့်ခံစားချက်ကို ကိုယ်နောက်ထပ်အတည်ပြုချင်နေမိသည်။ သေချာမှ သေချာမှမင်းလေးကိုသေချာပိုးပန်းပါ့မယ်ကွာ။ ထူးခန့်ကိုကြောက်လို့ ကိုယ့်အရိပ်လာခိုတဲ့ကောင်မလေးကို ကိုယ်ကပါမရိုးမသားစိတ်နှင့် အလောတကြီးပြုမူလိုက်ရင်မင်းလေးပါ ကိုယ့်ကိုလန့်သွားနိုင်သည်မဟုတ်လား။ အဲ့တော့ဒီတစ်ပတ်အတွင်းကိုယ်သေချာလား ထပ်ပြီးဆန်းစစ်ကြည့်ပါ့မယ်။ သေချာပြီဆိုကိုယ်တရားဝင်ပိုးပန်းပါ့မယ်ကောင်မလေးရယ်။ မင်းလေးကိုယ့်ကိုမကြောက်စေသည့်နည်းလမ်းနှင့်ပေါ့လေ။
ရွှေကူ ရေဆာလာရ၍ ၁၀ နာရီကျော်ကြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ မီးမဖွင့်လဲမျက်မှန်နှင့်မို့ အလင်းဖျဖျလေးတွေကြား ရွှေကူရှင်းလင်းစွာမြင်နေရပါသည်။ ရေခဲသေတ္တာထဲမှရေဗူးကိုဖွင့်၍ ထိုနေရာတွင်သာမော့သောက်လိုက်တော့သည်။
"အမလေး အကိုလေးလား.."
"အင်း"
"လန့်လိုက်တာအကိုလေးရယ် အသံလဲမပေးဘူး"
ကွန့်မြူးနံရံကိုမှီ၍ ရပ်ကြည့်နေလိုက်သည်မှာ သူမလေးရေခဲသေတ္တာဖွင့်ကတည်းကဖြစ်လေသည်။
"ရေဆာလို့လား"
"ဟုတ် အကိုလေးရောမအိပ်သေးဘူးလားဟင်"
"အင်း..ကိုယ်အိပ်မပျော်သေးလို့"
"ရွှေကူအပေါ်တတ်တော့မယ်နော်အကိုလေး "
"အင်း"
ခပ်ပါးပါးအနွေးထည်လေးဝတ်ထားသည့်သူမလေးက ချမ်းနေ၍များလား။ ဒီကကောင်က သူမလေးဘာဝတ်လဲကအစသေချာကြည့်မိနေတော့လဲခက်သားဗျာ။ ဝတ်တဲ့အင်းကျီက ပါးတယ်ထူတယ်ကအစလိုက်ကြည့်ပြီး ပြောချင်နေတာဆိုတော့လဲ တဂယ်ခက်သား။
မင်းလေးနဲ့ပတ်သက်ရင်လေ ခက်နေတာတွေလဲအတော်များပါပြီကွာ။
"ဘဘကြီးနိုးပြီလား"
"အေးသမီးရေ လမ်းလျှောက်လေးထွက်မလို့ဘဘကြီးက "
"ဟုတ်.."
"သမီးဘာမှာအုံးမလဲ ဘဘကြီးလမ်းထိပ်ထိရောက်မယ်ထင်တယ်"
"အဲ့တာဆို အကိုလေးဖို့ဘဘကြီးပြန်လာရင် လက်ဖက်ရည်ဝယ်ခဲ့ပေးလို့ရမလား"
"ရတာပေါ့ သမီးအတွက်ရော "
"သမီးကတော်ပြီဘဘကြီး"
"ပေါက်စီကြိုက်တယ်မလား ဘဘကြီးဝယ်ခဲ့ပေးမယ်"
"ဟုတ်"
အားနာ၍ထင်ပါသည် မမှာဘူးလုပ်နေသည့်သမီးရွှေကူကို သူကြိုက်တာလေးဝယ်ခဲ့မည်ပြောမှ ခလေးတစ်ယောက်လိုပြုံးပြလေတော့သည်။ ဇနီးဖြစ်သူပြောသည့်အချိန်ထဲက မွေးစားဖို့ကိုလက်ခံပြီး ပြန်ရောက်လျှင်အမွေစားအမွေခံနှင့်မွေးစားမည်ဟုတွေးထားခဲ့ရာက သမီးရွှေကူကလက်မခံဘူးဆို၍ ဒီအတိုင်းအိမ်တွင်နေရန်သာ ခွင့်ပြုရတော့သည်။ တွေ့တာကြာပြီဖြစ်သလို ဒီကလေးရဲ့စရိုက်လက္ခဏာကအစ အကုန်သိထားပြီးမို့ဦးမိုးမြင့် သမီးရွှေကူကိုကိုယ့်သမီးတစ်ယောက်လိုပဲ ဆက်ဆံဖြစ်ခဲ့သည်။ ဇနီးသည်ကသည်းသည်းလှုပ်ချစ်တော့လဲ ပျော်ရပြန်သည်။ သမီးမိန်းခလေးလိုချင်ပေမယ့် အခြေနေအရပ်ရပ်ကြောင့်ခလေးထပ်မရတော့သည့် ဦးမိုးမြင့်တို့မိသားစုအတွက်တော့ သမီးရွှေကူကဒုတိယခလေးဖြစ်နေခဲ့ပါသည်။
"သမီးဘဘကြီးရောသွားပြီလား"
"ဟုတ်မေမေကြီးသွားပြီ"
"အလုပ်လေးနားတော့မေမေကြီးကမပျင်းရတော့ဘူး အဖော်ရပြီထင်လိုက်တာပါသမီးရယ် အခုတော့သူကခရီးတွေပတ်ထွက် လမ်းလျှောက်တွေသွား ညနေလဲအိမ်မကပ်နဲ့ဟုတ်နေကြတာပဲ "
"ရွှေကူအဖော်လုပ်ပေးမှာပေါ့"
သမီးရွှေကူကဒေါ်မာဆီနောက်မှသိုင်းဖက်၍ ကပ်ချွဲလေးပြောလာသည့်အခါ ဒေါ်မာသဘောတွေကျနေရတော့သည်။
"သမီးရှိလို့သာ မဟုတ်ရင်အဲ့သားဖနှစ်ယောက်ကြာင့်မေမေကြီးအထီးကျန်ရမှာသမီးရဲ့"
"ဟီး.."
ရွှေကူမေမေကြီးကိုဖတ်၍ ပျော်နေမိသည်။ မေမေကြီးကရွှေကူ့ကိုအတော်လေးခင်တွယ်၍ ရွှေကူလဲဒီအိမ်ကြီးတွင်နေရတာ တစ်ရက်ထက်တစ်ရက်ပျော်ရွှင်လာရသည်။ ဘဘကြီးကလဲရွှေကူ့ကို လှိုက်လှဲစွာကြိုဆိုသည်မို့ရွှေကူပို၍ နေသာထိုင်သာရှိနေရခြင်းဖြစ်သည်။
"မာမီ.."
"ဘာလဲ"
"ဟော.. မာမီတို့ကတော့ကျွန်တော့ကိုဆိုရန်ပဲလုပ်နေသလိုပဲနော်"
"ကြည့်လို့ကိုမရတာ သွားဟိုဘက်"
အရမ်းစလွန်တဲ့သားကို ဒေါ်မာမျက်စောင်းထိုးလိုက်တော့ တဟားဟားနှင့်ရယ်နေလေသည်။ သမီးလေးနဲ့ဒီလိုလေးနေရင် သူအမြဲပါပြီ။ အခုလဲကြည့် အစောကြီးကိုထပြီး ဘာလုပ်မလို့လဲမသိအောက်ထပ်သို့ရောက်နေပြီဖြစ်သည်။
"မေမေကြီးခဏနော် ဟင်းအိုးလေးကြည့်ချင်လို့"
"အေးအေးသမီး"
ကွန့်မြူးဟင်းအိုးလေးမွှေ၍ မြည်းကြည့်နေသည့်ကောင်မလေးကို ကြည့်နေမိပြန်သည်။
"ဘာလုပ်နေတာလဲ လာရှေ့ကို"
"Coffee သောက်မလို့ပါမာမီကလဲ"
"အော် အကိုလေးအတွက်လက်ဖက်ရည်ဘဘကြီးကိုမှာလိုက်တယ် အကိုလေးခဏနေမှသောက်ပါလား"
"Ok"
အလိုက်သိသည့်ကောင်မလေးက ဒယ်ဒီ့ကိုတောင်လက်ဖက်ရည်မှာလိုက်သည်တဲ့လား။ အမှတ်တွေတော့တိုးပါပြီဗျာ။ ဒီအတိုင်းတောင်ထိန်းချုပ်မရအောင်ခုန်ထွက်နေပါတယ်ဆိုမှ အခုတော့ပေါက်ထွက်ပြီးပြုတ်ကျမတတ်ဖြစ်ရပြီပေါ့။
အိမ်နှင့်အတော်လေးဝေးသည့်လမ်းမကြီးတွင် ရွှေကူလက်သည်းတိုတိတိလေးတွေကိုတတိတိနှင့်ကိုက်၍ စဉ်းစားနေမိသည်။ အပြင်တံခါးလေတိုးသည့်နားကပ်၍ စဉ်းစားလဲအဖြေမရ လေကွယ်ရာဘက်တိုး၍စဉ်းစားပြန်တော့လဲအဖြေမရ ရှေ့တည့်တည့်ကိုကြည့်ပြန်တော့လဲ ဘာလဲမသိပြန်သည့်အဆုံး အကိုလေးဘက်လှည့်၍ ချောမောပြေပြစ်သည့်မျက်နှာတစ်စုံကိုကြည့်ကာ...
"အကိုလေး"
"ဟေ.."
"ရွှေကူတစ်ခုခုမေ့ကျန်ခဲ့တယ်ထင်တယ်"
"ဘာမေ့ကျန်ခဲ့တာလဲကောင်မလေး"
"အဲ့တာမေ့နေတာစဉ်းစားလို့လဲမရဘူး ကျန်တာတော့ကျန်ခဲ့တယ်ဘာလဲသေချာမသိဘူးဖြစ်နေတာ "
"ဟော"
"ဖုန်းပါလား "
"ဟုတ် ပါတယ်"
"မနေ့ကယူလာတဲ့အိမ်အလုပ်တွေရော အဲ့စာရွက်တွေရောပါလား"
"ဟုတ်ပါတယ် အိတ်ထဲတစ်ခါထဲထည့်ခဲ့တာ အိတ်လဲပါခဲ့တယ်"
"ဘာကျန်သေးလို့လဲအဲ့တာဆို"
"မသိဘူး စိတ်ကတစ်ခုခုကျန်ခဲ့တာတော့သိတယ်"
"ထမင်းဗူးတွေတော့မဟုတ်ဘူးမလား.."
"အား ဟုတ်တယ် ပါမလာခဲ့ဘူးထမင်းဗူးတွေ"
ကွန့်မြူးကျိတ်၍ရယ်နေမိသည်။ ဒါကြောင့်ငေါင်းစင်းစင်းလေး ဟိုကြည့်ဒီကြည့်နှင့်တစ်လမ်းလုံး စဉ်းစားနေတာပေါ့လေ။
"အကိုလေးပြန်ယူကြမလားဟင်"
"ပြန်မနေပါနဲ့ဝယ်စားလဲဖြစ်တာကို"
"ရွှေကူတဂယ်မေ့သွားတာ ဘယ်လိုမေ့သွားလဲမသိဘူး ဉာဏ်တွေလဲထိုင်းကုန်ပြီလားမသိဘူး "
"ဟေ့.. အဲ့လိုလုပ်မှပိုဆိုးနေမယ်နော်"
ခေါင်းကိုထုရိုက်နေသည့်ကောင်မလေးကို ကွန့်မြူးအမြန်တားလိုက်ရသည်။
"ထားလိုက်ပါတစ်နပ်တစ်လေကို ဘာမှမဖြစ်ဘူးအပြင်ထွက်စားကြမယ်ဟုတ်ပြီလား"
"ဟုတ်"
ရွှေကူမနက်ကပြာယာခက်နေသည်ကြောင့်မေ့သွားတာဖြစ်မည်။ အကိုလေးကအကုန်ပြီးစီးနေပြီဖြစ်ပေမယ့်လဲ ရွှေကူကအင်းကျီတောင်မလဲရသေးသည်ကြောင့် ရွှေကူအလျင်လိုကာ ပြာယာခက်၍ ခုံပေါ်တင်ထားသည့်ထမင်းဗူးလေးတွေကိုမေ့လာခဲ့တော့သည်။ အကိုလေးသဘောကောင်းနေလို့သာပေါ့ မဟုတ်လျှင်ရွှေကူခေါင်းခေါက်ခံရလောက်ပါသည်။
"ဘာမှမဖြစ်ပါဘူးဆိုကွာ "
"ရွှေကူကြိုက်တဲ့ဟင်းလေးထည့်ထားတာကို"
"ပြန်ယူပေးရမလားအဲ့တာဆို"
"ထားလိုက်ပါအကိုလေးအလုပ်တွေရှိသေးတယ်လေ ပြန်ရောက်မှစားတော့မယ်ဟီး.."
သူကြိုက်သည့်ဟင်းပါမလာ၍ ဆူပုတ်ပုတ်လေးနှင့်ပြောလာသည့်ကောင်မလေးကို ကွန့်မြူးသဘောတွေကျနေရသည်။ ရှေ့မှအိတ်လေးလွယ်ကာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဆံနွယ်လေးတွေခါရမ်း၍ ခြေထောက်ဖြူဖြူဖွေးဖွေးလေးတွေက ဂါဝန်လေးအောက်တွင်ပေါ်နေသည့်အခါ ကွန့်မြူးကောက်ပွေ့၍ပြေးခေါ်သွားချင်နေရသည်။
"ရွှေကူရေ မဇင်ကိုဒါလေးကူပေးပါအုံး"
"ဟုတ် ဘယ်ဟာလဲမဇင်"
"ဒါလေးစာပြန်စီရိုက်ပေးပါအုံး မဇင်မအားတော့လို့"
ရွှေကူလှမ်းပေးသည့်စာရွက်လေးကိုယူ၍ စာပြန်စီစစ်ရိုက်လိုက်တော့သည်။ ရွှေကူကအခုဆို အတော်အသင့်စာရိုက်မြန်နေပြီမို့ မဇင်ကယုံ၍ပေးခြင်းနေမှာ။အရင်လိုဆိုတော်တော်အချိန်ယူပြီးမှ ဒီလိုစာအပြည့်စာရွက်လေးကိုပြီးသည်အထိရိုက်နိုင်မည်မဟုတ်လား။
"မဇင်ဒါဘယ်နှရွက်ထုတ်မှာလဲ"
"အရွက်သုံးဆယ်လောက် ရွှေကူအဲ့တာပြီးရင်မဇင်ကို Meeting ခန်းထဲအဲ့တာလေးတွေထည့်ပေးပါအုံးနော်"
"ဟုတ်"
အကုန်အလုပ်ကိုယ်စီရှုပ်နေကြ၍ ရွှေကူလဲစာရွက်တွေခုံလေးတွေရှေ့ စနစ်တကျစီ၍ထားခဲ့လိုက်တော့သည်။ ရွှေကူတို့အငယ်တွေက Meeting လုပ်လျှင်မပါ မဇင်တို့နှင့်အပြင်မှဧည့်သည်ရှယ်ယာရှင်တို့ရယ်သာ အမြဲတစေလုပ်ကြသည်မို့ ရွှေကူတို့အငယ်တွေအဖွဲ့ကအပြင်တွင် အေးဆေးနားနေကြတော့သည်။
"ရွှေကူ Coffee သောက်မလားငါတစ်ခါထဲဖျော်ခဲ့မယ်လေ"
"ခါးတယ်ဟ Coffee ကြီးက"
"နွားနို့မှုန့်ရှိတယ်လေဟာ ဖျော်ခဲ့မယ်နော်"
"အင်းအင်း ဖျော်ခဲ့ပေး"
တိုးတိုးက Gay တစ်ယောက်ဖြစ်သလို ရွှေကူနှင့်ကရွယ်တူတွေဖြစ်လေသည်။ စကားပြောနွဲ့နွဲ့လေးနှင့် ရွှေကူ့ကိုတအားစတတ်သလို ရွှေကူ့ကိုလဲခင်လေသည်။ တိုးတိုးကသူ့ဘဲကြီးအကြောင်းလဲ ခဏခဏပြောပြတတ်သေးသည်ကြောင့် ရွှေကူကနားထောင်ပေးရသည့်လူဖြစ်သည်။ သူပြောတာနားထောင်ပေး၍ရွှေကူ့ကိုဆို အခုလိုမုန့်တွေဝယ်ကျွေး အအေးတွေဝယ်တိုက် Coffee ဖျော်တိုက်နှင့်လက်ထိုးတတ်သေးသည်။ ခင်လို့နားထောင်ပေးတာပေမယ့် သူဝယ်ကျွေးတော့လဲစားရတာပေါ့လေဟီး။
"ထမင်းစားချိန်ကြီးကိုတိုးတိုးတို့က Coffee သောက်နေကြတာပေါ့လေ"
"ဟုတ်ပါ့အကိုစစ်ရေ ဗိုက်မဆာသေးလို့လေ"
"အကိုတို့တော့ထမင်းစားတော့မယ် Meeting ကကြာအုံးမယ်နဲ့တူတယ်ကွမစောင့်တော့ဘူးလေဆွဲတော့မလို့"
"ဆွဲဆွဲ တိုးတိုးတို့ကပြီးမှစားတော့မယ်"
"တိုးတိုးရွှေကူထမင်းချိုင့်ပါမလာဘူးနော်"
"ဟုတ်သားပဲ ရပါတယ်တိုးတိုးဆီကစား"
"အကိုလေးနဲအပြင်ထွက်စားရမှာ တိုးတိုးသွားစားလိုက်ပါလား မဇင်တို့ကလဲကြာမယ်ထင်တယ်"
"တော်ပါပြီကြာလဲစောင့်လိုက်မယ် တိုးတိုးကအခု coffee တောင်ဖျော်ပြီးနေပြီလေ"
"အကိုစစ်စားနှင့်လိုက်နော် ရွှေကူကတဂယ်ထမင်းချိုင့်မပါလို့"
"အင်းပါအဲ့တာဆိုအကိုတို့သွားပြီနော်"
"ဟုတ်"
အကိုစစ်တို့အဖွဲ့က ထမင်းစားခန်းထဲဝင်သွားတော့တိုးတိုးဖျော်ပေးလာသော နို့ကော်ဖီလေးကိုရွှေကူစမ်းသောက်ကြည့်လိုက်သည်။
"ကောင်းလား"
"ရှယ်ပဲဟ "
"ဒါပဲလေ ငါ့ဘဲကြီးပဲငါ့လက်ရာသောက်ဖူးတာနော် နင်ဂုဏ်ယူလိုက်တော့"
"အဟွန်း သကြားတွေထည့်လာသေးတာလား ချိုလွန်းလို့ချောင်းဆိုးသွားပြီနော်.."
"ဟားဟား..ရွှေကူမတို့တော့ မနာလိုတွေဖြစ်နေပြီ"
ကွန့်မြူး နာရီတကြည့်ကြည့်နှင့် Meeting သာလုပ်နေရတာစိတ်ကမပါလှပေ။ ရှေ့ကဝန်ထမ်းတွေဘာပြောသွားမှန်းမသိလောက်သည်အထိ ထမင်းစားချိန်လွန်နေ၍ ကောင်မလေးဆီစိတ်ရောက်နေရသည်။
"ဗိုက်ဆာနေပြီနဲ့တူတယ်"
"ခဗျာ.."
ပြည့်ဖြိုးမကြားလိုက်သည့်စကားကို ပြန်၍ပြောစေချင်သည်ကြောင့် ဥက္ကဌလေးနားကပ်လိုက်တော့ ဘာမှမဟုတ်ဘူးလို့ပြန်ပြောလာလေသည်။
"ကဲတော်ပြီ.. ဒီနေ့တော့ဒီလောက်ပဲ နောက်ရက်မှအချိန်ညှိပြီးပြန်ဆက်ကြတာပေါ့"
ပြောလက်စလုပ်ငန်းအစီစဉ်တွေမှာ ဥက္ကဋ္ဌလေးစကားကြောင့်ရပ်တန့်သွားရတော့သည်။ ဘယ်တုန်းကမှတစ်ဝက်တစ်ပျက်နှင့် ယခုလိုလက်စမသက်တတ်သည့်ဥက္ကဌလေးက အရင်ထပြန်သွားသည်ကြောင့်အကုန်လုံးလဲ အနည်းငယ်ကြောင်သွားကြတော့သည်။
ကွန့်မြူးကဦးစွာအခန်းအပြင်ရောက်သွားသည်ကြောင့် ဝန်ထမ်းအချို့နေရာပျက်နေကြသည်ကိုမြင်လိုက်ရသည်။ သူ့နေရာနှင့်သူရှိမနေကြပဲအုပ်စုတွေဖွဲ့၍ နေနေကြသည်မို့ ထိုအုပ်စုတွေကြားကောင်မလေးကိုလိုက်ရှာကြည့်လိုက်တော့သည်။ ကွန့်မြူးကိုမြင်မှ နေရာအသီးသီးသို့ပြန်သွားနေကြသည့်ဝန်ထမ်းတွေကြား တွေ့လိုက်ပါပြီဟိုကောင်မလေး။
အံမယ်ထောင့်စွန်းကိုသွားထိုင်၍ကောင်လေးတစ်ယောက်နှင့် ရယ်ပြုံးပြီး စကားပြောနေကြသည်များ အမြင်ကိုအတော်လေးကလော်ရတော့သည်။
တွေ့မယ်ကွန့်မြူးဝေရှေ့ တစ်ခြားကောင်လေးတစ်ယောက်နဲ့ ဒီလိုလုပ်လို့ရမလား ...
"အဲ့တာဘာလုပ်နေတာလဲရွှေကူ"
"ရှင်.. အကိုလေး"
ရွှေကူတို့ထိုင်နေရာမှအမြန်ပင်ထရပ်လိုက်တော့သည်။
"ထမင်းသွားစားမယ်လာ"
"ဟုတ်"
ဘာတတ်နိုင်မှာလဲဗျာ။ ဆိုင်လဲမဆိုင်ရသေးသလို ပိုင်လဲပိုင်သေးတာမှမဟုတ်တာ။ မဟုတ်တဲ့စကားတွေသွားပြောလိုက်ရင် ကောင်မလေးကလန့်သွားမှာပေါ့။ အခုချိန်ထိစိတ်ထိခိုက်လို့မရသေးသည့် အခြေနေမို့မင်းလေးကိုလွှတ်ပေးထားလိုက်အုံးမယ်။ နောက်ဆိုရင်တော့ကိုယ်ထိန်းချုပ်ဖို့ခက်သွားလောက်ပြီမို့ အဲ့အချိန်ကျရင်တော့ မင်းလေးနားလည်ပေးရင်ကောင်းမယ်ကောင်မလေးရယ်။
Words 2900
2.8.2023 6:50pm
ဆက်လက်ကြိုးစားသွားပါမည်။
(Unicode)
True Love အပိုင္း - ၁၂
1 လခန့္ၾကာေသာ္.....
ကြန့္ျမဴးညလေရာင္တို႔ႏွင့္အတူ အေတြးဆဆေတြး၍ ဘီယာဗူးတစ္ဗူးကိုေဖာက္ေသာက္လိုက္ေတာ့သည္။ တစ္ဗူးလုံးကုန္သြားေသာ္လည္းရီေဝမႈမရွိ ခ်ိဳျမျမအရသာေၾကာင့္ ကြန့္ျမဴးပို၍အလိုမက်ျဖစ္သြားရသည္။ စိတ္လြတ္ကိုယ္လြတ္မူး႐ူးခ်င္ေပမယ့္လဲ ေကာင္မေလးအိမ္တြင္ရွိသည္ဆိုသည့္အသိေၾကာင့္ အျပင္းစားအရက္ေတြကိုေက်ာ္လြန္၍ ဘီယာဗူးတစ္ဗူးကိုသာစိတ္ပါစြာ ကိုယ္တိုင္ယူေဆာင္ခဲ့သည္မဟုတ္လား။ ယခုမွအလိုမက်ျဖစ္ေနရသည္မွာလဲဘီယာေၾကာင့္ပဲလား ကိုယ့္အေတြးေတြေၾကာင့္ပဲလားဆိုတာ မမူးပဲအေျဖရွာမရစြာအက်ပ္ရိုက္ေနရသည္။
ေသခ်ာခဲ့ၿပီ သူ႕ခံစားခ်က္ေတြေသခ်ာသေလာက္ရွိခဲ့ၿပီမို႔ အခက္ေတြ႕ေနရေတာ့သည္။ ေကာင္မေလးကအခုဆို သူ႕ကိုအကိုတစ္ေယာက္လိုမ်ိဳးခင္တြယ္ေနမိၿပီမလား။ သူေလးအခုမွေပ်ာ္႐ႊင္လာရသလိုအၿမဲ မ်က္ႏွာေလးၾကည္ေတာက္စြာအၿမဲၿပဳံးေပ်ာ္ေနရသည့္ ခ်စ္စဖြယ္ပုံစံေလးကိုလဲသူအခုမွ အလိုက်စြာေတြ႕ေနရသည္မဟုတ္လား။ ေပ်ာ္ေစခ်င္ပါသည္။ အၿမဲေပ်ာ္႐ႊင္ေနၿပီး အပူအပင္ေလးလဲကင္းစြာဒီအိမ္မွာတစ္သက္လုံးေနေစခ်င္ပါသည္။ ႐ြာလဲမျပန္ေစခ်င္သလို အေဝးထြက္သြားၿပီးေနမွာလဲမလိုခ်င္ျဖစ္ရသည္။
ဒီတစ္လေလးအတြင္းမွာဘာေတြသိခဲ့ရလဲဆိုလွ်င္ သူမေလးမွလြဲ၍တစ္ျခားမိန္းခေလးအနားကပ္လာလွ်င္ ကြန့္ျမဴးသိသာစြာစိတ္အိုက္လာရသည္။ တစ္ျခားဝန္ထမ္းေယာက္က်ားေလးေတြႏွင့္စကားေျပာေနလွ်င္ကြန့္ျမဴးအလိုမက်စြာ စိတ္တို႔တို၍ ေကာင္မေလးကိုအနားေခၚထားတတ္သည္။ ေျပာစကားနားမေထာင္ပဲတလြဲလုပ္လာလွ်င္လဲ ဆူေငါက္မိေပမယ့္စိတ္ထဲေတာ့မပါ အၿမဲသနားေနရျပန္သည္။
မ်က္လုံးဝိုင္းဝိုင္းေလး မ်က္ေတာင္ေကာ့ေကာ့ေလး မ်က္မွန္ေလးႏွင့္ခ်စ္စရာသိပ္ေကာင္းသည့္ေကာင္မေလးကို ကြန့္ျမဴးတစ္ရက္တစ္ရက္ တိုးပြားလာသည့္သနားၾကင္နာမႈႏွင့္အတူ အခ်စ္ေတြလဲတိုးပြားလာမိၿပီထင္ပါသည္။ ဆူေငါက္လိုက္တိုင္း ေခါင္းေလးငုံ႕ငုံ႕သြားတတ္ၿပီး မ်က္လုံးျပဴးျပဴးေလးႏွင့္ ခပ္ေၾကာက္ေၾကာက္ေလးၾကည့္လာလွ်င္ရင္ဘက္ႀကီးတစ္ခုလုံး စုတ္ျပတ္သြားသလိုခုန္လာတတ္ေသးသည္။
မလြယ္ခဲ့ဘူး။ဒီရက္ေတြကိုယ့္အတြက္ တဂယ္မလြယ္ကူခဲ့ဘူးေကာင္မေလး။
မာမီ့ေရွ႕မင္းေလးကိုစိုက္ၾကည့္မိလွ်င္ ကိုယ့္မွာမနည္းစိတ္ျပန္ထိန္းေနခဲ့ရတာလဲ မလြယ္ကူခဲ့ဘူး။ မင္းေလးကိုစိုက္ၾကည့္မိတိုင္း အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ေရွာင္ဖယ္စကားေျပာရတာလဲ ကိုယ့္အတြက္မလြယ္ခဲ့ဘူး။
ခက္ရသည္။ ေသခ်ာသေလာက္ရွိေနသည့္ခံစားခ်က္ကို ကိုယ္ေနာက္ထပ္အတည္ျပဳခ်င္ေနမိသည္။ ေသခ်ာမွ ေသခ်ာမွမင္းေလးကိုေသခ်ာပိုးပန္းပါ့မယ္ကြာ။ ထူးခန့္ကိုေၾကာက္လို႔ ကိုယ့္အရိပ္လာခိုတဲ့ေကာင္မေလးကို ကိုယ္ကပါမရိုးမသားစိတ္ႏွင့္ အေလာတႀကီးျပဳမူလိုက္ရင္မင္းေလးပါ ကိုယ့္ကိုလန့္သြားနိုင္သည္မဟုတ္လား။ အဲ့ေတာ့ဒီတစ္ပတ္အတြင္းကိုယ္ေသခ်ာလား ထပ္ၿပီးဆန္းစစ္ၾကည့္ပါ့မယ္။ ေသခ်ာၿပီဆိုကိုယ္တရားဝင္ပိုးပန္းပါ့မယ္ေကာင္မေလးရယ္။ မင္းေလးကိုယ့္ကိုမေၾကာက္ေစသည့္နည္းလမ္းႏွင့္ေပါ့ေလ။
ေ႐ႊကူ ေရဆာလာရ၍ ၁၀ နာရီေက်ာ္ႀကီး ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ မီးမဖြင့္လဲမ်က္မွန္ႏွင့္မို႔ အလင္းဖ်ဖ်ေလးေတြၾကား ေ႐ႊကူရွင္းလင္းစြာျမင္ေနရပါသည္။ ေရခဲေသတၱာထဲမွေရဗူးကိုဖြင့္၍ ထိုေနရာတြင္သာေမာ့ေသာက္လိုက္ေတာ့သည္။
"အမေလး အကိုေလးလား.."
"အင္း"
"လန့္လိုက္တာအကိုေလးရယ္ အသံလဲမေပးဘူး"
ကြန့္ျမဴးနံရံကိုမွီ၍ ရပ္ၾကည့္ေနလိုက္သည္မွာ သူမေလးေရခဲေသတၱာဖြင့္ကတည္းကျဖစ္ေလသည္။
"ေရဆာလို႔လား"
"ဟုတ္ အကိုေလးေရာမအိပ္ေသးဘူးလားဟင္"
"အင္း..ကိုယ္အိပ္မေပ်ာ္ေသးလို႔"
"ေ႐ႊကူအေပၚတတ္ေတာ့မယ္ေနာ္အကိုေလး "
"အင္း"
ခပ္ပါးပါးအႏြေးထည္ေလးဝတ္ထားသည့္သူမေလးက ခ်မ္းေန၍မ်ားလား။ ဒီကေကာင္က သူမေလးဘာဝတ္လဲကအစေသခ်ာၾကည့္မိေနေတာ့လဲခက္သားဗ်ာ။ ဝတ္တဲ့အင္းက်ီက ပါးတယ္ထူတယ္ကအစလိုက္ၾကည့္ၿပီး ေျပာခ်င္ေနတာဆိုေတာ့လဲ တဂယ္ခက္သား။
မင္းေလးနဲ႕ပတ္သက္ရင္ေလ ခက္ေနတာေတြလဲအေတာ္မ်ားပါၿပီကြာ။
"ဘဘႀကီးနိုးၿပီလား"
"ေအးသမီးေရ လမ္းေလွ်ာက္ေလးထြက္မလို႔ဘဘႀကီးက "
"ဟုတ္.."
"သမီးဘာမွာအုံးမလဲ ဘဘႀကီးလမ္းထိပ္ထိေရာက္မယ္ထင္တယ္"
"အဲ့တာဆို အကိုေလးဖို႔ဘဘႀကီးျပန္လာရင္ လက္ဖက္ရည္ဝယ္ခဲ့ေပးလို႔ရမလား"
"ရတာေပါ့ သမီးအတြက္ေရာ "
"သမီးကေတာ္ၿပီဘဘႀကီး"
"ေပါက္စီႀကိဳက္တယ္မလား ဘဘႀကီးဝယ္ခဲ့ေပးမယ္"
"ဟုတ္"
အားနာ၍ထင္ပါသည္ မမွာဘူးလုပ္ေနသည့္သမီးေ႐ႊကူကို သူႀကိဳက္တာေလးဝယ္ခဲ့မည္ေျပာမွ ခေလးတစ္ေယာက္လိုၿပဳံးျပေလေတာ့သည္။ ဇနီးျဖစ္သူေျပာသည့္အခ်ိန္ထဲက ေမြးစားဖို႔ကိုလက္ခံၿပီး ျပန္ေရာက္လွ်င္အေမြစားအေမြခံႏွင့္ေမြးစားမည္ဟုေတြးထားခဲ့ရာက သမီးေ႐ႊကူကလက္မခံဘူးဆို၍ ဒီအတိုင္းအိမ္တြင္ေနရန္သာ ခြင့္ျပဳရေတာ့သည္။ ေတြ႕တာၾကာၿပီျဖစ္သလို ဒီကေလးရဲ႕စရိုက္လကၡဏာကအစ အကုန္သိထားၿပီးမို႔ဦးမိုးျမင့္ သမီးေ႐ႊကူကိုကိုယ့္သမီးတစ္ေယာက္လိုပဲ ဆက္ဆံျဖစ္ခဲ့သည္။ ဇနီးသည္ကသည္းသည္းလႈပ္ခ်စ္ေတာ့လဲ ေပ်ာ္ရျပန္သည္။ သမီးမိန္းခေလးလိုခ်င္ေပမယ့္ အေျခေနအရပ္ရပ္ေၾကာင့္ခေလးထပ္မရေတာ့သည့္ ဦးမိုးျမင့္တို႔မိသားစုအတြက္ေတာ့ သမီးေ႐ႊကူကဒုတိယခေလးျဖစ္ေနခဲ့ပါသည္။
"သမီးဘဘႀကီးေရာသြားၿပီလား"
"ဟုတ္ေမေမႀကီးသြားၿပီ"
"အလုပ္ေလးနားေတာ့ေမေမႀကီးကမပ်င္းရေတာ့ဘူး အေဖာ္ရၿပီထင္လိုက္တာပါသမီးရယ္ အခုေတာ့သူကခရီးေတြပတ္ထြက္ လမ္းေလွ်ာက္ေတြသြား ညေနလဲအိမ္မကပ္နဲ႕ဟုတ္ေနၾကတာပဲ "
"ေ႐ႊကူအေဖာ္လုပ္ေပးမွာေပါ့"
သမီးေ႐ႊကူကေဒၚမာဆီေနာက္မွသိုင္းဖက္၍ ကပ္ခြၽဲေလးေျပာလာသည့္အခါ ေဒၚမာသေဘာေတြက်ေနရေတာ့သည္။
"သမီးရွိလို႔သာ မဟုတ္ရင္အဲ့သားဖႏွစ္ေယာက္ၾကာင့္ေမေမႀကီးအထီးက်န္ရမွာသမီးရဲ႕"
"ဟီး.."
ေ႐ႊကူေမေမႀကီးကိုဖတ္၍ ေပ်ာ္ေနမိသည္။ ေမေမႀကီးကေ႐ႊကူ႕ကိုအေတာ္ေလးခင္တြယ္၍ ေ႐ႊကူလဲဒီအိမ္ႀကီးတြင္ေနရတာ တစ္ရက္ထက္တစ္ရက္ေပ်ာ္႐ႊင္လာရသည္။ ဘဘႀကီးကလဲေ႐ႊကူ႕ကို လွိုက္လွဲစြာႀကိဳဆိုသည္မို႔ေ႐ႊကူပို၍ ေနသာထိုင္သာရွိေနရျခင္းျဖစ္သည္။
"မာမီ.."
"ဘာလဲ"
"ေဟာ.. မာမီတို႔ကေတာ့ကြၽန္ေတာ့ကိုဆိုရန္ပဲလုပ္ေနသလိုပဲေနာ္"
"ၾကည့္လို႔ကိုမရတာ သြားဟိုဘက္"
အရမ္းစလြန္တဲ့သားကို ေဒၚမာမ်က္ေစာင္းထိုးလိုက္ေတာ့ တဟားဟားႏွင့္ရယ္ေနေလသည္။ သမီးေလးနဲ႕ဒီလိုေလးေနရင္ သူအၿမဲပါၿပီ။ အခုလဲၾကည့္ အေစာႀကီးကိုထၿပီး ဘာလုပ္မလို႔လဲမသိေအာက္ထပ္သို႔ေရာက္ေနၿပီျဖစ္သည္။
"ေမေမႀကီးခဏေနာ္ ဟင္းအိုးေလးၾကည့္ခ်င္လို႔"
"ေအးေအးသမီး"
ကြန့္ျမဴးဟင္းအိုးေလးေမႊ၍ ျမည္းၾကည့္ေနသည့္ေကာင္မေလးကို ၾကည့္ေနမိျပန္သည္။
"ဘာလုပ္ေနတာလဲ လာေရွ႕ကို"
"Coffee ေသာက္မလို႔ပါမာမီကလဲ"
"ေအာ္ အကိုေလးအတြက္လက္ဖက္ရည္ဘဘႀကီးကိုမွာလိုက္တယ္ အကိုေလးခဏေနမွေသာက္ပါလား"
"Ok"
အလိုက္သိသည့္ေကာင္မေလးက ဒယ္ဒီ့ကိုေတာင္လက္ဖက္ရည္မွာလိုက္သည္တဲ့လား။ အမွတ္ေတြေတာ့တိုးပါၿပီဗ်ာ။ ဒီအတိုင္းေတာင္ထိန္းခ်ဳပ္မရေအာင္ခုန္ထြက္ေနပါတယ္ဆိုမွ အခုေတာ့ေပါက္ထြက္ၿပီးျပဳတ္က်မတတ္ျဖစ္ရၿပီေပါ့။
အိမ္ႏွင့္အေတာ္ေလးေဝးသည့္လမ္းမႀကီးတြင္ ေ႐ႊကူလက္သည္းတိုတိတိေလးေတြကိုတတိတိႏွင့္ကိုက္၍ စဥ္းစားေနမိသည္။ အျပင္တံခါးေလတိုးသည့္နားကပ္၍ စဥ္းစားလဲအေျဖမရ ေလကြယ္ရာဘက္တိုး၍စဥ္းစားျပန္ေတာ့လဲအေျဖမရ ေရွ႕တည့္တည့္ကိုၾကည့္ျပန္ေတာ့လဲ ဘာလဲမသိျပန္သည့္အဆုံး အကိုေလးဘက္လွည့္၍ ေခ်ာေမာေျပျပစ္သည့္မ်က္ႏွာတစ္စုံကိုၾကည့္ကာ...
"အကိုေလး"
"ေဟ.."
"ေ႐ႊကူတစ္ခုခုေမ့က်န္ခဲ့တယ္ထင္တယ္"
"ဘာေမ့က်န္ခဲ့တာလဲေကာင္မေလး"
"အဲ့တာေမ့ေနတာစဥ္းစားလို႔လဲမရဘူး က်န္တာေတာ့က်န္ခဲ့တယ္ဘာလဲေသခ်ာမသိဘူးျဖစ္ေနတာ "
"ေဟာ"
"ဖုန္းပါလား "
"ဟုတ္ ပါတယ္"
"မေန႕ကယူလာတဲ့အိမ္အလုပ္ေတြေရာ အဲ့စာ႐ြက္ေတြေရာပါလား"
"ဟုတ္ပါတယ္ အိတ္ထဲတစ္ခါထဲထည့္ခဲ့တာ အိတ္လဲပါခဲ့တယ္"
"ဘာက်န္ေသးလို႔လဲအဲ့တာဆို"
"မသိဘူး စိတ္ကတစ္ခုခုက်န္ခဲ့တာေတာ့သိတယ္"
"ထမင္းဗူးေတြေတာ့မဟုတ္ဘူးမလား.."
"အား ဟုတ္တယ္ ပါမလာခဲ့ဘူးထမင္းဗူးေတြ"
ကြန့္ျမဴးက်ိတ္၍ရယ္ေနမိသည္။ ဒါေၾကာင့္ေငါင္းစင္းစင္းေလး ဟိုၾကည့္ဒီၾကည့္ႏွင့္တစ္လမ္းလုံး စဥ္းစားေနတာေပါ့ေလ။
"အကိုေလးျပန္ယူၾကမလားဟင္"
"ျပန္မေနပါနဲ႕ဝယ္စားလဲျဖစ္တာကို"
"ေ႐ႊကူတဂယ္ေမ့သြားတာ ဘယ္လိုေမ့သြားလဲမသိဘူး ဉာဏ္ေတြလဲထိုင္းကုန္ၿပီလားမသိဘူး "
"ေဟ့.. အဲ့လိုလုပ္မွပိုဆိုးေနမယ္ေနာ္"
ေခါင္းကိုထုရိုက္ေနသည့္ေကာင္မေလးကို ကြန့္ျမဴးအျမန္တားလိုက္ရသည္။
"ထားလိုက္ပါတစ္နပ္တစ္ေလကို ဘာမွမျဖစ္ဘူးအျပင္ထြက္စားၾကမယ္ဟုတ္ၿပီလား"
"ဟုတ္"
ေ႐ႊကူမနက္ကျပာယာခက္ေနသည္ေၾကာင့္ေမ့သြားတာျဖစ္မည္။ အကိုေလးကအကုန္ၿပီးစီးေနၿပီျဖစ္ေပမယ့္လဲ ေ႐ႊကူကအင္းက်ီေတာင္မလဲရေသးသည္ေၾကာင့္ ေ႐ႊကူအလ်င္လိုကာ ျပာယာခက္၍ ခုံေပၚတင္ထားသည့္ထမင္းဗူးေလးေတြကိုေမ့လာခဲ့ေတာ့သည္။ အကိုေလးသေဘာေကာင္းေနလို႔သာေပါ့ မဟုတ္လွ်င္ေ႐ႊကူေခါင္းေခါက္ခံရေလာက္ပါသည္။
"ဘာမွမျဖစ္ပါဘူးဆိုကြာ "
"ေ႐ႊကူႀကိဳက္တဲ့ဟင္းေလးထည့္ထားတာကို"
"ျပန္ယူေပးရမလားအဲ့တာဆို"
"ထားလိုက္ပါအကိုေလးအလုပ္ေတြရွိေသးတယ္ေလ ျပန္ေရာက္မွစားေတာ့မယ္ဟီး.."
သူႀကိဳက္သည့္ဟင္းပါမလာ၍ ဆူပုတ္ပုတ္ေလးႏွင့္ေျပာလာသည့္ေကာင္မေလးကို ကြန့္ျမဴးသေဘာေတြက်ေနရသည္။ ေရွ႕မွအိတ္ေလးလြယ္ကာ ေျခတစ္လွမ္းလွမ္းလိုက္တိုင္း ဆံႏြယ္ေလးေတြခါရမ္း၍ ေျခေထာက္ျဖဴျဖဴေဖြးေဖြးေလးေတြက ဂါဝန္ေလးေအာက္တြင္ေပၚေနသည့္အခါ ကြန့္ျမဴးေကာက္ေပြ႕၍ေျပးေခၚသြားခ်င္ေနရသည္။
"ေ႐ႊကူေရ မဇင္ကိုဒါေလးကူေပးပါအုံး"
"ဟုတ္ ဘယ္ဟာလဲမဇင္"
"ဒါေလးစာျပန္စီရိုက္ေပးပါအုံး မဇင္မအားေတာ့လို႔"
ေ႐ႊကူလွမ္းေပးသည့္စာ႐ြက္ေလးကိုယူ၍ စာျပန္စီစစ္ရိုက္လိုက္ေတာ့သည္။ ေ႐ႊကူကအခုဆို အေတာ္အသင့္စာရိုက္ျမန္ေနၿပီမို႔ မဇင္ကယုံ၍ေပးျခင္းေနမွာ။အရင္လိုဆိုေတာ္ေတာ္အခ်ိန္ယူၿပီးမွ ဒီလိုစာအျပည့္စာ႐ြက္ေလးကိုၿပီးသည္အထိရိုက္နိုင္မည္မဟုတ္လား။
"မဇင္ဒါဘယ္ႏွ႐ြက္ထုတ္မွာလဲ"
"အ႐ြက္သုံးဆယ္ေလာက္ ေ႐ႊကူအဲ့တာၿပီးရင္မဇင္ကို Meeting ခန္းထဲအဲ့တာေလးေတြထည့္ေပးပါအုံးေနာ္"
"ဟုတ္"
အကုန္အလုပ္ကိုယ္စီရႈပ္ေနၾက၍ ေ႐ႊကူလဲစာ႐ြက္ေတြခုံေလးေတြေရွ႕ စနစ္တက်စီ၍ထားခဲ့လိုက္ေတာ့သည္။ ေ႐ႊကူတို႔အငယ္ေတြက Meeting လုပ္လွ်င္မပါ မဇင္တို႔ႏွင့္အျပင္မွဧည့္သည္ရွယ္ယာရွင္တို႔ရယ္သာ အၿမဲတေစလုပ္ၾကသည္မို႔ ေ႐ႊကူတို႔အငယ္ေတြအဖြဲ႕ကအျပင္တြင္ ေအးေဆးနားေနၾကေတာ့သည္။
"ေ႐ႊကူ Coffee ေသာက္မလားငါတစ္ခါထဲေဖ်ာ္ခဲ့မယ္ေလ"
"ခါးတယ္ဟ Coffee ႀကီးက"
"ႏြားနို႔မႈန့္ရွိတယ္ေလဟာ ေဖ်ာ္ခဲ့မယ္ေနာ္"
"အင္းအင္း ေဖ်ာ္ခဲ့ေပး"
တိုးတိုးက Gay တစ္ေယာက္ျဖစ္သလို ေ႐ႊကူႏွင့္က႐ြယ္တူေတြျဖစ္ေလသည္။ စကားေျပာႏြဲ႕ႏြဲ႕ေလးႏွင့္ ေ႐ႊကူ႕ကိုတအားစတတ္သလို ေ႐ႊကူ႕ကိုလဲခင္ေလသည္။ တိုးတိုးကသူ႕ဘဲႀကီးအေၾကာင္းလဲ ခဏခဏေျပာျပတတ္ေသးသည္ေၾကာင့္ ေ႐ႊကူကနားေထာင္ေပးရသည့္လူျဖစ္သည္။ သူေျပာတာနားေထာင္ေပး၍ေ႐ႊကူ႕ကိုဆို အခုလိုမုန့္ေတြဝယ္ေကြၽး အေအးေတြဝယ္တိုက္ Coffee ေဖ်ာ္တိုက္ႏွင့္လက္ထိုးတတ္ေသးသည္။ ခင္လို႔နားေထာင္ေပးတာေပမယ့္ သူဝယ္ေကြၽးေတာ့လဲစားရတာေပါ့ေလဟီး။
"ထမင္းစားခ်ိန္ႀကီးကိုတိုးတိုးတို႔က Coffee ေသာက္ေနၾကတာေပါ့ေလ"
"ဟုတ္ပါ့အကိုစစ္ေရ ဗိုက္မဆာေသးလို႔ေလ"
"အကိုတို႔ေတာ့ထမင္းစားေတာ့မယ္ Meeting ကၾကာအုံးမယ္နဲ႕တူတယ္ကြမေစာင့္ေတာ့ဘူးေလဆြဲေတာ့မလို႔"
"ဆြဲဆြဲ တိုးတိုးတို႔ကၿပီးမွစားေတာ့မယ္"
"တိုးတိုးေ႐ႊကူထမင္းခ်ိဳင့္ပါမလာဘူးေနာ္"
"ဟုတ္သားပဲ ရပါတယ္တိုးတိုးဆီကစား"
"အကိုေလးနဲအျပင္ထြက္စားရမွာ တိုးတိုးသြားစားလိုက္ပါလား မဇင္တို႔ကလဲၾကာမယ္ထင္တယ္"
"ေတာ္ပါၿပီၾကာလဲေစာင့္လိုက္မယ္ တိုးတိုးကအခု coffee ေတာင္ေဖ်ာ္ၿပီးေနၿပီေလ"
"အကိုစစ္စားႏွင့္လိုက္ေနာ္ ေ႐ႊကူကတဂယ္ထမင္းခ်ိဳင့္မပါလို႔"
"အင္းပါအဲ့တာဆိုအကိုတို႔သြားၿပီေနာ္"
"ဟုတ္"
အကိုစစ္တို႔အဖြဲ႕က ထမင္းစားခန္းထဲဝင္သြားေတာ့တိုးတိုးေဖ်ာ္ေပးလာေသာ နို႔ေကာ္ဖီေလးကိုေ႐ႊကူစမ္းေသာက္ၾကည့္လိုက္သည္။
"ေကာင္းလား"
"ရွယ္ပဲဟ "
"ဒါပဲေလ ငါ့ဘဲႀကီးပဲငါ့လက္ရာေသာက္ဖူးတာေနာ္ နင္ဂုဏ္ယူလိုက္ေတာ့"
"အဟြန္း သၾကားေတြထည့္လာေသးတာလား ခ်ိဳလြန္းလို႔ေခ်ာင္းဆိုးသြားၿပီေနာ္.."
"ဟားဟား..ေ႐ႊကူမတို႔ေတာ့ မနာလိုေတြျဖစ္ေနၿပီ"
ကြန့္ျမဴး နာရီတၾကည့္ၾကည့္ႏွင့္ Meeting သာလုပ္ေနရတာစိတ္ကမပါလွေပ။ ေရွ႕ကဝန္ထမ္းေတြဘာေျပာသြားမွန္းမသိေလာက္သည္အထိ ထမင္းစားခ်ိန္လြန္ေန၍ ေကာင္မေလးဆီစိတ္ေရာက္ေနရသည္။
"ဗိုက္ဆာေနၿပီနဲ႕တူတယ္"
"ခဗ်ာ.."
ျပည့္ၿဖိဳးမၾကားလိုက္သည့္စကားကို ျပန္၍ေျပာေစခ်င္သည္ေၾကာင့္ ဥကၠဌေလးနားကပ္လိုက္ေတာ့ ဘာမွမဟုတ္ဘူးလို႔ျပန္ေျပာလာေလသည္။
"ကဲေတာ္ၿပီ.. ဒီေန႕ေတာ့ဒီေလာက္ပဲ ေနာက္ရက္မွအခ်ိန္ညွိၿပီးျပန္ဆက္ၾကတာေပါ့"
ေျပာလက္စလုပ္ငန္းအစီစဥ္ေတြမွာ ဥကၠ႒ေလးစကားေၾကာင့္ရပ္တန့္သြားရေတာ့သည္။ ဘယ္တုန္းကမွတစ္ဝက္တစ္ပ်က္ႏွင့္ ယခုလိုလက္စမသက္တတ္သည့္ဥကၠဌေလးက အရင္ထျပန္သြားသည္ေၾကာင့္အကုန္လုံးလဲ အနည္းငယ္ေၾကာင္သြားၾကေတာ့သည္။
ကြန့္ျမဴးကဦးစြာအခန္းအျပင္ေရာက္သြားသည္ေၾကာင့္ ဝန္ထမ္းအခ်ိဳ႕ေနရာပ်က္ေနၾကသည္ကိုျမင္လိုက္ရသည္။ သူ႕ေနရာႏွင့္သူရွိမေနၾကပဲအုပ္စုေတြဖြဲ႕၍ ေနေနၾကသည္မို႔ ထိုအုပ္စုေတြၾကားေကာင္မေလးကိုလိုက္ရွာၾကည့္လိုက္ေတာ့သည္။ ကြန့္ျမဴးကိုျမင္မွ ေနရာအသီးသီးသို႔ျပန္သြားေနၾကသည့္ဝန္ထမ္းေတြၾကား ေတြ႕လိုက္ပါၿပီဟိုေကာင္မေလး။
အံမယ္ေထာင့္စြန္းကိုသြားထိုင္၍ေကာင္ေလးတစ္ေယာက္ႏွင့္ ရယ္ၿပဳံးၿပီး စကားေျပာေနၾကသည္မ်ား အျမင္ကိုအေတာ္ေလးကေလာ္ရေတာ့သည္။
ေတြ႕မယ္ကြန့္ျမဴးေဝေရွ႕ တစ္ျခားေကာင္ေလးတစ္ေယာက္နဲ႕ ဒီလိုလုပ္လို႔ရမလား ...
"အဲ့တာဘာလုပ္ေနတာလဲေ႐ႊကူ"
"ရွင္.. အကိုေလး"
ေ႐ႊကူတို႔ထိုင္ေနရာမွအျမန္ပင္ထရပ္လိုက္ေတာ့သည္။
"ထမင္းသြားစားမယ္လာ"
"ဟုတ္"
ဘာတတ္နိုင္မွာလဲဗ်ာ။ ဆိုင္လဲမဆိုင္ရေသးသလို ပိုင္လဲပိုင္ေသးတာမွမဟုတ္တာ။ မဟုတ္တဲ့စကားေတြသြားေျပာလိုက္ရင္ ေကာင္မေလးကလန့္သြားမွာေပါ့။ အခုခ်ိန္ထိစိတ္ထိခိုက္လို႔မရေသးသည့္ အေျခေနမို႔မင္းေလးကိုလႊတ္ေပးထားလိုက္အုံးမယ္။ ေနာက္ဆိုရင္ေတာ့ကိုယ္ထိန္းခ်ဳပ္ဖို႔ခက္သြားေလာက္ၿပီမို႔ အဲ့အခ်ိန္က်ရင္ေတာ့ မင္းေလးနားလည္ေပးရင္ေကာင္းမယ္ေကာင္မေလးရယ္။
Words 2900
2.8.2023 6:50pm
ဆက္လက္ႀကိဳးစားသြားပါမည္။