True Love 💭❤ အပိုင်း - ၁၀
(Unicode)
နွေးထွေးလိုက်လေခြင်း။ တစ်ခါမှယခုလို စိတ်ဖြောင့်ဖြောင့်နှင့်အိပ်ခွင့်မရသည့်ရွှေကူမှာ မေမေကြီးရဲ့ပေါင်ပေါ်မှာမို့ပို၍ စိတ်လုံခြုံစွာ အိပ်ပျော်ခဲ့ခြင်းဖြစ်မည်။ ငယ်ငယ်လေးထဲကတောင့်တခဲ့ရသည့်မိခင်ရဲ့နွေးထွေးမှု ချစ်ခင်မှုတွေကဒီလိုမျိုးများလားဟုလဲ တွေးဆခဲ့ပါသည်။ လုံခြုံလိုက်သည့်အဖြစ်ကို ရွှေကူသဘောတွေကျရ၍ နိုးနေသည်တောင်မထချင်ဖြစ်နေရသည်။ ဆက်အိပ်မည်ဟုကြံကာ ဖိထားသည့်ဆံနွယ်လေးတွေကိုနေရာလေးပြင်ကာ ပြန်အိပ်လိုက်သည်။
"ကောင်မလေးဆက်အိပ်မလို့လား"
မျက်လုံးကမဖွင့် ခေါင်းငြိမ့်ပြလေသည်။ ဒီကောင်မလေးကိုယ့်ပေါင်ပေါ်မှာအိပ်နေတယ်ဆိုတာ အခုထိမသိသေးတာလားဗျာ။
အိပ်တစ်တဝက်နိုးတစ်ဝက်မို့ အကိုလေးအသံကိုအိမ်မက်ထဲမှာများလား အပြင်မှာများလားဟု ဝေခွဲရခက်စွာရွှေကူမှေးရင်းတွေးနေမိသည်။ တွေးနေရင်းကလဲ မေမေကြီးရဲ့ပေါင်ကိုလိုက်စမ်းမိလိုက်သေးသည်။
"ဟေ့ အိပ်မှာဆိုလဲအသာအိပ်လေ ဘယ်နှယ့်လိုက်စမ်းနေတာလဲကွ"
ပေါင်ကိုလိုက်စမ်းနေသည်မို့ ယားနေရသည်မို့ကွန့်မြူးလက်ခလေးကို ဖမ်းဆုတ်၍ပြောလိုက်တော့ အားယူ၍ကြည့်လာသည့်မျက်လုံးလေးနှင့်အကြည့်စုံသွားလေတော့သည်။ မျက်မှန်မတပ်ထားရင် မင်းလေးမျက်ဝန်းကြောင့် ကိုယ့်စိတ်တွေက ကပြောင်းကပြန်တွေဖြစ်ဖြစ်နေရတာကို မင်းလေးသိရင်မျက်မှန်ပဲအမြဲတပ်ထားလောက်မလား ကောင်မလေးရယ်။
"အကိုလေးလား "
"ဒီအိမ်မှာမာမီ့အပြင်ဘယ်သူရှိသေးလို့လဲ ဟွန်.."
"အား.."
ရွှေကူအကိုလေးမှန်းသိ၍ ကုန်းထလိုက်တော့ ငုံ့နေသည့်အကိုလေးနဖူးနှင့်တိုက်မိလေတော့သည်။ အကိုလေးကတော့မသိရွှေကူတော့ အတော်နာသွားရသည်ကြောင့် ကြယ်တွေလတွေပါမြင်လာရကာ မျက်မှန်တောင်အရင်မရှာနိုင် ခေါင်းကိုအရင်ပွတ်နေရသည်။
"အကိုလေးနာသွားလား"
"နာတာပေါ့ကွ ကျွတ်..."
"တောင်းပန်ပါတယ်ရွှေကူကလောသွားလို့ အကိုလေးကိုမကြည့်မိလိုက်ဘူးဖြစ်သွားတယ်ရွှေကူတောင်းပန်ပါတယ် "
"ဟေ့ ဟေ့အဲ့တာဘာလုပ်တာလဲ ထ ထ.."
ဘာများလုပ်တာလဲလို့ အောက်မှာဒူးထောက်ပြီးတောင်းပန်နေရှာသည့်ကောင်မလေးကို ကွန့်မြူးအမြန်ဆွဲထူလိုက်ရသည်။
"ဘာလို့ဒူးထောက်ရတာလဲကွ "
ဟုတ်သားပဲ။ ရွှေကူကအန်တီလေးတို့အိမ်မှာမှ မဟုတ်တော့ပဲ။ အဲ့အိမ်မှာနေခဲ့သလို မပြုမူပါနဲ့လို့အကိုလေးက ပြောထားသည့်ကြားကရွှေကူ ယောင်ယမ်းပြီးလုပ်ခဲ့မိသွားခဲ့သည်။ ဒီအကျင့်တွေက ဖျောက်ရခက်မှန်းရွှေကူသိခဲ့ပါပြီ။
"လာ ထမင်းစားမယ် "
"ဟုတ်"
ဆူလဲမဆူရက်။ အိပ်ချင်မူးတူးရုပ်လေးနဲ့ နာသွားသည်ဆိုတော့ပြာယာခက်စွာ တောင်းပန်နေသည့်ကောင်မလေးကိုဘယ်လိုဆူရက်ပါ့မလဲကွာ။ အရင်ကဆို ကွန့်မြူးအသားကိုနာအောင်လုပ်သည့်လူကို ဒီအချိန်သုံးလေးချက်လောက်ကြွေးပြီးပြီဖြစ်သည်။
မင်းကြောင့်ကိုယ်လဲ ဘာတွေဖြစ်ပြီး ဘာကောင်းကြီးဖြစ်နေမှန်းကိုမသိတော့ပါဘူးကွာ ကောင်မလေးရာ။
"သမီးနိုးပြီလား"
"ဟုတ်မေမေကြီး"
"ဟက်ချိုး.."
"ကဲဖျားပြီမလား မာမီ့ကိုပြောပါတယ်ညနေကြီးမအိပ်စေပါနဲ့ဆို"
ဒေါ်မာသမီးနဖူးကိုကိုယ်လေးစမ်းကြည့်တော့ နွေးနွေးလေးပင်ဖြစ်သည်။
"သိပ်တော့မဖျားပါဘူး သမီးထမင်းစားပြီးဆေးသောက်လိုက်နော်"
"ဟုတ်မေမေကြီး"
"လာလာထိုင်သမီး အကုန်အဆင်သင့်ဖြစ်ပြီ"
"ဟုတ်"
ရွှေကူထိုင်လိုက်တော့ အကိုလေးကအကြည့်စိမ်းစိမ်းကြီးနှင့်ကြည့်နေလေသည်။ ရွှေကူ့ကိုစိုးရိမ်လို့ပြောမှန်းရွှေကူနားလည်ပေမယ့် ရွှေကူလဲမတတ်သာလို့အိပ်သွားရတာကိုအကိုလေးရယ်။ နောက်ဆိုဆင်ခြင်ပါ့မယ်။
"စားပါ ကိုက်မစားပါဘူး"
"ဟုတ်"
"ဘာဖြစ်လို့လဲသား"
သမီးလေးကသားလေးကို ကြောက်သလိုကြီးကြည့်နေလေသည်ကြောင့် ဒေါ်မာသားဖြစ်သူကိုမေးရတော့သည်။
"မာမီ့သမီးလေ အစောကကျွန်တော်နဲ့ခေါင်းချင်းတိုက်မိတာကိုအဲ့မှာဒူးထောက်တောင်းပန်နေလို့ အကြည့်နဲ့ဆူနေတာ"
"ဟဲ့အော် ဒီသားနဲ့လဲအကြည့်နဲ့ဆူတယ်ကဖြစ်ရသေး"
အစကမဆူဘူးလို့တွေးထားပေမယ့် ယခုတော့နှာကချေလိုက်သေးသည်ကြောင့် မရတော့ဘူး ဆူချင်လာရသည်။ နှုတ်နဲ့ကလဲမဆူရက်သည့်အဆုံး အကြည့်နဲ့တင်ဆူလိုက်တော့ ကောင်မလေးကခေါင်းကိုသာငုံ့ထားလေတော့သည်။ ဒါတွေကြောင့်ကိုယ်မဆူရက်တာပေါ့ကွာ။ အခုတော့လူကြမ်းကြီးဖြစ်ပြီမလားကိုယ်က။
"ဒူးထောက်တောင်းပန်စရာမှမလိုတာမာမီရာ ကျွန်တော်လွန်လားအဲ့တာ"
"ဟုတ်သားပဲသမီးရယ် မေမေကြီးတို့ပြောထားတယ်လေ"
"ရွှေကူကမေ့သွားလို့ပါ ရုတ်တရက်ဆိုတော့ ရွှေကူဒီရောက်နေတယ်ဆိုတာမတွေးမိလိုက်ဘူးဖြစ်သွားလို့ ရွှေကူနောက်မလုပ်တော့ပါဘူး"
မျက်နှာငယ်လေးနဲ့တောင်းပန်နေတော့လဲ ဒေါ်မာမှာသနားရလေတော့သည်။ ဘယ်လိုလုပ်များ ဒီလောက်ထိလုပ်ဖို့ကို အဲ့အိမ်ကပုံရိုက်သွင်းပေးခဲ့တာလဲသမီးရယ်။ အစေခံဆိုသည့်စကားကြီးနဲ့ အရာရာကိုဟိုးအောက်ဆုံးရောက်တဲ့အထိ ဆွဲချရိုက်ချိုးခဲ့ကြတာများလား။ ထူးမြတ်တို့က အပြင်ပန်းကြည့်လျှင်တော့သဘောကောင်းသလိုနှင့် တဂယ်တမ်းတစ်အိမ်လုံးဆိုးသွမ်းနေတယ်ဆိုတာ သမီးလေးကိုတောင်းသည့်နေ့ထဲက ဒေါ်မာသိခဲ့ရသည်မို့နောက်နေ့တွေဆို အဆက်အသွယ်ဘယ်တော့မှမလုပ်တော့ဘူးဟု ဒေါ်မာဆုံးဖြတ်ထားခဲ့သည်။ ဒါဟာသမီးလေးအတွက်ရော ဒေါ်မာတို့အတွက်ရောကောင်းသည့်အရာမို့ ထိုမိသားစုကိုဖယ်ကျဉ်းထားတော့မည်။
ဖျားနေသည်ဆို၍ မေမေကြီးကပန်းကန်တို့ကိုမဆေးခိုင်းသည်ကြောင့် ရွှေကူဧည့်ခန်းတွင်ခြေထောက်လေးတွေပါ ဆိုဖာပေါ်တင်၍ ကျုံ့ကျုံးလေးထိုင်နေမိတော့သည်။ မျက်မှန်လေးချွတ်ထားကာ ဒူးလေးတွေကိုလက်နှင့်ပိုက်၍ မနေ့ကအဖြစ်ကိုတွေးနေမိတော့သည်။
"ချမ်းရင်လဲအနွေးထည်လေးတော့ယူဝတ်မှပေါ့ကွ"
"ရွှေကူ.."
အရမ်းကြီးလဲမချမ်းကြောင်းပြောရန် အကိုလေးကိုကြည့်လိုက်စဉ် ပုဝါတဘက်နှင့်လွှားခနဲခြုံပေးလာလေသည်။ ရွှေကူ့ကိုသေချာခြုံပေးလာသည့်အကိုလေးကို ရွှေကူလိုက်ကြည့်နေမိသည်။ အကိုလေးကအရမ်းသဘောကောင်းပြီး ရွှေကူ့ကိုလဲဂရုစိုက်တာပါလားဟုတွေးနေမိသည်။
"အကိုလေး"
"အွန်း"
"ရွှေကူတစ်ခုလောက်မေးချင်လို့"
"မေးလေ"
ဖုန်းကြည့်နေသည့်ကွန့်မြူးဘေးသို့ အမွှေးပွအဖြူရောင်တဘက်လေးခြုံထားသည့်ကောင်မလေးက ယုန်ပေါက်လေးသဖွယ် တိုးကပ်လာတော့သည်။
"ကိုကိုကြီးဘယ်လိုနေလဲဟင်"
"သေပြီ"
"ရှင် တဂယ်ကြီးလား"
အံ့ဩသွားကာ နှုတ်ခမ်းလေးကိုလက်နှင့်ကွယ်ထားသည့်ကောင်မလေးကို ကွန့်မြူးတစ်ချင်ငဲ့ကြည့်လိုက်သည်။ မျက်လုံးလေးတွေများဆို ဇီးကွက်လေးပမာ တောက်ပပြူးကျယ်နေလေသည်။ ကွန့်မြူးမျက်နှာကို စူးစိုက်ကြည့်၍ တစ်ခုခုကိုပြောစေချင်နေသည့်ကောင်မလေးက ယုန်ဖြူလေးနှင့်တဂယ်တူလှသည်။
ဒါပဲ ခဏလေးကြည့်လို့ကိုမရဘူး အမြဲအကြည့်မလွှဲနိုင်အောင်လုပ်နေတာဒီကောင်မလေးက။
"ရွှေကူခေါင်းကိုရိုက်လိုက်တာကြောင့်လားအကိုလေး ဟင်..ရွှေကူ့ကြောင့်လားလို့"
အသံတွေပါတုန်ယင်လာကာ မေးလေသည့်ကောင်မလေး။ ဒီကောင်မလေးနောက်လို့နောက်မှန်းလဲမသိပါလားကွာ။
"ဆေးရုံမှာ ဘာမှမဖြစ်ဘူးအဲ့အကောင်က"
ဒါလဲမယုံသေး။ မျက်နှာဝိုင်းလေးက ကွန့်မြူးကိုအားကိုးတကြီးကြည့်လာလေတော့သည်။
"ဖန်ခွက်လေးသေးသေးလေးနဲ့ရိုက်တာ သေမလားကွ "
"တော်သေး"
နောက်သို့ဘုန်းခနဲထိုင်ချလိုက်သည့်ကောင်မလေးက အခုမှစိတ်သက်သာရာရသွားသည့်လူလိုပင်။
"ဘာဖြစ်လို့လဲ အဲ့ကောင်ခုခုဖြစ်မှာကြောက်လို့လား"
"အဲ့လိုမဟုတ်ပါဘူး ရွှေကူ့ကြောင့်ကိုကိုကြီး ကြီးကြီးမားမားခိုက်မိသွားရင်အန်တီလေးကရွှေကူ့ကိုသတ်မှာ ရွှေကူကကြောက်လို့ပါ"
"ကိုယ့်အရိပ်မှာရောက်နေတာတောင်ကြောက်သေးတာလား"
ရွှေကူ့ကိုကြည့်နေသည့်အကိုလေးကို ရွှေကူလဲပြန်ကြည့်နေမိသည်။ မျက်မှန်မလိုသည့်အနေအနားမို့ အကိုလေးကိုရွှေကူရှင်းရှင်းလင်းလင်းမြင်ရပါသည်။ အနက်ရောင်လက်တိုအင်းကျီနှင့်အကိုလေးက ရွှေကူ့မျက််လုံးထဲတောက်ပစွာ မင်းသားလေးတစ်ပါးလို ချောမောနေသည်။
"ကိုယ်မေးနေတယ်လေ"
"ဟင် မကြောက်ပါဘူး ဒါပေမယ့်တရားဥပဒေတွေပါလာရင်ရွှေကူခံရမှာပေါ့ အဲ့အချိန်အကိုလေးတို့လဲမကယ်နိုင်ဘူးလေ"
"ဒါကကိုယ့်ကိုခုခံကာကွယ်တာပဲကွ ဘာပြသနာမှမရှိဘူး သူ့ကအရင်ပြစ်မှုကျူးလွန်တာလေအခုက နောက်ဆိုအဲ့လိုထပ်ဖြစ်ခဲ့ရင် တဂယ်လို့ဖြစ်ခဲ့ရင်လို့ပြောတာနော် အဲ့အတိုင်းပဲလုပ်ခဲ့ ဖန်ခွက်မကလို့ဓားနဲ့ပဲထိုးခဲ့ထိုးခဲ့ မင်းနောက်မှာကိုယ်ရှိတယ် ဟုတ်ပြီလား"
ဘာပြောပြောနားမလည်ပါ့လားကွာ။ အတည်ပေါက်ကြီးပြောနေတာကို အူတူတူနားမလည်ပုံနဲ့ ဒီကောင်မလေးတော့ ကိုင်ပေါက်ခံရတော့မှာပဲ။
"ဟုတ် ရွှေကူနောက်ထပ်မဖြစ်အောင်နေပါ့မယ်"
"ဘာတွေပြောနေကြတာလဲဒီမောင်နှမ "
"သင်ပေးနေတာမာမီ နောက်ဆိုဒီလိုနုံတိနုံအ မနေနဲ့လို့သင်ပေးနေတာ"
"သားရယ် မိန်းခလေးပဲအရှက်အကြောက်ကြီးကြတယ်လေသားရဲ့ ပြီးတော့သမီးကအပြင်လဲသိပ်ထွက်ဖူးတာမဟုတ်ဘူး"
"အဲ့လိုပြောတာမဟုတ်ဘူးလေမာမီရာ စကားပြောရင်နားမလည်လို့သင်ပေးနေတာ မာမီ့သမီးကကျွန်တော်ပြောရင်တော်တော်နဲ့ကိုနားမလည်ဘူး"
"ရွှေကူနားလည်ပါတယ်"
"အဲ့တာဆိုဘာလို့ချက်ချင်းမဖြေလဲ"
"စကားလုံးရွေးနေလို့.. အကိုလေးကိုဘယ်လိုပြန်ပြောရအလဲဆိုတာစဉ်းစားနေလို့ကြာသွားတာ"
ဖြစ်ရိုးဖြစ်စဉ်လို့ထင်တာပါပဲ။ စကားမှားမှာဆိုးလို့ သေချာစီစဉ်တာကအလေ့အထကောင်းဆိုပေမယ့် သမီးလေးကနှေးတော့သားကစိတ်မရှည်ဘူးနဲ့တူပါရဲ့။ နောက်တော့သမီးလေးကျင့်သားရလာမှာပါလေ။
"ဆေးသောက်လိုက်အုံးသမီး "
"ဟုတ်"
ရွှေကူကဒီအိမ်ကိုအလုပ်လုပ်ဖို့လာတာရောဟုတ်ရဲ့လား။ ရောက်ထဲကမေမေကြီးဂရုစိုက်တာ အကိုလေးဂရုစိုက်တာပဲခံလာရသည်မို့ ရွှေကူအိမ်မက်များလားတောင်ထင်မိပါသည်။ သိန်းထီဆုကြီးပေါက်လျှင်တောင်ရွှေကူဒီလောက်ဝမ်းသာမည်မဟုတ် မေမေကြီးတို့ကြောင့်ရွှေကူ့ဘဝလေးပြည့်စုံသလိုခံစားရသည်မို့ ရွှေကူပျော်ပါသည်။
"သမီးအစောကြီးနိုးနေတာလား"
"ဟုတ်မေမေကြီး ထနေကျဆိုတော့အိပ်မပျော်လို့"
ဟင်းအိုးလေးဘေးရပ်နေသည့် သမီးရွှေကူနားဒေါ်မာသွား၍ ကြည့်လိုက်တော့ သားအကြိုက်ဝက်သားချက်လေးဖြစ်လေသည်။
"သမီးကလဲကွယ်မနက်စာမေမေကြီးချက်မှာပေါ့ "
"ရပါတယ်မေမေကြီးရဲ့ မေမေကြီးကလူကြီးလေနောက်ဆိုအစောကြီးမထနဲ့နော် အိပ်ရေးဝဝအိပ်ရွှေကူပဲချက်မယ်ထမင်းဟင်းက"
"အင်းပါသမီးရယ် "
သမီးရွှေကူကိုမချက်ပါနှင့်လို့ပြောရင်လဲ သမီးလေးကလက်မခံသည်ကြောင့် ဒေါ်မာ ထိုင်၍သာနေလိုက်သည်။
"ဟ ဟင်းကမွှေးနေပါလား ကျွန်တော့အခန်းထဲထိတောင်ရောက်တယ်မာမီရေ ဘာဟင်းလဲ"
"သားအကြိုက်ပေါ့"
"မာမီတို့တော့ဆေးမှားသောက်မိပြီထင်တယ်"
"အယ် ငါလုပ်လိုက်ရ "
"ဟား ဟား ဟုတ်တယ်လေမာမီက ဝက်သားဟင်းဆို အမြဲပြောမှချက်ပေးတာ ဘယ်တုန်းကဒီလိုချက်ပေးဖူးလို့လဲဗျ"
"ဒါတော့သားတော်မောင်မင်းက အိမ်မှာစားတာရှားတာကိုး အဲ့တော့ကိုယ်စားချင်တာပဲကိုယ်ချက်စားမှာပေါ့"
"မာမီကတဂယ်ပါဆို"
သားကပြုံးပြုံးကြီးနှင့် ထမင်းစားဝိုင်းတွင်ထိုင်လေတော့ ဒေါ်မာပါထိုင်လိုက်တော့သည်။ဝက်သားချက်ဆိုတတ်ကြွတာများ တစ်သက်လုံးမစားဘူးတာကျလို့ပါလားသားရယ်။
"သမီးလက်စွမ်းပြထားတာလေ မာမီချက်တာမဟုတ်ဘူး"
"အော် ကောင်မလေးချက်တာလား"
"ဟုတ်ပါ့တော် .."
"ဒါဆိုစားကောင်းမှာပေါ့"
မာမီက ကြည့်မရဘူးဆိုသည့်ပုံစံမျိုးနှင့် မျက်စောင်းထိုးလာလေတော့သည်။ ကောင်မလေးကတော့ရယ်လို့ ထမင်းပန်းကန်လာချပေးလေသည်။
"ဒယ်ဒီနောက်အပတ်ပြန်လာမှာမလားမာမီ"
"အင်း.."
"ဘဘကြီးပြန်လာတော့မှာလားမေမေကြီး"
"ဟုတ်တယ်သမီးနောက်အပတ်ပြန်လာမယ်တဲ့ လည်လို့ဝပြီထင်ပါတယ်သမီးရယ် "
ရွှေကူခေါင်းလေးငြိမ့်ပြလိုက်တော့သည်။ ဘဘကြီးနှင့်ကရွှေကူသိပ်ပြီး စကားမပြောဖူးပေ။ အလုပ်မှာတွင်လည်း ဥက္ကဋ္ဌကြီးဖြစ်သည်ကြောင့် ရွှေကူနှင့်သိပ်မတွေ့ရတွေ့ရလျှင်လဲ တလေးတစားနှင့်ကြောက်ရသည့်ရာထူးမို့ ဘဘကြီးပြန်လာလျှင်ရွှေကူဘယ်လိုနေရမလဲ တွေး၍ရင်လေးနဲနဲလေးနေရသည်။
"အဲ့တာဘာလုပ်နေတာလဲ"
"အလုပ်လေသွားမလို့လေအကိုလေး"
"ထမင်းချိုင့်ခြင်း လက်ဆွဲအိတ်နဲ့ အလုပ်သွားမှာတော့သိတာပေါ့ကွ အေးအဲ့ဆိုင်ကယ်ကဘာလုပ်ဖို့ထုတ်နေတာလဲလို့မေးတာ "
"ရှင် အလုပ်သွားမလို့လေအကိုလေး"
အဖြေကထပ်နေပါ့လားကွာ။
"တဂယ်ကောက်ထုချင်လာပြီကွာ ဘာလဲကားကြီးတစ်စင်းလုံးရှိတာကိုအဲ့ဆိုင်ကယ်ပိစိလေးစီးအုံးမလို့လား"
"မသေးပါဘူးအကိုလေးရဲ့.."
ရွှေကူ့ဆိုင်ကယ်ကသေးနေလို့လားဟု ဘေးမှရပ်၍ပြန်ကြည့်ရသေးသည်။
"အမေရေ့.."
"ပေးအဲ့ခြင်း လာကားပေါ်တတ်"
ပေးလို့သာပြောတာ ဆွဲသွားသည့်ခြင်းက ရွှေကူ့လက်ထဲကလွတ်ထွက်၍ အကိုလေးဆီရောက်နေပြီဖြစ်သည်။ တော်သေးသည် ဟင်းကအရည်နှင့်ချက်ထားမဟုတ်၍။ ရွှေကူပစ်လဲမလိုဖြစ်သွားပေမယ့် အကိုလေးလက်ကိုဆွဲကိုင်ထားသည်ကြောင့် ကံကောင်းသွားရသည်။ အကိုလေးကလေ လုပ်လိုက်ရင် အမြဲဇွတ်တရွက်ဆန်သလိုပဲမို့ ရွှေကူပြန်၍မတ်မတ်ရပ်ကာ ကားပေါ်တတ်လိုက်ရတော့သည်။
ကားကြီးတစ်စီးလုံးရှိသည်ကို သူကဆိုင်ကယ်နဲ့သွားချင်တုန်းမို့ ကွန့်မြူးစိတ်မရှည်ဖြစ်သွားကာ အပြုအမူကြမ်းသွားတော့ငြိမ်ကုပ်၍ဘေးမှာပါလာလေတော့သည်။ ကိုယ်လူကြမ်းကြီးဖြစ်သွားပြီလားကွာ။ မင်းလေးကစကားမှနားမထောင်ပဲ။ ကားလမ်းတွေကြပ်လွန်းတဲ့ဒီလမ်းတွေမှာ မအူမလည်ပုံစံလေးနဲ့သွားလာနေမှာ ကိုယ်မလိုလားဘူးကောင်မလေး။ သူခိုးဂျပိုးတွေပေါလွန်းနေတဲ့ ခေတ်ကြီးမှာလဲမင်းလေးဘေးကအိတ်ကိုဆွဲလုပြီး ထွက်ပြေးသွားနိုင်တာမလို့လဲ ကိုယ်စိတ်မချဖြစ်ရသည်။ မတော်လို့လူပါဆိုင်ကယ်ပေါ်ကပြုတ်ကျရင် အနာတရနဲ့ခက်ရချည်ရဲ့ကွာ။ ဖြစ်နိုင်ခြေတွေများပြီး စိတ်ပူရတဲ့အနေအထားမို့ နောက်ဆိုတစ်ယောက်ထဲသွားခွင့်မပြုဘူးဆိုတာ ကွန့်မြူးစိတ်ထဲက ဆန္ဒပင်ဖြစ်လေတော့သည်။ နောက်ဆိုအဲ့ဆိုင် ကိုယ်ကောင်မလေးကို ကယ်စီးခွင့်မပေးတော့ဘူး။
Words 2796
27.7.2023 6:50pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True Love အပိုင္း - ၁၀
ႏြေးေထြးလိုက္ေလျခင္း။ တစ္ခါမွယခုလို စိတ္ေျဖာင့္ေျဖာင့္ႏွင့္အိပ္ခြင့္မရသည့္ေ႐ႊကူမွာ ေမေမႀကီးရဲ႕ေပါင္ေပၚမွာမို႔ပို၍ စိတ္လုံၿခဳံစြာ အိပ္ေပ်ာ္ခဲ့ျခင္းျဖစ္မည္။ ငယ္ငယ္ေလးထဲကေတာင့္တခဲ့ရသည့္မိခင္ရဲ႕ႏြေးေထြးမႈ ခ်စ္ခင္မႈေတြကဒီလိုမ်ိဳးမ်ားလားဟုလဲ ေတြးဆခဲ့ပါသည္။ လုံၿခဳံလိုက္သည့္အျဖစ္ကို ေ႐ႊကူသေဘာေတြက်ရ၍ နိုးေနသည္ေတာင္မထခ်င္ျဖစ္ေနရသည္။ ဆက္အိပ္မည္ဟုႀကံကာ ဖိထားသည့္ဆံႏြယ္ေလးေတြကိုေနရာေလးျပင္ကာ ျပန္အိပ္လိုက္သည္။
"ေကာင္မေလးဆက္အိပ္မလို႔လား"
မ်က္လုံးကမဖြင့္ ေခါင္းၿငိမ့္ျပေလသည္။ ဒီေကာင္မေလးကိုယ့္ေပါင္ေပၚမွာအိပ္ေနတယ္ဆိုတာ အခုထိမသိေသးတာလားဗ်ာ။
အိပ္တစ္တဝက္နိုးတစ္ဝက္မို႔ အကိုေလးအသံကိုအိမ္မက္ထဲမွာမ်ားလား အျပင္မွာမ်ားလားဟု ေဝခြဲရခက္စြာေ႐ႊကူေမွးရင္းေတြးေနမိသည္။ ေတြးေနရင္းကလဲ ေမေမႀကီးရဲ႕ေပါင္ကိုလိုက္စမ္းမိလိုက္ေသးသည္။
"ေဟ့ အိပ္မွာဆိုလဲအသာအိပ္ေလ ဘယ္ႏွယ့္လိုက္စမ္းေနတာလဲကြ"
ေပါင္ကိုလိုက္စမ္းေနသည္မို႔ ယားေနရသည္မို႔ကြန့္ျမဴးလက္ခေလးကို ဖမ္းဆုတ္၍ေျပာလိုက္ေတာ့ အားယူ၍ၾကည့္လာသည့္မ်က္လုံးေလးႏွင့္အၾကည့္စုံသြားေလေတာ့သည္။ မ်က္မွန္မတပ္ထားရင္ မင္းေလးမ်က္ဝန္းေၾကာင့္ ကိုယ့္စိတ္ေတြက ကေျပာင္းကျပန္ေတြျဖစ္ျဖစ္ေနရတာကို မင္းေလးသိရင္မ်က္မွန္ပဲအၿမဲတပ္ထားေလာက္မလား ေကာင္မေလးရယ္။
"အကိုေလးလား "
"ဒီအိမ္မွာမာမီ့အျပင္ဘယ္သူရွိေသးလို႔လဲ ဟြန္.."
"အား.."
ေ႐ႊကူအကိုေလးမွန္းသိ၍ ကုန္းထလိုက္ေတာ့ ငုံ႕ေနသည့္အကိုေလးနဖူးႏွင့္တိုက္မိေလေတာ့သည္။ အကိုေလးကေတာ့မသိေ႐ႊကူေတာ့ အေတာ္နာသြားရသည္ေၾကာင့္ ၾကယ္ေတြလေတြပါျမင္လာရကာ မ်က္မွန္ေတာင္အရင္မရွာနိုင္ ေခါင္းကိုအရင္ပြတ္ေနရသည္။
"အကိုေလးနာသြားလား"
"နာတာေပါ့ကြ ကြၽတ္..."
"ေတာင္းပန္ပါတယ္ေ႐ႊကူကေလာသြားလို႔ အကိုေလးကိုမၾကည့္မိလိုက္ဘူးျဖစ္သြားတယ္ေ႐ႊကူေတာင္းပန္ပါတယ္ "
"ေဟ့ ေဟ့အဲ့တာဘာလုပ္တာလဲ ထ ထ.."
ဘာမ်ားလုပ္တာလဲလို႔ ေအာက္မွာဒူးေထာက္ၿပီးေတာင္းပန္ေနရွာသည့္ေကာင္မေလးကို ကြန့္ျမဴးအျမန္ဆြဲထူလိုက္ရသည္။
"ဘာလို႔ဒူးေထာက္ရတာလဲကြ "
ဟုတ္သားပဲ။ ေ႐ႊကူကအန္တီေလးတို႔အိမ္မွာမွ မဟုတ္ေတာ့ပဲ။ အဲ့အိမ္မွာေနခဲ့သလို မျပဳမူပါနဲ႕လို႔အကိုေလးက ေျပာထားသည့္ၾကားကေ႐ႊကူ ေယာင္ယမ္းၿပီးလုပ္ခဲ့မိသြားခဲ့သည္။ ဒီအက်င့္ေတြက ေဖ်ာက္ရခက္မွန္းေ႐ႊကူသိခဲ့ပါၿပီ။
"လာ ထမင္းစားမယ္ "
"ဟုတ္"
ဆူလဲမဆူရက္။ အိပ္ခ်င္မူးတူး႐ုပ္ေလးနဲ႕ နာသြားသည္ဆိုေတာ့ျပာယာခက္စြာ ေတာင္းပန္ေနသည့္ေကာင္မေလးကိုဘယ္လိုဆူရက္ပါ့မလဲကြာ။ အရင္ကဆို ကြန့္ျမဴးအသားကိုနာေအာင္လုပ္သည့္လူကို ဒီအခ်ိန္သုံးေလးခ်က္ေလာက္ေႂကြးၿပီးၿပီျဖစ္သည္။
မင္းေၾကာင့္ကိုယ္လဲ ဘာေတြျဖစ္ၿပီး ဘာေကာင္းႀကီးျဖစ္ေနမွန္းကိုမသိေတာ့ပါဘူးကြာ ေကာင္မေလးရာ။
"သမီးနိုးၿပီလား"
"ဟုတ္ေမေမႀကီး"
"ဟက္ခ်ိဳး.."
"ကဲဖ်ားၿပီမလား မာမီ့ကိုေျပာပါတယ္ညေနႀကီးမအိပ္ေစပါနဲ႕ဆို"
ေဒၚမာသမီးနဖူးကိုကိုယ္ေလးစမ္းၾကည့္ေတာ့ ႏြေးႏြေးေလးပင္ျဖစ္သည္။
"သိပ္ေတာ့မဖ်ားပါဘူး သမီးထမင္းစားၿပီးေဆးေသာက္လိုက္ေနာ္"
"ဟုတ္ေမေမႀကီး"
"လာလာထိုင္သမီး အကုန္အဆင္သင့္ျဖစ္ၿပီ"
"ဟုတ္"
ေ႐ႊကူထိုင္လိုက္ေတာ့ အကိုေလးကအၾကည့္စိမ္းစိမ္းႀကီးႏွင့္ၾကည့္ေနေလသည္။ ေ႐ႊကူ႕ကိုစိုးရိမ္လို႔ေျပာမွန္းေ႐ႊကူနားလည္ေပမယ့္ ေ႐ႊကူလဲမတတ္သာလို႔အိပ္သြားရတာကိုအကိုေလးရယ္။ ေနာက္ဆိုဆင္ျခင္ပါ့မယ္။
"စားပါ ကိုက္မစားပါဘူး"
"ဟုတ္"
"ဘာျဖစ္လို႔လဲသား"
သမီးေလးကသားေလးကို ေၾကာက္သလိုႀကီးၾကည့္ေနေလသည္ေၾကာင့္ ေဒၚမာသားျဖစ္သူကိုေမးရေတာ့သည္။
"မာမီ့သမီးေလ အေစာကကြၽန္ေတာ္နဲ႕ေခါင္းခ်င္းတိုက္မိတာကိုအဲ့မွာဒူးေထာက္ေတာင္းပန္ေနလို႔ အၾကည့္နဲ႕ဆူေနတာ"
"ဟဲ့ေအာ္ ဒီသားနဲ႕လဲအၾကည့္နဲ႕ဆူတယ္ကျဖစ္ရေသး"
အစကမဆူဘူးလို႔ေတြးထားေပမယ့္ ယခုေတာ့ႏွာကေခ်လိဳက္ေသးသည္ေၾကာင့္ မရေတာ့ဘူး ဆူခ်င္လာရသည္။ ႏႈတ္နဲ႕ကလဲမဆူရက္သည့္အဆုံး အၾကည့္နဲ႕တင္ဆူလိုက္ေတာ့ ေကာင္မေလးကေခါင္းကိုသာငုံ႕ထားေလေတာ့သည္။ ဒါေတြေၾကာင့္ကိုယ္မဆူရက္တာေပါ့ကြာ။ အခုေတာ့လူၾကမ္းႀကီးျဖစ္ၿပီမလားကိုယ္က။
"ဒူးေထာက္ေတာင္းပန္စရာမွမလိုတာမာမီရာ ကြၽန္ေတာ္လြန္လားအဲ့တာ"
"ဟုတ္သားပဲသမီးရယ္ ေမေမႀကီးတို႔ေျပာထားတယ္ေလ"
"ေ႐ႊကူကေမ့သြားလို႔ပါ ႐ုတ္တရက္ဆိုေတာ့ ေ႐ႊကူဒီေရာက္ေနတယ္ဆိုတာမေတြးမိလိုက္ဘူးျဖစ္သြားလို႔ ေ႐ႊကူေနာက္မလုပ္ေတာ့ပါဘူး"
မ်က္ႏွာငယ္ေလးနဲ႕ေတာင္းပန္ေနေတာ့လဲ ေဒၚမာမွာသနားရေလေတာ့သည္။ ဘယ္လိုလုပ္မ်ား ဒီေလာက္ထိလုပ္ဖို႔ကို အဲ့အိမ္ကပုံရိုက္သြင္းေပးခဲ့တာလဲသမီးရယ္။ အေစခံဆိုသည့္စကားႀကီးနဲ႕ အရာရာကိုဟိုးေအာက္ဆုံးေရာက္တဲ့အထိ ဆြဲခ်ရိဳက္ခ်ိဳးခဲ့ၾကတာမ်ားလား။ ထူးျမတ္တို႔က အျပင္ပန္းၾကည့္လွ်င္ေတာ့သေဘာေကာင္းသလိုႏွင့္ တဂယ္တမ္းတစ္အိမ္လုံးဆိုးသြမ္းေနတယ္ဆိုတာ သမီးေလးကိုေတာင္းသည့္ေန႕ထဲက ေဒၚမာသိခဲ့ရသည္မို႔ေနာက္ေန႕ေတြဆို အဆက္အသြယ္ဘယ္ေတာ့မွမလုပ္ေတာ့ဘူးဟု ေဒၚမာဆုံးျဖတ္ထားခဲ့သည္။ ဒါဟာသမီးေလးအတြက္ေရာ ေဒၚမာတို႔အတြက္ေရာေကာင္းသည့္အရာမို႔ ထိုမိသားစုကိုဖယ္က်ဥ္းထားေတာ့မည္။
ဖ်ားေနသည္ဆို၍ ေမေမႀကီးကပန္းကန္တို႔ကိုမေဆးခိုင္းသည္ေၾကာင့္ ေ႐ႊကူဧည့္ခန္းတြင္ေျခေထာက္ေလးေတြပါ ဆိုဖာေပၚတင္၍ က်ဳံ႕က်ဳံးေလးထိုင္ေနမိေတာ့သည္။ မ်က္မွန္ေလးခြၽတ္ထားကာ ဒူးေလးေတြကိုလက္ႏွင့္ပိုက္၍ မေန႕ကအျဖစ္ကိုေတြးေနမိေတာ့သည္။
"ခ်မ္းရင္လဲအႏြေးထည္ေလးေတာ့ယူဝတ္မွေပါ့ကြ"
"ေ႐ႊကူ.."
အရမ္းႀကီးလဲမခ်မ္းေၾကာင္းေျပာရန္ အကိုေလးကိုၾကည့္လိုက္စဥ္ ပုဝါတဘက္ႏွင့္လႊားခနဲၿခဳံေပးလာေလသည္။ ေ႐ႊကူ႕ကိုေသခ်ာၿခဳံေပးလာသည့္အကိုေလးကို ေ႐ႊကူလိုက္ၾကည့္ေနမိသည္။ အကိုေလးကအရမ္းသေဘာေကာင္းၿပီး ေ႐ႊကူ႕ကိုလဲဂ႐ုစိုက္တာပါလားဟုေတြးေနမိသည္။
"အကိုေလး"
"အြန္း"
"ေ႐ႊကူတစ္ခုေလာက္ေမးခ်င္လို႔"
"ေမးေလ"
ဖုန္းၾကည့္ေနသည့္ကြန့္ျမဴးေဘးသို႔ အေမႊးပြအျဖဴေရာင္တဘက္ေလးၿခဳံထားသည့္ေကာင္မေလးက ယုန္ေပါက္ေလးသဖြယ္ တိုးကပ္လာေတာ့သည္။
"ကိုကိုႀကီးဘယ္လိုေနလဲဟင္"
"ေသၿပီ"
"ရွင္ တဂယ္ႀကီးလား"
အံ့ဩသြားကာ ႏႈတ္ခမ္းေလးကိုလက္ႏွင့္ကြယ္ထားသည့္ေကာင္မေလးကို ကြန့္ျမဴးတစ္ခ်င္ငဲ့ၾကည့္လိုက္သည္။ မ်က္လုံးေလးေတြမ်ားဆို ဇီးကြက္ေလးပမာ ေတာက္ပျပဴးက်ယ္ေနေလသည္။ ကြန့္ျမဴးမ်က္ႏွာကို စူးစိုက္ၾကည့္၍ တစ္ခုခုကိုေျပာေစခ်င္ေနသည့္ေကာင္မေလးက ယုန္ျဖဴေလးႏွင့္တဂယ္တူလွသည္။
ဒါပဲ ခဏေလးၾကည့္လို႔ကိုမရဘူး အၿမဲအၾကည့္မလႊဲနိုင္ေအာင္လုပ္ေနတာဒီေကာင္မေလးက။
"ေ႐ႊကူေခါင္းကိုရိုက္လိုက္တာေၾကာင့္လားအကိုေလး ဟင္..ေ႐ႊကူ႕ေၾကာင့္လားလို႔"
အသံေတြပါတုန္ယင္လာကာ ေမးေလသည့္ေကာင္မေလး။ ဒီေကာင္မေလးေနာက္လို႔ေနာက္မွန္းလဲမသိပါလားကြာ။
"ေဆး႐ုံမွာ ဘာမွမျဖစ္ဘူးအဲ့အေကာင္က"
ဒါလဲမယုံေသး။ မ်က္ႏွာဝိုင္းေလးက ကြန့္ျမဴးကိုအားကိုးတႀကီးၾကည့္လာေလေတာ့သည္။
"ဖန္ခြက္ေလးေသးေသးေလးနဲ႕ရိုက္တာ ေသမလားကြ "
"ေတာ္ေသး"
ေနာက္သို႔ဘုန္းခနဲထိုင္ခ်လိဳက္သည့္ေကာင္မေလးက အခုမွစိတ္သက္သာရာရသြားသည့္လူလိုပင္။
"ဘာျဖစ္လို႔လဲ အဲ့ေကာင္ခုခုျဖစ္မွာေၾကာက္လို႔လား"
"အဲ့လိုမဟုတ္ပါဘူး ေ႐ႊကူ႕ေၾကာင့္ကိုကိုႀကီး ႀကီးႀကီးမားမားခိုက္မိသြားရင္အန္တီေလးကေ႐ႊကူ႕ကိုသတ္မွာ ေ႐ႊကူကေၾကာက္လို႔ပါ"
"ကိုယ့္အရိပ္မွာေရာက္ေနတာေတာင္ေၾကာက္ေသးတာလား"
ေ႐ႊကူ႕ကိုၾကည့္ေနသည့္အကိုေလးကို ေ႐ႊကူလဲျပန္ၾကည့္ေနမိသည္။ မ်က္မွန္မလိုသည့္အေနအနားမို႔ အကိုေလးကိုေ႐ႊကူရွင္းရွင္းလင္းလင္းျမင္ရပါသည္။ အနက္ေရာင္လက္တိုအင္းက်ီႏွင့္အကိုေလးက ေ႐ႊကူ႕မ်က္္လုံးထဲေတာက္ပစြာ မင္းသားေလးတစ္ပါးလို ေခ်ာေမာေနသည္။
"ကိုယ္ေမးေနတယ္ေလ"
"ဟင္ မေၾကာက္ပါဘူး ဒါေပမယ့္တရားဥပေဒေတြပါလာရင္ေ႐ႊကူခံရမွာေပါ့ အဲ့အခ်ိန္အကိုေလးတို႔လဲမကယ္နိုင္ဘူးေလ"
"ဒါကကိုယ့္ကိုခုခံကာကြယ္တာပဲကြ ဘာျပသနာမွမရွိဘူး သူ႕ကအရင္ျပစ္မႈက်ဴးလြန္တာေလအခုက ေနာက္ဆိုအဲ့လိုထပ္ျဖစ္ခဲ့ရင္ တဂယ္လို႔ျဖစ္ခဲ့ရင္လို႔ေျပာတာေနာ္ အဲ့အတိုင္းပဲလုပ္ခဲ့ ဖန္ခြက္မကလို႔ဓားနဲ႕ပဲထိုးခဲ့ထိုးခဲ့ မင္းေနာက္မွာကိုယ္ရွိတယ္ ဟုတ္ၿပီလား"
ဘာေျပာေျပာနားမလည္ပါ့လားကြာ။ အတည္ေပါက္ႀကီးေျပာေနတာကို အူတူတူနားမလည္ပုံနဲ႕ ဒီေကာင္မေလးေတာ့ ကိုင္ေပါက္ခံရေတာ့မွာပဲ။
"ဟုတ္ ေ႐ႊကူေနာက္ထပ္မျဖစ္ေအာင္ေနပါ့မယ္"
"ဘာေတြေျပာေနၾကတာလဲဒီေမာင္ႏွမ "
"သင္ေပးေနတာမာမီ ေနာက္ဆိုဒီလိုႏုံတိႏုံအ မေနနဲ႕လို႔သင္ေပးေနတာ"
"သားရယ္ မိန္းခေလးပဲအရွက္အေၾကာက္ႀကီးၾကတယ္ေလသားရဲ႕ ၿပီးေတာ့သမီးကအျပင္လဲသိပ္ထြက္ဖူးတာမဟုတ္ဘူး"
"အဲ့လိုေျပာတာမဟုတ္ဘူးေလမာမီရာ စကားေျပာရင္နားမလည္လို႔သင္ေပးေနတာ မာမီ့သမီးကကြၽန္ေတာ္ေျပာရင္ေတာ္ေတာ္နဲ႕ကိုနားမလည္ဘူး"
"ေ႐ႊကူနားလည္ပါတယ္"
"အဲ့တာဆိုဘာလို႔ခ်က္ခ်င္းမေျဖလဲ"
"စကားလုံးေ႐ြးေနလို႔.. အကိုေလးကိုဘယ္လိုျပန္ေျပာရအလဲဆိုတာစဥ္းစားေနလို႔ၾကာသြားတာ"
ျဖစ္ရိုးျဖစ္စဥ္လို႔ထင္တာပါပဲ။ စကားမွားမွာဆိုးလို႔ ေသခ်ာစီစဥ္တာကအေလ့အထေကာင္းဆိုေပမယ့္ သမီးေလးကႏွေးေတာ့သားကစိတ္မရွည္ဘူးနဲ႕တူပါရဲ႕။ ေနာက္ေတာ့သမီးေလးက်င့္သားရလာမွာပါေလ။
"ေဆးေသာက္လိုက္အုံးသမီး "
"ဟုတ္"
ေ႐ႊကူကဒီအိမ္ကိုအလုပ္လုပ္ဖို႔လာတာေရာဟုတ္ရဲ႕လား။ ေရာက္ထဲကေမေမႀကီးဂ႐ုစိုက္တာ အကိုေလးဂ႐ုစိုက္တာပဲခံလာရသည္မို႔ ေ႐ႊကူအိမ္မက္မ်ားလားေတာင္ထင္မိပါသည္။ သိန္းထီဆုႀကီးေပါက္လွ်င္ေတာင္ေ႐ႊကူဒီေလာက္ဝမ္းသာမည္မဟုတ္ ေမေမႀကီးတို႔ေၾကာင့္ေ႐ႊကူ႕ဘဝေလးျပည့္စုံသလိုခံစားရသည္မို႔ ေ႐ႊကူေပ်ာ္ပါသည္။
"သမီးအေစာႀကီးနိုးေနတာလား"
"ဟုတ္ေမေမႀကီး ထေနက်ဆိဳေတာ့အိပ္မေပ်ာ္လို႔"
ဟင္းအိုးေလးေဘးရပ္ေနသည့္ သမီးေ႐ႊကူနားေဒၚမာသြား၍ ၾကည့္လိုက္ေတာ့ သားအႀကိဳက္ဝက္သားခ်က္ေလးျဖစ္ေလသည္။
"သမီးကလဲကြယ္မနက္စာေမေမႀကီးခ်က္မွာေပါ့ "
"ရပါတယ္ေမေမႀကီးရဲ႕ ေမေမႀကီးကလူႀကီးေလေနာက္ဆိုအေစာႀကီးမထနဲ႕ေနာ္ အိပ္ေရးဝဝအိပ္ေ႐ႊကူပဲခ်က္မယ္ထမင္းဟင္းက"
"အင္းပါသမီးရယ္ "
သမီးေ႐ႊကူကိုမခ်က္ပါႏွင့္လို႔ေျပာရင္လဲ သမီးေလးကလက္မခံသည္ေၾကာင့္ ေဒၚမာ ထိုင္၍သာေနလိုက္သည္။
"ဟ ဟင္းကေမႊးေနပါလား ကြၽန္ေတာ့အခန္းထဲထိေတာင္ေရာက္တယ္မာမီေရ ဘာဟင္းလဲ"
"သားအႀကိဳက္ေပါ့"
"မာမီတို႔ေတာ့ေဆးမွားေသာက္မိၿပီထင္တယ္"
"အယ္ ငါလုပ္လိုက္ရ "
"ဟား ဟား ဟုတ္တယ္ေလမာမီက ဝက္သားဟင္းဆို အၿမဲေျပာမွခ်က္ေပးတာ ဘယ္တုန္းကဒီလိုခ်က္ေပးဖူးလို႔လဲဗ်"
"ဒါေတာ့သားေတာ္ေမာင္မင္းက အိမ္မွာစားတာရွားတာကိုး အဲ့ေတာ့ကိုယ္စားခ်င္တာပဲကိုယ္ခ်က္စားမွာေပါ့"
"မာမီကတဂယ္ပါဆို"
သားကၿပဳံးၿပဳံးႀကီးႏွင့္ ထမင္းစားဝိုင္းတြင္ထိုင္ေလေတာ့ ေဒၚမာပါထိုင္လိုက္ေတာ့သည္။ဝက္သားခ်က္ဆိုတတ္ႂကြတာမ်ား တစ္သက္လုံးမစားဘူးတာက်လိဳ႕ပါလားသားရယ္။
"သမီးလက္စြမ္းျပထားတာေလ မာမီခ်က္တာမဟုတ္ဘူး"
"ေအာ္ ေကာင္မေလးခ်က္တာလား"
"ဟုတ္ပါ့ေတာ္ .."
"ဒါဆိုစားေကာင္းမွာေပါ့"
မာမီက ၾကည့္မရဘူးဆိုသည့္ပုံစံမ်ိဳးႏွင့္ မ်က္ေစာင္းထိုးလာေလေတာ့သည္။ ေကာင္မေလးကေတာ့ရယ္လို႔ ထမင္းပန္းကန္လာခ်ေပးေလသည္။
"ဒယ္ဒီေနာက္အပတ္ျပန္လာမွာမလားမာမီ"
"အင္း.."
"ဘဘႀကီးျပန္လာေတာ့မွာလားေမေမႀကီး"
"ဟုတ္တယ္သမီးေနာက္အပတ္ျပန္လာမယ္တဲ့ လည္လို႔ဝၿပီထင္ပါတယ္သမီးရယ္ "
ေ႐ႊကူေခါင္းေလးၿငိမ့္ျပလိုက္ေတာ့သည္။ ဘဘႀကီးႏွင့္ကေ႐ႊကူသိပ္ၿပီး စကားမေျပာဖူးေပ။ အလုပ္မွာတြင္လည္း ဥကၠ႒ႀကီးျဖစ္သည္ေၾကာင့္ ေ႐ႊကူႏွင့္သိပ္မေတြ႕ရေတြ႕ရလွ်င္လဲ တေလးတစားႏွင့္ေၾကာက္ရသည့္ရာထူးမို႔ ဘဘႀကီးျပန္လာလွ်င္ေ႐ႊကူဘယ္လိုေနရမလဲ ေတြး၍ရင္ေလးနဲနဲေလးေနရသည္။
"အဲ့တာဘာလုပ္ေနတာလဲ"
"အလုပ္ေလသြားမလို႔ေလအကိုေလး"
"ထမင္းခ်ိဳင့္ျခင္း လက္ဆြဲအိတ္နဲ႕ အလုပ္သြားမွာေတာ့သိတာေပါ့ကြ ေအးအဲ့ဆိုင္ကယ္ကဘာလုပ္ဖို႔ထုတ္ေနတာလဲလို႔ေမးတာ "
"ရွင္ အလုပ္သြားမလို႔ေလအကိုေလး"
အေျဖကထပ္ေနပါ့လားကြာ။
"တဂယ္ေကာက္ထုခ်င္လာၿပီကြာ ဘာလဲကားႀကီးတစ္စင္းလုံးရွိတာကိုအဲ့ဆိုင္ကယ္ပိစိေလးစီးအုံးမလို႔လား"
"မေသးပါဘူးအကိုေလးရဲ႕.."
ေ႐ႊကူ႕ဆိုင္ကယ္ကေသးေနလို႔လားဟု ေဘးမွရပ္၍ျပန္ၾကည့္ရေသးသည္။
"အေမေရ႕.."
"ေပးအဲ့ျခင္း လာကားေပၚတတ္"
ေပးလို႔သာေျပာတာ ဆြဲသြားသည့္ျခင္းက ေ႐ႊကူ႕လက္ထဲကလြတ္ထြက္၍ အကိုေလးဆီေရာက္ေနၿပီျဖစ္သည္။ ေတာ္ေသးသည္ ဟင္းကအရည္ႏွင့္ခ်က္ထားမဟုတ္၍။ ေ႐ႊကူပစ္လဲမလိုျဖစ္သြားေပမယ့္ အကိုေလးလက္ကိုဆြဲကိုင္ထားသည္ေၾကာင့္ ကံေကာင္းသြားရသည္။ အကိုေလးကေလ လုပ္လိုက္ရင္ အၿမဲဇြတ္တ႐ြက္ဆန္သလိုပဲမို႔ ေ႐ႊကူျပန္၍မတ္မတ္ရပ္ကာ ကားေပၚတတ္လိုက္ရေတာ့သည္။
ကားႀကီးတစ္စီးလုံးရွိသည္ကို သူကဆိုင္ကယ္နဲ႕သြားခ်င္တုန္းမို႔ ကြန့္ျမဴးစိတ္မရွည္ျဖစ္သြားကာ အျပဳအမူၾကမ္းသြားေတာ့ၿငိမ္ကုပ္၍ေဘးမွာပါလာေလေတာ့သည္။ ကိုယ္လူၾကမ္းႀကီးျဖစ္သြားၿပီလားကြာ။ မင္းေလးကစကားမွနားမေထာင္ပဲ။ ကားလမ္းေတြၾကပ္လြန္းတဲ့ဒီလမ္းေတြမွာ မအူမလည္ပုံစံေလးနဲ႕သြားလာေနမွာ ကိုယ္မလိုလားဘူးေကာင္မေလး။ သူခိုးဂ်ပိဳးေတြေပါလြန္းေနတဲ့ ေခတ္ႀကီးမွာလဲမင္းေလးေဘးကအိတ္ကိုဆြဲလုၿပီး ထြက္ေျပးသြားနိုင္တာမလို႔လဲ ကိုယ္စိတ္မခ်ျဖစ္ရသည္။ မေတာ္လို႔လူပါဆိုင္ကယ္ေပၚကျပဳတ္က်ရင္ အနာတရနဲ႕ခက္ရခ်ည္ရဲ႕ကြာ။ ျဖစ္နိုင္ေျခေတြမ်ားၿပီး စိတ္ပူရတဲ့အေနအထားမို႔ ေနာက္ဆိုတစ္ေယာက္ထဲသြားခြင့္မျပဳဘူးဆိုတာ ကြန့္ျမဴးစိတ္ထဲက ဆႏၵပင္ျဖစ္ေလေတာ့သည္။ ေနာက္ဆိုအဲ့ဆိုင္ ကိုယ္ေကာင္မေလးကို ကယ္စီးခြင့္မေပးေတာ့ဘူး။
Words 2796
27.7.2023 6:50pm
ဆက္လက္ႀကိဳးစားသြားပါမည္။