Freaky Couple(completed)
By KIM_MAEVE
11.3K 659 66
Min Yoongi Kim Taehyung More
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26(Final)
Extra i
Extra ii
Announcement for new fic
8
288 20 12
By KIM_MAEVE
"ဘာ!!!"
ထယ်​ယောင်း ​ယွန်းဂီရဲ့ဖြစ်ပျက်​နေတဲ့မျက်နှာကြီးကို
တစိမ့်စိမ့်ကြည့်​နေရင်း ​အောက်နှုတ်ခမ်းကိုကိုက်ကာ
ဝမ်းသာ​နေသည်။ဘာ​ကြောင့်မှန်းရယ်မသိ ယွန်းဂီကိုဒီလိုအနိုင်ကျင့်ရတိုင်းသူအရမ်း​ပျော်သည်။အရင်တုန်းကပျင်းဖို့​ကောင်းခဲ့သ​လောက် မင်ယွန်းဂီဆိုတဲ့လူသားကသူ့​နေ့ရက်​တွေထဲဝင်လာပြီးကတည်းကစိုစို​ပြေ​ပြေ​လေးဖြစ်လာသည်။
အဲ့လူနဲ့​တွေ့တိုင်း ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာ​တွေးရတာကိုကပင် သူအရမ်းကြိုက်တဲ့သင်ချာပုစ္ဆာ​တွေကို​ဖြေရှင်းရသလို​ပျော်လာသည်။
"ခင်ဗျား​နေရမယ့်အခန်းကိုမှတ်မိတယ်မလား
ကျွန်​တော်စာသွားလုပ်​တော့မယ် တစ်အိမ်လုံးကမီး​တွေလိုက်ထွန်းလိုက်ဦး​​နော် ဒီည​တော့ညစာကိုမှာပြီးပဲစားကြတာ​ပေါ့"
"အင်း..အင်းပါ"
ထယ်​ယောင်း ​ယွန်းဂီကို ပြုံးပြုံး​လေး​ပြော​နေ​ပေမယ့်
​ယွန်းဂီက သူ့ကိုထယ်​ယောင်းရွဲ့​ပြော​နေမှန်းချက်ချင်းသိသည်။​ယွန်းဂီက​တော့ အခုတည်းကလက်မှိုင်ချ​နေပြီဖြစ်သည်။​ကျန်တဲ့၄ရက်ကိုသူဘယ်လိုများသည်းခံရမလဲဆိုပြီး ​ခေါင်းမှာရှိသမျှဆံပင်​မွှေး​တွေဖြူ​တော့မတတ်
စဥ်းစားရင်းအထုပ်၂ထုပ်နဲ့သာ အိမ်အ​ပေါက်ဝ၌ကျန်ခဲ့သည်။ထယ်​ယောင်းက​တော့ ပြုံးပြုံး​ပျော်​ပျော်ပင်အ​ပေါ်ထပ်ကသူ့အခန်းဆီသွားနှင့်ပြီဖြစ်သည်။
"ဟူး....ငါဘယ်လိုများသည်းခံရမှာလဲ
မမကိုလက်​လျော့လိုက်ရ​တော့မလား...အား...
မင်ယွန်းဂီ...မင်းရူး​နေလား..အဲ့ဟာ​လေး​ကြောင့်
မမကိုလက်​လျော့လိုက်ရင်မမနဲ့​ဝေးသွားမှာ​ပေါ့...မမက
ငါနဲ့ပဲတန်တာ...ဟိုဟာ​လေးကိုလုံးဝအရှုံးမ​ပေးနဲ့...
မင်းလုပ်နိုင်ပါတယ် မင်ယွန်းဂီရာ..."
​ယွန်းဂီသူ့ဘာသာ တစ်​ယောက်တည်းအား​ပေးစကား​ပြောရင်းလက်ကအထုပ်​လေး၂ထုပ်ကိုဆွဲကာထယ်​ယောင်း​နေ့လည်ကပြထားတဲ့အခန်းထဲသို့တက်လာလိုက်သည်။အခန်းကဧည့်သည်​တွေလာတိုင်းထား​နေကျအခန်းလိုဖြစ်ပြီး
ပရိ​ဘောဂတွေအိပ်ယာခင်း​တွေကပါ အဖြူ​ရောင်​တွေချည်းဖြစ်သည်။​ယွန်းဂီအထုပ်​တွေချရင်း အိပ်ယာ​ပေါ်ခဏလှဲလိုက်သည်။ညစာစားချိန်ပြန်​တွေ့ရမယ့်ထယ်​ယောင်းနဲ့မ​တွေ့ခင်​လေးအားယူ​နေတာဖြစ်သည်။ပြီးတာနဲ့​ရေချိုးလိုက်ပြီးလန်းဆန်း​အောင်လုပ်လိုက်သည်။​ယွန်းဂီမှာသူ့အိမ်မဟုတ်တဲ့အပြင် အသုံးအ​ဆောင်တွေကအစ ​ရှေး​​ခေတ်ဒီဇိုင်း​တွေမို့ ​ကြောက်​နေရပြန်သည်။​​ယွန်းဂီကရှေး​ခေတ်ပုံစံအ​ဆောက်အအုံ​တွေ​တွေ့တာနဲ့ ထို​နေရာမှာသရဲရှိသည်ဟုက​လေးဆန်ဆန်​တွေးတတ်သူဖြစ်တာ​ကြောင့် အခုထယ်​ယောင်းအိမ်ကိုလည်းမသိစိတ်တစ်မျိုးသိစိတ်ကတစ်ဖုံနဲ့ ​​ကြောက်လန့်​နေတာဖြစ်သည်။
.
.
.
"နမ်ဂျွန်...အစ်ကိုတို့စကား​ပြောဖို့လို​နေပြီထင်တယ်"
နမ်ဂျွန်ည​နေက​​ဆော့ဂျင်ကို​တွေ့လိုက်တဲ့မြင်ကွင်း​ကြောင့်
အရူးတစ်ပိုင်း ​ဆော့ဂျင်ဆီ​ပြေးသွားရင်း​ဆော့ဂျင်​ပြောလာတဲ့စကား​ကြောင့်အသိစိတ်မကပ်​တော့ကာ တစ်ဖက်မိန်းက​လေးအား ရန်​​တွေ့လွှတ်လိုက်​သော​ကြောင့် အခု​ဆော့ဂျင်​ရှေ့မှာမအူမလည်ပုံ​လေးနှင့်ထိုင်​နေရတာဖြစ်သည်။
"အစ်..အစ်ကို..ကျွန်​တော်မှားသွားပါတယ်"
သူ့​ရှေ့က​ကောင်​​လေးကခုလို ငိုမဲ့မဲ့နဲ့​တောင်းပန်လာ​တော့လည်း​​ဆော့ဂျင်စိတ်မ​ကောင်းဖြစ်ရပြန်သည်။
"​နောက်ဆိုတစ်ခုခုလုပ်တိုင်း အရင်စဥ်းစားပါ
အခုနမ်ဂျွန်​ကြောင့်အစ်ကိုပြန်​တောင်းပန်ရ​တော့မယ်"
"ကျွန်​တော်ကိုစိတ်ဆိုးသွားတာလားဟင်"
"မဆိုးဘူးဆိုလိမ်ရာကျမှာ​ပေါ့ ဒါ​ပေမယ့်
နမ်ဂျွန်ကပြန်​တောင်းပန်မှ​တော့ အစ်ကိုလည်း
စိတ်​လျော့ရ​တော့မှာ​ပေါ့"
နမ်ဂျွန် ဆော့ဂျင်ကို​တောင်းပန်​နေ​ပေမယ့်လည်းစိတ်ထဲမှာ​တော့ ​​​ဆော့ဂျင်ခုနက​ပြောသွားတဲ့'အစ်ကိုပြန်​တောင်းပန်ရ​တော့မယ်'ဟူ​သောစကားကို​တော့သိပ်သ​​ဘောမကျ​ပေ။
ခုနကမိန်းက​လေးက အစ်ကိုနဲ့အိမ်​ထောင်ဘက်လာ​တွေ့တာတဲ့​လေ။အစ်ကို​​ပြောတာ​တော့ အစ်ကို့အစ်မက​တွေ့ခိုင်းလို့တဲ့။သူအဲ့စကားကြားကြားပြီးချင်း အစ်ကို့မျက်နှာကိုကြည့်​ပြီးပြုံးနေတဲ့​ ​ဆေးဆိုးပန်းရိုက်မျက်နှာနဲ့မိန်းမကို 'အစ်ကိုနဲ့လာမပတ်သက်နဲ့ ထွက်သွား!!'လို့​အော်မိလိုက်တာ​လေးကို အစ်ကိုကခုလိုစိတ်ဆိုးသွားရခြင်းပင်။သူ​ပြောလိုက်တာဘာများ မှားသွားလို့လဲ?ဒါ​​လေး​ပြောလိုက်မိတာကို။ဟိုမိန်းမကလည်းချက်ချင်း မျက်ရည်ဘူးသီးလုံး​လောက်ကျပြပြီး မျက်ရည်​လေးဆမ်းဆမ်းနဲ့သူနဲ့အစ်ကို့​ရှေ့က​ပြေးထွက်သွားတာ။ငိုသွားစရာလိုလို့လား?အပို​တွေလုပ်​နေတာမသိရင်ခက်မယ်။
"ကျွန်​တော့်ကိုစိတ်မဆိုးပါနဲ့ ကျွန်​..ကျွန်​တော်
အဲ့​ကောင်မ​လေးကိုသိတယ် အရမ်းရှုပ်တာအဲ့တစ်​ယောက်က အဲ့ဒါ​ကြောင့်အစ်ကို့အတွက်စိုးရိမ်လို့အခုလိုလုပ်လိုက်တာပါ ​တောင်းပန်ပါတယ်အစ်ကို"
"ဘာ!!...တစ်ကယ်လားနမ်ဂျွန်...
အစ်မကလည်း​သေချာမသိပဲဒီလိုမျိုး​တွေ့ခိုင်းတာလား
တစ်ကယ်ပါပဲကွာ စိတ်ရှုပ်တယ်"
နမ်ဂျွန် ​အဖြစ်မှန်​တွေ​ပြောပြ​နေရင်သူ့ခံစားချက်​တွေ​ပေါ်ကုန်​တော့မှာမို့ ​​​တွေးမိ​တွေးရာ​တွေ​လျှောက်​ပြောလိုက်သည်။တစ်ဖက်ကမိန်းက​လေးကိုလည်းအားနာ​ပေမယ့်
ဒီလိုမှမလုပ်ရင် သူမတတ်တာ​တော့လို့ပါ။​ဒါနဲ့အစ်ကိုကအဖြစ်မှန်​တွေသိသွားရင်ဘယ်လိုလုပ်မလဲ?​ယောကျာ်းဖြစ်ပြီးလိမ်​ပြောတဲ့သူ့ကိုမုန်းသွားမှာလား?အား...မသိ​တော့ဘူး။​နောက်ကိစ္စ​နောက်မှရှင်းမယ်။ဟိုမိန်းမကလည်းအစ်ကို့ကိုလုံးဝပစ်​ကြွေ​နေတဲ့ပုံ..မဖြစ်ဘူး..ကြားထဲက​နေသူဝင်ပြီးဗီလိန်လုပ်မှ အစ်ကိုကဟိုမိန်းမမာယာထဲ​​မျောမသွားမှာ။ဗီလိန်ဇာတ်​ကောင်အတွက်​တော့ ခွင့်လွှတ်​တော်မူပါ အဖဘုရားသခင်။
"အစ်ကို့ကိုဒီလိုကူညီလို့​ကျေးဇူးပါနမ်ဂျွန်
နမ်ဂျွန်သာမ​ပြောရင် အစ်ကိုကအစ်မသ​ဘောအတိုင်း
လက်ခံဖို့​တွေးထားတာ အစ်မကို​ပြောပြီးအစ်ကိုကြည့်ရှင်းလိုက်မယ် တစ်ကယ်​ကျေးဇူးပါနမ်ဂျွန်ရာ"
ဘာမှမသိတဲ့​ဆော့ဂျင်က​တော့ နမ်ဂျွန့်ပုခုံးကိုကိုင်ရင်း
ဝမ်းသာအားရ​ကျေးဇူး​တွေတင်​နေ​တော့​သည်။ နမ်ဂျွန့်ရင်ထဲမှာ​​တော့ အစ်ကိုကသူ့ပုခုံးကိုကိုင်ထားတာ​ကြောင့်ရင်ခုန်ပြီးကုလားဘုရားလှည့်​နေ​ပျော်သလို ​တစ်ဖက်မှာလည်းအစ်ကိုများသူလိမ်တာသိသွားရင်ဆိုတဲ့အ​တွေးကြီးကလည်း သူ့ကို​​ချောက်ထဲတွန်းချ​နေသလို...ရင်တလှပ်လှပ်နဲ့ပင်။
.
.
.
ထယ်​ယောင်း စာပြန်ကြည့်ရင်းမျက်စိ​ညောင်းလာ၍နာရီကိုကြည့်လိုက်​တော့ ည၈နာရီပင်ခွဲ​နေပြီဖြစ်သည်။ညစာကို​ယွန်းဂီနဲ့မှာစားမယ်​ပြောထား​ပေမယ့် ထယ်​ယောင်းမမှာရ​သေးသလို ​​ယွန်းဂီကသူ့ကိုလာမ​ခေါ်ပုံအရ​တော့မမှာထားပုံရတယ်ဟု​တွေးရင်း ​ယွန်းဂီနေတဲ့အခန်း​ဆီသွားဖို့ပြင်​တော့သည်။အိမ်ရှင်ဆို​တော့ ဝတ်​ကျေတန်း​ကျေ​တော့
သွား​မေးရမှာမလား?​ယွန်းဂီအခန်းနဲ့ထယ်​ယောင်းအခန်းကအ​ပေါ်ထပ်မှာပဲဖြစ်ပြီး တစ်ခန်းသာခြားသည်။
'​ဒေါက်..​ဒေါက်'
"ကျွန်​တော်ပါ ကင်မ်ထယ်​ယောင်း"
​ယွန်းဂီ တစ်​ယောက်တည်း​ကြောက်​ကြောက်နဲ့ဘယ်မှမသွားရဲတာ​ကြောင့် ဗိုက်​ဆာ​​နေတာ​တောင်ထမစားပဲကုတင်​ပေါ်မှာထိုင်ရင်း ဗိုက်ဆာတာများ​ပျောက်သွားမလားဆိုပြီးဖုန်းသုံး​နေတာဖြစ်သည်။တံခါး​ခေါက်သံကြားပြီးချက်ချင်း
ကင်မ်ထယ်​​ယောင်း ဆိုတဲ့အသံပြုသံ​ကြောင့်​ယွန်းဂီရဲ့​ကြောက်​နေတဲ့စိတ်​တွေကချက်ချင်းငြိမ်ကျသွား​တော့သည်။
"လာ..လာပါပြီ"
သူ့ကိုတံခါးဖွင့်​​ပေးတဲ့ ​လူကကာတွန်းပုံ​ပါတဲ့ညအိပ်ဝတ်ဆုံအညို​​ရောင်ကိုဝတ်ဆင်ထားသည်။​ဆံပင်ကိုလည်းသူနဲ့​တွေ့​နေကျလို​သေချာပုံသွင်းထားတာမဟုတ်ပဲ ​ခေါင်း​လျှော်ထားပြီးရင်ဖြစ်သလို နဖူး​ပေါ်ခပ်ဝဲဝဲကျ​နေသည်။မြင်​နေကျနဲ့
လုံးဝကွဲထွက်​ပြီးက​လေးတစ်​​ယောက်လိုချစ်ဖို့​ကောင်း​နေတဲ့ ​ရှေ့ကလူကြောင့် သူ့ဘာသာ​တောင်မသိပဲ ထိုလူကို​ငေး​နေမိသွားသည်။ပြီးမှ အသိပြန်ကပ်ပြီး​ချောင်းဟန့်ရ​တော့သည်။
"အဟမ်း...ခင်ဗျားဗိုက်ဆာ​နေပြီမလား
ညစာသွားစားရ​အောင်​လေ ကျွန်​တော်မမှာထားဘူး
​မေ့သွားလို့...အိမ်မှာရှိတာပဲစားကြရ​အောင်..​သွားမယ်
​နောက်ကလိုက်ခဲ့"
"ကိုယ်ကဘာဖြစ်ဖြစ်ရပါတယ် ထယ်​ယောင်း"
"အင်း"
ထယ်​ယောင်း ခုနကသူ​ယွန်းဂီကိုချစ်ဖို့​ကောင်းတယ်လို့​တွေးမိတာကို သူ့ဘာသာပြန်သတိရပြီးရှက်ကာ ​ခေါင်းထုပြီး​အောက်ထပ်မီးဖိုခန်းသို့မြန်မြန်ဆင်းသွား​တော့သည်။
နဂိုတည်းက​ကြောက်​နေတဲ့​ယွန်းဂီကလည်း ထယ်​ယောင်းနည်းတူ​နောက်က​နေမြန်မြန်လိုက်သည်။
ထယ်​ယောင်းကအိမ်ရှင်ဖြစ်တာ​ကြောင့်သွက်သွက်လက်လက်ပင်​​ရေခဲ​သေတ္တာကိုဖွင့်ကာ စားလို့ရနိုင်တာ​​တွေရှာကြည့်သည်။​ရေခဲ​သေတ္တာထဲမှာအကုန်အစုံအလင်ရှိ​ပေမယ့် သူလုပ်တတ်တာဘာမှမရှိ။​ထို့​ကြောင့်....
"ခင်ဗျားဟင်းချက်တတ်လား"
"မချက်တတ်ဘူး ဘာလို့လဲထယ်​ယောင်း"
"​ခေါက်ဆွဲပြုတ်ပဲစားကြတာ​ပေါ့"
သူ့ကိုဟင်းချက်တတ်လား​ဆိုပြီး​ ​မေးတုန်းက​မေးပြီးသူပြန်​ဖြေ​တော့ အဖတ်​တောင်မလုပ်ပဲ​သူ​ပြောချင်တာပဲ​ပြောလာတဲ့ဟာ​​လေးကတစ်ကယ့်ကို ရိုက်သတ်ပစ်ချင်စရာ​လေး။
"ခင်ဗျား​ခေါက်ဆွဲ​တော့ပြုတ်တတ်တယ်မလား"
"​ခေါက်ဆွဲ​တော့ပြုတ်တတ်ပါတယ်"
​ယွန်းဂီပြန်​ဖြေ​တော့ ထယ်​ယောင်းကမုန့်​တွေအပြည့်ထည့်ထားတဲ့ဗီဒိုကြီးထဲက ​ခေါက်ဆွဲနှစ်ထုပ်ကိုယူပြီး​ယွန်းဂီဆီသို့​ပေးလိုက်သည်။
"​​ရော့...ပြုတ်လိုက်...ကျွန်​တော့်ထဲကို​ကြက်ဥထည့်​ပေး ငရုတ်သီးမှုန့်ထုပ်ကိုမထည့်နဲ့...အာ...​ရေခဲ​သေတ္တာထဲမှာ
ကြက်သွန်မြိတ်ရှိတယ်..အဲ့ဒါ​လေးပါ ပါးပါးလှီးပြီးထည့်​ပေး"
လူက​တော့ ထမင်းစားပွဲဝိုင်းထိုင်ခုံမှာ​ခြေချိတ်ထိုင်​နေပြီးလက်ညှိုးတစ်ထိုးထိုး၊နှုတ်ခမ်း​တ​ထော်​ထော်နဲ့​သူ့ကိုခိုင်း​နေတဲ့ထယ်​ယောင်းကို ​ယွန်းဂီမြင်ပျင်းကပ်​နေ​ပေမယ့် ဘာမှပြန်မ​ပြောနိုင်တဲ့အ​ခြေအ​နေမို့ ပါး​စောင်ကိုလျှာနဲ့ထိုးရင်းသာငြိမ်ပြီးနား​ထောင်​နေရသည်။
​တ​အောင့်​လောက်ကြာ​တော့ ထယ်​ယောင်း​ရှေ့ကို​ယွန်းဂီကအ​ငွေ့တ​ထောင်း​ထောင်းထ​နေတဲ့​ခေါက်ဆွဲပန်းကန်လုံး​လေးချ​ပေးကာ ဆရာဆီကအကဲဖြတ်ခံရမယ့်က​လေးလို မျက်လုံး​လေးဝင့်၊နှုတ်ခမ်းထိပ်​လေး​တွေကိုကိုက်ပြီးရပ်​စောင့်​နေသည်။
ထယ်​ယောင်းသူ့​ရှေ့ကပန်းကန်ကိုကြည့်​တော့ခဏ​တော့ဆွံ့အသွားသည်။​ပန်းကန်လုံးထဲထည့်ထားတဲ့​ခေါက်ဆွဲ​အနှစ်​တွေက ပန်းကန်နှုတ်ခမ်း​တွေနားမှာ​ပေကျံ​နေပြီး​ခေါက်ဆွဲကလည်း ကျက်ပုံမ​​ပေါ်​သေး။ညှပ်ထည့်ထားတဲ့ကြက်သွန်မြိတ်​တွေကလည်း တစ်ခုတစ်ခုကို၁လက်မ​လောက်ရှိသည်။
"ခင်ဗျား​​ပြော​တော့ ​ခေါက်ဆွဲပြုတ်တတ်တယ်ဆို"
"အင်း​လေ ​cupခေါက်ဆွဲဆိုအမြဲကိုယ်တိုင်လုပ်စား​နေကြ
ဒီလိုမျိုးက​တော့ပထမဆုံး​ပေါ့...စား​ကြည့်လေထယ်​ယောင်း"
​အော်...ဘာမှလက်​ကြောမတင်းတဲ့လူပါလား?ငါမလုပ်တတ်တာကထားတော့...ငါကခုမှ​ကျောင်းသားပဲရှိ​သေးတယ်​လေ။ဒီလူကအသက်ကပဲအို​နေပြီ..လူဖြစ်ရှုံးလိုက်တာ။
"စား​လေ ထယ်​ယောင်းရဲ့"
သူ့ကိုရှိသမျှသွား​တွေအကုန်ဖြဲပြီး​ထပ်ပြောလာပြန်တဲ့​​ရှေ့ကလူ​။platingနဲ့တင်လွှတ်ပစ်လိုက်ချင်စရာ​ကောင်း​နေ​ပေမယ့် ဗိုက်ကတစ်ကယ်လည်းဆာ​နေတာ​ကြောင့်
ကျိတ်မှိတ်စားရန်လုပ်လိုက်သည်။
အရသာက​တော့မဆိုးပါဘူး။​ခေါက်ဆွဲပြုတ်ဆိုတဲ့အတိုင်းပဲ​ပေါ့။ကြက်သွန်မြိတ်​တွေလည်းဝါးစားလိုက်​တော့အဆင်​တော့​ပြေပါတယ်။​ခေါက်ဆွဲကလည်းမာ​ပေမယ့် စားလိုက်​တော့လည်း မိနစ်ပိုင်းအတွင်းမှာတင်တစ်ပန်းကန်လုံးကုန်သွား​တော့သည်။ထယ်​ယောင်းပြီးမှကုန်​အောင်စားလိုက်မိတဲ့သူ့ကိုယ်သူ ပြန်သတိရပြီး​နောင်တရ​တော့သည်။အနည်းဆုံး​တော့ ​ယွန်းဂီရှေ့မှာသူဟန်​ဆောင်ပြီးနည်းနည်း​တော့စားမ​ကောင်း​ကြောင်းပြရမှာကို ခု​တော့အရှက်ကွဲပြီ။​
ထယ်​ယောင်းပလုတ်ပ​လောင်းနဲ့စား​နေတာကြည့်​နေတဲ့​ယွန်းဂီက မျက်နှာမှာအပြုံး​လေးချိတ်ဆွဲလို့။သူချက်​ပေးတာကို​ကောင်း​ကောင်းစား​ပေးတဲ့ထယ်​ယောင်းကိုကြည့်​နေသည်မှာ အ​မေတစ်​ယောက်လိုမျိုး။
"စား​ကောင်းတယ်မလားထယ်​ယောင်း"
သူလုပ်​ပေးတာကို​​ကောင်း​ကောင်းစား​ပေးလို့ ​ပျော်​ရွှင်စွာ​မေးလာတဲ့​ယွန်းဂီ။
"မ​ကောင်းဘူး...အစားအစာကိုမဖြုန်းတီးချင်လို့သာ
စားလိုက်တာ "
"​အော်...."
ထယ်​ယောင်းအဲ့လို​ပြောလာတာ​တောင် ပြုံး​နေဆဲဖြစ်တဲ့​ယွန်းဂီ။​ယွန်းဂီစိတ်ထဲတွင် သူ့​ခေါက်ဆွဲကိုသူယုံကြည်မှုအပြည့်ဖြင့် ထယ်​ယောင်းကြိုက်​ကြောင်းထင်​နေတာဖြစ်သည်။
"အာ..ကျွန်​တော်ကပန်းကန်တစ်ခါမှမ​ဆေးဖူးဘူး"
"အင်း...ဘာလို့လဲ"
"အဲ့ဒါ ခင်ဗျား​ဆေး​လိုက်လို့ဖြစ်တယ်မလား"
ဘိုးဘွားရိပ်သာကအိမ်သာ​တွေ​တောင်​ဆေးခဲ့​သေးတာ
မင်းကပန်းကန်မ​ဆေးတတ်ဘူးဆိုတာကိုဒီမင်ယွန်းဂီကယုံမယ်ထင်​နေလား?​ဒီဟာ​လေးကငါ့ကိုငတုံးမှတ်​နေတယ်..တစ်ခါပဲရမယ်။ခိုင်းသမျှလုပ်​ပေးရ​အောင် သူ့​​ယောကျာ်းလည်းမဟုတ်ဘူး။
"ကိုယ်လည်းမ​ဆေးတတ်ဘူး ကိုယ်လည်းတစ်ခါမှ
မ​ဆေးဖူးတာ အဲ့ဒါ​ကြောင့်ညတိုင်းဗိုက်ဆာရင်​တောင်
ပန်းကန်​ဆေးရမှာစိုးလို့ cup​ခေါက်ဆွဲပဲစားတာ..ဟီးဟီး"
သူ့ကိုသွားဖြဲပြီး​ပြောလာပြန်တဲ့လူ။ပြုံး​နေရင်​တော့တစ်ကယ်ကို က​လေးလိုအပြစ်ကင်းပြီးချစ်ဖို့​ကောင်း​နေတာ။​ကြောက်​ပေါက်လေး​လိုပဲ။ရား!!!ကင်မ်ထယ်​ယောင်း..မင်းရူး​နေလား?ဘာ​တွေ​တွေး​နေတာလဲ?ဘာအပြစ်ကင်းတာလဲ?မင်းအစ်မကိုကြိုက်​နေတာ​နော်။သတိထားဦး...ဟူး...။
"ထားလိုက်​တော့ ကျွန်​တော်စားတာကျွန်​တော်​ဆေးလိုက်မယ် ဟို​ပေါ်ကခင်ဗျားဖွထားတာ​တွေ​​တော့ ကိုယ်တိုင်ရှင်း​နော်...ပြီး​တော့...​ခေါက်ဆွဲပြုတ်အတွက်​ကျေး..​ကျေးဇူးပဲ"
ထယ်​ယောင်းဆီက ​ကျေးဇူးဆိုတဲ့စ​ကားကြောင့် အံ့သြသွားရတဲ့​ယွန်းဂီ။
"ဟမ်..."
"မကြားဘူးလား ခင်ဗျားနားကိုဆရာဝန်ဆီသွားပြသင့်​နေပြီ"
"​ကျေးဇူးဆိုလို့ပါ"
"ကျွန်​​တော့်အစ်မက သင်​ပေးထားလို့
အကျင့်ပါ​နေတာ...​ကျေးဇူးတင်စရာရှိရင်တင်ရမယ်​ဆိုလို့"
သူလည်းမ​မေးပဲတစ်​ယောက်တည်း ​​​​ရှင်းပြသွားပြီး​ဘေစင်မှာပန်းကန်​ဆေး​နေတဲ့ထယ်​ယောင်းကို ​ယွန်းဂီမှာနူးညံ့​သောမျက်လုံးများဖြင့်သာပြုံးပြီး​ကြည့်​နေသည်။​ကျေးဇူးလို့​ပြောသွားတာကိုပဲ သူ့နားထဲမှာအထပ်ထပ်ပြန်ကြား​ယောင်​နေသည်။​အမြင်ကပ်​နေတာ​တွေ​တောင် ခဏ​ပျောက်သွားပြီးကြည်နူးခြင်း​တွေထဲ​ပျော်ဝင်​နေတဲ့​ယွန်းဂီပင်။
.
.
.
​'ချွင်...ချွင်...ချွင်...ချွင်...ချွင်'
'​တောက်...​တောက်...​တောက်'
"ဘာ...ဘာသံကြီးလဲ"
​ယွန်းဂီစား​သောက်ပြီးအိပ်​​​ပျော်သွားတာဖြစ်သည်။တစ်​နေကုန်ပင်ပန်းထားတာမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်သွားတုန်းအခုကြား​နေရတဲ့ တချွင်ချွင်အသံများ​ကြောင့်​ကြောက်လန့်ပြီး​ဇော​ချွေးများပင်ထွက်​နေပြီဖြစ်သည်။လူ​ခြေတိတ်​​နေချိန်လည်းဖြစ်၊သူများအိမ်မှာလည်းဖြစ်တာ​ကြောင့်​ယွန်းဂီမတရားထိတ်လန့်​နေသည်။တချွင်ချွင်အသံများကတစ်​နေရာတည်းမှကြား​နေရတာမဟုတ်ပဲ ပတ်ပတ်လည်ကကြား​နေရတာဖြစ်သည်။​တ​တောက်​တောက်ပတ်လည်​ပြေး​နေတဲ့အသံ​သေး​သေး​လေးကိုလည်းကြား​နေရ​သေးသည်။
"ဟိုဟာ​လေးများလား အသံကလူသံ​တော့မဟုတ်ဘူး
ဒီအိမ်မှာအခု ငါနဲ့ဟိုဟာ​လေးပဲရှိတာမလား
သ..သရဲများလား...ဒါမှမဟုတ်...သူခိုးလား"
ပိုပိုနီးကပ်လာတဲ့အသံများ​ကြောင့် ​ယွန်းဂီကုတင်​ပေါ်မှာထိုင်မ​နေနိုင်​တော့ပဲ ​အခန်း​ထောင့်စွန်း​လေးမှာကပ်ပြီးငြိမ်​နေသည်။အသံ​တွေကကျယ်လာလိုက် တိုးသွားလိုက်နဲ့မို့
ဘာများလဲဟုသိချင်စိတ်ကလည်းတိုးပွားလာသည်။​ကြောက်​နေလို့လည်းမထူးတဲ့အဆုံး ​ယွန်းဂီသွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
သူခိုးဆိုရင်ရိုက်ဖို့ဆိုပြီး မီးအိမ်တိုင်ကိုလည်းဖြုတ်ကာယူသွား​သေးသည်။ထို့​နောက်​သေချာမရတဲ့ဘုရားစာ​တွေရွတ်ပြီး​ဖြေး​ဖြေးချင်းတံခါးဖွင့်ကာ ကြည့်လိုက်​တော့ဘာမှမ​တွေ့ရ။ကြားရတဲ့အသံ​တွေက​တော့တိုးသွားပြီး​အောက်ထပ်ကကြား​နေရ​ကြောင်းသိ​တော့ ​​ခြေ​သံလုံလုံနဲ့​အောက်ထပ်ကို​ဆင်းသည်။​ယွန်းဂီကသူခိုးဆိုရင်​တော့​ သူ​ရောကိုယ်ပါပြန်တိုက်ခိုက်နိုင်၍မ​ကြောက်​ပေမယ့် သရဲကို​တော့အ​သွေးအသား​တွေတစ်ခုချင်းစီကပါ​တုန်​နေ​အောင်​ကြောက်တာဖြစ်သည်။
​အသံကမီးဖိုခန်းထဲမှထွက်​နေတာဖြစ်သည်။​အောက်ထပ်တစ်ခုလုံး​မှောင်မဲ​နေတာ​ကြောင့်​သေချာမသိရ​ပေမဲ့ အသံကမီးဖိုခန်းထဲမှဖြစ်သည်။ခြံထဲမှာထွန်းထားတဲ့မီးသီး​တွေ​ကြောင့်​ အနည်းငယ်​တော့မြင်​နေရသည်။ထိုအချိန်မှာပဲကြားရတဲ့ 'ချွင်ချွင်'ဆိုတဲ့အသံ။​ယွန်းဂီမီးဖို​ချောင်နားမ​ရောက်ခင်​ထောင့်နား​လေးမှာ မီးအိမ်တိုင်ကို​သေချာကိုင်ပြီးဒူးတုန်​နေပြီ။ထိုအချိန်​ယွန်းဂီရပ်နေတဲ့ဆန့်ကျင်ဘက်ကနံရံကအလင်း​ရောင်ဟပ်​​နေတာ​ကြောင့် ဘာ​ကြောင့်အသံထွက်​နေတယ်ဆိုတဲ့ရုပ်လုံး​ပေါ်လာတာကို ​ယွန်းဂီမှင်​တေ​တေဖြင့်အ​ကြောင်သားမျက်လုံးပြူးကာကြည့်​နေသည်။
သူ​တွေ့​နေရတာဘာကြီးလဲ?နားရွက်​ကြီးတွေ​ထောင်​နေပြီးအ​မွှေး​တွေနဲ့ အ​ကောင်ကြီးကကျားတစ်​ကောင်လိုအရွယ်အစား။တုတ်ခိုင်လှတဲ့လက်​တွေနဲ့ တစ်ခုခုကိုရှာ​နေတဲ့ပုံရတဲ့ထိုသတ္တဝါကြီး။သူ​လန့်လွန်း​နေတာ​ကြောင့် ​အော်ဖို့ပင်ပါးစပ်မဟနိုင်။ကျက်​သေ​သေ​နေတာ​ကြောင့် သတိလွတ်ကာရိုက်ဖို့ယူလာတဲ့မီးအိမ်တိုင်ကိုပစ်ချမိလိုက်​တော့အသံကျယ်ကြီးထွက်​ပေါ်လာတာ​ကြောင့် ဘာမှန်းမသိတဲ့သတ္တဝါကြီးကရှာ​နေတာကိုရပ်ရင်းသူ့ဘက်ကိုလှည့်လာ​နေပြီဖြစ်သည်။
အဲ့သတ္တဝါကြီးသူ့ဆီ​လျှောက်လာတာကိုအ​နှေးကွက်နဲ့မြင်​​နေရတဲ့​ယွန်းဂီ ထွက်​ပြေးချင်​နေ​ပေမဲ့​ခြေ​ထောက်​တွေကခဲဆွဲခံထားရသလို​လေးလံ​​နေသည်။နားထဲမှာလည်းအဲ့သတ္တဝါကြီးဆီကကြားရတဲ့ တချွင်ချွင်ဆိုတဲ့အသံကြီးနဲ့အတူ​ယွန်းဂီခေါင်းထဲမှာလည်းဗလာဖြစ်သွားပြီ။တဖြည်းဖြည်းကပ်လာတဲ့သတ္တဝါကြီးကိုမကြည့်ရဲ​တော့တာ​ကြောင့်မျက်စိစုံမှိတ်လိုက်ချိန်မှာတစ်ခါတည်းခံစားလိုက်ရတဲ့ သူ့​ခြေ​ထောက်ကစိုစိစိအ​ထိအ​တွေ့​ကြောင့်ငယ်သံပါအောင်​အော်မိ​တော့တယ်။
"အား!!!!ကယ်...ကယ်ကြပါဦး!!!
ထယ်...ထယ်​ယောင်း!!!....ကင်မ်ထယ်​ယောင်း!!!!!!...အား!!!!"
သူ့အော်သံ​အကျယ်ကြီးကြောင့်အ​ပေါ်ထပ်က​နေ​ဝုန်းတိုင်းကျဲ​ပြေးဆင်းလာပုံရတဲ့ထယ်​ယောင်း။သူ့​ခြေ​ထောက်ကစိုစိစိအထိအ​တွေ့နဲ့အ​​မွှေး​တွေနဲ့ထိ​တွေ့​နေတာကိုခံစား​နေရတာကြီး​ကြောင့် ကြောက်လွန်းလို့ငုံ့​တောင်မကြည့်ရဲ။သူ့ဘဝမှာ ယခုကဲ့သို့​ကြောက်လန့်ဖူးတာပထမဦးဆုံးပင်။ဒါကလည်းထယ်​ယောင်းဆိုတဲ့ဟာလေးရဲ့​ရှေ့မှာ။​ဆော်​လေး​တွေကြားမှာနာမည်ကြီးတဲ့bad boyဆိုတဲ့ဂုဏ်ပုဒ်​လေးက​တော့ပလုံပါပြီ။
"ခင်ဗျား...ခင်ဗျား ဘာဖြစ်လို့လဲ"
​လှေကားက​နေ စိုးရိမ်တကြီး​အော်​မေးတဲ့ထယ်​ယောင်း။
"ထယ်..ထယ်​ယောင်း..အီးဟီးဟီး
ဘာ..ဘာ​ကောင်ကြီးလဲမသိဘူး..ကိုယ့်ကိုကိုက်မလို့လုပ်​နေတာ..​နေ..​နေဦး..119ကိုအရင်ဖုန်းဆက်..ဒီနားမလာနဲ့
မင်းကိုပါကိုက်လိမ့်မယ်"
​ယွန်းဂီပြောသံများ​ကြောင့် ထယ်​ယောင်းပါပြာခါသွားသည်။ကိုက်မလို့လုပ်​နေတယ်ဆိုတာ ဘာများကလဲ?ဘာပဲဖြစ်ဖြစ်​ယွန်းဂီကခုလို​အော်ငို​နေတာ​ကြောင့် စိုးရိမ်ပြီးအ​တွေး​တွေမများ​တော့ပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီးမီးဖို​ချောင်သို့ပြေးဝင်သွား​တော့ ​တွေ့လိုက်ရတာက
"​​ခင်ဗျား သတိထားဦး ကျွန်​တော်​ရောက်​နေပြီ
မျက်လုံးဖွင့်ကြည့် ဘာ​​အကောင်မှမရှိဘူး"
"ရှိတယ် ရှိတယ်လို့!!!"
"မရှိပါဘူးဆို ခင်ဗျားမျက်လုံးကိုဖွင့်လိုက်!​!"
ထယ်​​ယောင်းလက်နှစ်ဖက်လုံးကသူ့ကို ကိုင်​ပေးထားတာ​ကြောင့်​စိတ်ချသွားကာ မျက်လုံးများကို​ဖြေး​ဖြေးချင်းဖွင့်
ကြည့်​တော့ ထယ်​ယောင်း​​ခြေ​ထောက်နားမှာမျက်လုံး​လေးပုပ်ခက်ပုပ်ခက်နဲ့ပြူးကြည့်​နေဆဲ့​ခွေးမဲမဲ​​သေး​သေး​လေး။
wait!!!ငါ့ကိုခုလိုလန့်​အောင်လုပ်တာ ဒီ​ခွေးပိစိ​လေးကလား?ငါခုနကမြင်လိုက်တာအကြီးကြီးပါ။ပြီး​တော့ လည်ပင်းမှာလည်းချလူနဲ့။ဒါဆိုဟိုအသံက.....
​ယွန်းဂီ ထယ်​ယောင်း​ဘေးမှာရပ်​နေတဲ့​ခွေး​လေးကိုကြည့်ပြီး​ကြောက်​နေတာ​တွေ​ပျောက်ကာ ​ဒေါသ​တွေထွက်လာ​တော့သည်။​​ဒေါသထွက်လွန်းလို့မျက်နှာတစ်ခုလုံးနီရဲ​နေပြီးမျက်လုံးပြူးပြူး​လေးများကလည်း ထို​ခွေး​သေး​သေး​လေးထံမှမခွာ။
ဒီ​​သောက်​ခွေး​သေး​သေး​လေး​ကြောင့် ငါကခုလို​သေ​အောင်လန့်ပြီးထ​အော်မိတာ​ပေါ့။ငါ့ကို ဟိုဟာ​လေး​​ရှေ့မှာမှအရှက်ခွဲတဲ့​ခွေးမသား​​သေး​သေးလေး။မင်း​တော့ငါနဲ့​တွေ့ပြီ​ပေါ့...ငါ့လိုတစ်မိုး​အောက်မင်ယွန်းဂီကိုအရှက်ခွဲတဲ့​ခွေးမသား​လေး။
"အဲ့ခွေးမသား​လေးက ဘယ်ကလဲ!!"
"ဘာ!!!"
သူတယုတယ​မွေးထားတဲ့​ သူ့သားကင်မ်ယွန်တန်ကို​ခွေးမသား​လေးလို့​ပြောလာတဲ့​ယွန်းဂီကြောင့် ​အော်လိုက်တဲ့​ထယ်​ယောင်း။
"အဲ့​ခွေး​မသားလေးကဘယ်ကဘယ်လိုဒီအိမ်ထဲ​​ရောက်​နေတာလဲလို့ထယ်​ယောင်း....ဟမ်....​ဖြေ​လေကွာ"
​"ကျွန်​တော်​​​မွေးထားတာ...ကျွန်​တော့်သား!!!"
"​အော်....​​အော်..."
ခုမှသ​ဘော​ပေါက်သွားတဲ့​ယွန်းဂီက ခုနက​တော့ခွေး​လေးကို ကိုက်စား​တော့မတတ်ကြည့်​နေပြီးခုမှထယ်​ယောင်း​မွေးထားမှန်းသိ​တော့ ​အူလည်လည်​လေးရုပ်​လေးလုပ်​နေ​တော့သည်။
"ခင်ဗျားက​လေ လုပ်လိုက်ရင်အလန့်တကြား
ဒီလို​ခွေး​လေးကို​တောင်​ကြောက်​နေတာ မမ့ကိုလိုချင်​​သေးတာလား!!...ပြီး​တော့...ကျွန်​တော့်​သားနာမည်က
ယွန်တန်...ကင်မ်ယွန်တန်!!..​ခွေးလို့မ​​ပြောနဲ့..မကြိုက်ဘူး!!!"
"​အော်...."
အမယ်..ငါ့ဘာသာ​ကြောက်တာနဲ့ပဲ မမကိုမလိုချင်ရ​တော့ဘူးလား?ငနာ​လေး...။ပြီး​တော့ငါလာတုန်းကအဲ့​သောက်​ခွေး​လေးကိုမ​တွေ့မိလို့သူ့​ခွေးမှန်းမသိတာ​လေ။ဟို​​သောက်ခွေးမသား​လေးလည်းသူ့သခင်လစ်တာနဲ့ငါနဲ့​တွေ့ဖို့သာပြင်ထား။ဒင်းကြောင့်အရှက်ကွဲတာ။
"ကိုယ်ကမသိပဲ ​ခွေးမသား​လေးလို့​ပြောမိတာပါ
sorry...ယွန်တန်လား..နာမည်ကချစ်စရာ​လေးပဲ"
ခုမှလာပြီးရွှီး​နေတဲ့​​​ယွန်းဂီကို ထယ်​ယောင်းမျက်​စောင်းသာထိုးလိုက်သည်။
​"​နောက်ဆိုအား​နေ ​​အော်မ​နေပါနဲ့
ကျွန်​တော့်ကိုအားနာဦး မနက်စာ​မေးပွဲရှိလို့​စော​စောအိပ်​နေတာကို ခု​တော့ခင်ဗျား​ကြောင့်အိပ်​ရေးပျက်ပြီ..မင်းလည်း
​အောက်ကိုဘာဆင်းလုပ်​နေတာလဲယွန်တန်...လာ...ပြန်မယ်"
သူ့ကို​ပျစ်ပျစ်နှစ်နှစ်​တွေ​ပြောပြီး စိတ်ဆိုးကာထွက်သွားတဲ့ဟာ​လေးကို ဘာမှပြန်မ​ပြောပဲသာရပ်ကြည့်​နေရသည်။
သူလည်း​ကြောက်လို့ထ​အော်မိတာ​ပေါ့။ဒီလို​ခွေး​လေးမှန်းသာသိရင် ​အော်​တောင်မ​နေဘူး။ဂုတ်က​ဆွဲပြီးကန်ထုတ်လိုက်တယ်။ဟို​​သောက်ခွေး​လေးကလည်း သခင်လက်ထဲက​နေ သူ့ကိုပြူးပြီးကြည့်​နေ​သေးတာ။အမြှီး​လေးကလည်းတရမ်းရမ်းနဲ့။ဘယ်အချိန်​ရောက်​နေပြီလဲ??​အောက်ကိုဆင်းလာပြီးကမျင်း​​နေတယ်။သူ့သခင်နဲ့အိပ်​​နေ​ပေါ့။ပြီး​တော့အဲ့​သောက်​ခွေး​လေးကိုလည်း ချလူကတပ်​ပေးထားရ​သေးတယ်။နားမငြီးဘူးလားမသိဘူး။​​ခွေး​ရော သခင်​ရောအတူတူပဲ။ကျပ်မပြည့်တဲ့ဟာ​လေး​တွေ။
ထို့​နောက်​ယွန်းဂီလည်းပြဿနာ​တွေပြီး​တော့မှ တိတ်တိတ်​လေးအ​ပေါ်ပြန်တက်ကာ ​ခေါင်းအုံးနဲ့ထိတာနဲ့တင်ပြန်အိပ်​ပျော်သွား​တော့သည်။
.
.
.
'​ဒေါက်..​​ဒေါက်..​ဒေါက်'
"ကျစ်..အိပ်​ကောင်းခြင်းကိုမအိပ်ရဘူး"
တံခါးသံကြားတာနဲ့ ​ယွန်းဂီတန်းသိလိုက်သည်။ထယ်​ယောင်းကလွဲပြီးတစ်ခြားဘယ်သူမှမရှိ။ဖုန်းကိုလှမ်းယူပြီးနာရီကိုကြည့်လိုက်​တော့ ခုမှ၆နာရီခွဲ။မျက်နှာကိုလက်နဲ့ပြင်းပြင်းပွတ်ပြီး သက်ပျင်းချကာတံခါးသွားဖွင့်​ပေးလိုက်​တော့
ပြင်ဆင်ထားပြီးဖြစ်တဲ့ထယ်​ယောင်း။
"ကျွန်​တော်​ကျောင်းသွားရ​တော့မှာ ဒီ​နေ့ကစာ​မေးပွဲပထမရက် ခင်ဗျားပြင်​ထားတော့ လိုက်ပို့ဖို့​​နောက်မကျ​စေနဲ့​နော်
တနင်္လာ​နေ့ဆို​တော့ကားပိတ်မှာ ပြန်လည်းအိပ်မ​နေနဲ့"
"အင်း...စိတ်ချပါ"
သူ့ကို​ပြောပြီးထွက်သွားတဲ့ထယ်​ယောင်းကို ​ယွန်းဂီလည်းတံခါးပိတ်ပြီး​ကျောခိုင်းကာ ခဏပြန်​မှေးဖို့ပြင်လိုက်​ပေမယ့်ပြန်အိပ်မ​နေနဲ့ဆိုတဲ့စကား​ကြောင့်မြန်မြန်ပြင်ရ​တော့သည်။
.
.
.
"ခင်ဗျားမပြန်နဲ့​​နော် ဒီကပဲ​စောင့်"
"ထယ်​ယောင်းစာ​မေးပွဲက ၃နာရီ​တောင်​လေ"
"အဲ့​တော့..."
"ကိုယ်ကဒီ​ကျောင်းထဲမှာပဲ ၃နာရီ​တောင်​စောင့်​နေရမှာလား 
ထယ်​ယောင်း​ဖြေပြီးချိန်​​လောက် ကိုယ်လာ​ခေါ်​မယ်​လေ"
"​စောင့်​ပေါ့ ခင်ဗျားကအလုပ်မှမရှိတာ
ပြီး​​တော့ ကျွန်​တော်၃နာရီလုံးစာ​မေးပွဲခန်းထဲမထိုင်ဘူး
​ဖြေပြီးတာနဲ့ထွက်လာမှာ ခင်ဗျားဒီကပဲ​စောင့်"
​ပြောပြီးတာနဲ့ထွက်သွားတဲ့ထယ်​ယောင်းကို ​ယွန်းဂီဘာမှပြန်မ​ပြောပဲသာကြည့်​နေလိုက်သည်။ထယ်​ယောင်း​ဖြေရမယ့်အ​ဆောင်ထဲဝင်သွား​တော့မှ
"ဟက်...ငါကဘာလို့မင်းစကားနား​ထောင်ရမှာလဲ
ဟယ်လိုသားကြီး...ဘယ်မှာလဲ ငါလာခဲ့မယ်.....အို​ကေ"
နမ်ဂျွန်ကိုဖုန်း​ခေါ်ပြီးတာနဲ့ ကား​လေးကို​မောင်းထွက်သွားတဲ့​ယွန်းဂီကို ထယ်​ယောင်းကစာ​မေးပွဲခန်းထဲက​နေကြည့်​နေခဲ့တာ​ကို​တော့ ​ယွန်းဂီမသိလိုက်ပါ။
Kimharu4121992🌵
Zawgyi
"ဘာ!!!"
"အင်း..အင်းပါ"
.
.
.
"ဘာ!!...တစ်ကယ်လားနမ်ဂျွန်...
.
.
.
'​ဒေါက်..​ဒေါက်'
"လာ..လာပါပြီ"
နောက်ကလိုက်ခဲ့"
"အင်း"
"စား​လေ ထယ်​ယောင်းရဲ့"
စားလိုက်တာ "
"​အော်...."
"အင်း...ဘာလို့လဲ"
"ဟမ်..."
"​ကျေးဇူးဆိုလို့ပါ"
.
.
.
'​တောက်...​တောက်...​တောက်'
"ဘာ...ဘာသံကြီးလဲ"
"အား!!!!ကယ်...ကယ်ကြပါဦး!!!
"ရှိတယ် ရှိတယ်လို့!!!"
"ဘာ!!!"
"​အော်....​​အော်..."
"​အော်...."
.
.
.
'​ဒေါက်..​​ဒေါက်..​ဒေါက်'
"အင်း...စိတ်ချပါ"
.
.
.
"အဲ့​တော့..."
Kimharu4121992🌵
Continue Reading
You'll Also Like
6.4M 562K 86
-α€žα€­α€―α€€α€Ία€™α€„α€Ία€Έα€†α€€α€Ί နောင်တဆိုတာ α€™α€›α€Ύα€­α€˜α€°α€Έ α€€α€­α€―α€€α€­α€―α€–α€Όα€…α€Ία€”α€±α€žα€›α€½α€±α€· ... -ခန့်ဦးရှိန် α€žα€­α€―α€€α€Ία€”α€²α€· α€•α€α€Ία€žα€α€Ία€α€²α€· α€œα€°α€α€­α€―α€„α€Ία€Έα€€α€­α€― α€„α€«α€α€»α€…α€Ία€”α€­α€―α€„α€Ία€•α€«α€α€šα€Ί ... (I want you to enjoy Season...
1.9M 83.7K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
796K 29.5K 97
𝐀 π’πŒπ€π‹π‹ 𝐅𝐀𝐂𝐓: you are going to die. does this worry you? βͺ tua s1 ⎯⎯⎯ 4 ❫ Β© π™΅π™Έπš…π™΄π™·πš‡πšπ™Άπšπ™΄π™΄πš…π™΄πš‚...
73.8K 3.4K 17
α€€α€»α€½α€”α€Ίβ€‹α€±α€α€¬α€Ία€·α€€α€±α€¬α€„α€Ία€œα€±α€Έα€€α€†α€­α€―α€Έα€α€šα€Ί... ဒါပေမဲ့ α€α€»α€…α€Ία€α€šα€Ί.... α€€α€Όα½α€”α€Ήβ€‹α€±α€α€¬α€Ήα€·α€±α€€α€¬α€„α€Ήα€±α€œα€Έα€€α€†α€­α€―α€Έα€α€šα€Ή... ဒါေပမဲ့ α€α€Ία€…α€Ήα€α€šα€Ή....