အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

234K 44.5K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

231

2.5K 500 23
By Melinoe_Megami

Unicode

ယဲ့ကျန့်ဟန်သည် ဟင်းချက်တတ်ရုံသာမက သူ့လက်ရာ အလွန်ကောင်းကြောင်း ဆရာခြူးကို ပြောပြတော့သည်။

ဟင်းပွဲပြင်ပြီးချိန်တွင် ခြူးမုယွင်တစ်ယောက် အံ့ဩသွားရ၏။ : “တကယ်ကြီး မမျှော်လင့်ထားဘူး..”

မီးဖိုချောင်ပေါက်ကွဲလုမတတ် ကြော်လှော်ခဲ့သော ဆရာခြူးနှင့်ယှဉ်သော် ယဲ့ကျန့်ဟန်သည် စားပွဲတစ်ဝိုင်းစာအပြည့် ချက်ပြုတ်ခဲ့သော်ငြား ဆီနံ့စွဲခြင်းမရှိ။ သူက စားပွဲတွင် ဝင်ထိုင်ကာ လွှမ်းမိုးနိုင်စွမ်းပြင်းသော အာဏာရှင်ကြီးသဖွယ် သေရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ ဤပုံစံကိုကြည့်ပြီး မည်သူကများ အိမ်ထောင်ဦးစီးအမှန်ကို ပြောနိုင်ပါတော့မည်နည်း။

ခြူးမုယွင်က အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန်ဖြင့်.. “မှော်အစွမ်းသုံးပြီး ပြောင်းထားတာတော့ မဟုတ်ပါဘူးနော်..?”

ကြည့်ကောင်းပေမယ့် အရသာမရှိလောက်ဘူးထင်တယ်..?

ယဲ့ကျန့်ဟန်က သူ၏ လက်မောင်းရှည်ကြီးကို ဆန့်ကာ ခြူးမုယွင်အား ဝက်သားနှပ်တစ်တုံး ခွံ့ကျွေးလာသည်။

ခြူးမုယွင်က အနည်းငယ် မြည်းကြည့်ပြီး စားမကောင်းဟန်ဖြင့် မျက်မှောင်ကြုတ်ရန် ပြင်လိုက်သည်။ သို့သော် ခံတွင်းထဲ ပျံ့လွင့်လာသည့် ရနံ့သင်းသင်းလေးက သူ၏စိတ်ကို စိုးမိုးသွားလေ၏။

အသားက အဆီသိပ်မများဘဲ ဝါးလိုက်ရုံဖြင့် ပါးစပ်ထဲ ပေါက်ကွဲထွက်သွားသလို အရသာ အတော်လေးကောင်းသည်။ ခြူးမုယွင်သည် ဟင်းလျာပေါင်းစုံ မြည်စမ်းခဲ့ဖူးပြီး နတ်ဆိုးတိုင်းပြည်ထဲ ကျင်လည်ခဲ့သည့် နေ့ရက်များတွင်လည်း တစ်လောကလုံးမှ အကောင်းဆုံးအစားအစာမှန်သမျှကို စားသောက်နိုင်ခဲ့သည်။

သို့သော် ကြယ်သုံးပွင့်စားသောက်ဆိုင်များမှ အကောင်းဆုံးစားဖိုမှူးများ ချက်ပြုတ်ထားသည့် အထူးဟင်းလျာများပင် ယဲ့ကျန့်ဟန် ဖြစ်သလိုချက်လိုက်သည့် ဤဟင်းလျာများကို မယှဉ်သာခဲ့ပေ။

ခြူးမုယွင် အံ့ဩသွားရသည်။

ယဲ့ကျန့်ဟန်က ရယ်သွမ်းသွေးရင်း.. : “ဘယ်လိုလဲ..?”

ခြူးမုယွင် : “… အရသာရှိတယ်..” တကယ်မလိမ်ဘူး..!

ယဲ့ကျန့်ဟန်က ပြုံးသည်။

ခြူးမုယွင်လည်း မမျှော်လင့်ဘဲ ထမင်းစားချင်စိတ်ပေါ်လာသဖြင့် စားပွဲတွင် ဝင်ထိုင်ကာ တစ်ခုပြီးတစ်ခု စားသောက်တော့သည်။ စုစုပေါင်း ဟင်းလေးပွဲနှင့် ဟင်းရည်တစ်ပန်းကန်.. ဟင်းလျာတစ်ခုချင်းစီကို စားချင့်စဖွယ် ပြင်ဆင်ထားပြီး စားပြီးရင်း ဆက်စားချင်လောက်အောင် အရသာကောင်းမွန်ပေသည်။

ခြူးမုယွင်သည် အမူအကျင့်ကောင်းပြီး ထမင်းစားချိန်နှင့် အိပ်ချိန်ဆိုလျှင် လုံးဝ စကားမပြောတတ်ပေ။ သို့ဖြစ်ရာ ယခုလည်း စကားတစ်ခွန်းမှမဆိုဘဲ တည်တည်ငြိမ်ငြိမ် စားသောက်နေခဲ့သည်။

ယဲ့ကျန့်ဟန်ကတော့ တောက်ပစွာပြုံးရင်း ခြူးမုယွင်ကိုသာ ငေးမောကြည့်နေလေသည်။

ထမင်းစားပြီးနောက် ခြူးမုယွင်က ယဲ့ကျန့်ဟန်ကို မော့ကြည့်ကာ.. : “ခင်ဗျားက ဝိဉာဉ်ပဲ စားတာမဟုတ်ဘူးလား..?”

ယဲ့ကျန့်ဟန် : “ဝိဉာဉ်စားတာက အသက်ရှင်နိုင်ဖို့.. ဒါကတော့ ဝါသနာအရ..”

ခြူးမုယွင်က ချက်ချင်း ဆက်ပြောလိုက်သည်။ : “ဟုတ်သားပဲ.. ခင်ဗျားရဲ့ ဘွဲ့နာမည်ကိုက ‘အစားကြူးခြင်း’ အရှင်သခင်ပဲလေ..”

ယဲ့ကျန့်ဟန်က အပြုံးလေးဖြင့်.. : “ဒါပေါ့.. လူတွေကို အလွန်အကျွံ စားသောက်ချင်လာအောင် လှုံ့ဆော်ပေးနိုင်တယ်လေ..”

ခြူးမုယွင်လည်း သူ၏ စကားကို လက်သင့်ခံ၏။ ယဲ့ကျန့်ဟန်၏ လက်ရာကို မြည်းစမ်းဖူးလျှင် စားချင်စိတ်မရှိသူပင် စားချင်သောက်ချင်စိတ် ဖြစ်ပေါ်လာပေလိမ့်မည်။

ယဲ့ကျန့်ဟန်က ခြူးမုယွင်အား ငေးကြည့်ကာ.. : “ထမင်းဟင်းမချက်တတ်ဘဲ ‘အမျက်ဒေါသ’ကို နှစ်တစ်ရာကျော်တောင် ဘယ်လိုကျွေးမွေးစောင့်ရှောက်ခဲ့တာလဲ..?”

အတိတ်ကို ပြန်တွေးကြည့်လျှင် ရှန်ရွှိန်ယန်းက ငါးဟင်းကြိုက်သဖြင့် ခြူးမုယွင်သည် ငါးဟင်းချက်တတ်သည့် စားဖိုမှူးများကို ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် စားရေးသောက်ရေးအတွက် ပူပန်နေစရာမလိုပေ။

သို့သော် လင်းရွှမ်ကတော့ လိုဏ်ဂူကြီးထဲတွင် ကြီးပြင်းလာခဲ့ပြီး ဘဝအကြောင်း ဘာဆိုဘာမှမသိ။ လင်းမုက သူ့ကို နေ့တိုင်း အဖော်ပြုပေးနေရပြီး အစေခံလည်း မရှိသဖြင့် စားရေးသောက်ရေးအတွက် ပြဿနာရှိလာနိုင်သည်။

ခြူးမုယွင်က လက်ဖြန့်ကာ ပြောလိုက်သည်။ : “သိုလှောင်အိတ် စားသောက်ဆိုင်လေ..”

ယဲ့ကျန့်ဟန် : “…………” “နှစ်တစ်ရာကျော်တောင် အဲ့လိုမျိုး စားသောက်ခဲ့တာလား..?”

ခြူးမုယွင် အသံတိတ်သွား၏။

အရင်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး မှားယွင်းတယ်လို့ မခံစားရဖူးဘူး။ အခု သူပြောလိုက်မှပဲ ဘယ်လိုဖြစ်လို့ သိပ်မသင့်တော်သလို ခံစားလာရတာလဲ..?

“ဟီးဟီး..” ယဲ့ကျန့်ဟန်က သူ၏ အနာဟောင်းကို ထိုးဆွလာသည်။ “မင်း ကလေးမွေးစားတိုင်း လူလိမ်လူကောက်လေးတွေ ဖြစ်သွားတာ မထူးဆန်းတော့ပါဘူး..”

ခြူးမုယွင် : “…………”

ယဲ့ကျန့်ဟန်က သက်ပြင်းချကာ.. : “ဒီမှာပဲ ရက်နည်းနည်းလောက် နေကြတာပေါ့.. အခြေအနေတွေ တည်ငြိမ်သွားရင် မင်းကို ဇီးပန်းရောင်ဝါတောင်အထိ လိုက်ပို့ပေးမယ်..”

ခြူးမုယွင်သည် သူ့ကို ဘယ်လိုကူညီသင့်မှန်း ထုတ်မပြောခဲ့သော်လည်း ယဲ့ကျန့်ဟန်အနေဖြင့် ကောင်းကောင်းသိနေသည်။ သူ ဝင်မရှုပ်သရွေ့ အကောင်းဆုံးကူညီရာ ရောက်ပေလိမ့်မည်။

ခြူးမုယွင်က အတော်လေး ရှက်ရွံ့နေဟန်ဖြင့် ပြောလာသည်။ : “တကယ်တော့လေ…”

ယဲ့ကျန့်ဟန်က သူဘာပြောချင်သလဲဆိုတာ နားလည်နေပြီး.. : “အိပ်ရာပေါ်ကကိစ္စတွေကို မင်း သိပ်ပြီးအလေးမထားမှန်း သိပါတယ်.. ဒါပေမဲ့ အလေးထားကြည့်သင့်တယ်လို့ ကိုယ်ထင်တယ်..”

ခြူးမုယွင်မှာ အနည်းငယ် လန့်ဖြန့်သွားရသည်။

ယဲ့ကျန့်ဟန် : “ကောင်းပြီ.. လျှောက်မတွေးနေနဲ့တော့.. ဒီရက်ပိုင်း ကိုယ်နဲ့ ဒီအတိုင်း ကောင်းကောင်း အိပ်ပျော်အောင်အိပ်..”

သူက တကယ့်ကို ရိုးရိုးသားသား အိပ်စက်ခဲ့ပါ၏။ ထိုအကြောင်း ပြန်တွေးမိသည်နောက် ယဲ့ကျန့်ဟန်ဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်အတွင်း တစ်ညလေးပင် ကောင်းကောင်းမအိပ်ခဲ့ရကြောင်း ခြူးမုယွင်တစ်ယောက် ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။

သို့သော် အဘယ်ကြောင့်နည်း။

ခြူးမုယွင်သည် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သိနေပြီးသားဖြစ်သော်လည်း နားမလည်နိုင်ခဲ့ပေ။

စိတ်ခံစားချက်… ထိုစကားလုံးကို မည်မျှရွတ်ကြည့်ပါစေ၊ မည်သို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုကြည့်ပါစေ၊ ကိုယ်တိုင် မခံစားရသရွေ့ နားလည်နိုင်မည်မဟုတ်ပေ။

ခြူးမုယွင်က မခံစားဖူးသောကြောင့် နားမလည်နိုင်ခဲ့ပေ။

ညဘက်များတွင် ယဲ့ကျန့်ဟန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သော်လည်း ခြူးမုယွင်ကတော့ အိပ်ပျော်နေရင်း လူးလွန့်နေခဲ့၏။ မျက်လုံးမှိတ်လိုက်သည်နှင့် ဆက်တိုက် အိပ်မက်မက်နေခဲ့ပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် တစ်ဝက်ကျော်ကျော် မေ့ပျောက်သွားကာ ဝိုးတဝါးမှတ်ဉာဏ်တချို့သာ ကျန်ရစ်ခဲ့သည်။ မှတ်မိသမျှ စုပေါင်းကြည့်သော် ရှုပ်ထွေးနေသော ပုံရိပ်တချို့ မြင်ယောင်လာခဲ့သည်

အိပ်မက်ထဲတွင် သူနှင့် ယဲ့ရှောင်ဟန်မှလွဲ၍ အပြင်လူမရှိ။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း တစ်ခုခု လွဲမှားနေသလို ခံစားနေရပြန်သည်။

အထူးသဖြင့် တစ်ညမှာတော့ ယဲ့ရှောင်ဟန်က သူ့အတွက် ထမင်းပွဲပြင်ပေးပြီး တဖျတ်ဖျတ် တောက်ပနေသော မျက်ဝန်းများဖြင့် သူ့အား ငေးမောကြည့်ကာ သူ အရသာမြည်းမည့်အချိန်ကို စောင့်မျှော်နေသည့် မြင်ကွင်းမျိုး အိပ်မက်မက်ခဲ့လေသည်။

အိပ်မက်ထဲမှာ သူ ဘာလုပ်ခဲ့လဲ..?

မျက်နှာသေဖြင့် အင်္ကျီလက်ကို ခါယမ်းကာ လှည့်ထွက်သွားခဲ့သည်။

ကျန်ရစ်ခဲ့သော ယဲ့ရှောင်ဟန်ခမျာ တည်ငြိမ်ဟန်ဆောင်နေသော မျက်နှာလေးထက်တွင် စိတ်ပျက်ဝမ်းနည်းမှုများ အထင်းသားဖြင့် ရှေ့တည့်တည့်သို့ ငေးမျှော်ကြည့်ရင်း မျက်ဝန်းနက်နက်များ အရောင်မဲ့လာခဲ့သည်။

ခြူးမုယွင်ပင် အိပ်မက်ထဲမှ ခြူးမုယွင်ကို အော်ငေါက်ပစ်ချင်လာသည်အထိ။

ကလေးကို ဘယ်လိုမျိုး ပြုစုပျိုးထောင်ပေးနေတာလဲ..? မင်းဘာသာမင်း မချက်တတ်တာ ကိစ္စမရှိဘူး.. ကလေးက မင်းအတွက် ချက်ပြုတ်ပေးပြီးပြီလေ.. သူ့ကြိုးစားမှုကို တုံ့ပြန်တဲ့အနေနဲ့ မြည်းစမ်းကြည့်ပြီး အားပေးစကားပြောရမှာ အဲ့လောက်ခက်ခဲနေလား..?

ကံဆိုးစွာဖြင့် အိပ်မက်ထဲတွင် သူ ဘာမှဝင်မပြောနိုင်ခဲ့ပေ။

သို့နှင့် အိပ်ရာနိုးလာချိန်တွင် ခြူးမုယွင်၏စိတ်ထဲ သည်အတိုင်း ‘အိပ်မက်သပ်သပ်’ဟု ခံစားလာရ၏။ ယဲ့ကျန့်ဟန်အပေါ် လိပ်ပြာမလုံသလို ခံစားနေရရာမှ ယဲ့ရှောင်ဟန်ဆီသို့ စိတ်ရောက်သွားပြီး နေ့စဉ်ရက်ဆက် ညတိုင်း အိပ်မက်မက်နေတာ ဖြစ်နိုင်သည်။

ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး‌နောက် အပြင်ဘက်တွင် အခြေအနေတည်ငြိမ်လာခဲ့သည်။ သို့ဖြစ်ရာ ဇီးပန်းရောင်ဝါတောင်သို့ ခြူးမုယွင် သွားရချေတော့မည်။

လောလောဆယ် လင်းရွှမ်ဘေးတွင် ပြဿနာပေါင်းစုံ ပတ်လည်ဝိုင်းနေပြီး သူ့ကို အတော်များများ စောင့်ကြည့်နေမည်ပင်။ သို့ဖြစ်ရာ လင်းရွှမ်အနား ကပ်ချင်လျှင် ‘တောင်အထပ်ထပ် မြစ်အသွယ်သွယ်’ကို ကျော်ဖြတ်ရပေလိမ့်မည်။ တကယ့်ကို ပင်ပန်းရလိမ့်မည်။

ထို့ကြောင့် ခြူးမုယွင်လည်း ရန်ချန်း (မနာလိုခြင်းအရှင်သခင်)ထံ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။

ရန်ချန်းသည် ဤရက်ပိုင်းအတွင်း အတော်လေး တိတ်ဆိတ်နေလေ၏။ နေရာတိုင်းတွင် ယဲ့ကျန့်ဟန်၏ မျက်စိနှင့်နားများ ရှိသဖြင့် ခြူးမုယွင်က အခြေအနေကို မေးမြန်းခဲ့ပြီး သူကလည်း အကြောင်းစုံ ပြောပြခဲ့သည်။

‘အသက်တံခါး’ ပွင့်ဟခဲ့ပြီးနောက် ရန်ချန်းက ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် စွမ်းအင်လှိုင်းများကို တစ်ယောက်တည်း ထိန်းချုပ်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ရှန်ရွှိန်ယန်း၊ ရှဲ့ချင်းလန်၊ ကျွင်းမော့နှင့် ယဲ့ကျန့်ဟန်တို့ လေးယောက်ပူးပေါင်းကာ ‘အသက်တံခါး’ကို ဦးဆုံးထိန်းချုပ်နိုင်ခဲ့သော်လည်း ထို့နောက်မှာတော့ ရန်ချန်းတစ်ယောက်တည်း ထိုတာဝန်ကို ထမ်းရွက်ထားရသည်။ ထိုအဖြစ်က သူ၏ အသက်စွမ်းအင်ကို ထိခိုက်စေလေသည်။

ခြူးမုယွင်၏စိတ်ထဲ အနည်းငယ် တုန်လှုပ်သွားပြီး မေးလိုက်သည်။ : “မော့ကျိုးရှောင်ရဲ့ ဒဏ်ရာကရော ဘယ်လိုဖြစ်တာလဲ..?”

ယဲ့ကျန့်ဟန်က ခါးသက်သက်ဖြင့်.. : “မင်း သူ့ကို လွမ်းနေတာလား ဟမ်..?”

ခြူးမုယွင်က ချောင်းဟန့်ကာ.. : “သူ့မှာ အကာအကွယ်စည်းရှိတယ်လေ.. အဲ့တာတောင် ဒဏ်ရာရခဲ့တယ်ဆိုတော့ ပေါ့သေးသေးကိစ္စ မဟုတ်လောက်ဘူး..”

ယဲ့ကျန့်ဟန်က အေးတိအေးစက် ပြောလာသည်။ : “သူက မင်းကို ‘အသက်တံခါး’ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့သေးတယ်.. ဒါပေမဲ့ တန်ပြန်သက်ရောက်မှုဒဏ်ပဲ ခံလိုက်ရတယ်..”

ခြူးမုယွင် တောင့်ခဲသွားခဲ့သည်။

ယဲ့ကျန့်ဟန်က ဆက်ပြောသည်။ : “အဲ့အချိန်တုန်းက ‘အသက်တံခါး’က နောင်နှစ်သုံးထောင်ကလို တည်ငြိမ်သေးတာ မဟုတ်ဘူး.. ပြီးတော့ ‘အသက်တံခါး’က စွမ်းအင်တည်ငြိမ်မယ်ဆိုရင်တောင် ရှန်ရွှန်ယန်းဖွင့်လိုက်တော့ မွေးဖွားခြင်းအချိန်စက်ဝန်းကြားမှာ ကွာခြားချက်တွေ ရှိလာတယ်.. နှစ်ပေါင်းရာချီ ကျင့်ကြံခြင်းစွမ်းအင်တွေ ယုတ်လျော့စေတယ်.. မော့ကျိုးရှောင်က အတင့်ရဲပြီး မင်းကို ‘အသက်တံခါး’ထဲက ဆွဲထုတ်ဖို့လုပ်ခဲ့တာ သေလမ်းရှာတာနဲ့ အတူတူပဲ..”

ခြူးမုယွင်က သက်ပြင်းဖွဖွချလိုက်သည်။

ယဲ့ကျန့်ဟန်က သူ၏ အမူအရာကိုကြည့်ကာ ဆက်ပြောပြလာသည်။ : “မင်း သူ့ကိုပေးခဲ့တဲ့ ‘အသက်စွမ်းအင်ကို စောင့်ရှောက်သူ’ အကာအကွယ်စည်းကို ကျေးဇူးတင်ရတော့မှာပဲ.. အဲ့အကာအကွယ်စည်းကြောင့်သာ မော့ကျိုးရှောင် မသေသွားတာ.. ဒါပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်.. ထပ်ပြီး အမှန်ပြောဆေး လိုက်ရှာတော့ ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားရော.. ကံကြမ္မာဆိုတာမျိုးက ပြောင်းလဲရခက်တယ်လေ..”

ခြူးမုယွင်က ဘာမှပြန်မပြောခဲ့ပေ။

သို့သော် ယဲ့ကျန့်ဟန်က အပြုံးလေးဖြင့် သူ့ကို မေးလာသည်။ : “ဘာလို့ အဲ့လိုတွေ လုပ်ခဲ့တာလဲဆိုပြီး ထပ်တွေးနေပြန်ပြီမလား..?”

ခြူးမုယွင် : “…………..”

ယဲ့ကျန့်ဟန်က သူ့ကို အသာပုတ်ကာ.. : “နှလုံးသားမရှိတဲ့ ကောင်လေး..”

ခြူးမုယွင်က မျက်နှာသေဖြင့် မော့ကြည့်ကာ.. : “ကံကြမ္မာတစ်ပတ်လည်လာရင် ဘယ်သူမှ ပြေးလို့မလွတ်ဘူး..”

သူကိုယ်တိုင်ရောပဲပေါ့..!

ယဲ့ကျန့်ဟန်က အသာပြုံးလျက် ခေါင်းယမ်းလိုက်သော်လည်း ဘာမှထပ်မပြောခဲ့ပေ။

ဇီးပန်းရောင်ဝါတောင်သည် အလွန်မြင့်မား၏။ ပြင်ပ၌ မည်သို့သော ရာသီဥတုမျိုး ရှိစေကာမူ၊ တောင်ပေါ်မှာတော့ ကောင်းကင်ယံတစ်ခုလုံး ရေခဲနှင်းပွင့်များ ဖုံးလွှမ်းနေပြီး ဇီးပန်းနီနီများဖြင့် ပတ်ဝန်းကျင်မြင်ကွင်းက အထီးကျန်ဆန်လှသည်။

………………………………………………

TN : မွေးနေ့ရှင်လေးအတွက် Bday Present.. မွေးနေ့ကစပြီး ပျော်ရွှင်ပါစေနော် 💜

Click ကြမယ်ဟေ့။

………………………………………………

Zawgyi

ယဲ့က်န႔္ဟန္သည္ ဟင္းခ်က္တတ္႐ုံသာမက သူ႔လက္ရာ အလြန္ေကာင္းေၾကာင္း ဆရာျခဴးကို ေျပာျပေတာ့သည္။

ဟင္းပြဲျပင္ၿပီးခ်ိန္တြင္ ျခဴးမုယြင္တစ္ေယာက္ အံ့ဩသြားရ၏။ : “တကယ္ႀကီး မေမွ်ာ္လင့္ထားဘူး..”

မီးဖိုေခ်ာင္ေပါက္ကြဲလုမတတ္ ေၾကာ္ေလွာ္ခဲ့ေသာ ဆရာျခဴးႏွင့္ယွဥ္ေသာ္ ယဲ့က်န႔္ဟန္သည္ စားပြဲတစ္ဝိုင္းစာအျပည့္ ခ်က္ျပဳတ္ခဲ့ေသာ္ျငား ဆီနံ႔စြဲျခင္းမရွိ။ သူက စားပြဲတြင္ ဝင္ထိုင္ကာ လႊမ္းမိုးႏိုင္စြမ္းျပင္းေသာ အာဏာရွင္ႀကီးသဖြယ္ ေသရည္ခြက္ကို ေကာက္ကိုင္လိုက္သည္။ ဤပုံစံကိုၾကည့္ၿပီး မည္သူကမ်ား အိမ္ေထာင္ဦးစီးအမွန္ကို ေျပာႏိုင္ပါေတာ့မည္နည္း။

ျခဴးမုယြင္က အနည္းငယ္ ခ်ီတုံခ်တုံ ျဖစ္ေနဟန္ျဖင့္.. “ေမွာ္အစြမ္းသုံးၿပီး ေျပာင္းထားတာေတာ့ မဟုတ္ပါဘူးေနာ္..?”

ၾကည့္ေကာင္းေပမယ့္ အရသာမရွိေလာက္ဘူးထင္တယ္..?

ယဲ့က်န႔္ဟန္က သူ၏ လက္ေမာင္းရွည္ႀကီးကို ဆန႔္ကာ ျခဴးမုယြင္အား ဝက္သားႏွပ္တစ္တုံး ခြံ႕ေကြၽးလာသည္။

ျခဴးမုယြင္က အနည္းငယ္ ျမည္းၾကည့္ၿပီး စားမေကာင္းဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္ရန္ ျပင္လိုက္သည္။ သို႔ေသာ္ ခံတြင္းထဲ ပ်ံ႕လြင့္လာသည့္ ရနံ႔သင္းသင္းေလးက သူ၏စိတ္ကို စိုးမိုးသြားေလ၏။

အသားက အဆီသိပ္မမ်ားဘဲ ဝါးလိုက္႐ုံျဖင့္ ပါးစပ္ထဲ ေပါက္ကြဲထြက္သြားသလို အရသာ အေတာ္ေလးေကာင္းသည္။ ျခဴးမုယြင္သည္ ဟင္းလ်ာေပါင္းစုံ ျမည္စမ္းခဲ့ဖူးၿပီး နတ္ဆိုးတိုင္းျပည္ထဲ က်င္လည္ခဲ့သည့္ ေန႔ရက္မ်ားတြင္လည္း တစ္ေလာကလုံးမွ အေကာင္းဆုံးအစားအစာမွန္သမွ်ကို စားေသာက္ႏိုင္ခဲ့သည္။

သို႔ေသာ္ ၾကယ္သုံးပြင့္စားေသာက္ဆိုင္မ်ားမွ အေကာင္းဆုံးစားဖိုမႉးမ်ား ခ်က္ျပဳတ္ထားသည့္ အထူးဟင္းလ်ာမ်ားပင္ ယဲ့က်န႔္ဟန္ ျဖစ္သလိုခ်က္လိုက္သည့္ ဤဟင္းလ်ာမ်ားကို မယွဥ္သာခဲ့ေပ။

ျခဴးမုယြင္ အံ့ဩသြားရသည္။

ယဲ့က်န႔္ဟန္က ရယ္သြမ္းေသြးရင္း.. : “ဘယ္လိုလဲ..?”

ျခဴးမုယြင္ : “… အရသာရွိတယ္..” တကယ္မလိမ္ဘူး..!

ယဲ့က်န႔္ဟန္က ၿပဳံးသည္။

ျခဴးမုယြင္လည္း မေမွ်ာ္လင့္ဘဲ ထမင္းစားခ်င္စိတ္ေပၚလာသျဖင့္ စားပြဲတြင္ ဝင္ထိုင္ကာ တစ္ခုၿပီးတစ္ခု စားေသာက္ေတာ့သည္။ စုစုေပါင္း ဟင္းေလးပြဲႏွင့္ ဟင္းရည္တစ္ပန္းကန္.. ဟင္းလ်ာတစ္ခုခ်င္းစီကို စားခ်င့္စဖြယ္ ျပင္ဆင္ထားၿပီး စားၿပီးရင္း ဆက္စားခ်င္ေလာက္ေအာင္ အရသာေကာင္းမြန္ေပသည္။

ျခဴးမုယြင္သည္ အမူအက်င့္ေကာင္းၿပီး ထမင္းစားခ်ိန္ႏွင့္ အိပ္ခ်ိန္ဆိုလွ်င္ လုံးဝ စကားမေျပာတတ္ေပ။ သို႔ျဖစ္ရာ ယခုလည္း စကားတစ္ခြန္းမွမဆိုဘဲ တည္တည္ၿငိမ္ၿငိမ္ စားေသာက္ေနခဲ့သည္။

ယဲ့က်န႔္ဟန္ကေတာ့ ေတာက္ပစြာၿပဳံးရင္း ျခဴးမုယြင္ကိုသာ ေငးေမာၾကည့္ေနေလသည္။

ထမင္းစားၿပီးေနာက္ ျခဴးမုယြင္က ယဲ့က်န႔္ဟန္ကို ေမာ့ၾကည့္ကာ.. : “ခင္ဗ်ားက ဝိဉာဥ္ပဲ စားတာမဟုတ္ဘူးလား..?”

ယဲ့က်န႔္ဟန္ : “ဝိဉာဥ္စားတာက အသက္ရွင္ႏိုင္ဖို႔.. ဒါကေတာ့ ဝါသနာအရ..”

ျခဴးမုယြင္က ခ်က္ခ်င္း ဆက္ေျပာလိုက္သည္။ : “ဟုတ္သားပဲ.. ခင္ဗ်ားရဲ႕ ဘြဲ႕နာမည္ကိုက ‘အစားၾကဴးျခင္း’ အရွင္သခင္ပဲေလ..”

ယဲ့က်န႔္ဟန္က အၿပဳံးေလးျဖင့္.. : “ဒါေပါ့.. လူေတြကို အလြန္အကြၽံ စားေသာက္ခ်င္လာေအာင္ လႈံ႕ေဆာ္ေပးႏိုင္တယ္ေလ..”

ျခဴးမုယြင္လည္း သူ၏ စကားကို လက္သင့္ခံ၏။ ယဲ့က်န႔္ဟန္၏ လက္ရာကို ျမည္းစမ္းဖူးလွ်င္ စားခ်င္စိတ္မရွိသူပင္ စားခ်င္ေသာက္ခ်င္စိတ္ ျဖစ္ေပၚလာေပလိမ့္မည္။

ယဲ့က်န႔္ဟန္က ျခဴးမုယြင္အား ေငးၾကည့္ကာ.. : “ထမင္းဟင္းမခ်က္တတ္ဘဲ ‘အမ်က္ေဒါသ’ကို ႏွစ္တစ္ရာေက်ာ္ေတာင္ ဘယ္လိုေကြၽးေမြးေစာင့္ေရွာက္ခဲ့တာလဲ..?”

အတိတ္ကို ျပန္ေတြးၾကည့္လွ်င္ ရွန္႐ႊိန္ယန္းက ငါးဟင္းႀကိဳက္သျဖင့္ ျခဴးမုယြင္သည္ ငါးဟင္းခ်က္တတ္သည့္ စားဖိုမႉးမ်ားကို ဖိတ္ၾကားခဲ့သည္။ ထို႔ေၾကာင့္ စားေရးေသာက္ေရးအတြက္ ပူပန္ေနစရာမလိုေပ။

သို႔ေသာ္ လင္း႐ႊမ္ကေတာ့ လိုဏ္ဂူႀကီးထဲတြင္ ႀကီးျပင္းလာခဲ့ၿပီး ဘဝအေၾကာင္း ဘာဆိုဘာမွမသိ။ လင္းမုက သူ႔ကို ေန႔တိုင္း အေဖာ္ျပဳေပးေနရၿပီး အေစခံလည္း မရွိသျဖင့္ စားေရးေသာက္ေရးအတြက္ ျပႆနာရွိလာႏိုင္သည္။

ျခဴးမုယြင္က လက္ျဖန႔္ကာ ေျပာလိုက္သည္။ : “သိုေလွာင္အိတ္ စားေသာက္ဆိုင္ေလ..”

ယဲ့က်န႔္ဟန္ : “…………” “ႏွစ္တစ္ရာေက်ာ္ေတာင္ အဲ့လိုမ်ိဳး စားေသာက္ခဲ့တာလား..?”

ျခဴးမုယြင္ အသံတိတ္သြား၏။

အရင္က အဲ့ကိစၥနဲ႔ပတ္သက္ၿပီး မွားယြင္းတယ္လို႔ မခံစားရဖူးဘူး။ အခု သူေျပာလိုက္မွပဲ ဘယ္လိုျဖစ္လို႔ သိပ္မသင့္ေတာ္သလို ခံစားလာရတာလဲ..?

“ဟီးဟီး..” ယဲ့က်န႔္ဟန္က သူ၏ အနာေဟာင္းကို ထိုးဆြလာသည္။ “မင္း ကေလးေမြးစားတိုင္း လူလိမ္လူေကာက္ေလးေတြ ျဖစ္သြားတာ မထူးဆန္းေတာ့ပါဘူး..”

ျခဴးမုယြင္ : “…………”

ယဲ့က်န႔္ဟန္က သက္ျပင္းခ်ကာ.. : “ဒီမွာပဲ ရက္နည္းနည္းေလာက္ ေနၾကတာေပါ့.. အေျခအေနေတြ တည္ၿငိမ္သြားရင္ မင္းကို ဇီးပန္းေရာင္ဝါေတာင္အထိ လိုက္ပို႔ေပးမယ္..”

ျခဴးမုယြင္သည္ သူ႔ကို ဘယ္လိုကူညီသင့္မွန္း ထုတ္မေျပာခဲ့ေသာ္လည္း ယဲ့က်န႔္ဟန္အေနျဖင့္ ေကာင္းေကာင္းသိေနသည္။ သူ ဝင္မရႈပ္သေ႐ြ႕ အေကာင္းဆုံးကူညီရာ ေရာက္ေပလိမ့္မည္။

ျခဴးမုယြင္က အေတာ္ေလး ရွက္႐ြံ႕ေနဟန္ျဖင့္ ေျပာလာသည္။ : “တကယ္ေတာ့ေလ…”

ယဲ့က်န႔္ဟန္က သူဘာေျပာခ်င္သလဲဆိုတာ နားလည္ေနၿပီး.. : “အိပ္ရာေပၚကကိစၥေတြကို မင္း သိပ္ၿပီးအေလးမထားမွန္း သိပါတယ္.. ဒါေပမဲ့ အေလးထားၾကည့္သင့္တယ္လို႔ ကိုယ္ထင္တယ္..”

ျခဴးမုယြင္မွာ အနည္းငယ္ လန႔္ျဖန႔္သြားရသည္။

ယဲ့က်န႔္ဟန္ : “ေကာင္းၿပီ.. ေလွ်ာက္မေတြးေနနဲ႔ေတာ့.. ဒီရက္ပိုင္း ကိုယ္နဲ႔ ဒီအတိုင္း ေကာင္းေကာင္း အိပ္ေပ်ာ္ေအာင္အိပ္..”

သူက တကယ့္ကို ႐ိုး႐ိုးသားသား အိပ္စက္ခဲ့ပါ၏။ ထိုအေၾကာင္း ျပန္ေတြးမိသည္ေနာက္ ယဲ့က်န႔္ဟန္ဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးေထာင္အတြင္း တစ္ညေလးပင္ ေကာင္းေကာင္းမအိပ္ခဲ့ရေၾကာင္း ျခဴးမုယြင္တစ္ေယာက္ ခ်က္ခ်င္းဆိုသလို နားလည္သြားခဲ့သည္။

သို႔ေသာ္ အဘယ္ေၾကာင့္နည္း။

ျခဴးမုယြင္သည္ အေၾကာင္းအရင္းကို ရွင္းရွင္းလင္းလင္း သိေနၿပီးသားျဖစ္ေသာ္လည္း နားမလည္ႏိုင္ခဲ့ေပ။

စိတ္ခံစားခ်က္… ထိုစကားလုံးကို မည္မွ်႐ြတ္ၾကည့္ပါေစ၊ မည္သို႔ အနက္အဓိပၸါယ္ ဖြင့္ဆိုၾကည့္ပါေစ၊ ကိုယ္တိုင္ မခံစားရသေ႐ြ႕ နားလည္ႏိုင္မည္မဟုတ္ေပ။

ျခဴးမုယြင္က မခံစားဖူးေသာေၾကာင့္ နားမလည္ႏိုင္ခဲ့ေပ။

ညဘက္မ်ားတြင္ ယဲ့က်န႔္ဟန္သည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခဲ့ေသာ္လည္း ျခဴးမုယြင္ကေတာ့ အိပ္ေပ်ာ္ေနရင္း လူးလြန႔္ေနခဲ့၏။ မ်က္လုံးမွိတ္လိုက္သည္ႏွင့္ ဆက္တိုက္ အိပ္မက္မက္ေနခဲ့ၿပီး မ်က္လုံးဖြင့္လိုက္ခ်ိန္တြင္ တစ္ဝက္ေက်ာ္ေက်ာ္ ေမ့ေပ်ာက္သြားကာ ဝိုးတဝါးမွတ္ဉာဏ္တခ်ိဳ႕သာ က်န္ရစ္ခဲ့သည္။ မွတ္မိသမွ် စုေပါင္းၾကည့္ေသာ္ ရႈပ္ေထြးေနေသာ ပုံရိပ္တခ်ိဳ႕ ျမင္ေယာင္လာခဲ့သည္

အိပ္မက္ထဲတြင္ သူႏွင့္ ယဲ့ေရွာင္ဟန္မွလြဲ၍ အျပင္လူမရွိ။ အရာအားလုံးကို ရွင္းရွင္းလင္းလင္း ျမင္ေနရေသာ္လည္း တစ္ခုခု လြဲမွားေနသလို ခံစားေနရျပန္သည္။

အထူးသျဖင့္ တစ္ညမွာေတာ့ ယဲ့ေရွာင္ဟန္က သူ႔အတြက္ ထမင္းပြဲျပင္ေပးၿပီး တဖ်တ္ဖ်တ္ ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ သူ႔အား ေငးေမာၾကည့္ကာ သူ အရသာျမည္းမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနသည့္ ျမင္ကြင္းမ်ိဳး အိပ္မက္မက္ခဲ့ေလသည္။

အိပ္မက္ထဲမွာ သူ ဘာလုပ္ခဲ့လဲ..?

မ်က္ႏွာေသျဖင့္ အက်ႌလက္ကို ခါယမ္းကာ လွည့္ထြက္သြားခဲ့သည္။

က်န္ရစ္ခဲ့ေသာ ယဲ့ေရွာင္ဟန္ခမ်ာ တည္ၿငိမ္ဟန္ေဆာင္ေနေသာ မ်က္ႏွာေလးထက္တြင္ စိတ္ပ်က္ဝမ္းနည္းမႈမ်ား အထင္းသားျဖင့္ ေရွ႕တည့္တည့္သို႔ ေငးေမွ်ာ္ၾကည့္ရင္း မ်က္ဝန္းနက္နက္မ်ား အေရာင္မဲ့လာခဲ့သည္။

ျခဴးမုယြင္ပင္ အိပ္မက္ထဲမွ ျခဴးမုယြင္ကို ေအာ္ေငါက္ပစ္ခ်င္လာသည္အထိ။

ကေလးကို ဘယ္လိုမ်ိဳး ျပဳစုပ်ိဳးေထာင္ေပးေနတာလဲ..? မင္းဘာသာမင္း မခ်က္တတ္တာ ကိစၥမရွိဘူး.. ကေလးက မင္းအတြက္ ခ်က္ျပဳတ္ေပးၿပီးၿပီေလ.. သူ႔ႀကိဳးစားမႈကို တုံ႔ျပန္တဲ့အေနနဲ႔ ျမည္းစမ္းၾကည့္ၿပီး အားေပးစကားေျပာရမွာ အဲ့ေလာက္ခက္ခဲေနလား..?

ကံဆိုးစြာျဖင့္ အိပ္မက္ထဲတြင္ သူ ဘာမွဝင္မေျပာႏိုင္ခဲ့ေပ။

သို႔ႏွင့္ အိပ္ရာႏိုးလာခ်ိန္တြင္ ျခဴးမုယြင္၏စိတ္ထဲ သည္အတိုင္း ‘အိပ္မက္သပ္သပ္’ဟု ခံစားလာရ၏။ ယဲ့က်န႔္ဟန္အေပၚ လိပ္ျပာမလုံသလို ခံစားေနရရာမွ ယဲ့ေရွာင္ဟန္ဆီသို႔ စိတ္ေရာက္သြားၿပီး ေန႔စဥ္ရက္ဆက္ ညတိုင္း အိပ္မက္မက္ေနတာ ျဖစ္ႏိုင္သည္။

ရက္ေပါင္းမ်ားစြာ ကုန္လြန္ခဲ့ၿပီး‌ေနာက္ အျပင္ဘက္တြင္ အေျခအေနတည္ၿငိမ္လာခဲ့သည္။ သို႔ျဖစ္ရာ ဇီးပန္းေရာင္ဝါေတာင္သို႔ ျခဴးမုယြင္ သြားရေခ်ေတာ့မည္။

ေလာေလာဆယ္ လင္း႐ႊမ္ေဘးတြင္ ျပႆနာေပါင္းစုံ ပတ္လည္ဝိုင္းေနၿပီး သူ႔ကို အေတာ္မ်ားမ်ား ေစာင့္ၾကည့္ေနမည္ပင္။ သို႔ျဖစ္ရာ လင္း႐ႊမ္အနား ကပ္ခ်င္လွ်င္ ‘ေတာင္အထပ္ထပ္ ျမစ္အသြယ္သြယ္’ကို ေက်ာ္ျဖတ္ရေပလိမ့္မည္။ တကယ့္ကို ပင္ပန္းရလိမ့္မည္။

ထို႔ေၾကာင့္ ျခဴးမုယြင္လည္း ရန္ခ်န္း (မနာလိုျခင္းအရွင္သခင္)ထံ အရင္သြားရန္ ဆုံးျဖတ္လိုက္သည္။

ရန္ခ်န္းသည္ ဤရက္ပိုင္းအတြင္း အေတာ္ေလး တိတ္ဆိတ္ေနေလ၏။ ေနရာတိုင္းတြင္ ယဲ့က်န႔္ဟန္၏ မ်က္စိႏွင့္နားမ်ား ရွိသျဖင့္ ျခဴးမုယြင္က အေျခအေနကို ေမးျမန္းခဲ့ၿပီး သူကလည္း အေၾကာင္းစုံ ေျပာျပခဲ့သည္။

‘အသက္တံခါး’ ပြင့္ဟခဲ့ၿပီးေနာက္ ရန္ခ်န္းက ထိန္းမႏိုင္သိမ္းမရျဖစ္ေနသည့္ စြမ္းအင္လႈိင္းမ်ားကို တစ္ေယာက္တည္း ထိန္းခ်ဳပ္ခဲ့သည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးေထာင္ေက်ာ္က ရွန္႐ႊိန္ယန္း၊ ရွဲ႕ခ်င္းလန္၊ ကြၽင္းေမာ့ႏွင့္ ယဲ့က်န႔္ဟန္တို႔ ေလးေယာက္ပူးေပါင္းကာ ‘အသက္တံခါး’ကို ဦးဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း ထို႔ေနာက္မွာေတာ့ ရန္ခ်န္းတစ္ေယာက္တည္း ထိုတာဝန္ကို ထမ္း႐ြက္ထားရသည္။ ထိုအျဖစ္က သူ၏ အသက္စြမ္းအင္ကို ထိခိုက္ေစေလသည္။

ျခဴးမုယြင္၏စိတ္ထဲ အနည္းငယ္ တုန္လႈပ္သြားၿပီး ေမးလိုက္သည္။ : “ေမာ့က်ိဳးေရွာင္ရဲ႕ ဒဏ္ရာကေရာ ဘယ္လိုျဖစ္တာလဲ..?”

ယဲ့က်န႔္ဟန္က ခါးသက္သက္ျဖင့္.. : “မင္း သူ႔ကို လြမ္းေနတာလား ဟမ္..?”

ျခဴးမုယြင္က ေခ်ာင္းဟန႔္ကာ.. : “သူ႔မွာ အကာအကြယ္စည္းရွိတယ္ေလ.. အဲ့တာေတာင္ ဒဏ္ရာရခဲ့တယ္ဆိုေတာ့ ေပါ့ေသးေသးကိစၥ မဟုတ္ေလာက္ဘူး..”

ယဲ့က်န႔္ဟန္က ေအးတိေအးစက္ ေျပာလာသည္။ : “သူက မင္းကို ‘အသက္တံခါး’ထဲကေန ဆြဲထုတ္ဖို႔ ႀကိဳးစားခဲ့ေသးတယ္.. ဒါေပမဲ့ တန္ျပန္သက္ေရာက္မႈဒဏ္ပဲ ခံလိုက္ရတယ္..”

ျခဴးမုယြင္ ေတာင့္ခဲသြားခဲ့သည္။

ယဲ့က်န႔္ဟန္က ဆက္ေျပာသည္။ : “အဲ့အခ်ိန္တုန္းက ‘အသက္တံခါး’က ေနာင္ႏွစ္သုံးေထာင္ကလို တည္ၿငိမ္ေသးတာ မဟုတ္ဘူး.. ၿပီးေတာ့ ‘အသက္တံခါး’က စြမ္းအင္တည္ၿငိမ္မယ္ဆိုရင္ေတာင္ ရွန္႐ႊန္ယန္းဖြင့္လိုက္ေတာ့ ေမြးဖြားျခင္းအခ်ိန္စက္ဝန္းၾကားမွာ ကြာျခားခ်က္ေတြ ရွိလာတယ္.. ႏွစ္ေပါင္းရာခ်ီ က်င့္ႀကံျခင္းစြမ္းအင္ေတြ ယုတ္ေလ်ာ့ေစတယ္.. ေမာ့က်ိဳးေရွာင္က အတင့္ရဲၿပီး မင္းကို ‘အသက္တံခါး’ထဲက ဆြဲထုတ္ဖို႔လုပ္ခဲ့တာ ေသလမ္းရွာတာနဲ႔ အတူတူပဲ..”

ျခဴးမုယြင္က သက္ျပင္းဖြဖြခ်လိုက္သည္။

ယဲ့က်န႔္ဟန္က သူ၏ အမူအရာကိုၾကည့္ကာ ဆက္ေျပာျပလာသည္။ : “မင္း သူ႔ကိုေပးခဲ့တဲ့ ‘အသက္စြမ္းအင္ကို ေစာင့္ေရွာက္သူ’ အကာအကြယ္စည္းကို ေက်းဇူးတင္ရေတာ့မွာပဲ.. အဲ့အကာအကြယ္စည္းေၾကာင့္သာ ေမာ့က်ိဳးေရွာင္ မေသသြားတာ.. ဒါေပမဲ့ ဒဏ္ရာျပင္းျပင္းထန္ထန္ ရသြားတယ္.. ထပ္ၿပီး အမွန္ေျပာေဆး လိုက္ရွာေတာ့ ဒဏ္ရာေပၚ ဒဏ္ရာဆင့္သြားေရာ.. ကံၾကမၼာဆိုတာမ်ိဳးက ေျပာင္းလဲရခက္တယ္ေလ..”

ျခဴးမုယြင္က ဘာမွျပန္မေျပာခဲ့ေပ။

သို႔ေသာ္ ယဲ့က်န႔္ဟန္က အၿပဳံးေလးျဖင့္ သူ႔ကို ေမးလာသည္။ : “ဘာလို႔ အဲ့လိုေတြ လုပ္ခဲ့တာလဲဆိုၿပီး ထပ္ေတြးေနျပန္ၿပီမလား..?”

ျခဴးမုယြင္ : “…………..”

ယဲ့က်န႔္ဟန္က သူ႔ကို အသာပုတ္ကာ.. : “ႏွလုံးသားမရွိတဲ့ ေကာင္ေလး..”

ျခဴးမုယြင္က မ်က္ႏွာေသျဖင့္ ေမာ့ၾကည့္ကာ.. : “ကံၾကမၼာတစ္ပတ္လည္လာရင္ ဘယ္သူမွ ေျပးလို႔မလြတ္ဘူး..”

သူကိုယ္တိုင္ေရာပဲေပါ့..!

ယဲ့က်န႔္ဟန္က အသာၿပဳံးလ်က္ ေခါင္းယမ္းလိုက္ေသာ္လည္း ဘာမွထပ္မေျပာခဲ့ေပ။

ဇီးပန္းေရာင္ဝါေတာင္သည္ အလြန္ျမင့္မား၏။ ျပင္ပ၌ မည္သို႔ေသာ ရာသီဥတုမ်ိဳး ရွိေစကာမူ၊ ေတာင္ေပၚမွာေတာ့ ေကာင္းကင္ယံတစ္ခုလုံး ေရခဲႏွင္းပြင့္မ်ား ဖုံးလႊမ္းေနၿပီး ဇီးပန္းနီနီမ်ားျဖင့္ ပတ္ဝန္းက်င္ျမင္ကြင္းက အထီးက်န္ဆန္လွသည္။

………………………………………………

TN : ေမြးေန႔ရွင္ေလးအတြက္ Bday Present.. ေမြးေန႔ကစၿပီး ေပ်ာ္႐ႊင္ပါေစေနာ္ 💜

Click ၾကမယ္ေဟ့။

………………………………………………

Continue Reading

You'll Also Like

55K 9.6K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
544K 74.3K 103
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
3M 187K 58
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...