ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

By Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... More

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၇.၂)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၃၉.၃)

1.7K 277 1
By Dilly_Dally20


ရွှမ်းရန်ရဲ့အတွင်းစိတ်ရှိမကောင်းဆိုးဝါးသာဆို ဒါမျိုးအရာအတွက်တန်ရာတန်ကြေးတောင်းလိမ့်မည်။ ဒါပေမယ့်ရွှမ်းရန်ကတော့မတူ။ ရွှမ်းရန်က ဘာလို့ဒီလိုလုပ်ပေးတာလဲ။

ရွှမ်းရန်ဟာ လင်းကျစ်ရန်ရဲ့ သံသရတွေကို မြင်ပေမယ့် ရှင်းပြဖို့စိတ်ကူးမရှိ။ ထို့နောက် ချက်ချင်းပင် အလောတကြီးလှည့်ထွက်သွားခဲ့သည်။ သူက တံခါးဝကို ကျော်လာခဲ့သည်အထိ ခြေလှမ်းကို မရပ်တန့်ခဲ့။

' တကယ်တော့ ငါလည်း အဲ့မိန်းကလေးကို ကယ်ပေးလို့ရပါတယ်။ မင်းဒီလို အခွင့်အရေးယူဖို့မလိုဘူး။ မင်းသတိထားမိလား။ မင်းနဲ့ငါက တဖြည်းဖြည်း တူလာတယ်ဆိုတာ။ ငါအဲ့ အရာတွေလုပ်နေတုန်းက မင်းလည်းသဘောကျတယ်မို့လား။ '

အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့ ရယ်သံက ထူးဆန်းနေသည်။ ရွှမ်းရန်က ပါးစပ်ကို တင်းတင်းစေ့ လိုက်ပြီး အေးစက်စွာဆိုသည်

" ပါးစပ်ပိတ်ထား! "

' ဟားဟား! မင်းက ကြောင်သူတော်ပဲ။ သဘောကျတာကို ဝန်မခံချင်တာလား '

ရွှမ်းရန်ရဲ့ အမူအရာက အလွန်အေးစက်နေလျက် မျက်လုံးများက ရှုပ်ထွေးနေသည်။လင်းကျစ်ရန်ကို ချစ်မိတာက အတွင်းစိတ်ရှိမကောင်းဆိုးဝါးကို အားပေးသလိုဖြစ်ပြီး ပြန်လည်၍ ဖိနှိပ်နိုင်ဖို့ ခဲယဉ်းစေသည်။ အတွင်းစိတ်ရှိမကောင်းဆိုးဝါးက ဘာကိုမှဂရုမစိုက်ဘဲ ထင်ရာစိုင်းတတ်သည်။စိတ်အလိုနောက် လိုက်ကာ ရူးနှမ်းတတ်သည်။ သူဟာ ဒီအလောင်းအစားမှာ ရှုံးနိမ့်ခဲ့တာကြောင့် သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရရုံတင် မကဘဲ မကောင်းဆိုးဝါးကို ဖိနှိပ်ထားတဲ့ စိတ်စွမ်းအင်များကိုပင် ထိခိုက်သွားခဲ့သည်။

လင်းကျစ်ရန်ဟာ ကုတင်ပေါ်တွင် လူသေလိုကောင်လို စိတ်ပျက်လက်ပျက်လှဲလျောင်းနေသည်။နေ့တိုင်း အသားတိုးဝက်လို စားလိုက်သောက်လိုက် အိပ်လိုက်နှင့်ကိုယ်အလေးချိန်တက်ရုံကလွဲလို့ ဘာမှ အဖက်မတင်တဲ့ အခြေအနေကို စိတ်ပျက်မိသည်။တကယ်လို့သူသာ ကိုယ်အလေးချိန်တက်ပြီး ဝလာရင် စကားလုံးနှင့်ဖော်ပြဖို့တောင်ရှက်စရာကောင်းလိမ့်မည်။ ဒီလိုသက်တောင့်သက်သာ ဘဝမှာနေရတာကိုတောင်ကြောက်လာသလိုပင်။ဒါပေမယ့် အရသာရှိတဲ့အစားအသောက်တွေနဲ့ လောကီစည်းစိမ်တွေကနေ ရုန်းထွက်ဖို့လည်းမလွယ်ပြန်။ သူ့ရဲ့ တာဝန်ကလည်း ရှိသေးတယ်... ဝူးဝူးဝူး!!

ပြိုလဲသွားတဲ့ဇာတ်ကြောင်းကိုတွေးမိတော့ လင်းကျစ်ရန်တယောက် ဖြည့်မဆည်နိုင်အောင် ဝမ်းနည်းလာသဖြင့် ရွှမ်းရန်ရောက်လာတာကိုတောင် သတိမပြုမိ။ ရွှမ်းရန်ရဲ့ ခန္ဓာကိုယ်ကို အတွင်းစိတ်ရှိမကောင်းဆိုးဝါးက ပြန်လည်၍ထိန်းချုပ်ထားပြီဖြစ်သည်။

ရွှမ်းရန်က လင်းကျစ်ရန်ရဲ့ ဆံပင်ရှည်တွေကို သပ်တင်ပေးကာ ရင်ခွင်ထဲ ထည့်သွင်းပြီးပွေ့ဖက်လိုက်ချိန်တွင် လူငယ်လေးရဲ့မျက်ရည်စတွေကို မြင်လိုက်ရလျှင် စိတ်မကောင်းစွာဖြင့် ပွတ်သုတ်ပေးလိုက်သည်

" ငါမင်းအပေါ် မတရား လုပ်ခဲ့မိတာလား "

​ဪ...မေးနိုင်သေးတယ်နော်။ မင်းကြောင့်ပဲလေကွာ။ မင်းကြောင့် ငါ့ အကြံတွေလည်း ကုန်ပြီ သိလား!

လင်းကျစ်ရန်ဟာ စိတ်ထဲတွင်တော့ အသံချဲ့စက်တပ်ပြီး အော်နေပေမယ့် အပြင်ပိုင်းတွင်တော့ ဘာအမူအရာမှမပြဘဲ တည်ငြိမ်နေသည်။

ရွှမ်းရန် ရဲ့ရင်ထဲတွင် ရုတ်တရက်ခါးသီးမှုများဖြင့် ပြည့်နှက်သွားသည်။ လင်းကျစ်ရန်က သူ့ရှေ့တွင် အတင်းလုပ်ယူပြီး နာခံနေပေမယ့် မရယ်မပြုံးနှင့် အသက်မဲ့တဲ့လူလိုနေသည်။ မူယန်ရှေ့တွင်တော့ သူ့အပြုံးတွေက နွေးထွေးပြီးကြင်နာနေသည်။သူက မူယန် တစ်ယောက်တည်းကိုပဲ ဂရုစိုက်ပြီး သူ့ရင်ထဲတွင်လည်း မူယန်ဖြင့်သာပြည့်နေသည်။

မင်း ငါ့ကို မချစ်နိုင်တာ သူ့ကြောင့်ပဲမို့လား...

သူဟာ ဒါကို အစက ဂရုမစိုက်။ ဒီလူကို ပိုင်ဆိုင်ရသရွေ့ ကျေနပ်ပြီလို့သာတွေးမိသည့်တိုင် သူ့အပေါ်ထားတဲ့ လင်းကျစ်ရန်ရဲ့ ခံစားချက်တွေက အနည်းငယ်တောင် လိုလိုလားလား မဟုတ်တာမို့ ပြောမတတ်အောင် ခံပြင်းလာပြီး ဝန်တိုမှုတွေကို ခက်ခက်ခဲခဲ မျိုချထားရသည်။

တကယ်လို့ မူယန်သာ မင်းကို လုယူရဲရင် ငါသူ့ကို သတ်ပစ်ပြီး မင်းကိုပြမယ်!

မူယန်က သူ့ဝိညာဉ်က ခွဲထွက်သွားတဲ့ အပိုင်းအစတစ်ခုပင်...သူ့မျက်လုံးထဲတွင် နေရာပေးဖို့ပင်မတန်...သူ့ဆီက လူတစ်ယောက်လုံးကို လူယူဖို့ အရည်အချင်းမရှိနိုင်ပေ။

သူဟာ လူငယ်လေးကိုနမ်းရှိုက်လိုက်သည်။ သူ့မျက်ဝန်းတွေက အဆုံးမရှိ တွင်းနက်လို နက်ရှိုင်းနေသည်။လူငယ်လေးဟာ ခါတိုင်းလိုပင် နာခံစွာဖြင့် သူ့ရင်ဘက်ထဲတွင် တိုးဝှေ့နေသည်။

မင်းငါ့ကို မချစ်ရင်တောင်...အနည်းဆုံးတော့ မင်းခန္ဓာကိုယ်က ငါ့ကို ဆန့်ကျင်န်ိုင်မှာ မဟုတ်ဘူး...ငါမင်းက်ိုဝေခွဲမရအောင်လုပ်ပေးမယ်...ငါနဲ့အတူ ရုန်းမထွက်နိုင်တဲ့ နွံထဲကို လိုက်ခဲ့ရမယ်

လင်းကျစ်ရန်က အာရုံထွေပြားနေမိသည်။ သူဟာဒီမကောင်းဆိုးဝါးရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျင့်သားရနေပြီဖြစ်တာမို့ ဘာမှလုပ်စရာမလိုပဲ မျက်လုံးမှိတ်ပြီးသာခံစားလိုက်သည်။ ဘာပဲဖြစ်ဖြစ်ရွှမ်းရန်က သူလုပ်နေကျအတိုင်းဆက်လုပ်မှာပဲလို့ တွေးလိုက်ပေမယ့် ရွှမ်းရန်က ရုပ်တရတ်ရပ်တန့်သွားကာ ခန်းဆောင်အတွင်းမှပျောက်ကွယ်သွားသည်။

လင်းကျစ်ရန်မှာ ရှုပ်ထွေးသွားပြီး အံ့ဩသွားခဲ့သည်။ ဒီလိုကြုံဖူးတာ ပထမဆုံးပဲ။ စိတ်ဖောက်ပြန်နေတဲ့ ရွှမ်းရန်က သူ့ကိုဘာမှ မလုပ်ပဲ ဒီတိုင်းလွှတ်ပေးလိုက်တာ ပုံမှန်ဆိုဖြစ်နိုင်ပါ့မလား။

ရွှမ်းရန်က ခန်းဆောင် တံခါးအပြင်ဘက်တွင်ပေါ်လာခဲ့သည်။ သူ့မျက်နှာတစ်ခြမ်းက ဆံပင်ရှည်များနှင့် ဖုံးကွယ်နေပြီး ခြေလှမ်းများက ဒယိမ်းဒယိုင်နှင့် မျက်လုံးထဲတွင် နာကျင်မှူများဖြင့် ပြည့်နှက်နေသည်။ အတွင်းစိတ်ရှိမကောင်းဆိုးဝါးသည် ရွှမ်းရန်ကို ဖိနှိပ်ထားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့်တိုင် ဒီနေ့ရွှမ်းရန်သည် လင်းကျစ်ရန်ကို တွေ့လိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်ကို ပြန်လည်၍ထိန်းချုပ်နိုင်ဖို့ အသည်းအသန်အားပြိုင်လာခဲ့သည်။

အတွင်းစိတ်မကောင်းဆိုးဝါးရဲ့ မျက်နှာကမဲမှောင်လာခဲ့သည်။ တကယ်တော့ ရွှမ်းရန်ကသာလျှင် ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်အစစ်ပြီးပြီး သူက အလောင်းအစားကိုအသုံးချကာ ရွှမ်းရန် လင်းကျစ်ရန်ကိုချစ်မိသွားပြီး သူ့ကို ဖိနှိပ်ထားတဲ့ စိတ်စွမ်းအင် ယိမ်းယိုင်သွားတာကို အခွင့်အရေးယူကာ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့ခြင်းပင်။ သို့သော် လင်းကျစ်ရန်ရဲ့ စကားများက ရွှမ်းရန်ကို ပြန်လည်၍လှုံ့ဆော်ပေးသလိုဖြစ်ပြီး လင်းကျစ်ရန်ကို ကာကွယ်ပေးချင်စိတ်က ပြင်းထန်လာတာကြောင့် ဆက်ပြီးဖိနှိပ်ဖို့မလွယ်ကူတော့ပေ။ သူ့ရဲ့ အားအင် အကုန်သုံးပြီး ကြိုးစားရင်တောင် အနိုင်ရဖို့မလွယ်တော့။ ဒါဆိုလည်း နည်းလမ်းပဲ ပြောင်းလိုက်တာပေါ့။

အတွင်းစိတ်ရှိမကောင်းဆိုးဝါးက အရင်ဆုံးစပြောလိုက်သည်။ ' မင်းသူ့ကိုတွေ့ချင်မှန်းငါသိတယ်။ ငါတို့သဘောတူညီမှုတစ်ခုလုပ်ရအောင်။ နေ့ဘက်မှာဆို ခန္ဓာကိုယ်ကို မင်းပြန်ယူ။ ညဘက်မှာတော့ မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ကိုပေး။ တစ်ယောက်ကို တစ်ယောက် ဝင်ပြီး မနှောက်ယှက်ရဘူး။ မင်းလီယဲ့ကို လွှတ်မပေးလိုက်သရွေ့ ငါ့ဘက်ကအဆင်ပြေတယ်။ '

ထို့နောက် အေးစက်စက် အသံတစ်ခုထွက်ပေါ်လာသည်။ ' ငါ့မှာ တောင်းဆိုစရာတစ်ခုရှိသေးတယ်။ မင်းသူ့ကို နောက်ထပ်အတင်းအကြပ်လုပ်ခွင့်မရှိဘူး။ '

အတွင်း စိတ်ရှိမကောင်းဆိုးဝါးက လှောင်သည် ' ကောင်းပြီလေ '

....

ထို့နောက်တွင်မူ လင်းကျစ်ရန်မှာ တစ်ခုခု ထူးဆန်းလာမှန်း သတိပြုမိခဲ့သည်။ရွှမ်းရန်က သူ့ရဲ့အတွင်းစိတ်ရှိမကောင်းဆိုးဝါးနှင့် အပေးအယူတစ်ခုခုလုပ်ခဲ့တာဖြစ်မည်။ရွှမ်းရန်က နေ့အချိန်တွင် ပေါ်လာတတ်ပြီး သူ့ရဲ့အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာ ညအခါတွင်ပေါ်လာတတ်သည်။ အတွင်းစိတ်ရှိမကောင်းဆိုးဝါးက သူကိုယ်တိုင်ကပင် စိတ်ရဲ့အမှောင်အခြမ်းကိုအကြောင်းပြုပြီး ဖြစ်တည်လာတာမို့ညစ်ညမ်းတာတွေလုပ်ရတာကြိုက်သည်...လင်းကျစ်ရန်က ဒါကို သတိထားမိသည်။ ရွှမ်းရန်ကတော့ သူ့ကို အမြဲတမ်း အပြစ်မကင်းတဲ့ အကြည်နဲ့ ဘေးကနေ တိတ်တိတ်လေးပဲကြည့်နေတတ်ပြီး သူ့အတွက် စိတ်မကောင်းသလို ဝမ်းနည်းနေသလို အမူအရာနှင့်ပင်နေသည်။ဒါကပင် လင်းကျစ်ရန်ကို ဝေခွဲမရဖြစ်စေသည်။ ' ဘယ်လိုသောက်ကျိုးနည်းကြီးလဲ! '

**********

တစ်ဖက်တွင်မူ...

မူယန်သည် နှင်းများ သည်းထန်စွာကျဆင်းနေသော ရေခဲပြင်ပေါ်တွင် တိချန်ဓါးကို မြဲမြဲဆုပ်ကိုင်လျက် ရပ်နေလေသည်။ဒီနေရာ​က ပုံရိပ်ယောက်ကမ္ဘာထဲက လျှို့ဝှက်နယ်မြေတစ်ခုပင်။ဤလျှို့ဝှက်နယ်မြေတွင် မရေမတွက်နိုင်သော နှင်းမိစ္ဆာများက ရေခဲတောင်များနှင့် နှင်းထုများအတွင်းကျက်စားကြသည်။ပတ်ဝန်းကျင်တခွင်က ခါးသီးစွာပင် အလွန်အမင်းအေးစက်နေပေမယ့် ဒီနေရာတွင် စိတ်စွမ်းအင်ပေါကြွယ်ဝလွန်းတာကြောင့် ကျင့်စဉ် ကျင့်ကြံဖို့ အကောင်းဆုံးဖြစ်ပြီး အဆင့်တက်ဖို့ မြန်ဆန်လွယ်ကူစေသည်။

ဒီနေရာတွင် နေနှင့်ည မရှိပေ။ မူယန်ဟာ သူ ဒီနယ်မြေထဲတွင် ဘယ်လောက်ကြာအောင် နေခဲ့ရပြီလဲ မသိတော့ပေ။မြန်မြန် စိတ်စွမ်းအင်ထိန်းညှိ အဆင့်ကိုရောက်ပြီး ဒီက ထွက်သွားဖို့လိုသည်။ လင်းကျစ်ရန်ရော ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားရဲ့လား။ ဘာသတင်းမှ မကြားရသောကြောင့် သူ ဒီမှာ စိတ်အေးအေးနှင့်မနေနိုင်ပါ။ မြန်မြန်! မြန်မြန်!

သူဒီက လွတ်မြောက်ဖို့လိုသည်။သူ့ရှေ့တွင် ထူထဲသော နှင်းထု ကြီးကလှိမ့်ဝင်လာပြီး အရပ်လေးမျက်နှာမှ မာန်ဖီဟိန်းဟောက်သံများနှင့်အတူ ရေခဲပြင်ကို တုန်ခါစေသော ခြေသံများက တရိပ်ရိပ်တက်လာသည်။မူယန်ရဲ့ မျက်လုံးများက လေးနက်နေသည်။ဒီတစ်ခေါက် နှင်းမိစ္ဆာအရေအတွက်က တော်တော်များမယ် ထင်သည်။ သူဟာ ဒီနယ်မြေထဲကို စရောက်ခါစ နှင်းမိစ္ဆာနှစ်ကောင် သုံးကောက်လောက်နှင့် ရင်ဆိုင်ရတုန်းက အသက်လုပြီးပြေးခဲ့ရသည်။ ထို့နောက် အချိန်တစ်ခုအထိ လေ့ကျင့်ပြီးနောက်ပိုင်းတွင် အကောင် တစ်ရာကျော် အထိ သတ်နိုင်ခဲ့သည်...အခုတွင်မူ နှင်းမိစ္ဆာများကမရေတွက်နိုင်အောင်ပင်များသည်။

သို့ပေမယ့် မူရန်ဟာ နောက်ပြန်လှည့်ဖို့ စိတ်ကူးမရှိ။ သူ အခု ဒီက ထွက်သွားရမည်။ နှင်းမိစ္ဆာများက ရေခဲပြင်ကို ဖိန့်ဖိန့်တုန် စေသော ခြေလှမ်းများ ကိုယ်စီနှင့် သူ့ဆီသို့ ပြေးလာကြသည်။ မူယန်ဟာ တိချန်ဓါးကို စွမ်းအင်ထည့်ကာ ဝှေ့ယမ်းလိုက်သည်။ ဓါးကိုယ်ထည်က တောက်ပနေကာ ဓါးမှထုတ်လွှတ်လိုက်သော ရောင်စဉ်တန်းနှင့် ရင်ဆိုင်လိုက်ရသော နှင်းမိစ္ဆာများမှာ အရည်ပျော်ကျသွားပြီး နှင်းမှုန်များအဖြစ်သို့ တမဟုတ်ချင်းပြောင်းလဲသွားခဲ့သည်။ မူယန်သည် တိချန်ဓါးသွားကို ရေခဲပြင်တွင် အားဖြင့်စိုက်သွင်းလိုက်ပြီး စိတ်စွမ်းအင် အလုံးစုံကို ထည့်လိုက်သော် အာကာခွင် တစ်ခုလုံးမှာ တုန်ခါလာလျက် သူ့မျက်လုံးများကလည်း ရဲရဲတောက်နေကာ အမိန့်ပေးလိုက်​၏ " ဖျက်ဆီး! "

ထို့နောက် ရေခဲပြင်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာသောအက်ကွဲကြောင်းကြီးအသွင်သို့ပြောင်းလဲသွားကာ အမြင်အာရုံကိုပြောင်းလဲသွားစေပြီး ပေါက်ကွဲသံကြီးနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖန်ကွဲစများသဖွယ် ကွဲအက် ပျက်စီးသွားခဲ့သည်။

မူယန်သည် ပါးစပ်ထောင့်မှ သွေးများကို ပွတ်သုတ်လိုက်ပြီး မြေပြင်ပေါ်မှ နှစ်ခြမ်းကွဲနေသော ကျောက်စိမ်းလက်စွပ်ကို ကောက်ယူလိုက်လျက် ဘေးပတ်လည်ကို ကြည့်လိုက်လျှင် ရှန့်ရွှမ်နန်းဆောင်ရဲ့ ခန်းမတစ်ခုထဲမှာမှန်းသိလိုက်သည်။ သူဟာဓါးကို ငုံ့ကြည့်လိုက်ပြီး စိတ်ထဲတွင် ကျေးဇူးတင်စကားဆိုလိုက်သည်။ တိချန်ဓါးရဲ့ အကူအညီသာမပါလျှင် စိတ်စွမ်းအင်ထိန်းညှိအဆင့်သို့ တက်ရန် မလွယ်ကူနိုင်ပဲ စိတ်ကူးယဉ် ကမ္ဘာကိုချိုးဖျက်ပြီး အပြင်ကို ထွက်လာနိုင်ဖို့လည်း ခဲယဉ်းပေမည်။

မူယန်ဟာ ဓါးကို သိမ်းပြီး တံခါးကို တွန်းဖွင့်ကာ အပြင်သို့ထွက်လာခဲ့သည်။ သူဟာတောင်အောက်ဆင်းဖို့ မစောင့်နိုင်တော့ပေ။ တကယ်လို့ သူ စိတ်စွမ်းအင်ထိန်းညှိအဆင့်ကို တက်သွားကြောင်း သူ့ဆရာကိုသာ အသိပေးလိုက်ရင် တောင်အောက်မဆင်းဖို့ တားမှာမဟုတ်လောက်တော့ဘူး။

မူယန်ဟာ အသိပေးဖို့ ပင်မခန်းဆောင်ကို အလောတကြီးလာခဲ့စဉ် အမြဲ ပိတ်ထားသော ကျောက်စိမ်းတံခါးမှာ အနည်းငယ်ဟ နေတာကို တွေ့လိုက်ရပြီး အတွင်းမှ ထူးထူးဆန်းဆန်း အသံများထွက်လာခဲ့သည်။

မူယန် အနည်းငယ် နေရခက်သွားသည်

" ဒါ...သူထင်သလိုမဖြစ်နိုင်လောက်ပါဘူး.... ဟုတ်တယ် "

ဆရာက ချီရန်မသေမျိုးလောက ရဲ့ မြင့်မြတ်တဲ့ နတ်ရားတစ်ပါးပဲ။ စိတ်နှလုံးဖြူဖြူစင်စင်နဲ့ နှစ်ထောင်ပေါင်းများစွာ တစ်ဦးတည်းနေလာခဲ့တဲ့လူ။ ဒီလို အရာတွေနဲ့ သူ့ဆရာကို အတူယှဉ်တွဲပြီးတွေးကြည့်ဖို့တောင် မူယန်အတွက် မဖြစ်နိုင်။

လုံဝ အဓိပ္ပါယ်မရှိတာ

မဖြစ်နိုင်ဘူး!

သို့သော် မူယန်သည် ဤကဲ့သို့ တွေးတောရင်း စိတ်ထဲတွင် သိချင်စိတ်ကို ထိန်းမထားနိုင်ဘဲ ရှေ့သို့ ညင်သာစွာ တိုးဝင်ကာ တံခါးကြားမှ အတွင်းဘက်သို့ ချောင်းကြည့်လိုက်သည်။ချောမောသော လူငယ်လေးတစ်ယောက်မှာ အနက်ရောင်ဆံပင်ရှည်တွေနှင့် ဝတ်ရုံဖြူ ဝတ်ထားသောအမျိုးသားအောက်တွင် ဖိကပ်ခံထားရသည်။ထိုလူငယ်လေးရဲ့မျက်နှာကို မြင်လိုက်ရတော့ မူယန်မှသွေးတစ်စက်မှ မရှိတော့သည့်အလားဖြူစုပ်သွားခဲ့သည်။ခန္ဓာကိုယ်အသွင်အပြင်က အရင်တုန်းက လီယဲ့နဲ့ ကွာခြားနေပေမယ့် တစ်ချက်ကြည့်ရုံနဲ့ သူဟာဘယ်သူလဲဆိုတာ ကောင်းကောင်းမှတ်မိနိုင်သည်။ သူမမှားနိုင်ဘူး...ဒါ အားယဲ့ မှ အားယဲ့ စစ်စစ်ပဲ။ဘာတွေဖြစ်ကုန်တာလဲ။ သူက ဘာလို့ ဆရာ့ရဲ့ အိပ်ရာပေါ်ကိုရောက်နေတာလဲ။

ဒါက သူချစ်မြတ်နိုးရတဲ့လူ။ ဒါပေမယ့် အခု လူမြင်လို့မသင့်တော်တဲ့အနေအထားမျိုးနဲ့ သူ့ရှေ့မှာရှိနေတယ်...ထိတ်လန့်မှု၊နာကျင်မှု၊ သဝန်တိုမှု၊ ဒေါသထွက်မှုစတဲ့ ခံစားချက် အလုံးစုံက သူ့နှလုံးသားထဲသို့ ရုတ်ခြည်းတိုးဝင်လာသည်။ မူယန်ရဲ့ နှလုံးသားဟာ ပြင်းထန်စွာ တုန်လှုပ်နေလျက် နားထင်သွေးကြောများပင်ထောင်တက်လာခဲ့ပြီး ဒေါသတကြီးဖြင့်ရှေ့သို့လှမ်းကာတံခါးကို တွန်းဖွင့်လိုက်လေ​၏။

❤️❤️❤️❤️❤️❤️❤️❤️

Zawgyi.

ရႊမ္းရန္ရဲ့အတြင္းစိတ္ရွိမေကာင္းဆိုးဝါးသာဆို ဒါမ်ိဳးအရာအတြက္တန္ရာတန္ေၾကးေတာင္းလိမ့္မည္။ ဒါေပမယ့္ရႊမ္းရန္ကေတာ့မတူ။ ရႊမ္းရန္က ဘာလို႔ဒီလိုလုပ္ေပးတာလဲ။

ရႊမ္းရန္ဟာ လင္းက်စ္ရန္ရဲ့ သံသရေတြကို ျမင္ေပမယ့္ ရွင္းျပဖို႔စိတ္ကူးမရွိ။ ထို႔ေနာက္ ခ်က္ခ်င္းပင္ အေလာတႀကီးလွည့္ထြက္သြားခဲ့သည္။ သူက တံခါးဝကို ေက်ာ္လာခဲ့သည္အထိ ေျခလွမ္းကို မရပ္တန႔္ခဲ့။

' တကယ္ေတာ့ ငါလည္း အဲ့မိန္းကေလးကို ကယ္ေပးလို႔ရပါတယ္။ မင္းဒီလို အခြင့္အေရးယူဖို႔မလိုဘူး။ မင္းသတိထားမိလား။ မင္းနဲ႔ငါက တျဖည္းျဖည္း တူလာတယ္ဆိုတာ။ ငါအဲ့ အရာေတြလုပ္ေနတုန္းက မင္းလည္းသေဘာက်တယ္မို႔လား။ '

အတြင္းစိတ္ရွိမေကာင္းဆိုးဝါးရဲ့ ရယ္သံက ထူးဆန္းေနသည္။ ရႊမ္းရန္က ပါးစပ္ကို တင္းတင္းေစ့ လိုက္ၿပီး ေအးစက္စြာဆိုသည္

" ပါးစပ္ပိတ္ထား! "

' ဟားဟား! မင္းက ေၾကာင္သူေတာ္ပဲ။ သေဘာက်တာကို ဝန္မခံခ်င္တာလား '

ရႊမ္းရန္ရဲ့ အမူအရာက အလြန္ေအးစက္ေနလ်က္ မ်က္လုံးမ်ားက ရွုပ္ေထြးေနသည္။လင္းက်စ္ရန္ကို ခ်စ္မိတာက အတြင္းစိတ္ရွိမေကာင္းဆိုးဝါးကို အားေပးသလိုျဖစ္ၿပီး ျပန္လည္၍ ဖိႏွိပ္နိုင္ဖို႔ ခဲယဥ္းေစသည္။ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးက ဘာကိုမွဂ႐ုမစိုက္ဘဲ ထင္ရာစိုင္းတတ္သည္။စိတ္အလိုေနာက္ လိုက္ကာ ႐ူးႏွမ္းတတ္သည္။ သူဟာ ဒီအေလာင္းအစားမွာ ရွုံးနိမ့္ခဲ့တာေၾကာင့္ သူ႔ခႏၶာကိုယ္ကို ဆုံးရွုံးလိုက္ရ႐ုံတင္ မကဘဲ မေကာင္းဆိုးဝါးကို ဖိႏွိပ္ထားတဲ့ စိတ္စြမ္းအင္မ်ားကိုပင္ ထိခိုက္သြားခဲ့သည္။

လင္းက်စ္ရန္ဟာ ကုတင္ေပၚတြင္ လူေသလိုေကာင္လို စိတ္ပ်က္လက္ပ်က္လွဲေလ်ာင္းေနသည္။ေန႔တိုင္း အသားတိုးဝက္လို စားလိုက္ေသာက္လိုက္ အိပ္လိုက္ႏွင့္ကိုယ္အေလးခ်ိန္တက္႐ုံကလြဲလို႔ ဘာမွ အဖက္မတင္တဲ့ အေျခအေနကို စိတ္ပ်က္မိသည္။တကယ္လို႔သူသာ ကိုယ္အေလးခ်ိန္တက္ၿပီး ဝလာရင္ စကားလုံးႏွင့္ေဖာ္ျပဖို႔ေတာင္ရွက္စရာေကာင္းလိမ့္မည္။ ဒီလိုသက္ေတာင့္သက္သာ ဘဝမွာေနရတာကိုေတာင္ေၾကာက္လာသလိုပင္။ဒါေပမယ့္ အရသာရွိတဲ့အစားအေသာက္ေတြနဲ႔ ေလာကီစည္းစိမ္ေတြကေန ႐ုန္းထြက္ဖို႔လည္းမလြယ္ျပန္။ သူ႔ရဲ့ တာဝန္ကလည္း ရွိေသးတယ္... ဝူးဝူးဝူး!!

ၿပိဳလဲသြားတဲ့ဇာတ္ေၾကာင္းကိုေတြးမိေတာ့ လင္းက်စ္ရန္တေယာက္ ျဖည့္မဆည္နိုင္ေအာင္ ဝမ္းနည္းလာသျဖင့္ ရႊမ္းရန္ေရာက္လာတာကိုေတာင္ သတိမျပဳမိ။ ရႊမ္းရန္ရဲ့ ခႏၶာကိုယ္ကို အတြင္းစိတ္ရွိမေကာင္းဆိုးဝါးက ျပန္လည္၍ထိန္းခ်ဳပ္ထားၿပီျဖစ္သည္။

ရႊမ္းရန္က လင္းက်စ္ရန္ရဲ့ ဆံပင္ရွည္ေတြကို သပ္တင္ေပးကာ ရင္ခြင္ထဲ ထည့္သြင္းၿပီးေပြ႕ဖက္လိုက္ခ်ိန္တြင္ လူငယ္ေလးရဲ့မ်က္ရည္စေတြကို ျမင္လိုက္ရလၽွင္ စိတ္မေကာင္းစြာျဖင့္ ပြတ္သုတ္ေပးလိုက္သည္

" ငါမင္းအေပၚ မတရား လုပ္ခဲ့မိတာလား "

​ဪ...ေမးနိုင္ေသးတယ္ေနာ္။ မင္းေၾကာင့္ပဲေလကြာ။ မင္းေၾကာင့္ ငါ့ အႀကံေတြလည္း ကုန္ၿပီ သိလား!

လင္းက်စ္ရန္ဟာ စိတ္ထဲတြင္ေတာ့ အသံခ်ဲ့စက္တပ္ၿပီး ေအာ္ေနေပမယ့္ အျပင္ပိုင္းတြင္ေတာ့ ဘာအမူအရာမွမျပဘဲ တည္ၿငိမ္ေနသည္။

ရႊမ္းရန္ ရဲ့ရင္ထဲတြင္ ႐ုတ္တရက္ခါးသီးမွုမ်ားျဖင့္ ျပည့္ႏွက္သြားသည္။ လင္းက်စ္ရန္က သူ႔ေရွ႕တြင္ အတင္းလုပ္ယူၿပီး နာခံေနေပမယ့္ မရယ္မျပဳံးႏွင့္ အသက္မဲ့တဲ့လူလိုေနသည္။ မူယန္ေရွ႕တြင္ေတာ့ သူ႔အျပဳံးေတြက ေႏြးေထြးၿပီးၾကင္နာေနသည္။သူက မူယန္ တစ္ေယာက္တည္းကိုပဲ ဂ႐ုစိုက္ၿပီး သူ႔ရင္ထဲတြင္လည္း မူယန္ျဖင့္သာျပည့္ေနသည္။

မင္း ငါ့ကို မခ်စ္နိုင္တာ သူ႔ေၾကာင့္ပဲမို႔လား...

သူဟာ ဒါကို အစက ဂ႐ုမစိုက္။ ဒီလူကို ပိုင္ဆိုင္ရသေရြ႕ ေက်နပ္ၿပီလို႔သာေတြးမိသည့္တိုင္ သူ႔အေပၚထားတဲ့ လင္းက်စ္ရန္ရဲ့ ခံစားခ်က္ေတြက အနည္းငယ္ေတာင္ လိုလိုလားလား မဟုတ္တာမို႔ ေျပာမတတ္ေအာင္ ခံျပင္းလာၿပီး ဝန္တိုမွုေတြကို ခက္ခက္ခဲခဲ မ်ိဳခ်ထားရသည္။

တကယ္လို႔ မူယန္သာ မင္းကို လုယူရဲရင္ ငါသူ႔ကို သတ္ပစ္ၿပီး မင္းကိုျပမယ္!

မူယန္က သူ႔ဝိညာဥ္က ခြဲထြက္သြားတဲ့ အပိုင္းအစတစ္ခုပင္...သူ႔မ်က္လုံးထဲတြင္ ေနရာေပးဖို႔ပင္မတန္...သူ႔ဆီက လူတစ္ေယာက္လုံးကို လူယူဖို႔ အရည္အခ်င္းမရွိနိုင္ေပ။

သူဟာ လူငယ္ေလးကိုနမ္းရွိုက္လိုက္သည္။ သူ႔မ်က္ဝန္းေတြက အဆုံးမရွိ တြင္းနက္လို နက္ရွိုင္းေနသည္။လူငယ္ေလးဟာ ခါတိုင္းလိုပင္ နာခံစြာျဖင့္ သူ႔ရင္ဘက္ထဲတြင္ တိုးေဝွ႕ေနသည္။

မင္းငါ့ကို မခ်စ္ရင္ေတာင္...အနည္းဆုံးေတာ့ မင္းခႏၶာကိုယ္က ငါ့ကို ဆန႔္က်င္န္ိုင္မွာ မဟုတ္ဘူး...ငါမင္းက္ိုေဝခြဲမရေအာင္လုပ္ေပးမယ္...ငါနဲ႔အတူ ႐ုန္းမထြက္နိုင္တဲ့ ႏြံထဲကို လိုက္ခဲ့ရမယ္

လင္းက်စ္ရန္က အာ႐ုံေထြျပားေနမိသည္။ သူဟာဒီမေကာင္းဆိုးဝါးရဲ့ စြမ္းေဆာင္ရည္ကိုလည္း က်င့္သားရေနၿပီျဖစ္တာမို႔ ဘာမွလုပ္စရာမလိုပဲ မ်က္လုံးမွိတ္ၿပီးသာခံစားလိုက္သည္။ ဘာပဲျဖစ္ျဖစ္ရႊမ္းရန္က သူလုပ္ေနက်အတိုင္းဆက္လုပ္မွာပဲလို႔ ေတြးလိုက္ေပမယ့္ ရႊမ္းရန္က ႐ုပ္တရတ္ရပ္တန႔္သြားကာ ခန္းေဆာင္အတြင္းမွေပ်ာက္ကြယ္သြားသည္။

လင္းက်စ္ရန္မွာ ရွုပ္ေထြးသြားၿပီး အံ့ဩသြားခဲ့သည္။ ဒီလိုၾကဳံဖူးတာ ပထမဆုံးပဲ။ စိတ္ေဖာက္ျပန္ေနတဲ့ ရႊမ္းရန္က သူ႔ကိုဘာမွ မလုပ္ပဲ ဒီတိုင္းလႊတ္ေပးလိုက္တာ ပုံမွန္ဆိုျဖစ္နိုင္ပါ့မလား။

ရႊမ္းရန္က ခန္းေဆာင္ တံခါးအျပင္ဘက္တြင္ေပၚလာခဲ့သည္။ သူ႔မ်က္ႏွာတစ္ျခမ္းက ဆံပင္ရွည္မ်ားႏွင့္ ဖုံးကြယ္ေနၿပီး ေျခလွမ္းမ်ားက ဒယိမ္းဒယိုင္ႏွင့္ မ်က္လုံးထဲတြင္ နာက်င္မွူမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးသည္ ရႊမ္းရန္ကို ဖိႏွိပ္ထားၿပီး ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ထားသည့္တိုင္ ဒီေန႔ရႊမ္းရန္သည္ လင္းက်စ္ရန္ကို ေတြ႕လိုက္ရၿပီးေနာက္ သူ႔ခႏၶာကိုယ္ကို ျပန္လည္၍ထိန္းခ်ဳပ္နိုင္ဖို႔ အသည္းအသန္အားၿပိဳင္လာခဲ့သည္။

အတြင္းစိတ္မေကာင္းဆိုးဝါးရဲ့ မ်က္ႏွာကမဲေမွာင္လာခဲ့သည္။ တကယ္ေတာ့ ရႊမ္းရန္ကသာလၽွင္ ဒီခႏၶာကိုယ္ရဲ့ ပိုင္ရွင္အစစ္ၿပီးၿပီး သူက အေလာင္းအစားကိုအသုံးခ်ကာ ရႊမ္းရန္ လင္းက်စ္ရန္ကိုခ်စ္မိသြားၿပီး သူ႔ကို ဖိႏွိပ္ထားတဲ့ စိတ္စြမ္းအင္ ယိမ္းယိုင္သြားတာကို အခြင့္အေရးယူကာ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ခဲ့ျခင္းပင္။ သို႔ေသာ္ လင္းက်စ္ရန္ရဲ့ စကားမ်ားက ရႊမ္းရန္ကို ျပန္လည္၍လွုံ႔ေဆာ္ေပးသလိုျဖစ္ၿပီး လင္းက်စ္ရန္ကို ကာကြယ္ေပးခ်င္စိတ္က ျပင္းထန္လာတာေၾကာင့္ ဆက္ၿပီးဖိႏွိပ္ဖို႔မလြယ္ကူေတာ့ေပ။ သူ႔ရဲ့ အားအင္ အကုန္သုံးၿပီး ႀကိဳးစားရင္ေတာင္ အနိုင္ရဖို႔မလြယ္ေတာ့။ ဒါဆိုလည္း နည္းလမ္းပဲ ေျပာင္းလိုက္တာေပါ့။

အတြင္းစိတ္ရွိမေကာင္းဆိုးဝါးက အရင္ဆုံးစေျပာလိုက္သည္။ ' မင္းသူ႔ကိုေတြ႕ခ်င္မွန္းငါသိတယ္။ ငါတို႔သေဘာတူညီမွုတစ္ခုလုပ္ရေအာင္။ ေန႔ဘက္မွာဆို ခႏၶာကိုယ္ကို မင္းျပန္ယူ။ ညဘက္မွာေတာ့ မင္းရဲ့ခႏၶာကိုယ္ကို ငါ့ကိုေပး။ တစ္ေယာက္ကို တစ္ေယာက္ ဝင္ၿပီး မေႏွာက္ယွက္ရဘူး။ မင္းလီယဲ့ကို လႊတ္မေပးလိုက္သေရြ႕ ငါ့ဘက္ကအဆင္ေျပတယ္။ '

ထို႔ေနာက္ ေအးစက္စက္ အသံတစ္ခုထြက္ေပၚလာသည္။ ' ငါ့မွာ ေတာင္းဆိုစရာတစ္ခုရွိေသးတယ္။ မင္းသူ႔ကို ေနာက္ထပ္အတင္းအၾကပ္လုပ္ခြင့္မရွိဘူး။ '

အတြင္း စိတ္ရွိမေကာင္းဆိုးဝါးက ေလွာင္သည္ ' ေကာင္းၿပီေလ '

....

ထို႔ေနာက္တြင္မူ လင္းက်စ္ရန္မွာ တစ္ခုခု ထူးဆန္းလာမွန္း သတိျပဳမိခဲ့သည္။ရႊမ္းရန္က သူ႔ရဲ့အတြင္းစိတ္ရွိမေကာင္းဆိုးဝါးႏွင့္ အေပးအယူတစ္ခုခုလုပ္ခဲ့တာျဖစ္မည္။ရႊမ္းရန္က ေန႔အခ်ိန္တြင္ ေပၚလာတတ္ၿပီး သူ႔ရဲ့အတြင္းစိတ္ရွိမေကာင္းဆိုးဝါးမွာ ညအခါတြင္ေပၚလာတတ္သည္။ အတြင္းစိတ္ရွိမေကာင္းဆိုးဝါးက သူကိုယ္တိုင္ကပင္ စိတ္ရဲ့အေမွာင္အျခမ္းကိုအေၾကာင္းျပဳၿပီး ျဖစ္တည္လာတာမို႔ညစ္ညမ္းတာေတြလုပ္ရတာႀကိဳက္သည္...လင္းက်စ္ရန္က ဒါကို သတိထားမိသည္။ ရႊမ္းရန္ကေတာ့ သူ႔ကို အျမဲတမ္း အျပစ္မကင္းတဲ့ အၾကည္နဲ႔ ေဘးကေန တိတ္တိတ္ေလးပဲၾကည့္ေနတတ္ၿပီး သူ႔အတြက္ စိတ္မေကာင္းသလို ဝမ္းနည္းေနသလို အမူအရာႏွင့္ပင္ေနသည္။ဒါကပင္ လင္းက်စ္ရန္ကို ေဝခြဲမရျဖစ္ေစသည္။ ' ဘယ္လိုေသာက္က်ိဳးနည္းႀကီးလဲ! '

**********

တစ္ဖက္တြင္မူ...

မူယန္သည္ ႏွင္းမ်ား သည္းထန္စြာက်ဆင္းေနေသာ ေရခဲျပင္ေပၚတြင္ တိခ်န္ဓါးကို ျမဲျမဲဆုပ္ကိုင္လ်က္ ရပ္ေနေလသည္။ဒီေနရာ​က ပုံရိပ္ေယာက္ကမၻာထဲက လၽွို႔ဝွက္နယ္ေျမတစ္ခုပင္။ဤလၽွို႔ဝွက္နယ္ေျမတြင္ မေရမတြက္နိုင္ေသာ ႏွင္းမိစၧာမ်ားက ေရခဲေတာင္မ်ားႏွင့္ ႏွင္းထုမ်ားအတြင္းက်က္စားၾကသည္။ပတ္ဝန္းက်င္တခြင္က ခါးသီးစြာပင္ အလြန္အမင္းေအးစက္ေနေပမယ့္ ဒီေနရာတြင္ စိတ္စြမ္းအင္ေပါႂကြယ္ဝလြန္းတာေၾကာင့္ က်င့္စဥ္ က်င့္ႀကံဖို႔ အေကာင္းဆုံးျဖစ္ၿပီး အဆင့္တက္ဖို႔ ျမန္ဆန္လြယ္ကူေစသည္။

ဒီေနရာတြင္ ေနႏွင့္ည မရွိေပ။ မူယန္ဟာ သူ ဒီနယ္ေျမထဲတြင္ ဘယ္ေလာက္ၾကာေအာင္ ေနခဲ့ရၿပီလဲ မသိေတာ့ေပ။ျမန္ျမန္ စိတ္စြမ္းအင္ထိန္းညႇိ အဆင့္ကိုေရာက္ၿပီး ဒီက ထြက္သြားဖို႔လိုသည္။ လင္းက်စ္ရန္ေရာ ေဘးကင္းကင္းနဲ႔ လြတ္ေျမာက္သြားရဲ့လား။ ဘာသတင္းမွ မၾကားရေသာေၾကာင့္ သူ ဒီမွာ စိတ္ေအးေအးႏွင့္မေနနိုင္ပါ။ ျမန္ျမန္! ျမန္ျမန္!

သူဒီက လြတ္ေျမာက္ဖို႔လိုသည္။သူ႔ေရွ႕တြင္ ထူထဲေသာ ႏွင္းထု ႀကီးကလွိမ့္ဝင္လာၿပီး အရပ္ေလးမ်က္ႏွာမွ မာန္ဖီဟိန္းေဟာက္သံမ်ားႏွင့္အတူ ေရခဲျပင္ကို တုန္ခါေစေသာ ေျခသံမ်ားက တရိပ္ရိပ္တက္လာသည္။မူယန္ရဲ့ မ်က္လုံးမ်ားက ေလးနက္ေနသည္။ဒီတစ္ေခါက္ ႏွင္းမိစၧာအေရအတြက္က ေတာ္ေတာ္မ်ားမယ္ ထင္သည္။ သူဟာ ဒီနယ္ေျမထဲကို စေရာက္ခါစ ႏွင္းမိစၧာႏွစ္ေကာင္ သုံးေကာက္ေလာက္ႏွင့္ ရင္ဆိုင္ရတုန္းက အသက္လုၿပီးေျပးခဲ့ရသည္။ ထို႔ေနာက္ အခ်ိန္တစ္ခုအထိ ေလ့က်င့္ၿပီးေနာက္ပိုင္းတြင္ အေကာင္ တစ္ရာေက်ာ္ အထိ သတ္နိုင္ခဲ့သည္...အခုတြင္မူ ႏွင္းမိစၧာမ်ားကမေရတြက္နိုင္ေအာင္ပင္မ်ားသည္။

သို႔ေပမယ့္ မူရန္ဟာ ေနာက္ျပန္လွည့္ဖို႔ စိတ္ကူးမရွိ။ သူ အခု ဒီက ထြက္သြားရမည္။ ႏွင္းမိစၧာမ်ားက ေရခဲျပင္ကို ဖိန႔္ဖိန႔္တုန္ ေစေသာ ေျခလွမ္းမ်ား ကိုယ္စီႏွင့္ သူ႔ဆီသို႔ ေျပးလာၾကသည္။ မူယန္ဟာ တိခ်န္ဓါးကို စြမ္းအင္ထည့္ကာ ေဝွ႕ယမ္းလိုက္သည္။ ဓါးကိုယ္ထည္က ေတာက္ပေနကာ ဓါးမွထုတ္လႊတ္လိုက္ေသာ ေရာင္စဥ္တန္းႏွင့္ ရင္ဆိုင္လိုက္ရေသာ ႏွင္းမိစၧာမ်ားမွာ အရည္ေပ်ာ္က်သြားၿပီး ႏွင္းမွုန္မ်ားအျဖစ္သို႔ တမဟုတ္ခ်င္းေျပာင္းလဲသြားခဲ့သည္။ မူယန္သည္ တိခ်န္ဓါးသြားကို ေရခဲျပင္တြင္ အားျဖင့္စိုက္သြင္းလိုက္ၿပီး စိတ္စြမ္းအင္ အလုံးစုံကို ထည့္လိုက္ေသာ္ အာကာခြင္ တစ္ခုလုံးမွာ တုန္ခါလာလ်က္ သူ႔မ်က္လုံးမ်ားကလည္း ရဲရဲေတာက္ေနကာ အမိန႔္ေပးလိုက္​၏ " ဖ်က္ဆီး! "

ထို႔ေနာက္ ေရခဲျပင္တြင္ အက္ကြဲေၾကာင္းတစ္ခုေပၚလာၿပီး တျဖည္းျဖည္း ႀကီးမားလာေသာအက္ကြဲေၾကာင္းႀကီးအသြင္သို႔ေျပာင္းလဲသြားကာ အျမင္အာ႐ုံကိုေျပာင္းလဲသြားေစၿပီး ေပါက္ကြဲသံႀကီးႏွင့္အတူ ပတ္ဝန္းက်င္တစ္ခုလုံးမွာ ဖန္ကြဲစမ်ားသဖြယ္ ကြဲအက္ ပ်က္စီးသြားခဲ့သည္။

မူယန္သည္ ပါးစပ္ေထာင့္မွ ေသြးမ်ားကို ပြတ္သုတ္လိုက္ၿပီး ေျမျပင္ေပၚမွ ႏွစ္ျခမ္းကြဲေနေသာ ေက်ာက္စိမ္းလက္စြပ္ကို ေကာက္ယူလိုက္လ်က္ ေဘးပတ္လည္ကို ၾကည့္လိုက္လၽွင္ ရွန႔္ရႊမ္နန္းေဆာင္ရဲ့ ခန္းမတစ္ခုထဲမွာမွန္းသိလိုက္သည္။ သူဟာဓါးကို ငုံ႔ၾကည့္လိုက္ၿပီး စိတ္ထဲတြင္ ေက်းဇူးတင္စကားဆိုလိုက္သည္။ တိခ်န္ဓါးရဲ့ အကူအညီသာမပါလၽွင္ စိတ္စြမ္းအင္ထိန္းညႇိအဆင့္သို႔ တက္ရန္ မလြယ္ကူနိုင္ပဲ စိတ္ကူးယဥ္ ကမၻာကိုခ်ိဳးဖ်က္ၿပီး အျပင္ကို ထြက္လာနိုင္ဖို႔လည္း ခဲယဥ္းေပမည္။

မူယန္ဟာ ဓါးကို သိမ္းၿပီး တံခါးကို တြန္းဖြင့္ကာ အျပင္သို႔ထြက္လာခဲ့သည္။ သူဟာေတာင္ေအာက္ဆင္းဖို႔ မေစာင့္နိုင္ေတာ့ေပ။ တကယ္လို႔ သူ စိတ္စြမ္းအင္ထိန္းညႇိအဆင့္ကို တက္သြားေၾကာင္း သူ႔ဆရာကိုသာ အသိေပးလိုက္ရင္ ေတာင္ေအာက္မဆင္းဖို႔ တားမွာမဟုတ္ေလာက္ေတာ့ဘူး။

မူယန္ဟာ အသိေပးဖို႔ ပင္မခန္းေဆာင္ကို အေလာတႀကီးလာခဲ့စဥ္ အျမဲ ပိတ္ထားေသာ ေက်ာက္စိမ္းတံခါးမွာ အနည္းငယ္ဟ ေနတာကို ေတြ႕လိုက္ရၿပီး အတြင္းမွ ထူးထူးဆန္းဆန္း အသံမ်ားထြက္လာခဲ့သည္။

မူယန္ အနည္းငယ္ ေနရခက္သြားသည္

" ဒါ...သူထင္သလိုမျဖစ္နိုင္ေလာက္ပါဘူး.... ဟုတ္တယ္ "

ဆရာက ခ်ီရန္မေသမ်ိဳးေလာက ရဲ့ ျမင့္ျမတ္တဲ့ နတ္ရားတစ္ပါးပဲ။ စိတ္ႏွလုံးျဖဴျဖဴစင္စင္နဲ႔ ႏွစ္ေထာင္ေပါင္းမ်ားစြာ တစ္ဦးတည္းေနလာခဲ့တဲ့လူ။ ဒီလို အရာေတြနဲ႔ သူ႔ဆရာကို အတူယွဥ္တြဲၿပီးေတြးၾကည့္ဖို႔ေတာင္ မူယန္အတြက္ မျဖစ္နိုင္။

လုံဝ အဓိပၸါယ္မရွိတာ

မျဖစ္နိုင္ဘူး!

သို႔ေသာ္ မူယန္သည္ ဤကဲ့သို႔ ေတြးေတာရင္း စိတ္ထဲတြင္ သိခ်င္စိတ္ကို ထိန္းမထားနိုင္ဘဲ ေရွ႕သို႔ ညင္သာစြာ တိုးဝင္ကာ တံခါးၾကားမွ အတြင္းဘက္သို႔ ေခ်ာင္းၾကည့္လိုက္သည္။ေခ်ာေမာေသာ လူငယ္ေလးတစ္ေယာက္မွာ အနက္ေရာင္ဆံပင္ရွည္ေတြႏွင့္ ဝတ္႐ုံျဖဴ ဝတ္ထားေသာအမ်ိဳးသားေအာက္တြင္ ဖိကပ္ခံထားရသည္။ထိုလူငယ္ေလးရဲ့မ်က္ႏွာကို ျမင္လိုက္ရေတာ့ မူယန္မွေသြးတစ္စက္မွ မရွိေတာ့သည့္အလားျဖဴစုပ္သြားခဲ့သည္။ခႏၶာကိုယ္အသြင္အျပင္က အရင္တုန္းက လီယဲ့နဲ႔ ကြာျခားေနေပမယ့္ တစ္ခ်က္ၾကည့္႐ုံနဲ႔ သူဟာဘယ္သူလဲဆိုတာ ေကာင္းေကာင္းမွတ္မိနိုင္သည္။ သူမမွားနိုင္ဘူး...ဒါ အားယဲ့ မွ အားယဲ့ စစ္စစ္ပဲ။ဘာေတြျဖစ္ကုန္တာလဲ။ သူက ဘာလို႔ ဆရာ့ရဲ့ အိပ္ရာေပၚကိုေရာက္ေနတာလဲ။

ဒါက သူခ်စ္ျမတ္နိုးရတဲ့လူ။ ဒါေပမယ့္ အခု လူျမင္လို႔မသင့္ေတာ္တဲ့အေနအထားမ်ိဳးနဲ႔ သူ႔ေရွ႕မွာရွိေနတယ္...ထိတ္လန႔္မွု၊နာက်င္မွု၊ သဝန္တိုမွု၊ ေဒါသထြက္မွုစတဲ့ ခံစားခ်က္ အလုံးစုံက သူ႔ႏွလုံးသားထဲသို႔ ႐ုတ္ျခည္းတိုးဝင္လာသည္။ မူယန္ရဲ့ ႏွလုံးသားဟာ ျပင္းထန္စြာ တုန္လွုပ္ေနလ်က္ နားထင္ေသြးေၾကာမ်ားပင္ေထာင္တက္လာခဲ့ၿပီး ေဒါသတႀကီးျဖင့္ေရွ႕သို႔လွမ္းကာတံခါးကို တြန္းဖြင့္လိုက္ေလ​၏။

❤️❤️❤️❤️❤️❤️❤️❤️

Continue Reading

You'll Also Like

1.1M 89K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
14.7K 449 32
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...