" Hyung ကျွန်တော် ပန်းဆိုင်သွားတော့မယ်နော် "
" ok စက်ဘီးသေချာနင်းနော်"
" ဟုတ် Hyung"
Taehyung ဟာ Jimin အကူအညီဖြင့်
ဆွစ်ဇလန်နိုင်ငံရဲ့ နေရာလေးတခုမှာ Jimin ရဲ့ သူငယ်ချင်းအကိုဖြစ်သူ D.ksj နဲ့ အတူနေသည် ...
ရောက်ခါစက သူလည်း အတော်လေးကိုပင်ပန်းခဲ့သည်..စိတ်အခြေအနေ မကောင်းလို့ jin hyung လုပ်တဲ့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူခဲ့ရ သေးသည်..
တဖြေးဖြေး စိတ်ရောဂါကု ဆရာဝန်ဖြစ်တဲ့ jin hyung ကပဲ ကုထုံးနဲ့ကုသပေးလိုက်ချိန်မှာတော့ အခြေအနေအရမ်းမဆိုးလှတဲ့ Taehyung ဟာ နှစ်ပတ်လောက်အချိန်တွင်းမှာ သာမာန်ပြန်ဖြစ်လာခဲ့သည်...
"ငါညီတော်တယ် လူတယောက်ကို ချစ်လို့ပဲ ဖြစ်ဖြစ် မုန်းလို့ပဲ ဖြစ်ဖြစ် လွယ်လွယ်နဲ့မေ့ဖို့မလွယ်ဘူးဆိုတာ အကိုနားလည်တယ် ဒါပေမယ့် အဲ့တာတွေကြောင့်နဲ့ မင်းဘဝကြီးကို မနစ်မွန်းစေနဲ့ ကိုယ့်ကိုကိုယ်ချစ်ပြီး အကောင်းဆုံးရှင်သန်ပါ "
"ဟုတ် Hyung "
ခုဆိုရင်တော့ သိပ်လှတဲ့ ဆွစ်ဇလန်နိုင်ငံမှာ သိပ်လှတဲ့ ပန်းလေးတွေကို ရောင်းတဲ့ ဆိုင်လေးတဆိုင်မှာ ထိုပန်းလေးတွေနဲ့ အပြိုင် လှလို့နေတဲ့ ဆိုင်ရှင်ကောင်လေးတယောက်ရှိလို့နေသည်..
သာယာလှတဲ့ မနက်ခင်းလေးမှာ စက်ဘီးရဲ့ ခြင်းလေးထဲ ဒီနေ့ရောက်တဲ့ ပန်းလေးတွေကို
ထည့်ကာ ထွက်လာခဲ့သည်..
အနိမ့်အမြင့်မညီလှတဲ့ တောင်ကုန်းလမ်းလေးတွေကို အားဆိုက်ကာနင်းလို့လာတဲ့ Tae.. သူဆိုင်ရှိရာ လမ်းချိုးလေးထဲ ဖြေးဖြေးခြင်းနင်းလို့လာတော့ လမ်းမှာရှိတဲ့ သူတော်တော်များများနဲ့ ရင်းနီးကာ လူတိုင်းကနှုတ်ဆက်သလို သူကလည်းနှုတ်ဆက်လို့နေသည်...
" Hello "
"Hello.... "
ပန်းဆိုင်ရောက်တော့ အသင့်စောင့်လို့နေတဲ့ ဆွစ်လူမျိူးအလုပ်သမားကောင်လေး ..
" morning ပါ အကို ဒီနေ့နောက်ကျတယ်နော် "
" အင်းဟုတ်တယ် မနက်လာပို့တဲ့ ပန်းစောင့်နေတာ ရော့သော့ဖွင့်လိုက်တော့ "
" ဟုတ်ကဲ့ "
ဆိုင်ထဲက ပန်းအိုးလေးတွေကို ဆိုင်ရှေ့သို့ရွေ့ကာ သေချာပြင်ဆင်လို့နေတဲ့ Tae..တွေ့သမျှလူတိုင်းကလည်း သူကို တရေးတယူနှုတ်ဆက်ကြသလို သူကလည်း အားလုံးကို သူရဲ့မှုပိုင်အပြုံးလေးဖြင့်ပြန်လည်နှုတ်ဆက်တက်တာကြောင့် Tae ဟာ သူတို့နေရာလေးမှာတော့ လူချစ်ချစ်ခင်များတဲ့ ကောင်းလေးတယောက်အဖြစ် အချိန်ခဏလေးအတွင်းမှာ ဖြစ်လာခဲ့တယ်..
ဆိုင်ဖွင့်ပြီး ခဏလောက်နေရင် D.ksj ထိုင်တဲ့ ဆေးရုံလေးရှိရာစီသို့ ပန်းလေးတွေသယ်သွားကာ အမြဲသွားတက်သေးသည်..
သက်ကြီးပိုင်းတွေသာ ရှိတက်တဲ့ စိတ်ကျန်းမာရေးဆေးရုံလေးမှာတော့ ပန်းကြိုက်တက်တဲ့ အဖွားအိုတွေအတွက်ဆိုပြီး မနက်တိုင်းပန်းလေးတွေသွားပေးတက်တာကလည်း သူရဲ့ အလုပ်တခုလိုပင်..
သူလည်းထိုဆေးရုံမှာ အချိန်တလလောက်ထိ ဆေးကုသခဲ့ရသေးသလို D.ksj ကြောင့်လည်း သူက အကုန်လုံးနဲ့ရင်းနှီးပြီးသားဖြစ်သည်...
ဆေးရုံထဲသို ပန်းစီးကိုပိုက်ကာ ဝင်လာပြီး တွေ့သမျှအမျိုးသမီးတိုင်းကို ပန်းတပွင့်စီလိုက်ပေးလို့နေတဲ့ အပြုံးလှတဲ့ ကောင်လေးတယောက်...
သူရဲ့လက်ထဲကျန်နေတဲ့နောက်ဆုံးပန်းပွင့်လေးကတော့ ..
" ကလေးလေး ဒီနေ့ဆေးမသောက်ဘူးဆို "
" သောက်ချင်ပါဘူး ကိုကို ကလည်း သူတို့က မီးကို နေမကောင်းဘူးထင်နေတာ မီးက နေကောင်းတယ်လေ ဘာလို့ဆေးသောက်ရမှာလည်း "
" ဒါဆို ကိုကို က ပန်းလေးပေးမယ်ဆိုရင်ရော ကလေးလေး ကဆေးသောက်မှာလား "
" ဟွန့် သောက်ချင်ဘူး "
" ဒါဆို ကိုကို လက်ထဲက ပန်းလေးက အရမ်းလှတဲ့ကောင်မလေးက သူ့ကိုမယူတော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်တော့မှာပဲ "
" ပန်းက စိတ်မကောင်းဖြစ်လို့လား ကိုကို ကလည်း "
" ဖြစ်တာပေါ့ ကလေးလေးရဲ့ "
" ဒါဆို ပန်းလေး စိတ်မကောင်းမဖြစ်အောင် မီး လက်ခံမယ်လေ "
" ဟင့်အင်းဒီတိုင်းမရဘူး ဆေးသောက်မှ ပန်းကလေးကို ကိုကို ကပေးမှာ ဘယ်လိုလည်း ဆေးသောက်မှာလား "
" ကိုကိုတိုက်နော် "
" ဟုတ်ပြီ ကိုကိုတိုက်မှာပေါ့... သူနာပြု kaoria ကျွန်တော်ကို ကလေးလေးရဲ့ ဆေးပေးပါအုံး ကလေးလေးက ဆေးသောက်မယ်တဲ့."
" ok ခဏလေးနော် "
Tae နဲ့ ခုစကားပြောနေတဲ့သူက အသက် 90 အရွယ်အဖွားအိုတဦးသာ မိဘတွေမရှိတော့တာကြောင့် တဦးတည်းသော အကိုဖြစ်သူနဲ့သာ မောင်နှမနှစ်ဦးနေလာကြရင်း စစ်ပွဲကာလမှာ အကိုဖြစ်သူက သူရှေ့မှာတင် သေဆုံးသွားတာကိုမြင်ရပြီး ထဲက နှစ်ပေါင်းများစွာ စိတ်မကျန်းမာသူတယောက်အဖြစ်နဲ့သာနေလာရင်း အသက်ကြီးလာတာနဲ့အမျှ ငယ်မှုပြန်လာကာ အရင်ကဆို အရမ်းဆိုးလွန်းလို့ အခန်းထဲသာ ပိတ်နှောင်ထားရခဲ့သည်က လွန်ခဲ့သော တလ လောက်ထိကိုပင်...
....
တနေ့သောအချိန်မှာ ဆေးရုံရဲ့ပန်းခြံလေးထဲ လမ်းလျှောက်လို့နေတဲ့ Tae ကိုမြင်လိုက်ချ်ိန်မှာတော့ အဖွားအိုရဲ့ စိတ်ဟာ ပြောင်းလဲလာပြီး သူနာပြုတွေကို Tae နဲ့ တွေ့ချင်ကြောင်းတဖွဖွတောင်းဆိုလာတော့ သူနာပြုတွေဟာလည်း Tae နဲ့တွေ့ချင်ရင်ဆေးသောက်ရမယ်ပြောလိုက်တော့ ဆေးလည်းပုံမှန်သောက်လာသလို အရင်လိုလည်းမဆိုးတော့..
Tae ကိုလည်း သူနာပြုတွေက အကူအညီတောင်းလာတာကြောင့် Tae ဟာထိုအဘွားအိုကိုတွေ့ဖို့ဖြစ်လာခဲ့သည်..Tae ကိုတွေ့လိုက်ချိန်မှာတော့ အဘွားအိုဟာ Tae လက်ကလေးကို ကိုင်လို့..
" ကိုကို မီး ကိုဘာလို့တယောက်ထဲထားခဲ့တာလည်း မီးတယောက်ထဲ ကြောက်တက်တယ်ဆိုတာ ကိုကိုမသိလို့လား ဟင့် ကိုကို မရှိရင် မီးအဆင်မပြေဘူးဆိုတာ ကိုကိုမသိဘူးလား ဟင့် ဟင့်"
Tae ဟာ သူနာပြုဆရာမတွေပြောပြထားတာကြောင့်မို့သာ အားလုံးသိထားပြီးဖြစ်သည်...
အဖွားအိုဟာ ပြောလည်းပြော Taeရဲ့ ရင်ဘက်လေးကိုလက်ကလေးနဲ့ ထုကာငိုလို့နေတယ်..
အဖွားအိုရဲ့ စကားတွေကိုကြားရပြန်တော့လည်း သူ့အသိစိတ်ထဲ ပြန်ဝင်လာတာက J.. သူသိပ်ချစ်ခဲ့တာကို အဖွားအိုပြောတဲ့ စကားတွေကြောင့် Tae ဟာ သူ့အလိုလိုငိုမိတော့တယ်..သူ့အတွေးထဲမှာလည်း ခုချိန်များ J ရောဘယ်လိုနေမလည်းဆိုတဲ့စိတ်သာ..
" ကိုကို ဘာလို့ငိုနေတာလည်း "
Tae pov...လွမ်းလို့ အရမ်းလွမ်းလို့ J မင်းကိုငါမုန်းတယ် ..
Tae ဟာ ကျနေတဲ့ မျက်ရည်တို့ကို ကမန်းကတန်းသုတ်ကာ...
" ကလေးလေးကို ထားခဲ့မိလို့ ဝမ်းနည်းလို့ပါ ပြီးတော့ ကိုကို ခရီးခဏထွက်သွားပါ ကလေးလေးရယ် ကိုကိုခုပြန်လာပြီနော် ကလေးလေးက လိမ္မာလား ဆေးရောသောက်ရဲ့လား "
" ဟုတ် မီးက လိမ္မာနေပြီ ဆေးလည်းသောက်တယ်နော် ဆရာမ ကိုကို ကိုပြောပြလိုက်လေ "
" ဟုတ်တယ် ကလေးလေးက အရမ်းလိမ္မာနေပြီ "
"ဟုတ်ပြီ ဒါဆို ကိုကိုတို့နောက်ဆိုမနက်တိုင်းတူတူ လမ်းလျှောက်ကြမလား "
" ဟုတ်ကိုကို "
...
ဒီနေ့ဖြစ်သည်..
" Taehyung လာမှပဲ အဖွားကဆေးသောက်တာ မဟုတ်ရင်မသောက်ဘူး Taehyung ရေ "
" ကျွန်တော် နောက်ဆို ပုံမှန်ဒီအချိန်အရောက်လာခဲ့ပါမယ် "
" အဲ့လိုကူညီမလား "
" ဟုတ်ကဲ့ "
" ကျေးဇူးပါ Taehyung "
အဖွားအိုနဲ့ လမ်းတူတူလျောက်ပြီးလို့ သူအကို D.ksj ကိုလည်းနှုတ်ဆက်ကာ စက်ဘီးလေးနင်းလို့ သူရဲ့ပန်းဆိုင်လေးသို့ပြန်လာခဲ့သည်..ဆိုင်ရောက်တော့ ဆိုင်ရှေ့မှာ စောင့်လို့နေတဲ့ ဝန်ထမ်းကောင်လေးရဲ့ ဧည့်သည်ရောက်နေတယ်ဆိုတဲ့ အပြောကြောင့် ဆိုင်တွင်းသို့ဝင်လာခဲ့ချိန် သူ့ကိုကျောပေးကာထိုင်လို့နေတဲ့သူ...
သူကိုကျောပေးကာထိုင်လို့နေတဲ့ လူနားကိုတဖြေးဖြေးလျှောက်လို့သွားကာ...
" ဘယ်သူ....."
တဖတ်ကသူကလှည့်ကြည့်လိုက်တဲ့ ချိန်မှာတော့ Tae ဟာ ထိုလူကိုပြေးလို့ ဖက်လိုက်ပြီး...
" ငါ သတိရနေခဲ့တာ "
BlackroseTK93
Taekookforever 🐰🐻
zawgyi
" ဟုတ် Hyung"
"ဟုတ် Hyung "
ထည့်ကာ ထွက်လာခဲ့သည်..
" Hello "
"Hello.... "
ပန်းဆိုင်ရောက်တော့ အသင့်စောင့်လို့နေတဲ့ ဆွစ်လူမျိုးအလုပ်သမားကောင်လေး ..
" ဟုတ်ကဲ့ "
" ဟွန့် သောက်ချင်ဘူး "
" ကိုကိုတိုက်နော် "
" ok ခဏလေးနော် "
....
" ဟုတ်ကိုကို "
...
ဒီနေ့ဖြစ်သည်..
" အဲ့လိုကူညီမလား "
" ဟုတ်ကဲ့ "
" ကျေးဇူးပါ Taehyung "
" ဘယ်သူ....."
" ငါ သတိရနေခဲ့တာ "
BlackroseTK93
Taekookforever 🐰🐻