Unicode
ခြူးမုယွင်သည် ယဲ့ကျန့်ဟန်အား မော့ကြည့်နေလေ၏။ အသနားခံနေသည့် အမူအရာမျိုး မရှိပါသော်ငြား တစ်ဖက်လူ၏ ရင်ခွင်ထဲ ခိုနားရင်း တိုးလျညင်သာစွာ ပြောနေဟန်က သူ့အလိုလို အားနည်းပျော့ညံ့သယောင် ဖြစ်သွားစေသည်။ အရာအားလုံး ထုတ်ဖော်ပြလိုက်သည်ထက် ပို၍ ဆွဲဆောင်မှုရှိနေတော့သည်။
မည်သို့ဆိုစေ ဉာဏ်ကောင်းသူများသည် ‘အမှန်တရားကို ရှာတွေ့နိုင်ခဲ့ပြီ’ ဟူသော ခံစားချက်ကို နှစ်ခြိုက်ကြသဖြင့် လျှို့ဝှက်ချက်တစ်ဝက်၊ အမှန်တစ်ဝက် ကိစ္စများကိုသာ စိတ်ဝင်စားတတ်ကြသည်။
ခြူးမုယွင်ကလည်း လူသားတို့၏ စိတ်ဆန္ဒကို ဖမ်းဆုပ်ရာ၌ အလွန်တော်သည်။ သို့နှင့် ဇာတ်လမ်းဆင်ကာ သရုပ်ဆောင်ပြီးနောက် ယဲ့ကျန့်ဟန်က သူ့ကို တကယ်ကြီး ယုံကြည်သွားခဲ့သည်။
“အဲ့တော့…..” ယဲ့ကျန့်ဟန်က မေးလာသည်။ “လင်းရွှမ်နဲ့ ရန်ချန်းကို လက်ထပ်ခွင့်တောင်းဖို့ ကူညီပေးစေချင်တာလား..?”
ခြူးမုယွင်က ခေါင်းညိတ်ကာ.. : “အင်း..”
ယဲ့ကျန့်ဟန်က စည်းကမ်းချက်များကို လွယ်လင့်တကူ ဖော်ထုတ်နိုင်ခဲ့သည်။ : “စိတ်ကျေနပ်အောင် ပြောတာဖြစ်ဖြစ်၊ လိမ်ပြောတာဖြစ်ဖြစ် အကျုံးဝင်တယ်မလား..?”
ခြူးမုယွင်က ပြန်ဖြေသည်။ “အင်း..”
ယဲ့ကျန့်ဟန်က ပြုံးကာ.. : “မင်းကို ကူညီပေးရင် ကိုယ်ရော ဘာပြန်ရမှာလဲ..?”
ခြူးမုယွင်က သူ့ကို မော့ကြည့်ကာ.. : “အချိန်ကျလာလို့ ‘သူ ဘာဖြစ်ချင်တာလဲ’ ပြောလာတဲ့အခါ ခင်ဗျား သိရမယ်ထင်တယ်..”
ဤသို့ဖြင့် ‘ဘာမှန်းမသိသည့် အရာ’အပေါ် လွှဲချလိုက်ပြန်သည်။
Ze - ဘာမှန်းမသိသည့် အရာလေး - ro : ကျွန်တော်လည်း ဘာဖြစ်ချင်မှန်း မသိပါဘူးခင်ဗျာ.. φ(≧w≦*)!
ယဲ့ကျန့်ဟန်မှာ သိချင်စိတ်ပြင်းပြလာသော်ငြား တခြားကိစ္စတစ်ခုအတွက် စိုးရိမ်နေမိ၏။
ဒါပေါ့၊ ခြူးမုယွင်က သဘောပေါက်သည်။ သူက ယဲ့ကျန့်ဟန်အား လေးလေးနက်နက် စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ : “ကျွန်တော် အသက်ရှင်နိုင်ပြီဆိုရင် ရွေးချယ်မှုတစ်ခုပဲ လုပ်နိုင်တော့မှာ..”
ဘယ်သူနဲ့နေမလဲဆိုတာ ရွေးချယ်ရတော့မှာပေါ့..!
ယဲ့ကျန့်ဟန်က သူ့အား စိုက်ကြည့်လာကာ.. : “ကိုယ့်ကို ရွေးချယ်မှာလား..?”
ခြူးမုယွင် : “အင်း..”
ယဲ့ကျန့်ဟန်က ပြုံးကာ.. “မယုံဘူး..”
ခြူးမုယွင်က ရှားရှားပါးပါး ချွဲနွဲ့လိုက်သည်။ : “အဲ့တာဆို ကျွန်တော်သေသွားတာ မြင်ချင်လို့လား..?”
ယဲ့ကျန့်ဟန် : “…………”
ခြူးမုယွင်က သူ့ကို အပြုံးလေးဖြင့် မော့ကြည့်နေခဲ့သည်။
သူ၏ စကားလုံးများက ရိုးရှင်းကာ အရိုင်းဆန်သော်လည်း နှလုံးအိမ်ကို လှုပ်ခတ်နိုင်ခဲ့၏။
ခြူးမုယွင်သည် သေရေးရှင်ရေး အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီး ဇာတ်ကွက်တချို့ (လက်ထပ်ခွင့်တောင်းခြင်း) သရုပ်ဆောင်လိုက်ရုံဖြင့် အသက်ရှင်နိုင်လိမ့်မည်။ သို့ဖြစ်ရာ ယဲ့ကျန့်ဟန်အနေဖြင့် အဘယ်သို့ မကူညီဘဲ နေနိုင်မည်နည်း။
အစကတည်းက သူတို့နှစ်ဦး၏ အားပြိုင်မှုသည် တရားမျှတမှု မရှိခဲ့ပေ။
ခြူးမုယွင် ဆုပ်ကိုင်ထားသည့် အားသာချက်သည် အရှက်မဲ့လွန်းရာကျသလောက် အရေးပါ၏။ ထိုအားသာချက်ကား…
ယဲ့ကျန့်ဟန်က သူ့ကို ချစ်သည်၊ အချစ်စစ်အချစ်မှန်ဖြင့်…. မြတ်မြတ်နိုးနိုး ချစ်မြတ်နိုးလေသည်။
ယဲ့ကျန့်ဟန်သည် ကျွင်းမော့၊ ရှဲ့ချင်းလန်၊ ရှန်ရွှိန်ယန်းနှင့် မော့ကျိုးရှောင်လောက် မချစ်တတ်သလို ရုပ်တည်ကြီးဖြင့် နေနေပါသော်လည်း တကယ်တမ်း စဉ်းစားကြည့်လျှင် နှစ်ပေါင်းသုံးထောင်လုံး သူ့ကို မျှော်လင့်စောင့်ဆိုင်းရင်း အစီအစဉ်များ ချထားမည်မှာ အသေအချာပင်။
သူလိုချင်သည့် အရာကား ခြူးမုယွင်မှလွဲ၍ တခြားမရှိ။
သူ၏ မြတ်နိုးတွယ်တာမှုကို မည်သူမျှ မမြင်သာအောင် နက်နက်ရှိုင်းရှိုင်း သိုဝှက်ထားပါသော်ငြား ခြူးမုယွင်ကိုတော့ ဖုံးကွယ်နိုင်မည် မဟုတ်ပေ။
ယခုတော့ ခြူးမုယွင်က ထိုအချက်ကို ဆုပ်ကိုင်လိုက်ချေပြီ။ ယဲ့ကျန့်ဟန်ခမျာ တရားမျှတမှုမရှိသည့် အခြေအနေကို လက်ခံရုံသာ တတ်နိုင်တော့သည်။
ယဲ့ကျန့်ဟန်က ခြူးမုယွင်ကို ငေးကြည့်ကာ အသာအယာ ခေါင်းခါယမ်း၏။ ပြီးနောက် သက်ပြင်းဖွဖွချလိုက်သည်။
တကယ့်ကို ရှားပါးလွန်းသော မြင်ကွင်းတစ်ခုပင်။ စွမ်းအားကြီးပြီး ဘဝင်မြင့်လွန်းသော လူတစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေပုံမှာ တွေးကြည့်ရန်ပင် ခက်လှသည်။
သို့သော် ယဲ့ကျန့်ဟန်ခမျာ တကယ့်ကို ကူကယ်ရာမဲ့နေရှာသည်။ ခြူးမုယွင်က ကျိုးကြောင်းဆင်ခြင်နိုင်ပြီး တည်ငြိမ်လွန်းနေသည်။ ထိုလူသားလေးသာ သူ့အပေါ် ခံစားချက်တစ်စုံတစ်ရာ ရှိခဲ့မည်ဆိုလျှင် သူ၏ ခံစားချက်ကို သွေးအေးအေးဖြင့် အသုံးချနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သိသာပါသည်။ အစမှအဆုံးထိ ထိုလူသားလေးဟာ စိတ်ခံစားချက်များကြား ပိတ်မိသွားခြင်းမရှိဘဲ အလုံးစုံ တည်ငြိမ်နိုင်ခဲ့သည်။
ယဲ့ကျန့်ဟန်အတွက် ခြူးမုယွင်အား အနိုင်ယူရန် လမ်းစမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ထိုလူသားလေးကို ကျိန်းသေပေါက် လိုက်လျောမိလိမ့်မည်။ ခြူးမုယွင်အပေါ် မျှော်လင့်တမ်းတမိကတည်းက သူဟာ ကျရှုံးသွားပြီဖြစ်သည်။
ယဲ့ကျန့်ဟန်၏ အမူအရာက ခြူးမုယွင်အား ဘာကြောင့်ရယ်မသိ စိတ်လှုပ်ရှားလာစေသည်။
ယဲ့ကျန့်ဟန် ဘာတွေးနေမှန်း သူသိသည်။
မည်သို့ဆိုစေ သူတို့နှစ်ဦးလုံးက အလွန်ဉာဏ်ကောင်းလွန်းရာ တစ်ဦး၏ အတွေးကို ကျန်တစ်ဦးက အဘယ်သို့ မမြင်နိုင်ဘဲနေမည်နည်း။
ခြူးမုယွင်၏ စိတ်ထဲ တကယ့်ကို အံ့အားသင့်သွားခဲ့သည်။ အိပ်မောကျနေသည့် လူတစ်ယောက်ကို အိပ်မက်မက်အောင် လုပ်နိုင်ပါသော်လည်း တစ်နေ့ ပုံမှန်အတိုင်း နိုးနေသူကိုပါ အိပ်မက်မက်တတ်အောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယဲ့ကျန့်ဟန်သည် အသိစိတ်အပြည့်ဖြင့် အရာအားလုံး သိထားပါသော်လည်း စိတ်ကူးယဉ်အိပ်မက်ထဲကို လိုလိုလားလား ခုန်ဆင်းချင်နေလေသည်။
တကယ်တမ်း ဘယ်သူကရော ငြင်းပယ်နိုင်ခဲ့လို့လဲ..?
ခြူးမုယွင်၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။
ကျွင်းမော့သည် သူအသုံးချခံနေရမှန်း သိပါလျက်နှင့် လက်လွှတ်ဆုံးရှုံးခံရန် ငြင်းဆန်ခဲ့သည်။ ရှဲ့ချင်းလန်သည် သူကိုယ်တိုင် ဖန်တီးအပ်သည့် ပုံရိပ်ယောင်ကမ္ဘာထဲတွင် နေထိုင်ခဲ့သည်။ အသိစိတ်ရှိပါလျက် အိပ်မက်မက်နေသည့် အခြေအနေမျိုးပင်။ နောက်ထပ် လွှမ်းမိုးချုပ်ကိုင်လိုစိတ်ကြီးသော ရှန်ရွှိန်ယန်း.. ခြူးမုယွင်အတွက် ဘယ်သောအခါမှ အထိမခံနိုင်သည့် သူ၏ အောက်ဆုံးစည်းကိုပင် ဖယ်ရှားပေးလိုခဲ့သည်။ နောက်ဆုံး မော့ကျိုးရှောင်သည်လည်း သူ လိမ်ညာနေမှန်း ကောင်းကောင်းသိပါလျက် သူ့အား ယုံကြည်ပေးခဲ့သည်။
ဘာလို့လဲ..? ဘာလို့ သူတို့အားလုံး ဒီလောက်အထိ စွဲလမ်းသွားရတာလဲ..?
ယဲ့ကျန့်ဟန်က သက်ပြင်းဖွဖွချကာ ခြူးမုယွင်၏ မဟူရာဆံနွယ်များကို အသာပွတ်သပ်ရင်း..
“ကိုယ်မေးချင်တာရှိတယ်..”
ခြူးမုယွင်က သူ့ကို မော့ကြည့်ကာ.. : “ဟမ်..?”
ယဲ့ကျန့်ဟန် : “လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက လင်းစုယွင်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်ကို ထိန်းသိမ်းထားပေးဖို့ ကိုယ့်ကို တောင်းဆိုတုန်းကလေ.. အဲ့အချိန်တုန်းက မင်းပြောခဲ့တာ… ကိုယ့်ရဲ့ နောက်ကြောင်းဆိုတာ…”
ခြူးမုယွင် အသံတိတ်သွားသည်။
ယဲ့ကျန့်ဟန်က ပြုံးကာ.. “ကိုယ့်ဘက်က သဘောတူညီချက်ကို ဖြည့်ဆည်းပေးခဲ့ပေမယ့် မင်းကတော့ ရှောင်ပြေးသွားတယ်..”
ခြူးမုယွင် အသံတိတ်နေဆဲ။
ထိုအခြင်းအရာကို ကြည့်ပြီး ယဲ့ကျန့်ဟန်မှာ နားမလည်နိုင်တော့ပေ။ : “မင်း ပြောခဲ့တဲ့ ကိုယ့်ရဲ့ နောက်ကြောင်းဆိုတာ… ဒီအတိုင်း လုပ်ဇာတ်သပ်သပ်ပဲလား..?”
ခြူးမုယွင် : “……… အင်း..”
“ရှို့လော်နယ်မြေထဲ ခေါ်သွားပေးအောင် လှည့်စားခဲ့တာပေါ့..?”
“အင်း..”
“ကိုယ်သာ ယဲ့သမ့်သမ့်ဖြစ်သွားရင် ကိုယ့်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ်.. ပြီးတော့ သဘောတူညီချက်ကိုလည်း ပယ်ဖျက်နိုင်မယ်ဆိုတဲ့ အတွေးနဲ့လား..?”
ခြူးမုယွင် : “……..”
သူကိုယ်တိုင်လုပ်ခဲ့တဲ့ ကိစ္စတွေဆိုပေမယ့် ပြန်တွေ့ကြည့်လိုက်တော့ သူက တကယ့်ကို လူယုတ်မာကြီးပဲ..!
ယဲ့ကျန့်ဟန်က အသာပြုံးလိုက်ရင်း သူ၏ နဖူးကို အသာထိတွေ့ကာ.. : “လူလိမ်လေး..”
ခြူးမုယွင် : “……….”
ယဲ့ကျန့်ဟန် : “ထားပါတော့.. အစကတည်းက မင်း ကိုယ့်ကို ထောင်ချောက်ဆင်နေမှန်း သိနေပြီးသားပါ..”
ဒါပေမဲ့ သူ ခုန်ဆင်းမိနေတုန်းပဲ..!
အခုလိုပေါ့၊ ခြူးမုယွင် ကျင်းတူးထားမှန်း သူသိတယ်။ ဒါပေမဲ့ ကျင်းအောက်ခြေမှာ ဆူးငြှောင့်တွေနဲ့ ပြည့်နှက်ရင်တောင် သူ ခုန်ဆင်းမိဦးမှာပဲ..!
ခြူးမုယွင်သည် ယဲ့ကျန့်ဟန်ဆိုလျှင် သစ်ရွက်များကို လွင့်ကြွေစေသော ဆောင်းဦးလေညင်းသဖွယ် သွေးအေးရက်စက်ခဲ့၏။ မည်သို့ဆိုစေ ထိုအမျိုးသားက သူ့ကို ခြောက်ကြိမ်တိုင်တိုင် သတ်ပစ်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ယဲ့ကျန့်ဟန်အား ဘယ်သောအခါမှ မျက်နှာသာမပေးခဲ့ပေ။ သို့သော် ယခုတော့ သူ၏စိတ်ထဲ အပြစ်မကင်းသည့် ခံစားချက်တချို့ ခိုအောင်းလာခဲ့သည်။
ဤတစ်ကြိမ်တော့ ယဲ့ရှောင်ဟန်အတွက်မဟုတ်၊ ယဲ့ကျန့်ဟန်အတွက် ဖြစ်နေခဲ့သည်။
တစ်ဖက်လူ၏ စိတ်ခံစားချက်ကို အရှက်မဲ့စွာ အခွင့်အရေးယူခဲ့မိ၍လည်း ဖြစ်နိုင်ပါသည်။
ခြူးမုယွင်က ဘာမှပြန်မပြောသော်လည်း ယဲ့ကျန့်ဟန်က ရုတ်တရက် မေးလာပြန်သည်။
“ရှို့လော်နယ်မြေအကြောင်း ဘယ်လိုသိတာလဲ..?”
ခြူးမုယွင်က အဖြေကို ပြင်ဆင်ထားပြီးသားပင်။ : “’သူ’ပြောပြတာ..”
(TN : ‘သူ’ = Ze-ဘာမှန်းမသိတဲ့အရာ-ro )
ယဲ့ကျန့်ဟန် : “’သူ’က ကိုယ်တို့အကြောင်း ကောင်းကောင်း နားလည်ထားတာပဲ..?”
ခြူးမုယွင် : “’သူ’ အများကြီး သိထားတယ်..”
ယဲ့ကျန့်ဟန်သည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် နူးညံ့စွာ ပြောလာသည်။ : “ကောင်းပါပြီ.. ကိုယ် မင်းကို ကူညီပေးမယ်..”
ခြူးမုယွင်ကို ကူညီပေးပြီးရင် ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်အကြောင်းအရာတွေ သိနိုင်လိမ့်မယ်ထင်ပါရဲ့..!
မှောင်စပြုလာပြီဖြစ်၍ ခြူးမုယွင်နှင့် ယဲ့ကျန့်ဟန်သည် အနီးအနားရှိ မြို့တစ်မြို့၌ ခဏတဖြုတ် အနားယူရန် နေစရာရှာလိုက်သည်။
နှစ်ယောက်သား အတူအိပ်စက်ခဲ့သော်လည်း ဘာမှမလုပ်ခဲ့ပေ။
ထိုညတွင် ခြူးမုယွင်သည် အဓိပ္ပါယ်မရှိသည့် အိပ်မက်တစ်ခု မက်ခဲ့သည်။
အိပ်မက်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ယဲ့သမ့်သမ့်အား ပျိုးထောင်ပေးခဲ့သည့် အချိန်ကာလများသို့ ပြန်ရောက်သွားပုံရ၏။ သို့သော် သိပ်လည်းမတူပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ရှောင်ဟန် ပေါ်လာချိန်တွင် ခြူးမုယွင်က ဆေးမိပြီး အလွန်အားနည်းနေခဲ့သည် မဟုတ်ပါလား။
သို့သော် အိပ်မက်ထဲမှာတော့ သူက ကျန်းမာသန်စွမ်းပြီး ချီစွမ်းအားအပြည့်ဖြင့် ယဲ့ရှောင်ဟန်ကိုပင် ကျင့်ကြံနည်းများ သင်ကြားပေးနေသေးသည်။
ခြူးမုယွင်က ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ကံဆိုးစွာဖြင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ပေ။
ယဲ့ရှောင်ဟန်သည် ဉာဏ်ကောင်းပြီး အရွယ်နှင့်မလိုက်အောင် အလွန်လိမ္မာ၏။ မည်သည့်ပညာရပ်မဆို အတတ်မြန်သည်။ သို့သော် သူ၏ အကျင့်စရိုက်က အလွန်တည်ငြိမ်အေးစက်ပြီး ကလေးတစ်ယောက်နှင့် လုံးဝမတူပါချေ။
ရုတ်တရက် မြင်ကွင်းပြောင်းသွားပြန်သည်။ ကောင်ငယ်လေးသည် ညတွင်းချင်း အရွယ်ရောက်သွားပြီး သူ့ထက် အရပ်ရှည်သော ယဲ့ကျန့်ဟန် ဖြစ်လာသည်။ ခံစားချက်များ သိုဝှက်ထားတတ်သော နက်စွေးသည့် မဟူရာမျက်ဝန်းတစ်စုံက မြင်သူတိုင်း၏ နှလုံးအိမ်ကို တုန်ယင်သွားစေလောက်သည်။
ခြူးမုယွင်က ထိုမြင်ကွင်းကို အေးတိအေးစက် ကြည့်နေခဲ့သည်။
ထို့နောက်မှာတော့ ယဲ့ကျန့်ဟန်က သူ့ကို ဆွဲလှဲလိုက်ပြီး အကြမ်းပတမ်း ချစ်တင်းနှောနေသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာပြန်သည်။ ပြင်းပြင်းပြပြ ချစ်နေကြသည့်တိုင် သူ၏ အမူအရာသည် အစမှအဆုံးထိ တည်ငြိမ်မြဲတည်ငြိမ်ဆဲ။ ခန္ဓာကိုယ်၏ အလိုလိုတုံ့ပြန်မှုကြောင့် စိတ်ကြွလာချိန်မှာပင် ခံစားချက်မရှိခဲ့ပေ။
ထိုအခိုက် ယဲ့ကျန့်ဟန်အား ရုတ်တရက် မေးလိုက်သည်။
“ဒါက မင်းလိုချင်တာလား..?”
………………………………………….
TN : Meli တစ်ယောက်ချင်း ပြန်ဖြေဖို့မအားလို့ ဒီမှာပဲ ပြောလိုက်ပါမယ်နော်။ စုစုပေါင်း 279 ပိုင်းပါ။ အဲ့တာကြောင့် အပိုင်း 50 ပဲ ကျန်ပါတော့တယ်။
Click ကြပါဦးနော်။
………………………………………….
Zawgyi
ျခဴးမုယြင္သည္ ယဲ့က်န႔္ဟန္အား ေမာ့ၾကည့္ေနေလ၏။ အသနားခံေနသည့္ အမူအရာမ်ိဳး မရွိပါေသာ္ျငား တစ္ဖက္လူ၏ ရင္ခြင္ထဲ ခိုနားရင္း တိုးလ်ညင္သာစြာ ေျပာေနဟန္က သူ႔အလိုလို အားနည္းေပ်ာ့ညံ့သေယာင္ ျဖစ္သြားေစသည္။ အရာအားလုံး ထုတ္ေဖာ္ျပလိုက္သည္ထက္ ပို၍ ဆြဲေဆာင္မႈရွိေနေတာ့သည္။
မည္သို႔ဆိုေစ ဉာဏ္ေကာင္းသူမ်ားသည္ ‘အမွန္တရားကို ရွာေတြ႕ႏိုင္ခဲ့ၿပီ’ ဟူေသာ ခံစားခ်က္ကို ႏွစ္ၿခိဳက္ၾကသျဖင့္ လွ်ိဳ႕ဝွက္ခ်က္တစ္ဝက္၊ အမွန္တစ္ဝက္ ကိစၥမ်ားကိုသာ စိတ္ဝင္စားတတ္ၾကသည္။
ျခဴးမုယြင္ကလည္း လူသားတို႔၏ စိတ္ဆႏၵကို ဖမ္းဆုပ္ရာ၌ အလြန္ေတာ္သည္။ သို႔ႏွင့္ ဇာတ္လမ္းဆင္ကာ သ႐ုပ္ေဆာင္ၿပီးေနာက္ ယဲ့က်န႔္ဟန္က သူ႔ကို တကယ္ႀကီး ယုံၾကည္သြားခဲ့သည္။
“အဲ့ေတာ့…..” ယဲ့က်န႔္ဟန္က ေမးလာသည္။ “လင္း႐ႊမ္နဲ႔ ရန္ခ်န္းကို လက္ထပ္ခြင့္ေတာင္းဖို႔ ကူညီေပးေစခ်င္တာလား..?”
ျခဴးမုယြင္က ေခါင္းညိတ္ကာ.. : “အင္း..”
ယဲ့က်န႔္ဟန္က စည္းကမ္းခ်က္မ်ားကို လြယ္လင့္တကူ ေဖာ္ထုတ္ႏိုင္ခဲ့သည္။ : “စိတ္ေက်နပ္ေအာင္ ေျပာတာျဖစ္ျဖစ္၊ လိမ္ေျပာတာျဖစ္ျဖစ္ အက်ဳံးဝင္တယ္မလား..?”
ျခဴးမုယြင္က ျပန္ေျဖသည္။ “အင္း..”
ယဲ့က်န႔္ဟန္က ၿပဳံးကာ.. : “မင္းကို ကူညီေပးရင္ ကိုယ္ေရာ ဘာျပန္ရမွာလဲ..?”
ျခဴးမုယြင္က သူ႔ကို ေမာ့ၾကည့္ကာ.. : “အခ်ိန္က်လာလို႔ ‘သူ ဘာျဖစ္ခ်င္တာလဲ’ ေျပာလာတဲ့အခါ ခင္ဗ်ား သိရမယ္ထင္တယ္..”
ဤသို႔ျဖင့္ ‘ဘာမွန္းမသိသည့္ အရာ’အေပၚ လႊဲခ်လိုက္ျပန္သည္။
Ze - ဘာမွန္းမသိသည့္ အရာေလး - ro : ကြၽန္ေတာ္လည္း ဘာျဖစ္ခ်င္မွန္း မသိပါဘူးခင္ဗ်ာ.. φ(≧w≦*)!
ယဲ့က်န႔္ဟန္မွာ သိခ်င္စိတ္ျပင္းျပလာေသာ္ျငား တျခားကိစၥတစ္ခုအတြက္ စိုးရိမ္ေနမိ၏။
ဒါေပါ့၊ ျခဴးမုယြင္က သေဘာေပါက္သည္။ သူက ယဲ့က်န႔္ဟန္အား ေလးေလးနက္နက္ စိုက္ၾကည့္ကာ တစ္လုံးခ်င္း ေျပာလိုက္သည္။ : “ကြၽန္ေတာ္ အသက္ရွင္ႏိုင္ၿပီဆိုရင္ ေ႐ြးခ်ယ္မႈတစ္ခုပဲ လုပ္ႏိုင္ေတာ့မွာ..”
ဘယ္သူနဲ႔ေနမလဲဆိုတာ ေ႐ြးခ်ယ္ရေတာ့မွာေပါ့..!
ယဲ့က်န႔္ဟန္က သူ႔အား စိုက္ၾကည့္လာကာ.. : “ကိုယ့္ကို ေ႐ြးခ်ယ္မွာလား..?”
ျခဴးမုယြင္ : “အင္း..”
ယဲ့က်န႔္ဟန္က ၿပဳံးကာ.. “မယုံဘူး..”
ျခဴးမုယြင္က ရွားရွားပါးပါး ခြၽဲႏြဲ႕လိုက္သည္။ : “အဲ့တာဆို ကြၽန္ေတာ္ေသသြားတာ ျမင္ခ်င္လို႔လား..?”
ယဲ့က်န႔္ဟန္ : “…………”
ျခဴးမုယြင္က သူ႔ကို အၿပဳံးေလးျဖင့္ ေမာ့ၾကည့္ေနခဲ့သည္။
သူ၏ စကားလုံးမ်ားက ႐ိုးရွင္းကာ အ႐ိုင္းဆန္ေသာ္လည္း ႏွလုံးအိမ္ကို လႈပ္ခတ္ႏိုင္ခဲ့၏။
ျခဴးမုယြင္သည္ ေသေရးရွင္ေရး အေျခအေနမ်ိဳးႏွင့္ ရင္ဆိုင္ေနရၿပီး ဇာတ္ကြက္တခ်ိဳ႕ (လက္ထပ္ခြင့္ေတာင္းျခင္း) သ႐ုပ္ေဆာင္လိုက္႐ုံျဖင့္ အသက္ရွင္ႏိုင္လိမ့္မည္။ သို႔ျဖစ္ရာ ယဲ့က်န႔္ဟန္အေနျဖင့္ အဘယ္သို႔ မကူညီဘဲ ေနႏိုင္မည္နည္း။
အစကတည္းက သူတို႔ႏွစ္ဦး၏ အားၿပိဳင္မႈသည္ တရားမွ်တမႈ မရွိခဲ့ေပ။
ျခဴးမုယြင္ ဆုပ္ကိုင္ထားသည့္ အားသာခ်က္သည္ အရွက္မဲ့လြန္းရာက်သေလာက္ အေရးပါ၏။ ထိုအားသာခ်က္ကား…
ယဲ့က်န႔္ဟန္က သူ႔ကို ခ်စ္သည္၊ အခ်စ္စစ္အခ်စ္မွန္ျဖင့္…. ျမတ္ျမတ္ႏိုးႏိုး ခ်စ္ျမတ္ႏိုးေလသည္။
ယဲ့က်န႔္ဟန္သည္ ကြၽင္းေမာ့၊ ရွဲ႕ခ်င္းလန္၊ ရွန္႐ႊိန္ယန္းႏွင့္ ေမာ့က်ိဳးေရွာင္ေလာက္ မခ်စ္တတ္သလို ႐ုပ္တည္ႀကီးျဖင့္ ေနေနပါေသာ္လည္း တကယ္တမ္း စဥ္းစားၾကည့္လွ်င္ ႏွစ္ေပါင္းသုံးေထာင္လုံး သူ႔ကို ေမွ်ာ္လင့္ေစာင့္ဆိုင္းရင္း အစီအစဥ္မ်ား ခ်ထားမည္မွာ အေသအခ်ာပင္။
သူလိုခ်င္သည့္ အရာကား ျခဴးမုယြင္မွလြဲ၍ တျခားမရွိ။
သူ၏ ျမတ္ႏိုးတြယ္တာမႈကို မည္သူမွ် မျမင္သာေအာင္ နက္နက္ရႈိင္းရႈိင္း သိုဝွက္ထားပါေသာ္ျငား ျခဴးမုယြင္ကိုေတာ့ ဖုံးကြယ္ႏိုင္မည္ မဟုတ္ေပ။
ယခုေတာ့ ျခဴးမုယြင္က ထိုအခ်က္ကို ဆုပ္ကိုင္လိုက္ေခ်ၿပီ။ ယဲ့က်န႔္ဟန္ခမ်ာ တရားမွ်တမႈမရွိသည့္ အေျခအေနကို လက္ခံ႐ုံသာ တတ္ႏိုင္ေတာ့သည္။
ယဲ့က်န႔္ဟန္က ျခဴးမုယြင္ကို ေငးၾကည့္ကာ အသာအယာ ေခါင္းခါယမ္း၏။ ၿပီးေနာက္ သက္ျပင္းဖြဖြခ်လိုက္သည္။
တကယ့္ကို ရွားပါးလြန္းေသာ ျမင္ကြင္းတစ္ခုပင္။ စြမ္းအားႀကီးၿပီး ဘဝင္ျမင့္လြန္းေသာ လူတစ္ေယာက္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနပုံမွာ ေတြးၾကည့္ရန္ပင္ ခက္လွသည္။
သို႔ေသာ္ ယဲ့က်န႔္ဟန္ခမ်ာ တကယ့္ကို ကူကယ္ရာမဲ့ေနရွာသည္။ ျခဴးမုယြင္က က်ိဳးေၾကာင္းဆင္ျခင္ႏိုင္ၿပီး တည္ၿငိမ္လြန္းေနသည္။ ထိုလူသားေလးသာ သူ႔အေပၚ ခံစားခ်က္တစ္စုံတစ္ရာ ရွိခဲ့မည္ဆိုလွ်င္ သူ၏ ခံစားခ်က္ကို ေသြးေအးေအးျဖင့္ အသုံးခ်ႏိုင္မည္ မဟုတ္ေပ။
ထို႔ေၾကာင့္ သိသာပါသည္။ အစမွအဆုံးထိ ထိုလူသားေလးဟာ စိတ္ခံစားခ်က္မ်ားၾကား ပိတ္မိသြားျခင္းမရွိဘဲ အလုံးစုံ တည္ၿငိမ္ႏိုင္ခဲ့သည္။
ယဲ့က်န႔္ဟန္အတြက္ ျခဴးမုယြင္အား အႏိုင္ယူရန္ လမ္းစမရွိေတာ့ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ သူ ထိုလူသားေလးကို က်ိန္းေသေပါက္ လိုက္ေလ်ာမိလိမ့္မည္။ ျခဴးမုယြင္အေပၚ ေမွ်ာ္လင့္တမ္းတမိကတည္းက သူဟာ က်ရႈံးသြားၿပီျဖစ္သည္။
ယဲ့က်န႔္ဟန္၏ အမူအရာက ျခဴးမုယြင္အား ဘာေၾကာင့္ရယ္မသိ စိတ္လႈပ္ရွားလာေစသည္။
ယဲ့က်န႔္ဟန္ ဘာေတြးေနမွန္း သူသိသည္။
မည္သို႔ဆိုေစ သူတို႔ႏွစ္ဦးလုံးက အလြန္ဉာဏ္ေကာင္းလြန္းရာ တစ္ဦး၏ အေတြးကို က်န္တစ္ဦးက အဘယ္သို႔ မျမင္ႏိုင္ဘဲေနမည္နည္း။
ျခဴးမုယြင္၏ စိတ္ထဲ တကယ့္ကို အံ့အားသင့္သြားခဲ့သည္။ အိပ္ေမာက်ေနသည့္ လူတစ္ေယာက္ကို အိပ္မက္မက္ေအာင္ လုပ္ႏိုင္ပါေသာ္လည္း တစ္ေန႔ ပုံမွန္အတိုင္း ႏိုးေနသူကိုပါ အိပ္မက္မက္တတ္ေအာင္ လုပ္ႏိုင္လိမ့္မည္ဟု သူ မထင္ထားခဲ့ေပ။
ယဲ့က်န႔္ဟန္သည္ အသိစိတ္အျပည့္ျဖင့္ အရာအားလုံး သိထားပါေသာ္လည္း စိတ္ကူးယဥ္အိပ္မက္ထဲကို လိုလိုလားလား ခုန္ဆင္းခ်င္ေနေလသည္။
တကယ္တမ္း ဘယ္သူကေရာ ျငင္းပယ္ႏိုင္ခဲ့လို႔လဲ..?
ျခဴးမုယြင္၏ တစ္ကိုယ္လုံး ေတာင့္တင္းသြားခဲ့၏။
ကြၽင္းေမာ့သည္ သူအသုံးခ်ခံေနရမွန္း သိပါလ်က္ႏွင့္ လက္လႊတ္ဆုံးရႈံးခံရန္ ျငင္းဆန္ခဲ့သည္။ ရွဲ႕ခ်င္းလန္သည္ သူကိုယ္တိုင္ ဖန္တီးအပ္သည့္ ပုံရိပ္ေယာင္ကမာၻထဲတြင္ ေနထိုင္ခဲ့သည္။ အသိစိတ္ရွိပါလ်က္ အိပ္မက္မက္ေနသည့္ အေျခအေနမ်ိဳးပင္။ ေနာက္ထပ္ လႊမ္းမိုးခ်ဳပ္ကိုင္လိုစိတ္ႀကီးေသာ ရွန္႐ႊိန္ယန္း.. ျခဴးမုယြင္အတြက္ ဘယ္ေသာအခါမွ အထိမခံႏိုင္သည့္ သူ၏ ေအာက္ဆုံးစည္းကိုပင္ ဖယ္ရွားေပးလိုခဲ့သည္။ ေနာက္ဆုံး ေမာ့က်ိဳးေရွာင္သည္လည္း သူ လိမ္ညာေနမွန္း ေကာင္းေကာင္းသိပါလ်က္ သူ႔အား ယုံၾကည္ေပးခဲ့သည္။
ဘာလို႔လဲ..? ဘာလို႔ သူတို႔အားလုံး ဒီေလာက္အထိ စြဲလမ္းသြားရတာလဲ..?
ယဲ့က်န႔္ဟန္က သက္ျပင္းဖြဖြခ်ကာ ျခဴးမုယြင္၏ မဟူရာဆံႏြယ္မ်ားကို အသာပြတ္သပ္ရင္း..
“ကိုယ္ေမးခ်င္တာရွိတယ္..”
ျခဴးမုယြင္က သူ႔ကို ေမာ့ၾကည့္ကာ.. : “ဟမ္..?”
ယဲ့က်န႔္ဟန္ : “လြန္ခဲ့တဲ့ ႏွစ္သုံးေထာင္တုန္းက လင္းစုယြင္ရဲ႕ ခႏၶာကိုယ္နဲ႔ ဝိဉာဥ္ကို ထိန္းသိမ္းထားေပးဖို႔ ကိုယ့္ကို ေတာင္းဆိုတုန္းကေလ.. အဲ့အခ်ိန္တုန္းက မင္းေျပာခဲ့တာ… ကိုယ့္ရဲ႕ ေနာက္ေၾကာင္းဆိုတာ…”
ျခဴးမုယြင္ အသံတိတ္သြားသည္။
ယဲ့က်န႔္ဟန္က ၿပဳံးကာ.. “ကိုယ့္ဘက္က သေဘာတူညီခ်က္ကို ျဖည့္ဆည္းေပးခဲ့ေပမယ့္ မင္းကေတာ့ ေရွာင္ေျပးသြားတယ္..”
ျခဴးမုယြင္ အသံတိတ္ေနဆဲ။
ထိုအျခင္းအရာကို ၾကည့္ၿပီး ယဲ့က်န႔္ဟန္မွာ နားမလည္ႏိုင္ေတာ့ေပ။ : “မင္း ေျပာခဲ့တဲ့ ကိုယ့္ရဲ႕ ေနာက္ေၾကာင္းဆိုတာ… ဒီအတိုင္း လုပ္ဇာတ္သပ္သပ္ပဲလား..?”
ျခဴးမုယြင္ : “……… အင္း..”
“ရႈိ႕ေလာ္နယ္ေျမထဲ ေခၚသြားေပးေအာင္ လွည့္စားခဲ့တာေပါ့..?”
“အင္း..”
“ကိုယ္သာ ယဲ့သမ့္သမ့္ျဖစ္သြားရင္ ကိုယ့္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္မယ္.. ၿပီးေတာ့ သေဘာတူညီခ်က္ကိုလည္း ပယ္ဖ်က္ႏိုင္မယ္ဆိုတဲ့ အေတြးနဲ႔လား..?”
ျခဴးမုယြင္ : “……..”
သူကိုယ္တိုင္လုပ္ခဲ့တဲ့ ကိစၥေတြဆိုေပမယ့္ ျပန္ေတြ႕ၾကည့္လိုက္ေတာ့ သူက တကယ့္ကို လူယုတ္မာႀကီးပဲ..!
ယဲ့က်န႔္ဟန္က အသာၿပဳံးလိုက္ရင္း သူ၏ နဖူးကို အသာထိေတြ႕ကာ.. : “လူလိမ္ေလး..”
ျခဴးမုယြင္ : “……….”
ယဲ့က်န႔္ဟန္ : “ထားပါေတာ့.. အစကတည္းက မင္း ကိုယ့္ကို ေထာင္ေခ်ာက္ဆင္ေနမွန္း သိေနၿပီးသားပါ..”
ဒါေပမဲ့ သူ ခုန္ဆင္းမိေနတုန္းပဲ..!
အခုလိုေပါ့၊ ျခဴးမုယြင္ က်င္းတူးထားမွန္း သူသိတယ္။ ဒါေပမဲ့ က်င္းေအာက္ေျခမွာ ဆူးေျငႇာင့္ေတြနဲ႔ ျပည့္ႏွက္ရင္ေတာင္ သူ ခုန္ဆင္းမိဦးမွာပဲ..!
ျခဴးမုယြင္သည္ ယဲ့က်န႔္ဟန္ဆိုလွ်င္ သစ္႐ြက္မ်ားကို လြင့္ေႂကြေစေသာ ေဆာင္းဦးေလညင္းသဖြယ္ ေသြးေအးရက္စက္ခဲ့၏။ မည္သို႔ဆိုေစ ထိုအမ်ိဳးသားက သူ႔ကို ေျခာက္ႀကိမ္တိုင္တိုင္ သတ္ပစ္ခဲ့သည္ မဟုတ္ပါလား။ ထို႔ေၾကာင့္ ယဲ့က်န႔္ဟန္အား ဘယ္ေသာအခါမွ မ်က္ႏွာသာမေပးခဲ့ေပ။ သို႔ေသာ္ ယခုေတာ့ သူ၏စိတ္ထဲ အျပစ္မကင္းသည့္ ခံစားခ်က္တခ်ိဳ႕ ခိုေအာင္းလာခဲ့သည္။
ဤတစ္ႀကိမ္ေတာ့ ယဲ့ေရွာင္ဟန္အတြက္မဟုတ္၊ ယဲ့က်န႔္ဟန္အတြက္ ျဖစ္ေနခဲ့သည္။
တစ္ဖက္လူ၏ စိတ္ခံစားခ်က္ကို အရွက္မဲ့စြာ အခြင့္အေရးယူခဲ့မိ၍လည္း ျဖစ္ႏိုင္ပါသည္။
ျခဴးမုယြင္က ဘာမွျပန္မေျပာေသာ္လည္း ယဲ့က်န႔္ဟန္က ႐ုတ္တရက္ ေမးလာျပန္သည္။
“ရႈိ႕ေလာ္နယ္ေျမအေၾကာင္း ဘယ္လိုသိတာလဲ..?”
ျခဴးမုယြင္က အေျဖကို ျပင္ဆင္ထားၿပီးသားပင္။ : “’သူ’ေျပာျပတာ..”
(TN : ‘သူ’ = Ze-ဘာမွန္းမသိတဲ့အရာ-ro )
ယဲ့က်န႔္ဟန္ : “’သူ’က ကိုယ္တို႔အေၾကာင္း ေကာင္းေကာင္း နားလည္ထားတာပဲ..?”
ျခဴးမုယြင္ : “’သူ’ အမ်ားႀကီး သိထားတယ္..”
ယဲ့က်န႔္ဟန္သည္ အေတာ္ၾကာေအာင္ တိတ္ဆိတ္သြားၿပီးေနာက္ ႏူးညံ့စြာ ေျပာလာသည္။ : “ေကာင္းပါၿပီ.. ကိုယ္ မင္းကို ကူညီေပးမယ္..”
ျခဴးမုယြင္ကို ကူညီေပးၿပီးရင္ ဒီကမာၻႀကီးရဲ႕ လွ်ိဳ႕ဝွက္အေၾကာင္းအရာေတြ သိႏိုင္လိမ့္မယ္ထင္ပါရဲ႕..!
ေမွာင္စျပဳလာၿပီျဖစ္၍ ျခဴးမုယြင္ႏွင့္ ယဲ့က်န႔္ဟန္သည္ အနီးအနားရွိ ၿမိဳ႕တစ္ၿမိဳ႕၌ ခဏတျဖဳတ္ အနားယူရန္ ေနစရာရွာလိုက္သည္။
ႏွစ္ေယာက္သား အတူအိပ္စက္ခဲ့ေသာ္လည္း ဘာမွမလုပ္ခဲ့ေပ။
ထိုညတြင္ ျခဴးမုယြင္သည္ အဓိပၸါယ္မရွိသည့္ အိပ္မက္တစ္ခု မက္ခဲ့သည္။
အိပ္မက္ထဲတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးေထာင္ေက်ာ္က ယဲ့သမ့္သမ့္အား ပ်ိဳးေထာင္ေပးခဲ့သည့္ အခ်ိန္ကာလမ်ားသို႔ ျပန္ေရာက္သြားပုံရ၏။ သို႔ေသာ္ သိပ္လည္းမတူေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ယဲ့ေရွာင္ဟန္ ေပၚလာခ်ိန္တြင္ ျခဴးမုယြင္က ေဆးမိၿပီး အလြန္အားနည္းေနခဲ့သည္ မဟုတ္ပါလား။
သို႔ေသာ္ အိပ္မက္ထဲမွာေတာ့ သူက က်န္းမာသန္စြမ္းၿပီး ခ်ီစြမ္းအားအျပည့္ျဖင့္ ယဲ့ေရွာင္ဟန္ကိုပင္ က်င့္ႀကံနည္းမ်ား သင္ၾကားေပးေနေသးသည္။
ျခဴးမုယြင္က ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ေသာ္လည္း ကံဆိုးစြာျဖင့္ ဘာကိုမွ် သဲသဲကြဲကြဲ မျမင္ႏိုင္ခဲ့ေပ။
ယဲ့ေရွာင္ဟန္သည္ ဉာဏ္ေကာင္းၿပီး အ႐ြယ္ႏွင့္မလိုက္ေအာင္ အလြန္လိမၼာ၏။ မည္သည့္ပညာရပ္မဆို အတတ္ျမန္သည္။ သို႔ေသာ္ သူ၏ အက်င့္စ႐ိုက္က အလြန္တည္ၿငိမ္ေအးစက္ၿပီး ကေလးတစ္ေယာက္ႏွင့္ လုံးဝမတူပါေခ်။
႐ုတ္တရက္ ျမင္ကြင္းေျပာင္းသြားျပန္သည္။ ေကာင္ငယ္ေလးသည္ ညတြင္းခ်င္း အ႐ြယ္ေရာက္သြားၿပီး သူ႔ထက္ အရပ္ရွည္ေသာ ယဲ့က်န႔္ဟန္ ျဖစ္လာသည္။ ခံစားခ်က္မ်ား သိုဝွက္ထားတတ္ေသာ နက္ေစြးသည့္ မဟူရာမ်က္ဝန္းတစ္စုံက ျမင္သူတိုင္း၏ ႏွလုံးအိမ္ကို တုန္ယင္သြားေစေလာက္သည္။
ျခဴးမုယြင္က ထိုျမင္ကြင္းကို ေအးတိေအးစက္ ၾကည့္ေနခဲ့သည္။
ထို႔ေနာက္မွာေတာ့ ယဲ့က်န႔္ဟန္က သူ႔ကို ဆြဲလွဲလိုက္ၿပီး အၾကမ္းပတမ္း ခ်စ္တင္းေႏွာေနသည့္ ျမင္ကြင္းတစ္ခု ေပၚထြက္လာျပန္သည္။ ျပင္းျပင္းျပျပ ခ်စ္ေနၾကသည့္တိုင္ သူ၏ အမူအရာသည္ အစမွအဆုံးထိ တည္ၿငိမ္ၿမဲတည္ၿငိမ္ဆဲ။ ခႏၶာကိုယ္၏ အလိုလိုတုံ႔ျပန္မႈေၾကာင့္ စိတ္ႂကြလာခ်ိန္မွာပင္ ခံစားခ်က္မရွိခဲ့ေပ။
ထိုအခိုက္ ယဲ့က်န႔္ဟန္အား ႐ုတ္တရက္ ေမးလိုက္သည္။
“ဒါက မင္းလိုခ်င္တာလား..?”
………………………………………….
TN : Meli တစ္ေယာက္ခ်င္း ျပန္ေျဖဖို႔မအားလို႔ ဒီမွာပဲ ေျပာလိုက္ပါမယ္ေနာ္။ စုစုေပါင္း 279 ပိုင္းပါ။ အဲ့တာေၾကာင့္ အပိုင္း 50 ပဲ က်န္ပါေတာ့တယ္။
Click ၾကပါဦးေနာ္။
………………………………………….