True Love 💭 (Completed)

By KaKyoePhyu85

842K 16.9K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 5 (U&Z)

12.7K 295 6
By KaKyoePhyu85

True Love 💭❤ အပိုင်း - 5
(Unicode)

"မမာရယ်မဖြစ်နိုင်ပါဘူး ကျွန်မတို့အိမ်ကလဲရွှေကူမရှိရင်မရဘူးတော့"

"ဒေါ်အုန်းရှိတာပဲမထူးမြတ်ရယ် မမာလဲအဖော်မရှိတော့ ရွှေကူလေးကိုခေါ်ထားချင်တာပါ"

"အဖော်ပဲမမာရယ် အိမ်အကူရှာမယ်ဆိုပြီးကြော်ငြာထည့်လိုက်ရင်ပေါလို့လုပ်မယ့်လူတွေ"

"အဲ့လိုလဲမဟုတ်သေးဘူးလေမထူးမြတ်ရယ် ရွှေကူ့သဘောကိုလဲမမာကမေးကြည့်ခဲ့ပြီးပြီ သမီးရွှေကူကလဲလာနေချင်ပါတယ်လို့ပြောလို့မထူးမြတ်ဆီကလာခွင့်တောင်းနေရတာပါ"

မာမီကပြောပေမယ် တစ်ဖက်ကအန်တီထူးမြတ်ကလက်မခံသည့်အခြေအနေကြောင့် ကွန့်မြူးစိတ်မရှည်ဖြစ်လာရသည်။

"ရွှေကူ မိရွှေကူ .."

"ရှင့်..အန်တီလေး"

"လာအုံး"

"ဟုတ်"

ရွှေကူမီးဖိုခန်းဘက်မှ အန်တီလေးခေါ်ရာဧည့်ခန်းဆီ အမြန်ပြေးထွက်လာလိုက်သည်။

"ညည်းကအဲ့အိမ်မှာနေချင်ပါတယ်ဆိုဟုတ်လား..."

ထိုင်ကတည်းက အောက်ကကြမ်းပြင်ပေါ်ဒူးတုတ်ရက်ထိုင်နေသည်မို့ ကွန့်မြူးအလိုမကျတော့ပေ။ ပြောသည့်လေသံကလဲ ကလေးကိုခြိမ်းခြောက်နေသည့်လေသံနှင့်မို့ ဟိုကမျက်နှာတောင်မော့မကြည့်ရဲ ကြောက်နေပုံများကကွာ။ အဲ့လောက်နိုင်စားဖို့လိုသလား အလုပ်သမားတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်တွေကို ကြောက်အောင်လုပ်ပြီးခြိမ်းခြောက်နေတာတွေ ရွေးချယ်ဖို့အခွင့်အရေးမပေးတာတွေက ထင်ထင်ရှားရှားကြီးကိုဖြစ်နေလေသည်။

"ညည်းကိုမေးနေတယ်လေ ဘာလဲအ သွားတာလား"

"ဟုတ် "

"ဒီအိမ်ကဘာဖြစ်နေလို့လဲအေ ပြောပါအုံး"

"ဟို.. ရွှေကူ"

"အလုပ်တွေသေလောက်အောင်လုပ်နေရလို့လားညည်းကပြောင်းရအောင်"

"မဟုတ်ပါဘူး ရွှေကူက"

"ပင်ပန်းတယ်ထင်နေတာလားညည်းက"

"၁၄ နှစ်သမီးတုန်းကတောင်လုပ်နိုင်သေးတယ် အခုအသက်၂၀ ပဲပြည့်တော့မယ် ပင်ပန်းရအောင်ကလဲ ညည်းပဲအလုပ်နှစ်လုပ်လုပ်ချင်လှပါတယ်ဆို ခွင့်ပြုပါဆိုလို့ငါကခွင့်ပြုထားတာနော် "

"ရွှေကူလုပ်နိုင်ပါတယ်"

"အဲ့တာဆိုဘာလို့ပြောင်းချင်တာလဲ ငါတို့ကညည်းကိုနှိပ်စက်နေလို့လားအေ "

မေးရက်တယ်အန်တီလေးရယ် အန်တီလေးတို့ကြောင့် ရွှေကူနလန်မထူနိုင်အောင်ထိ ကြောက်ရွံ့စိတ်တွေ သိမ်ငယ်စိတ်တွေ စိတ်ဒဏ်ရာတွေ ကိုယ်ပေါ်ကဒဏ်ရာတွေနဲ့ ရွှေကူခန္ဓာရောစိတ်ရောပြည့်နေပြီကို အန်တီလေးမို့နှိပ်စက်နေလို့လားလို့ မေးထွက်တယ်အန်တီလေးရယ်။

"မာကရွှေကူလေးကိုမွေးစားချင်တာပါ အလုပ်သမားအနေနဲ့ခေါ်မှာမဟုတ်ပါဘူး မထူးမြတ်ရယ် "

"ဘာပဲဖြစ်ဖြစ်ပေါ့မမာရယ် သူ့အဒေါ်ကထူးမြတ်ကိုအပ်ထားတာလေ အခုမှတစ်ခြားအိမ်ပြောင်းပြီးနေမယ်ဆိုတော့ သူ့အဒေါ်ကိုထူးမြတ်ကဘယ်အကြောင်းပြချက်နဲ့ပြောပြရမှာလဲ သူ့တူမကထူးမြတ်တို့အိမ်မှာမနေနိုင်လို့ ပြောင်းသွားတယ်လို့ပြောရမှာလား"

"ရွှေကူမပြောင်းတော့ပါဘူး "

"သမီးကလဲကွယ်"

"မေမေကြီးပြန်လိုက်နော် ရွှေကူကဆုံးဖြတ်ချက်မှားပြီးချမိသွားတာ မေမေကြီးတို့အိမ်ရွှေကူမနေချင်တော့ဘူး ရွှေကူဒီမှာပဲနေပါ့မယ်"

"မဟုတ်သေးဘူးလေကွာ "

"လုပ်စရာရှိသေးတယ်မလား သွားလုပ်လေ"

"ဟုတ်ကဲ့"

မဟုတ်ဘူးလေကွာ။ ဒီလိုဖြစ်သွားဖို့ သားမိနှစ်​ယောက်လာတာမှမဟုတ်ပဲ။ ကောင်မလေးကို ကိုယ့်အိမ်ကိုခေါ်သွားဖို့လာတာလေကွာ။ မင်းလေးကို ချောချောရူရူနဲ့ခေါ်သွားဖို့လေ။

"ကျွန်တော်တို့ကအလုပ်လုပ်ဖို့ခေါ်တာမှမဟုတ်တာအန်တီရယ် သူ့အဒေါ်တွေကလက်ခံပေးရမှာပေါ့"

"အန်တီတို့ကလဲရွှေကူ့ကို အလုပ်ခိုင်းဖို့ကြည့်ခေါ်ထားတာမဟုတ်ဘူး သားကွန့်မြူးရဲ့ သူ့အဒေါ်ကိုယ်တိုင်က သူမစောင့်ရှောက်နိုင်တော့လို့ ကျောတစ်ခင်းစာ ထမင်းတစ်လုတ်စာရရင်ကို သူ့တူမကိုစိတ်ချပါပြီဆိုပြီးထည့်ပေးလိုက်တာ "

"ဗျာ..."

"ဟုတ်တယ် ကျောင်းလဲဆက်မထားနိုင်တော့ဘူး ဆက်ပြီးလဲမထိန်းကျောင်းနိုင်တော့ဘူးဆိုပြီး ကူညီပါလို့ဒူးထောက်တောင်းပန်လို့ ခေါ်လာခဲ့တာ အန်တီတို့ကသဘောကောင်းလွန်းလို့ လစာပေးပြီး အလုပ်ခန့်တဲ့အနေနဲ့ခေါ်ထားတာကွယ့် ပြောရမယ်ဆိုရင် ရွှေကူကအန်တီတို့ရဲ့အလုပ်သမားလဲမဟုတ်ဘူး မိသားစုဝင်လဲမဟုတ်ဘူး ဒါပေမယ့်ရွှေကူကဒီအိမ်ကတော့ပြောင်းလို့မရဘူးသားကွန့်မြူး သူ့အဒေါ်ကိုယ်တိုင်ထည့်ထားတာမို့ အန်တီတို့ကခွင့်ပြုလို့မရဘူး"

ဒါဆိုဒေါ်လေးကိုယ်တိုင်က ရွှေကူ့ကိုစွန့်ပစ်လိုက်တာပေါ့။ ဖေဖေနဲ့မေမေလို ရွှေကူ့ကိုစွန့်ပစ်ခဲ့တာပေါ့လေ။ ဒေါ်လေးရယ်ရွှေကူ့ကိုကျောင်းမထားနိုင်ရင်လဲ ရွှေကူကျောင်းထွက်မှာပေါ့။ ဒေါ်လေးရှာမကျွေးနိုင်လဲ ရွှေကူအလုပ်ထွက်လုပ်ပြီးဒေါ်လေးကိုပါရှာကျွေးမှာပေါ့ ဒေါ်လေးရယ်။ အခုတော့ရွှေကူ့ကိုစွန့်ပစ်ပြီး ဒီငရဲတွင်းကြီးကိုနိဗ္ဗာန်ထင်ပြီးပို့ခဲ့တာပေါ့။ ရွှေကူ့ကိုဒီနှစ်တွေမှာ သမီးပျော်ရဲ့လားအဆင်ပြေရဲ့လားတောင်မမေးခဲ့တဲ့ဒေါ်လေးက မအားလို့လို့ထင်နေခဲ့တာ အမှန်က ရွှေကူ့ကိုစွန့်ပစ်ခဲ့တာတဲ့လား။ ရွှေကူ့ကိုရွာပြန်လာဖို့မပြောတာဒါကြောင့်ပေါ့။ ရွှေကူလတိုင်းပေးနေခဲ့တဲ့ပိုက်ဆံတွေကို ရွှေကူမနှမြောပါဘူး ရွှေကူကတစ်နေ့ ဒေါ်လေးဆီပြန်လာပြီးအတူနေကြမယ်လို့တွေးထားခဲ့တာလေ အခုတော့။ ရွှေကူ့မှာပြန်လာစရာအကြောင်းတောင်မရှိတော့ဘူးတဲ့လား ဒီနစ်တွေအရူးတစ်ယောက်လို အနှိပ်စက်ခံပြီး ရွှေကူပိုက်ဆံတွေစုခဲ့တာလေဒေါ်လေးရယ်။

"ဟင့် ..."

နံရံနှင့်ကွယ်၍မီးဖိုခန်းဘက်တွင်ရွှေကူခိုးနားထောင်နေရာမှ ရင်ဘက်ထဲစို့တတ်စွာရွှေကူခံစားနေရပြီး ထိုနေရာတွေသာခွေခွေလေးထိုင်ချ၍ငိုနေမိသည်။

"မဟုတ်ဘူး စွန့်ပစ်တာမဟုတ်ဘူး "

"စွန့်ပစ်တာမဟုတ်ဘူး မဟုတ်ဘူး"

"ဒေါအုန်းဘာဖြစ်တာလဲ"

"ရွှေကူ ရွှေကူလေးအရင်လိုဖြစ်သွားလို့ ကိုတိုးကိုသွားခေါ်မလို့"

"သွားသွားမြန်မြန်သွားခေါ် "

ကွန့်မြူးဝုန်းခနဲထကာ မီးဖိုခန်းဘက်ပြေးသွားလိုက်တော့ ကြမ်းပြင်မှာခွေခွေလေးထိုင်၍ မျက်ရည်တွေပြည့်ကာငိုနေသည့်ကောင်မလေးကို မမြင်ချင်ပေမယ့်တွေ့လိုက်ရသည်။

"မဟုတ်ဘူး စွန့်ပစ်တာမဟုတ်ဘူး"

"မဟုတ်ဘူး"

"ရွှေကူ ရွှေကူသတိထားအုံးလေကွာ "

"မဟုတ်ဘူး မဟုတ်ဘူး"

"ဟေ့.. ကိုယ်ပြောနေတယ်လေ "

အရူးတစ်​ယောက်လို ထိုစကားတွေကိုသာ ရေရွတ်နေသည့်ကောင်မလေးကို ကောက်ပွေ့လိုက်တော့သည်။

"မဟုတ်ဘူး "

"​သား ရွှေကူလေးအခန်း​ ကြီးအုန်းလိုက်ပြမယ်"

.......

"ခဏခဏဖြစ်နေကြလားကြီးအုန်း"

"ဆိုပါတော့ကွယ် "

"ဆရာဝန်ပြသင့်တယ်လို့ ကျွန်တော်ထင်တယ်"

"စိတ်ကဖြစ်နေတာဆိုတော့လဲဘာလုပ်တတ်မှာလဲ ဆေးသောက်ပါရက်နဲ့လဲသမီးရွှေကူကအဲ့လိုဖြစ်သွားတတ်တော့ ကြီးအုန်းတို့လဲကြာတော့ ဆရာဝန်မပြဖြစ်တော့ဘူးသားရယ်"

"စိတ်ကဖြစ်တယ်ဆိုတာက "

"ရွှေကူလေးအကြောင်းကပြောရင်အရှည်ကြီး ဒီအိမ်ကတော့ခေါ်ထုတ်ပေးဖို့ကြီးအုန်းကတောင်းဆိုပါတယ် သားနဲ့မာဝေရယ်"

"မာတို့ကခေါ်ချင်ပေမယ့်မထူးမြတ်ကလက်မခံတော့ ခက်တယ်ဒေါ်အုန်းရယ်"

"မောင်ဘဝင်ဒီညနေပြန်လာမှာ သားတို့မောင်ဘဝင့်ကိုပြောကြည့်ရင်တော့ ရမယ်ထင်တယ် "

"တဂယ်လားဒေါ်အုန်း"

"မောင်ဘဝင်ကရွှေကူလေးကိုတော့ချစ်ရှာပါတယ် သူ့ဆီအကြောင်းစုံပြောပြရင်လက်ခံမှာအသေချာပဲ "

"ကျေးဇူးပါပဲဒေါ်အုန်းရယ်"

ကွန့်မြူးနေရစ်ခဲ့၍ သင်ပျူးဖျာလေးပေါ်စောင်ပါးလေးခင်းကာ သိပ်ထားသောထိုကောင်မလေးကို ထိုင်ကြည့်နေမိသည်။ မျက်မှန်လေးချွတ်၍ဘေးချထားတော့ မျက်တောင်လေးတွင် မျည်ရည်ဥလေးတွေက တွဲလဲခိုနေဆဲဖြစ်သည်။ ဘာဖြစ်လို့စိတ်ထိခိုက်ပြီး ထပ်သတိလစ်သွားရတာလဲကောင်မလေးရယ်။ မင်းလေးဘယ်လိုဖြစ်သွားရတာလဲကွာ။

အခန်းကအရမ်းကြီးမကျယ်ပေမယ့် သူမလေးအတွက်တော့ လုံလောက်တယ်ထင်ပါရဲ့။ ပစ္စည်းလေးတွေထားထားတာကလဲ နေရာစေ့ပြီး ပုံစံလေးတွေကိုကျလို့။ နေ့ခင်းကြီးပဲရှိသေးပေမယ့်စောင်လေးခြုံပေးခဲ့ကာ ပြူတင်းပေါက်ကိုကြည့်နေမိသည်။ ကြီးအုန်းကမှာသွားခဲ့သည် ပြူးတင်းပေါက်ကိုမပိတ်ပဲ တံခါးမကြီးကိုသာပိတ်ခဲ့ဖို့။ ဒါကြောင့်ကွန့်မြူးတံခါးမကြီးကိုပိတ်၍အိမ်သို့ပြန်လာခဲ့တော့သည်။

"Hello ဦးလေး ကျွန်တော်ကွန့်မြူးဝေပါ ဦးလေးနဲ့တိုင်ပင်စရာလေးရှိလို့ ဦးလေးညနေအားမလားမသိဘူး "

"ဟုတ်ကဲ့ကျွန်တော်စောင့်နေပါ့မယ်ဗျ"

ရွှေကူနိုးလာတော့ ညနေစောင်းပြီဖြစ်သည်။ အရင်လိုထပ်ဖြစ်ပြီး အိပ်ပျော်နေမှန်းကိုယ်တိုင်လဲသိသည်မို့ အိပ်ယာမှထကာစောင်လေးခေါက်ပြီး အိမ်မကြီးဆီကူးလာခဲ့တော့သည်။

"သမီးရွှေကူလာပါအုံးကွယ်  "

"ဟုတ်ကဲ့ဦးကြီး"

နေ့လည်ကလို အကိုလေးရယ်မေမေကြီးရယ်ပါ ရောက်နေပြန်ပြီမို့ ရွှေကူရင်လေးရပြန်သည်။

"သမီးကိုဒီကမမာတို့က အမွေစားအမွေခံနဲ့မွေးစားချင်လို့တဲ့ အဲ့တာသမီးဘက်ကဘယ်လိုသဘောရလဲ"

ရွှေကူအန်တီလေးကိုကြည့်မိတော့ အံ့ကျိတ်ပြလေသည်။ အကုန်လုံးကရွှေကူ့ဆီအကြည့်ရောက်နေသည်မို့ အန်တီလေးပုံစံကိုတော့ဘယ်သူမှမမြင်လိုက်ကြပေ။

"သမီးသဘောကိုဦးကြီးကသိချင်တာ မမာတို့ဆိုတာကလူရင်းတွေပဲ ဦးကြီးနဲ့လဲအသိတွေ အဓိကကသမီးရဲ့စိတ်ပဲ သမီးသွားချင်လား မသွားချင်ဘူးလားဦးကြီးကိုပွင့်ပွင့်လင်းလင်းပြော"

စဉ်းစားနေဟန်ကောင်မလေးကို ကွန့်မြူးအားကိုးတကြီးစိုက်ကြည့်နေမိသည်။ ပြောလိုက်ပါကွာ ကိုယ့်ဆီလာပါမယ်လို့....

"ဟုတ်..သမီးသွားချင်ပါတယ်"

ရက်စ် အခုမှအလုံးကြီးကျသွားရသလို ထမကမိအောင်ပါ မနည်းထိန်းနေရတော့သည်။

"ကဲမမာရေ စိတ်သာချလိုက်တော့ သမီးရွှေကူမှသဘောတူရင် ကျွန်တော်တို့ဘက်ကကန့်ကွက်စရာအကြောင်းမရှိပါဘူး "

"ဝမ်းသာလိုက်တာကိုဘဝင်ရယ် သမီးရွှေကူကိုသမီးလေးတစ်ယောက်လိုဆက်ဆံမှာပါ စိတ်ချပါ"

"လူရင်းတွေပဲဗျာ မမာတို့အကြောင်းလဲကျွန်တော်သိနေတာပဲ ကဲသမီးဘယ်တော့ပြောင်းမလဲ အဲ့လိုမေးတာသမီးကိုဒီမှာမနေစေချင်လို့ပြောတာမဟုတ်ဘူးနော်"

"ဟုတ်ရွှေကူ.."

"အခုတော့ပြောင်းလို့မရသေးဘူးနော်"

ရွှေကူ့ပြောမပြတတ်အောင်ပျော်သွားရပေမယ့် အပျော်တွေကအန်တီလေးစကားကြောင့် ပျောက်သွားရပြန်သည်။

"ဘာဖြစ်လို့လဲကွ "

"လူရှာရအုံးမယ်လေ လကုန်မှညည်းပြောင်းလို့ရမယ် ဒီကြားထဲငါကလူရှာရအုံးမှာ ညည်းအဲ့တာတော့စောင့်နိုင်တယ်မလား "

"ဟုတ်ကဲ့အန်တီလေး"

လကုန်ဖို့ကသုံးရက်သာလိုတော့သည်မို့ ကွန့်မြုးလဲဘာမှဝင်မပြောပဲ သဘောတူလိုက်ရသည်။ ဒီသုံးရက်ပါပဲကွာ ဒီသုံးရက်ပြီးရင် ကိုယ်သေချာပေါက်ခေါ်ထုတ်ပါ့မယ်။

ရွှေကူဒေါ်လေးကိုဖုန်းမဆက်မိအောင်မနည်းထိန်းနေရသည်။ အန်တီလေးပြောတာအမှန်မဖြစ်ပါစေနှင့် ဆုတောင်းရင်း အမှန်ဖြစ်သွားမှာကိုလဲကြောက်နေမိသည်။

"ဒေါ်လေးသိလား ရွှေကူ့မိဘတွေလိုဒေါ်လေးရောရွှေကူ့ကိုစွန့်ပစ်သွားမှာကြောက်နေရတာဒေါ်လေးရဲ့ .."

"ရွှေကူ့ဘက်ကမမေးဘူး ဒေါ်လေးရွှေကူ့ကိုအန်တီလေးတို့ဆီပေးပစ်ခဲ့တာလားလို့ရွှေကူမမေးဘူးဒေါ်လေး အဲ့တာဆိုရွှေကူဒီနှစ်တွေပြီးရင်ပြန်လာခဲ့ရင် ဒေါ်လေးကရွှေကူ့ကိုလက်ခံမှာမလား...
ရွှေကူ့ကိုပေးပစ်ခဲ့တာမို့ မလာရဘူးလို့မနှင်ဘူးမလား...
ရွှေကူမသိချင်ယောင်ဆောင်ထားရင်ဒေါ်လေးလဲမပြောပဲအရင်လိုပဲဖုန်းတွေပြောပြီး ရွာကအကြောင်းတွေပြောပြအုံးမှာမလားဒေါ်လေးရယ်"

ရွှေကူညကြီးကောင်းကင်ကြီးဆီကြည့်၍ ငေးမောငိုနေမိသည်။ လပြည့်ဝန်းကြီးကိုကြည့်ရင်း တသွင်သွင်ဆီးကျနေသည့်မျက်ရည်တို့က ရွှေကူ့လည်တိုင်တို့တောင်စိုစွတ်နေပြီဖြစ်သည်။ နဂိုကပဲအမြင်ဝါးလို့လား မျက်ရည်တွေကြောင့်ပဲအမြင်ဝါးလို့လားတော့မသိ ရွှေကူမျက်လုံးတို့ဖွင့်ထားပေမယ့် ဘာမှကိုမမြင်ရတော့ပေ။

"ပိတ်ရက်မှာပျော်ခဲ့လားရွှေကူရေ"

"ပျော်ပါတယ် မဇင်ရော"

"ပျော်တာပေါ့ ကျားကျားနဲ့လည်ခဲ့တယ်လေ "

"အားကျနေပြီမဇင်ရေ "

ကွန့်မြူးအားကျနေပြီဆိုသည့်အသံကြားတော့ နောက်သို့လှည့်ကြည့်လိုက်သည်။ ဒီဟာလေး လူကလက်တောက်လောက်နဲ့ မသိရင်ခွေးပစ်တဲ့ဒုတ်လောက်နဲ့ကိုများ အားကျသလေးဘာလေးနဲ့။
ရည်းစားလား စိတ်ကူးယဉ်မနေနဲ့ ဒီကရှေ့ကိုယ့်ညီမလေးဖြစ်သွားရင် မင်းလေးကိုဘယ်ယောက်ကျားလေးနဲ့မှသဘောမတူဘူး။ ရည်းစားလဲမထားရဘူး။
အွန်း အားကျနေတဲ့ကောင်မလေး စိတ်ထဲကပုံစံကိုထုတ်ပြပြီး ကောက်ထုလိုက်ရင်လဲ မကောင်းရှိရော့မယ်။

"အကိုလေး ရွှေကူ့ကိုခေါ်တယ်ဆိုလို့"

"ညကဆူသေးလား"

"ရှင် အော်..မဆူပါဘူး"

"ဒီညကစပြီး ထူးခန့်အနိုင်ကျင့်ရင်ကိုယ့်ကိုလှမ်းခေါ်ကြားလား"

"ဟုတ်"

"ဟိုတစ်နေ့ကလိုအနာတရလဲ ထပ်မဖြစ်စေနဲ့ ဒီမှာအိပ်ချင်ရင်လဲအိပ်နေ အိမ်ရောက်ရင်မင်းအချိန်မတော်ထိအလုပ်လုပ်ရတာမလား ဒီသုံးရက်မှာရုံးအလုပ်မလုပ်နဲ့ သက်တောင့်သက်သာနဲ့အိပ်ပြီး ထမင်းများများစား ..."

"ရွှေကူကလား"

"စိတ်ရှည်တယ်ကွာ.. ဒီမှာမင်းနဲ့ကိုယ့်အပြင်ဘယ်သူရှိသေးလို့လဲ"

ထိုအခါမှ နားလည်ဟန်နဲ့ မျက်လွှာလေးချသွားလေသူ သူမလေးကြောင့်အူတွေယားမိပြန်သည်။ မာမီရေတဂယ်မွေးစားပြီးရင်ဒီကောင်မလေးက ကျွန်တော့ညီမလေးဖြစ်ပြီမလားမာမီရေ။ အဲ့အခါမှ စကားနားမထောင်ရင်ခေါင်းခေါက်ပစ်မယ် နားမလည်ပဲအူတူတူလုပ်နေရင်လဲ ကိုင်ပေါက်ပစ်အုံးမယ် ဒီဟာလေးကို။

"သေချာနားထောင် ဒီရက်တွေသူတို့နှိပ်စက်လာရင် ပြိုလဲမသွားနဲ့ကြားလား ဘေးမှာကိုယ်တို့ရှိတယ်ဆိုတာသတိရပြီး သည်းခံနေ"

"ဟုတ် "

"အလုပ်ကိုလဲအမှားကင်းအောင်လုပ်ပြီး အပြစ်လွတ်အောင်နေ"

"ဟုတ်"

"သည်းမခံနိုင်ရင်လဲနီးရာနဲ့ကောက်ပေါက်ပြီး ပြန်လုပ်ခဲ့ ပြသနာဖြစ်လာရင်ကိုယ်ရှင်းမယ်"

"ဟုတ်"

"အမ် အဲ့လိုရောလုပ်ခဲ့ရမှာလား"

"စိတ်ရှိရင်လုပ်ခဲ့ကွာ ဘာကြောက်စရာရှိလဲ မင်းကနောက်ဆိုဒီကကွန့်မြူးဝေရဲ့ညီမဖြစ်တော့မှာကို လုပ်ချင်ရင်လုပ်သာလုပ်ခဲ့"

"ဟုတ်ကဲ့"

ရွှေကူအားတတ်သွားရသည်။ ပြန်လုပ်ဖို့အစီစဉ်မရှိပေမယ့် ရွှေကူ့ကိုအားပေးသည်မို့ ဝမ်းသာသွားရသည်။ အကိုလေးသာရွှေကူ့ရဲ့အကိုအရင်းဖြစ်သွားရင် သိပ်ကောင်းမှာပဲအကိုလေးရယ်။ ဒါပေမယ့်ရွှေကူ့ကိုမွေးစားဖို့ ရွှေကူသဘောမတူဘူးအကိုလေးရယ် ရွှေကူကအိမ်အကူအဖြစ်ပဲအကိုလေးတို့အိမ်လာနေမှာပါ။ ဒါမှရွှေကူထွက်သွားချင်တဲ့အချိန် ထွက်သွားလို့ရမှာလေ။ ရွှေကူ့ကိုခေါ်ထားပြီးမှ ဒေါ်လေးလိုထပ်ပြီးစွန့်ပစ်သွားကြရင် ရွှေကူအဲ့အချိန် ရူးသွားရမှာအကိုလေးရဲ့။ ရွှေကူမမျှော်လင့်ချင်တော့ပါဘူး အားကိုးရာရှိတယ်ဆိုပြီးပျော်ရွှင်ချင်ပေမယ့် ရွှေကူမပျော်ရဲဘူးအကိုလေးရယ်။

Words 2862
13.7.2023 10:55pm

Free လေးက သုံးရက်တစ်ပိုင်းနှုန်းနဲ့ ဖတ်ခွင့်ရမှာပါဘေဘီတို့ရေ။ မကြိုးက ရွှေကူတို့ကိုလဲ အကုန်လုံးကိုဖတ်စေချင်လို့ တင်ကတော့တင်ပေးမှာပါနော် ရက်လေးတော့ခွာပြီးတော့ပေါ့။

တစ်ရက်တစ်ပိုင်း ဖတ်ချင်ရင်တော့ Paid gp လေးလာဝင်ပါနော်။
ဝင်ကြေးလေးကမသတ်မှတ်ထားပါဘူးနော် တတ်နိုင်သလောက်နဲ့ဝင်လို့ရပါတယ် ဘေဘီလေးတို့။

WavePay - 09983521528
KayPay - 09973860994

Continue Reading

You'll Also Like

174K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
2.7M 73.4K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
230K 30.7K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...