Freaky Couple(completed)

By KIM_MAEVE

9.8K 606 65

Min Yoongi Kim Taehyung More

1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26(Final)
Extra i
Extra ii
Announcement for new fic

4

302 24 0
By KIM_MAEVE

'ဗွီ...ဗွီ...ဗွီ'

တရစပ်အသံမြည်​နေတဲ့ဖုန်းက ကုတင်​ဘေးရှိခုံ​ပေါ်မှဖြစ်
သည်။​ယွန်းဂီကရေချိုး​နေတာ​ကြောင့် ဖုန်းvibrateသံကိုမကြားရပါ။ဖုန်းက​တောက်​လျှောက်ဆက်မြည်​နေသည်။

​ယွန်းဂီ ​သဘက်ပဲပတ်ကာ ​ရေချိုးခန်းထဲကထွက်လာ​တော့ တဗွီဗွီအသံနှင့်လင်း​နေတဲ့ဖုန်း​ကြောင့် ခန္ဓါကိုယ်ရှိတင်ကျန်​နေ​သော ​ရေ​တောင်မသုတ်အားပဲ​ပြေးကိုင်ရ​တော့သည်။ဆက်လာသူက​တော့ နမ်ဂျွန်ဖြစ်သည်။

'ဘာလို့ခုမှလာကိုင်တာလဲ...​သေမယ့်အ​ရေးဆို ငါ​​သေ​နေပြီသူ​တောင်းစားရဲ့'

ဖုန်းကိုင်ကိုင်ချင်းမှာပဲ စကြားရတဲ့ဆဲ​ရေးတိုင်းထွာသံ​ကြောင့် ​ယွန်းဂီမျက်​မှောင်ကျုံ့ကာသက်ပျင်းချမိသည်။

"အခုမ​သေ​သေးဘူးမလား... ဘာကိစ္စလဲ သားကြီး"

သူပြန်​ပြော​တော့ နမ်ဂျွန့်ဘက်မှထပ်ပြီးဆဲဆိုလာ​တော့သည်။တယ်လည်းအဆဲသန်တဲ့​ကောင်။

'ဒီ​နေ့ ဟို​ကောင်​တွေနဲ့ချိန်းထားတယ်...သွားရ​အောင်...ငါတို့လက်ရည်​ကို...အဲ့​ကောင်​တွေကလျော့တွက်​နေတာ...သွားပြီးပညာ​ပေးရ​အောင် သားကြီး'

နမ်ဂျွန့်ဘက်က အားတက်သ​ရောပင် သူ့ကိုဖိတ်​ခေါ်လာသည်။သူလည်းသွားချင်ပါသည်။အခုတ​လော လီဟန်မင်းတို့ဘက်က ခဏခဏစိန်​ခေါ်​နေတာ သူသိသည်။ဒါ​​ပေမယ့်
လည်းသွားလို့မရတာ​မို့ နမ်ဂျွန့်ကိုဘယ်လို​ပြောရပါ့မလဲ?

'​​ယွန်းဂီ...မင်းဘာ​တွေ​ တွေ​ဝေ​နေတာလဲ...သွားမယ်မလား... ငါလာ​ခေါ်မယ်...မ​နေ့ကမှ မာမီ့ဆီကရထားတဲ့lambo ​အသစ်စက်စက်​လေးနဲ့ လာ​ခေါ်မယ်...ဟဲဟဲ'

ကြွားလုံးထုတ်​နေတဲ့နမ်ဂျွန်က သူ့ကားအသစ်နဲ့ဟို​ကောင်
​တွေကို သွားရှုပ်ဦးမယ်။ကြွားကလည်းကြွား​သေး။ငယ်ငယ်တည်းက​တော်​တော်ကြွားတဲ့​ကောင်က ခုထိဗီဇမ​ပျောက်​​။

"သားကြီး...ဟူး...ငါလာလို့မရဘူးကွ...ငါထယ်​ယောင်းကို သွားကြိုရမှာ"

'ဘာ!...ဘယ်ကထယ်​ယောင်းလဲ...မင်း​ဆော်လား...​​ပြော​တော့မမဆို'

​အော်လိုက်တာ သူ့ရဲ့နားစည်​တောင်ကွဲ​ထွက်​တော့မယ်ထင်။
​မေ့​နေတာ...နမ်ဂျွန်မှထယ်​ယောင်းကိုမသိပဲ။မသိလည်း ရှင်းပြဖို့အချိန်မရှိ​တော့ဘူး။အခု​တောင် 8ခွဲ​တော့မယ်။မြန်မြန်လစ်မှ ​တော်ကာကျမည်။

"သားကြီး...ငါ​နောက်ကျရင်အားလုံးရှင်းပြပါ့မယ်...ဟိုကောင်​တွေဆီ မင်းတစ်​ယောက်တည်းမသွားနဲ့...ငါအားရင်မင်းဆီလာခဲ့မယ်...ဒါပဲ​နော်သားကြီး...အာ..​.မေ့လို့...ချစ်တယ်သားကြီး...မွ"

နမ်ဂျွန်က​တော့ ပြောချင်ရာ​ပြောပြီးဖုန်းချသွား​သော​ယွန်းဂီကြောင့် တင်း​​လေ​တော့သည်။နမ်ဂျွန်ကို ​ယွန်းဂီပလစ်ထားတာများ​နေပြီဖြစ်တာ​ကြောင့်​ နမ်ဂျွန်တော်​တော်စိတ်ဆိုး​သွားသည်။အခုလည်း နမ်ဂျွန်စိတ်​ကောက်မယ်မှန်းသိလို့ ချစ်တယ်​တွေ အာဘွား​တွေ​ပေးသွားတဲ့​ယွန်းဂီကိုရွံ့ဖို့​ကောင်းလိုက်တာဟုသာ နမ်ဂျွန်​တွေးရင်းဆဲ​​နေတော့သည်။​

​ယွန်းဂီ အားလုံးပြင်ဆင်ပြီးသွား​တော့ ကား​သော့မြန်မြန်ဆွဲကာ ​ထယ်​ယောင်းဆီသွားဖို့ကားကိုဒုန်စိုင်း​မောင်း​တော့သည်။9နာရီ15မိနစ်အ​ရောက်လာခိုင်းတဲ့ထယ်​ယောင်း​ကြောင့် ​ယွန်းဂီပြာယာခတ်​နေ​တော့သည်။

​မီးပွိုင့်မိတုန်း ​သူပြီးခဲ့တဲ့​သောကြာ​နေ့က​ သောက်​ပြဿနာလေးဆီကခံလိုက်ရတာကို​တွေးရင်း ​​ပျောက်​နေတဲ့ဒေါသ​တွေကပြန်ထထွက်လာပြန်သည်။

ပြီးခဲ့တဲ့​​ရက်ကယွန်းဂီက​တော့ မမကို​တွေ့ရမယ်ထင်ပြီး ရန်တခုန်ခုန်နဲ့​​​မောင်းလာလိုက်တာ ထယ်​ယောင်း​ပြောတဲ့ခြံ​​ရှေ့​ရောက်​တော့ ခြံ​စောင့်ဖြစ်ပုံရသည့်ဦး​လေးကြီးက သူတို့ကားကိုမြင်သည်နှင့် ခြံတံခါးဖွင့်​ပေးဖို့ပြင်​နေသည်။အဲ့ဒါကို ထယ်​ယောင်းကလက်ပြ၍ရပ်ခိုင်းလိုက်သည်။ပြီး​တော့ ​ယွန်းဂီဘက်သို့လှည့်၍

"ကျွန်​တော် ဒီကပဲဆင်းမယ်...ခင်ဗျားကိုအိမ်ထဲထိ​ခေါ်ဖို့​​တော့အစီအစဥ်မရှိဘူး... ဒါဆိုခွင့်ပြုပါဦး"

​ယွန်းဂီက​တော့ သူ့အကြံ​လေးပျက်​တော့မည်ဖြစ်၍ ထယ်​ယောင်း​ပြောတာကို​ ဒေါသထွက်ချိန်​တောင်မရ။မမကို​တွေ့ဖို့သာစိတ်အားထက်သန်​​နေသည်။

ကားတံခါးဖွင့်ကာ ထွက်သွား​တော့မယ့်ထယ်​ယောင်းကို
​ယွန်းဂီ စိုးရိမ်တကြီးဖြင့် လက်​ကောက်ဝတ်ကိုလှမ်းဆွဲလိုက်မိသည်။ထယ်​ယောင်းက မကြိုက်သလိုကြည့်လာမှသတိဝင်ပြီး ပြန်လွှတ်​ပေးလိုက်သည်။

"ဟို...ကိုယ်မမနဲ့​တွေ့သွားလို့မရဘူးလား ထယ်​ယောင်း"

ထိုစကား​ကြောင့် ထယ်​ယောင်းက ​ယွန်းဂီဘက်သို့ပြန်လှည့်ကာညစ်ပြုံး​လေးပြုံးရင်း

"ခင်ဗျားက ကျွန်​တော့်ကိုပြန်လိုက်ပို့တာမလား...ကျွန်​တော်အခုအိမ်ပြန်​ရောက်​နေပြီ​လေ...အဲ့​တော့ခင်ဗျားပြန်လို့ရပြီ... ပြီး​တော့...ကျွန်​တော့်အစ်မကို တွေ့ကရာလူနဲ့ပေး​တွေ့ဖို့...ကျွန်​တော်ကခွင့်ပြုမယ်ထင်လား"

​​​​ယွန်းဂီ ​ယောင်နနနှင့်​ခေါင်းခါပြလိုက်သည်။မသိရင်
​ယွန်းဂီပုံစံကလိုချင်တာကိုဝယ်မ​ပေးပဲ အဆူခံ​နေရ​သော
က​လေးနဲ့တူ​နေသည်။ထယ်​ယောင်းက ​ယွန်းဂီအပြုအမူကို ​​လှောင်သလို​ပြောင်သလိုရယ်ပြီး ကား​ပေါ်ကဆင်းသွား​တော့သည်။​ယွန်းဂီက​တော့ ငူငူငိုင်ငိုင်ကြီးကျန်ခဲ့သည်။
​ယွန်းဂီစိတ်ထဲတွင် မမကိုရဖို့အ​​ရေးဒီလိုမ​လောက်​လေး
မ​လောက်စားကင်မ်ထယ်​ယောင်းကို​ ကျော်ဖို့မလွယ်ဘူးဟူ၍​တွေး​ကာကျန်​ခဲ့သည်။

​ထယ်​ယောင်း ခြံ​စောင့်ဦး​လေးကြီးဖွင့်​ပေးထား​တဲ့တံခါးကိုဝင်ကာနီးမှ တစ်ခုခုကိုသတိရကာ ​ယွန်းဂီကားဆီပြန်သွားရင်းကားမှန်ကို​ခေါက်လိုက်သည်။အခုထိတစ်​နေရာကို​ငေးပြီး​တွေး​ကောင်း​နေတဲ့ ​ယွန်းဂီလည်းကားမှန်​ခေါက်သံ​ကြောင့် အသိစိတ်ပြန်ဝင်လာ​တော့မှ ထယ်​ယောင်းခေါက်​နေတာကို​မြင်​တော့သည်။​​

"ကျွန်​တော့်ကို တနင်္လာ​နေ့လာ​ခေါ်​ပေးပါ...​နောက်ဆိုခင်ဗျားပဲအကြိုအပို့လုပ်​​ပေး...ကျွန်​တော်ကြားတာ​တော့...ခင်ဗျားကအလုပ်မရှိဘူးမလား...မပို့ချင်လည်း​ပြော​နော်...မမ့ကိုသ​ဘောကျ​နေတဲ့လူ​တွေကများ​တော့...နောက်တစ်​ယောက်ကိုပို့ခိုင်းမလို့"

ထယ်​ယောင်းစကား​ကြောင့် ယွန်းဂီမျက်လုံး​တွေပြူးသွားသည်။ဘယ်​ကောင်က ငါ့မမကိုငါနဲ့လုဖို့ကြိုးစား​နေတာလဲ?ငါ့​ယောက်ဖ​လေးကိုမျက်နှာလုပ်ဖို့ကြိုးစား​ရင် ငါ့ကိုအရင်​ယှဥ်ကြ။​ယောက်ဖ​လေးစိတ်တိုင်းကျ ​အကြိုအပို့ကို ဒီက​ကောင်ပဲပို့​ပေးရမှာ​ပေါ့။ကျန်တဲ့​ကောင်​တွေ ကြားထဲကအမှတ်မယူနိုင်​အောင်ကို ​ယောက်ဖ​လေးနားမှာကပ်​နေရမယ်။

"ကိုယ်ပဲလိုက်ပို့ပါ့မယ် ထယ်​ယောင်း...ကိုယ်တနင်္လာ​နေ့ ဘယ်အချိန်လာ​ခေါ်ရမလဲ"

​ယွန်းဂီစကား​ကြောင့် ထယ်​ယောင်း ​ခေါင်း​မော့ကာရယ်လိုက်သည်။အမှန်​တော့ ထယ်ဟီးကိုသ​ဘောကျ​နေတဲ့လူ​တွေထဲမှ ထယ်​ယောင်းဆီမှာဒီလိုအ​စမ်းသပ်ခံဖို့ကို ထယ်​ယောင်းက ကြိုတင်စုံစမ်းပြီးမှ မမ့ကိုထိုလူအားသူ့ဆီလွှတ်ခိုင်းခြင်းဖြစ်သည်။ထယ်​ယောင်းအဖြစ်က ​ရှေး​ခေတ်က
သမီး​တော်ကို သားမက်​တော်ရှာ​​ပေးတဲ့ ဖခမည်း​တော်ဘုရင်​တွေအဖြစ်နှင့်ခပ်ဆင်ဆင်​​ပေ။အခုလည်း တစ်ခြားလူ​တွေမရှိ​ပေမဲ့ ​ယွန်းဂီကို​လီဆယ်ကာခြောက်လိုက်​တော့ ချက်ချင်းလက်ခံလာတာကို​ တွေးရင်းရယ်​နေခြင်းဖြစ်သည်။

"မနက်9နာရီ 15မိနစ် ဒီ​နေရာကိုပဲလာ​ခေါ်ပါ"

ထိုမျှသာ​ပြောပြီးထွက်သွားတဲ့ထယ်​ယောင်းကို သူ​​ခေါင်းညိတ်ပြလိုက်မိလား​တောင်မသိ။ခုနက သူ​ပြောတာကိုရယ်​နေတဲ့ထယ်​ယောင်းကိုမြင်ပြီး စိတ်ထဲရင်ခုန်သလိုမျိုးတစ်မျိုး​တမည်ခံစားလိုက်ရတာကို ​တွေး​နေ​သော​ကြောင့်ဖြစ်သည်။

"မဖြစ်နိုင်တာ...ရင်ဘတ်ထဲက​ကောင်ကမမအတွက်ပဲခုန်တာ​လေ...အဲ့ဟာ​လေးကမမနဲ့မျက်နှာ​ပေါက်တူ​နေလို့ဖြစ်မှာပါ...ဒါ​ပေမဲ့...မမမှာ​လေး​ထောင့်ဆန်​ဆန်အပြုံး​တွေမှမရှိတာ...အား...ဘာ​​တွေလဲမသိ​တော့ဘူး...မမ့ကိုအရမ်းသတိရ​နေလို့ဖြစ်မယ်...အဲ့ဟာ​လေးကို​တွေ့ရင်မမကိုပဲသတိရ​​နေ​တော့ခုန်သွားတာဖြစ်မယ်...ဟုတ်တယ်...ဟုတ်တယ်"

​ယွန်းဂီတစ်​ယောက်ပါးစပ်ကလည်း​ပြော၊လက်ကလည်းကိုယ့်​ခေါင်းကိုယ်ရိုက်ရင်းသာ ကားကို​မောင်းထွက်သွားတော့သည်။

​​ယွန်းဂီတစ်ခုသတိမထားမိလိုက်တာက ကားတံခါးကိုတစ်သက်နဲ့တစ်ကိုယ်ကို သူများဖွင့်​ပေး၊ပိတ်​ပေးမှစီးတတ်တယ်ဆို​​သောထယ်​ယောင်းက သူကိုယ်တိုင်ကားတံခါးဖွင့်၍ဆင်းသွားသည်ဆိုတာကိုပင်။

.
.

တစ်​နေ့ကလိုက်ပို့ခဲ့တဲ့အတိုင်း မမအိမ်​​ရှေ့​ရောက်​​တော့​သောက်ပြဿနာ​လေးက ခြံ​ရှေ့မှာလွယ်အိတ်ကိုင်၍​ စောင့်​နေပြီဖြစ်သည်။သူလည်း ရင်ထဲကအညှိုးတွေကို​နောက်ထား၊ကား​ပေါ်ကမြန်မြန်ဆင်း၍ ကားတံခါးကိုဖွင့်​ပေး​တော့ ​ကျော့​ကျော့​မော့​မော့​လေးတက်သွားတာများ...ကိုယ့်မှာသူ့အ​စေခံအတိုင်းပဲ။

"2မိနစ်နဲ48စက္ကန့်​နောက်ကျတယ် ခင်ဗျား"

"​ဪ"

​ယွန်းဂီ ကား​ပေါ်​​ရောက်​ရောက်ချင်း ကြားရတဲ့စကား​ကြောင့် '​အော်' ဟုသာပြန်​ပြောနိုင်​တော့သည်။

"ကိုယ်နောက်​နေ့​ကွက်တိလာပါ့မယ်"

"အွန်း"

ကား​ပေါ်တွင်နှစ်​ယောက်လုံး စကားတစ်ခွန်းမှမဟကြ။​မောင်းတဲ့သူကလည်း​မောင်း၊အခန့်သားထိုင်၍လိုက်စီးသူကလည်းစီးနှင့် ပတ်ဝန်းကျင်ကအ​တော်ပင်တိတ်ဆိတ်​နေ​တော့သည်။ပြဿနာက အခုမှစမှာဖြစ်သည်။

​တက္ကသိုလ်​ရှေ့​​ရောက်​တော့ ထယ်​ယောင်းက​​ဌာန​ရှေ့ထိမပို့ခိုင်းပဲ ​ကျောင်း​ရှေ့မှာသာရပ်ခိုင်းသည်မို့ ​လူမြင်ကွင်းမှာယွန်းဂီကားတံခါးဖွင့်​ပေးရမှာ​ သေချာသ​လောက်ဖြစ်နေသည်။ထို့​ကြောင့် ယွန်းဂီကမဖွင့်​ပေးချင်တာ​ကြောင့် မသိချင်​ယောင်​ဆောင်​နေသည်။

"ကျွန်​တော့်ကိုတံခါးဖွင့်​ပေး​လေ"

"ကိုယ်ဖွင့်​​ပေးထားတယ်​လေ...lockမချထားဘူး"

​ယွန်းဂီက ထိုသို့​ပြောလာ​တော့ ထယ်​ယောင်းကလည်းမ​​ခေသူမို့ ကားတံခါးမှန်အထိ​ခြေ​ထောက်ကိုဆန့်၍ ဖိနပ်ထိပ်နှင့်တွန်းကာဖွင့်လိုက်သည်။

"ကျွန်​​တော်က ကိုယ့်လက်နဲ့ကိုယ်ပဲတံခါးမဖွင့်တတ်ဘူး​ပြောတာ​...ခြေ​ထောက်နဲ့​တော့ရတယ်​လေ...ခင်ဗျားလည်းအပြစ်မမြင်ဘူးမလား"

ထယ်​ယောင်းအ​မေးကို ​ယွန်းဂီပြန်ဖြေဖို့အတွက် ကိုယ့်ပါးစပ်ကိုကိုယ်အတင်းလုပ်​ဆောင်ခိုင်း​နေရသည်​။​​​နောက်ဆုံး ပါးစပ်ကဘာစကားမှထွက်ဖို့မလုပ်​​ဆောင်နိုင်တာမို့​ မျက်လုံးမှိတ်၍သာခေါင်းညိတ်ပြလိုက်​​တော့ ထယ်​ယောင်းက မဲ့ပြုံး​လေးဆင်မြန်း၍ဆင်းသွား​လေသည်။ထယ်​ယောင်းခပ်လှမ်းလှမ်း​ရောက်တာ​သေချာမှ ​​ယွန်းဂီပေါက်ကွဲ​တော့​သည်။

"အား!!...ငါ့​ဘေဘီကို​ခြေ​ထောက်နဲ့လုပ်သွားတာ...
သူ​တောင်းစား​လေး!...ငါ့​ဘေဘီ​လေးပေကျံကုန်ပြီ...အား!...ခံပြင်းတယ်...ခံပြင်းတယ်...ဒီနှစ်car collectionထဲမှာ ငါ့အကြိုက်ဆုံး​ဘေဘီ​လေးကို မင်းက​ခြေ​ထောက်နဲ့!...fuck uပဲ ကင်မ်ထယ်​ယောင်း!!!"

.
.
.

ဒီလိုနဲ့ပဲ​ ယွန်းဂီတစ်​ယောက် ထယ်​ယောင်းဒရိုင်ဘာလုံးလုံးဖြစ်သွားတာ 1လပင်​ကျော်​နေပြီဖြစ်သည်။ဒီကြားထဲ နှစ်​ယောက်သားရဲ့ဆက်ဆံ​ရေးက ​ကောင်းလာဖို့​နေ​နေသာသာ၊ပိုပိုဆိုးလာသည်။​ယွန်းဂီဘက်က​​တော့ ထုံးစံအတိုင်းငြိမ်ခံ​နေရတာပင်။ထယ်​​ယောင်းက​တော့​ အောင်နိုင်သူစစ်သူကြီးဖြစ်သည်။အခုလည်း ​ကျောင်းကလိုက်ပို့​ပေးတဲ့tripကို တစ်​ယောက်တည်းမသွားချင်တာ​ကြောင့် သူ့​ဝေယျာဝစ္စ​တွေလုပ်​ပေးရန်​ ယွန်းဂီအားအတင်း​ခေါ်သည်။​ယွန်းဂီက'ဘူး'ခံငြင်း​နေ​ပေမယ့် ထယ်​ယောင်းက ထုံးစံအတိုင်းခြိမ်း​ခြောက်​တော့ လိုက်ဖို့​ခေါင်းညိတ်လိုက်ရပြန်သည်။

"​ယွန်းဂီ မင်းဟာ​လေးကကွာ...မင်းကိုသိပ်နိုင်စားတာပဲ...တော်ကြာမမနဲ့မရပဲ...​ယောက်ဖ​လေးနဲ့ညားသွားဦးမယ်"

မနက်​စော​စော​ယွန်းဂီမှာ ထယ်​ယောင်းနှင့်လိုက်ရန် အထုပ်ပြင်​နေတုန်း ဖုန်းမဆက်ဘာမဆက်နှင့် ​ရောက်ချလာ​သောနမ်ဂျွန်ဖြစ်သည်။

"​ဘောကို ငါ့ဟာ​လေးလား ကင်မ်နမ်ဂျွန်!!...မင်းပြန်ချင်ရင်ပြန်​တော့"

အဝတ်​တွေကိုဖြစ်သလိုထိုးသိပ်ထည့်​နေရင်း သူ့ကိုလှမ်း​ပြောသည့်​ယွန်းဂီကို နမ်ဂျွန်ရယ်ရင်းသာကြည့်​​နေသည်။

"စတာပါကွာ...မင်းကလည်း စိတ်ကြီးပဲ...ဒါနဲ့​လေ...ငါလည်းလိုက်လို့ရလား...မင်းမရှိ​တော့ငါလည်းပျင်း​နေပြီသားကြီး...ငါလည်းစိတ်​ပြေ​လက်​ပျောက်လိုက်ချင်တယ်"

နမ်ဂျွန့်အ​ပြောကို ​ယွန်းဂီခပ်မြန်မြန်​ခေါင်းညိတ်လိုက်သည်။​နမ်ဂျွန်ပါ​တော့ သူလည်းအ​ဖော်ရတာ​ပေါ့ဆိုတဲ့အ​တွေး​ကြောင့်ပင်။

"ထယ်​ယောင်းကိုဖုန်းဆက်​မေးလိုက်မယ်...တက္ကသိုလ်ကလုပ်တာဆို​တော့...အပြင်လူ​တွေလိုက်လို့ရပါ့မလားလို့"

"မင်းကလည်းကွာ...ငါကအဲ့​ကျောင်းသား​တွေနဲ့လိုက်မှာမှ
မဟုတ်တာ...ငါ့ဘာသာမင်းနဲ့ပဲလိုက်ပြီး...ဟိုတယ်မှာတည်းမှာ​ပေါ့...တုံးချက်ကွာ"

"မင်းအဲ့လိုလုပ်လို့ရမလား...လိုက်မယ့်လိုက်ငါတို့နဲ့ပဲလိုက်​ပေါ့...မင်းတစ်​ယောက်တည်းဘာလုပ်မလို့လဲ"

​​ယွန်းဂီ နမ်ဂျွန့်ကို​ငေါက်ပြီး ချက်ချင်းထယ်​ယောင်းဆီသို့ဖုန်း​ခေါ်ကာ အကျိုးအ​ကြောင်း​ပြောပြလိုက်သည်။​နမ်ဂျွန်က​တော့ လိုက်မယ်​ပြောမိတာမှားပြီဆို​သောအ​တွေးနှင့်သာ ​ခေါင်းထိုင်ကုတ်နေ​တော့သည်။

"​ထယ်​ယောင်းက ဆရာ့ကိုဖုန်းဆက်​မေး​တော့...သူ့အ​ပေါင်းအသင်း​တွေမို့ ရတယ်တဲ့...ပြီး​တော့...လုပ်အား​ပေးလည်းလိုနေတာမို့...ကူ​ပေးဖို့အ​ဖော်ရတယ်တဲ့...မင်းလိုက်လို့ရပြီသားကြီး"

"​ဘောကိုလုပ်အား​ပေးလား...ငါ့ဘာသာ​တောင်ပျင်း​လို့​သေ​တော့မလိုဖြစ်​နေတာကို...မလိုက်ချင်​တော့ဘူး မင်ယွန်းဂီရေ...လစ်ပြီ"

လစ်ဖို့ပြင်​နေတဲ့နမ်ဂျွန်​ကြောင့် ​​ယွန်းဂီအခန်းတံခါးကို​​ပြေးပိတ်ကာ ခန္ဓါကိုယ်နှင့်ကာထားလိုက်သည်။

"မင်းအဲ့လိုလုပ်လို့ရမလား ကင်မ်နမ်ဂျွန်...မင်းလိုက်ချင်တယ်ဆိုလို့ ငါကအကုန်​ပြောပြီး​နေပြီကို...မရဘူး...ငါနဲ့ချက်ချင်းလိုက်ခဲ့...ငါအခုပြီး​နေပြီ"

"မလိုက်နိုင်ဘူးကွာ...ဘေးဖယ်"

"အို​​ကေ...အို​ကေ...မင်းလိုချင်​နေတဲ့rolexနာရီ...ဘယ်လိုလဲ"

နမ်ဂျွန်​ မေး​စေ့ကိုပွတ်ကာ​စဥ်းစား​နေလိုက်ပြီးမှ​ ခေါင်းညိတ်ပြသည်။နမ်ဂျွန်အရမ်းလိုချင်တဲ့ ​ယွန်းဂီဆီမှနာရီဖြစ်သည်။limited editionမို့သူလိုက်ဝယ်၍လည်းမရတာ​ကြောင့်ပင်။​ယွန်းဂီက​တော့ နမ်ဂျွန်လိုက်ဖို့ကိုသာ စိတ်အားထက်သန်​နေသည်မို့ နာရီကိုပါစိတ်မဝင်စား​တော့​ချေ။သူ့ကိုယ်သူလည်း ဘာ​ကြောင့်နမ်ဂျွန့်ကိုအတင်း​ခေါ်​နေမိမှန်းမသိ​တော့။​သေချာတာက​တော့ လူကြားသူကြားမ​ရှောင်ခိုင်းစားတတ်တဲ့ထယ်​ယောင်းက နမ်ဂျွန်ပါလာရင် သူ့အ​ပေါ်အရမ်းမဆိုး​လောက်ဘူးဟု​ထင်နေတာ​ကြောင့်ပင်။

.
.
.

နမ်ဂျွန်တစ်​ယောက် လိုက်လာမိတာမှားပြီဟူ၍​သက်ပျင်းချည်းသာချ​နေ​တော့သည်။သူက​ယွန်းဂီကားနှင့်အတူလိုက်သွားရုံပဲထင်​ပေမယ့် တစ်ကယ်တမ်းသွားရ​တော့​ ကျောင်းကစီစဥ်​ပေး​သောကားကြီးဖြင့်မို့ နမ်ဂျွန်စိတ်ပျက်​နေ​တော့သည်။ဒါ​ပေမဲ့ လတ်တ​လောကမှရထားတဲ့rolexနာရီအသစ်စက်စက်​လေး​ကြောင့် လိုက်ရတာမှန်သွားပြီဟု​လည်းတွေး​နေပြန်သည်။​ယွန်းဂီလည်းနမ်ဂျွန့်လိုပင်...စိတ်အပျက်ကြီးပျက်​နေပုံပင်။​ဒုတိယနှစ်​တက္ကသိုလ်ကျောင်းသား​တွေကြားထဲမှာ သူနဲ့နမ်ဂျွန်ပဲကြီး​ကောင်ကြီးမားနှင့်မို့ ရှက်လည်းရှက်၊မ​နေတတ်လည်းဖြစ်​နေသည်။ထယ်​ယောင်းက​တော့ သူ့​ဘေးတွင်နားကြပ်တပ်၍ ငြိမ်ငြိမ်​လေးထိုင်​နေသည်။

​ကျောင်းသူ​လေးများက​တော့ ဥစ္စာ​ပေါရုပ်ချောအစ်ကိုကြီးနှစ်​ယောက်က လုပ်အား​ပေးအ​နေနှင့်​​မေဂျာကking၊တစ်နည်းအားဖြင့်the whole kingနဲ့အတူပါလာတာမို့ဝမ်းသာလုံးဆို့​နေကြ​တော့သည်။

​ယွန်းဂီ သူ့ကိုလှည့်ကြည့်လှည့်ကြည့်လုပ်​နေ​သော ​ကျောင်းသူ​လေးများ​ကြောင့်ပို​နေရခက်ကာ မျက်နှာကြီး​အောက်ငုံ့ထား​တော့သည်။​ဘေးကထယ်​ယောင်းက​တော့
သူဦး​ဆောင်ပြီး​ခေါ်လာသည့်​ယွန်းဂီကို အဖတ်​တောင်မလုပ်ပဲ သီချင်း​လေးတညည်းညည်းဖြင့်သာ။

နမ်ဂျွန် လက်ကနာရီကိုဓါတ်ပုံရိုက်ပြီးigတွင်တင်လိုက်သည်။captionက​တော့ present from my buddy(​သားကြီးဆီမှလက်​ဆောင်)ဟူ၍ဖြစ်သည်။SNSသုံးရင်းငြီး​ငွေ့လာတာ​ကြောင့် နမ်ဂျွန်​ပျင်းလာ​တော့ နာရီလိုချင်လို့လိုက်ခဲ့မိတာမှားပြီထင်ပြီဟုပြန်သတိရကာ ​ခေါင်းကုပ်နေပြန်သည်။​ယွန်းဂီကိုလှမ်းကြည့်​တော့ ဦးထုပ်ကိုမျက်နှာ​ပေါ်တွင်ကွယ်ကာ အိပ်​နေပြီဖြစ်သည်။ခရီးကဘယ်​လောက်ကြာမည်မှန်းမသိ​ပေမဲ့ တစ်ကားလုံးတွင်သူပဲ​ခေါင်း​ထောင်​နေတာဖြစ်၏။အားလုံးက သူတို့အုပ်စုနှင့်သူတို့​နေ​နေကြပြီး တစ်ချို့​ကောင်မ​လေးအုပ်စု​တွေက သူ့ကိုကြည့်ပြီးရယ်ပြ​နေကြတာ​ကြောင့် သူလည်းသူ့ရဲ့အလှဆုံးပါးချိုင့်​လေးများ​ပေါ်​အောင်ပြန်ရယ်ပြ​တော့ ​ကောင်မ​လေး​တွေကရှက်ကုန်ကာ​​ရှေ့ပြန်လှည့်ပြီး တီးတိုး​ပြော​နေကြသည်။

နမ်ဂျွန်​ငေး​နေရင်းမှ သူ့ပုခုံး​ပေါ်အရာဝတ္ထုတစ်ခုပြုတ်ကျလာသည်ဟု ခံစားမိတာ​ကြောင့်​​ကြည့်လိုက်​တော့ သူကား​ပေါ်တက်လာတည်းက မျက်နှာကိုmaskတပ်ထားပြီးhoodie​ခေါင်းစွပ်ကိုစွပ်ထားသည့်လူရဲ့​ခေါင်းဖြစ်သည်။
သူစတက်လာတည်းကအိပ်​နေတာ ခုထိမနိုး​သေးပင်။​တော်​တော်အိပ်နိုင်တဲ့သူပါလားဟု​တွေးရင်း နမ်ဂျွန်​ခေါင်းရမ်းကာ သူ့ပုံခုံး​ပေါ်ကျ​နေတဲ့ထိုလူ​ခေါင်းကိုပါ ​ဘေးသို့တွန်းထုတ်လိုက်သည်။

.
.

ကားကို5နာရီတိတိစီးအပြီးမှာ​တော့ အလိုရှိရာ​​နေရာသို့
​ရောက်လာ​တော့သည်။ထယ်​ယောင်းတို့​မေဂျာကfashion​ and designမို့ သူတို့အခုလာတာက အထည်ကုန်ကြမ်း​တွေထုတ်တဲ့နယ်ဘက်ကစက်ရုံ​တွေဆီဖြစ်သည်။​မြို့ပြဖြစ်တဲ့Seoulနှင့်​တော်​တော်​လေးကွာခြား​ပေမဲ့ ​သဘာဝ​ပေါများကာ အေးချမ်းပြီးတိတ်ဆိတ်တာ​ကြောင့်​ ကျောင်းသားတိုင်းသ​ဘောကျ​နေကြသည်။​နမ်ဂျွန်နှင့်​ယွန်းဂီက​တော့ နယ်ဘက်​တွေဆိုတာဒီလိုကြီးလားဆိုပြီး တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ရင်း ငို​တော့မလိုဖြစ်​နေကြ​တော့သည်။

'​ဖြောင်း...​ဖြောင်း...​ဖြောင်း'

အားလုံးတစ်​ယောက်တစ်​ပေါက်​ပြော​နေကြစဥ် ဌာနမှတာဝန်ရှိဆရာတစ်​ယောက်ဆီက လက်ခုပ်တီးကာအားလုံးကိုစကား​ပြော​နေတာရပ်ရန်လက်ပြလိုက်သည်။

"ဆရာတို့က​နေရာသုံး​နေရာကို အဓိကထားလည်ပတ်ရမယ်...​နေရာ​တွေအားလုံးက ဒီ​ဒေသထဲကအထည်လိပ်စက်ရုံ​တွေပဲ...တစ်ရက်ကိုတစ်ခုနှုန်းနဲ့​​သေချာလိုက်ကြည့်ပြီး...ကျောင်းသား​တွေက စက်ရုံကရှင်းပြမယ့်အ​ကြောင်းအရာ​တွေ...အထည်အလိပ်​တွေကို...ကိုယ်ပိုင်ဥာဏ်နဲ့ပြန်ဖြည့်စွက်ပြီး...တစ်ဦးကိုစာတမ်းတစ်ခုစီပြင်ဆင်ပြီး​​...နောက်နှစ်ပတ်အတွင်းထပ်​ပေးရမယ်...groupလိုက်projectက​တော့​​...ကျောင်း​ရောက်မှ အဖွဲ့ခွဲပြီးဆုံးဖြတ်​ပေးမှာဖြစ်ပါတယ်...ဘာ​ခေါင်းစဥ်လဲဆိုတာက​တော့...အဖွဲ့ခွဲမှဆရာက​ရွေး​ပေးမှာမို့လို့...အားလုံးအချက်အလက်​တွေကိုတစ်ခု​တောင်မလွတ်​ပါ​စေနဲ့...ဒီစာတမ်း​အမှတ်တွေကို​​နောက်လစာ​မေးပွဲမှာထည့်တွက်သွားမှာဖြစ်လို့...အားလုံးကြိုးစားကြပါ...မပြန်ခင်​နောက်ဆုံးရက်မှာ ဒီ​​ဒေသမှာရှိတဲ့ဘိုးဘွားရိပ်သာမှာ...​ကျောင်းသား​တွေတီထွင်ဖန်တီးထားတဲ့အ​နွေးထည်​တွေကိုလှူဒါန်းမှာဖြစ်ပါတယ်...အားလုံးပဲခရီးစဥ်တစ်ခုလုံးကို​ပျော်​ပျော်ရွှင်ရွှင်​ပါဝင်​ပေးကြပြီး ဂရုစိုက်ကြပါ...ပြီး​တော့လုပ်အား​ပေးအနေနဲ့လိုက်လာ​ပေးတဲ့...ကျောင်းသူ​လေး​တွေ မျက်စိကျ​နေတဲ့အစ်ကိုကြီးနှစ်​ယောက်ကိုလည်း... လက်ခုပ်တီး​ပေးပြီး ဂုဏ်ပြုလိုက်ပါဦး...ဆရာကလည်းဒီက​နေ​ကျေးဇူးတင်ပါတယ် သား​လေးတို့ကို"

ဆရာ့စကားအဆုံးမှာ ​ကျောင်းသူ​တွေအားလုံးက​ယွန်းဂီနဲ့
နမ်ဂျွန့်ကို လက်ခုပ်တီးကာ ​ကျေးဇူးတင်​ကြောင်း​ပြောကြသည်။​​ကျောင်းသား​တွေက​တော့ သူတို့ထက်သာ​နေတဲ့အစ်ကိုကြီး​နှစ်​ယောက်ကို မနာလို​သောမျက်ဝန်းများဖြင့်သာကြည့်ရင်း မတီးချင်တီးချင်​နဲ့လက်ခုပ်တီး​​ပေး​နေသည်။

"ကဲ...အားလုံးပဲ...မနက်ဖြန်ကစပြီးပင်ပန်းမှာမို့...ဒီ​နေ့ညကို​​တော့ကောင်း​ကောင်းစား​​သောက်ပြီး အား​မွေးထားကြပါ... camp siteတစ်ခုလုံးအပြတ်ငှား​ပေးထားတာမို့...အားလုံးစီစဥ်​ပေးထားတဲ့အတိုင်းနေကြပါ...လုပ်အား​ပေးသား​လေးနှစ်​ယောက်က​တော့...ထယ်​ယောင်း​အသိ​တွေဆို​တော့...ဒီကစာဖိုမှူးသား​လေးနဲ့အတူ...​လေး​ယောက်​နေလိုက်လို့အဆင်​ပြေတယ်မလား...အစကကွက်တိ​ပေမယ့်....လုပ်အား​ပေးသား​လေးတို့နှစ်​ယောက်ပိုလာ​တော့...လေး​ယောက်တူတူ​နေဖို့ဖြစ်သွားတယ် "

​ထယ်​ယောင်းတို့​လေး​ယောက်လုံး အဆင်​ပြေ​ကြောင်း​ခေါင်းညိတ်လိုက်​တော့ ဆရာကပြုံးပြပြီးထွက်သွား​သည်။​ယွန်းဂီက​တော့ ထယ်​ယောင်းနှင့်သိ၍အဆင်​ပြေ​​ပေမယ့် နမ်ဂျွန့်မှာ​တော့ ယွန်းဂီတစ်​ယောက်​ကလွဲပြီး ကျန်နှစ်​ယောက်နှင့်မသိ၍ လိုက်လာတာမှားပြီဟူ၍ထပ်​​တွေးမိကာ ​ယွန်းဂီဘက်သို့လှည့်၍ အသံတိတ်ဖြင့်ဆဲ​နေပြန်သည်။

သူတို့​လေး​ယောက်လုံးဝင်သွား​တော့ ကုတင်ကနှစ်လုံးတည်းဖြစ်ပြီး king sizeကုတင်​တွေဖြစ်သည်။နှစ်​ယောက်ဆီခွဲ​နေလိုက်ရင်အဆင်​ပြေတာမို့ ​ယွန်းဂီနဲ့နမ်ဂျွန်က​ဦးစွာ
ဘယ်ဘက်ကကုတင်ကို သူတို့နှစ်​ယောက်ယူလိုက်မည်ဟု​ပြော​နေစဥ်မှာပင်

"​ခင်ဗျား ကျွန်​တော်နဲ့ပဲလာအိပ် မင်ယွန်းဂီ...မသိတဲ့သူစိမ်းနဲ့မအိပ်ချင်ဘူး"

ထယ်​ယောင်းစကား​ကြောင့် ​ယွန်းဂီရောနမ်ဂျွန်ပါ တစ်ဖက်ကmaskတပ်ထား​သောစားဖိုမှူးဆိုသူကို အားနာစွာဖြင့်လှည့်ကြည့်လိုက်တော့ ထိုလူကသူက​တော့​အေး​​ဆေးပါဟု ပုခုံးတွန့်ပြကာ ခရီး​ဆောင်အိတ်ကိုယူ၍ဘယ်ဘက်ကုတင်​တွင်ဝင်ထိုင်ကာ ပစ္စည်း​တွေ​နေရာချ​နေ​လေသည်။​တော်​တော်ကို သည်းခံနိုင်စွမ်း​ကောင်းတဲ့လူပါလားဟု ​ယွန်းဂီရော
နမ်ဂျွန်ပါ ​တွေး​လိုက်ကြသည်။

"မင်း ဟိုစားဖိုမှူးနဲ့အိပ်လို့ဖြစ်တယ်မလားသားကြီး"

​ယွန်းဂီအ​မေးကို နမ်ဂျွန်ကညာဘက်မျက်ခုံးတွန့်ပြရင်း

"ဘာမဖြစ်စရာရှိလို့လဲကွာ...ယောကျာ်း​လေးချင်းပဲကို...မကြာခင်​ဘော်ဒါ​တွေဖြစ်သွားမှာ...တစ်ချို့အိမ်ကသခင်​လေး​တွေလိုကပ်သီးကပ်ဖဲ့မလုပ်တတ်ဘူး"

နမ်ဂျွန်က သူ့သူငယ်ချင်းကိုခိုင်းစား​နေတဲ့ထယ်​ယောင်းကို
ကြည့်မရ၍​ပြော​တော့ ထယ်​ယောင်းကဂရုပင်မစိုက်​ပေ။
သူ့ဘာသာပစ္စည်း​တွေ​နေရာချ​နေသည်။

​ယွန်းဂီက နမ်ဂျွန့်ကိုမ​ပြောရန်လက်ကုတ်​တော့ နမ်ဂျွန်ကအနားသို့ကပ်ကာတစ်ခုခု​ပြောရင်း ဘယ်ဘက်ကုတင်​ပေါ်သို့တက်ကာမှေးရန်​ပြင်​တော့သည်။

နမ်ဂျွန့်စကား​ကြောင့် ​ယွန်းဂီမှာမျက်နှာ​တွေပူထူရင်း
ထယ်​ယောင်းရဲ့​ဆန့်ကျင်ဘက်တွင်ထိုင်ကာ အထုပ်အပိုး​တွေဖွင့်​နေ​ရတော့သည်။

နမ်ဂျွန်​ပြောသွားသည်က

"မင်းဒီလိုပုံနဲ့ဆို မမနဲ့အ​ကြောင်းမပါပဲ...အဲ့ကပ်သီးကပ်ဖဲ့​လေးနဲ့ညား​တော့မယ်...ငါကြိုမြင်​နေပြီသူ​တောင်းစား​ရေ"

ဟူ၍ဖြစ်သည်။

Kimharu4121992🌵
Borahae💜

.
.
.
.
.

Zawgyi

'ဗြီ...ဗြီ...ဗြီ'

တရစပ္အသံျမည္​ေနတဲ့ဖုန္းက ကုတင္​ေဘး႐ွိခုံ​ေပၚမွျဖစ္
သည္။​ယြန္းဂီကေရခ်ိဳး​ေနတာ​ေၾကာင့္ ဖုန္းvibrateသံကိုမၾကားရပါ။ဖုန္းက​ေတာက္​ေလွ်ာက္ဆက္ျမည္​ေနသည္။

​ယြန္းဂီ ​သဘက္ပဲပတ္ကာ ​ေရခ်ိဳးခန္းထဲကထြက္လာ​ေတာ့ တဗြီဗြီအသံႏွင့္လင္း​ေနတဲ့ဖုန္း​ေၾကာင့္ ခႏၶါကိုယ္႐ွိတင္က်န္​ေန​ေသာ ​ေရ​ေတာင္မသုတ္အားပဲ​ေျပးကိုင္ရ​ေတာ့သည္။ဆက္လာသူက​ေတာ့ နမ္ဂြၽန္ျဖစ္သည္။

'ဘာလို႔ခုမွလာကိုင္တာလဲ...​ေသမယ့္အ​ေရးဆို ငါ​​ေသ​ေနၿပီသူ​ေတာင္းစားရဲ႕'

ဖုန္းကိုင္ကိုင္ခ်င္းမွာပဲ စၾကားရတဲ့ဆဲ​ေရးတိုင္းထြာသံ​ေၾကာင့္ ​ယြန္းဂီမ်က္​ေမွာင္က်ံဳ႕ကာသက္ပ်င္းခ်မိသည္။

"အခုမ​ေသ​ေသးဘူးမလား... ဘာကိစၥလဲ သားႀကီး"

သူျပန္​ေျပာ​ေတာ့ နမ္ဂြၽန္႔ဘက္မွထပ္ၿပီးဆဲဆိုလာ​ေတာ့သည္။တယ္လည္းအဆဲသန္တဲ့​ေကာင္။

'ဒီ​ေန႔ ဟို​ေကာင္​ေတြနဲ႔ခ်ိန္းထားတယ္...သြားရ​ေအာင္...ငါတို႔လက္ရည္​ကို...အဲ့​ေကာင္​ေတြကေလ်ာ့တြက္​ေနတာ...သြားၿပီးပညာ​ေပးရ​ေအာင္ သားႀကီး'

နမ္ဂြၽန္႔ဘက္က အားတက္သ​ေရာပင္ သူ႕ကိုဖိတ္​ေခၚလာသည္။သူလည္းသြားခ်င္ပါသည္။အခုတ​ေလာ လီဟန္မင္းတို႔ဘက္က ခဏခဏစိန္​ေခၚ​ေနတာ သူသိသည္။ဒါ​​ေပမယ့္
လည္းသြားလို႔မရတာ​မို႔ နမ္ဂြၽန္႔ကိုဘယ္လို​ေျပာရပါ့မလဲ?

'​​ယြန္းဂီ...မင္းဘာ​ေတြ​ ေတြ​ေဝ​ေနတာလဲ...သြားမယ္မလား... ငါလာ​ေခၚမယ္...မ​ေန႔ကမွ မာမီ့ဆီကရထားတဲ့lambo ​အသစ္စက္စက္​ေလးနဲ႔ လာ​ေခၚမယ္...ဟဲဟဲ'

ႂကြားလုံးထုတ္​ေနတဲ့နမ္ဂြၽန္က သူ႕ကားအသစ္နဲ႔ဟို​ေကာင္
​ေတြကို သြား႐ႈပ္ဦးမယ္။ႂကြားကလည္းႂကြား​ေသး။ငယ္ငယ္တည္းက​ေတာ္​ေတာ္ႂကြားတဲ့​ေကာင္က ခုထိဗီဇမ​ေပ်ာက္​​။

"သားႀကီး...ဟူး...ငါလာလို႔မရဘူးကြ...ငါထယ္​ေယာင္းကို သြားႀကိဳရမွာ"

'ဘာ!...ဘယ္ကထယ္​ေယာင္းလဲ...မင္း​ေဆာ္လား...​​ေျပာ​ေတာ့မမဆို'

​ေအာ္လိုက္တာ သူ႕ရဲ႕နားစည္​ေတာင္ကြဲ​ထြက္​ေတာ့မယ္ထင္။
​ေမ့​ေနတာ...နမ္ဂြၽန္မွထယ္​ေယာင္းကိုမသိပဲ။မသိလည္း ႐ွင္းျပဖို႔အခ်ိန္မ႐ွိ​ေတာ့ဘူး။အခု​ေတာင္ 8ခြဲ​ေတာ့မယ္။ျမန္ျမန္လစ္မွ ​ေတာ္ကာက်မည္။

"သားႀကီး...ငါ​ေနာက္က်ရင္အားလုံး႐ွင္းျပပါ့မယ္...ဟိုေကာင္​ေတြဆီ မင္းတစ္​ေယာက္တည္းမသြားနဲ႔...ငါအားရင္မင္းဆီလာခဲ့မယ္...ဒါပဲ​ေနာ္သားႀကီး...အာ..​.ေမ့လို႔...ခ်စ္တယ္သားႀကီး...မြ"

နမ္ဂြၽန္က​ေတာ့ ေျပာခ်င္ရာ​ေျပာၿပီးဖုန္းခ်သြား​ေသာ​ယြန္းဂီေၾကာင့္ တင္း​​ေလ​ေတာ့သည္။နမ္ဂြၽန္ကို ​ယြန္းဂီပလစ္ထားတာမ်ား​ေနၿပီျဖစ္တာ​ေၾကာင့္​ နမ္ဂြၽန္ေတာ္​ေတာ္စိတ္ဆိုး​သြားသည္။အခုလည္း နမ္ဂြၽန္စိတ္​ေကာက္မယ္မွန္းသိလို႔ ခ်စ္တယ္​ေတြ အာဘြား​ေတြ​ေပးသြားတဲ့​ယြန္းဂီကို႐ြံ႕ဖို႔​ေကာင္းလိုက္တာဟုသာ နမ္ဂြၽန္​ေတြးရင္းဆဲ​​ေနေတာ့သည္။​

​ယြန္းဂီ အားလုံးျပင္ဆင္ၿပီးသြား​ေတာ့ ကား​ေသာ့ျမန္ျမန္ဆြဲကာ ​ထယ္​ေယာင္းဆီသြားဖို႔ကားကိုဒုန္စိုင္း​ေမာင္း​ေတာ့သည္။9နာရီ15မိနစ္အ​ေရာက္လာခိုင္းတဲ့ထယ္​ေယာင္း​ေၾကာင့္ ​ယြန္းဂီျပာယာခတ္​ေန​ေတာ့သည္။

​မီးပြိဳင့္မိတုန္း ​သူၿပီးခဲ့တဲ့​ေသာၾကာ​ေန႔က​ ေသာက္​ျပႆနာေလးဆီကခံလိုက္ရတာကို​ေတြးရင္း ​​ေပ်ာက္​ေနတဲ့ေဒါသ​ေတြကျပန္ထထြက္လာျပန္သည္။

ၿပီးခဲ့တဲ့​​ရက္ကယြန္းဂီက​ေတာ့ မမကို​ေတြ႕ရမယ္ထင္ၿပီး ရန္တခုန္ခုန္နဲ႔​​​ေမာင္းလာလိုက္တာ ထယ္​ေယာင္း​ေျပာတဲ့ျခံ​​ေ႐ွ႕​ေရာက္​ေတာ့ ျခံ​ေစာင့္ျဖစ္ပုံရသည့္ဦး​ေလးႀကီးက သူတို႔ကားကိုျမင္သည္ႏွင့္ ျခံတံခါးဖြင့္​ေပးဖို႔ျပင္​ေနသည္။အဲ့ဒါကို ထယ္​ေယာင္းကလက္ျပ၍ရပ္ခိုင္းလိုက္သည္။ၿပီး​ေတာ့ ​ယြန္းဂီဘက္သို႔လွည့္၍

"ကြၽန္​ေတာ္ ဒီကပဲဆင္းမယ္...ခင္ဗ်ားကိုအိမ္ထဲထိ​ေခၚဖို႔​​ေတာ့အစီအစဥ္မ႐ွိဘူး... ဒါဆိုခြင့္ျပဳပါဦး"

​ယြန္းဂီက​ေတာ့ သူ႕အၾကံ​ေလးပ်က္​ေတာ့မည္ျဖစ္၍ ထယ္​ေယာင္း​ေျပာတာကို​ ေဒါသထြက္ခ်ိန္​ေတာင္မရ။မမကို​ေတြ႕ဖို႔သာစိတ္အားထက္သန္​​ေနသည္။

ကားတံခါးဖြင့္ကာ ထြက္သြား​ေတာ့မယ့္ထယ္​ေယာင္းကို
​ယြန္းဂီ စိုးရိမ္တႀကီးျဖင့္ လက္​ေကာက္ဝတ္ကိုလွမ္းဆြဲလိုက္မိသည္။ထယ္​ေယာင္းက မႀကိဳက္သလိုၾကည့္လာမွသတိဝင္ၿပီး ျပန္လႊတ္​ေပးလိုက္သည္။

"ဟို...ကိုယ္မမနဲ႔​ေတြ႕သြားလို႔မရဘူးလား ထယ္​ေယာင္း"

ထိုစကား​ေၾကာင့္ ထယ္​ေယာင္းက ​ယြန္းဂီဘက္သို႔ျပန္လွည့္ကာညစ္ျပဳံး​ေလးျပဳံးရင္း

"ခင္ဗ်ားက ကြၽန္​ေတာ္႕ကိုျပန္လိုက္ပို႔တာမလား...ကြၽန္​ေတာ္အခုအိမ္ျပန္​ေရာက္​ေနၿပီ​ေလ...အဲ့​ေတာ့ခင္ဗ်ားျပန္လို႔ရၿပီ... ၿပီး​ေတာ့...ကြၽန္​ေတာ္႕အစ္မကို ေတြ႕ကရာလူနဲ႔ေပး​ေတြ႕ဖို႔...ကြၽန္​ေတာ္ကခြင့္ျပဳမယ္ထင္လား"

​​​​ယြန္းဂီ ​ေယာင္နနႏွင့္​ေခါင္းခါျပလိုက္သည္။မသိရင္
​ယြန္းဂီပုံစံကလိုခ်င္တာကိုဝယ္မ​ေပးပဲ အဆူခံ​ေနရ​ေသာ
က​ေလးနဲ႔တူ​ေနသည္။ထယ္​ေယာင္းက ​ယြန္းဂီအျပဳအမူကို ​​ေလွာင္သလို​ေျပာင္သလိုရယ္ၿပီး ကား​ေပၚကဆင္းသြား​ေတာ့သည္။​ယြန္းဂီက​ေတာ့ ငူငူငိုင္ငိုင္ႀကီးက်န္ခဲ့သည္။
​ယြန္းဂီစိတ္ထဲတြင္ မမကိုရဖို႔အ​​ေရးဒီလိုမ​ေလာက္​ေလး
မ​ေလာက္စားကင္မ္ထယ္​ေယာင္းကို​ ေက်ာ္ဖို႔မလြယ္ဘူးဟူ၍​ေတြး​ကာက်န္​ခဲ့သည္။

​ထယ္​ေယာင္း ျခံ​ေစာင့္ဦး​ေလးႀကီးဖြင့္​ေပးထား​တဲ့တံခါးကိုဝင္ကာနီးမွ တစ္ခုခုကိုသတိရကာ ​ယြန္းဂီကားဆီျပန္သြားရင္းကားမွန္ကို​ေခါက္လိုက္သည္။အခုထိတစ္​ေနရာကို​ေငးၿပီး​ေတြး​ေကာင္း​ေနတဲ့ ​ယြန္းဂီလည္းကားမွန္​ေခါက္သံ​ေၾကာင့္ အသိစိတ္ျပန္ဝင္လာ​ေတာ့မွ ထယ္​ေယာင္းေခါက္​ေနတာကို​ျမင္​ေတာ့သည္။​​

"ကြၽန္​ေတာ္႕ကို တနလၤာ​ေန႔လာ​ေခၚ​ေပးပါ...​ေနာက္ဆိုခင္ဗ်ားပဲအႀကိဳအပို႔လုပ္​​ေပး...ကြၽန္​ေတာ္ၾကားတာ​ေတာ့...ခင္ဗ်ားကအလုပ္မ႐ွိဘူးမလား...မပို႔ခ်င္လည္း​ေျပာ​ေနာ္...မမ့ကိုသ​ေဘာက်​ေနတဲ့လူ​ေတြကမ်ား​ေတာ့...ေနာက္တစ္​ေယာက္ကိုပို႔ခိုင္းမလို႔"

ထယ္​ေယာင္းစကား​ေၾကာင့္ ယြန္းဂီမ်က္လုံး​ေတြျပဴးသြားသည္။ဘယ္​ေကာင္က ငါ့မမကိုငါနဲ႔လုဖို႔ႀကိဳးစား​ေနတာလဲ?ငါ့​ေယာက္ဖ​ေလးကိုမ်က္ႏွာလုပ္ဖို႔ႀကိဳးစား​ရင္ ငါ့ကိုအရင္​ယွဥ္ၾက။​ေယာက္ဖ​ေလးစိတ္တိုင္းက် ​အႀကိဳအပို႔ကို ဒီက​ေကာင္ပဲပို႔​ေပးရမွာ​ေပါ့။က်န္တဲ့​ေကာင္​ေတြ ၾကားထဲကအမွတ္မယူႏိုင္​ေအာင္ကို ​ေယာက္ဖ​ေလးနားမွာကပ္​ေနရမယ္။

"ကိုယ္ပဲလိုက္ပို႔ပါ့မယ္ ထယ္​ေယာင္း...ကိုယ္တနလၤာ​ေန႔ ဘယ္အခ်ိန္လာ​ေခၚရမလဲ"

​ယြန္းဂီစကား​ေၾကာင့္ ထယ္​ေယာင္း ​ေခါင္း​ေမာ့ကာရယ္လိုက္သည္။အမွန္​ေတာ့ ထယ္ဟီးကိုသ​ေဘာက်​ေနတဲ့လူ​ေတြထဲမွ ထယ္​ေယာင္းဆီမွာဒီလိုအ​စမ္းသပ္ခံဖို႔ကို ထယ္​ေယာင္းက ႀကိဳတင္စုံစမ္းၿပီးမွ မမ့ကိုထိုလူအားသူ႕ဆီလႊတ္ခိုင္းျခင္းျဖစ္သည္။ထယ္​ေယာင္းအျဖစ္က ​ေ႐ွး​ေခတ္က
သမီး​ေတာ္ကို သားမက္​ေတာ္႐ွာ​​ေပးတဲ့ ဖခမည္း​ေတာ္ဘုရင္​ေတြအျဖစ္ႏွင့္ခပ္ဆင္ဆင္​​ေပ။အခုလည္း တစ္ျခားလူ​ေတြမ႐ွိ​ေပမဲ့ ​ယြန္းဂီကို​လီဆယ္ကာေျခာက္လိုက္​ေတာ့ ခ်က္ခ်င္းလက္ခံလာတာကို​ ေတြးရင္းရယ္​ေနျခင္းျဖစ္သည္။

"မနက္9နာရီ 15မိနစ္ ဒီ​ေနရာကိုပဲလာ​ေခၚပါ"

ထိုမွ်သာ​ေျပာၿပီးထြက္သြားတဲ့ထယ္​ေယာင္းကို သူ​​ေခါင္းညိတ္ျပလိုက္မိလား​ေတာင္မသိ။ခုနက သူ​ေျပာတာကိုရယ္​ေနတဲ့ထယ္​ေယာင္းကိုျမင္ၿပီး စိတ္ထဲရင္ခုန္သလိုမ်ိဳးတစ္မ်ိဳး​တမည္ခံစားလိုက္ရတာကို ​ေတြး​ေန​ေသာ​ေၾကာင့္ျဖစ္သည္။

"မျဖစ္ႏိုင္တာ...ရင္ဘတ္ထဲက​ေကာင္ကမမအတြက္ပဲခုန္တာ​ေလ...အဲ့ဟာ​ေလးကမမနဲ႔မ်က္ႏွာ​ေပါက္တူ​ေနလို႔ျဖစ္မွာပါ...ဒါ​ေပမဲ့...မမမွာ​ေလး​ေထာင့္ဆန္​ဆန္အျပဳံး​ေတြမွမ႐ွိတာ...အား...ဘာ​​ေတြလဲမသိ​ေတာ့ဘူး...မမ့ကိုအရမ္းသတိရ​ေနလို႔ျဖစ္မယ္...အဲ့ဟာ​ေလးကို​ေတြ႕ရင္မမကိုပဲသတိရ​​ေန​ေတာ့ခုန္သြားတာျဖစ္မယ္...ဟုတ္တယ္...ဟုတ္တယ္"

​ယြန္းဂီတစ္​ေယာက္ပါးစပ္ကလည္း​ေျပာ၊လက္ကလည္းကိုယ့္​ေခါင္းကိုယ္႐ိုက္ရင္းသာ ကားကို​ေမာင္းထြက္သြားေတာ့သည္။

​​ယြန္းဂီတစ္ခုသတိမထားမိလိုက္တာက ကားတံခါးကိုတစ္သက္နဲ႔တစ္ကိုယ္ကို သူမ်ားဖြင့္​ေပး၊ပိတ္​ေပးမွစီးတတ္တယ္ဆို​​ေသာထယ္​ေယာင္းက သူကိုယ္တိုင္ကားတံခါးဖြင့္၍ဆင္းသြားသည္ဆိုတာကိုပင္။

.
.

တစ္​ေန႔ကလိုက္ပို႔ခဲ့တဲ့အတိုင္း မမအိမ္​​ေ႐ွ႕​ေရာက္​​ေတာ့​ေသာက္ျပႆနာ​ေလးက ျခံ​ေ႐ွ႕မွာလြယ္အိတ္ကိုင္၍​ ေစာင့္​ေနၿပီျဖစ္သည္။သူလည္း ရင္ထဲကအညိႇဳးေတြကို​ေနာက္ထား၊ကား​ေပၚကျမန္ျမန္ဆင္း၍ ကားတံခါးကိုဖြင့္​ေပး​ေတာ့ ​ေက်ာ့​ေက်ာ့​ေမာ့​ေမာ့​ေလးတက္သြားတာမ်ား...ကိုယ့္မွာသူ႕အ​ေစခံအတိုင္းပဲ။

"2မိနစ္နဲ48စကၠန္႔​ေနာက္က်တယ္ ခင္ဗ်ား"

"​ဪ"

​ယြန္းဂီ ကား​ေပၚ​​ေရာက္​ေရာက္ခ်င္း ၾကားရတဲ့စကား​ေၾကာင့္ '​ေအာ္' ဟုသာျပန္​ေျပာႏိုင္​ေတာ့သည္။

"ကိုယ္ေနာက္​ေန႔​ကြက္တိလာပါ့မယ္"

"အြန္း"

ကား​ေပၚတြင္ႏွစ္​ေယာက္လုံး စကားတစ္ခြန္းမွမဟၾက။​ေမာင္းတဲ့သူကလည္း​ေမာင္း၊အခန္႔သားထိုင္၍လိုက္စီးသူကလည္းစီးႏွင့္ ပတ္ဝန္းက်င္ကအ​ေတာ္ပင္တိတ္ဆိတ္​ေန​ေတာ့သည္။ျပႆနာက အခုမွစမွာျဖစ္သည္။

​တကၠသိုလ္​ေ႐ွ႕​​ေရာက္​ေတာ့ ထယ္​ေယာင္းက​​ဌာန​ေ႐ွ႕ထိမပို႔ခိုင္းပဲ ​ေက်ာင္း​ေ႐ွ႕မွာသာရပ္ခိုင္းသည္မို႔ ​လူျမင္ကြင္းမွာယြန္းဂီကားတံခါးဖြင့္​ေပးရမွာ​ ေသခ်ာသ​ေလာက္ျဖစ္ေနသည္။ထို႔​ေၾကာင့္ ယြန္းဂီကမဖြင့္​ေပးခ်င္တာ​ေၾကာင့္ မသိခ်င္​ေယာင္​ေဆာင္​ေနသည္။

"ကြၽန္​ေတာ္႕ကိုတံခါးဖြင့္​ေပး​ေလ"

"ကိုယ္ဖြင့္​​ေပးထားတယ္​ေလ...lockမခ်ထားဘူး"

​ယြန္းဂီက ထိုသို႔​ေျပာလာ​ေတာ့ ထယ္​ေယာင္းကလည္းမ​​ေခသူမို႔ ကားတံခါးမွန္အထိ​ေျခ​ေထာက္ကိုဆန္႔၍ ဖိနပ္ထိပ္ႏွင့္တြန္းကာဖြင့္လိုက္သည္။

"ကြၽန္​​ေတာ္က ကိုယ့္လက္နဲ႔ကိုယ္ပဲတံခါးမဖြင့္တတ္ဘူး​ေျပာတာ​...ေျခ​ေထာက္နဲ႔​ေတာ့ရတယ္​ေလ...ခင္ဗ်ားလည္းအျပစ္မျမင္ဘူးမလား"

ထယ္​ေယာင္းအ​ေမးကို ​ယြန္းဂီျပန္ေျဖဖို႔အတြက္ ကိုယ့္ပါးစပ္ကိုကိုယ္အတင္းလုပ္​ေဆာင္ခိုင္း​ေနရသည္​။​​​ေနာက္ဆုံး ပါးစပ္ကဘာစကားမွထြက္ဖို႔မလုပ္​​ေဆာင္ႏိုင္တာမို႔​ မ်က္လုံးမွိတ္၍သာေခါင္းညိတ္ျပလိုက္​​ေတာ့ ထယ္​ေယာင္းက မဲ့ျပဳံး​ေလးဆင္ျမန္း၍ဆင္းသြား​ေလသည္။ထယ္​ေယာင္းခပ္လွမ္းလွမ္း​ေရာက္တာ​ေသခ်ာမွ ​​ယြန္းဂီေပါက္ကြဲ​ေတာ့​သည္။

"အား!!...ငါ့​ေဘဘီကို​ေျခ​ေထာက္နဲ႔လုပ္သြားတာ...
သူ​ေတာင္းစား​ေလး!...ငါ့​ေဘဘီ​ေလးေပက်ံကုန္ၿပီ...အား!...ခံျပင္းတယ္...ခံျပင္းတယ္...ဒီႏွစ္car collectionထဲမွာ ငါ့အႀကိဳက္ဆုံး​ေဘဘီ​ေလးကို မင္းက​ေျခ​ေထာက္နဲ႔!...fuck uပဲ ကင္မ္ထယ္​ေယာင္း!!!"

.
.
.

ဒီလိုနဲ႔ပဲ​ ယြန္းဂီတစ္​ေယာက္ ထယ္​ေယာင္းဒ႐ိုင္ဘာလုံးလုံးျဖစ္သြားတာ 1လပင္​ေက်ာ္​ေနၿပီျဖစ္သည္။ဒီၾကားထဲ ႏွစ္​ေယာက္သားရဲ႕ဆက္ဆံ​ေရးက ​ေကာင္းလာဖို႔​ေန​ေနသာသာ၊ပိုပိုဆိုးလာသည္။​ယြန္းဂီဘက္က​​ေတာ့ ထုံးစံအတိုင္းၿငိမ္ခံ​ေနရတာပင္။ထယ္​​ေယာင္းက​ေတာ့​ ေအာင္ႏိုင္သူစစ္သူႀကီးျဖစ္သည္။အခုလည္း ​ေက်ာင္းကလိုက္ပို႔​ေပးတဲ့tripကို တစ္​ေယာက္တည္းမသြားခ်င္တာ​ေၾကာင့္ သူ႕​ေဝယ်ာဝစၥ​ေတြလုပ္​ေပးရန္​ ယြန္းဂီအားအတင္း​ေခၚသည္။​ယြန္းဂီက'ဘူး'ခံျငင္း​ေန​ေပမယ့္ ထယ္​ေယာင္းက ထုံးစံအတိုင္းၿခိမ္း​ေျခာက္​ေတာ့ လိုက္ဖို႔​ေခါင္းညိတ္လိုက္ရျပန္သည္။

"​ယြန္းဂီ မင္းဟာ​ေလးကကြာ...မင္းကိုသိပ္ႏိုင္စားတာပဲ...ေတာ္ၾကာမမနဲ႔မရပဲ...​ေယာက္ဖ​ေလးနဲ႔ညားသြားဦးမယ္"

မနက္​ေစာ​ေစာ​ယြန္းဂီမွာ ထယ္​ေယာင္းႏွင့္လိုက္ရန္ အထုပ္ျပင္​ေနတုန္း ဖုန္းမဆက္ဘာမဆက္ႏွင့္ ​ေရာက္ခ်လာ​ေသာနမ္ဂြၽန္ျဖစ္သည္။

"​ေဘာကို ငါ့ဟာ​ေလးလား ကင္မ္နမ္ဂြၽန္!!...မင္းျပန္ခ်င္ရင္ျပန္​ေတာ့"

အဝတ္​ေတြကိုျဖစ္သလိုထိုးသိပ္ထည့္​ေနရင္း သူ႕ကိုလွမ္း​ေျပာသည့္​ယြန္းဂီကို နမ္ဂြၽန္ရယ္ရင္းသာၾကည့္​​ေနသည္။

"စတာပါကြာ...မင္းကလည္း စိတ္ႀကီးပဲ...ဒါနဲ႔​ေလ...ငါလည္းလိုက္လို႔ရလား...မင္းမ႐ွိ​ေတာ့ငါလည္းပ်င္း​ေနၿပီသားႀကီး...ငါလည္းစိတ္​ေျပ​လက္​ေပ်ာက္လိုက္ခ်င္တယ္"

နမ္ဂြၽန္႔အ​ေျပာကို ​ယြန္းဂီခပ္ျမန္ျမန္​ေခါင္းညိတ္လိုက္သည္။​နမ္ဂြၽန္ပါ​ေတာ့ သူလည္းအ​ေဖာ္ရတာ​ေပါ့ဆိုတဲ့အ​ေတြး​ေၾကာင့္ပင္။

"ထယ္​ေယာင္းကိုဖုန္းဆက္​ေမးလိုက္မယ္...တကၠသိုလ္ကလုပ္တာဆို​ေတာ့...အျပင္လူ​ေတြလိုက္လို႔ရပါ့မလားလို႔"

"မင္းကလည္းကြာ...ငါကအဲ့​ေက်ာင္းသား​ေတြနဲ႔လိုက္မွာမွ
မဟုတ္တာ...ငါ့ဘာသာမင္းနဲ႔ပဲလိုက္ၿပီး...ဟိုတယ္မွာတည္းမွာ​ေပါ့...တုံးခ်က္ကြာ"

"မင္းအဲ့လိုလုပ္လို႔ရမလား...လိုက္မယ့္လိုက္ငါတို႔နဲ႔ပဲလိုက္​ေပါ့...မင္းတစ္​ေယာက္တည္းဘာလုပ္မလို႔လဲ"

​​ယြန္းဂီ နမ္ဂြၽန္႔ကို​ေငါက္ၿပီး ခ်က္ခ်င္းထယ္​ေယာင္းဆီသို႔ဖုန္း​ေခၚကာ အက်ိဳးအ​ေၾကာင္း​ေျပာျပလိုက္သည္။​နမ္ဂြၽန္က​ေတာ့ လိုက္မယ္​ေျပာမိတာမွားၿပီဆို​ေသာအ​ေတြးႏွင့္သာ ​ေခါင္းထိုင္ကုတ္ေန​ေတာ့သည္။

"​ထယ္​ေယာင္းက ဆရာ့ကိုဖုန္းဆက္​ေမး​ေတာ့...သူ႕အ​ေပါင္းအသင္း​ေတြမို႔ ရတယ္တဲ့...ၿပီး​ေတာ့...လုပ္အား​ေပးလည္းလိုေနတာမို႔...ကူ​ေပးဖို႔အ​ေဖာ္ရတယ္တဲ့...မင္းလိုက္လို႔ရၿပီသားႀကီး"

"​ေဘာကိုလုပ္အား​ေပးလား...ငါ့ဘာသာ​ေတာင္ပ်င္း​လို႔​ေသ​ေတာ့မလိုျဖစ္​ေနတာကို...မလိုက္ခ်င္​ေတာ့ဘူး မင္ယြန္းဂီေရ...လစ္ၿပီ"

လစ္ဖို႔ျပင္​ေနတဲ့နမ္ဂြၽန္​ေၾကာင့္ ​​ယြန္းဂီအခန္းတံခါးကို​​ေျပးပိတ္ကာ ခႏၶါကိုယ္ႏွင့္ကာထားလိုက္သည္။

"မင္းအဲ့လိုလုပ္လို႔ရမလား ကင္မ္နမ္ဂြၽန္...မင္းလိုက္ခ်င္တယ္ဆိုလို႔ ငါကအကုန္​ေျပာၿပီး​ေနၿပီကို...မရဘူး...ငါနဲ႔ခ်က္ခ်င္းလိုက္ခဲ့...ငါအခုၿပီး​ေနၿပီ"

"မလိုက္ႏိုင္ဘူးကြာ...ေဘးဖယ္"

"အို​​ေက...အို​ေက...မင္းလိုခ်င္​ေနတဲ့rolexနာရီ...ဘယ္လိုလဲ"

နမ္ဂြၽန္​ ေမး​ေစ့ကိုပြတ္ကာ​စဥ္းစား​ေနလိုက္ၿပီးမွ​ ေခါင္းညိတ္ျပသည္။နမ္ဂြၽန္အရမ္းလိုခ်င္တဲ့ ​ယြန္းဂီဆီမွနာရီျဖစ္သည္။limited editionမို႔သူလိုက္ဝယ္၍လည္းမရတာ​ေၾကာင့္ပင္။​ယြန္းဂီက​ေတာ့ နမ္ဂြၽန္လိုက္ဖို႔ကိုသာ စိတ္အားထက္သန္​ေနသည္မို႔ နာရီကိုပါစိတ္မဝင္စား​ေတာ့​ေခ်။သူ႕ကိုယ္သူလည္း ဘာ​ေၾကာင့္နမ္ဂြၽန္႔ကိုအတင္း​ေခၚ​ေနမိမွန္းမသိ​ေတာ့။​ေသခ်ာတာက​ေတာ့ လူၾကားသူၾကားမ​ေ႐ွာင္ခိုင္းစားတတ္တဲ့ထယ္​ေယာင္းက နမ္ဂြၽန္ပါလာရင္ သူ႕အ​ေပၚအရမ္းမဆိုး​ေလာက္ဘူးဟု​ထင္ေနတာ​ေၾကာင့္ပင္။

.
.
.

နမ္ဂြၽန္တစ္​ေယာက္ လိုက္လာမိတာမွားၿပီဟူ၍​သက္ပ်င္းခ်ည္းသာခ်​ေန​ေတာ့သည္။သူက​ယြန္းဂီကားႏွင့္အတူလိုက္သြား႐ုံပဲထင္​ေပမယ့္ တစ္ကယ္တမ္းသြားရ​ေတာ့​ ေက်ာင္းကစီစဥ္​ေပး​ေသာကားႀကီးျဖင့္မို႔ နမ္ဂြၽန္စိတ္ပ်က္​ေန​ေတာ့သည္။ဒါ​ေပမဲ့ လတ္တ​ေလာကမွရထားတဲ့rolexနာရီအသစ္စက္စက္​ေလး​ေၾကာင့္ လိုက္ရတာမွန္သြားၿပီဟု​လည္းေတြး​ေနျပန္သည္။​ယြန္းဂီလည္းနမ္ဂြၽန္႔လိုပင္...စိတ္အပ်က္ႀကီးပ်က္​ေနပုံပင္။​ဒုတိယႏွစ္​တကၠသိုလ္ေက်ာင္းသား​ေတြၾကားထဲမွာ သူနဲ႔နမ္ဂြၽန္ပဲႀကီး​ေကာင္ႀကီးမားႏွင့္မို႔ ႐ွက္လည္း႐ွက္၊မ​ေနတတ္လည္းျဖစ္​ေနသည္။ထယ္​ေယာင္းက​ေတာ့ သူ႕​ေဘးတြင္နားၾကပ္တပ္၍ ၿငိမ္ၿငိမ္​ေလးထိုင္​ေနသည္။

​ေက်ာင္းသူ​ေလးမ်ားက​ေတာ့ ဥစၥာ​ေပါ႐ုပ္ေခ်ာအစ္ကိုႀကီးႏွစ္​ေယာက္က လုပ္အား​ေပးအ​ေနႏွင့္​​ေမဂ်ာကking၊တစ္နည္းအားျဖင့္the whole kingနဲ႔အတူပါလာတာမို႔ဝမ္းသာလုံးဆို႔​ေနၾက​ေတာ့သည္။

​ယြန္းဂီ သူ႕ကိုလွည့္ၾကည့္လွည့္ၾကည့္လုပ္​ေန​ေသာ ​ေက်ာင္းသူ​ေလးမ်ား​ေၾကာင့္ပို​ေနရခက္ကာ မ်က္ႏွာႀကီး​ေအာက္ငုံ႔ထား​ေတာ့သည္။​ေဘးကထယ္​ေယာင္းက​ေတာ့
သူဦး​ေဆာင္ၿပီး​ေခၚလာသည့္​ယြန္းဂီကို အဖတ္​ေတာင္မလုပ္ပဲ သီခ်င္း​ေလးတညည္းညည္းျဖင့္သာ။

နမ္ဂြၽန္ လက္ကနာရီကိုဓါတ္ပုံ႐ိုက္ၿပီးigတြင္တင္လိုက္သည္။captionက​ေတာ့ present from my buddy(​သားႀကီးဆီမွလက္​ေဆာင္)ဟူ၍ျဖစ္သည္။SNSသုံးရင္းၿငီး​ေငြ႕လာတာ​ေၾကာင့္ နမ္ဂြၽန္​ပ်င္းလာ​ေတာ့ နာရီလိုခ်င္လို႔လိုက္ခဲ့မိတာမွားၿပီထင္ၿပီဟုျပန္သတိရကာ ​ေခါင္းကုပ္ေနျပန္သည္။​ယြန္းဂီကိုလွမ္းၾကည့္​ေတာ့ ဦးထုပ္ကိုမ်က္ႏွာ​ေပၚတြင္ကြယ္ကာ အိပ္​ေနၿပီျဖစ္သည္။ခရီးကဘယ္​ေလာက္ၾကာမည္မွန္းမသိ​ေပမဲ့ တစ္ကားလုံးတြင္သူပဲ​ေခါင္း​ေထာင္​ေနတာျဖစ္၏။အားလုံးက သူတို႔အုပ္စုႏွင့္သူတို႔​ေန​ေနၾကၿပီး တစ္ခ်ိဳ႕​ေကာင္မ​ေလးအုပ္စု​ေတြက သူ႕ကိုၾကည့္ၿပီးရယ္ျပ​ေနၾကတာ​ေၾကာင့္ သူလည္းသူ႕ရဲ႕အလွဆုံးပါးခ်ိဳင့္​ေလးမ်ား​ေပၚ​ေအာင္ျပန္ရယ္ျပ​ေတာ့ ​ေကာင္မ​ေလး​ေတြက႐ွက္ကုန္ကာ​​ေ႐ွ႕ျပန္လွည့္ၿပီး တီးတိုး​ေျပာ​ေနၾကသည္။

နမ္ဂြၽန္​ေငး​ေနရင္းမွ သူ႕ပုခုံး​ေပၚအရာဝတၳဳတစ္ခုျပဳတ္က်လာသည္ဟု ခံစားမိတာ​ေၾကာင့္​​ၾကည့္လိုက္​ေတာ့ သူကား​ေပၚတက္လာတည္းက မ်က္ႏွာကိုmaskတပ္ထားၿပီးhoodie​ေခါင္းစြပ္ကိုစြပ္ထားသည့္လူရဲ႕​ေခါင္းျဖစ္သည္။
သူစတက္လာတည္းကအိပ္​ေနတာ ခုထိမႏိုး​ေသးပင္။​ေတာ္​ေတာ္အိပ္ႏိုင္တဲ့သူပါလားဟု​ေတြးရင္း နမ္ဂြၽန္​ေခါင္းရမ္းကာ သူ႕ပုံခုံး​ေပၚက်​ေနတဲ့ထိုလူ​ေခါင္းကိုပါ ​ေဘးသို႔တြန္းထုတ္လိုက္သည္။

.
.

ကားကို5နာရီတိတိစီးအၿပီးမွာ​ေတာ့ အလို႐ွိရာ​​ေနရာသို႔
​ေရာက္လာ​ေတာ့သည္။ထယ္​ေယာင္းတို႔​ေမဂ်ာကfashion​ and designမို႔ သူတို႔အခုလာတာက အထည္ကုန္ၾကမ္း​ေတြထုတ္တဲ့နယ္ဘက္ကစက္႐ုံ​ေတြဆီျဖစ္သည္။​ၿမိဳ႕ျပျဖစ္တဲ့Seoulႏွင့္​ေတာ္​ေတာ္​ေလးကြာျခား​ေပမဲ့ ​သဘာဝ​ေပါမ်ားကာ ေအးခ်မ္းၿပီးတိတ္ဆိတ္တာ​ေၾကာင့္​ ေက်ာင္းသားတိုင္းသ​ေဘာက်​ေနၾကသည္။​နမ္ဂြၽန္ႏွင့္​ယြန္းဂီက​ေတာ့ နယ္ဘက္​ေတြဆိုတာဒီလိုႀကီးလားဆိုၿပီး တစ္​ေယာက္မ်က္ႏွာတစ္​ေယာက္ၾကည့္ရင္း ငို​ေတာ့မလိုျဖစ္​ေနၾက​ေတာ့သည္။

'​ေျဖာင္း...​ေျဖာင္း...​ေျဖာင္း'

အားလုံးတစ္​ေယာက္တစ္​ေပါက္​ေျပာ​ေနၾကစဥ္ ဌာနမွတာဝန္႐ွိဆရာတစ္​ေယာက္ဆီက လက္ခုပ္တီးကာအားလုံးကိုစကား​ေျပာ​ေနတာရပ္ရန္လက္ျပလိုက္သည္။

"ဆရာတို႔က​ေနရာသုံး​ေနရာကို အဓိကထားလည္ပတ္ရမယ္...​ေနရာ​ေတြအားလုံးက ဒီ​ေဒသထဲကအထည္လိပ္စက္႐ုံ​ေတြပဲ...တစ္ရက္ကိုတစ္ခုႏႈန္းနဲ႔​​ေသခ်ာလိုက္ၾကည့္ၿပီး...ေက်ာင္းသား​ေတြက စက္႐ုံက႐ွင္းျပမယ့္အ​ေၾကာင္းအရာ​ေတြ...အထည္အလိပ္​ေတြကို...ကိုယ္ပိုင္ဥာဏ္နဲ႔ျပန္ျဖည့္စြက္ၿပီး...တစ္ဦးကိုစာတမ္းတစ္ခုစီျပင္ဆင္ၿပီး​​...ေနာက္ႏွစ္ပတ္အတြင္းထပ္​ေပးရမယ္...groupလိုက္projectက​ေတာ့​​...ေက်ာင္း​ေရာက္မွ အဖြဲ႕ခြဲၿပီးဆုံးျဖတ္​ေပးမွာျဖစ္ပါတယ္...ဘာ​ေခါင္းစဥ္လဲဆိုတာက​ေတာ့...အဖြဲ႕ခြဲမွဆရာက​ေ႐ြး​ေပးမွာမို႔လို႔...အားလုံးအခ်က္အလက္​ေတြကိုတစ္ခု​ေတာင္မလြတ္​ပါ​ေစနဲ႔...ဒီစာတမ္း​အမွတ္ေတြကို​​ေနာက္လစာ​ေမးပြဲမွာထည့္တြက္သြားမွာျဖစ္လို႔...အားလုံးႀကိဳးစားၾကပါ...မျပန္ခင္​ေနာက္ဆုံးရက္မွာ ဒီ​​ေဒသမွာ႐ွိတဲ့ဘိုးဘြားရိပ္သာမွာ...​ေက်ာင္းသား​ေတြတီထြင္ဖန္တီးထားတဲ့အ​ေႏြးထည္​ေတြကိုလႉဒါန္းမွာျဖစ္ပါတယ္...အားလုံးပဲခရီးစဥ္တစ္ခုလုံးကို​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္​ပါဝင္​ေပးၾကၿပီး ဂ႐ုစိုက္ၾကပါ...ၿပီး​ေတာ့လုပ္အား​ေပးအေနနဲ႔လိုက္လာ​ေပးတဲ့...ေက်ာင္းသူ​ေလး​ေတြ မ်က္စိက်​ေနတဲ့အစ္ကိုႀကီးႏွစ္​ေယာက္ကိုလည္း... လက္ခုပ္တီး​ေပးၿပီး ဂုဏ္ျပဳလိုက္ပါဦး...ဆရာကလည္းဒီက​ေန​ေက်းဇူးတင္ပါတယ္ သား​ေလးတို႔ကို"

ဆရာ့စကားအဆုံးမွာ ​ေက်ာင္းသူ​ေတြအားလုံးက​ယြန္းဂီနဲ႔
နမ္ဂြၽန္႔ကို လက္ခုပ္တီးကာ ​ေက်းဇူးတင္​ေၾကာင္း​ေျပာၾကသည္။​​ေက်ာင္းသား​ေတြက​ေတာ့ သူတို႔ထက္သာ​ေနတဲ့အစ္ကိုႀကီး​ႏွစ္​ေယာက္ကို မနာလို​ေသာမ်က္ဝန္းမ်ားျဖင့္သာၾကည့္ရင္း မတီးခ်င္တီးခ်င္​နဲ႔လက္ခုပ္တီး​​ေပး​ေနသည္။

"ကဲ...အားလုံးပဲ...မနက္ျဖန္ကစၿပီးပင္ပန္းမွာမို႔...ဒီ​ေန႔ညကို​​ေတာ့ေကာင္း​ေကာင္းစား​​ေသာက္ၿပီး အား​ေမြးထားၾကပါ... camp siteတစ္ခုလုံးအျပတ္ငွား​ေပးထားတာမို႔...အားလုံးစီစဥ္​ေပးထားတဲ့အတိုင္းေနၾကပါ...လုပ္အား​ေပးသား​ေလးႏွစ္​ေယာက္က​ေတာ့...ထယ္​ေယာင္း​အသိ​ေတြဆို​ေတာ့...ဒီကစာဖိုမႉးသား​ေလးနဲ႔အတူ...​ေလး​ေယာက္​ေနလိုက္လို႔အဆင္​ေျပတယ္မလား...အစကကြက္တိ​ေပမယ့္....လုပ္အား​ေပးသား​ေလးတို႔ႏွစ္​ေယာက္ပိုလာ​ေတာ့...ေလး​ေယာက္တူတူ​ေနဖို႔ျဖစ္သြားတယ္ "

​ထယ္​ေယာင္းတို႔​ေလး​ေယာက္လုံး အဆင္​ေျပ​ေၾကာင္း​ေခါင္းညိတ္လိုက္​ေတာ့ ဆရာကျပဳံးျပၿပီးထြက္သြား​သည္။​ယြန္းဂီက​ေတာ့ ထယ္​ေယာင္းႏွင့္သိ၍အဆင္​ေျပ​​ေပမယ့္ နမ္ဂြၽန္႔မွာ​ေတာ့ ယြန္းဂီတစ္​ေယာက္​ကလြဲၿပီး က်န္ႏွစ္​ေယာက္ႏွင့္မသိ၍ လိုက္လာတာမွားၿပီဟူ၍ထပ္​​ေတြးမိကာ ​ယြန္းဂီဘက္သို႔လွည့္၍ အသံတိတ္ျဖင့္ဆဲ​ေနျပန္သည္။

သူတို႔​ေလး​ေယာက္လုံးဝင္သြား​ေတာ့ ကုတင္ကႏွစ္လုံးတည္းျဖစ္ၿပီး king sizeကုတင္​ေတြျဖစ္သည္။ႏွစ္​ေယာက္ဆီခြဲ​ေနလိုက္ရင္အဆင္​ေျပတာမို႔ ​ယြန္းဂီနဲ႔နမ္ဂြၽန္က​ဦးစြာ
ဘယ္ဘက္ကကုတင္ကို သူတို႔ႏွစ္​ေယာက္ယူလိုက္မည္ဟု​ေျပာ​ေနစဥ္မွာပင္

"​ခင္ဗ်ား ကြၽန္​ေတာ္နဲ႔ပဲလာအိပ္ မင္ယြန္းဂီ...မသိတဲ့သူစိမ္းနဲ႔မအိပ္ခ်င္ဘူး"

ထယ္​ေယာင္းစကား​ေၾကာင့္ ​ယြန္းဂီေရာနမ္ဂြၽန္ပါ တစ္ဖက္ကmaskတပ္ထား​ေသာစားဖိုမႉးဆိုသူကို အားနာစြာျဖင့္လွည့္ၾကည့္လိုက္ေတာ့ ထိုလူကသူက​ေတာ့​ေအး​​ေဆးပါဟု ပုခုံးတြန္႔ျပကာ ခရီး​ေဆာင္အိတ္ကိုယူ၍ဘယ္ဘက္ကုတင္​တြင္ဝင္ထိုင္ကာ ပစၥည္း​ေတြ​ေနရာခ်​ေန​ေလသည္။​ေတာ္​ေတာ္ကို သည္းခံႏိုင္စြမ္း​ေကာင္းတဲ့လူပါလားဟု ​ယြန္းဂီေရာ
နမ္ဂြၽန္ပါ ​ေတြး​လိုက္ၾကသည္။

"မင္း ဟိုစားဖိုမႉးနဲ႔အိပ္လို႔ျဖစ္တယ္မလားသားႀကီး"

​ယြန္းဂီအ​ေမးကို နမ္ဂြၽန္ကညာဘက္မ်က္ခုံးတြန္႔ျပရင္း

"ဘာမျဖစ္စရာ႐ွိလို႔လဲကြာ...ေယာက်ာ္း​ေလးခ်င္းပဲကို...မၾကာခင္​ေဘာ္ဒါ​ေတြျဖစ္သြားမွာ...တစ္ခ်ိဳ႕အိမ္ကသခင္​ေလး​ေတြလိုကပ္သီးကပ္ဖဲ့မလုပ္တတ္ဘူး"

နမ္ဂြၽန္က သူ႕သူငယ္ခ်င္းကိုခိုင္းစား​ေနတဲ့ထယ္​ေယာင္းကို
ၾကည့္မရ၍​ေျပာ​ေတာ့ ထယ္​ေယာင္းကဂ႐ုပင္မစိုက္​ေပ။
သူ႕ဘာသာပစၥည္း​ေတြ​ေနရာခ်​ေနသည္။

​ယြန္းဂီက နမ္ဂြၽန္႔ကိုမ​ေျပာရန္လက္ကုတ္​ေတာ့ နမ္ဂြၽန္ကအနားသို႔ကပ္ကာတစ္ခုခု​ေျပာရင္း ဘယ္ဘက္ကုတင္​ေပၚသို႔တက္ကာေမွးရန္​ျပင္​ေတာ့သည္။

နမ္ဂြၽန္႔စကား​ေၾကာင့္ ​ယြန္းဂီမွာမ်က္ႏွာ​ေတြပူထူရင္း
ထယ္​ေယာင္းရဲ႕​ဆန္႔က်င္ဘက္တြင္ထိုင္ကာ အထုပ္အပိုး​ေတြဖြင့္​ေန​ရေတာ့သည္။

နမ္ဂြၽန္​ေျပာသြားသည္က

"မင္းဒီလိုပုံနဲ႔ဆို မမနဲ႔အ​ေၾကာင္းမပါပဲ...အဲ့ကပ္သီးကပ္ဖဲ့​ေလးနဲ႔ညား​ေတာ့မယ္...ငါႀကိဳျမင္​ေနၿပီသူ​ေတာင္းစား​ေရ"

ဟူ၍ျဖစ္သည္။


Kimharu4121992🌵
Borahae💜

Continue Reading

You'll Also Like

468K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
9.3K 253 16
Encanto-Ninjago crossover. A sacrifice in the past led a family into receiving a miracle symbolized by a candle that could never go out. As the fami...
2.8K 200 22
​ပင်လယ်လှိုင်း​တွေကြားထဲမှာ ခင်ဗျားကိုလွမ်း​နေမယ် ဒါ​ပေမယ့် ဒီည​တော့ကျွန်​တော်ထွက်သွားပါရ​စေ This storyline is owned by Author @anxiousmin. I got a...
217K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...