အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

228

2.3K 510 13
By Melinoe_Megami

Unicode

“ပြီးတော့ မင်းက အဲ့ခြူးမုယွင်အစစ်ရော ဟုတ်ရဲ့လား..? ခြူးမိသားစုရဲ့ သခင်ငယ်လေး ခြူးမုယွင်လေ..?”

***

ကြည့်၊ အမှန်ပြောဆေး သုံးတဲ့လူက ယဲ့ကျန့်ဟန် မဟုတ်လို့သာ ကံကောင်းသွားတာပေါ့။ မဟုတ်ရင် ခြူးမုယွင်တော့ နည်းနည်းလေး မေးလိုက်ရုံနဲ့ တစ်ဆွေလုံးတစ်မျိုးလုံးကို ပြောပြမိတော့မှာပဲ..!

အခုပဲကြည့်လိုက်လေ၊ မေးခွန်းက ဘယ်လောက်နက်နဲသလဲဆိုတာ..!

ခြူးမုယွင်အနေဖြင့် နာမည်နှင့် မျိုးရိုးက တူချင်တူမည်၊ နောက်ခံကတော့ လုံးလုံးလျားလျား ကွာခြားပေလိမ့်မည်။

အဖြူရောင်ပန်းလေး ခြူးမုယွင်သည် ခြူးမိသားစု၏ သခင်ငယ်လေးဖြစ်ပြီး ခြူးမိသားစု ပျက်စီးသွားပြီးနောက် မော့ကျိုးရှောင်က ကယ်ဆယ်သွားခဲ့၏။ ထို့နောက် အချစ်-အမုန်း အရှုပ်အထွေးများ ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ ခြူးမုယွင်အား ဘယ်သူလဲဟု မေးလျှင် ‘ခြူးမုယွင်’ဟုသာ ပြန်ဖြေရလိမ့်မည်။

ဤခြူးမုယွင်က အဖြူထည်ပန်းလေး ခြူးမုယွင် မဟုတ်တာတော့ စိတ်မကောင်းစရာပင်။

ခြူးမုယွင်က မျက်နှာတစ်ချက်မပျက်ဘဲ အေးတိအေးစက် ပြန်ပြောလိုက်သည်။ : “ကျုပ် အတိတ်ကို သိပ်မမှတ်မိဘူး..”

ထိုစကားက သိပ်မရှင်းလင်းပေ။ သူ မွေးစားခံရစဉ်က အတော်လေး ငယ်ရွယ်သေးသည်။ ခက်ခဲကြမ်းတမ်းခဲ့သော ဤနှစ်များနှင့် ယှဉ်သော် ကလေးဘဝ၏ နှစ်အနည်းငယ်စာ မှတ်ဉာဏ်များသည် သိပ်ပြီးမပြောပလောက်ပေ။ သို့ဖြစ်ရာ ရှင်းရှင်းလင်းလင်း မမှတ်မိဟု ပြောလိုက်သည်က ချဲ့ကားလွန်းတာမဟုတ်။

ယဲ့ကျန့်ဟန်ကလည်း တကယ့်ကို ဘာမှထပ်မမေးတော့ပေ။ သူက ခြူးမုယွင်ကိုသာ ညင်ညင်သာသာလေး ထိတွေ့နေခဲ့သည်။ သူ့အပြုအမူက အလွန်ညင်သာသော်လည်း အမူအရာကတော့ ခန့်မှန်းရခက်လှသည်။

ခြူးမုယွင်မှာ ယဲ့ကျန့်ဟန်၏ မထိတထိ အပြုအမူများကြောင့် အသည်းယားလာခဲ့၏။

“ခင်ဗျား ဘာဖြစ်ချင်နေတာလဲ..?”

“မင်းကို လုပ်မလို့လေ..” ယဲ့ကျန့်ဟန်က ချက်ချင်း ပြန်ဖြေခဲ့သည်။

ခြူးမုယွင်က မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်မဆိုးခဲ့ပေ။ ထိုအစား ယဲ့ကျန့်ဟန်ကို လှည့်ကြည့်လိုက်ပြီး.. “လုပ်လေ..”

ယဲ့ကျန့်ဟန်သည် အသိစိတ်ပြန်ကပ်သွားပြီး ခြူးမုယွင်ကိုသာ မျက်ဝန်းနက်နက်များဖြင့် စိုက်ကြည့်နေခဲ့သည်။

ခြူးမုယွင်က သူ့ကို ပြုံးပြလိုက်သည်။ အနည်းငယ် ကွေးညွတ်သွားသော မျက်ဝန်းအစုံက ဆွဲဆောင်မှုရှိစွာ။ : “ဒီနေရာမှာလား..?”

ယဲ့ကျန့်ဟန်ခမျာ မကောင်းဆိုးဝါး မီးတောက်တစ်ခု ဝမ်းဗိုက်အောက်ပိုင်းသို့ ပြေးဝင်သွားသလို ခံစားလိုက်ရ၏။ ဤလူသားလေးကို တွန်းလှဲပြီး သူ တကယ့်ကို လုပ်(Fk) ပစ်လိုက်ချင်သည်။ အော်ဟစ်ငိုကြွေးပြီး သူ့ကို တောင်းပန်လာသည်အထိ သောင်းကျန်းပစ်လိုက်ချင်သည်။ မာနကြီးလွန်းသော ပုံစံလေးကို အချစ်ဆိပ်တက်ပြီး ရူးသွပ်သွားအောင် လုပ်ပစ်လိုက်ချင်သည်။

နှစ်ပေါင်းသုံးထောင်ကျော် ချုပ်တည်းခဲ့ရသဖြင့် ရိုးရိုးသားသားဆိုရလျှင် သူ တကယ့်ကို မထိန်းချုပ်နိုင်တော့ပါချေ။

အချိန်အတော်ကြာအောင် လွမ်းဆွတ်ခဲ့ရသော အမျိုးသားလေးသည် ယခု သူ့ရင်ခွင်ထဲ ရောက်နေပြီး သူ့ကို လိုက်လျောချင်ဟန်ဖြင့်။ ယဲ့ကျန့်ဟန် မည်မျှထိန်းချုပ်နိုင်စွမ်းပါစေ၊ ဤအပြုအမူလေးကြောင့် လေတိုက်ရုံဖြင့် ဆုတ်ပြဲတော့မည့် စက္ကူပါးလေးပမာ ချုပ်တည်းနိုင်စွမ်း လျော့နည်းလာရသည်။

သို့သော် သူ ထိန်းချုပ်ရလိမ့်မည်။ ဤမြေခွေးလေးသည် အလွန်ဉာဏ်များလွန်းပြီး သူ့ကို ထောင်ချောက်ဆင်ထားမည်မှာ သေချာနေသလောက်ပင်။ သူ တိုးဝင်လာမည့် အချိန်ကို စောင့်နေခြင်းသာ ဖြစ်ရမည်။

ယဲ့ကျန့်ဟန်က အတွင်းကျကျကို နားလည်ထားပေသည်။

သူ့အမူအရာကြောင့် ခြူးမုယွင်က စိတ်မရှည်တော့ဟန်ဖြင့် အင်္ကျီကို ဆောင့်ဆွဲလိုက်သည်။

ယဲ့ကျန့်ဟန်၏ အသံက ပြောစရာမလိုအောင် အက်ရှလာတော့သည်။

“အလျင်မလိုနဲ့လေ.. အရေးကြီးကိစ္စတွေ အရင်ပြောကြရအောင်..”

ခြူးမုယွင်က ဟွန့်ခနဲပြုကာ.. : “အချစ်ကိစ္စလေးတွေ ဖန်တီးတာကရော အရေးကြီးကိစ္စမဟုတ်လို့လား..?”

ယဲ့ကျန့်ဟန် : “………”

ခြူးမုယွင်က တစ်ပတ်လှည့်ကာ ယဲ့ကျန့်ဟန်၏ ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။ ပြီးနောက် မျက်လုံးလေးပင့်ကာ ဆိုသည်။

“ယဲ့ကျန့်ဟန်.. နှစ်သုံးထောင်တောင် ထိန်းချုပ်လာခဲ့တယ်ဆိုတော့ ခင်ဗျားမှာ ကျန်းမာရေးပြဿနာ ရှိနေတာများလား..?”

ယဲ့ကျန့်ဟန် : “………”

ခြူးမုယွင်က မျက်ဝန်းထောင့်များ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ရင်း.. : “ခင်ဗျား ကျွန်တော့်ကို လိမ်နေတာမလား..? ကျောက်စိမ်းလို ထိန်းသိမ်းတာဘာညာ လျှောက်ပြောနေတာ ကျွန်တော် စိတ်ကျေနပ်တဲ့အထိ မလုပ်ပေးနိုင်လို့မလား..?”

ယဲ့ကျန့်ဟန်ခမျာ ဦးနှောက်ထဲ အသိစိတ်ကြိုးမျှင် ပြတ်သွားသလို ခံစားလိုက်ရသည်။ ယခုတော့ ဘယ်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ မရိုးမသားကိစ္စများကိုသာ လုပ်လိုက်ချင်တော့သည်။

ယဲ့ကျန့်ဟန်က စိတ်ပြင်းပြစွာဖြင့် ခြူးမုယွင်၏ လည်ပင်းညှပ်ရိုးကို ကိုက်ခဲလိုက်၏။ ခြူးမုယွင်ကလည်း မငြင်းဆန်သည့်အပြင် လည်ပင်းကိုပါ မြှောက်ပေးပြီး ကိုယ့်ကိုယ်ကို အရောက်ပို့ပေးခဲ့သည်။

ဆိုရိုးစကားရှိတယ်လေ၊ အရသာစစ်စစ်ကို ခံစားဖူးချင်ရင် ရိုးတွင်းခြင်ဆီကို စားကြည့်ပါတဲ့။ ချိုမြန်မှုတွေကို နားလည်သွားတဲ့လူက မစားရတာကြာတဲ့ အသီးချိုချိုလေးကို ဘယ်လိုလုပ် မစားဘဲ တောင့်ခံနိုင်ဦးမှာလဲ..?

စားချင်လွန်းလို့ ရူးသွားမှာတောင် စိုးရတယ်..!

ခြူးမုယွင်၏ ရှားရှားပါးပါး လိမ္မာသိတတ်နေပုံကြောင့် ယဲ့ကျန့်ဟန်မှာ ရေတစ်ဝက်၊ မီးတစ်ဝက် ခံစားချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားရသည်။ ဤအမျိုးသားလေး ထောင်ချောက်ဆင်နေမှန်း သိပါသော်ငြား မိုက်မိုက်မဲမဲဖြင့် ပိုးဖလံကောင်လို ဝင်တိုးချင်တော့သည်။ ဖီလာဆန့်ကျင်နေသည့် အစွန်းနှစ်ဖက်က ရမ္မက်မီးတောက်ကို မငြိမ်းသက်နိုင်ခဲ့ပေ။ ထိုအစား အရှိန်အဟုန်ပြင်းပြင်း တောက်လောင်လာမိရင်း ထိုလူသားလေးကို ဤချောက်ကမ်းပါးထက်ဝယ် အပြစ်ပေးချင်လာတော့သည်။

သို့သော် ယဲ့ကျန့်ဟန်ကား ရမ္မက်ဆန္ဒထက် ဆင်ခြင်တုံတရား ကြီးမား‌သော လူစားမျိုးဖြစ်ရာ စိတ်လွတ်ခါနီးဆဲဆဲတွင် အချိန်မီ ရပ်တန့်နိုင်ခဲ့လေသည်။

ခြူးမုယွင်က သူ၏အောက်တွင် လဲလျောင်းနေလေ၏။ ဆံနွယ်ရှည်များ ဖြာကျလျက်၊ မျက်ဝန်းထဲတွင် အခိုးအငွေ့များ ရစ်သိုင်းနေပြီး သူ၏ ပုံစံလေးက ပျင်းရိပျင်းတွဲဖြင့် ဆွဲဆောင်မှုရှိလွန်းနေသည်။ သူ၏ အသံကလည်း ငှက်မွေးတစ်စနှယ် နူးညံ့လွန်းစွာ၊ ကြားရသူတိုင်း ခြေလက်အင်္ဂါများမှအစ အရိုးပါမကျန် ထုံထိုင်းသွားစေလောက်သည်။

“ဘာလဲ..? တော်ပြီလား..?”

ယဲ့ကျန့်ဟန်က မျက်လုံးပိတ်ကာ ခြူးမုယွင်၏ နီရဲနေသော နှုတ်ခမ်းပါးထက်သို့ အနမ်းခြွေလိုက်၏။ ပြီးနောက် အေးတိအေးစက် မျက်နှာထားဖြင့် အင်္ကျီဝတ်ပေးခဲ့သည်။

ခြူးမုယွင်ပင် ကြောင်အမ်းသွားရသည်။

ယဲ့ကျန့်ဟန်က သူ့ကို ကောက်ညှင်းထုပ်ပမာ လေတိုးမဝင်အောင် အင်္ကျီဝတ်ပေးပြီးချေပြီ။

ခြူးမုယွင်လည်း ယဲ့ကျန့်ဟန်ကို လှောင်ပြောင်လိုက်သည်။ : “ယဲ့ကျန့်ဟန်.. ခင်ဗျား တကယ်ကြီး မစွမ်းဆောင်နိုင်တော့တာလား..?”

ယဲ့ကျန့်ဟန်က သူ့ကို လှည့်မကြည့်ဘဲ.. : “ကိုယ်လုပ်နိုင်မလုပ်နိုင် မင်းသိလာမှာပါ..”

ခြူးမုယွင်၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ မဖုံးကွယ်နိုင်အောင် ပေါ်ထွက်လာခဲ့၏။ : “အဲ့တာဆိုလည်း ထွက်သွားတော့လေ.. စိတ်မဝင်စားဘူး..”

ယဲ့ကျန့်ဟန်က ပြုံးကာ.. : “ဟုတ်ပါပြီ.. ကိုယ့်ကို ရန်မစနဲ့တော့.. မင်း တကယ်လိုချင်ရင် ကိုယ့်လက်ကနေ ပြေးလို့လွတ်မှာ မဟုတ်ဘူးနော်..”

ခြူးမုယွင်၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်လာခဲ့သည်။

ယဲ့ကျန့်ဟန်သည် ခြူးမုယွင်ကို အလျားလိုက် ပွေ့ချီကာ ချောက်ကမ်းပါးထက်မှ ခုန်လိုက်၏။ ပြီးနောက် အက်ရှစွာဖြင့်.. “မင်းက အရမ်းသတ္တိကောင်းတာပဲ.. ကိုယ်တို့ ကောင်းနေတဲ့အချိန် ရှန်ရွှိန်ယန်းကို မြင်စေချင်နေတာမလား..? အဲ့လိုသာ မြင်လိုက်ရင် သူ ရူးသွားလောက်မလား..?”

လေတိုးနေသဖြင့် ခြူးမုယွင်လည်း မကြားချင်ယောင်ဆောင်နေလိုက်သည်။

သူ အတွက်မှားသွားခြင်းပင်။ သို့သော် နှစ်သုံးထောင်ကျော် ချုပ်တည်းခဲ့ရသည့် ယဲ့ကျန့်ဟန်တစ်ယောက် ရုတ်တရက်ကြီး ပန်းသေသွားမည်ဟု မည်သူထင်ထားမည်နည်း။

ခြူးမုယွင်က မျက်လုံးမှိတ်ကာ စိတ်ကို အနားပေးလိုက်သည်။ ယဲ့ကျန့်ဟန်နှင့် စိတ်ရှုပ်ခံပြီး စကားထပ်မပြောတော့ပေ။

ဤနေရာက သိပ်မလုံခြုံသဖြင့် ယဲ့ကျန့်ဟန်အား တမင်တကာ ဆွဲဆောင်ခဲ့ခြင်းပင်။ သူသာ ယဲ့ကျန့်ဟန်ကို အချိန်ဆွဲထားနိုင်လျှင် ရှန်ရွှိန်ယန်း သို့တည်းမဟုတ် လင်းရွှမ် ရောက်လာပေလိမ့်မည်။

ရှန်ရွှိန်ယန်းအနေဖြင့် လင်းရွှမ်ကို ၁၅ မိနစ်၊ နာရီဝက်အတွင်း မျက်ခြေဖြတ်နိုင်မည် မဟုတ်သော်လည်း တစ်နာရီ၊ နှစ်နာရီ ကြာလို့မှ မျက်ခြေမဖြတ်နိုင်သေးလျှင် နတ်ဆိုးဘုရင်ဟု မခေါ်ထိုက်တော့ပေ။

မည်သူပဲရောက်လာပါစေ၊ ယဲ့ကျန့်ဟန်၏ လုပ်ရပ်ကြောင့် သေအောင်ရိုက်နှက်ကြလိမ့်မည်။

သို့သော် ယဲ့ကျန့်ဟန်က ငါးစာမဟပ်ခဲ့သည်မှာ နှမြောစရာပင်။

ဆရာခြူးတစ်ယောက် စိတ်မကြည်လင်သဖြင့် မည်သူနှင့်မျှ စကားမပြောချင်တော့ပေ။

ယဲ့ကျန့်ဟန်က ခြူးမုယွင်ကို ပွေ့ချီကာ ပြေးလွှားနေဆဲ၊ သူ့နေရပ်သို့ ခေါ်သွားချင်နေမှန်း သိသာနေတော့သည်။

ခြူးမုယွင်က ခရီးလမ်းကိုကြည့်ပြီး တစ်ခဏတွေးကာ စကားစပြောလိုက်သည်။ : “စကားမပြောချင်ဘူးလား..?”

ယဲ့ကျန့်ဟန်က ရှေ့တည့်တည့်သာ ကြည့်နေပြီး မဆိုစလောက်လေး ကော့တက်သွားသည့် နှုတ်ခမ်းများဖြင့်သာ သူ့ကို တုံ့ပြန်ခဲ့လေသည်။ : “မင်းက မရိုးသားဘူးလေ..”

ခြူးမုယွင်၏ ရင်ထဲတွင် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း မျက်နှာကတော့ တည်ကြည်နေလေ၏။ စိတ်ကို စုစည်းပြီး ခပ်တိုးတိုးလေး ပြောလိုက်သည်။ : “ကျွန်တော်က အသက်ရှင်ချင်ရုံပါ..”

ယဲ့ကျန့်ဟန် ကြောက်အမ်းသွားသည်။

ခြူးမုယွင်က ဆက်ပြောသည်။ : “ခြူးမိသားစု ဖျက်ဆီးခံလိုက်ရတဲ့အချိန် ကျွန်တော် သေခဲ့ရတယ်.. ပြီးတော့ အသက်ပြန်ရှင်လာခဲ့တယ်..”

ယဲ့ကျန့်ဟန်က အတက်အကျမရှိသော လေသံဖြင့်.. : “မင်း သေခဲ့တာတွေ များလွန်းလို့ ကိုယ်တောင် မရေတွက်နိုင်တော့ဘူး..”

ခြူးမုယွင် : “အဲ့တာက ကျွန်တော် အသက်ပြန်ရှင်ခဲ့တဲ့ ပထမဦးဆုံးအကြိမ်ပါ..”

ယဲ့ကျန့်ဟန်က သူ့ကို တစ်ချက်စွေကြည့်ကာ ထိုအကြောင်းဆက်ပြောရန် အချက်ပြလာသည်။

ခြူးမုယွင် : Oh.. ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်..!

ဒါပေါ့၊ ခြူးမုယွင်လည်း ရုပ်တည်ကြီးဖြင့် အမှန်တရားတော်တော်များများ ကြားညှပ်ကာ ပြောလိုက်သည်။

“ကျွန်တော် အသက်ပြန်ရှင်နေတာက ဘာမှန်းမသိတဲ့ အရာတစ်ခုနဲ့ အပေးအယူလုပ်ခဲ့လို့ပါ..”

ဘာမှန်းမသိသည့် အရာလေး Zero : ╮(╯▽╰)╭

“အို..?” ယဲ့ကျန့်ဟန်က စိတ်ဝင်စားဟန်ဖြင့် အရှိန်လျော့လိုက်သည်။ : “ဘယ်လိုအပေးအယူမျိုးလဲ..?”

ခြူးမုယွင်က ပြုံးလိုက်ရင်း : “ခင်ဗျား ခန့်မှန်းထားပြီးသားပါ..”

“လက်ထပ်ခွင့်တောင်းတာ..?” ယဲ့ကျန့်ဟန်က တစ်ခဏတွေးတောကာ.. “နတ်ဆိုးအရှင်ခုနစ်ပါးကို ချစ်ခွင့်ပန်ဖို့လား..?”

ခြူးမုယွင်က ပြန်ဖြေသည်။ : “ဟုတ်တယ်.. နတ်ဆိုးအရှင်ခုနစ်ပါးနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခွင့်တောင်းနိုင်မှရမှာ..”

ယဲ့ကျန့်ဟန်က မျက်မှောင်ကြုတ်ကာ.. : “အဲ့ ‘ဘာမှန်းမသိတဲ့ အရာ’က ဘာဖြစ်ချင်နေတာလဲ..?”

ခြူးမုယွင် : “မသိဘူး.. ကျွန်တော်က အသက်ရှင်ချင်ရုံပါ..”

ယဲ့ကျန့်ဟန်က အချိန်ယူကာ စဉ်းစားလိုက်သည်။

တကယ်တော့ ခြူးမုယွင်က လက်တစ်လုံးခြား စကားလှည့်လိုက်ခြင်း။ ဖြစ်စဉ်တစ်ခုလုံးကို အမှန်အတိုင်း ပြောပြခဲ့သော်လည်း တကယ့်အရေးကြီးဆုံးသော သော့ချက်ကိုမူ ပြောင်းလဲပစ်ခဲ့သည်။

ဥပမာအားဖြင့်.. Mission လုပ်ပြီး ရလာမည့်ဆုလာဒ်က Zero လေးအတွက်မဟုတ်၊ သူ့အတွက်သာ။

ဥပမာအားဖြင့်.. အသက်ရှင်ရန် ကြိုးစားနေခြင်းမဟုတ်၊ ဆုလာဒ်အတွက် ကြိုးစားနေခြင်းသာ။

အပေါ်ယံကြည့်လျှင် သိပ်မကွာခြားသလို ထင်ရသော်လည်း တကယ်တမ်းတော့ အတော်လေး ကွာခြားလေသည်။

ဦးဆုံးအနေဖြင့် သဘောသဘာဝ ကွာခြားသည်။

သူပြောလိုက်ပုံက သနားစရာကောင်းအောင် ထိန်းချုပ်ခံထားရသည့် ရုပ်သေးရုပ်သဖွယ်။

တကယ်တမ်းတွင် သူက သူလုပ်ရမည့် အရာအားလုံးကို တိတိကျကျ သိနေပြီး အခြေအနေအရပ်ရပ်ကို အစမှအဆုံးထိ စီစဉ်ထားပြီးသား ရုပ်သေးဆရာ…

သို့ဖြစ်ရာ အဘယ်သို့ တူညီပါမည်နည်း။

ခြူးမုယွင်က ယဲ့ကျန့်ဟန်အား မော့ကြည့်ကာ.. : “အခု ခင်ဗျားကို ပြောပြပြီးပြီဆိုတော့ ကျွန်တော့်ကို ကူညီပေးမှာလား..?”

………………………………………..

TN : Etrans က ကွန်ပလိသွားပြီ။ အဲ့တာကြောင့် ဖတ်ပြီးတဲ့လူတွေ Spoiler မပြောကြေးနော်။

Click ဖို့ မမေ့ကြပါနဲ့။

………………………………………..

Zawgyi

“ၿပီးေတာ့ မင္းက အဲ့ျခဴးမုယြင္အစစ္ေရာ ဟုတ္ရဲ႕လား..? ျခဴးမိသားစုရဲ႕ သခင္ငယ္ေလး ျခဴးမုယြင္ေလ..?”

***

ၾကည့္၊ အမွန္ေျပာေဆး သုံးတဲ့လူက ယဲ့က်န႔္ဟန္ မဟုတ္လို႔သာ ကံေကာင္းသြားတာေပါ့။ မဟုတ္ရင္ ျခဴးမုယြင္ေတာ့ နည္းနည္းေလး ေမးလိုက္႐ုံနဲ႔ တစ္ေဆြလုံးတစ္မ်ိဳးလုံးကို ေျပာျပမိေတာ့မွာပဲ..!

အခုပဲၾကည့္လိုက္ေလ၊ ေမးခြန္းက ဘယ္ေလာက္နက္နဲသလဲဆိုတာ..!

ျခဴးမုယြင္အေနျဖင့္ နာမည္ႏွင့္ မ်ိဳး႐ိုးက တူခ်င္တူမည္၊ ေနာက္ခံကေတာ့ လုံးလုံးလ်ားလ်ား ကြာျခားေပလိမ့္မည္။

အျဖဴေရာင္ပန္းေလး ျခဴးမုယြင္သည္ ျခဴးမိသားစု၏ သခင္ငယ္ေလးျဖစ္ၿပီး ျခဴးမိသားစု ပ်က္စီးသြားၿပီးေနာက္ ေမာ့က်ိဳးေရွာင္က ကယ္ဆယ္သြားခဲ့၏။ ထို႔ေနာက္ အခ်စ္-အမုန္း အရႈပ္အေထြးမ်ား ျဖစ္ခဲ့ရသည္။

သို႔ျဖစ္ရာ ျခဴးမုယြင္အား ဘယ္သူလဲဟု ေမးလွ်င္ ‘ျခဴးမုယြင္’ဟုသာ ျပန္ေျဖရလိမ့္မည္။

ဤျခဴးမုယြင္က အျဖဴထည္ပန္းေလး ျခဴးမုယြင္ မဟုတ္တာေတာ့ စိတ္မေကာင္းစရာပင္။

ျခဴးမုယြင္က မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ေအးတိေအးစက္ ျပန္ေျပာလိုက္သည္။ : “က်ဳပ္ အတိတ္ကို သိပ္မမွတ္မိဘူး..”

ထိုစကားက သိပ္မရွင္းလင္းေပ။ သူ ေမြးစားခံရစဥ္က အေတာ္ေလး ငယ္႐ြယ္ေသးသည္။ ခက္ခဲၾကမ္းတမ္းခဲ့ေသာ ဤႏွစ္မ်ားႏွင့္ ယွဥ္ေသာ္ ကေလးဘဝ၏ ႏွစ္အနည္းငယ္စာ မွတ္ဉာဏ္မ်ားသည္ သိပ္ၿပီးမေျပာပေလာက္ေပ။ သို႔ျဖစ္ရာ ရွင္းရွင္းလင္းလင္း မမွတ္မိဟု ေျပာလိုက္သည္က ခ်ဲ႕ကားလြန္းတာမဟုတ္။

ယဲ့က်န႔္ဟန္ကလည္း တကယ့္ကို ဘာမွထပ္မေမးေတာ့ေပ။ သူက ျခဴးမုယြင္ကိုသာ ညင္ညင္သာသာေလး ထိေတြ႕ေနခဲ့သည္။ သူ႔အျပဳအမူက အလြန္ညင္သာေသာ္လည္း အမူအရာကေတာ့ ခန႔္မွန္းရခက္လွသည္။

ျခဴးမုယြင္မွာ ယဲ့က်န႔္ဟန္၏ မထိတထိ အျပဳအမူမ်ားေၾကာင့္ အသည္းယားလာခဲ့၏။

“ခင္ဗ်ား ဘာျဖစ္ခ်င္ေနတာလဲ..?”

“မင္းကို လုပ္မလို႔ေလ..” ယဲ့က်န႔္ဟန္က ခ်က္ခ်င္း ျပန္ေျဖခဲ့သည္။

ျခဴးမုယြင္က မ်က္ေမွာင္ၾကဳတ္လိုက္ေသာ္လည္း စိတ္မဆိုးခဲ့ေပ။ ထိုအစား ယဲ့က်န႔္ဟန္ကို လွည့္ၾကည့္လိုက္ၿပီး.. “လုပ္ေလ..”

ယဲ့က်န႔္ဟန္သည္ အသိစိတ္ျပန္ကပ္သြားၿပီး ျခဴးမုယြင္ကိုသာ မ်က္ဝန္းနက္နက္မ်ားျဖင့္ စိုက္ၾကည့္ေနခဲ့သည္။

ျခဴးမုယြင္က သူ႔ကို ၿပဳံးျပလိုက္သည္။ အနည္းငယ္ ေကြးၫြတ္သြားေသာ မ်က္ဝန္းအစုံက ဆြဲေဆာင္မႈရွိစြာ။ : “ဒီေနရာမွာလား..?”

ယဲ့က်န႔္ဟန္ခမ်ာ မေကာင္းဆိုးဝါး မီးေတာက္တစ္ခု ဝမ္းဗိုက္ေအာက္ပိုင္းသို႔ ေျပးဝင္သြားသလို ခံစားလိုက္ရ၏။ ဤလူသားေလးကို တြန္းလွဲၿပီး သူ တကယ့္ကို လုပ္(Fk) ပစ္လိုက္ခ်င္သည္။ ေအာ္ဟစ္ငိုေႂကြးၿပီး သူ႔ကို ေတာင္းပန္လာသည္အထိ ေသာင္းက်န္းပစ္လိုက္ခ်င္သည္။ မာနႀကီးလြန္းေသာ ပုံစံေလးကို အခ်စ္ဆိပ္တက္ၿပီး ႐ူးသြပ္သြားေအာင္ လုပ္ပစ္လိုက္ခ်င္သည္။

ႏွစ္ေပါင္းသုံးေထာင္ေက်ာ္ ခ်ဳပ္တည္းခဲ့ရသျဖင့္ ႐ိုး႐ိုးသားသားဆိုရလွ်င္ သူ တကယ့္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ပါေခ်။

အခ်ိန္အေတာ္ၾကာေအာင္ လြမ္းဆြတ္ခဲ့ရေသာ အမ်ိဳးသားေလးသည္ ယခု သူ႔ရင္ခြင္ထဲ ေရာက္ေနၿပီး သူ႔ကို လိုက္ေလ်ာခ်င္ဟန္ျဖင့္။ ယဲ့က်န႔္ဟန္ မည္မွ်ထိန္းခ်ဳပ္ႏိုင္စြမ္းပါေစ၊ ဤအျပဳအမူေလးေၾကာင့္ ေလတိုက္႐ုံျဖင့္ ဆုတ္ၿပဲေတာ့မည့္ စကၠဴပါးေလးပမာ ခ်ဳပ္တည္းႏိုင္စြမ္း ေလ်ာ့နည္းလာရသည္။

သို႔ေသာ္ သူ ထိန္းခ်ဳပ္ရလိမ့္မည္။ ဤေျမေခြးေလးသည္ အလြန္ဉာဏ္မ်ားလြန္းၿပီး သူ႔ကို ေထာင္ေခ်ာက္ဆင္ထားမည္မွာ ေသခ်ာေနသေလာက္ပင္။ သူ တိုးဝင္လာမည့္ အခ်ိန္ကို ေစာင့္ေနျခင္းသာ ျဖစ္ရမည္။

ယဲ့က်န႔္ဟန္က အတြင္းက်က်ကို နားလည္ထားေပသည္။

သူ႔အမူအရာေၾကာင့္ ျခဴးမုယြင္က စိတ္မရွည္ေတာ့ဟန္ျဖင့္ အက်ႌကို ေဆာင့္ဆြဲလိုက္သည္။

ယဲ့က်န႔္ဟန္၏ အသံက ေျပာစရာမလိုေအာင္ အက္ရွလာေတာ့သည္။

“အလ်င္မလိုနဲ႔ေလ.. အေရးႀကီးကိစၥေတြ အရင္ေျပာၾကရေအာင္..”

ျခဴးမုယြင္က ဟြန္႔ခနဲျပဳကာ.. : “အခ်စ္ကိစၥေလးေတြ ဖန္တီးတာကေရာ အေရးႀကီးကိစၥမဟုတ္လို႔လား..?”

ယဲ့က်န႔္ဟန္ : “………”

ျခဴးမုယြင္က တစ္ပတ္လွည့္ကာ ယဲ့က်န႔္ဟန္၏ ရင္ခြင္ထဲ ပစ္ဝင္လိုက္သည္။ ၿပီးေနာက္ မ်က္လုံးေလးပင့္ကာ ဆိုသည္။

“ယဲ့က်န႔္ဟန္.. ႏွစ္သုံးေထာင္ေတာင္ ထိန္းခ်ဳပ္လာခဲ့တယ္ဆိုေတာ့ ခင္ဗ်ားမွာ က်န္းမာေရးျပႆနာ ရွိေနတာမ်ားလား..?”

ယဲ့က်န႔္ဟန္ : “………”

ျခဴးမုယြင္က မ်က္ဝန္းေထာင့္မ်ား ေကြးၫြတ္သြားသည္အထိ ၿပဳံးလိုက္ရင္း.. : “ခင္ဗ်ား ကြၽန္ေတာ့္ကို လိမ္ေနတာမလား..? ေက်ာက္စိမ္းလို ထိန္းသိမ္းတာဘာညာ ေလွ်ာက္ေျပာေနတာ ကြၽန္ေတာ္ စိတ္ေက်နပ္တဲ့အထိ မလုပ္ေပးႏိုင္လို႔မလား..?”

ယဲ့က်န႔္ဟန္ခမ်ာ ဦးေႏွာက္ထဲ အသိစိတ္ႀကိဳးမွ်င္ ျပတ္သြားသလို ခံစားလိုက္ရသည္။ ယခုေတာ့ ဘယ္အရာကိုမွ ဂ႐ုမစိုက္ႏိုင္ေတာ့ေပ။ မ႐ိုးမသားကိစၥမ်ားကိုသာ လုပ္လိုက္ခ်င္ေတာ့သည္။

ယဲ့က်န႔္ဟန္က စိတ္ျပင္းျပစြာျဖင့္ ျခဴးမုယြင္၏ လည္ပင္းညႇပ္႐ိုးကို ကိုက္ခဲလိုက္၏။ ျခဴးမုယြင္ကလည္း မျငင္းဆန္သည့္အျပင္ လည္ပင္းကိုပါ ေျမႇာက္ေပးၿပီး ကိုယ့္ကိုယ္ကို အေရာက္ပို႔ေပးခဲ့သည္။

ဆို႐ိုးစကားရွိတယ္ေလ၊ အရသာစစ္စစ္ကို ခံစားဖူးခ်င္ရင္ ႐ိုးတြင္းျခင္ဆီကို စားၾကည့္ပါတဲ့။ ခ်ိဳျမန္မႈေတြကို နားလည္သြားတဲ့လူက မစားရတာၾကာတဲ့ အသီးခ်ိဳခ်ိဳေလးကို ဘယ္လိုလုပ္ မစားဘဲ ေတာင့္ခံႏိုင္ဦးမွာလဲ..?

စားခ်င္လြန္းလို႔ ႐ူးသြားမွာေတာင္ စိုးရတယ္..!

ျခဴးမုယြင္၏ ရွားရွားပါးပါး လိမၼာသိတတ္ေနပုံေၾကာင့္ ယဲ့က်န႔္ဟန္မွာ ေရတစ္ဝက္၊ မီးတစ္ဝက္ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း နားလည္သြားရသည္။ ဤအမ်ိဳးသားေလး ေထာင္ေခ်ာက္ဆင္ေနမွန္း သိပါေသာ္ျငား မိုက္မိုက္မဲမဲျဖင့္ ပိုးဖလံေကာင္လို ဝင္တိုးခ်င္ေတာ့သည္။ ဖီလာဆန႔္က်င္ေနသည့္ အစြန္းႏွစ္ဖက္က ရမၼက္မီးေတာက္ကို မၿငိမ္းသက္ႏိုင္ခဲ့ေပ။ ထိုအစား အရွိန္အဟုန္ျပင္းျပင္း ေတာက္ေလာင္လာမိရင္း ထိုလူသားေလးကို ဤေခ်ာက္ကမ္းပါးထက္ဝယ္ အျပစ္ေပးခ်င္လာေတာ့သည္။

သို႔ေသာ္ ယဲ့က်န႔္ဟန္ကား ရမၼက္ဆႏၵထက္ ဆင္ျခင္တုံတရား ႀကီးမား‌ေသာ လူစားမ်ိဳးျဖစ္ရာ စိတ္လြတ္ခါနီးဆဲဆဲတြင္ အခ်ိန္မီ ရပ္တန႔္ႏိုင္ခဲ့ေလသည္။

ျခဴးမုယြင္က သူ၏ေအာက္တြင္ လဲေလ်ာင္းေနေလ၏။ ဆံႏြယ္ရွည္မ်ား ျဖာက်လ်က္၊ မ်က္ဝန္းထဲတြင္ အခိုးအေငြ႕မ်ား ရစ္သိုင္းေနၿပီး သူ၏ ပုံစံေလးက ပ်င္းရိပ်င္းတြဲျဖင့္ ဆြဲေဆာင္မႈရွိလြန္းေနသည္။ သူ၏ အသံကလည္း ငွက္ေမြးတစ္စႏွယ္ ႏူးညံ့လြန္းစြာ၊ ၾကားရသူတိုင္း ေျခလက္အဂၤါမ်ားမွအစ အ႐ိုးပါမက်န္ ထုံထိုင္းသြားေစေလာက္သည္။

“ဘာလဲ..? ေတာ္ၿပီလား..?”

ယဲ့က်န႔္ဟန္က မ်က္လုံးပိတ္ကာ ျခဴးမုယြင္၏ နီရဲေနေသာ ႏႈတ္ခမ္းပါးထက္သို႔ အနမ္းေႁခြလိုက္၏။ ၿပီးေနာက္ ေအးတိေအးစက္ မ်က္ႏွာထားျဖင့္ အက်ႌဝတ္ေပးခဲ့သည္။

ျခဴးမုယြင္ပင္ ေၾကာင္အမ္းသြားရသည္။

ယဲ့က်န႔္ဟန္က သူ႔ကို ေကာက္ညႇင္းထုပ္ပမာ ေလတိုးမဝင္ေအာင္ အက်ႌဝတ္ေပးၿပီးေခ်ၿပီ။

ျခဴးမုယြင္လည္း ယဲ့က်န႔္ဟန္ကို ေလွာင္ေျပာင္လိုက္သည္။ : “ယဲ့က်န႔္ဟန္.. ခင္ဗ်ား တကယ္ႀကီး မစြမ္းေဆာင္ႏိုင္ေတာ့တာလား..?”

ယဲ့က်န႔္ဟန္က သူ႔ကို လွည့္မၾကည့္ဘဲ.. : “ကိုယ္လုပ္ႏိုင္မလုပ္ႏိုင္ မင္းသိလာမွာပါ..”

ျခဴးမုယြင္၏ မ်က္ဝန္းထဲတြင္ ေဒါသရိပ္မ်ား မဖုံးကြယ္ႏိုင္ေအာင္ ေပၚထြက္လာခဲ့၏။ : “အဲ့တာဆိုလည္း ထြက္သြားေတာ့ေလ.. စိတ္မဝင္စားဘူး..”

ယဲ့က်န႔္ဟန္က ၿပဳံးကာ.. : “ဟုတ္ပါၿပီ.. ကိုယ့္ကို ရန္မစနဲ႔ေတာ့.. မင္း တကယ္လိုခ်င္ရင္ ကိုယ့္လက္ကေန ေျပးလို႔လြတ္မွာ မဟုတ္ဘူးေနာ္..”

ျခဴးမုယြင္၏ မ်က္ႏွာတစ္ျပင္လုံး မည္းေမွာင္လာခဲ့သည္။

ယဲ့က်န႔္ဟန္သည္ ျခဴးမုယြင္ကို အလ်ားလိုက္ ေပြ႕ခ်ီကာ ေခ်ာက္ကမ္းပါးထက္မွ ခုန္လိုက္၏။ ၿပီးေနာက္ အက္ရွစြာျဖင့္.. “မင္းက အရမ္းသတၱိေကာင္းတာပဲ.. ကိုယ္တို႔ ေကာင္းေနတဲ့အခ်ိန္ ရွန္႐ႊိန္ယန္းကို ျမင္ေစခ်င္ေနတာမလား..? အဲ့လိုသာ ျမင္လိုက္ရင္ သူ ႐ူးသြားေလာက္မလား..?”

ေလတိုးေနသျဖင့္ ျခဴးမုယြင္လည္း မၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္။

သူ အတြက္မွားသြားျခင္းပင္။ သို႔ေသာ္ ႏွစ္သုံးေထာင္ေက်ာ္ ခ်ဳပ္တည္းခဲ့ရသည့္ ယဲ့က်န႔္ဟန္တစ္ေယာက္ ႐ုတ္တရက္ႀကီး ပန္းေသသြားမည္ဟု မည္သူထင္ထားမည္နည္း။

ျခဴးမုယြင္က မ်က္လုံးမွိတ္ကာ စိတ္ကို အနားေပးလိုက္သည္။ ယဲ့က်န႔္ဟန္ႏွင့္ စိတ္ရႈပ္ခံၿပီး စကားထပ္မေျပာေတာ့ေပ။

ဤေနရာက သိပ္မလုံၿခဳံသျဖင့္ ယဲ့က်န႔္ဟန္အား တမင္တကာ ဆြဲေဆာင္ခဲ့ျခင္းပင္။ သူသာ ယဲ့က်န႔္ဟန္ကို အခ်ိန္ဆြဲထားႏိုင္လွ်င္ ရွန္႐ႊိန္ယန္း သို႔တည္းမဟုတ္ လင္း႐ႊမ္ ေရာက္လာေပလိမ့္မည္။

ရွန္႐ႊိန္ယန္းအေနျဖင့္ လင္း႐ႊမ္ကို ၁၅ မိနစ္၊ နာရီဝက္အတြင္း မ်က္ေျချဖတ္ႏိုင္မည္ မဟုတ္ေသာ္လည္း တစ္နာရီ၊ ႏွစ္နာရီ ၾကာလို႔မွ မ်က္ေျခမျဖတ္ႏိုင္ေသးလွ်င္ နတ္ဆိုးဘုရင္ဟု မေခၚထိုက္ေတာ့ေပ။

မည္သူပဲေရာက္လာပါေစ၊ ယဲ့က်န႔္ဟန္၏ လုပ္ရပ္ေၾကာင့္ ေသေအာင္႐ိုက္ႏွက္ၾကလိမ့္မည္။

သို႔ေသာ္ ယဲ့က်န႔္ဟန္က ငါးစာမဟပ္ခဲ့သည္မွာ ႏွေျမာစရာပင္။

ဆရာျခဴးတစ္ေယာက္ စိတ္မၾကည္လင္သျဖင့္ မည္သူႏွင့္မွ် စကားမေျပာခ်င္ေတာ့ေပ။

ယဲ့က်န႔္ဟန္က ျခဴးမုယြင္ကို ေပြ႕ခ်ီကာ ေျပးလႊားေနဆဲ၊ သူ႔ေနရပ္သို႔ ေခၚသြားခ်င္ေနမွန္း သိသာေနေတာ့သည္။

ျခဴးမုယြင္က ခရီးလမ္းကိုၾကည့္ၿပီး တစ္ခဏေတြးကာ စကားစေျပာလိုက္သည္။ : “စကားမေျပာခ်င္ဘူးလား..?”

ယဲ့က်န႔္ဟန္က ေရွ႕တည့္တည့္သာ ၾကည့္ေနၿပီး မဆိုစေလာက္ေလး ေကာ့တက္သြားသည့္ ႏႈတ္ခမ္းမ်ားျဖင့္သာ သူ႔ကို တုံ႔ျပန္ခဲ့ေလသည္။ : “မင္းက မ႐ိုးသားဘူးေလ..”

ျခဴးမုယြင္၏ ရင္ထဲတြင္ အနည္းငယ္ တုံ႔ဆိုင္းသြားေသာ္လည္း မ်က္ႏွာကေတာ့ တည္ၾကည္ေနေလ၏။ စိတ္ကို စုစည္းၿပီး ခပ္တိုးတိုးေလး ေျပာလိုက္သည္။ : “ကြၽန္ေတာ္က အသက္ရွင္ခ်င္႐ုံပါ..”

ယဲ့က်န႔္ဟန္ ေၾကာက္အမ္းသြားသည္။

ျခဴးမုယြင္က ဆက္ေျပာသည္။ : “ျခဴးမိသားစု ဖ်က္ဆီးခံလိုက္ရတဲ့အခ်ိန္ ကြၽန္ေတာ္ ေသခဲ့ရတယ္.. ၿပီးေတာ့ အသက္ျပန္ရွင္လာခဲ့တယ္..”

ယဲ့က်န႔္ဟန္က အတက္အက်မရွိေသာ ေလသံျဖင့္.. : “မင္း ေသခဲ့တာေတြ မ်ားလြန္းလို႔ ကိုယ္ေတာင္ မေရတြက္ႏိုင္ေတာ့ဘူး..”

ျခဴးမုယြင္ : “အဲ့တာက ကြၽန္ေတာ္ အသက္ျပန္ရွင္ခဲ့တဲ့ ပထမဦးဆုံးအႀကိမ္ပါ..”

ယဲ့က်န႔္ဟန္က သူ႔ကို တစ္ခ်က္ေစြၾကည့္ကာ ထိုအေၾကာင္းဆက္ေျပာရန္ အခ်က္ျပလာသည္။

ျခဴးမုယြင္ : Oh.. ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္..!

ဒါေပါ့၊ ျခဴးမုယြင္လည္း ႐ုပ္တည္ႀကီးျဖင့္ အမွန္တရားေတာ္ေတာ္မ်ားမ်ား ၾကားညႇပ္ကာ ေျပာလိုက္သည္။

“ကြၽန္ေတာ္ အသက္ျပန္ရွင္ေနတာက ဘာမွန္းမသိတဲ့ အရာတစ္ခုနဲ႔ အေပးအယူလုပ္ခဲ့လို႔ပါ..”

ဘာမွန္းမသိသည့္ အရာေလး Zero : ╮(╯▽╰)╭

“အို..?” ယဲ့က်န႔္ဟန္က စိတ္ဝင္စားဟန္ျဖင့္ အရွိန္ေလ်ာ့လိုက္သည္။ : “ဘယ္လိုအေပးအယူမ်ိဳးလဲ..?”

ျခဴးမုယြင္က ၿပဳံးလိုက္ရင္း : “ခင္ဗ်ား ခန႔္မွန္းထားၿပီးသားပါ..”

“လက္ထပ္ခြင့္ေတာင္းတာ..?” ယဲ့က်န႔္ဟန္က တစ္ခဏေတြးေတာကာ.. “နတ္ဆိုးအရွင္ခုနစ္ပါးကို ခ်စ္ခြင့္ပန္ဖို႔လား..?”

ျခဴးမုယြင္က ျပန္ေျဖသည္။ : “ဟုတ္တယ္.. နတ္ဆိုးအရွင္ခုနစ္ပါးနဲ႔ ခ်စ္ကြၽမ္းဝင္ၿပီး လက္ထပ္ခြင့္ေတာင္းႏိုင္မွရမွာ..”

ယဲ့က်န႔္ဟန္က မ်က္ေမွာင္ၾကဳတ္ကာ.. : “အဲ့ ‘ဘာမွန္းမသိတဲ့ အရာ’က ဘာျဖစ္ခ်င္ေနတာလဲ..?”

ျခဴးမုယြင္ : “မသိဘူး.. ကြၽန္ေတာ္က အသက္ရွင္ခ်င္႐ုံပါ..”

ယဲ့က်န႔္ဟန္က အခ်ိန္ယူကာ စဥ္းစားလိုက္သည္။

တကယ္ေတာ့ ျခဴးမုယြင္က လက္တစ္လုံးျခား စကားလွည့္လိုက္ျခင္း။ ျဖစ္စဥ္တစ္ခုလုံးကို အမွန္အတိုင္း ေျပာျပခဲ့ေသာ္လည္း တကယ့္အေရးႀကီးဆုံးေသာ ေသာ့ခ်က္ကိုမူ ေျပာင္းလဲပစ္ခဲ့သည္။

ဥပမာအားျဖင့္.. Mission လုပ္ၿပီး ရလာမည့္ဆုလာဒ္က Zero ေလးအတြက္မဟုတ္၊ သူ႔အတြက္သာ။

ဥပမာအားျဖင့္.. အသက္ရွင္ရန္ ႀကိဳးစားေနျခင္းမဟုတ္၊ ဆုလာဒ္အတြက္ ႀကိဳးစားေနျခင္းသာ။

အေပၚယံၾကည့္လွ်င္ သိပ္မကြာျခားသလို ထင္ရေသာ္လည္း တကယ္တမ္းေတာ့ အေတာ္ေလး ကြာျခားေလသည္။

ဦးဆုံးအေနျဖင့္ သေဘာသဘာဝ ကြာျခားသည္။

သူေျပာလိုက္ပုံက သနားစရာေကာင္းေအာင္ ထိန္းခ်ဳပ္ခံထားရသည့္ ႐ုပ္ေသး႐ုပ္သဖြယ္။

တကယ္တမ္းတြင္ သူက သူလုပ္ရမည့္ အရာအားလုံးကို တိတိက်က် သိေနၿပီး အေျခအေနအရပ္ရပ္ကို အစမွအဆုံးထိ စီစဥ္ထားၿပီးသား ႐ုပ္ေသးဆရာ…

သို႔ျဖစ္ရာ အဘယ္သို႔ တူညီပါမည္နည္း။

ျခဴးမုယြင္က ယဲ့က်န႔္ဟန္အား ေမာ့ၾကည့္ကာ.. : “အခု ခင္ဗ်ားကို ေျပာျပၿပီးၿပီဆိုေတာ့ ကြၽန္ေတာ့္ကို ကူညီေပးမွာလား..?”

………………………………………..

TN : Etrans က ကြန္ပလိသြားၿပီ။ အဲ့တာေၾကာင့္ ဖတ္ၿပီးတဲ့လူေတြ Spoiler မေျပာေၾကးေနာ္။

Click ဖို႔ မေမ့ၾကပါနဲ႔။

………………………………………..

Continue Reading

You'll Also Like

20.5K 2.3K 12
Title : I hate protagonists [ငါဇာတ်လိုက်တွေကိုမုန်းတယ်] **************** လင်းဇီယွမ် ဟာ ဒရမ်မာအမျိုးမျိုးချိုးလျက် အမျိုးသားဇာတ်လိုက်တွေ၏ အသုံးတော်ခံ...
7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...
289K 22.8K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
3.3K 192 8
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Su Jingxian 苏景闲 •This Story Is Not Mine. •We're Just Translation. •All Credit To Origi...