True Love 💭❤ အပိုင်း - ၃
(Unicode)
သူမလေးရေချိုးနေထဲက ကွန့်မြူးအကုန်ပြင်ဆင်ပြီးပြီဖြစ်သည်။ ကိုယ့်ကြောင့်မဟုတ်ပေမယ်လဲ ကွန့်မြူးမနေ့ကဖြစ်သွားသည့်ကိစ္စကို စိတ်မကောင်းဖြစ်နေမိသည်။ စမြင်လိုက်ကထဲက ခေါ်ထုတ်ခဲ့ရမှာကို လူကြားထဲထိ ရန်စနေသည့်ကောင်တွေလက်ထဲရောက်သွားသည်အထိ ရပ်ကြည့်နေခဲ့မိ၍ကိုယ့်ကိုလဲအပြစ်တင်ရသည်။ မိန်းခလေးဆို သူငယ်ချင်းလိုနှမလိုမျိုးခင်ရမည့် အသိတွေမရှိသည့်ကွန့်မြူးမှာ ထိုကောင်မလေးကိုတော့ခင်နေမိသည်။ ဘယ်လိုပဲပြောပြော ကိုယ့်မျက်စိရှေ့မှာတော့ သူမလေးထိခိုက်လို့မရဘူး အဲ့လိုဖြစ်အောင် ကိုယ်ခွင့်မပြုဘူးကွာ။
"သားအစောကြီးပါလား"
"ဟုတ်တယ်မာမီ ဟိုဟိုဘက်ခြံကကောင်မလေးနဲ့အတူသွားမလို့ "
"ကောင်းတာပေါ့သားရယ် သားနဲ့ဆိုတော့မာမီစိတ်ချရတယ်"
"မာမီကသူ့ကိုစိတ်ပူသေးတာလား"
"ပူတာပေါ့ ဒီလောက်အဝေးကြီးကိုဆိုင်ကယ်နဲ့ဆိုတော့စိတ်ပူတာပေါ့သားရယ် "
"ကျွန်တော်တွေ့တာတော့ မာမီသူ့ကိုအတော်ချစ်တာနော် "
"ချစ်တာပေါ့ မာမီကရွှေကူလေးကိုမွေးစားချင်တာ ရွှေကူလေးကလက်မခံလို့"
"သူကလား"
"ဟုတ်ပါ့တော် ရွာပြန်ပြီးအဒေါ်တွေနဲ့အတူနေမှာတဲ့လေ"
ကွန့်မြူးခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်ရင်း Coffee ခါးခါးတစ်ခွက်ကိုသောက်နေလိုက်သည်။
"သားသိလား ရွှေကူလေးကအဲ့အိမ်မှာမပျော်ဘူးနဲ့တူတယ်"
"ဘာဖြစ်လို့လဲမာမီ ကျွန်တော်ကြည့်ရတာတော့အဆင်ပြေတယ်ထင်တာပဲ"
"သားမသိသေးလို့ပါ မထူးမြတ်ကရွှေကူလေးကိုသဘောမကျဘူးသားရဲ့ ဟိုတစ်လောက ကားတိုက်မှုဖြစ်သွားသေးတာသားသိတယ်မလား"
"ထူးခန့်ပြောပြဖူးတယ်မာမီ တစ်ဖက်ကကိုမာဝင်သွားတယ်ဆိုတာလား"
"ဟုတ်ပါ့တော် အဲ့ကားတိုက်မှုကမထူးမြတ်ကတိုက်လိုက်တာလေ ရွှေကူကဘေးမှာပါတော့ တစ်ဖက်ကမိသားစုကို ရွှေကူလေးတိုက်တာပါဆိုပြီးပြောပြီးတောင်းပန်ခိုင်းတာသားရဲ့"
"အဲ့လိုကြီးရှိခဲ့တာလား"
"နောက်တော့ရွှေကူ့မှာကလိုင်စင်တွေကမရှိ ဟိုဘက်ကလဲမထူးမြတ်တို့ထက်အင်အားတောင့်တော့ မထူးမြတ်ကပြန်တောင်းပန်လိုက်ရတာ ကြားထဲကရွှေကူလေးကတော့ မြေဇာပင်ဖြစ်ရသေးတာပေါ့သားရယ် လိမ်တာမပီပင်လို့ဆိုပြီး ရိုက်သေးတယ်တဲ့ သနားပါတယ်သားရယ် မာမီလေ အဲ့တုန်းကရွှေကူလေးကိုသွားကြည့်သေးတယ် ထတောင်မထနိုင်ဘူးကွယ်"
"လုပ်တာအဆင်မပြေရင်လဲ အပြစ်ပေးခံရသေးတယ်သားရဲ့ ရွှေကူလေးကလေမသိရင်အဲ့အိမ်မှာ ဝဋ်ကြွေးခံဖို့များရောက်လာသလားထင်ရတယ်သားရယ် မာမီ့မှာစိတ်မကောင်းဘူးအဲ့တာတွေမြင်ရင်"
ကွန့်မြူးစိတ်ထဲ အတော်သနားသွားရသည်။ မနေ့ကမရိုက်ပါနဲ့လို့တောင်းပန်နေပုံကိုပြန်မြင်ယောင်လာ၍ မာမီပြောသည့်ပုံရိပ်တွေကို ဆက်စပ်ပုံဖော်နေမိသည်။
"ကျစ်..."
"ဘာဖြစ်တာလဲသားရဲ့"
"ဘာမှမဖြစ်ဘူးမာမီ"
"မာမီအဲ့အကြောင်းတွေဘယ်လိုသိတာလဲ"
"ဒေါ်ကြီးကဖုန်းဆက်ပြောတာလေသား ရွှေကူလေးဖျားနေလို့မာမိ့ကို လာကြည့်ပေးပါအုံးဆိုပြီးပြောတာနဲ့ မာမီသွားကြည့်လိုက်တာ"
အတော်နယ်စုံသည့်မာမီပါလေ။ သူသဘောကျသည့်အရာဆိုလျှင်သိပ်တန်ဖိုးထားတတ်သည့်မာမီက ဒီနေရာမှာလဲကောင်မလေးကိုဂရုစိုက်သေးတာပဲဟုတွေး၍ မာမီ့ကိုဂုဏ်ယူနေမိသည်။ ကွန့်မြူးမာမီက နှလုံးသားလှတဲ့မိခင်မို့ ချစ်ရပါသည်။
"သူဘယ်လိုရောက်လာတာလဲပြောပြပါ့လား မာမီသိလား"
"ရွှေကူလေးနဲ့ပတ်သက်ရင်မာမီအကုန်သိတယ် "
မာမီကသူ့ကိုယ်သူဝင့်ကြွားကာ ပြုံးပျော်၍ကွန့်မြူးကိုပြောပြလေသည်။
"ဒီလိုသားရဲ့ ရွှေကူတို့ရွာဘက်ကဘုန်းကြီးကျောင်းကို သားထူးခန့်ရဲ့အဖေကိုဘဝင်ကသွားရင်းလမ်းမှာ ကားစက်ချို့ယွင်းပြီး အပင်ကြီးကိုဝင်တိုက်တာတဲ့လေ အဲ့တာရွှေကူ့အဒေါ်ကတွေ့ပြီး ဆေးရုံအမြန်တင်လိုက်တာ အသက်ကယ်နိုင်သွားတာသားရဲ့ "
မာမီက အာခေါင်ခြောက်သွား၍ထင်သည် Coffee ခွက်ကိုမော့သောက်လိုက်လေသည်။
"ကိုဘဝင်ကကျန်းမာရေးပြန်ကောင်းလာတော့ ကျေးဇူးတင်တဲ့အနေနဲ့ပိုက်ဆံတွေပေးပြီးကျေးဇူးဆပ်တာလေ အဲ့တာသူတို့ဘက်ကရွှေကူလေးကိုအလုပ်ပေးဖို့တောင်းဆိုလိုက်တာ အဲ့တာနဲ့ဒီရောက်လာတာပဲ"
"သိပ်မကြာသေးဘူးပေါ့"
"ရွှေကူ ၁၄ နှစ်တုန်းကသားရဲ့ ကျောင်းနေတဲ့အရွယ်လေး အဲ့တုန်းကမာမီမှတ်မိသေးတယ် လမ်းကြုံလို့မထူးမြတ်ဆီဝင်လည်တာလေ သူတို့ကမရှိကြဘူး မာမီခဏထိုင်နေပြီးမှရောက်လာကြတာ ရွှေကူလေးလဲပါလာတာ အထုတ်လေးပိုက်ပြီး မျက်နှာငယ်လေးနဲ့ မာမီကအဲ့ထဲကရွှေကူလေးကိုချစ်သွားတာ "
"သားသိလား မျက်မှန်လေးနဲ့ပဲအဲ့တုန်းကလဲ ကာတွန့်ဘောင်းဘီလေးဝတ်ပြီး ဆံပင်ဂုတ်ဝဲလေးနဲ့သားရယ် အတော်ချစ်စရာကောင်းတာ "
မာမီကတော့လေ ဉာဏ်ကောင်းတယ်ဆိုတာဒါမျိုးနေမှာ အကုန်မှတ်မိနေတော့တာပဲ။ မျက်နှာကအရောင်တွေတောက်စွာပြောပြနေသည့်မာမီကြောင့် ကွန့်မြူးလဲငြိမ်၍သာနားထောင်လိုက်တော့သည်။
ဟူး..ဒီကောင်မလေးဘဝကလဲ ထင်သလောက်မလွယ်ပါ့လားနော်။ Accident တွေနဲ့လဲ အတော်အကျိုးပေးတာလားလို့လဲတွေးမိတော့သည်။
*တီး တီး..*
"အမေရေ့."
ကားဟွန်းတီးသံကျယ်လွန်း၍ရွှေကူလန့်သွားရသည်။ လမ်းဘေးလေးတိုး၍ နောက်ပြန်ကြည့်မိတော့အကိုလေးဖြစ်နေလေသည်။ ရွှေ့ကူးဘေးသို့ကားကြီးတိုးလာကာ မှန်ကိုချ၍မျက်မှန်အနက်ကြီးတပ်ထားသည့်အကိုလေးက မျက်မှန်ချွတ်လိုက်လေသည်။
"ဘယ်လဲဒါက "
ရွှေကူထမင်းချိုင့်လေးမြှောက်ပြကာ....
"အလုပ်လေးအကိုလေး"
"ညကဘာပြောထားလဲ"
ရွှေကူအငေါက်ခံရတော့မည်မို့ ခေါင်းလေးငုံ့ချလိုက်တော့သည်။
"တတ်ကားပေါ်"
"အကိုလေးရပါတယ်ရွှေကူ.."
"ဘာနဲ့သွားမယ်ကြံနေတာလဲမင်းက"
စကားကိုဆုံးအောင်ပြောခွင့်မပေးပဲ ကွန့်မြူးဖြတ်ပြောလိုက်သည်။ မျက်လုံးဝိုင်းလေးလေးနှင့်ကောင်မလေးက ကွန့်မြူးကိုကြည့်ကာတွေဝေနေပုံမို့...
"ကိုယ်အလုပ်နောက်ကျရင်မင်းကြောင့်နော် "
"ဟုတ် ဟုတ်.."
မျက်လုံးလေးက လန့်သွားသည့်ပုံနှင့် နောက်ကကားတံခါးကိုဆွဲဖွင့်နေလေသည်။
"အရှေ့မှာထိုင်လေ"
"ရွှေကူအနောက်မှာပဲထိုင်ပါ့မယ်"
"ကိုယ်ကမင်းရဲ့ driverလား"
"အဲ့လိုမဟုတ်ပါဘူး ရွှေကူကအဲ့သဘောနဲ့မဟုတ်ပါဘူး"
"လာအရှေ့မှာထိုင်"
"ဟုတ်"
ရွှေကူကားအနောက်မှလှည့်၍ တစ်ဖက်ကနေရာသို့တတ်၍ထိုင်လိုက်သည်။
"ခါးပါတ်ပတ်အုံး"
"ဟုတ်ကဲ့"
အတော်လိမ္မာသည့်ကောင်မလေး ပြောစကားလဲနားထောင်သလို စကားပြောလဲ ယျဉ်ကျေးလေသည်။
အကိုလေးက အတော်သဘောကောင်းတာပဲဟု ရွှေကူတွေးနေမိသည်။ အန်တီလေးတို့တောင် ရွှေကူ့ကိုသူတို့ကားပေါ်မတင်ချင်သလို သူတို့ကားနှင့်လဲလိုက်ခွင့်မပေးခဲ့သည်မှာယခုချိန်ထိပင်။ ရှားရှားပါးပါးတစ်ခါလေးလိုက်ခွင့်ရပေမယ့်လဲ အမှတ်တရကောင်းတွေတော့မရှိခဲ့ပေ။ ရွှေကူကအသုံးချခံပါ အန်တီလေးတို့အတွက် ရွှေကူကအစေခံထက်မပိုခဲ့ပါဘူးလေ။
"ရွှေကူသယ်ပေးပါ့မယ် "
"ကိုယ့်အထုတ်ပဲကိုယ်သယ်ပါ "
ရွှေကူ့လက်ထဲမှအကိုလေး၏ Laptop အိတ်လေးကိုအကိုလေးကဆွဲယူသွားလေသည်။ ရွှေကူကြောင့်ကျကွဲမှာဆိုးလို့ထင်ပါတယ်လေ။
"မဇင်ကိုဒါလေးကူညီပါအုံးရွှေကူရယ် ဥက္ကဋ္ဌလေးလက်မှတ်လိုလို့ သွားထိုးခိုင်းပေးပါအုံး မဇင်ဒီမှာဖုန်းပြောရက်ကြီးနဲ့မို့"
"ဟုတ်မဇင်"
ရွှေကူစာရွက်လေးကိုင်၍ တံခါးခေါက်လိုက်တော့ အထဲမှဝင်ခဲ့ဟူ၍ပြောလေသည်။
"ဘာကိစ္စလဲ"
"ဥက္ကဋ္ဌလေးလက်မှတ်လိုလို့ပါ အဲ့တာ"
မျက်စိရှေ့ကစာရွက်ကို ဖက်ကြည့်၍လက်မှတ်ထိုးလိုက်ကာ ပြန်ပေးလိုက်သည်။
"ခဏ "
ရွှေကူ့ခြေထောက်တွေရပ်တန့်သွားရတော့သည်။
"ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ"
"ဥက္ကဋ္ဌလေး "
"နောက်မခေါ်နဲ့အဲ့ဟာကြီး"
"ဥက္ကဋ္ဌကြီးကစာထုတ်ထားတယ် ဥက္ကဋ္ဌလေးကို ဥက္ကဋ္ဌလေးလို့ခေါ်ရမယ်တဲ့"
ရှေးရိုးစွဲဒယ်ဒီက အလုပ်မှာတောင်လာပြီးအတင်းဥက္ကဌလုပ်နေလေသည်။ အခုခေတ်လို CEO တို့ Boss တို့အဲ့လိုခေါ်ရမှာကိုကွာ ဒီဒယ်ဒီကတော့။
"မျက်မှန်ကအကောင်းလား"
"ဟုတ်အကောင်းပါ"
"ကိုယ့်ကိုရောသေချာမြင်ရလား "
"ဟုတ် ရွှေကူမြင်ရပါတယ်"
"အခုလက်ရှိ ဒီအလုပ်မှာဘယ်သူကရာထူးအကြီးဆုံးလဲ"
"ဥက္ကဋ္ဌလေးပါ"
"သိရင်ပြောင်းခေါ် နောက်ဥက္ကဌလေးလို့မခေါ်နဲ့ လစာဖြတ်မှာနောက်ခေါ်ရင်"
"ရှင် .."
မျက်မှန်အောက်က မျက်လုံးလေးကဝိုင်းစက်လာကာ တအံ့တဩကြည့်နေလေသည်။ ဒီလိုလေးဘာလို့ကြည့်ကြည့်နေတာလဲကောင်မလေးရာ သနားရအောင်လို့ကွာ။
"ခေါ်နေကျအကိုလေးပဲခေါ် "
"ရွှေကူအဲ့လိုခေါ်လို့ရတာလား"
"မင်းကမာမီ့ရဲ့အသဲကျော်လေးမို့ခေါ်ခွင့်ပေးလိုက်မယ် ရပြီသွားတော့"
"ဟုတ်"
တဂယ်ဆိုရွှေကူက အဲ့အခွင့်ရေးမလိုပါဘူးနော် ဥက္ကဋ္ဌလေးဆိုတာကပိုကောင်းတာကို။ ရွှေကူ့အပေါ်အခွင့်ရေးတွေပေးရင် ရွှေကူကအဲ့လူအပေါ် မျှော်လင့်ချက်တွေထားမိလို့ပါအကိုလေးရယ်။ အခုဆိုမေမေကြီးရယ် ဘဘကြီးရယ်အကိုလေရယ်ကို ရွှေကူခင်တွယ်မိပြီး ရွှေကူ့အပေါ်ကောင်းတယ်လို့ယုံကြည်ပြီး အားကိုးနေမိပြီလေ။
"ရွှေကူ"
"ရှင့်"
"ရွှေကူ့ကိုရုံးမဆင်းခင်ဥက္ကဋ္ဌလေးက သူ့ရုံးခန်းလာခဲ့ပါအုံးတဲ့ မဇင်ကိုမှာလိုက်လို့"
"ဟုတ်မဇင် ရွှေကူဒါလေးပြီးမှပြန်မလို့ အဲ့တာပြီးသွားလိုက်မယ်နော်"
"မဇင်အရင်ပြန်နှင့်မယ်နော် ဒီနေ့ကျားကျားနဲ့ shopping ထွက်မလို့.."
ရွှေကူမျက်စာပစ်ပြကာ စလိုက်သည်။ မဇင်ကလဲပျော်မြူးကာ ရွှေ့ကူ့မေးကိုလက်နှင့်သပ်ကာ ချစ်စနိုးပုံစံလေးလုပ်၍ ထွက်သွားလေတော့သည်။
"အကိုလေးရွှေကူအလုပ်ဆင်းတော့မလို့ ခေါ်တယ်ဆိုလို့လေ"
"ပြန်ရင် Bus ကားစီးပြီးပြန်သွားမှာဆိုးလို့ခေါ်ထားတာ ခဏစောင့်အုံးဒါလေးပြီးရင်ပြန်ကြမယ်.."
"ရွှေကူကဆိုင်ကယ်သွားယူမလို့"
"အိမ်ရောက်နေပြီအဲ့ဆိုင်ကယ်က"
"ရှင် သော့ကရွှေကူ့ဆီမှာလေ"
"သော့ဖျက်ခိုင်းလိုက်တယ် "
"ရှင် .."
တဂယ်ထင်သွားသည့်ကောင်မလေးက ရုပ်လေးတည်သွားလေတော့သည်။
"နောက်တာပါ မင်းဆိုင်ကယ်အထိအခိုက်မရှိပဲအိမ်ရောက်နေပြီစိတ်ချ"
အကိုလေးရယ်ရွှေကူ့ကိုသွေးတိုးစေချင်နေတာလားဟင်။
"ရွှေကူ Bus ကားနဲ့သွားပါ့မယ်ရွှေကူဝင်စရာလေးရှိလို့"
"ဘယ်လဲ"
ကွန့်မြူးနောက်မှီခုံကိုမှီချကာ ရှေ့တည့်တည့်ကကောင်မလေးကိုကြည့်၍မေးလိုက်သည်။
"ဟို ဆေးရုံကိုပါ"
"နေမကောင်းလို့လား"
မနေ့ညကထိခိုက်သွားတာလားဆိုသည့်အတွေးနှင့် ကွန့်မြူးဒိုင်းခနဲစိတ်ပူသွားရသည်။
"ရွှေကူမဟုတ်ပါဘူး လူနာသွားမေးချင်လို့ အကိုလေးပဲပြန်လိုက်ပါနော် ရွှေကူမလိုက်တော့ဘူး "
ကွန့်မြူး laptop ကိုပိတ်လိုက်ကာ ထ၍ပြန်ရန်ပြင်ဆင်လိုက်သည်။
"ဘယ်ဆေးရုံလဲ "
"ရှင်"
"အဲ့လူနာကဘယ်ဆေးရုံမှာလဲမေးတာ"
ရွှေကူအကိုကားနှင့် ဆေးရုံကြီးဆီရောက်လာပြီဖြစ်သည်။ ရွှေကူမကြာပါဘူးဟုပြောကာ ဆေးရုံကြီးထဲပြေးဝင်လာခဲ့သည်။
"ရွှေကူ တောင်းပန်ပါတယ်"
"ရွှေကူကလဲဘာလို့တောင်းပန်နေတာလဲ ရွှေကူနဲ့မဆိုင်ဘူးလေ"
"အန်တီလေးကြောင့်လွန်းငယ်မေမေဒီလိုဖြစ်သွားရတာလေ ပြီးတော့ရွှေကူလဲအဲ့ကားပေါ်ပါလာခဲ့သေးတယ် ရွှေကူတောင်းပန်သင့်ပါတယ်လွန်းငယ်ရယ်"
လွန်းငယ်ကုတင်ထက်က မေမေ့ကိုကြည့်၍ စိတ်တွေမောနေရသည်။
"ရွှေကူသိလား လွန်းငယ်လေအဲ့လိုပိုက်ဆံရှိတယ်ဆိုပြီး တစ်ဖက်သားကိုနှိမ့်ချဆက်ဆံတဲ့လူတွေကိုအရမ်းမုန်းတာပဲ"
"အန်တီလေးကိုမုန်းနေလားဟင်"
"မုန်းတာပေါ့ မေမေအခုလိုဖြစ်သွားတာအဲ့မိန်းမကြီးကြောင့်လေ "
ရွှေကူဘာစကားမှမဆိုလွန်းငယ်ဘေးမှထိုင်၍ အန်တီ့ကိုကြည့်နေမိသည်။ ဟုတ်ပါသည်ကားတိုက်သည့်နေ့ကဆိုလွန်းငယ်အတော်လေးငိုနေခဲ့တာလေ ဘယ်လိုပြောပြောအငိုကိုမရက်ခဲ့တာ ရွှေကူဖြင့်လေအခုရောအဲ့တုန်းကရောလွန်းငယ်ကိုသနားလိုက်တာမှပြောမနေပါနှင့်တော့။
"လွန်းငယ်ရွှေကူ့ကိုရောမုန်းလားဟင်"
"ရွှေကူ့ကိုကမမုန်းပါဘူး အဲ့နေ့ကလွန်းငယ်ဘက်ကလွန်သွာတယ် ရွှေကူ့ကိုအဲ့ကိစ္စတောင်းပန်မလို့မေ့သွားတာရွှေကူရယ်"
"ရွှေကူကညာခဲ့တဲ့လူပါ လွန်းငယ်တောင်းပန်စရာမလိုပါဘူး "
တဂယ်ဆိုအဲ့နေ့က မေမေ့ကိုတိုက်တာ ရွှေကူပါလို့သိတော့ လွန်းငယ်စိတ်တွေတအားတိုပြီးပါးရိုက်ပစ်ခဲ့တာ လွန်းငယ်ငိုနေတဲ့ကြားက ရွှေကူ့ကိုရိုက်ပြီးမှကိုယ့်ကိုပြန်မြင်မိသွားတယ်လေ။ အားငယ်စိတ်တွေသိမ်ငယ်စိတ်တွေ ကိုယ်မမှားပဲနဲ့တစ်ဖက်သက်ပြောခံရလို့ ဖြစ်ပေါ်လာတဲ့ခံစားမူတွေက ရွှေကူ့မျက်နှာပေါ်မှာထင်းနေသည်ကြောင့် ရွှေကူမဟုတ်မှန်းလွန်းငယ်တန်းသိခဲ့သည်။ တော်သေးသည် အဆိုးထဲကအကောင်းလို့ပြောရမည် ရွှေကူနှင့်လွန်းငယ်နောက်ပိုင်းခင်လာကြကာ သောကြာနေ့တိုင်းလိုလို ရွှေကူနှင့်စကားတွေပြောဖြစ်ခဲ့သည်။ ဒါကြောင့်လဲလွန်းငယ်စိတ်ဖြေရာရခဲ့တာပေါ့ရွှေကူရယ်။
ကွန့်မြူးအိမ်ပြန်ရောက်တော့ ရေချိုးကာပြန်ဆင်းလာလိုက်သည်။
"မာမီထမင်းစားမယ်လေ "
"ဒီနေ့အိမ်မှာညစာမချက်ဘူး"
"ဗျာ.."
"မထူးမြတ်တို့အိမ်ကထမင်းစားဖိတ်ထားတယ် အဲ့တာသွားစားမလို့သားကိုစောင့်နေတာ "
"မာမီကလဲဗျာမသွားချင်ပါဘူး"
"မကောင်းဘူးလေသားရယ် တစ်ဖက်ကတစ်ကူးတစ်ကကြီးလာဖိတ်ထားတာလေ "
"မာမီရာ .."
ကွန့်မြူးမလိုက်ချင်ပေမယ့်လိုက်ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်ဟိုကောင်မလေးကိုတွေ့ရအုံးမည်မို့လဲ ထိုအိမ်သို့လိုက်လာခဲ့ခြင်းဖြစ်သည်။ ဒီကောင်မလေး အဲ့အိမ်မှာဘယ်လိုနေရလဲ သိချင်သည်ကြောင့်လဲပါမည်။
"ရွှေကူ မိရွှေကူ"
"ရှင့်အန်တီလေး"
ထမင်းစားခန်းဘက်ကဟုထင်ရသည့်နေရာက ပြေးထွက်လာသည့်ကောင်မလေးက ဆံပင်တို့မှာချွေးစတွေကပ်နေလေသည်။ ကွန့်မြူးကိုမြင်တော့ ခေါင်းလေးတစ်ချက်ညွှတ်၍နှုတ်ဆင်လေသည့်ကောင်မလေးကို ကွန့်မြူးပြန်ပြုံးပြလိုက်သည်။
"အကုန်အဆင်သင့်ဖြစ်ပြီလား"
"ပြီးတော့မယ်အန်တီလေး ရွှေကူထမင်းပွဲမပြင်ရသေးလို့ခဏလေးပဲ"
"ညည်းမလဲအေ မြန်မြန်လုပ်မယ်မရှိဘူး "
"ရပါတယ်မထူးမြတ်ရယ် မာတို့လဲဗိုက်မဆာသေးပါဘူး သမီးရွှေကူအေးဆေးလုပ်နော်ရတယ်"
"ဟုတ်မေမေကြီး ခဏနေဆိုရပြီ ရွှေကူထမင်းပွဲသွားပြင်လိုက်တော့မယ်နော်"
"အေးအေးသမီး"
လှစ်ခနဲမပြေးရုံတမယ်ပြန်ဝင်သွားသည့်ကောင်မလေးကြောင့် ကွန့်မြူးသက်ပြင်းချမိသည်။ အင်းကျီတောင်လဲချိန်မရဘူးလားကွာ။
ဟင်းတွေအစုံခင်းထားသည့်ထမင်းဝိုင်းက လူသုံးယောက်စာအတွက်များလွန်းလှသည်။
"အိမ်မှာက ထူးမြတ်ပဲအမြဲရှိတာမမာရယ် အမျိုးသားကခရီးတွေလွန်.. သားဖြစ်သူကလဲအပြင်သွားပြီ.. ကြည့်သမီးလေးကလဲသင်တန်းတတ်နေလို့ပြန်မလာသေးဘူးလေ"
"အဲ့လိုပါပဲ ကလေးတွေအရွယ်ရောက်လာရင်ဖမ်းလို့ကိုမမိတော့ဘူး သားတောင်သူ့ဒယ်ဒီကခြိမ်းခြောက်ထားလို့ အိမ်ကပ်နေတာမထူးမြတ်ရေ အတူတူပဲ"
"ရွှေကူ အင်းကျီတွေမီးပူတိုက်ရအုံးမှာမလား သွားတိုက်လေ"
"ဟုတ်အန်တီလေး"
"အလုပ်သမားတွေကအခွင့်အရေးပေးလို့မရဘူးမမာရေ အမြဲပြောနိုင်မှလုပ်ကြတာ ကြည့်အခုပဲ ရပ်ကြည့်နေတယ်လေ တဂယ်မလွယ်ပါဘူးမမာရယ်"
မာမီကအားနာပြုံးပြုံးပြလိုက်ပေမယ့် ကွန့်မြူးကတော့မပြုံးနိုင်ပေ။ ဒီကောင်မလေးချွေးတွေနဲ့ ချက်ထားတဲ့ထမင်းကိုလဲမစားချင်တော့ပေ။ မင်းအဲ့လိုပင်ပန်းနေမှန်းသိရင်လာမစားပါဘူးကွာ။ အခုတော့စားသာစားရတာ အရသာကမရှိ အပေါ်ထပ်တတ်သွားသည့်ကောင်မလေးကိုပဲ သနားနေမိသည်။ အလုပ်သမားဆိုပေမယ့်လဲ ပြောချင်တိုင်းပြောပြီး ခိုင်းလို့ရတာမှမဟုတ်ပဲလေ။
"မမလေးပြန်လာပြီထင်တယ်"
ကွန့်မြူးကြည့်လိုက်တော့ အပေါ်ထပ်သို့ပြေးတတ်သွားသည့်တစ်ယောက်က ကွန့်မြူးတို့ကိုမြင်ပုံမပေါ်။
"ဒေါ်အုန်းရွှေကူ့ကိုသွားခေါ်ပါအုံး သမီးအတွက်သံပုရာရည်ဖျော်အုံးလို့"
"အေးအေး"
ရွှေကူသံပုရည်ဆင်းဖျော်တော့ အကိုလေးတို့ကထမင်းစား၍တောင်ပြီးနေပြီဖြစ်သည်။
"မာမီခဏနော် ကျွန်တော်ဖုန်းထွက်ပြောမလို့"
"အေးအေးသွားလေသား"
"အန်တီခဏနော်"
"အေးပါကွယ်"
ရွှေကူမမလေးအကြိုက် အချဉ်စူးစူးသံပုရာရည်ခွက်လေးကို ကိုင်၍အပေါ်တတ်ကာသွားပေးလိုက်တော့သည်။
"မမလေးသံပုရာရည်"
"ထားခဲ့"
ရွှေကူခွက်လေးခုံပေါ်တင်ပေး၍ ဘေးကအခန်းလွတ်ထဲမီးပူတိုက်ရန်ပြန်ဝင်လာလိုက်သည်။
"ဟယ် သေပါပြီ..သေပါပြီ.."
ရွှေကူမီးပူလေးကိုအမြန်ပြေးဖယ်လိုက်တော့ မမလေးအင်းကျီတွင်မီးကျွမ်း၍အပေါက်ကြီးတောင်ပေါက်နေပြီဖြစ်သည်။ သေပါပြီရွှေကူရယ်မမလေးအင်းကျီမှ မီးကျွမ်းရတယ်လို့။
"ကုန်ပါပြီရွှေကူရယ် အဲ့အင်းကျီငါမနေ့ကမှဝတ်ပြီးတာနော် နင်..."
"ရွှေကူတောင်းပန်ပါတယ်မမလေးရယ် ရွှေကူမရည်ရွယ်ပါဘူး"
"အဲ့အင်းကျီဘယ်လောက်တန်လဲနင်သိရဲ့လား "
"ရွှေကူ.."
"အား.. အကန်းမငါ့အင်းကျီကိုများဖျက်စီးတယ်"
"အ ..."
မမလေးက လက်ထဲမှကိုင်ထားသည့်ဖုန်းနှင့်ပေါက်လိုက်သည်မို့ ရွှေကူနဖူးဂျိုစောင်းကိုမှန်သွားရတော့သည်။ ပူထူသွားပေမယ့်ရွှေကူထိုနေရာတွင်သာ ထိုင်နေမိသည်။ မမလေးကဒီလိုပေါက်ကွဲလိုက်ရင် ရွှေကူနောက်ပိုင်းအပြစ်ပေးမခံရတော့ပြီမို့ လက်တွေတုန်နေပေမယ့် ခေါင်းကိုငုံ့၍သာထိုင်နေမိသည်။
"သွား..နင်ထွက်သွား"
ရွှေကူခွင့်ပြုမိန့်ရသည်နှင့် အောက်ထပ်ကိုပြေးဆင်းလာခဲ့တော့သည်။ တော်သေးသည် ဧည့်ခန်းတွင်အန်တီလေးတို့မရှိသည်ကြောင့်။
"ဘာသံလဲမထူးမြတ်"
"ဘာမှမဟုတ်ပါဘူးမမာရယ် သမီးလေးသီချင်းအော်ဆိုတာနေမှာ"
"အော်"
"ဟင့် ..."
ရွှေကူပန်းခြံ၏ လူမမြင်နိုင်သည့်အခြမ်းဘက်ပြေးဝင်၍ ထိုင်ကာငိုနေမိတော့သည်။ ဒီအချိန်အခန်းပြန်လျှင် ဘကြီးတိုးရေနွေးကြမ်းသောက်နေတာနှင့်တိုးမည်ဆိုးသည်ကြောင့် ရွှေကူထိုပန်းခြံကြီးကိုသာ ရင်ဖွင့်ရန်တတ်နိုင်တော့သည်။ ရွှေကူဒီအချိန်အကုန်လုံးကိုကြောက်နေပြီဖြစ်သည်။ နဖူးကနာသည့်ဒဏ်ကြောင့် အရင်ကအကြောင်းတွေပြန်အမှတ်ရလာ၍ ရွှေကူလက်တွေပင်တုန်လာရတော့သည်။
လမ်းလျှောက်ပြီးဖုန်းပြောနေရင်းက အသံကြားလို့လိုက်ရှာပေမယ့်မတွေ့ ..ပြန်၍ဖုန်းပြောနေတော့လဲ ငိုရင်းရှိုက်သည့်အသံကကြားနေရပြန်လေသည်။ ခက်ပါပြီဒီအိမ်ကသရဲခြောက်တာလားဟ...
"ရွှေကူလား..."
မျက်မှန်လေးကိုင်ထားရင်းမှ ချွေကူမျက်ရည်တွေသုတ်ကာ မျက်မှန်တပ်၍မော့ကြည့်လိုက်သည်။
"ဟာ ဟေ့..ဘာဖြစ်လာတာလဲနဖူးက"
"ရွှေကူဘာမှမဖြစ်ပါဘူး"
ထပြီးရှောင်ပြေးမည်လုပ်နေသည့်ကောင်မလေးကို ကွန့်မြူးလက်မောင်းမှဆွဲထားလိုက်တော့သည်။
"ဘာ ဘာမှမဖြစ်တာလဲ သွေးတွေတောင်ထွက်နေတာကို "
"ရှင် သွေး ..သွေးတွေထွက်နေတာလား"
ရွှေကူအခုမှနဖူးကိုစမ်းကြည့်တော့ ခပ်ချွဲချွဲအရာတွေပါလာလေသည်။ လက်ထဲကအရာကိုကြည့်မိတော့ ဟုတ်ပါသည်သွေးတွေပင်။ အစကချွေးတွေအထင်နှင့်ထားလိုက်သည်ကို အခုတော့သွေးတွေတဲ့လား။
"ရရဲ့လားကွာ ဘယ်သူလုပ်လိုက်တာလဲ ဟိုကောင်မလေးလား"
ဘာမှမပြောပဲ မူမမှန်သလိုငြိမ်နေသည့်ကောင်မလေးကြောင့် ပိုစိတ်ပူရသည်။ အရင်ကမာမီပြောသလို ဒီကောင်မလေးက အမြဲအနိုင်ကျင့်ခံနေရတယ်ဆိုတာ ဒါမျိုးလားကွာ။
"မေးနေတယ်လေ ဘယ်သူလုပ်လိုက်တာလဲလို့ "
"ဟင့်အင်း..ဘယ်သူမှလုပ်တာမဟုတ်ပါဘူး ရွှေကူပြန်တော့မယ် "
"ဘယ်ပြန်မှာလဲ မင်းနေတာဘယ်နားလဲကိုယ်လိုက်ပို့မယ်"
"ဟင့်အင်းရွှေကူပြန်တော့မှာ"
ကွန့်မြူးလက်ကိုဖယ်ချကာ တွေတွေကြီးလျှောက်သွားသည့်ကောင်မလေးပုံစံကအခုထိ ပုံမှန်မဟုတ်သေးသည်ကြောင့် ကွန့်မြူးပြန်ဆွဲကာ ပွေ့လိုက်တော့သည်။
"ရွှေကူပြန်မှာ "
ငှက်မွှေးလေးအလားပေါ့ပါးလွန်းသည့်ကောင်မလေးက "ရွှေကူပြန်မှာ"လို့ တိုးတိုးလေးရေရွတ်ရင်း ကွန့်မြူးရင်ဘက်ဆီမှီကျသွားသည့်ကောင်မလေးကြောင့် ကွန့်မြူးအိမ်ထဲမြန်မြန်ပြေးဝင်ရတော့သည်။
"ဟဲ့သားဘာဖြစ်လာတာလဲသားရယ်"
"မာမီဆရာဝန်ခေါ် ရွှေကူသတိလစ်သွားလို့"
"အေးအေးသား"
"ဆရာဝန်ကခေါ်စရာမလိုပါဘူး
ဒေါ်အုန်းဦးတိုးကိုသွားခေါ် ရွှေကူ့ကိုအခန်းပြန်ခေါ်ဖို့လုပ်"
ဆိုဖာပေါ် သတိလစ်ရက်ရှိနေသည့်ကောင်မလေးဘေးကွန့်မြူးထိုင်ချ၍ စိုးရိမ်တကြီးကြည့်နေမိသည်။ အခုကရောဘာအခြေနေကြီးလဲ ပေါက်ပြဲဒဏ်ရာနဲ့သတိလစ်နေသည့်လူကို ဆရာဝန်ပြရမှာကိုအခန်းပြန်ခေါ်ဖို့ ဘာလို့လုပ်ခိုင်းနေရတာလဲ။
"မမာစိတ်မပူပါနဲ့ ရွှေကူကဒီအတိုင်းပဲဖြစ်နေကျ ပြီးရင်သတိပြန်လည်လာလိမ်မယ်"
"ဖြစ်နေကျ..."
ကွန့်မြူးသံယောင်လိုက်မိသွားသည်။
"ဟုတ်ရဲ့လားမထူးမြတ်ရယ် သွေးတွေနဲ့လေအဆင်ပြေပါ့မလား မမာဆရာဝန်ခေါ်လိုက်မယ်ခဏလေး"
"ဒါတွေကဖြစ်နေကျပါမမာရယ် ဒေါ်အုန်းဂရုစိုက်လိမ့်မယ် ရွှေကူ့အကြောင်းထူးမြတ်အသိဆုံး ခဏနေဆိုသတိပြန်လည်လာလိမ့်မယ်အရေးမကြီးပါဘူး"
တစ်ဖက်ကလေသံနည်းနည်းတင်းမာလာသည်ကြောင့် သားဖြစ်သူကိုလက်ကုတ်၍တားလိုက်ရသည်။ ခြံစောင့်ဦးလေးကြီးက ကောင်မလေးကိုပွေ့သွားကာဒေါ်အုန်းဆိုသူကလဲနောက်မှလိုက်သွားလေတော့သည်။
ကွန့်မြူးစိတ်ထဲခံရခက်စွာနှင့် ပြန်လာရပြီး တအုံနွေးနွေးနှင့်ဒေါသတွေထွက်နေမိသည်။ ဒီလိုအဖြစ်မျိုးက ဖြစ်နေကျပုံစံတဲ့လား အသိစိတ်မကပ်ပဲတွေဝေနေပုံကဖြစ်နေကျပုံစံတဲ့လား။ ဟူး စိတ်မောရတယ်ကွာ မင်းလေးအကြောင်းပိုသိလေ စိတ်ပူပြီးစိတ်မကောင်းဖြစ်ရလေပဲကွာ။
Words 4182
8.7.2023 9:00pm
တစ်ခါထဲပြောပါ့မယ် အပိုင်း ၅ ကစလို့ ကျန်တာက Paid gp မှာတင်ပေးမှာပါနော်။
ဝင်ကြေးလေးကမသတ်မှတ်ထားပါဘူးနော် တတ်နိုင်သလောက်နဲ့ဝင်လို့ရပါတယ်ရှင့်။
WavePay - 09983521528
KayPay - 09973860994
အကုန်လုံးခက်ခဲနေတဲ့အချိန်မို့ မတတ်နိုင်ပေမယ့် ရွှေကူတို့ကိုဖတ်ချင်ပါတယ်ဆိုရင်လဲ cb ကိုလာပြောပါနော်။ လာပြောသမျှအကုန် free ထည့်ပေးမှာပါ။
အကုန် cb လာခဲ့ပါနော် gp link ပေးပါ့မယ်။ ဝင်ကြေးပေးတဲ့လူလေးတွေက Screenshot လေးတော့ပြပေးပါနော်။
(Zawgyi)
True Love အပိုင္း - ၃
သူမေလးေရခ်ိဳးေနထဲက ကြန့္ျမဴးအကုန္ျပင္ဆင္ၿပီးၿပီျဖစ္သည္။ ကိုယ့္ေၾကာင့္မဟုတ္ေပမယ္လဲ ကြန့္ျမဴးမေန႕ကျဖစ္သြားသည့္ကိစၥကို စိတ္မေကာင္းျဖစ္ေနမိသည္။ စျမင္လိုက္ကထဲက ေခၚထုတ္ခဲ့ရမွာကို လူၾကားထဲထိ ရန္စေနသည့္ေကာင္ေတြလက္ထဲေရာက္သြားသည္အထိ ရပ္ၾကည့္ေနခဲ့မိ၍ကိုယ့္ကိုလဲအျပစ္တင္ရသည္။ မိန္းခေလးဆို သူငယ္ခ်င္းလိုႏွမလိုမ်ိဳးခင္ရမည့္ အသိေတြမရွိသည့္ကြန့္ျမဴးမွာ ထိုေကာင္မေလးကိုေတာ့ခင္ေနမိသည္။ ဘယ္လိုပဲေျပာေျပာ ကိုယ့္မ်က္စိေရွ႕မွာေတာ့ သူမေလးထိခိုက္လို႔မရဘူး အဲ့လိုျဖစ္ေအာင္ ကိုယ္ခြင့္မျပဳဘူးကြာ။
"သားအေစာႀကီးပါလား"
"ဟုတ္တယ္မာမီ ဟိုဟိုဘက္ၿခံကေကာင္မေလးနဲ႕အတူသြားမလို႔ "
"ေကာင္းတာေပါ့သားရယ္ သားနဲ႕ဆိုေတာ့မာမီစိတ္ခ်ရတယ္"
"မာမီကသူ႕ကိုစိတ္ပူေသးတာလား"
"ပူတာေပါ့ ဒီေလာက္အေဝးႀကီးကိုဆိုင္ကယ္နဲ႕ဆိုေတာ့စိတ္ပူတာေပါ့သားရယ္ "
"ကြၽန္ေတာ္ေတြ႕တာေတာ့ မာမီသူ႕ကိုအေတာ္ခ်စ္တာေနာ္ "
"ခ်စ္တာေပါ့ မာမီကေ႐ႊကူေလးကိုေမြးစားခ်င္တာ ေ႐ႊကူေလးကလက္မခံလို႔"
"သူကလား"
"ဟုတ္ပါ့ေတာ္ ႐ြာျပန္ၿပီးအေဒၚေတြနဲ႕အတူေနမွာတဲ့ေလ"
ကြန့္ျမဴးေခါင္းတစ္ၿငိမ့္ၿငိမ့္ႏွင့္ နားေထာင္ရင္း Coffee ခါးခါးတစ္ခြက္ကိုေသာက္ေနလိုက္သည္။
"သားသိလား ေ႐ႊကူေလးကအဲ့အိမ္မွာမေပ်ာ္ဘူးနဲ႕တူတယ္"
"ဘာျဖစ္လို႔လဲမာမီ ကြၽန္ေတာ္ၾကည့္ရတာေတာ့အဆင္ေျပတယ္ထင္တာပဲ"
"သားမသိေသးလို႔ပါ မထူးျမတ္ကေ႐ႊကူေလးကိုသေဘာမက်ဘဴးသားရဲ႕ ဟိုတစ္ေလာက ကားတိုက္မႈျဖစ္သြားေသးတာသားသိတယ္မလား"
"ထူးခန့္ေျပာျပဖူးတယ္မာမီ တစ္ဖက္ကကိုမာဝင္သြားတယ္ဆိုတာလား"
"ဟုတ္ပါ့ေတာ္ အဲ့ကားတိုက္မႈကမထူးျမတ္ကတိုက္လိုက္တာေလ ေ႐ႊကူကေဘးမွာပါေတာ့ တစ္ဖက္ကမိသားစုကို ေ႐ႊကူေလးတိုက္တာပါဆိုၿပီးေျပာၿပီးေတာင္းပန္ခိုင္းတာသားရဲ႕"
"အဲ့လိုႀကီးရွိခဲ့တာလား"
"ေနာက္ေတာ့ေ႐ႊကူ႕မွာကလိုင္စင္ေတြကမရွိ ဟိုဘက္ကလဲမထူးျမတ္တို႔ထက္အင္အားေတာင့္ေတာ့ မထူးျမတ္ကျပန္ေတာင္းပန္လိုက္ရတာ ၾကားထဲကေ႐ႊကူေလးကေတာ့ ေျမဇာပင္ျဖစ္ရေသးတာေပါ့သားရယ္ လိမ္တာမပီပင္လို႔ဆိုၿပီး ရိုက္ေသးတယ္တဲ့ သနားပါတယ္သားရယ္ မာမီေလ အဲ့တုန္းကေ႐ႊကူေလးကိုသြားၾကည့္ေသးတယ္ ထေတာင္မထနိုင္ဘူးကြယ္"
"လုပ္တာအဆင္မေျပရင္လဲ အျပစ္ေပးခံရေသးတယ္သားရဲ႕ ေ႐ႊကူေလးကေလမသိရင္အဲ့အိမ္မွာ ဝဋ္ေႂကြးခံဖို႔မ်ားေရာက္လာသလားထင္ရတယ္သားရယ္ မာမီ့မွာစိတ္မေကာင္းဘူးအဲ့တာေတြျမင္ရင္"
ကြန့္ျမဴးစိတ္ထဲ အေတာ္သနားသြားရသည္။ မေန႕ကမရိုက္ပါနဲ႕လို႔ေတာင္းပန္ေနပုံကိုျပန္ျမင္ေယာင္လာ၍ မာမီေျပာသည့္ပုံရိပ္ေတြကို ဆက္စပ္ပုံေဖာ္ေနမိသည္။
"က်စ္..."
"ဘာျဖစ္တာလဲသားရဲ႕"
"ဘာမွမျဖစ္ဘူးမာမီ"
"မာမီအဲ့အေၾကာင္းေတြဘယ္လိုသိတာလဲ"
"ေဒၚႀကီးကဖုန္းဆက္ေျပာတာေလသား ေ႐ႊကူေလးဖ်ားေနလို႔မာမိ့ကို လာၾကည့္ေပးပါအုံးဆိုၿပီးေျပာတာနဲ႕ မာမီသြားၾကည့္လိုက္တာ"
အေတာ္နယ္စုံသည့္မာမီပါေလ။ သူသေဘာက်သည့္အရာဆိုလွ်င္သိပ္တန္ဖိုးထားတတ္သည့္မာမီက ဒီေနရာမွာလဲေကာင္မေလးကိုဂ႐ုစိုက္ေသးတာပဲဟုေတြး၍ မာမီ့ကိုဂုဏ္ယူေနမိသည္။ ကြန့္ျမဴးမာမီက ႏွလုံးသားလွတဲ့မိခင္မို႔ ခ်စ္ရပါသည္။
"သူဘယ္လိုေရာက္လာတာလဲေျပာျပပါ့လား မာမီသိလား"
"ေ႐ႊကူေလးနဲ႕ပတ္သက္ရင္မာမီအကုန္သိတယ္ "
မာမီကသူ႕ကိုယ္သူဝင့္ႂကြားကာ ၿပဳံးေပ်ာ္၍ကြန့္ျမဴးကိုေျပာျပေလသည္။
"ဒီလိုသားရဲ႕ ေ႐ႊကူတို႔႐ြာဘက္ကဘုန္းႀကီးေက်ာင္းကို သားထူးခန့္ရဲ႕အေဖကိုဘဝင္ကသြားရင္းလမ္းမွာ ကားစက္ခ်ိဳ႕ယြင္းၿပီး အပင္ႀကီးကိုဝင္တိုက္တာတဲ့ေလ အဲ့တာေ႐ႊကူ႕အေဒၚကေတြ႕ၿပီး ေဆး႐ုံအျမန္တင္လိုက္တာ အသက္ကယ္နိုင္သြားတာသားရဲ႕ "
မာမီက အာေခါင္ေျခာက္သြား၍ထင္သည္ Coffee ခြက္ကိုေမာ့ေသာက္လိုက္ေလသည္။
"ကိုဘဝင္ကက်န္းမာေရးျပန္ေကာင္းလာေတာ့ ေက်းဇူးတင္တဲ့အေနနဲ႕ပိုက္ဆံေတြေပးၿပီးေက်းဇူးဆပ္တာေလ အဲ့တာသူတို႔ဘက္ကေ႐ႊကူေလးကိုအလုပ္ေပးဖို႔ေတာင္းဆိုလိုက္တာ အဲ့တာနဲ႕ဒီေရာက္လာတာပဲ"
"သိပ္မၾကာေသးဘူးေပါ့"
"ေ႐ႊကူ ၁၄ ႏွစ္တုန္းကသားရဲ႕ ေက်ာင္းေနတဲ့အ႐ြယ္ေလး အဲ့တုန္းကမာမီမွတ္မိေသးတယ္ လမ္းႀကဳံလို႔မထူးျမတ္ဆီဝင္လည္တာေလ သူတို႔ကမရွိၾကဘူး မာမီခဏထိုင္ေနၿပီးမွေရာက္လာၾကတာ ေ႐ႊကူေလးလဲပါလာတာ အထုတ္ေလးပိုက္ၿပီး မ်က္ႏွာငယ္ေလးနဲ႕ မာမီကအဲ့ထဲကေ႐ႊကူေလးကိုခ်စ္သြားတာ "
"သားသိလား မ်က္မွန္ေလးနဲ႕ပဲအဲ့တုန္းကလဲ ကာတြန့္ေဘာင္းဘီေလးဝတ္ၿပီး ဆံပင္ဂုတ္ဝဲေလးနဲ႕သားရယ္ အေတာ္ခ်စ္စရာေကာင္းတာ "
မာမီကေတာ့ေလ ဉာဏ္ေကာင္းတယ္ဆိုတာဒါမ်ိဳးေနမွာ အကုန္မွတ္မိေနေတာ့တာပဲ။ မ်က္ႏွာကအေရာင္ေတြေတာက္စြာေျပာျပေနသည့္မာမီေၾကာင့္ ကြန့္ျမဴးလဲၿငိမ္၍သာနားေထာင္လိုက္ေတာ့သည္။
ဟူး..ဒီေကာင္မေလးဘဝကလဲ ထင္သေလာက္မလြယ္ပါ့လားေနာ္။ Accident ေတြနဲ႕လဲ အေတာ္အက်ိဳးေပးတာလားလို႔လဲေတြးမိေတာ့သည္။
*တီး တီး..*
"အေမေရ႕."
ကားဟြန္းတီးသံက်ယ္လြန္း၍ေ႐ႊကူလန့္သြားရသည္။ လမ္းေဘးေလးတိုး၍ ေနာက္ျပန္ၾကည့္မိေတာ့အကိုေလးျဖစ္ေနေလသည္။ ေ႐ႊ႕ကူးေဘးသို႔ကားႀကီးတိုးလာကာ မွန္ကိုခ်၍မ်က္မွန္အနက္ႀကီးတပ္ထားသည့္အကိုေလးက မ်က္မွန္ခြၽတ္လိုက္ေလသည္။
"ဘယ္လဲဒါက "
ေ႐ႊကူထမင္းခ်ိဳင့္ေလးျမႇောက္ျပကာ....
"အလုပ္ေလးအကိုေလး"
"ညကဘာေျပာထားလဲ"
ေ႐ႊကူအေငါက္ခံရေတာ့မည္မို႔ ေခါင္းေလးငုံ႕ခ်လိဳက္ေတာ့သည္။
"တတ္ကားေပၚ"
"အကိုေလးရပါတယ္ေ႐ႊကူ.."
"ဘာနဲ႕သြားမယ္ႀကံေနတာလဲမင္းက"
စကားကိုဆုံးေအာင္ေျပာခြင့္မေပးပဲ ကြန့္ျမဴးျဖတ္ေျပာလိုက္သည္။ မ်က္လုံးဝိုင္းေလးေလးႏွင့္ေကာင္မေလးက ကြန့္ျမဴးကိုၾကည့္ကာေတြေဝေနပုံမို႔...
"ကိုယ္အလုပ္ေနာက္က်ရင္မင္းေၾကာင့္ေနာ္ "
"ဟုတ္ ဟုတ္.."
မ်က္လုံးေလးက လန့္သြားသည့္ပုံႏွင့္ ေနာက္ကကားတံခါးကိုဆြဲဖြင့္ေနေလသည္။
"အေရွ႕မွာထိုင္ေလ"
"ေ႐ႊကူအေနာက္မွာပဲထိုင္ပါ့မယ္"
"ကိုယ္ကမင္းရဲ႕ driverလား"
"အဲ့လိုမဟုတ္ပါဘူး ေ႐ႊကူကအဲ့သေဘာနဲ႕မဟုတ္ပါဘူး"
"လာအေရွ႕မွာထိုင္"
"ဟုတ္"
ေ႐ႊကူကားအေနာက္မွလွည့္၍ တစ္ဖက္ကေနရာသို႔တတ္၍ထိုင္လိုက္သည္။
"ခါးပါတ္ပတ္အုံး"
"ဟုတ္ကဲ့"
အေတာ္လိမၼာသည့္ေကာင္မေလး ေျပာစကားလဲနားေထာင္သလို စကားေျပာလဲ ယ်ဥ္ေက်းေလသည္။
အကိုေလးက အေတာ္သေဘာေကာင္းတာပဲဟု ေ႐ႊကူေတြးေနမိသည္။ အန္တီေလးတို႔ေတာင္ ေ႐ႊကူ႕ကိုသူတို႔ကားေပၚမတင္ခ်င္သလို သူတို႔ကားႏွင့္လဲလိုက္ခြင့္မေပးခဲ့သည္မွာယခုခ်ိန္ထိပင္။ ရွားရွားပါးပါးတစ္ခါေလးလိုက္ခြင့္ရေပမယ့္လဲ အမွတ္တရေကာင္းေတြေတာ့မရွိခဲ့ေပ။ ေ႐ႊကူကအသုံးခ်ခံပါ အန္တီေလးတို႔အတြက္ ေ႐ႊကူကအေစခံထက္မပိုခဲ့ပါဘူးေလ။
"ေ႐ႊကူသယ္ေပးပါ့မယ္ "
"ကိုယ့္အထုတ္ပဲကိုယ္သယ္ပါ "
ေ႐ႊကူ႕လက္ထဲမွအကိုေလး၏ Laptop အိတ္ေလးကိုအကိုေလးကဆြဲယူသြားေလသည္။ ေ႐ႊကူေၾကာင့္က်ကြဲမွာဆိုးလို႔ထင္ပါတယ္ေလ။
"မဇင္ကိုဒါေလးကူညီပါအုံးေ႐ႊကူရယ္ ဥကၠ႒ေလးလက္မွတ္လိုလို႔ သြားထိုးခိုင္းေပးပါအုံး မဇင္ဒီမွာဖုန္းေျပာရက္ႀကီးနဲ႕မို႔"
"ဟုတ္မဇင္"
ေ႐ႊကူစာ႐ြက္ေလးကိုင္၍ တံခါးေခါက္လိုက္ေတာ့ အထဲမွဝင္ခဲ့ဟူ၍ေျပာေလသည္။
"ဘာကိစၥလဲ"
"ဥကၠ႒ေလးလက္မွတ္လိုလို႔ပါ အဲ့တာ"
မ်က္စိေရွ႕ကစာ႐ြက္ကို ဖက္ၾကည့္၍လက္မွတ္ထိုးလိုက္ကာ ျပန္ေပးလိုက္သည္။
"ခဏ "
ေ႐ႊကူ႕ေျခေထာက္ေတြရပ္တန့္သြားရေတာ့သည္။
"ကိုယ့္ကိုဘယ္လိုေခၚလိုက္တာလဲ"
"ဥကၠ႒ေလး "
"ေနာက္မေခၚနဲ႕အဲ့ဟာႀကီး"
"ဥကၠ႒ႀကီးကစာထုတ္ထားတယ္ ဥကၠ႒ေလးကို ဥကၠ႒ေလးလို႔ေခၚရမယ္တဲ့"
ေရွးရိုးစြဲဒယ္ဒီက အလုပ္မွာေတာင္လာၿပီးအတင္းဥကၠဌလုပ္ေနေလသည္။ အခုေခတ္လို CEO တို႔ Boss တို႔အဲ့လိုေခၚရမွာကိုကြာ ဒီဒယ္ဒီကေတာ့။
"မ်က္မွန္ကအေကာင္းလား"
"ဟုတ္အေကာင္းပါ"
"ကိုယ့္ကိုေရာေသခ်ာျမင္ရလား "
"ဟုတ္ ေ႐ႊကူျမင္ရပါတယ္"
"အခုလက္ရွိ ဒီအလုပ္မွာဘယ္သူကရာထူးအႀကီးဆုံးလဲ"
"ဥကၠ႒ေလးပါ"
"သိရင္ေျပာင္းေခၚ ေနာက္ဥကၠဌေလးလို႔မေခၚနဲ႕ လစာျဖတ္မွာေနာက္ေခၚရင္"
"ရွင္ .."
မ်က္မွန္ေအာက္က မ်က္လုံးေလးကဝိုင္းစက္လာကာ တအံ့တဩၾကည့္ေနေလသည္။ ဒီလိုေလးဘာလို႔ၾကည့္ၾကည့္ေနတာလဲေကာင္မေလးရာ သနားရေအာင္လို႔ကြာ။
"ေခၚေနက်အကိုေလးပဲေခၚ "
"ေ႐ႊကူအဲ့လိုေခၚလို႔ရတာလား"
"မင္းကမာမီ့ရဲ႕အသဲေက်ာ္ေလးမို႔ေခၚခြင့္ေပးလိုက္မယ္ ရၿပီသြားေတာ့"
"ဟုတ္"
တဂယ္ဆိုေ႐ႊကူက အဲ့အခြင့္ေရးမလိုပါဘူးေနာ္ ဥကၠ႒ေလးဆိုတာကပိုေကာင္းတာကို။ ေ႐ႊကူ႕အေပၚအခြင့္ေရးေတြေပးရင္ ေ႐ႊကူကအဲ့လူအေပၚ ေမွ်ာ္လင့္ခ်က္ေတြထားမိလို႔ပါအကိုေလးရယ္။ အခုဆိုေမေမႀကီးရယ္ ဘဘႀကီးရယ္အကိုေလရယ္ကို ေ႐ႊကူခင္တြယ္မိၿပီး ေ႐ႊကူ႕အေပၚေကာင္းတယ္လို႔ယုံၾကည္ၿပီး အားကိုးေနမိၿပီေလ။
"ေ႐ႊကူ"
"ရွင့္"
"ေ႐ႊကူ႕ကို႐ုံးမဆင္းခင္ဥကၠ႒ေလးက သူ႕႐ုံးခန္းလာခဲ့ပါအုံးတဲ့ မဇင္ကိုမွာလိုက္လို႔"
"ဟုတ္မဇင္ ေ႐ႊကူဒါေလးၿပီးမွျပန္မလို႔ အဲ့တာၿပီးသြားလိုက္မယ္ေနာ္"
"မဇင္အရင္ျပန္ႏွင့္မယ္ေနာ္ ဒီေန႕က်ားက်ားနဲ႕ shopping ထြက္မလို႔.."
ေ႐ႊကူမ်က္စာပစ္ျပကာ စလိုက္သည္။ မဇင္ကလဲေပ်ာ္ျမဴးကာ ေ႐ႊ႕ကူ႕ေမးကိုလက္ႏွင့္သပ္ကာ ခ်စ္စနိုးပုံစံေလးလုပ္၍ ထြက္သြားေလေတာ့သည္။
"အကိုေလးေ႐ႊကူအလုပ္ဆင္းေတာ့မလို႔ ေခၚတယ္ဆိုလို႔ေလ"
"ျပန္ရင္ Bus ကားစီးၿပီးျပန္သြားမွာဆိုးလို႔ေခၚထားတာ ခဏေစာင့္အုံးဒါေလးၿပီးရင္ျပန္ၾကမယ္.."
"ေ႐ႊကူကဆိုင္ကယ္သြားယူမလို႔"
"အိမ္ေရာက္ေနၿပီအဲ့ဆိုင္ကယ္က"
"ရွင္ ေသာ့ကေ႐ႊကူ႕ဆီမွာေလ"
"ေသာ့ဖ်က္ခိုင္းလိုက္တယ္ "
"ရွင္ .."
တဂယ္ထင္သြားသည့္ေကာင္မေလးက ႐ုပ္ေလးတည္သြားေလေတာ့သည္။
"ေနာက္တာပါ မင္းဆိုင္ကယ္အထိအခိုက္မရွိပဲအိမ္ေရာက္ေနၿပီစိတ္ခ်"
အကိုေလးရယ္ေ႐ႊကူ႕ကိုေသြးတိုးေစခ်င္ေနတာလားဟင္။
"ေ႐ႊကူ Bus ကားနဲ႕သြားပါ့မယ္ေ႐ႊကူဝင္စရာေလးရွိလို႔"
"ဘယ္လဲ"
ကြန့္ျမဴးေနာက္မွီခုံကိုမွီခ်ကာ ေရွ႕တည့္တည့္ကေကာင္မေလးကိုၾကည့္၍ေမးလိုက္သည္။
"ဟို ေဆး႐ုံကိုပါ"
"ေနမေကာင္းလို႔လား"
မေန႕ညကထိခိုက္သြားတာလားဆိုသည့္အေတြးႏွင့္ ကြန့္ျမဴးဒိုင္းခနဲစိတ္ပူသြားရသည္။
"ေ႐ႊကူမဟုတ္ပါဘူး လူနာသြားေမးခ်င္လို႔ အကိုေလးပဲျပန္လိုက္ပါေနာ္ ေ႐ႊကူမလိုက္ေတာ့ဘူး "
ကြန့္ျမဴး laptop ကိုပိတ္လိုက္ကာ ထ၍ျပန္ရန္ျပင္ဆင္လိုက္သည္။
"ဘယ္ေဆး႐ုံလဲ "
"ရွင္"
"အဲ့လူနာကဘယ္ေဆး႐ုံမွာလဲေမးတာ"
ေ႐ႊကူအကိုကားႏွင့္ ေဆး႐ုံႀကီးဆီေရာက္လာၿပီျဖစ္သည္။ ေ႐ႊကူမၾကာပါဘူးဟုေျပာကာ ေဆး႐ုံႀကီးထဲေျပးဝင္လာခဲ့သည္။
"ေ႐ႊကူ ေတာင္းပန္ပါတယ္"
"ေ႐ႊကူကလဲဘာလို႔ေတာင္းပန္ေနတာလဲ ေ႐ႊကူနဲ႕မဆိုင္ဘူးေလ"
"အန္တီေလးေၾကာင့္လြန္းငယ္ေမေမဒီလိုျဖစ္သြားရတာေလ ၿပီးေတာ့ေ႐ႊကူလဲအဲ့ကားေပၚပါလာခဲ့ေသးတယ္ ေ႐ႊကူေတာင္းပန္သင့္ပါတယ္လြန္းငယ္ရယ္"
လြန္းငယ္ကုတင္ထက္က ေမေမ့ကိုၾကည့္၍ စိတ္ေတြေမာေနရသည္။
"ေ႐ႊကူသိလား လြန္းငယ္ေလအဲ့လိုပိုက္ဆံရွိတယ္ဆိုၿပီး တစ္ဖက္သားကိုႏွိမ့္ခ်ဆက္ဆံတဲ့လူေတြကိုအရမ္းမုန္းတာပဲ"
"အန္တီေလးကိုမုန္းေနလားဟင္"
"မုန္းတာေပါ့ ေမေမအခုလိုျဖစ္သြားတာအဲ့မိန္းမႀကီးေၾကာင့္ေလ "
ေ႐ႊကူဘာစကားမွမဆိုလြန္းငယ္ေဘးမွထိုင္၍ အန္တီ့ကိုၾကည့္ေနမိသည္။ ဟုတ္ပါသည္ကားတိုက္သည့္ေန႕ကဆိုလြန္းငယ္အေတာ္ေလးငိုေနခဲ့တာေလ ဘယ္လိုေျပာေျပာအငိုကိုမရက္ခဲ့တာ ေ႐ႊကူျဖင့္ေလအခုေရာအဲ့တုန္းကေရာလြန္းငယ္ကိုသနားလိုက္တာမွေျပာမေနပါႏွင့္ေတာ့။
"လြန္းငယ္ေ႐ႊကူ႕ကိုေရာမုန္းလားဟင္"
"ေ႐ႊကူ႕ကိုကမမုန္းပါဘူး အဲ့ေန႕ကလြန္းငယ္ဘက္ကလြန္သြာတယ္ ေ႐ႊကူ႕ကိုအဲ့ကိစၥေတာင္းပန္မလို႔ေမ့သြားတာေ႐ႊကူရယ္"
"ေ႐ႊကူကညာခဲ့တဲ့လူပါ လြန္းငယ္ေတာင္းပန္စရာမလိုပါဘူး "
တဂယ္ဆိုအဲ့ေန႕က ေမေမ့ကိုတိုက္တာ ေ႐ႊကူပါလို႔သိေတာ့ လြန္းငယ္စိတ္ေတြတအားတိုၿပီးပါးရိုက္ပစ္ခဲ့တာ လြန္းငယ္ငိုေနတဲ့ၾကားက ေ႐ႊကူ႕ကိုရိုက္ၿပီးမွကိုယ့္ကိုျပန္ျမင္မိသြားတယ္ေလ။ အားငယ္စိတ္ေတြသိမ္ငယ္စိတ္ေတြ ကိုယ္မမွားပဲနဲ႕တစ္ဖက္သက္ေျပာခံရလို႔ ျဖစ္ေပၚလာတဲ့ခံစားမူေတြက ေ႐ႊကူ႕မ်က္ႏွာေပၚမွာထင္းေနသည္ေၾကာင့္ ေ႐ႊကူမဟုတ္မွန္းလြန္းငယ္တန္းသိခဲ့သည္။ ေတာ္ေသးသည္ အဆိုးထဲကအေကာင္းလို႔ေျပာရမည္ ေ႐ႊကူႏွင့္လြန္းငယ္ေနာက္ပိုင္းခင္လာၾကကာ ေသာၾကာေန႕တိုင္းလိုလို ေ႐ႊကူႏွင့္စကားေတြေျပာျဖစ္ခဲ့သည္။ ဒါေၾကာင့္လဲလြန္းငယ္စိတ္ေျဖရာရခဲ့တာေပါ့ေ႐ႊကူရယ္။
ကြန့္ျမဴးအိမ္ျပန္ေရာက္ေတာ့ ေရခ်ိဳးကာျပန္ဆင္းလာလိုက္သည္။
"မာမီထမင္းစားမယ္ေလ "
"ဒီေန႕အိမ္မွာညစာမခ်က္ဘူး"
"ဗ်ာ.."
"မထူးျမတ္တို႔အိမ္ကထမင္းစားဖိတ္ထားတယ္ အဲ့တာသြားစားမလို႔သားကိုေစာင့္ေနတာ "
"မာမီကလဲဗ်ာမသြားခ်င္ပါဘူး"
"မေကာင္းဘူးေလသားရယ္ တစ္ဖက္ကတစ္ကူးတစ္ကႀကီးလာဖိတ္ထားတာေလ "
"မာမီရာ .."
ကြန့္ျမဴးမလိုက္ခ်င္ေပမယ့္လိုက္ခဲ့ရသည္။ ဘာပဲျဖစ္ျဖစ္ဟိုေကာင္မေလးကိုေတြ႕ရအုံးမည္မို႔လဲ ထိုအိမ္သို႔လိုက္လာခဲ့ျခင္းျဖစ္သည္။ ဒီေကာင္မေလး အဲ့အိမ္မွာဘယ္လိုေနရလဲ သိခ်င္သည္ေၾကာင့္လဲပါမည္။
"ေ႐ႊကူ မိေ႐ႊကူ"
"ရွင့္အန္တီေလး"
ထမင္းစားခန္းဘက္ကဟုထင္ရသည့္ေနရာက ေျပးထြက္လာသည့္ေကာင္မေလးက ဆံပင္တို႔မွာေခြၽးစေတြကပ္ေနေလသည္။ ကြန့္ျမဴးကိုျမင္ေတာ့ ေခါင္းေလးတစ္ခ်က္ၫႊတ္၍ႏႈတ္ဆင္ေလသည့္ေကာင္မေလးကို ကြန့္ျမဴးျပန္ၿပဳံးျပလိုက္သည္။
"အကုန္အဆင္သင့္ျဖစ္ၿပီလား"
"ၿပီးေတာ့မယ္အန္တီေလး ေ႐ႊကူထမင္းပြဲမျပင္ရေသးလို႔ခဏေလးပဲ"
"ညည္းမလဲေအ ျမန္ျမန္လုပ္မယ္မရွိဘူး "
"ရပါတယ္မထူးျမတ္ရယ္ မာတို႔လဲဗိုက္မဆာေသးပါဘူး သမီးေ႐ႊကူေအးေဆးလုပ္ေနာ္ရတယ္"
"ဟုတ္ေမေမႀကီး ခဏေနဆိုရၿပီ ေ႐ႊကူထမင္းပြဲသြားျပင္လိုက္ေတာ့မယ္ေနာ္"
"ေအးေအးသမီး"
လွစ္ခနဲမေျပး႐ုံတမယ္ျပန္ဝင္သြားသည့္ေကာင္မေလးေၾကာင့္ ကြန့္ျမဴးသက္ျပင္းခ်မိသည္။ အင္းက်ီေတာင္လဲခ်ိန္မရဘူးလားကြာ။
ဟင္းေတြအစုံခင္းထားသည့္ထမင္းဝိုင္းက လူသုံးေယာက္စာအတြက္မ်ားလြန္းလွသည္။
"အိမ္မွာက ထူးျမတ္ပဲအၿမဲရွိတာမမာရယ္ အမ်ိဳးသားကခရီးေတြလြန္.. သားျဖစ္သူကလဲအျပင္သြားၿပီ.. ၾကည့္သမီးေလးကလဲသင္တန္းတတ္ေနလို႔ျပန္မလာေသးဘူးေလ"
"အဲ့လိုပါပဲ ကေလးေတြအ႐ြယ္ေရာက္လာရင္ဖမ္းလို႔ကိုမမိေတာ့ဘူး သားေတာင္သူ႕ဒယ္ဒီကၿခိမ္းေျခာက္ထားလို႔ အိမ္ကပ္ေနတာမထူးျမတ္ေရ အတူတူပဲ"
"ေ႐ႊကူ အင္းက်ီေတြမီးပူတိုက္ရအုံးမွာမလား သြားတိုက္ေလ"
"ဟုတ္အန္တီေလး"
"အလုပ္သမားေတြကအခြင့္အေရးေပးလို႔မရဘူးမမာေရ အၿမဲေျပာနိုင္မွလုပ္ၾကတာ ၾကည့္အခုပဲ ရပ္ၾကည့္ေနတယ္ေလ တဂယ္မလြယ္ပါဘူးမမာရယ္"
မာမီကအားနာၿပဳံးၿပဳံးျပလိုက္ေပမယ့္ ကြန့္ျမဴးကေတာ့မၿပဳံးနိုင္ေပ။ ဒီေကာင္မေလးေခြၽးေတြနဲ႕ ခ်က္ထားတဲ့ထမင္းကိုလဲမစားခ်င္ေတာ့ေပ။ မင္းအဲ့လိုပင္ပန္းေနမွန္းသိရင္လာမစားပါဘူးကြာ။ အခုေတာ့စားသာစားရတာ အရသာကမရွိ အေပၚထပ္တတ္သြားသည့္ေကာင္မေလးကိုပဲ သနားေနမိသည္။ အလုပ္သမားဆိုေပမယ့္လဲ ေျပာခ်င္တိုင္းေျပာၿပီး ခိုင္းလို႔ရတာမွမဟုတ္ပဲေလ။
"မမေလးျပန္လာၿပီထင္တယ္"
ကြန့္ျမဴးၾကည့္လိုက္ေတာ့ အေပၚထပ္သို႔ေျပးတတ္သြားသည့္တစ္ေယာက္က ကြန့္ျမဴးတို႔ကိုျမင္ပုံမေပၚ။
"ေဒၚအုန္းေ႐ႊကူ႕ကိုသြားေခၚပါအုံး သမီးအတြက္သံပုရာရည္ေဖ်ာ္အုံးလို႔"
"ေအးေအး"
ေ႐ႊကူသံပုရည္ဆင္းေဖ်ာ္ေတာ့ အကိုေလးတို႔ကထမင္းစား၍ေတာင္ၿပီးေနၿပီျဖစ္သည္။
"မာမီခဏေနာ္ ကြၽန္ေတာ္ဖုန္းထြက္ေျပာမလို႔"
"ေအးေအးသြားေလသား"
"အန္တီခဏေနာ္"
"ေအးပါကြယ္"
ေ႐ႊကူမမေလးအႀကိဳက္ အခ်ဥ္စူးစူးသံပုရာရည္ခြက္ေလးကို ကိုင္၍အေပၚတတ္ကာသြားေပးလိုက္ေတာ့သည္။
"မမေလးသံပုရာရည္"
"ထားခဲ့"
ေ႐ႊကူခြက္ေလးခုံေပၚတင္ေပး၍ ေဘးကအခန္းလြတ္ထဲမီးပူတိုက္ရန္ျပန္ဝင္လာလိုက္သည္။
"ဟယ္ ေသပါၿပီ..ေသပါၿပီ.."
ေ႐ႊကူမီးပူေလးကိုအျမန္ေျပးဖယ္လိုက္ေတာ့ မမေလးအင္းက်ီတြင္မီးကြၽမ္း၍အေပါက္ႀကီးေတာင္ေပါက္ေနၿပီျဖစ္သည္။ ေသပါၿပီေ႐ႊကူရယ္မမေလးအင္းက်ီမွ မီးကြၽမ္းရတယ္လို႔။
"ကုန္ပါၿပီေ႐ႊကူရယ္ အဲ့အင္းက်ီငါမေန႕ကမွဝတ္ၿပီးတာေနာ္ နင္..."
"ေ႐ႊကူေတာင္းပန္ပါတယ္မမေလးရယ္ ေ႐ႊကူမရည္႐ြယ္ပါဘူး"
"အဲ့အင္းက်ီဘယ္ေလာက္တန္လဲနင္သိရဲ႕လား "
"ေ႐ႊကူ.."
"အား.. အကန္းမငါ့အင္းက်ီကိုမ်ားဖ်က္စီးတယ္"
"အ ..."
မမေလးက လက္ထဲမွကိုင္ထားသည့္ဖုန္းႏွင့္ေပါက္လိုက္သည္မို႔ ေ႐ႊကူနဖူးဂ်ိဳေစာင္းကိုမွန္သြားရေတာ့သည္။ ပူထူသြားေပမယ့္ေ႐ႊကူထိုေနရာတြင္သာ ထိုင္ေနမိသည္။ မမေလးကဒီလိုေပါက္ကြဲလိုက္ရင္ ေ႐ႊကူေနာက္ပိုင္းအျပစ္ေပးမခံရေတာ့ၿပီမို႔ လက္ေတြတုန္ေနေပမယ့္ ေခါင္းကိုငုံ႕၍သာထိုင္ေနမိသည္။
"သြား..နင္ထြက္သြား"
ေ႐ႊကူခြင့္ျပဳမိန့္ရသည္ႏွင့္ ေအာက္ထပ္ကိုေျပးဆင္းလာခဲ့ေတာ့သည္။ ေတာ္ေသးသည္ ဧည့္ခန္းတြင္အန္တီေလးတို႔မရွိသည္ေၾကာင့္။
"ဘာသံလဲမထူးျမတ္"
"ဘာမွမဟုတ္ပါဘူးမမာရယ္ သမီးေလးသီခ်င္းေအာ္ဆိုတာေနမွာ"
"ေအာ္"
"ဟင့္ ..."
ေ႐ႊကူပန္းၿခံ၏ လူမျမင္နိုင္သည့္အျခမ္းဘက္ေျပးဝင္၍ ထိုင္ကာငိုေနမိေတာ့သည္။ ဒီအခ်ိန္အခန္းျပန္လွ်င္ ဘႀကီးတိုးေရႏြေးၾကမ္းေသာက္ေနတာႏွင့္တိုးမည္ဆိုးသည္ေၾကာင့္ ေ႐ႊကူထိုပန္းၿခံႀကီးကိုသာ ရင္ဖြင့္ရန္တတ္နိုင္ေတာ့သည္။ ေ႐ႊကူဒီအခ်ိန္အကုန္လုံးကိုေၾကာက္ေနၿပီျဖစ္သည္။ နဖူးကနာသည့္ဒဏ္ေၾကာင့္ အရင္ကအေၾကာင္းေတြျပန္အမွတ္ရလာ၍ ေ႐ႊကူလက္ေတြပင္တုန္လာရေတာ့သည္။
လမ္းေလွ်ာက္ၿပီးဖုန္းေျပာေနရင္းက အသံၾကားလို႔လိုက္ရွာေပမယ့္မေတြ႕ ..ျပန္၍ဖုန္းေျပာေနေတာ့လဲ ငိုရင္းရွိုက္သည့္အသံကၾကားေနရျပန္ေလသည္။ ခက္ပါၿပီဒီအိမ္ကသရဲေျခာက္တာလားဟ...
"ေ႐ႊကူလား..."
မ်က္မွန္ေလးကိုင္ထားရင္းမွ ေခြၽကူမ်က္ရည္ေတြသုတ္ကာ မ်က္မွန္တပ္၍ေမာ့ၾကည့္လိုက္သည္။
"ဟာ ေဟ့..ဘာျဖစ္လာတာလဲနဖူးက"
"ေ႐ႊကူဘာမွမျဖစ္ပါဘူး"
ထၿပီးေရွာင္ေျပးမည္လုပ္ေနသည့္ေကာင္မေလးကို ကြန့္ျမဴးလက္ေမာင္းမွဆြဲထားလိုက္ေတာ့သည္။
"ဘာ ဘာမွမျဖစ္တာလဲ ေသြးေတြေတာင္ထြက္ေနတာကို "
"ရွင္ ေသြး ..ေသြးေတြထြက္ေနတာလား"
ေ႐ႊကူအခုမွနဖူးကိုစမ္းၾကည့္ေတာ့ ခပ္ခြၽဲခြၽဲအရာေတြပါလာေလသည္။ လက္ထဲကအရာကိုၾကည့္မိေတာ့ ဟုတ္ပါသည္ေသြးေတြပင္။ အစကေခြၽးေတြအထင္ႏွင့္ထားလိုက္သည္ကို အခုေတာ့ေသြးေတြတဲ့လား။
"ရရဲ႕လားကြာ ဘယ္သူလုပ္လိုက္တာလဲ ဟိုေကာင္မေလးလား"
ဘာမွမေျပာပဲ မူမမွန္သလိုၿငိမ္ေနသည့္ေကာင္မေလးေၾကာင့္ ပိုစိတ္ပူရသည္။ အရင္ကမာမီေျပာသလို ဒီေကာင္မေလးက အၿမဲအနိုင္က်င့္ခံေနရတယ္ဆိုတာ ဒါမ်ိဳးလားကြာ။
"ေမးေနတယ္ေလ ဘယ္သူလုပ္လိုက္တာလဲလို႔ "
"ဟင့္အင္း..ဘယ္သူမွလုပ္တာမဟုတ္ပါဘူး ေ႐ႊကူျပန္ေတာ့မယ္ "
"ဘယ္ျပန္မွာလဲ မင္းေနတာဘယ္နားလဲကိုယ္လိုက္ပို႔မယ္"
"ဟင့္အင္းေ႐ႊကူျပန္ေတာ့မွာ"
ကြန့္ျမဴးလက္ကိုဖယ္ခ်ကာ ေတြေတြႀကီးေလွ်ာက္သြားသည့္ေကာင္မေလးပုံစံကအခုထိ ပုံမွန္မဟုတ္ေသးသည္ေၾကာင့္ ကြန့္ျမဴးျပန္ဆြဲကာ ေပြ႕လိုက္ေတာ့သည္။
"ေ႐ႊကူျပန္မွာ "
ငွက္ေမႊးေလးအလားေပါ့ပါးလြန္းသည့္ေကာင္မေလးက "ေ႐ႊကူျပန္မွာ"လို႔ တိုးတိုးေလးေရ႐ြတ္ရင္း ကြန့္ျမဴးရင္ဘက္ဆီမွီက်သြားသည့္ေကာင္မေလးေၾကာင့္ ကြန့္ျမဴးအိမ္ထဲျမန္ျမန္ေျပးဝင္ရေတာ့သည္။
"ဟဲ့သားဘာျဖစ္လာတာလဲသားရယ္"
"မာမီဆရာဝန္ေခၚ ေ႐ႊကူသတိလစ္သြားလို႔"
"ေအးေအးသား"
"ဆရာဝန္ကေခၚစရာမလိုပါဘူး
ေဒၚအုန္းဦးတိုးကိုသြားေခၚ ေ႐ႊကူ႕ကိုအခန္းျပန္ေခၚဖို႔လုပ္"
ဆိုဖာေပၚ သတိလစ္ရက္ရွိေနသည့္ေကာင္မေလးေဘးကြန့္ျမဴးထိုင္ခ်၍ စိုးရိမ္တႀကီးၾကည့္ေနမိသည္။ အခုကေရာဘာအေျခေနႀကီးလဲ ေပါက္ၿပဲဒဏ္ရာနဲ႕သတိလစ္ေနသည့္လူကို ဆရာဝန္ျပရမွာကိုအခန္းျပန္ေခၚဖို႔ ဘာလို႔လုပ္ခိုင္းေနရတာလဲ။
"မမာစိတ္မပူပါနဲ႕ ေ႐ႊကူကဒီအတိုင္းပဲျဖစ္ေနက် ၿပီးရင္သတိျပန္လည္လာလိမ္မယ္"
"ျဖစ္ေနက်..."
ကြန့္ျမဴးသံေယာင္လိုက္မိသြားသည္။
"ဟုတ္ရဲ႕လားမထူးျမတ္ရယ္ ေသြးေတြနဲ႕ေလအဆင္ေျပပါ့မလား မမာဆရာဝန္ေခၚလိုက္မယ္ခဏေလး"
"ဒါေတြကျဖစ္ေနက်ပါမမာရယ္ ေဒၚအုန္းဂ႐ုစိုက္လိမ့္မယ္ ေ႐ႊကူ႕အေၾကာင္းထူးျမတ္အသိဆုံး ခဏေနဆိုသတိျပန္လည္လာလိမ့္မယ္အေရးမႀကီးပါဘူး"
တစ္ဖက္ကေလသံနည္းနည္းတင္းမာလာသည္ေၾကာင့္ သားျဖစ္သူကိုလက္ကုတ္၍တားလိုက္ရသည္။ ၿခံေစာင့္ဦးေလးႀကီးက ေကာင္မေလးကိုေပြ႕သြားကာေဒၚအုန္းဆိုသူကလဲေနာက္မွလိုက္သြားေလေတာ့သည္။
ကြန့္ျမဴးစိတ္ထဲခံရခက္စြာႏွင့္ ျပန္လာရၿပီး တအုံႏြေးႏြေးႏွင့္ေဒါသေတြထြက္ေနမိသည္။ ဒီလိုအျဖစ္မ်ိဳးက ျဖစ္ေနက်ပဳံစံတဲ့လား အသိစိတ္မကပ္ပဲေတြေဝေနပုံကျဖစ္ေနက်ပဳံစံတဲ့လား။ ဟူး စိတ္ေမာရတယ္ကြာ မင္းေလးအေၾကာင္းပိုသိေလ စိတ္ပူၿပီးစိတ္မေကာင္းျဖစ္ရေလပဲကြာ။
Words 4182
8.7.2023 9:00pm
တစ္ခါထဲေျပာပါ့မယ္ အပိုင္း ၅ ကစလို႔ က်န္တာက Paid gp မွာတင္ေပးမွာပါေနာ္။
ဝင္ေၾကးေလးကမသတ္မွတ္ထားပါဘူးေနာ္ တတ္နိုင္သေလာက္နဲ႕ဝင္လို႔ရပါတယ္ရွင့္။
WavePay - 09983521528
KayPay - 09973860994
အကုန္လုံးခက္ခဲေနတဲ့အခ်ိန္မို႔ မတတ္နိုင္ေပမယ့္ ေ႐ႊကူတို႔ကိုဖတ္ခ်င္ပါတယ္ဆိုရင္လဲ cb ကိုလာေျပာပါေနာ္။ လာေျပာသမွ်အကုန္ free ထည့္ေပးမွာပါ။
အကုန္ cb လာခဲ့ပါေနာ္ gp link ေပးပါ့မယ္။ ဝင္ေၾကးေပးတဲ့လူေလးေတြက Screenshot ေလးေတာ့ျပေပးပါေနာ္။