True Love 💭 (Completed)

By KaKyoePhyu85

842K 16.9K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 2 (U&Z)

19.2K 355 1
By KaKyoePhyu85

True Love 💭 အပိုင်း- ၂

ရွှေကူ မနက်၄ နာရီထဲက ထမင်းဟင်းချက်ပြုတ်ကာ အဝတ်တွေလျှော်စက်ထဲထည့်၍ ရေပြေးချိုးရသည်။ ရေချိုးနေတော့မနက် ၇ နာရီရှိပြီဖြစ်သည်။ အိမ်ရဲ့အနောက်ဘက် ရွှေကူတို့ရေချိုးဖို့ကို ရေစင်ကြီးအောက် အုတ်ခုံလေးနှင့် အုတ်ကန်လေးလုပ်ပေးထားရာ ဘေးတွင်အကာမရံတွေတော့မရှိပေ။ အပေါ်ထပ်မမလေးအခန်းကနေဆိုတန်းနေပေမယ့် ကျန်အခန်းတွေကတော့မမြင်ရသည်မို့ ရွှေကူစိတ်ချလက်ချ ရေချိုးနိုင်ခြင်းဖြစ်လေသည်။

ရေချိုးပြီး၍ တဘက်တောင်မပတ်ပဲ ကွန့်မြူးအခန်းအတွင်းဒွန့်ကာ လှုပ်ရမ်းနေခိုက် ပြူတင်းပေါက်ကမြင်လိုက်ရသည့်ကောင်မလေးကြောင့် အောက်ကကောင်ကို လက်နှင့်အုပ်ကာ ကာထားမိတော့သည်။

"မဟုတ်ပါဘူး သူကမြင်ရတာမှမဟုတ်ပဲ"

ပြူတင်းပေါက်နားတိုးကာချောင်းကြည့်မိတော့ ထဘီအနက်လေးရင်ချား၍ ရေချိုးနေသောသူမလေးက ဖြူဖွေး၍နေလေသည်။ ရေတွေကိုခပ်ခပ်ပြီးလောင်းနေတာက အလျင်အမြန်ဆိုပေမယ့် ကွန့်မြူးကတော့ငေးပြီး ထိုင်တောင်ကြည့်နေမိပြီဖြစ်သည်။ ခြံချင်းကပ်ရပ်ပေမယ့် တိုက်ချင်းလဲအရမ်းကြီးမနီးပေ နဲနဲဝေးသည်တောင် ပုံရိပ်တို့ကပြတ်သားလှသည်။ နွေရာသီ အပင်ခြောက်ကြီးအောက်မှာ သူမလေးရေချိုးနေသည့်မြင်ကွင်းက ပန်းချီကားလေးတစ်ချပ်ပမာ ရင်သပ်ရူမောဖွယ်ဖြစ်လေသည်။

ဘယ်လိုဆွဲဆောင်မှုမျိုးမှမပါပေမယ့် ထိုင်ကိုကြည့်နေချင်သည်အထိ သူမလေးပုံစံကလှုံ့ဆော်ပေးနေလေသည်။

"ဟာ ညကလဲတဏှာရူးလာသေးတာကို မင်းကအခုထိရူးတုန်းပါလားကွန့်မြူးရ .."

မသင့်တော်ပါဘူးဟုတွေး၍ ကိုယ့်ကိုအပြစ်တင်လိုက်သည်။ ကွန့်မြူးလိုက်ကာ
ကို ဆွဲပိတ်ပစ်ကာ မီးဖွင့်လိုက်ပြီး အင်းကျီလဲ ပြင်စရာရှိတာပြင်လိုက်ကာ...

"မိန်းခလေးကိုဒီလိုအပြင်မှာရေချိုးခိုင်းစရာလဲကွ မသင့်တော်တာမသိကြဘူးလားမသိဘူး တောက်... "

မနေ့ညက one night stand တာကောင်းကောင်းမနေပဲ တစ်ဖက်မိန်းကလေးကိုထပ်ပြီးရိုက်လွှတ်လိုက်သည့် ကိစ္စတွေးမိတော့ ကွန်းမြူးစိတ်အိုက်လာရသည်။ 

"ထူးခန့်ရာ မင်းလွန်တယ်မထင်ဘူးလားကွ ကိုယ့်မှာလဲနှမရှိရဲ့သားနဲ့ ဘာလို့ဒီလောင်ထိကျူးလွန်နိုင်ရတာလဲ"
လို့ မေးမိတော့ပြန်ဖြေသည့်မအေဘေးက ငါ့အမေနဲ့ငါ့ညီမကလွဲရင် ငါကမိန်းမအကုန်လုံးကိုအချိုးမပြေရင် ရိုက်ချင်တာတဲ့လေ...

သူငယ်ချင်းအရင်းကြီးတွေဖြစ်ပေမယ့် ဒီလိုစိတ်ရှိတော့ကွန့်မြူးသိပ်တော့ ထူးခန့်ကိုဘဝင်မကျလှ။ ကိုယ်တိုင်လဲအထည်အလဲမိန်းခလေးတွေနဲ့တွဲပြီးအိပ်ခဲ့ဖူးပေမယ့် ဒီကောင့်လိုတော့လက်ပါပြီး နှိပ်စက်တဲ့ထိမရှိခဲ့ဖူးပေ။ ငါးယောက်တစ်ဖွဲ့ကိုသာတွဲမြင်ကြတဲ့လူတွေကြောင့် ကွန့်မြူးတို့အပေါ်လဲအနည်းငယ်တော့အကျိုးသက်ရောက်မည်ဖြစ်သည်။ တစ်ဖက်ကလဲစီးပွားရေးလုပ်ငန်းရှင်၏သမီးပဲမို့ ဒယ်ဒီ့နားထဲရောက်မည်တော့သေချာသည်။

"ဒယ်ဒီရယ် ဒူဘိုင်းမှာပဲအကြာကြီးနေပါဗျာ..."

မနက်စာစားရင်း ဒယ်ဒီဖြစ်သူကို မေတ္တာပို့ကာ ဒီသတင်းတွေထပ်မကြားဖို့ဆုတောင်းနေမိသည်။ အရင်ကထဲကဒီလိုကိစ္စတွေကကြုံဖူးဆုံဖူးပေမယ့် အခုလိုလုပ်ငန်းဘက်ဝင်နေသည့်အချိန်တွင် ဘာသံမှမကြားချင်ဘူးကွန့်မြူးဝေလို့ ရာဇသံပေးထား၍ ကွန့်မြူးဒီကိစ္စကို စိတ်ထဲထည့်နေရခြင်းသာ။

ဆိုင်ကယ်လေးထုတ်ကာ ဦးထုတ်လေးဆောင်း ထမင်းချိုင့်လေးချိတ်၍ လွယ်ထားအိတ်လေးကို ပုခုံးပေါ်တိုးတင်လိုက်ပြီး ရွှေကူမောင်း၍ထွက်ခဲ့လိုက်တော့သည်။ မီးပွိင့်တွေများသလို လမ်းတွေကလဲရှုပ်သည်မို့ သတိနှင့်မောင်းနေရပါသည်။တော်သေးအလုပ်ချိန် ၉ နာရီကို ရွှေကူကမနက် 8 နာရီထဲကအိမ်မှထွက်ခဲ့လို့သာပေါ့။

"ရွှေကူအလုပ်ပြန်ဆင်းပြီလား"

"ဟုတ်မဇင် မဇင်အစောကြီးရောက်နေတာလား"

"ရွှေကူမရှိတော့လက်တစ်ဖက်ပြုတ်သွားတယ်လေ အဲ့တော့အလုပ်တွေကမပြီး ညနေလဲအချိန်ပိုဆင်းရ မနက်လဲအစောလာလိုက်နဲ့ မဇင်တော့စိတ်ညစ်နေတာ အဲ့တာနဲ့အိမ်ဘုရားမှာဆုတောင်းခဲ့သေးတယ် ရွှေကူလေးပြန်လာပါတော့လို့လေ ကဲ ကြည့်ဆုတောင်းပြည့်ချက်က ရွှေကူလေးရောက်လာပြီ အမလေးချစ်လိုက်တာတော်"

ရွှေကူထမင်းချိုင့်သွားထားစဉ် နောက်မှတစ်တွတ်တွတ်ပြောနေသည့်မဇင်က အူယားဖားယားနှင့် လာဖတ်လေတော့သည်။

"ရွှေကူရောက်လာပြီဆိုတော့မဇင်မပူတော့နဲ့ ရွှေကူကအားကိုးရပါတယ်နော်"

"အဲ့တာကြောင့်မျှော်နေတာပေါ့ "

ရွှေကူကအလုပ်ဝင်တာမကြာသေးသလို အရမ်းကြီးလဲလုပ်ငန်းပိုင်းမကျွမ်းသည်ကြောင့် မဇင်ရဲ့ဘေးလက်ထောက်အဖြစ်တာဝန်ယူကာ ကူလုပ်ပေးရသည်။ ရုံးတွင်းစာရွက်ဖိုင်တွေကိုသာ တာဝန်ယူရပေမယ့် တစ်ခါတစ်လေ လုပ်ငန်းရှင်တွေနှင့် တွေ့ရသည့်အခါမျိုးဆိုမဇင်နှင့်လိုက်သွားပေးရသည်။ မဇင်ကယောက်ကျားရှိပေမယ့်အပျိုလေးအလား အရမ်းလှပါသည်။ ဝတ်တတ်စားတတ်၍လဲ ဤအလုပ်ရုံးတွင်မသိသူမရှိ အပြင်မှလုပ်ငန်းရှင်များကလဲ မဇင်နှင့်စကားပြောကြလျှင်ပြုံးဖီးလို့ စာချုပ်လက်မှတ်ထိုးရန်ကိစ္စတွေဆိုအလွယ်လေးပြီးသွားတတ်ပါသည်။ ဒါ့ကြောင့်ရုံးတွင်လဲ နေရာအတော်များများရသလို ဥက္ကဋ္ဌကြီးကတောင်အားကိုးရသည့်လူဖြစ်သည်။ မဇင်ကအလုပ်လုပ်တာတိကျသလို စည်းကမ်းလဲကြီးပါသည်။ ရွှေကူကလွဲ၍ မဇင်ကဘယ်သူ့မှ သူ့အနားမထားသလို ဘေးလူတွေကိုအကူအညီလဲမတောင်းတတ်သည့် ပုံစံမျိုးဖြစ်သည်။ ရွှေကူကိုလဲညီမလေးတစ်​ယောက်လိုချစ်သည့်မဇင်ကြောင့် ရွှေကူအလုပ်တွင်ပျော်နေရပါသည်။

အချိန်နဲနဲကုန်သွားတော့ ဝန်ထမ်းတွေလဲစုံ၍အလုပ်ခွင်ကြီး လည်ပတ်နေပြီဖြစ်သည်။ ​သိပ်မကျွမ်းသေးသည့် Computer လေးကိုကြိုးစားရိုက်၍ စာတွေစီကာ မဇင်ကိုကူပေးနေလိုက်သည်။

"မင်္ဂလာပါဥက္ကဋ္ဌလေး.."

"မင်္ဂလာပါဗျမဇင် "

ဘေးကမဇင်က ထ၍နှုတ်ဆက်လိုက်သည်မို့ရွှေကူလဲထကာ ခေါင်းလေးညွှတ်၍နှုတ်ဆက်လိုက်သည်။

"အယ် အကိုလေး"

"မင်းကမဇင်နဲ့အတူလား"

"ဟုတ်ကဲ့.."

"ဥက္ကဋ္ဌလေးကိုပြောဖူးတယ်လေ မဇင်ရဲ့လက်ထောက်ဆိုတာ "

"အော် "

အကိုလေးရုံးခန်းထဲဝင်သွားဆို....

"မဇင် ဥက္ကဋ္ဌလေးဆိုတာက"

"ဥက္ကဋ္ဌကြီးရဲ့သားလေ"

ရွှေကူခေါင်းငြိမ့်ပြလိုက်သည်။ ရပါပြီဒီလောက်ဆို အကိုလေးကဥက္ကဌလေးဖြစ်ပြီး ဒီအလုပ်ကိုဦးစီးနေပြီဆိုတာ။

အလုပ်တွေကနှစ်ရက်လောက်လေးပဲပျက်မိတာကို ရောက်ထဲကခေါင်းမဖော်နိုင်အောင်ထိလုပ်နေရသည်။ နေ့လည်စာထမင်းစားချိန်တောင်ရှိရော့ပြီမို့ အပေါ်ထပ်အင်းကျီကိုဆွဲယူကာ ထမင်းထွက်စားရန်ထွက်လာချိန် ရွှေကူဆိုသည့်ကောင်မလေးတို့က မရှိနေတော့ပေ။

"ဘယ်ရောက်ကုန်တာလဲဟ "

ဟိုဒီကြည့်ကာရှာလိုက်တော့ မလှမ်းမကမ်းကအခန်းထဲမှ ရယ်သံတွေပြည့်နေသောအသံတို့ ကြားရသည်ကြောင့် ထိုအခန်းဆီဦးတည်လိုက်တော့....

"သိလား အဲ့အခန်းအသေရယ်ရတာပါအေ "

"ဟုတ်ပါ့မဇင်ရယ် ဆောင်းတို့ဆိုလေ ရေသောက်တာတောင်သီးတယ်"

"ရွှေကူရော ဟိုအခန်းလေ ဂင်ဂျားနား ဂင်ဂျားနားဆိုပြီး ကားတံခါးတွေပွင့်ပွင့်နေတဲ့အခန်းလေ အရမ်းရယ်ရတာပဲနော်"

"ဟုတ်ပါ့ရွှေကူရယ် ပြောပါတယ်အဲ့ကားအရမ်းရယ်ရတာပါလို့"

"ရွှေကူတော့လေ အဲ့ဂင်ဂျားနားမျက်နှာ မြင်ရင်ကိုရယ်နေမိတာမဇင်ရယ်"

ထမင်းဂျိုင့်လေးရှေ့ချပြီး ထမင်းမစားသေးပဲ စကားတွေပြောပြီးရယ်နေတဲ့ကောင်မလေးကို ကွန့်မြူးကြည့်နေမိသည်။ ကြည့်ရင်းပြုံးနေမိတာကိုတော့ ကွန့်မြူးမသိခဲ့ပေ။ ဘာတွေပြောပြီးသဘောကျနေလဲတော့မသိ အတော်ပျော်စရာကောင်းသည့်ပုံမို့ မနှောက်ယှက်ချင်သည်နှင့် ကွန့်မြူးပြန်လှည့်လာကာ အပြင်ထွက်သွားလိုက်တော့သည်။

အိမ်ပြန်လာလျှင် ကွန့်မြူးကိုအချိန်ပေးပြီးစကားမပြောပဲ ထမင်းစားပြီးတန်းအိပ်သွားတတ်သည့်ဒယ်ဒီ့ကို ယခုမှနားလည်တော့သည်။ ထိုင်ခုံမှာတစ်နေကုန်ထိုင်ပြီး  အလုပ်လုပ်ရတာလွယ်သည့်ကိစ္စမဟုတ်မှန်းလဲ သိခဲ့ရပြီဖြစ်သည်။

"ဟူး ..."

သက်ပြင်းချကာ အညောင်းပြေလမ်းထလျှောက်ပြီး အပြင်ကိုကြည့်မိတော့ ဆိုင်ကယ်ဦးထုတ်ဆောင်းကာ ဖြေးဖြေးလေးမောင်းထွက်သွားသည့်ကောင်မလေးကြောင့် ကွန့်မြူးဘဝင်မကျစွာကျန်နေခဲ့တော့သည်။

"လမ်းတွေဒီလောက်ရှုပ်နေတာကိုဘာလို့ဆိုင်ကယ်စီးနေတာလဲကွ ပြီးတော့အိမ်ဘက်လမ်းက လူကပျက်ကပျက်နဲ့ "

.........

"ညည်းမနက်ကအဝတ်တွေမလှမ်းခဲ့ဘူးမလား ရွှေကူ"

"ဟုတ်အန်တီလေး ရွှေကူနောက်ကျမှာဆိုးလို့ ကြီးမေကိုမှာခဲ့လိုက်တာ "

"လူကြီးကိုညည်းကခိုင်းခဲ့တာပေါ့လေ "

ရွှေကူမဖြေမိပြန်။ လူကြီးမှန်းအန်တီလေးတို့ကသိသေးတာလားဟုတော့ တွေးမိလိုက်သည်။

"အပြင်အလုပ်လုပ်တယ်ဆိုပြီး ပေါ့မယ်မကြံနဲ့နော် အိမ်သန့်ရှင်းရေးအဝတ်လျှော်တာလှန်းတာ မနက်စာချက်တာ ညည်းပဲလုပ်ရမှာ ပျက်ကွက်ဖို့တော့မစဉ်းစားနဲ့လစာပေးထားတာအလကားမဟုတ်ဘူးနော်မိရွှေကူ"

"ဟုတ်ကဲ့အန်တီလေး ရွှေကူနောက်ဂရုစိုက်ပါ့မယ်"

"​ပြောလိုက်ရင်အကြောင်းပြချက်လေးနဲ့မှ  သွား..သွား ..."

"ဟုတ်"

ရွှေကူအင်းကျီတောင်မလဲအား အဝတ်တွေရုတ်၍တပွေ့တပိုက်ကြီးမကာ အိမ်ပေါ်သို့တတ်ခဲ့လိုက်တော့သည်။ အခင်းလေးခင်းကာမီးပူတိုက်နေပြီး ညလုပ်မည့်အလုပ်များကိုစဉ်းစား၍ နာမ်ပါတ်စဉ်တွေတပ်နေမိသည်။

ဒါပြီးရင်အိမ်သန့်ရှင်းရေးလုပ်ရမည် အန်တီလေးတို့အခန်း မမလေးရဲ့အခန်းကိုအရင်သန့်ရှင်း၍ ကိုကိုကြီးအခန်းကတော့ ကိုကိုကြီးအပြင်သွားမှဝင်၍လုပ်ရမည်ဖြစ်သည်။ အဲ့နောက် အောက်ထပ်ကိုသန့်ရှင်းရအုံးမည်။ မနက်ချက်ပြုတ်ဖို့စီစဉ်ပြီးမှ ရေချိုးရမည်မို့ ရွေကူသက်ပြင်းလေးတစ်ချက်ချမိလိုက်သည်။

"၁၀ နာရီလောက်မှရေချိုးပြီးနားရမှာပေါ့လေအဲ့တာဆို"

"အဲ့ဟင်းခပ်ပြီး မမာတို့အိမ်သွားပေးလိုက်အုံးရွှေကူ မမာကဝက်သားနှပ်ဆိုသိပ်ကြိုက်တာ"

"ဟုတ်အန်တီလေး"

ရွှေကူဗူးလေးထဲ ဟင်းအတော်များခပ်ထည့်၍ တစ်ဖက်ခြံဆီလှမ်းလာခဲ့သည်။

ကွန့်မြူးဂိမ်းထိုင်ဆော့နေစဉ် အိမ်ပေါက်ဝတံခါးမကြီးမှာ ရပ်နေသည့်ကောင်မလေးကိုဆက်ခနဲကြည့်၍ ဂိမ်းပြန်တိုက်လိုက်တော့သည်။

"ဝင်လေအထဲ"

"ဟုတ်"

ရွှေကူအိမ်ကြီးထဲမေမေကြီးကို လိုက်ကြည့်နေပေမယ့်မတွေ့ပေ။

"အကိုလေးမေမေကြီးမရှိဘူးလား"

"ရေချိုးနေတယ်ထင်တယ် "

"ရွှေကူကဟင်းလာပို့တာ လှယ်ခဲ့လိုက်မယ်နော်အဲ့တာဆို"

"မင်းအဆင်ပြေသလိုလုပ်လိုက်"

"ဟုတ်"

ရွှေကူမီးဖိုထဲဝင်၍ ဟင်းကိုပန်းကန်ပြားလေးထဲလှယ်ထည့်၍ ဆူပွတ်ဝေကျနေသည့်ဟင်းအိုးကြောင့် ရွှေကူမွှေပေးကာအရသာမြည်း၍ ဟင်းအိုးကိုချပေးလိုက်သည်။ သီးစုံအချဉ်ရည်ဟင်းဆိုတော့ ဝက်သားနဲ့ကွက်တိပဲပေါ့။

မာမီကဟင်းရည်အိုးခဏနေရင်ချလိုက်ပါလို့ပြောတာကို မေ့ပြီးဂိမ်းပဲဆက်တိုက်နေမိသည်မှာ ဂိမ်းပြီးသွားမှသတိရလေသည်။

"ကိုယ်မေ့နေတာအဲ့ဟင်းအိုးကို"

"ရွှေကူချလိုက်ပြီ "

"ဒါဘာဟင်းတွေလဲ "

"ဝက်သားနှပ်အကိုလေး"

"ဟုတ်လား "

ဇွန်းတစ်ချောင်းယူပြီး ရွှေကူလာပို့သည့်ဟင်းကို ခပ်၍ဒီအတိုင်းစားနေသည့်အကိုလေးက ရွှေကူ့ကိုလက်မထောင်ပြလေသည်။

"မဆိုးဘူး "

ရွှေကူပြုံးပြလိုက်သည်။

"ရွှေကူပြန်တော့မယ်နော်အကိုလေး"

"အင်း ​လိုက်ပို့မယ်"

"ရပါတယ် ခြံကကပ်ရပ်ပဲကို"

"ညကြီးကွ ဒီပတ်ဝန်းကျင်မှာလဲအမူးသမားတွေရှိတာပဲ အိမ်ကနီးနီးလေးဆိုပေမယ့် ဒီကြားထဲတစ်ခုခုဖြစ်မသွားနိုင်ဘူးလို့မပြောနိုင်ဘူး "

အကိုလေးပြောမှ ရွှေကူတောင်နည်းနည်းကြောက်သွားရသည်။ ဟုတ်တော့ဟုတ်တယ် ဒီလမ်းထဲမှာလဲ အမူးသမားတွေရှိတယ်လေ။

"မနက်ကအင်းကျီလားလို့ပါ မလဲရသေးဘူးလားအခုထိ"

အိမ်ထဲကထွက်ဆိုပြောလာသည့်အကိုလေးကြောင့် ရွှေကူအင်းကျီလေးကိုငုံ့နမ်းမိလိုက်သည်။ ချွေးနံ့တွေနံနေပြီအထင်နှင့် နမ်းကြည့်တော့ချွေးနံ့မရပေ။

"နံလို့မဟုတ်ပါဘူး"

"ဟုတ်ရွှေကူခဏနေမှလဲမလို့"

စကားလေးတိတ်ဆိတ်သွားမှုနှင့်အတူ ကွန့်မြူးနောက်ကလိုက်လာသည့်ကောင်မလေးကို ခြံရှေ့ထိလိုက်ပို့ခဲ့၍ပြန်ခဲ့သည်။

"သား ဘယ်သွားနေတာလဲ"

"ဟိုကောင်မလေးကိုလိုက်ပို့နေတာ"

"ရွှေကူလားသား"

"အွန်း အဲ့ခုံပေါ်ကဟင်းလာပို့တာတဲ့ ကျွန်တော့်အကြိုက်ဝက်သားဟင်းလေ လက်ရာကကောင်းမှကောင်းနော်မာမီ့ထက်ကိုသာတာ Special ပဲ"

ရုပ်ပြောင်နေသည့်သားတော်မောင်ကြောင့် ဒေါ်မာဝေခေါင်းခါကာ မီးဖိုထဲဝင်လာလိုက်သည်။

အိမ်အလုပ်တွေလုပ်ပြီးဆို ရွှေကူရေချိုးလိုက်တော့သည်။ အခုမှလူကလန်းသွားရသလို အိပ်လဲအိပ်ချင်နေပြီမို့ရွှေကူ ပြူတင်းပေါက်လေးဖွင့်ကာ အပြင်ကိုတစ်ချက်ကြည့်နေမိသည်။ တစ်ထပ်တိုက်လေးဖြစ်သလို အခန်းသုံးခန်းပါလေသည့်အနက် ရွှေကူကအစွန်ဆုံးအခန်းတွင်ဖြစ်လေသည်။ အလယ်မှာကကြီးမေနေပြီး ဟိုဘက်တွင်တော့ဘကြီးတိုးနေသည်ဖြစ်သည်။ မီးရောင်ဖျဖျလေးထွန်းထားသည့်အခန်းအတွင်း ခေါင်းအုံးလေးပေါ်ခေါင်းချလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှုနှင့်အတူ အိမ်မက်လေးတွေလဲမက်နေပြီဖြစ်သည်။

..............

ယနေ့ အိမ်တွင်အန်တီလေးလဲမရှိသလို ဦးကြီးလဲမရှိနေပေ။ ပွဲတစ်ခုတတ်စရာရှိတယ်ဆိုပြီး ထွက်သွားကြလေသည်။မမလေးကလဲ အလည်လွန်နေ၍ပြန်မရောက်သေးသလို ကိုကိုကြီးကလဲအစောလေးကမှအပြင်ထွက်သွားသည်ဖြစ်သည်။ ဘယ်သူမှမရှိတော့သည်မို့ အိမ်အလုပ်နောက်မှလုပ်မည်ဟုကြံကာ ရွှေကူရေအရင်ချိုးလိုက်တော့သည်။

အေးသွားသည့်ခန္ဓာကိုယ်တစ်ခုလုံးကလန်းဆန်းသွားလေရာ မမလေးရဲ့အကျ ဂါဝန်ပန်းနုရောင်လေးကို သံသေတ္တာလေးထဲမှထုတ်၍ဝတ်လိုက်သည်။ ရွှေကူသနပ်ခါးလေးလိမ်း၍ လက်မောင်းလေးတွေပါသနပ်ခါးလေးလူးလိုက်တော့သည်။ ဆံပင်တွေကိုထုံးစံအတိုင်း စုစည်း၍ မျက်မှန်လေးပြန်တပ်ကာ ရွှေကူအိမ်ကြီးဘက်သို့ကူးလာလိုက်တော့သည်။

*ကလင်း ကလင်း ကလင်း*

ရိုးရှင်းသည့် raintone လေးကထအော်လာသည်ကြောင့် အရွက်တွေခြွေနေရင်းမှရွှေကူကိုင်လိုက်သည်။

"Hello ကိုကိုကြီး"

"ရွှေကူလာခေါ်ရမှာလား.."

"ရွှေကူလမ်းမသိဘူးကိုကိုကြီး"

"ဟုတ် ဟုတ်ကဲ့ရွှေကူအခုလာခဲ့ပါ့မယ်"

ကွန့်မြူးဘီယာတစ်ခွက်မော့သောက်၍ အရေမရ အဖက်မရတွေပြောနေသည့် သူငယ်ချင်းဖြစ်သူတို့၏စကားများကိုနားထောင်လိုက်တော့သည်။ မာမီ့ကို Dinner ပွဲလိုက်ပို့၍ ကွန့်မြူးကသူငယ်ချင်းတွေဆီဝင်၍ မာမီ့ကိုစောင့်နေခြင်းဖြစ်သည်။ အရင်လို Club သာသွားနေရင်တော်တော်နှင့်ပြန်မလာနိုင်ပဲ အခန်းထဲဝင်မိသွားမှာဆိုးသည်ကြောင့် ကွန့်မြူး Beer ကောင်းကောင်း၌ ဒီကောင်တွေကို ချိန်းလိုက်ခြင်းဖြစ်သည်။

"ထူးခန့်ရိုက်လိုက်တဲ့စော်ကအလန်းကြီးနော် မင်းမလို့ရိုက်ရက်တယ်ငါဆို သုံးလေးရက်လောက်ထိဂူအောင်းနေမှာအဲ့လိုအလန်းလေးနဲ့"

"ရိုက်တယ်လို့မပြောစမ်းပါနဲ့ကွာ ပညာလေးပါးပါးလေးပြလိုက်တာလို့ ပြောပါဟမင်းတို့ကလဲ"

"အဲ့ကိစ္စဘယ်လိုဖြစ်သွားလဲထူးခန့် "

"ဒါ ဒါနဲ့ပိတ်လိုက်တယ်"

ငွေဆိုတာရေလိုပေါတဲ့ လူတွေအတွက်ကဟုတ်ပါသည် ဒီကိစ္စလောက်ကငွေနှင့်ပိတ်၍ရသည်ဆိုတာ။ တစ်ဖက်ကပိုက်ဆံရှိပေမယ့်လဲ ထူးခန့်လောက်ငွေမသုံးနိုင်သည့်ပုံစံဖြစ်မည်မှန်း ကွန့်မြူးသိလိုက်ပါသည်။

"ငါနောက်ဆို အရင်လိုစုံပြီးကဲဖို့မဖြစ်နိုင်တော့ဘူးဆိုတာ ကြိုပြောထားမယ်နော် ငါ့ကိုလာမခေါ်ကြနဲ့"

"ဟ ဘာဖြစ်လို့လားကွ"

"မအားဘူးကွ ငါ့အလုပ်တွေကပစ်ထားလို့ရတာမဟုတ်ဘူး "

"မင်းကိုခစားဖို့ တန်းစီစောင့်နေကြတဲ့ပျိုမဒီတွေကရောဘယ်လိုလုပ်မှာလဲ မင်းကိုပဲမေးနေကြတာကွသားကြီးရ"

"ငါကိလေသာတွေကုန်ခမ်းပြီး တောထွက်သွားပြီလို့သာပြောလိုက်"

"ဟား ဟား ..."

"ဒါနဲ့မင်းအခန်းကိုငါသုံးလို့ရလားမြူး"

"အဲ့တာတော့ No "

ကောင်းမြတ်၏စကားကို ကွန့်မြူးတစ်ခွန်းထဲငြင်းပစ်လိုက်သည်။

Club ၏အပေါ်ဆုံးထပ်တွင်တည်ဆောက်ထားသည့်အခန်းကြီးက night view တွေသိပ်လှလေသည်။ အပျော်အပါးလိုက်စားရန်သာသုံးသည့် ထိုအခန်းကြီးက မှန်တွေသာသုံးထားပြီး အပြင်View ကိုကြည့်၍ စိတ်ရှိတိုင်းစားသုံးရာတွင် အတော် feel တတ်စေသည့် အခန်းကြီးဖြစ်လေသည်။ ကွန့်မြူး၏ ထိုအခန်းထဲသို့ မိန်းခလေးတော်တော်များများကရောက်ဖူးချင်ကြပြီး ထိုအခွင့်အရေးကိုတန်းစီစောင့်နေကြသည့် ပျိုမဒီတွေကလဲများပြားလေသည်။ အခွင့်အရေးတစ်ခါပဲပေးပြီး တစ်ကြိမ်သာသုံးဆောင်သည့်ကွန့်မြူးအတွက် ထိုမိန်းခလေးတွေက ကုန်သွားသည်ဟူ၍တော့မရှိပေ။ အမြဲတိုးလာမြဲဖြစ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ်နောက်လေးနှစ်တွင်တော့ ထိုအခန်းကြီးကိုပြန်အသုံးပြုပြီး ပြန်ပျော်ပါးမည်မို့အခုတော့ သေ့ာခတ်ထားရန်သာတတ်နိုင်တော့သည်။

"ဟ အဲ့ကောင်တွေရဲလှချည်လား ငါတို့ရှိတာကိုတောင်မခန့်ဘူး သေချင်နေတယ်နဲ့တူတယ်"

"ငါခွင့်ပြုထားတာ "

"ဘာ "

ထူးခန့်အပြောကို ခန့်သာအံဩသွားကာ အော်လိုက်တော့သည်။

"အဲ့ငနဲတွေက ငါတို့အဖွဲ့ထဲဝင်ချင်နေတာလေ "

"အဲ့တော့.."

"မိန်းခလေးတွေကိုငါ့ရှေ့မှာရိုက်ပြရင်ငါလက်ခံမယ်လို့ပြောလိုက်တာ ဟား ဟား အဲ့ကောင်တွေမဆိုးဘူး လုပ်နိုင်သားပဲ"

အပေါ်ထပ်မှကွန့်မြူးတို့ကိုမော့ကြည့်ကာ ဦးတစ်ချက်ညွှတ်၍ ဒူးတုတ်၍ထိုင်ကာလက်အုပ်ချီထားသည့်ကောင်မလေးကို ပါးတွေဆက်တိုက်ရိုက်နေတာမြင်တော့ ကွန့်မြူးစိတ်တွေမရတော့ ပြေးထိုးချင်စိတ်တွေဖြစ်လာရပြီဖြစ်သည်။ တစ်ဖက်ကကောင်မလေးတွေက သူငယ်ချင်းအဖွဲ့ဖြစ်မည် ငါးယောက်အတူတစ်ဝိုင်းထိုင်ကာ ကွန့်မြူးတို့ကိုလှမ်းလှမ်းကြည့်နေမှန်း အစောထဲကသတိထားမိပါသည်။ တစ်ဖက်ယောက်ကျားလေးဝိုင်းက အရင်ပြသနာသွားရှာကာ အသက်လွတ်ကြီးရိုက်မှန်းလဲ ကွန့်မြူးသိသည်။

"ဘာလုပ်မှာလဲသားကြီးရာ ပျော်စရာကောင်းတာကိုမင်းကပြန်ထိုင်နေစမ်းပါ "

"မင်းလွန်နေပြီနော်ထူးခန့် "

"နေပါအုံးဟ တဂယ့်ပြကွက်ကအခုထိမရောက်လာသေးဘူး ငါအဲ့ကောင်တွေအတွက်လက်ဆောင်ပြင်ထားသေးတယ် ခဏစောင့်လိုက်အုံး"

ပခုံးမှဆွဲချ၍ပြန်ထိုင်ခိုင်းသည်ကြောင့် ကွန့်မြူးပြန်ထိုင်လိုက်သည်။

"Hello ရောက်ပြီလား အထဲဝင်ခဲ့လိုက်ငါအထဲမှာရှိတယ်"

အခုရိုက်နေတာတွေကအရောင်စုံပန်းတွေဖြစ်ပြီး ဖြူဖြူစင်စင်တစ်ယောက်မှမပါပေ။ ရွှေကူလိုအဖြူထည်လေးကိုသာ ဒီကောင်တွေရိုက်ဖို့လက်မတွန့်ရင် Ok ပြီ။

ကားပျက်သွားလို့လာခေါ်ပါလို့ပြောလာသည့်ကိုကိုကြီးကြောင့် ရွှေကူ Beer ဆိုင်ရှေ့တွင်ရောက်နေပြီဖြစ်သည်။ ဖုန်းဆက်ပြောတော့ဝင်ခဲ့ဟူ၍ ရွှေကူအိတ်ခလေးကိုလွယ်ကာ ထိုဆိုင်ကြီးထဲချီတုံချတုံနှင့်ဝင်ခဲ့လိုက်တော့သည်။ တစ်ခါမှသည်လိုဆိုင်မျိူးမရောက်ဖူးသလို အမူးသမားတွေရှိသည့်ဤလိုနေရာကို မလာလဲမလာချင်ပေ ယခုတော့ ကိုကိုကြီးစကားကိုမလွန်ဆန်နိုင်၍ ရွှေကူမျက်လုံးစုံမှိတ်ကာ လူအုပ်ကြီးထဲတိုးဝင်လိုက်သည်။

ဆိုင်ထဲကလူအုပ်ကြီး၏ အရှေ့ရောက်သွားတော့ကောင်မလေးတွေကို ရိုက်နေသည့်လူကြီးတွေကြောင့် ရွှေကူဒူးတွေပင်တုန်လာရတော့သည်။ ဒီလိုနေရာကဆိုးမှန်းသိပေမယ့် ရိုက်နှက်တာအထိရှိနေလိမ့်မယ်လို့မတွေးမိခဲပေ။ ကြောက်စရာကောင်းလွန်းလှသည့် ဗလတောင့်တောင့်နှင့်လူတွေက အားအင်သုံးပြီးရိုက်နှက်နေတာကို ဝိုင်းကြည့်နေကြသည့်လူတွေကိုလဲအံ့ဩမိပါသည်။ အလိုလိုကြောက်စိတ်တွေဝင်လာကာ ရွှေကူမျက်ရည်တွေဝိုင်းလာရသည်။

"တဂယ့်ပွဲလေးလာပြီ "

လက်ခုပ်တစ်ချက်ထတီးကာ ခုံမှရပ်၍အပေါ်ထပ်လက်ရန်းမှ ထူးခန့်ကြည့်နေသည့်ဆီ ကွန့်မြူးကြည့်မိတော့ ဟိုကောင်မလေးပင်။ မျက်မှန်လေးနှင့် အိတ်၏ကြိုးလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားကာ ကြည့်နေသည့်လူတွေကြားရှေ့ဆုံးမှရပ်ကြည့်နေသည့် ကောင်မလေးကြောင့် ကွန့်မြူးဒေါသတွေထောင်းခနဲထသွားရတော့သည်။

ရွှေကူလှည့်ပြန်မည်လုပ်၍ နောက်ဆုတ်လိုက်ပေမယ့် လူတွေနှင့်ပိတ်နေလေသည်။

"ကယ်ပါအုံးညီမရယ် ရဲတိုင်ပေးပါအုံး မမတို့ကိုကယ်ပါအုံး"

ရွှေကူ့ခြေထောက်တွေကိုဖက်၍သွေးသံရဲရဲနှင့် မိန်းခလေးတစ်ယောက်ကအကူအညီတောင်းလာတော့ လက်တွေပါတုန်လာပြီဖြစ်သည်။

ရိုက်နှက်နေသည့်လူတစ်စုက အချင်းချင်းမျက်စာပစ်ပြကာ ....

"ခွပ်... အာ့..."

"ဒီဟာမတွေနဲ့တစ်ဖွဲ့ထဲလား ဒီအလှလေးကရော"

ရွှေကူ့ရှေ့ကမိန်းခလေးကို ကန်ပစ်လိုက်ပြီးရွှေကူ့ကိုမေးမှကိုင်၍ ပြောနေသည့်လူကြောင့်ရွှေကူမျက်လုံးတွေပင်ဝါးလာရသည်။

"လာစမ်းပါအတူတူပျော်ရအောင်လို့ပါ"

ပခုံးမှအင်းကျီစကဆွဲ၍ရွှေကူ့ကို ထိုလူတောင့်တောင့်ကြီးတွေကြား တွန်းလိုက်သည်ကြောင့် ရွှေကူယိမ်းယိုင်ကာ အလည်တွင်ခွေခွေကလေးလဲသွားရသည်။ ကယ်ရာလူမရှိ ထိုမိန်းခလေးတွေလိုအရိုက်ခံရတော့မှာပါလားဟုတွေးမိ၍ ရွှေကူမျက်ရည်တွေက အလိုလိုစီးကျလာရသည်။ မျက်မှန်မရှိလျှင်အကန်းပမာမို့ ကျွတ်ကျသွားသည့်မျက်မှန်လေးကို စမ်း၍လိုက်ရှာနေမိသည်ကို ဆံပင်မှစောင့်ဆွဲခံလိုက်ရလေတော့သည်။

"ရွှေကူ့ကိုလွှတ်ပေးပါနော် ရွှေကူတောင်းပန်ပါတယ် ဟင့်.. ရွှေကူတောင်းပန်ပါတယ် ရွှေကူ့ကိုမရိုက်ပါနဲ့"

သဲသဲကွဲကွဲမမြင်ရဝါးနေပေမယ့် ရွှေ့ကူ့ဆီလက်ရွယ်နေသည့်လူကြောင့် မျက်လုံးကိုမှိတ်ချလိုက်မိသည်။ တစ်ဆက်ထဲနာကျင်မှုကို ကြောက်ပေမယ့် ဆီးကြိုရန်လဲအသင့်ဖြစ်နေပြီဖြစ်သည်။

*ခလွမ်း...."

"ငါ့လူကိုများထိရဲတယ် "

ကွန့်မြူးဖန်ခွက်နှင့်အားကုန်သုံးကာပေါက်လိုက်တော့ ထိုကောင်ကယိုင်သွားပေမယ့် ကောင်မလေးရဲ့ဆံပင်ကိုတော့မလွှတ်ခဲ့ပေ။ ဝရံတာမှခုန်ဆင်းလိုက်ကာ  ကောင်မလေးဆံပင်ကိုဆွဲထားသည့်ကောင်ကို စောင့်ကန်ပစ်လိုက်သည်။

ရွှေကူ့ကိုလက်မောင်းကကိုင်ထားသည့်လူကို ရွှေကူမကြည့်ရဲရုန်းနေမိသည်။

"ဟင့်...ရွှေကူ့ကိုမရိုက်ပါနဲ့ "

"ကိုယ်ပါကိုယ်လေ အကိုလေးလေကွာ "

ရွှေကူအသံကိုရင်းနှီးနေ၍ ကြည့်လိုက်တော့အကိုလေးဖြစ်နေလေသည်။

"ဟင့် အကိုလေးလား "

ရွှေကူ့လက်ကိုကိုင်ထားသည့်အကိုလေးကြောင့် ရွှေကူအားတွေရှိသွားကာ ကူမည့်လူရှိသည်ဆိုသည့်စိတ်နှင့် ငိုချလိုက်တော့သည်။

ငိုနေသည့်ကောင်မလေးကို ကွန့်မြူးထိုင်ရက်ပင်ဖက်ထားလိုက်တော့သည်။ ဒီကောင်မလေးပုံက အရမ်းလန့်နေပုံမို့ ကွန့်မြူးသနားလဲသနားလှသည်။ ဘာလို့ဒီလိုနေရာကိုရောက်နေရတာလဲကွာ မင်းကအိမ်မှာရှိနေရမှာလေ။

ကားထဲခေါ်လာပြီး မျက်မှန်လေးကိုသုတ်၍ပေးလိုက်တော့ တပ်ထားကာတစ်ရှုံရှူံ့နှင့်ရှိနေလေသည်။

"ဘယ်လိုရောက်လာတာလဲဒီကို"

"ကိုကိုကြီးကကားပျက်နေတယ် လာခေါ်လို့ပါဆိုလို့"

"ခေါ်တိုင်းဒီလိုနေရာကိုဝင်လာစရားကွ "

ငေါက်သလိုဖြစ်သွားတော့ ခေါင်းလေးငုံ့ချသွားလေသည်။

"အခုရောကြောက်သေးလား "

"မကြောက်တော့ပါဘူး ရွှေကူ့ကိုကူပေးလို့အကိုလေးကိုကျေးဇူးတင်ပါတယ် "

"ဒါကဘယ်လဲ"

"ကိုကိုကြီးကိုသွားရှာမလို့ပါ"

"ထပ်အရိုက်ခံချင်လို့လား"

ရွှေကူကားတံခါးဖွင့်နေသည့်လက်တွေ တွန့်သွားရတော့သည်။ ရွှေကူအရိုက်ခံရတာတို့ အသားနာမည့်အရာတို့ကိုသေလောက်အောင်ကြောက်ပါသည်။

"အဲ့ကောင် Taxi စီးပြီးပြန်လာလိမ့်မယ် မင်းအိမ်ပြန်မှာမလား"

"ဟုတ်"

ကားစက်နှိုးနေသည့်အကိုလေးကြောင့်....

"အကိုလေးဘယ်သွားမို့လဲ"

"မင်းကိုပြန်လိုက်ပို့မလို့"

"ရွှေကူဆိုင်ကယ်ပါတယ်အကိုလေး "

"အဲ့တော့ဆိုင်ကယ်နဲ့ပြန်မယ်ပေါ့"

"ဟုတ်"

အကိုလေးက ကားကိုကွေ့ကာလမ်းဘက်တတ်နေလေသည်။

"ရွှေကူမနက်အလုပ်သွားရအုံးမှာ ဆိုင်ကယ်က"

"မနက်ကိုယ့်ကားနဲ့လိုက်ခဲ့ နေ့လည်လောက်မှ ကုမ္ပဏီလာပို့ခိုင်းလိုက်အဲဆိုင်ကယ် "

ရွှေကူဆက်ပြောလျှင် အန်တီမေတို့လိုပြန်ခံပြောသည်ပြောပြီး အဆူခံရမည်ဆိုး၍ ရွှေကူငြိမ်နေလိုက်တော့သည်။ မနက် bus ကားနဲ့သွားပြီးညနေမှပြန်လာယူလဲရတာပဲလေ။

"အကိုလေးရွှေကူကားတံခါးဖွင့်လို့ရလား"

"ဘာဖြစ်လို့လဲ"

"ရွှေကူမွန်းလို့"

"ရပါတယ်ဖွင့်လေ"

ရွှေကူကားတံခါးလေးဖွင့်လိုက်တော့ လေတွေကမျက်နှာဆီ ကြမ်းတမ်းစွာဝင်လာလေသည်။ သို့ပေမယ့်ဒီလိုအလုံပိတ်ကြီးနေပြီး နာကျင်မှုကိုခံစားရမည်ထက်တော့ ဒီလေကြမ်းတွေကတော်သေးပါတယ်လေ။

အိပ်ယာထက်ရွှေကူ အတိတ်ကအကြောင်းတွေပြန်တွေးနေမိသည်။
ရွှေကူ ၉ တန်းနှစ်တွင် အတန်းတူသည့်မမလေးထက် အမှတ်များလို့ဟူသောအကြောင်းပြချက်နှင့် ညှပ်ကလစ်တွေကိုမျက်နှာလက်ခြေထောက်တွေပါ ညှပ်၍အပြစ်ပေးခံရဖူးပါသည်။ ကျောင်းသားတွေလဲဝိုင်း၍ ရိုက်နှက်တာကို ခံရဖူးသည်ကြောင့် ရွှေကူအသားနာမှာကြောက်ရသည်အထိ ဖြစ်သွားခဲ့ရသည်။ ခိုက်မိလို့မဟုတ်ပဲ တစ်ယောက်ယောက်ကရိုက်မည်ကို ယနေ့ထိကြောက်ခဲ့ရပါသည်။ ရွှေကူစာကျက်မည်ဆိုး၍ ဘီရိုထဲညတိုင်းထည့်ပိတ်တာခံရဖူးသည်မို့လဲ ရွှေကူအမှောင်ကြောက်သွားရသလို အလုံပိတ်အခန်းတို့တွင်ရွှေကူမနေနိုင်ပေ။ ၁၄ နှစ်ကျော်အရွယ်က ထိုအရာတွေကြောက်သွားရသည်အထိ အားမနည်းသင့်ပေမယ့် နှစ်နှစ်ကျော်လောက်ကျောင်းဖွင့်တိုင်းခံစားခဲ့ရသည်မို့ ရွှေကူစိတ်တွေကြောက်သည့်ဘက်ကူးပြောင်းကာ အကျင့်ဆိုးကြီးအဖြစ်ပြောင်းလဲသွားရတော့သည်။

"ရွှေကူလေ ဒီစိတ်ဒဏ်ရာတွေနဲ့ပဲ တစ်သက်လုံးနေသွားရမယ်ထင်ပါတယ်လေ.."

Words 4902
7.7.2023 8:45pm
တစ်ခါထဲပြောပါ့မယ် အပိုင်း ၅ ကစလို့ ကျန်တာက Paid gp မှာတင်ပေးမှာပါနော်။
ဝင်ကြေးလေးက အများကြီးမဟုတ်ပါဘူး 500 1000 1500 2000 2500ကစလို့ 5000 10000ထိ တတ်နိုင်သလောက်နဲ့ဝင်လို့ရပါတယ်နော်။

WavePay - 09983521528
KayPay - 09973860994

အကုန်လုံးခက်ခဲနေတဲ့အချိန်မို့ မတတ်နိုင်ပေမယ့် ရွှေကူတို့ကိုဖတ်ချင်ပါတယ်ဆိုရင်လဲ cb ကိုလာပြောပါနော်။ လာပြောသမျှအကုန် free ထည့်ပေးမှာပါ။

အကုန် cb လာခဲ့ပါနော် gp link ပေးပါ့မယ်။ ဝင်ကြေးပေးတဲ့လူလေးတွေက Screenshot လေးတော့ပြပေးပါနော်။

(Zawgyi)

True Love  အပိုင္း- ၂

ေ႐ႊကူ မနက္၄ နာရီထဲက ထမင္းဟင္းခ်က္ျပဳတ္ကာ အဝတ္ေတြေလွ်ာ္စက္ထဲထည့္၍ ေရေျပးခ်ိဳးရသည္။ ေရခ်ိဳးေနေတာ့မနက္ ၇ နာရီရွိၿပီျဖစ္သည္။ အိမ္ရဲ႕အေနာက္ဘက္ ေ႐ႊကူတို႔ေရခ်ိဳးဖို႔ကို ေရစင္ႀကီးေအာက္ အုတ္ခုံေလးႏွင့္ အုတ္ကန္ေလးလုပ္ေပးထားရာ ေဘးတြင္အကာမရံေတြေတာ့မရွိေပ။ အေပၚထပ္မမေလးအခန္းကေနဆိုတန္းေနေပမယ့္ က်န္အခန္းေတြကေတာ့မျမင္ရသည္မို႔ ေ႐ႊကူစိတ္ခ်လက္ခ် ေရခ်ိဳးနိုင္ျခင္းျဖစ္ေလသည္။

ေရခ်ိဳးၿပီး၍ တဘက္ေတာင္မပတ္ပဲ ကြန့္ျမဴးအခန္းအတြင္းဒြန့္ကာ လႈပ္ရမ္းေနခိုက္ ျပဴတင္းေပါက္ကျမင္လိုက္ရသည့္ေကာင္မေလးေၾကာင့္ ေအာက္ကေကာင္ကို လက္ႏွင့္အုပ္ကာ ကာထားမိေတာ့သည္။

"မဟုတ္ပါဘူး သူကျမင္ရတာမွမဟုတ္ပဲ"

ျပဴတင္းေပါက္နားတိုးကာေခ်ာင္းၾကည့္မိေတာ့ ထဘီအနက္ေလးရင္ခ်ား၍ ေရခ်ိဳးေနေသာသူမေလးက ျဖဴေဖြး၍ေနေလသည္။ ေရေတြကိုခပ္ခပ္ၿပီးေလာင္းေနတာက အလ်င္အျမန္ဆိုေပမယ့္ ကြန့္ျမဴးကေတာ့ေငးၿပီး ထိုင္ေတာင္ၾကည့္ေနမိၿပီျဖစ္သည္။ ၿခံခ်င္းကပ္ရပ္ေပမယ့္ တိုက္ခ်င္းလဲအရမ္းႀကီးမနီးေပ နဲနဲေဝးသည္ေတာင္ ပုံရိပ္တို႔ကျပတ္သားလွသည္။ ႏြေရာသီ အပင္ေျခာက္ႀကီးေအာက္မွာ သူမေလးေရခ်ိဳးေနသည့္ျမင္ကြင္းက ပန္းခ်ီကားေလးတစ္ခ်ပ္ပမာ ရင္သပ္႐ူေမာဖြယ္ျဖစ္ေလသည္။

ဘယ္လိုဆြဲေဆာင္မႈမ်ိဳးမွမပါေပမယ့္ ထိုင္ကိုၾကည့္ေနခ်င္သည္အထိ သူမေလးပုံစံကလႈံ႕ေဆာ္ေပးေနေလသည္။

"ဟာ ညကလဲတဏွာ႐ူးလာေသးတာကို မင္းကအခုထိ႐ူးတုန္းပါလားကြန့္ျမဴးရ .."

မသင့္ေတာ္ပါဘူးဟုေတြး၍ ကိုယ့္ကိုအျပစ္တင္လိုက္သည္။ ကြန့္ျမဴးလိုက္ကာ
ကို ဆြဲပိတ္ပစ္ကာ မီးဖြင့္လိုက္ၿပီး အင္းက်ီလဲ ျပင္စရာရွိတာျပင္လိုက္ကာ...

"မိန္းခေလးကိုဒီလိုအျပင္မွာေရခ်ိဳးခိုင္းစရာလဲကြ မသင့္ေတာ္တာမသိၾကဘူးလားမသိဘူး ေတာက္... "

မေန႕ညက one night stand တာေကာင္းေကာင္းမေနပဲ တစ္ဖက္မိန္းကေလးကိုထပ္ၿပီးရိုက္လႊတ္လိုက္သည့္ ကိစၥေတြးမိေတာ့ ကြန္းျမဴးစိတ္အိုက္လာရသည္။ 

"ထူးခန့္ရာ မင္းလြန္တယ္မထင္ဘူးလားကြ ကိုယ့္မွာလဲႏွမရွိရဲ႕သားနဲ႕ ဘာလို႔ဒီေလာင္ထိက်ဴးလြန္နိုင္ရတာလဲ"
လို႔ ေမးမိေတာ့ျပန္ေျဖသည့္မေအေဘးက ငါ့အေမနဲ႕ငါ့ညီမကလြဲရင္ ငါကမိန္းမအကုန္လုံးကိုအခ်ိဳးမေျပရင္ ရိုက္ခ်င္တာတဲ့ေလ...

သူငယ္ခ်င္းအရင္းႀကီးေတြျဖစ္ေပမယ့္ ဒီလိုစိတ္ရွိေတာ့ကြန့္ျမဴးသိပ္ေတာ့ ထူးခန့္ကိုဘဝင္မက်လွ။ ကိုယ္တိုင္လဲအထည္အလဲမိန္းခေလးေတြနဲ႕တြဲၿပီးအိပ္ခဲ့ဖူးေပမယ့္ ဒီေကာင့္လိုေတာ့လက္ပါၿပီး ႏွိပ္စက္တဲ့ထိမရွိခဲ့ဖူးေပ။ ငါးေယာက္တစ္ဖြဲ႕ကိုသာတြဲျမင္ၾကတဲ့လူေတြေၾကာင့္ ကြန့္ျမဴးတို႔အေပၚလဲအနည္းငယ္ေတာ့အက်ိဳးသက္ေရာက္မည္ျဖစ္သည္။ တစ္ဖက္ကလဲစီးပြားေရးလုပ္ငန္းရွင္၏သမီးပဲမို႔ ဒယ္ဒီ့နားထဲေရာက္မည္ေတာ့ေသခ်ာသည္။

"ဒယ္ဒီရယ္ ဒူဘိုင္းမွာပဲအၾကာႀကီးေနပါဗ်ာ..."

မနက္စာစားရင္း ဒယ္ဒီျဖစ္သူကို ေမတၱာပို႔ကာ ဒီသတင္းေတြထပ္မၾကားဖို႔ဆုေတာင္းေနမိသည္။ အရင္ကထဲကဒီလိုကိစၥေတြကႀကဳံဖူးဆုံဖူးေပမယ့္ အခုလိုလုပ္ငန္းဘက္ဝင္ေနသည့္အခ်ိန္တြင္ ဘာသံမွမၾကားခ်င္ဘူးကြန့္ျမဴးေဝလို႔ ရာဇသံေပးထား၍ ကြန့္ျမဴးဒီကိစၥကို စိတ္ထဲထည့္ေနရျခင္းသာ။

ဆိုင္ကယ္ေလးထုတ္ကာ ဦးထုတ္ေလးေဆာင္း ထမင္းခ်ိဳင့္ေလးခ်ိတ္၍ လြယ္ထားအိတ္ေလးကို ပုခုံးေပၚတိုးတင္လိုက္ၿပီး ေ႐ႊကူေမာင္း၍ထြက္ခဲ့လိုက္ေတာ့သည္။ မီးပြိင့္ေတြမ်ားသလို လမ္းေတြကလဲရႈပ္သည္မို႔ သတိႏွင့္ေမာင္းေနရပါသည္။ေတာ္ေသးအလုပ္ခ်ိန္ ၉ နာရီကို ေ႐ႊကူကမနက္ 8 နာရီထဲကအိမ္မွထြက္ခဲ့လို႔သာေပါ့။

"ေ႐ႊကူအလုပ္ျပန္ဆင္းၿပီလား"

"ဟုတ္မဇင္ မဇင္အေစာႀကီးေရာက္ေနတာလား"

"ေ႐ႊကူမရွိေတာ့လက္တစ္ဖက္ျပဳတ္သြားတယ္ေလ အဲ့ေတာ့အလုပ္ေတြကမၿပီး ညေနလဲအခ်ိန္ပိုဆင္းရ မနက္လဲအေစာလာလိုက္နဲ႕ မဇင္ေတာ့စိတ္ညစ္ေနတာ အဲ့တာနဲ႕အိမ္ဘုရားမွာဆုေတာင္းခဲ့ေသးတယ္ ေ႐ႊကူေလးျပန္လာပါေတာ့လို႔ေလ ကဲ ၾကည့္ဆုေတာင္းျပည့္ခ်က္က ေ႐ႊကူေလးေရာက္လာၿပီ အမေလးခ်စ္လိုက္တာေတာ္"

ေ႐ႊကူထမင္းခ်ိဳင့္သြားထားစဥ္ ေနာက္မွတစ္တြတ္တြတ္ေျပာေနသည့္မဇင္က အူယားဖားယားႏွင့္ လာဖတ္ေလေတာ့သည္။

"ေ႐ႊကူေရာက္လာၿပီဆိုေတာ့မဇင္မပူေတာ့နဲ႕ ေ႐ႊကူကအားကိုးရပါတယ္ေနာ္"

"အဲ့တာေၾကာင့္ေမွ်ာ္ေနတာေပါ့ "

ေ႐ႊကူကအလုပ္ဝင္တာမၾကာေသးသလို အရမ္းႀကီးလဲလုပ္ငန္းပိုင္းမကြၽမ္းသည္ေၾကာင့္ မဇင္ရဲ႕ေဘးလက္ေထာက္အျဖစ္တာဝန္ယူကာ ကူလုပ္ေပးရသည္။ ႐ုံးတြင္းစာ႐ြက္ဖိုင္ေတြကိုသာ တာဝန္ယူရေပမယ့္ တစ္ခါတစ္ေလ လုပ္ငန္းရွင္ေတြႏွင့္ ေတြ႕ရသည့္အခါမ်ိဳးဆိုမဇင္ႏွင့္လိုက္သြားေပးရသည္။ မဇင္ကေယာက္က်ားရွိေပမယ့္အပ်ိဳေလးအလား အရမ္းလွပါသည္။ ဝတ္တတ္စားတတ္၍လဲ ဤအလုပ္႐ုံးတြင္မသိသူမရွိ အျပင္မွလုပ္ငန္းရွင္မ်ားကလဲ မဇင္ႏွင့္စကားေျပာၾကလွ်င္ၿပဳံးဖီးလို႔ စာခ်ဳပ္လက္မွတ္ထိုးရန္ကိစၥေတြဆိုအလြယ္ေလးၿပီးသြားတတ္ပါသည္။ ဒါ့ေၾကာင့္႐ုံးတြင္လဲ ေနရာအေတာ္မ်ားမ်ားရသလို ဥကၠ႒ႀကီးကေတာင္အားကိုးရသည့္လူျဖစ္သည္။ မဇင္ကအလုပ္လုပ္တာတိက်သလို စည္းကမ္းလဲႀကီးပါသည္။ ေ႐ႊကူကလြဲ၍ မဇင္ကဘယ္သူ႕မွ သူ႕အနားမထားသလို ေဘးလူေတြကိုအကူအညီလဲမေတာင္းတတ္သည့္ ပုံစံမ်ိဳးျဖစ္သည္။ ေ႐ႊကူကိုလဲညီမေလးတစ္ေယာက္လိုခ်စ္သည့္မဇင္ေၾကာင့္ ေ႐ႊကူအလုပ္တြင္ေပ်ာ္ေနရပါသည္။

အခ်ိန္နဲနဲကုန္သြားေတာ့ ဝန္ထမ္းေတြလဲစုံ၍အလုပ္ခြင္ႀကီး လည္ပတ္ေနၿပီျဖစ္သည္။ သိပ္မကြၽမ္းေသးသည့္ Computer ေလးကိုႀကိဳးစားရိုက္၍ စာေတြစီကာ မဇင္ကိုကူေပးေနလိုက္သည္။

"မဂၤလာပါဥကၠ႒ေလး.."

"မဂၤလာပါဗ်မဇင္ "

ေဘးကမဇင္က ထ၍ႏႈတ္ဆက္လိုက္သည္မို႔ေ႐ႊကူလဲထကာ ေခါင္းေလးၫႊတ္၍ႏႈတ္ဆက္လိုက္သည္။

"အယ္ အကိုေလး"

"မင္းကမဇင္နဲ႕အတူလား"

"ဟုတ္ကဲ့.."

"ဥကၠ႒ေလးကိုေျပာဖူးတယ္ေလ မဇင္ရဲ႕လက္ေထာက္ဆိုတာ "

"ေအာ္ "

အကိုေလး႐ုံးခန္းထဲဝင္သြားဆို....

"မဇင္ ဥကၠ႒ေလးဆိုတာက"

"ဥကၠ႒ႀကီးရဲ႕သားေလ"

ေ႐ႊကူေခါင္းၿငိမ့္ျပလိုက္သည္။ ရပါၿပီဒီေလာက္ဆို အကိုေလးကဥကၠဌေလးျဖစ္ၿပီး ဒီအလုပ္ကိုဦးစီးေနၿပီဆိုတာ။

အလုပ္ေတြကႏွစ္ရက္ေလာက္ေလးပဲပ်က္မိတာကို ေရာက္ထဲကေခါင္းမေဖာ္နိုင္ေအာင္ထိလုပ္ေနရသည္။ ေန႕လည္စာထမင္းစားခ်ိန္ေတာင္ရွိေရာ့ၿပီမို႔ အေပၚထပ္အင္းက်ီကိုဆြဲယူကာ ထမင္းထြက္စားရန္ထြက္လာခ်ိန္ ေ႐ႊကူဆိုသည့္ေကာင္မေလးတို႔က မရွိေနေတာ့ေပ။

"ဘယ္ေရာက္ကုန္တာလဲဟ "

ဟိုဒီၾကည့္ကာရွာလိုက္ေတာ့ မလွမ္းမကမ္းကအခန္းထဲမွ ရယ္သံေတြျပည့္ေနေသာအသံတို႔ ၾကားရသည္ေၾကာင့္ ထိုအခန္းဆီဦးတည္လိုက္ေတာ့....

"သိလား အဲ့အခန္းအေသရယ္ရတာပါေအ "

"ဟုတ္ပါ့မဇင္ရယ္ ေဆာင္းတို႔ဆိုေလ ေရေသာက္တာေတာင္သီးတယ္"

"ေ႐ႊကူေရာ ဟိုအခန္းေလ ဂင္ဂ်ားနား ဂင္ဂ်ားနားဆိုၿပီး ကားတံခါးေတြပြင့္ပြင့္ေနတဲ့အခန္းေလ အရမ္းရယ္ရတာပဲေနာ္"

"ဟုတ္ပါ့ေ႐ႊကူရယ္ ေျပာပါတယ္အဲ့ကားအရမ္းရယ္ရတာပါလို႔"

"ေ႐ႊကူေတာ့ေလ အဲ့ဂင္ဂ်ားနားမ်က္ႏွာ ျမင္ရင္ကိုရယ္ေနမိတာမဇင္ရယ္"

ထမင္းဂ်ိဳင့္ေလးေရွ႕ခ်ၿပီး ထမင္းမစားေသးပဲ စကားေတြေျပာၿပီးရယ္ေနတဲ့ေကာင္မေလးကို ကြန့္ျမဴးၾကည့္ေနမိသည္။ ၾကည့္ရင္းၿပဳံးေနမိတာကိုေတာ့ ကြန့္ျမဴးမသိခဲ့ေပ။ ဘာေတြေျပာၿပီးသေဘာက်ေနလဲေတာ့မသိ အေတာ္ေပ်ာ္စရာေကာင္းသည့္ပုံမို႔ မႏွောက္ယွက္ခ်င္သည္ႏွင့္ ကြန့္ျမဴးျပန္လွည့္လာကာ အျပင္ထြက္သြားလိုက္ေတာ့သည္။

အိမ္ျပန္လာလွ်င္ ကြန့္ျမဴးကိုအခ်ိန္ေပးၿပီးစကားမေျပာပဲ ထမင္းစားၿပီးတန္းအိပ္သြားတတ္သည့္ဒယ္ဒီ့ကို ယခုမွနားလည္ေတာ့သည္။ ထိုင္ခုံမွာတစ္ေနကုန္ထိုင္ၿပီး  အလုပ္လုပ္ရတာလြယ္သည့္ကိစၥမဟုတ္မွန္းလဲ သိခဲ့ရၿပီျဖစ္သည္။

"ဟူး ..."

သက္ျပင္းခ်ကာ အေညာင္းေျပလမ္းထေလွ်ာက္ၿပီး အျပင္ကိုၾကည့္မိေတာ့ ဆိုင္ကယ္ဦးထုတ္ေဆာင္းကာ ေျဖးေျဖးေလးေမာင္းထြက္သြားသည့္ေကာင္မေလးေၾကာင့္ ကြန့္ျမဴးဘဝင္မက်စြာက်န္ေနခဲ့ေတာ့သည္။

"လမ္းေတြဒီေလာက္ရႈပ္ေနတာကိုဘာလို႔ဆိုင္ကယ္စီးေနတာလဲကြ ၿပီးေတာ့အိမ္ဘက္လမ္းက လူကပ်က္ကပ်က္နဲ႕ "

.........

"ညည္းမနက္ကအဝတ္ေတြမလွမ္းခဲ့ဘူးမလား ေ႐ႊကူ"

"ဟုတ္အန္တီေလး ေ႐ႊကူေနာက္က်မွာဆိုးလို႔ ႀကီးေမကိုမွာခဲ့လိုက္တာ "

"လူႀကီးကိုညည္းကခိုင္းခဲ့တာေပါ့ေလ "

ေ႐ႊကူမေျဖမိျပန္။ လူႀကီးမွန္းအန္တီေလးတို႔ကသိေသးတာလားဟုေတာ့ ေတြးမိလိုက္သည္။

"အျပင္အလုပ္လုပ္တယ္ဆိုၿပီး ေပါ့မယ္မႀကံနဲ႕ေနာ္ အိမ္သန့္ရွင္းေရးအဝတ္ေလွ်ာ္တာလွန္းတာ မနက္စာခ်က္တာ ညည္းပဲလုပ္ရမွာ ပ်က္ကြက္ဖို႔ေတာ့မစဥ္းစားနဲ႕လစာေပးထားတာအလကားမဟုတ္ဘူးေနာ္မိေ႐ႊကူ"

"ဟုတ္ကဲ့အန္တီေလး ေ႐ႊကူေနာက္ဂ႐ုစိုက္ပါ့မယ္"

"ေျပာလိုက္ရင္အေၾကာင္းျပခ်က္ေလးနဲ႕မွ  သြား..သြား ..."

"ဟုတ္"

ေ႐ႊကူအင္းက်ီေတာင္မလဲအား အဝတ္ေတြ႐ုတ္၍တေပြ႕တပိုက္ႀကီးမကာ အိမ္ေပၚသို႔တတ္ခဲ့လိုက္ေတာ့သည္။ အခင္းေလးခင္းကာမီးပူတိုက္ေနၿပီး ညလုပ္မည့္အလုပ္မ်ားကိုစဥ္းစား၍ နာမ္ပါတ္စဥ္ေတြတပ္ေနမိသည္။

ဒါၿပီးရင္အိမ္သန့္ရွင္းေရးလုပ္ရမည္ အန္တီေလးတို႔အခန္း မမေလးရဲ႕အခန္းကိုအရင္သန့္ရွင္း၍ ကိုကိုႀကီးအခန္းကေတာ့ ကိုကိုႀကီးအျပင္သြားမွဝင္၍လုပ္ရမည္ျဖစ္သည္။ အဲ့ေနာက္ ေအာက္ထပ္ကိုသန့္ရွင္းရအုံးမည္။ မနက္ခ်က္ျပဳတ္ဖို႔စီစဥ္ၿပီးမွ ေရခ်ိဳးရမည္မို႔ ေ႐ြကူသက္ျပင္းေလးတစ္ခ်က္ခ်မိလိုက္သည္။

"၁၀ နာရီေလာက္မွေရခ်ိဳးၿပီးနားရမွာေပါ့ေလအဲ့တာဆို"

"အဲ့ဟင္းခပ္ၿပီး မမာတို႔အိမ္သြားေပးလိုက္အုံးေ႐ႊကူ မမာကဝက္သားႏွပ္ဆိုသိပ္ႀကိဳက္တာ"

"ဟုတ္အန္တီေလး"

ေ႐ႊကူဗူးေလးထဲ ဟင္းအေတာ္မ်ားခပ္ထည့္၍ တစ္ဖက္ၿခံဆီလွမ္းလာခဲ့သည္။

ကြန့္ျမဴးဂိမ္းထိုင္ေဆာ့ေနစဥ္ အိမ္ေပါက္ဝတံခါးမႀကီးမွာ ရပ္ေနသည့္ေကာင္မေလးကိုဆက္ခနဲၾကည့္၍ ဂိမ္းျပန္တိုက္လိုက္ေတာ့သည္။

"ဝင္ေလအထဲ"

"ဟုတ္"

ေ႐ႊကူအိမ္ႀကီးထဲေမေမႀကီးကို လိုက္ၾကည့္ေနေပမယ့္မေတြ႕ေပ။

"အကိုေလးေမေမႀကီးမရွိဘူးလား"

"ေရခ်ိဳးေနတယ္ထင္တယ္ "

"ေ႐ႊကူကဟင္းလာပို႔တာ လွယ္ခဲ့လိုက္မယ္ေနာ္အဲ့တာဆို"

"မင္းအဆင္ေျပသလိုလုပ္လိုက္"

"ဟုတ္"

ေ႐ႊကူမီးဖိုထဲဝင္၍ ဟင္းကိုပန္းကန္ျပားေလးထဲလွယ္ထည့္၍ ဆူပြတ္ေဝက်ေနသည့္ဟင္းအိုးေၾကာင့္ ေ႐ႊကူေမႊေပးကာအရသာျမည္း၍ ဟင္းအိုးကိုခ်ေပးလိုက္သည္။ သီးစုံအခ်ဥ္ရည္ဟင္းဆိုေတာ့ ဝက္သားနဲ႕ကြက္တိပဲေပါ့။

မာမီကဟင္းရည္အိုးခဏေနရင္ခ်လိဳက္ပါလို႔ေျပာတာကို ေမ့ၿပီးဂိမ္းပဲဆက္တိုက္ေနမိသည္မွာ ဂိမ္းၿပီးသြားမွသတိရေလသည္။

"ကိုယ္ေမ့ေနတာအဲ့ဟင္းအိုးကို"

"ေ႐ႊကူခ်လိဳက္ၿပီ "

"ဒါဘာဟင္းေတြလဲ "

"ဝက္သားႏွပ္အကိုေလး"

"ဟုတ္လား "

ဇြန္းတစ္ေခ်ာင္းယူၿပီး ေ႐ႊကူလာပို႔သည့္ဟင္းကို ခပ္၍ဒီအတိုင္းစားေနသည့္အကိုေလးက ေ႐ႊကူ႕ကိုလက္မေထာင္ျပေလသည္။

"မဆိုးဘူး "

ေ႐ႊကူၿပဳံးျပလိုက္သည္။

"ေ႐ႊကူျပန္ေတာ့မယ္ေနာ္အကိုေလး"

"အင္း လိုက္ပို႔မယ္"

"ရပါတယ္ ၿခံကကပ္ရပ္ပဲကို"

"ညႀကီးကြ ဒီပတ္ဝန္းက်င္မွာလဲအမူးသမားေတြရွိတာပဲ အိမ္ကနီးနီးေလးဆိုေပမယ့္ ဒီၾကားထဲတစ္ခုခုျဖစ္မသြားနိုင္ဘူးလို႔မေျပာနိုင္ဘူး "

အကိုေလးေျပာမွ ေ႐ႊကူေတာင္နည္းနည္းေၾကာက္သြားရသည္။ ဟုတ္ေတာ့ဟုတ္တယ္ ဒီလမ္းထဲမွာလဲ အမူးသမားေတြရွိတယ္ေလ။

"မနက္ကအင္းက်ီလားလို႔ပါ မလဲရေသးဘူးလားအခုထိ"

အိမ္ထဲကထြက္ဆိုေျပာလာသည့္အကိုေလးေၾကာင့္ ေ႐ႊကူအင္းက်ီေလးကိုငုံ႕နမ္းမိလိုက္သည္။ ေခြၽးနံ႕ေတြနံေနၿပီအထင္ႏွင့္ နမ္းၾကည့္ေတာ့ေခြၽးနံ႕မရေပ။

"နံလို႔မဟုတ္ပါဘူး"

"ဟုတ္ေ႐ႊကူခဏေနမွလဲမလို႔"

စကားေလးတိတ္ဆိတ္သြားမႈႏွင့္အတူ ကြန့္ျမဴးေနာက္ကလိုက္လာသည့္ေကာင္မေလးကို ၿခံေရွ႕ထိလိုက္ပို႔ခဲ့၍ျပန္ခဲ့သည္။

"သား ဘယ္သြားေနတာလဲ"

"ဟိုေကာင္မေလးကိုလိုက္ပို႔ေနတာ"

"ေ႐ႊကူလားသား"

"အြန္း အဲ့ခုံေပၚကဟင္းလာပို႔တာတဲ့ ကြၽန္ေတာ့္အႀကိဳက္ဝက္သားဟင္းေလ လက္ရာကေကာင္းမွေကာင္းေနာ္မာမီ့ထက္ကိုသာတာ Special ပဲ"

႐ုပ္ေျပာင္ေနသည့္သားေတာ္ေမာင္ေၾကာင့္ ေဒၚမာေဝေခါင္းခါကာ မီးဖိုထဲဝင္လာလိုက္သည္။

အိမ္အလုပ္ေတြလုပ္ၿပီးဆို ေ႐ႊကူေရခ်ိဳးလိုက္ေတာ့သည္။ အခုမွလူကလန္းသြားရသလို အိပ္လဲအိပ္ခ်င္ေနၿပီမို႔ေ႐ႊကူ ျပဴတင္းေပါက္ေလးဖြင့္ကာ အျပင္ကိုတစ္ခ်က္ၾကည့္ေနမိသည္။ တစ္ထပ္တိုက္ေလးျဖစ္သလို အခန္းသုံးခန္းပါေလသည့္အနက္ ေ႐ႊကူကအစြန္ဆုံးအခန္းတြင္ျဖစ္ေလသည္။ အလယ္မွာကႀကီးေမေနၿပီး ဟိုဘက္တြင္ေတာ့ဘႀကီးတိုးေနသည္ျဖစ္သည္။ မီးေရာင္ဖ်ဖ်ေလးထြန္းထားသည့္အခန္းအတြင္း ေခါင္းအုံးေလးေပၚေခါင္းခ်လိဳက္သည္ႏွင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားမႈႏွင့္အတူ အိမ္မက္ေလးေတြလဲမက္ေနၿပီျဖစ္သည္။

..............

ယေန႕ အိမ္တြင္အန္တီေလးလဲမရွိသလို ဦးႀကီးလဲမရွိေနေပ။ ပြဲတစ္ခုတတ္စရာရွိတယ္ဆိုၿပီး ထြက္သြားၾကေလသည္။မမေလးကလဲ အလည္လြန္ေန၍ျပန္မေရာက္ေသးသလို ကိုကိုႀကီးကလဲအေစာေလးကမွအျပင္ထြက္သြားသည္ျဖစ္သည္။ ဘယ္သူမွမရွိေတာ့သည္မို႔ အိမ္အလုပ္ေနာက္မွလုပ္မည္ဟုႀကံကာ ေ႐ႊကူေရအရင္ခ်ိဳးလိုက္ေတာ့သည္။

ေအးသြားသည့္ခႏၶာကိုယ္တစ္ခုလုံးကလန္းဆန္းသြားေလရာ မမေလးရဲ႕အက် ဂါဝန္ပန္းႏုေရာင္ေလးကို သံေသတၱာေလးထဲမွထုတ္၍ဝတ္လိုက္သည္။ ေ႐ႊကူသနပ္ခါးေလးလိမ္း၍ လက္ေမာင္းေလးေတြပါသနပ္ခါးေလးလူးလိုက္ေတာ့သည္။ ဆံပင္ေတြကိုထုံးစံအတိုင္း စုစည္း၍ မ်က္မွန္ေလးျပန္တပ္ကာ ေ႐ႊကူအိမ္ႀကီးဘက္သို႔ကူးလာလိုက္ေတာ့သည္။

*ကလင္း ကလင္း ကလင္း*

ရိုးရွင္းသည့္ raintone ေလးကထေအာ္လာသည္ေၾကာင့္ အ႐ြက္ေတြေႁခြေနရင္းမွေ႐ႊကူကိုင္လိုက္သည္။

"Hello ကိုကိုႀကီး"

"ေ႐ႊကူလာေခၚရမွာလား.."

"ေ႐ႊကူလမ္းမသိဘူးကိုကိုႀကီး"

"ဟုတ္ ဟုတ္ကဲ့ေ႐ႊကူအခုလာခဲ့ပါ့မယ္"

ကြန့္ျမဴးဘီယာတစ္ခြက္ေမာ့ေသာက္၍ အေရမရ အဖက္မရေတြေျပာေနသည့္ သူငယ္ခ်င္းျဖစ္သူတို႔၏စကားမ်ားကိုနားေထာင္လိုက္ေတာ့သည္။ မာမီ့ကို Dinner ပြဲလိုက္ပို႔၍ ကြန့္ျမဴးကသူငယ္ခ်င္းေတြဆီဝင္၍ မာမီ့ကိုေစာင့္ေနျခင္းျဖစ္သည္။ အရင္လို Club သာသြားေနရင္ေတာ္ေတာ္ႏွင့္ျပန္မလာနိုင္ပဲ အခန္းထဲဝင္မိသြားမွာဆိုးသည္ေၾကာင့္ ကြန့္ျမဴး Beer ေကာင္းေကာင္း၌ ဒီေကာင္ေတြကို ခ်ိန္းလိုက္ျခင္းျဖစ္သည္။

"ထူးခန့္ရိုက္လိုက္တဲ့ေစာ္ကအလန္းႀကီးေနာ္ မင္းမလို႔ရိုက္ရက္တယ္ငါဆို သုံးေလးရက္ေလာက္ထိဂူေအာင္းေနမွာအဲ့လိုအလန္းေလးနဲ႕"

"ရိုက္တယ္လို႔မေျပာစမ္းပါနဲ႕ကြာ ပညာေလးပါးပါးေလးျပလိုက္တာလို႔ ေျပာပါဟမင္းတို႔ကလဲ"

"အဲ့ကိစၥဘယ္လိုျဖစ္သြားလဲထူးခန့္ "

"ဒါ ဒါနဲ႕ပိတ္လိုက္တယ္"

ေငြဆိုတာေရလိုေပါတဲ့ လူေတြအတြက္ကဟုတ္ပါသည္ ဒီကိစၥေလာက္ကေငြႏွင့္ပိတ္၍ရသည္ဆိုတာ။ တစ္ဖက္ကပိုက္ဆံရွိေပမယ့္လဲ ထူးခန့္ေလာက္ေငြမသုံးနိုင္သည့္ပုံစံျဖစ္မည္မွန္း ကြန့္ျမဴးသိလိုက္ပါသည္။

"ငါေနာက္ဆို အရင္လိုစုံၿပီးကဲဖို႔မျဖစ္နိုင္ေတာ့ဘူးဆိုတာ ႀကိဳေျပာထားမယ္ေနာ္ ငါ့ကိုလာမေခၚၾကနဲ႕"

"ဟ ဘာျဖစ္လို႔လားကြ"

"မအားဘူးကြ ငါ့အလုပ္ေတြကပစ္ထားလို႔ရတာမဟုတ္ဘူး "

"မင္းကိုခစားဖို႔ တန္းစီေစာင့္ေနၾကတဲ့ပ်ိဳမဒီေတြကေရာဘယ္လိုလုပ္မွာလဲ မင္းကိုပဲေမးေနၾကတာကြသားႀကီးရ"

"ငါကိေလသာေတြကုန္ခမ္းၿပီး ေတာထြက္သြားၿပီလို႔သာေျပာလိုက္"

"ဟား ဟား ..."

"ဒါနဲ႕မင္းအခန္းကိုငါသုံးလို႔ရလားျမဴး"

"အဲ့တာေတာ့ No "

ေကာင္းျမတ္၏စကားကို ကြန့္ျမဴးတစ္ခြန္းထဲျငင္းပစ္လိုက္သည္။

Club ၏အေပၚဆုံးထပ္တြင္တည္ေဆာက္ထားသည့္အခန္းႀကီးက night view ေတြသိပ္လွေလသည္။ အေပ်ာ္အပါးလိုက္စားရန္သာသုံးသည့္ ထိုအခန္းႀကီးက မွန္ေတြသာသုံးထားၿပီး အျပင္View ကိုၾကည့္၍ စိတ္ရွိတိုင္းစားသုံးရာတြင္ အေတာ္ feel တတ္ေစသည့္ အခန္းႀကီးျဖစ္ေလသည္။ ကြန့္ျမဴး၏ ထိုအခန္းထဲသို႔ မိန္းခေလးေတာ္ေတာ္မ်ားမ်ားကေရာက္ဖူးခ်င္ၾကၿပီး ထိုအခြင့္အေရးကိုတန္းစီေစာင့္ေနၾကသည့္ ပ်ိဳမဒီေတြကလဲမ်ားျပားေလသည္။ အခြင့္အေရးတစ္ခါပဲေပးၿပီး တစ္ႀကိမ္သာသုံးေဆာင္သည့္ကြန့္ျမဴးအတြက္ ထိုမိန္းခေလးေတြက ကုန္သြားသည္ဟူ၍ေတာ့မရွိေပ။ အၿမဲတိုးလာၿမဲျဖစ္ေလသည္။ ဘယ္လိုပဲျဖစ္ျဖစ္ေနာက္ေလးႏွစ္တြင္ေတာ့ ထိုအခန္းႀကီးကိုျပန္အသုံးျပဳၿပီး ျပန္ေပ်ာ္ပါးမည္မို႔အခုေတာ့ ေသ့ာခတ္ထားရန္သာတတ္နိုင္ေတာ့သည္။

"ဟ အဲ့ေကာင္ေတြရဲလွခ်ည္လား ငါတို႔ရွိတာကိုေတာင္မခန့္ဘူး ေသခ်င္ေနတယ္နဲ႕တူတယ္"

"ငါခြင့္ျပဳထားတာ "

"ဘာ "

ထူးခန့္အေျပာကို ခန့္သာအံဩသြားကာ ေအာ္လိုက္ေတာ့သည္။

"အဲ့ငနဲေတြက ငါတို႔အဖြဲ႕ထဲဝင္ခ်င္ေနတာေလ "

"အဲ့ေတာ့.."

"မိန္းခေလးေတြကိုငါ့ေရွ႕မွာရိုက္ျပရင္ငါလက္ခံမယ္လို႔ေျပာလိုက္တာ ဟား ဟား အဲ့ေကာင္ေတြမဆိုးဘူး လုပ္နိုင္သားပဲ"

အေပၚထပ္မွကြန့္ျမဴးတို႔ကိုေမာ့ၾကည့္ကာ ဦးတစ္ခ်က္ၫႊတ္၍ ဒူးတုတ္၍ထိုင္ကာလက္အုပ္ခ်ီထားသည့္ေကာင္မေလးကို ပါးေတြဆက္တိုက္ရိုက္ေနတာျမင္ေတာ့ ကြန့္ျမဴးစိတ္ေတြမရေတာ့ ေျပးထိုးခ်င္စိတ္ေတြျဖစ္လာရၿပီျဖစ္သည္။ တစ္ဖက္ကေကာင္မေလးေတြက သူငယ္ခ်င္းအဖြဲ႕ျဖစ္မည္ ငါးေယာက္အတူတစ္ဝိုင္းထိုင္ကာ ကြန့္ျမဴးတို႔ကိုလွမ္းလွမ္းၾကည့္ေနမွန္း အေစာထဲကသတိထားမိပါသည္။ တစ္ဖက္ေယာက္က်ားေလးဝိုင္းက အရင္ျပသနာသြားရွာကာ အသက္လြတ္ႀကီးရိုက္မွန္းလဲ ကြန့္ျမဴးသိသည္။

"ဘာလုပ္မွာလဲသားႀကီးရာ ေပ်ာ္စရာေကာင္းတာကိုမင္းကျပန္ထိုင္ေနစမ္းပါ "

"မင္းလြန္ေနၿပီေနာ္ထူးခန့္ "

"ေနပါအုံးဟ တဂယ့္ျပကြက္ကအခုထိမေရာက္လာေသးဘူး ငါအဲ့ေကာင္ေတြအတြက္လက္ေဆာင္ျပင္ထားေသးတယ္ ခဏေစာင့္လိုက္အုံး"

ပခုံးမွဆြဲခ်၍ျပန္ထိုင္ခိုင္းသည္ေၾကာင့္ ကြန့္ျမဴးျပန္ထိုင္လိုက္သည္။

"Hello ေရာက္ၿပီလား အထဲဝင္ခဲ့လိုက္ငါအထဲမွာရွိတယ္"

အခုရိုက္ေနတာေတြကအေရာင္စုံပန္းေတြျဖစ္ၿပီး ျဖဴျဖဴစင္စင္တစ္ေယာက္မွမပါေပ။ ေ႐ႊကူလိုအျဖဴထည္ေလးကိုသာ ဒီေကာင္ေတြရိုက္ဖို႔လက္မတြန့္ရင္ Ok ၿပီ။

ကားပ်က္သြားလို႔လာေခၚပါလို႔ေျပာလာသည့္ကိုကိုႀကီးေၾကာင့္ ေ႐ႊကူ Beer ဆိုင္ေရွ႕တြင္ေရာက္ေနၿပီျဖစ္သည္။ ဖုန္းဆက္ေျပာေတာ့ဝင္ခဲ့ဟူ၍ ေ႐ႊကူအိတ္ခေလးကိုလြယ္ကာ ထိုဆိုင္ႀကီးထဲခ်ီတုံခ်တဳံႏွင့္ဝင္ခဲ့လိုက္ေတာ့သည္။ တစ္ခါမွသည္လိုဆိုင္မ်ိဴးမေရာက္ဖူးသလို အမူးသမားေတြရွိသည့္ဤလိုေနရာကို မလာလဲမလာခ်င္ေပ ယခုေတာ့ ကိုကိုႀကီးစကားကိုမလြန္ဆန္နိုင္၍ ေ႐ႊကူမ်က္လုံးစုံမွိတ္ကာ လူအုပ္ႀကီးထဲတိုးဝင္လိုက္သည္။

ဆိုင္ထဲကလူအုပ္ႀကီး၏ အေရွ႕ေရာက္သြားေတာ့ေကာင္မေလးေတြကို ရိုက္ေနသည့္လူႀကီးေတြေၾကာင့္ ေ႐ႊကူဒူးေတြပင္တုန္လာရေတာ့သည္။ ဒီလိုေနရာကဆိုးမွန္းသိေပမယ့္ ရိုက္ႏွက္တာအထိရွိေနလိမ့္မယ္လို႔မေတြးမိခဲေပ။ ေၾကာက္စရာေကာင္းလြန္းလွသည့္ ဗလေတာင့္ေတာင့္ႏွင့္လူေတြက အားအင္သုံးၿပီးရိုက္ႏွက္ေနတာကို ဝိုင္းၾကည့္ေနၾကသည့္လူေတြကိုလဲအံ့ဩမိပါသည္။ အလိုလိုေၾကာက္စိတ္ေတြဝင္လာကာ ေ႐ႊကူမ်က္ရည္ေတြဝိုင္းလာရသည္။

"တဂယ့္ပြဲေလးလာၿပီ "

လက္ခုပ္တစ္ခ်က္ထတီးကာ ခုံမွရပ္၍အေပၚထပ္လက္ရန္းမွ ထူးခန့္ၾကည့္ေနသည့္ဆီ ကြန့္ျမဴးၾကည့္မိေတာ့ ဟိုေကာင္မေလးပင္။ မ်က္မွန္ေလးႏွင့္ အိတ္၏ႀကိဳးေလးကို က်စ္က်စ္ပါေအာင္ဆုတ္ထားကာ ၾကည့္ေနသည့္လူေတြၾကားေရွ႕ဆုံးမွရပ္ၾကည့္ေနသည့္ ေကာင္မေလးေၾကာင့္ ကြန့္ျမဴးေဒါသေတြေထာင္းခနဲထသြားရေတာ့သည္။

ေ႐ႊကူလွည့္ျပန္မည္လုပ္၍ ေနာက္ဆုတ္လိုက္ေပမယ့္ လူေတြႏွင့္ပိတ္ေနေလသည္။

"ကယ္ပါအုံးညီမရယ္ ရဲတိုင္ေပးပါအုံး မမတို႔ကိုကယ္ပါအုံး"

ေ႐ႊကူ႕ေျခေထာက္ေတြကိုဖက္၍ေသြးသံရဲရဲႏွင့္ မိန္းခေလးတစ္ေယာက္ကအကူအညီေတာင္းလာေတာ့ လက္ေတြပါတုန္လာၿပီျဖစ္သည္။

ရိုက္ႏွက္ေနသည့္လူတစ္စုက အခ်င္းခ်င္းမ်က္စာပစ္ျပကာ ....

"ခြပ္... အာ့..."

"ဒီဟာမေတြနဲ႕တစ္ဖြဲ႕ထဲလား ဒီအလွေလးကေရာ"

ေ႐ႊကူ႕ေရွ႕ကမိန္းခေလးကို ကန္ပစ္လိုက္ၿပီးေ႐ႊကူ႕ကိုေမးမွကိုင္၍ ေျပာေနသည့္လူေၾကာင့္ေ႐ႊကူမ်က္လုံးေတြပင္ဝါးလာရသည္။

"လာစမ္းပါအတူတူေပ်ာ္ရေအာင္လို႔ပါ"

ပခုံးမွအင္းက်ီစကဆြဲ၍ေ႐ႊကူ႕ကို ထိုလူေတာင့္ေတာင့္ႀကီးေတြၾကား တြန္းလိုက္သည္ေၾကာင့္ ေ႐ႊကူယိမ္းယိုင္ကာ အလည္တြင္ေခြေခြကေလးလဲသြားရသည္။ ကယ္ရာလူမရွိ ထိုမိန္းခေလးေတြလိုအရိုက္ခံရေတာ့မွာပါလားဟုေတြးမိ၍ ေ႐ႊကူမ်က္ရည္ေတြက အလိုလိုစီးက်လာရသည္။ မ်က္မွန္မရွိလွ်င္အကန္းပမာမို႔ ကြၽတ္က်သြားသည့္မ်က္မွန္ေလးကို စမ္း၍လိုက္ရွာေနမိသည္ကို ဆံပင္မွေစာင့္ဆြဲခံလိုက္ရေလေတာ့သည္။

"ေ႐ႊကူ႕ကိုလႊတ္ေပးပါေနာ္ ေ႐ႊကူေတာင္းပန္ပါတယ္ ဟင့္.. ေ႐ႊကူေတာင္းပန္ပါတယ္ ေ႐ႊကူ႕ကိုမရိုက္ပါနဲ႕"

သဲသဲကြဲကြဲမျမင္ရဝါးေနေပမယ့္ ေ႐ႊ႕ကူ႕ဆီလက္႐ြယ္ေနသည့္လူေၾကာင့္ မ်က္လုံးကိုမွိတ္ခ်လိဳက္မိသည္။ တစ္ဆက္ထဲနာက်င္မႈကို ေၾကာက္ေပမယ့္ ဆီးႀကိဳရန္လဲအသင့္ျဖစ္ေနၿပီျဖစ္သည္။

*ခလြမ္း...."

"ငါ့လူကိုမ်ားထိရဲတယ္ "

ကြန့္ျမဴးဖန္ခြက္ႏွင့္အားကုန္သုံးကာေပါက္လိုက္ေတာ့ ထိုေကာင္ကယိုင္သြားေပမယ့္ ေကာင္မေလးရဲ႕ဆံပင္ကိုေတာ့မလႊတ္ခဲ့ေပ။ ဝရံတာမွခုန္ဆင္းလိုက္ကာ  ေကာင္မေလးဆံပင္ကိုဆြဲထားသည့္ေကာင္ကို ေစာင့္ကန္ပစ္လိုက္သည္။

ေ႐ႊကူ႕ကိုလက္ေမာင္းကကိုင္ထားသည့္လူကို ေ႐ႊကူမၾကည့္ရဲ႐ုန္းေနမိသည္။

"ဟင့္...ေ႐ႊကူ႕ကိုမရိုက္ပါနဲ႕ "

"ကိုယ္ပါကိုယ္ေလ အကိုေလးေလကြာ "

ေ႐ႊကူအသံကိုရင္းႏွီးေန၍ ၾကည့္လိုက္ေတာ့အကိုေလးျဖစ္ေနေလသည္။

"ဟင့္ အကိုေလးလား "

ေ႐ႊကူ႕လက္ကိုကိုင္ထားသည့္အကိုေလးေၾကာင့္ ေ႐ႊကူအားေတြရွိသြားကာ ကူမည့္လူရွိသည္ဆိုသည့္စိတ္ႏွင့္ ငိုခ်လိဳက္ေတာ့သည္။

ငိုေနသည့္ေကာင္မေလးကို ကြန့္ျမဴးထိုင္ရက္ပင္ဖက္ထားလိုက္ေတာ့သည္။ ဒီေကာင္မေလးပုံက အရမ္းလန့္ေနပုံမို႔ ကြန့္ျမဴးသနားလဲသနားလွသည္။ ဘာလို႔ဒီလိုေနရာကိုေရာက္ေနရတာလဲကြာ မင္းကအိမ္မွာရွိေနရမွာေလ။

ကားထဲေခၚလာၿပီး မ်က္မွန္ေလးကိုသုတ္၍ေပးလိုက္ေတာ့ တပ္ထားကာတစ္ရႈံရႉံ႕ႏွင့္ရွိေနေလသည္။

"ဘယ္လိုေရာက္လာတာလဲဒီကို"

"ကိုကိုႀကီးကကားပ်က္ေနတယ္ လာေခၚလို႔ပါဆိုလို႔"

"ေခၚတိုင္းဒီလိုေနရာကိုဝင္လာစရားကြ "

ေငါက္သလိုျဖစ္သြားေတာ့ ေခါင္းေလးငုံ႕ခ်သြားေလသည္။

"အခုေရာေၾကာက္ေသးလား "

"မေၾကာက္ေတာ့ပါဘူး ေ႐ႊကူ႕ကိုကူေပးလို႔အကိုေလးကိုေက်းဇူးတင္ပါတယ္ "

"ဒါကဘယ္လဲ"

"ကိုကိုႀကီးကိုသြားရွာမလို႔ပါ"

"ထပ္အရိုက္ခံခ်င္လို႔လား"

ေ႐ႊကူကားတံခါးဖြင့္ေနသည့္လက္ေတြ တြန့္သြားရေတာ့သည္။ ေ႐ႊကူအရိုက္ခံရတာတို႔ အသားနာမည့္အရာတို႔ကိုေသေလာက္ေအာင္ေၾကာက္ပါသည္။

"အဲ့ေကာင္ Taxi စီးၿပီးျပန္လာလိမ့္မယ္ မင္းအိမ္ျပန္မွာမလား"

"ဟုတ္"

ကားစက္ႏွိုးေနသည့္အကိုေလးေၾကာင့္....

"အကိုေလးဘယ္သြားမို႔လဲ"

"မင္းကိုျပန္လိုက္ပို႔မလို႔"

"ေ႐ႊကူဆိုင္ကယ္ပါတယ္အကိုေလး "

"အဲ့ေတာ့ဆိုင္ကယ္နဲ႕ျပန္မယ္ေပါ့"

"ဟုတ္"

အကိုေလးက ကားကိုေကြ႕ကာလမ္းဘက္တတ္ေနေလသည္။

"ေ႐ႊကူမနက္အလုပ္သြားရအုံးမွာ ဆိုင္ကယ္က"

"မနက္ကိုယ့္ကားနဲ႕လိုက္ခဲ့ ေန႕လည္ေလာက္မွ ကုမၸဏီလာပို႔ခိုင္းလိုက္အဲဆိုင္ကယ္ "

ေ႐ႊကူဆက္ေျပာလွ်င္ အန္တီေမတို႔လိုျပန္ခံေျပာသည္ေျပာၿပီး အဆူခံရမည္ဆိုး၍ ေ႐ႊကူၿငိမ္ေနလိုက္ေတာ့သည္။ မနက္ bus ကားနဲ႕သြားၿပီးညေနမွျပန္လာယူလဲရတာပဲေလ။

"အကိုေလးေ႐ႊကူကားတံခါးဖြင့္လို႔ရလား"

"ဘာျဖစ္လို႔လဲ"

"ေ႐ႊကူမြန္းလို႔"

"ရပါတယ္ဖြင့္ေလ"

ေ႐ႊကူကားတံခါးေလးဖြင့္လိုက္ေတာ့ ေလေတြကမ်က္ႏွာဆီ ၾကမ္းတမ္းစြာဝင္လာေလသည္။ သို႔ေပမယ့္ဒီလိုအလုံပိတ္ႀကီးေနၿပီး နာက်င္မႈကိုခံစားရမည္ထက္ေတာ့ ဒီေလၾကမ္းေတြကေတာ္ေသးပါတယ္ေလ။

အိပ္ယာထက္ေ႐ႊကူ အတိတ္ကအေၾကာင္းေတြျပန္ေတြးေနမိသည္။
ေ႐ႊကူ ၉ တန္းႏွစ္တြင္ အတန္းတူသည့္မမေလးထက္ အမွတ္မ်ားလို႔ဟူေသာအေၾကာင္းျပခ်က္ႏွင့္ ညွပ္ကလစ္ေတြကိုမ်က္ႏွာလက္ေျခေထာက္ေတြပါ ညွပ္၍အျပစ္ေပးခံရဖူးပါသည္။ ေက်ာင္းသားေတြလဲဝိုင္း၍ ရိုက္ႏွက္တာကို ခံရဖူးသည္ေၾကာင့္ ေ႐ႊကူအသားနာမွာေၾကာက္ရသည္အထိ ျဖစ္သြားခဲ့ရသည္။ ခိုက္မိလို႔မဟုတ္ပဲ တစ္ေယာက္ေယာက္ကရိုက္မည္ကို ယေန႕ထိေၾကာက္ခဲ့ရပါသည္။ ေ႐ႊကူစာက်က္မည္ဆိုး၍ ဘီရိုထဲညတိုင္းထည့္ပိတ္တာခံရဖူးသည္မို႔လဲ ေ႐ႊကူအေမွာင္ေၾကာက္သြားရသလို အလုံပိတ္အခန္းတို႔တြင္ေ႐ႊကူမေနနိုင္ေပ။ ၁၄ ႏွစ္ေက်ာ္အ႐ြယ္က ထိုအရာေတြေၾကာက္သြားရသည္အထိ အားမနည္းသင့္ေပမယ့္ ႏွစ္ႏွစ္ေက်ာ္ေလာက္ေက်ာင္းဖြင့္တိုင္းခံစားခဲ့ရသည္မို႔ ေ႐ႊကူစိတ္ေတြေၾကာက္သည့္ဘက္ကူးေျပာင္းကာ အက်င့္ဆိုးႀကီးအျဖစ္ေျပာင္းလဲသြားရေတာ့သည္။

"ေ႐ႊကူေလ ဒီစိတ္ဒဏ္ရာေတြနဲ႕ပဲ တစ္သက္လုံးေနသြားရမယ္ထင္ပါတယ္ေလ.."

Words 4902
7.7.2023 8:45pm
တစ္ခါထဲေျပာပါ့မယ္ အပိုင္း ၅ ကစလို႔ က်န္တာက Paid gp မွာတင္ေပးမွာပါေနာ္။
ဝင္ေၾကးေလးက အမ်ားႀကီးမဟုတ္ပါဘူး 500 1000 1500 2000 2500ကစလို႔ 5000 10000ထိ တတ္နိုင္သေလာက္နဲ႕ဝင္လို႔ရပါတယ္ေနာ္။

WavePay - 09983521528
KayPay - 09973860994

အကုန္လုံးခက္ခဲေနတဲ့အခ်ိန္မို႔ မတတ္နိုင္ေပမယ့္ ေ႐ႊကူတို႔ကိုဖတ္ခ်င္ပါတယ္ဆိုရင္လဲ cb ကိုလာေျပာပါေနာ္။ လာေျပာသမွ်အကုန္ free ထည့္ေပးမွာပါ။

အကုန္ cb လာခဲ့ပါေနာ္ gp link ေပးပါ့မယ္။ ဝင္ေၾကးေပးတဲ့လူေလးေတြက Screenshot ေလးေတာ့ျပေပးပါေနာ္။

Continue Reading

You'll Also Like

639K 32.8K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
394K 15.9K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
4.5M 354K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...