Unicode
"Yeolအရင်ပြန်ရင် ပြန်နှင့်လေ ငါက ဦးလေးဂင်မ်ဆီ ဂုံးတွေ သွားပို့အုံးမယ်"
"အွန်း ဒါဆို ပစ္စည်းတွေ ပေးလိုက် ပြန်မှ ကိုယ့်အိမ်ဝင်ယူလေ "
"အွန်း "
လိုက်သွားချင်ပင်မယ့် ပင်လယ်လေရဲ့ အထိအတွေ့ကို နေသားမကျသောကြောင့် လူက အနည်းငယ် အအေးပတ်ချင်နေသည်မို့ ပြန်ဖို့ဘဲ ဆုံးဖြတ်လိူက်သည်။
အိမ်ရောက်တော့ အိမ်ရှေ့မှာ ငုတ်တူတ်ထိုင်နေတဲ့ Kaiကို တွေ့လိုက်ရသည်။မျက်နှာကလဲ ဆူပုတ်လို့....သူ့ကို မြင်တော့ မျက်နှာလေး ဝင်းသွားသလိုပင်....
"Chanyeolငါစောင့်နေတာ ကြာပြီ မင်းကို အကူညီလေး တောင်းစရာရှိလို့"
"အင်း အိမ်ထဲ ဝင်လေ"
Chanyeol လောကွက်အရသာ ပြောလိုက်တာ Kaiက သူ့လက်ထဲက သော့ကို ယူပြီးအိမ်ထဲ ရောက်သွားပြီ။
Kyungsooလိုလူမျိုးနဲ့ Kaiမတည့်တာ မဆန်းတော့ပေ။
"Kai အကူညီတောင်းမယ် ဆိုတာက"
"ဟို...ဟိုလေ...Kyungsooဆီ ဖုန်းဆက်ပေးပါလား"
"ဟင်...Kai တစ်ခုခုများ ဖြစ်လို့လား"
သူပြောတော့ Kaiက သက်ပြင်းချသည်။
"သူငါ့ကို စိတ်ဆိုးသွားလို့ကွ.....အဲ့တာ စိတ်ထဲ ခုလု ခုလု ဖြစ်နေလို့ သူ့ကို ပြန်ချော့ရင်များ နေလို့ ကောင်းသွားမလားလို့"
Chanyeolဘုရားတမိလိုက်သည်။Kaiက နယ်ဘက်ကမို့ စကားပြော ပွင့်လင်းသည်။သူပြောသည့် စကားကို သူနားလည်သည့်ပုံမပေါ်....ဘယ်နှယ့် ရည်းစားတွေ ရန်ဖြစ်သလို ကြီး ပြောနေတယ်...
"သူ့ကို မင်းက ဘာလုပ်လိုက်လို့ သူကစိတ်ဆိုးသွားရတာလဲ"
"သူမပြန်ခင်က ရေညှိတွေ လာဝယ်ရင်း ငါနဲ့တွေ့တာ အဲ့မှာ ငါကိုက်လိုက်မိတာ သူ့ပါးကို.."
Chanyeol ပြောစရာ စကားပင် ပျောက်သွားသည်။
ဘယ်လိုဖြစ်လို့ Kyungsooပါးကို သွားကိုက်ရတာလဲ...
"ငါကြည့်ရင်း အသဲယားလာလို့ ကိုက်လိုက်မိတာ အဲ့တာ ငါ့ကိ စိတ်ဆိုးသွားတာ"
သူအတွေးကို သိနေသည့်အလား Kaiက ဖြေရှင်းချက် ထပ်ပေးသည်။အဲ့နေ့က ရေညှိထုပ်တွေနဲ့ မျက်နှာကြီး နီရဲစွာ ပြန်ရောက်လာတဲ့ Kyungsooမျက်နှာကို ပြန်မြင်ယောင်ကာ ရယ်ချင်လာသည်။သူတွေးမိတာ နေမကောင်းလို့ မျက်နှာနီနေသည် ထင်လို့ ဆေးပင်တိုက်လိုက်သေးသည်။
"အေးပါ ငါဆက်ပေးမယ် "
Kyungsooကို ဖုန်းဆက်တော့ တော်တော်နဲ့ မကိုင်ပေ။၃ခါလောက်ခေါ်မှ ကိုင်တော့သည်။
"Hello Kyungsoo"
"sorry Chanyeol ငါ roundလှည့်နေလို့ ဖုန်းမယူသွားမိဘူး"
"အာ...ရတယ် ဟို.."
သူဆက်ပြောမယ့် အချိန်မှာဘဲ Kaiက ဖုန်းလုသွားသည်။
"Kyungsoo yarr... ငါKaiပါ ငါမင်း ပါးကို ကိုက်မိလိုက်တာ စိတ်ဆိုးသွားတာလားဟင် ....ကြည့်ရင်း အသဲယားလို့ ကိုက်မိတာပါ နော် ....စိတ်မဆိုးပါနဲ့နော်.....ငါ့ကို နှာဘူးလို့ မထင်ပါနဲ့နော်.....ငါ ကောင်မလေးတွေကို စွေလို့တောင် ကြည့်ဖူးတာ မဟုတ်ဘူး ....မှန်တာပြောရင် ဟို ...ဟို"
"စိတ်လဲ မဆိုးဘူး ကျိန်လဲမကျိန်နဲ့ မင်းနဲ့ငါလဲ ဘာမှမဆိုင်ဘူး....."
"Kyungsooကလဲ "
"ချီးလား Park Chanyeol မင်းသေဖို့ ပြင်ထား ဒီငမဲကောင်ကို ဖုန်းဆက်ပေးတယ်ပေါ့ အေး မင်းနဲ့ငါတွေ့မယ်"
မြှားဦးက Chanyeolဆီ လှည့်လာသည်။Chanyeolကတော့ ခေါင်းသာ ခါမိသည်။ဘယ်လိုတောင် ကြာင်နဲ့ ကြွက်လဲ....
"Chanyeol ဖုန်းချသွားပြီ"
Kaiက ငိုမဲ့မဲ့နဲ့ ဖုန်းလာပေးသည်။
"တွေးမနေနဲ့ Kyungsooက အဲ့လိုဘဲ လူပုသလို စိတ်ကလဲ မရှည်ဘူး ....နောက်ပိုင်း ရင်းနှီးသွားမှာပါ"
"အင်း ...ငါသွားပြီ ကျေးဇူးနော် Chanyeol"
Kaiပြန်ပြီး ခဏကြာတော့ Beakပြန်ရောက်လာသည်။လက်ထဲလဲ ဗူးတွေနဲ့.....
"Beak ဘာဗူးတွေလဲ"
"ဟီးး ဆန်အရက်တွေလေ ဦးလေးကင်မ် ပေးလိုက်တာ "
"အော် ဒါနဲ့ Beak ကိုယ် အိမ်လိုက်ခဲ့လို့ ရမလား "
"ဟင် အင်း ရတယ်လေ "
Beakအိမ်ရောက်တော့ အဖွားက ဝမ်းသာ အားရ ကြိုဆိုသည်။
"အဖွားကလဲ စောင်တွေ သားလျှော်ပါမယ်ဆို"
"စိမ်ထားတာပါ "
"လိမ္မာလိုက်တာ Yeol အဖွားနဲ့ နေအုံး ငါ စောင်တွေ သွားလျှော်အုံးမယ်"
အဖွားရှေ့ Yeolလို့ ခေါ်မိပြီး Beak ရှက်သွားပြီ အမြန်ထွက်လာလိုက်သည်။သူလဲ အခုတလော အကုန်လုံးကို ရှက်နေတော့တာဘဲ။
"ကိုယ်လဲ ဝိုင်းကူမယ်လေ "
Yeolက အနောက်ကလိုက်လာပြီး စောင်လျှော်တာ ဝိုင်းကူပေးသည်။
စောင်တွေးစိမ်ထားတဲ့ ဇလုံကြီးထဲ နှစ်ယောက်ဝင်ကာ ခြေထောက်တွေနဲ့ နင်းကြတာမို့ အနည်းငယ်တော့ ရင်ခုန်ဖို့ ကောင်းသည်။
"Beak ကိုယ် ဒီလို စောင်လျှော်ဖူးတာ ပထမဆုံးဘဲ ပြီးတေည့ တခြားလူ အိမ်ကို လိုက်ဖို့ ခွင့်တောင်းတာရော"
Yeolစကားကြောင့် မော့ကြည့်လိုက်သည်။
အကြည့်စူးစူးတွေကြောင့် ယောင်နနနဲ့ အနောက်ဆုတ်မိတော့
ခြေထောက်လိမ်ပြီး လဲတော့မလို ဖြစ်သွားသည်။ဒါပင်မယ့် Yeolက သူ့ခါးကို လက်တစ်ဖက်နဲ့ ဖက်ကာ ဖမ်းပေးထားသည်။
Beakhyun တံထွေးမျိုချမိသည်။ဒီအခြေအနေကြိးက ရုပ်ရှင်ကားတွေထဲက မင်းသားနဲ့ မင်းသမီး ဇာတ်ဝင်ခန်းမလား.....
Yeolက သူ့ခါးကို ပြန်မတ်ပေးပြီး သူ့ပခုံးနှစ်ဖက်ကို ကိုင်ထားသည်။
"အဆင်ပြေရဲ့လား"
"ဟင် .... .အင်း ပြောတယ်"
စောင်တွေ လျှော်လို့ ပြီးတော့ တန်းမှာ လှနိးကြသည်။Beakhyunအရပ်ကြောင့် စောင်သာ သယ်ပေးလထုက်သည်။မမှီတာမဟုတ်ပင်မယ့် Yeolအရပ်က ပိုမြင့်တာမို့ အဆင်ပြေပြေ ပိုလှန်းနိုင်မယ် မဟုတ်လား.....
အားလုံးပြီးသွားတော့ အဖွားချက်ပေးထားတဲ့ ထမင်းကို စားကြသည်။ဆန်အရက်လေးကလဲ မပါမဖြစ်ပေါ့။
Chanyeol ထမင်းဝိုင်းလေးကို သဘောကျမိသည်။
ဒီနေရာလေးကိုရော ဒီမိသားစုလေးကိုရော သဘောကျသည်။တိုးဝင်ချင်သည်။ဒီလိုလေး အေးအေးချမ်းချမ်းလေး နေချင်မိသည်။Beakရဲ့ အပြုံးတွေလဲ ရှိသလို ဒီရပ်ဝန်းလေးက သိပ်နွေးထွေးသည်။အချိန်လေးတွေ ရပ်တန့်ထားချင်မိသည်။
~~~~~~~~~~~~~~~~~~
"Kyungsooကို သေချာ စောင့်ကြည့်ထား ....သူကတော့ Chanyeolရှိတဲ့နေရာ သိမှာကျိန်းသေတယ်"
"ဟုတ်ကဲ့"
အားလုံး ထွက်သွားတော့မှ Parkသခင်ကြီး ထိုင်ခုံကို မှီချလိုက်သည်။
"Park Chanyeol ....မင်းက ငါ့လက်အောက်က ရုန်းထွက်ချင်တယ်ပေါ့ ....မင်းနာမည်ကိုက Park Chanyeolလေ Parkမျိုးနွယ်ဘဲ ဘယ်တော့မှ ငါ့လက်အောက်က ရုန်းထွက်လို့မရဘူး......ထွက်ပြေးရုံနဲ့ လွတ်ပြီ ထင်နေတာလား......ငါက မရရအောင် ပြန်ရှာပြမယ်!!!!"
"အကိုကြီးးး"
အခန်းထဲ ဝင်လာတဲ့ ခေတ်ဆန်တဲ့ အမျိုးသမီးကြောင့် Parkသခင်ကြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ့စားပွဲခုံပေါ် တတ်ထိုက်သည့် ထိုအမျိုးသမီးကို စိတ်ပျက်သလို ကြည့်လိုက်သည်။
"ဘာကိစ္စလဲ"
"အကိုကြီးကလဲ သားလေးကို စိတ်ပူလို့ လာမေးတာ မတွေ့သေးဘူးလားဟင်"
"မင်းစိတ်ပူစရာမလိုဘူး "
"ဒီကောင်လေးကလဲ အတော်ဆိုးတာဘဲ အဖေဖြစ်သူက ကောင်းစေချင်လို့ကို .....အောက်ဘဲ ဆင်းချင်နေတယ် သူ့အမေနဲ့ တူလို့များလား"
ဒုန်းးးးးး
ခုံကို ထုချလိုက်တဲ့ Parkသခင်ကြိးကြောင့် ထိုအမျိုးသမီး တုန်သွားသည်။
"မင်းစောက်ဆင့်နဲ့ ဘယ်သူကို ပြောနေတာလဲ.....မင်းသိထားဖို့တစ်ခု မလွှဲသာ မရှောင်နိုင်တဲ့ အခြေအနေကြောင့်သာ မင်းကို ငါ့အိမ်ခေါ်တင်ထားတာ.....မင်းမှာ ငါ့မိန်းမနဲ့ ငါ့သားကို ထိခွင့်မရှိဘူး....ပြောခွင့်လဲ မရှိဘူး.....မင်းပြောနေတဲ့ လူက Parkသခင်မဆိုတာ သတိရ....ပြီးတော့ ငါသားအပေါ် မင်းလုပ်ရပ်တွေ ငါမသိဘူး ထင်မနေနဲ့ သတိထားနေ!!!!"
အခန်းထဲက ထွက်သွားတဲ့ Parkသခင်ကြီးကြောင့် ထိုအမျိူးသမီး ဒေါသတွေ ထွက်ကာ ကျန်ခဲ့သည်။စားပွဲခုံပေါ်က ဓာတ်ပုံထဲက အမျိုးသမီးကို မုန်းတီးစွာ ကြည့်လိုက်သည်။
"တောက်စ် ဟားးးငါက Parkစံအိမ်ရဲ့ သခင်မ ဖြစ်ကို ဖြစ်လာရမယ် Parkစံအိမ်ရဲ့ သခင်မက ငါပဲဟားးးး"
_-_-_-_--_=_-_--__-_--_-_-_-_-_--_-_-_-_-_-_-_
Zawgyi
"Yeolအရင္ျပန္ရင္ ျပန္နွင့္ေလ ငါက ဦးေလးဂင္မ္ဆီ ဂံုးေတြ သြားပို႔အံုးမယ္"
"အြန္း ဒါဆို ပစၥည္းေတြ ေပးလိုက္ ျပန္မွ ကိုယ့္အိမ္ဝင္ယူေလ "
"အြန္း "
လိုက္သြားခ်င္ပင္မယ့္ ပင္လယ္ေလရဲ႕ အထိအေတြ႕ကို ေနသားမက်ေသာေၾကာင့္ လူက အနည္းငယ္ အေအးပတ္ခ်င္ေနသည္မို႔ ျပန္ဖို႔ဘဲ ဆံုးျဖတ္လိူက္သည္။
အိမ္ေရာက္ေတာ့ အိမ္ေရွ႕မွာ ငုတ္တူတ္ထိုင္ေနတဲ့ Kaiကို ေတြ႕လိုက္ရသည္။မ်က္နွာကလဲ ဆူပုတ္လို႔....သူ႔ကို ျမင္ေတာ့ မ်က္နွာေလး ဝင္းသြားသလိုပင္....
"Chanyeolငါေစာင့္ေနတာ ၾကာၿပီ မင္းကို အကူညီေလး ေတာင္းစရာရွိလို႔"
"အင္း အိမ္ထဲ ဝင္ေလ"
Chanyeol ေလာကြက္အရသာ ေျပာလိုက္တာ Kaiက သူ႔လက္ထဲက ေသာ့ကို ယူၿပီးအိမ္ထဲ ေရာက္သြားၿပီ။
Kyungsooလိုလူမ်ိဳးနဲ႔ Kaiမတည့္တာ မဆန္းေတာ့ေပ။
"Kai အကူညီေတာင္းမယ္ ဆိုတာက"
"ဟို...ဟိုေလ...Kyungsooဆီ ဖုန္းဆက္ေပးပါလား"
"ဟင္...Kai တစ္ခုခုမ်ား ျဖစ္လို႔လား"
သူေျပာေတာ့ Kaiက သက္ျပင္းခ်သည္။
"သူငါ့ကို စိတ္ဆိုးသြားလို႔ကြ.....အဲ့တာ စိတ္ထဲ ခုလု ခုလု ျဖစ္ေနလို႔ သူ႔ကို ျပန္ေခ်ာ့ရင္မ်ား ေနလို႔ ေကာင္းသြားမလားလို႔"
Chanyeolဘုရားတမိလိုက္သည္။Kaiက နယ္ဘက္ကမို႔ စကားေျပာ ပြင့္လင္းသည္။သူေျပာသည့္ စကားကို သူနားလည္သည့္ပံုမေပၚ....ဘယ္နွယ့္ ရည္းစားေတြ ရန္ျဖစ္သလို ႀကီး ေျပာေနတယ္...
"သူ႔ကို မင္းက ဘာလုပ္လိုက္လို႔ သူကစိတ္ဆိုးသြားရတာလဲ"
"သူမျပန္ခင္က ေရညိွေတြ လာဝယ္ရင္း ငါနဲ႔ေတြ႕တာ အဲ့မွာ ငါကိုက္လိုက္မိတာ သူ႔ပါးကို.."
Chanyeol ေျပာစရာ စကားပင္ ေပ်ာက္သြားသည္။
ဘယ္လိုျဖစ္လို႔ Kyungsooပါးကို သြားကုိက္ရတာလဲ...
"ငါၾကည့္ရင္း အသဲယားလာလို႔ ကိုက္လိုက္မိတာ အဲ့တာ ငါ့ကိ စိတ္ဆိုးသြားတာ"
သူအေတြးကို သိေနသည့္အလား Kaiက ေျဖရွင္းခ်က္ ထပ္ေပးသည္။အဲ့ေန႔က ေရညိွထုပ္ေတြနဲ႔ မ်က္နွာႀကီး နီရဲစြာ ျပန္ေရာက္လာတဲ့ Kyungsooမ်က္နွာကို ျပန္ျမင္ေယာင္ကာ ရယ္ခ်င္လာသည္။သူေတြးမိတာ ေနမေကာင္းလို႔ မ်က္နွာနီေနသည္ ထင္လို႔ ေဆးပင္တိုက္လိုက္ေသးသည္။
"ေအးပါ ငါဆက္ေပးမယ္ "
Kyungsooကို ဖုန္းဆက္ေတာ့ ေတာ္ေတာ္နဲ႔ မကိုင္ေပ။၃ခါေလာက္ေခၚမွ ကိုင္ေတာ့သည္။
"Hello Kyungsoo"
"sorry Chanyeol ငါ roundလွည့္ေနလို႔ ဖုန္းမယူသြားမိဘူး"
"အာ...ရတယ္ ဟို.."
သူဆက္ေျပာမယ့္ အခ်ိန္မွာဘဲ Kaiက ဖုန္းလုသြားသည္။
"Kyungsoo yarr... ငါKaiပါ ငါမင္း ပါးကို ကိုက္မိလိုက္တာ စိတ္ဆိုးသြားတာလားဟင္ ....ၾကည့္ရင္း အသဲယားလို႔ ကိုက္မိတာပါ ေနာ္ ....စိတ္မဆိုးပါနဲ႔ေနာ္.....ငါ့ကို နွာဘူးလို႔ မထင္ပါနဲ႔ေနာ္.....ငါ ေကာင္မေလးေတြကို ေစြလို႔ေတာင္ ၾကည့္ဖူးတာ မဟုတ္ဘူး ....မွန္တာေျပာရင္ ဟို ...ဟို"
"စိတ္လဲ မဆိုးဘူး က်ိန္လဲမက်ိန္နဲ႔ မင္းနဲ႔ငါလဲ ဘာမွမဆိုင္ဘူး....."
"Kyungsooကလဲ "
"ခ်ီးလား Park Chanyeol မင္းေသဖို႔ ျပင္ထား ဒီငမဲေကာင္ကို ဖုန္းဆက္ေပးတယ္ေပါ့ ေအး မင္းနဲ႔ငါေတြ႕မယ္"
ျမႇားဦးက Chanyeolဆီ လွည့္လာသည္။Chanyeolကေတာ့ ေခါင္းသာ ခါမိသည္။ဘယ္လိုေတာင္ ၾကာင္နဲ႔ ႂကြက္လဲ....
"Chanyeol ဖုန္းခ်သြားၿပီ"
Kaiက ငိုမဲ့မဲ့နဲ႔ ဖုန္းလာေပးသည္။
"ေတြးမေနနဲ႔ Kyungsooက အဲ့လိုဘဲ လူပုသလို စိတ္ကလဲ မရွည္ဘူး ....ေနာက္ပိုင္း ရင္းနွီးသြားမွာပါ"
"အင္း ...ငါသြားၿပီ ေက်းဇူးေနာ္ Chanyeol"
Kaiျပန္ၿပီး ခဏၾကာေတာ့ Beakျပန္ေရာက္လာသည္။လက္ထဲလဲ ဗူးေတြနဲ႔.....
"Beak ဘာဗူးေတြလဲ"
"ဟီးး ဆန္အရက္ေတြေလ ဦးေလးကင္မ္ ေပးလိုက္တာ "
"ေအာ္ ဒါနဲ႔ Beak ကိုယ္ အိမ္လိုက္ခဲ့လို႔ ရမလား "
"ဟင္ အင္း ရတယ္ေလ "
Beakအိမ္ေရာက္ေတာ့ အဖြားက ဝမ္းသာ အားရ ႀကိဳဆိုသည္။
"အဖြားကလဲ ေစာင္ေတြ သားေလ်ွာ္ပါမယ္ဆို"
"စိမ္ထားတာပါ "
"လိမၼာလိုက္တာ Yeol အဖြားနဲ႔ ေနအံုး ငါ ေစာင္ေတြ သြားေလ်ွာ္အံုးမယ္"
အဖြားေရွ႕ Yeolလို႔ ေခၚမိၿပီး Beak ရွက္သြားၿပီ အျမန္ထြက္လာလိုက္သည္။သူလဲ အခုတေလာ အကုန္လံုးကို ရွက္ေနေတာ့တာဘဲ။
"ကုိယ္လဲ ဝိုင္းကူမယ္ေလ "
Yeolက အေနာက္ကလိုက္လာၿပီး ေစာင္ေလ်ွာ္တာ ဝိုင္းကူေပးသည္။
ေစာင္ေတြးစိမ္ထားတဲ့ ဇလံုႀကီးထဲ နွစ္ေယာက္ဝင္ကာ ေျခေထာက္ေတြနဲ႔ နင္းၾကတာမို႔ အနည္းငယ္ေတာ့ ရင္ခုန္ဖို႔ ေကာင္းသည္။
"Beak ကိုယ္ ဒီလို ေစာင္ေလ်ွာ္ဖူးတာ ပထမဆံုးဘဲ ၿပီးေတည့ တျခားလူ အိမ္ကို လိုက္ဖို႔ ခြင့္ေတာင္းတာေရာ"
Yeolစကားေၾကာင့္ ေမာ့ၾကည့္လိုက္သည္။
အၾကည့္စူးစူးေတြေၾကာင့္ ေယာင္နနနဲ႔ အေနာက္ဆုတ္မိေတာ့
ေျခေထာက္လိမ္ၿပီး လဲေတာ့မလို ျဖစ္သြားသည္။ဒါပင္မယ့္ Yeolက သူ႔ခါးကို လက္တစ္ဖက္နဲ႔ ဖက္ကာ ဖမ္းေပးထားသည္။
Beakhyun တံေထြးမ်ိဳခ်မိသည္။ဒီအေျခအေနႀကိးက ရုပ္ရွင္ကားေတြထဲက မင္းသားနဲ႔ မင္းသမီး ဇာတ္ဝင္ခန္းမလား.....
Yeolက သူ႔ခါးကို ျပန္မတ္ေပးၿပီး သူ႔ပခံုးနွစ္ဖက္ကို ကိုင္ထားသည္။
"အဆင္ေျပရဲ႕လား"
"ဟင္ .... .အင္း ေျပာတယ္"
ေစာင္ေတြ ေလ်ွာ္လို႔ ၿပီးေတာ့ တန္းမွာ လွနိးၾကသည္။Beakhyunအရပ္ေၾကာင့္ ေစာင္သာ သယ္ေပးလထုက္သည္။မမွီတာမဟုတ္ပင္မယ့္ Yeolအရပ္က ပိုျမင့္တာမို႔ အဆင္ေျပေျပ ပိုလွန္းနိုင္မယ္ မဟုတ္လား.....
အားလံုးၿပီးသြားေတာ့ အဖြားခ်က္ေပးထားတဲ့ ထမင္းကို စားၾကသည္။ဆန္အရက္ေလးကလဲ မပါမျဖစ္ေပါ့။
Chanyeol ထမင္းဝိုင္းေလးကို သေဘာက်မိသည္။
ဒီေနရာေလးကိုေရာ ဒီမိသားစုေလးကိုေရာ သေဘာက်သည္။တိုးဝင္ခ်င္သည္။ဒီလိုေလး ေအးေအးခ်မ္းခ်မ္းေလး ေနခ်င္မိသည္။Beakရဲ႕ အၿပံဳးေတြလဲ ရွိသလို ဒီရပ္ဝန္းေလးက သိပ္ေႏြးေထြးသည္။အခ်ိန္ေလးေတြ ရပ္တန္႔ထားခ်င္မိသည္။
~~~~~~~~~~~~~~~~~~
"Kyungsooကို ေသခ်ာ ေစာင့္ၾကည့္ထား ....သူကေတာ့ Chanyeolရွိတဲ့ေနရာ သိမွာက်ိန္းေသတယ္"
"ဟုတ္ကဲ့"
အားလံုး ထြက္သြားေတာ့မွ Parkသခင္ႀကီး ထိုင္ခံုကို မွီခ်လိုက္သည္။
"Park Chanyeol ....မင္းက ငါ့လက္ေအာက္က ရုန္းထြက္ခ်င္တယ္ေပါ့ ....မင္းနာမည္ကိုက Park Chanyeolေလ Parkမ်ိဳးႏြယ္ဘဲ ဘယ္ေတာ့မွ ငါ့လက္ေအာက္က ရုန္းထြက္လို႔မရဘူး......ထြက္ေျပးရုံနဲ႔ လြတ္ၿပီ ထင္ေနတာလား......ငါက မရရေအာင္ ျပန္ရွာျပမယ္!!!!"
"အကိုႀကီးးး"
အခန္းထဲ ဝင္လာတဲ့ ေခတ္ဆန္တဲ့ အမ်ိဳးသမီးေၾကာင့္ Parkသခင္ႀကီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူ႔စားပြဲခံုေပၚ တတ္ထိုက္သည့္ ထိုအမ်ိဳးသမီးကို စိတ္ပ်က္သလို ၾကည့္လိုက္သည္။
"ဘာကိစၥလဲ"
"အကိုႀကီးကလဲ သားေလးကို စိတ္ပူလို႔ လာေမးတာ မေတြ႕ေသးဘူးလားဟင္"
"မင္းစိတ္ပူစရာမလိုဘူး "
"ဒီေကာင္ေလးကလဲ အေတာ္ဆိုးတာဘဲ အေဖျဖစ္သူက ေကာင္းေစခ်င္လို႔ကို .....ေအာက္ဘဲ ဆင္းခ်င္ေနတယ္ သူ႔အေမနဲ႔ တူလို႔မ်ားလား"
ဒုန္းးးးးး
ခံုကို ထုခ်လိုက္တဲ့ Parkသခင္ႀကိးေၾကာင့္ ထိုအမ်ိဳးသမီး တုန္သြားသည္။
"မင္းေစာက္ဆင့္နဲ႔ ဘယ္သူကို ေျပာေနတာလဲ.....မင္းသိထားဖို႔တစ္ခု မလြဲွသာ မေရွာင္နိုင္တဲ့ အေျခအေနေၾကာင့္သာ မင္းကို ငါ့အိမ္ေခၚတင္ထားတာ.....မင္းမွာ ငါ့မိန္းမနဲ႔ ငါ့သားကို ထိခြင့္မရွိဘူး....ေျပာခြင့္လဲ မရွိဘူး.....မင္းေျပာေနတဲ့ လူက Parkသခင္မဆိုတာ သတိရ....ၿပီးေတာ့ ငါသားအေပၚ မင္းလုပ္ရပ္ေတြ ငါမသိဘူး ထင္မေနနဲ႔ သတိထားေန!!!!"
အခန္းထဲက ထြက္သြားတဲ့ Parkသခင္ႀကီးေၾကာင့္ ထိုအမ်ိဴးသမီး ေဒါသေတြ ထြက္ကာ က်န္ခဲ့သည္။စားပြဲခံုေပၚက ဓာတ္ပံုထဲက အမ်ိဳးသမီးကို မုန္းတီးစြာ ၾကည့္လိုက္သည္။
"ေတာက္စ္ ဟားးးငါက Parkစံအိမ္ရဲ႕ သခင္မ ျဖစ္ကို ျဖစ္လာရမယ္ Parkစံအိမ္ရဲ႕ သခင္မက ငါပဲဟားးးး"
-_--_-_-_-_-_-_-_-_-_-_---_-__--_---_-_-__--_-_