အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

211K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

224

2.2K 507 78
By Melinoe_Megami

Unicode

ခြူးမုယွင်မှာ တခဏမျှ ကြောင်အမ်းသွားရ၏။ ဒါပေါ့၊ အခြေအနေအရ အံ့ဩပြရမည်ပင်၊ သို့သော် ရိုးရိုးသားသားဆိုရလျှင် သူ တကယ့်ကို အံ့အားသင့်သွားရသည်။

ဘာလို့လဲဆိုတော့ မော့ကျိုးရှောင် ပြောနေတဲ့ကိစ္စ သူကိုယ်တိုင်တောင် မသိလို့လေ..!

သူက မော့ကျိုးရှောင်ကို လိမ်ညာလှည့်စားပြီး လက်စားချေခဲ့ရုံတင်မကဘူး၊ အစားထိုးအဖြစ်ပါ အသုံးပြုခဲ့မိတယ်တဲ့လား..?

အဟွတ်.. အဟွတ်.. သူက အဲ့လောက်တောင် လူယုတ်မာဆန်သွားတာလား..? ဒါမှမဟုတ် ဒီငါးဆားနူကောင်က ငါးဆားနူဆန်ဆန်ပဲ တွေးတောနေလို့များလား..?

ဘာပဲပြောပြော မာနအရှင်သခင်ဆိုတာ ငါးဆားနူတွေထဲကမှ တကယ့်ငါးဆားနူကောင်လေ..!

(TN : ငါးဆားနူ means လူယုတ်မာကောင်၊ Red flag တွေကို ရည်ညွှန်းတာပါ။)

တကယ်တော့ ခြူးမုယွင်သည် မော့ကျိုးရှောင်၏ လက်ထဲ တမင်တကာ အဖမ်းခံလိုက်ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မော့ကျိုးရှောင်နှင့် အတူရှိနေပါက ရန်ချန်း (မနာလိုခြင်းအရှင်သခင်)အား ပစ်မှတ်ထားရန် ပိုမိုလွယ်ကူသောကြောင့်ပင်။ ထိုနှစ်ယောက်လုံး ရေခဲဝိဉာဉ်သားရဲအပေါ် ချစ်ကျွမ်းဝင်ခဲ့ကြသဖြင့် မော့ကျိုးရှောင်သာ သူ့ကို ပြန်ဝင်စားလာသော ရေခဲဝိဉာဉ်သားရဲလေးအဖြစ် အသိအမှတ်ပြုခဲ့လျှင် ရန်ချန်းလည်း ထိုထောင်ချောက်ထဲ အလိုလို သက်ဆင်းလာပေလိမ့်မည်။

အရာအားလုံး အဆင်ပြေနေသော်လည်း လက်ရှိအခက်အခဲကား မော့ကျိုးရှောင်ကို ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စလေးပင်။

သေချာပေါက် ထိုင်ပြီးစကားပြောနေရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်၊ မော့ကျိုးရှောင်၏ စိတ်ထဲတွင် သူ့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်ချင်နေလောက်မည်။

အဲ့တော့ ဆက်ပြီးလှည့်စားသင့်လား..? နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပေမယ့် မတတ်နိုင်ဘူးလေ။ ဘယ်သူက သူ့ကို ပေါက်ကရတွေ လျှောက်တွေးဖို့ ပြောထားလို့လဲ..?

ခြူးမုယွင်သည် စက္ကန့်ပိုင်းအတွင်း စိတ်ပြင်ဆင်လိုက်၏။ ပြီးနောက် နက်ရှိုင်းစွာသော အမုန်းတရားများကြား လှောင်ပြောင်ခနဲ့လိုဟန်ဖြင့် အေးတိအေးစက် ပြောလိုက်သည်။

“သိပြီးသားတွေကို ဘာလို့ မေးနေသေးတာလဲ..?”

ဤကား ဝန်ခံချက်တစ်ခု။

ရှန်ယွင်နှင့် ခြူးမုယွင်က တစ်ယောက်တည်းမှန်း သိလိုက်ရသည့် အချိန်ကတည်းက မော့ကျိုးရှောင်၏ အတွင်းစိတ်ထဲတွင် ထိုမေးခွန်းသာ ကြီးစိုးနေပြီး သူ့အား နေ့နေ့ညည ခြောက်လှန့်နေခဲ့၏။ ထိုမေးခွန်း၏ အဖြေကို မသိချင်သလို ကြားလည်း မကြားချင်ခဲ့ပေ။ ရလဒ်က မည်သို့ဖြစ်လာပါစေ၊ သူ ခြူးမုယွင်ကို အလွတ်ပေးနိုင်တော့မည် မဟုတ်ပေ။

သို့သော် တစ်ဖက်လူ၏ ဝန်ခံစကားကို ကြားလိုက်ရသည့်အခိုက်… သူ၏စိတ်ထဲ သက်သာရာမရသည့်အပြင် ရင်ဘတ်ထဲတွင် မီးတောက်ကြီးတစ်ခု ဟုန်းဟုန်းတောက်လာရ၏။ ယင်းကား အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးပစ်နိုင်သည့် အလွန်ပြင်းထန်သော ဒေါသမီးလျှံများ…

သူ လက်မြှောက်လိုက်သည်။ လက်ဖဝါးဖြူဖြူက ခြူးမုယွင်၏ လည်တိုင်ကို ဖျစ်ညှစ်ထားပြီး ငွေရောင်မျက်ဝန်းများဟာ မှိုင်းညှို့နေခဲ့လေသည်။

“နောက်တစ်ခါ ပြန်ပြောစမ်း..”

ခြူးမုယွင်က အကြောက်အလန့်မရှိ၊ မော့ကျိုးရှောင်ကို ရဲရဲတင်းတင်း မော့ကြည့်ပစ်လိုက်သည်။ သူ၏ မျက်ဝန်းများဟာ သေခြင်းတရားကို မျှော်လင့်စောင့်စားနေသကဲ့သို့…

“ခင်ဗျားက ကျုပ်ဘဝကို ဖျက်ဆီးပစ်ခဲ့တာ.. မုန်းတယ်.. ခင်ဗျားကိုလည်း ကျုပ်နဲ့ထပ်တူ ခံစားစေချင်တယ်.. ခင်ဗျားကို………..”

မော့ကျိုးရှောင်က အေးတိအေးစက် ဖြတ်ပြောလာသည်။

“ထပ်ပြော… ငါ့ဘေးမှာနေပြီး ရှဲ့ချင်းလန်အကြောင်း တွေးနေခဲ့တာလား..?”

“ဟုတ်တယ်..!” ခြူးမုယွင်က မော့ကျိုးရှောင်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အတုံ့အဆိုင်းမရှိ ပြောပစ်လိုက်၏။ “သူ့အကြောင်းမတွေးရင် ခင်ဗျားနဲ့ ဘယ်လိုလုပ် လုပ်နိုင်မှာ……..”

“တော်တော့..!” မော့ကျိုးရှောင်၏ မျက်ဝန်းအိမ်ထဲတွင် လူသတ်ငွေ့များ ပြည့်လျှံလာခဲ့၏။

ခြူးမုယွင်က လုံးဝမကြောက်ပေ။ ဖြူဖျော့နေသော မျက်နှာဖြင့်သာ မော့ကျိုးရှောင်ကို စိုက်ကြည့်နေပြီး မျက်ဝန်းအိမ်ထဲတွင် အမုန်းတရားအပြည့်။ သို့သော် သေသေချာချာကြည့်လျှင် မျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာ၌ လွမ်းဆွေးစိတ်နှင့် နာကျင်မှုများ ကိန်းဝပ်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

အနှီခံစားချက်များကို နက်နက်ရှိုင်းရှိုင်း သိုဝှက်ထားရကား ဒေါသထွက်နေသော မော့ကျိုးရှောင်အဖို့ သတိပြုမိရန် ခဲယဉ်းခဲ့သည်။ သို့သော် အတွေးတစ်ချက်ကြောင့် မော့ကျိုးရှောင်က သတ်ဖြတ်မည့် အစီအစဉ်ကို လက်လျော့လိုက်၏။

“မင်းက ငါမင်းကို သတ်ပစ်အောင် တမင်လုပ်နေတာပဲ..”

ခြူးမုယွင်၏ နှုတ်ခမ်းများ အတန်ငယ် လှုပ်ရှားသွားသည်။ သို့သော် ပါးစပ်ကို တင်းတင်းစေ့ထားပြီး ဘာမှပြန်မပြောခဲ့ချေ။

မော့ကျိုးရှောင်က သူ့ကို စိုက်ကြည့်နေလေသည်။ အတော်ကြာမှ ရယ်သွမ်းသွေးရင်း.. “မင်း သေသွားရင် ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နေရာကို ရောက်သွားဦးမှာပဲ.. အဲ့တော့ ငါက မင်းကို ဘာလို့သေခွင့်ပေးရမှာလဲ..?”

ခြူးမုယွင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်ရိပ်များ ဖြတ်ပြေးသွား၏။

မော့ကျိုးရှောင်က ခြူးမုယွင်၏ နားရွက်နားကပ်ကာ နူးနူးညံ့ညံ့လေး ပြောလာသည်။

“မင်းကို သေရတာထက်ဆိုးတဲ့ ဘဝမျိုးရောက်အောင် လုပ်ပြမယ်..”

ခြူးမုယွင်၏ မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ပေ။ သူ၏ပုံစံက ရုတ်တရက် အားကုန်သလို ဖြစ်သွားပြီး.. “ကျုပ်ကို လွှတ်ပေး.. ခဏခဏ သေဖူးပြီးပြီမလို့ ဘာမှမကြောက်တတ်တော့ဘူး..”

မော့ကျိုးရှောင်က ခံစားချက်မဲ့စွာ စိုက်ကြည့်လာသည်။

“ဘာမှမကြောက်တော့ဘူး.. ဟုတ်လား..? ရှဲ့ချင်းလန်ဆိုရင်ရော ကြောက်တတ်မလား သိချင်မိပါရဲ့..?”

ခြူးမုယွင်က မော့ကျိုးရှောင်ကို ဆတ်ခနဲ မော့ကြည့်လိုက်သည်။

မော့ကျိုးရှောင်က နှာခေါင်းရှုံ့လိုက်ရင်း.. “မင်းရဲ့အချစ်လေး ဘယ်လိုနာကျင်ခံစားရမလဲဆိုတာ စောင့်ကြည့်နေလိုက်..!”

မော့ကျိုးရှောင် အံ့ဩသွားရသည်ကား ခြူးမုယွင်၏ မျက်လုံးထဲတွင် ကြောက်လန့်ရိပ်များ၊ စိုးရိမ်ပူပန်မှုများ လုံးဝပေါ်မလာခြင်းပင်။ သက်ဝင်လှုပ်ရှားမှု မရှိသလို တောက်ပမှုများ ကွယ်ပျောက်ကုန်သည်။ အမျက်ဒေါသ၊ စိုးရိမ်ပူပန်ခြင်း၊ အမုန်းတရားဟူ၍ လုံးဝမရှိတော့။ အရာအားလုံး လွင့်ပြယ်သွားသလိုပင်။

ခြူးမုယွင်က ဘာမှမပြောဘဲ ကျောက်ရုပ်တစ်ရုပ်လို မတ်တပ်ရပ်နေခဲ့သည်။

ထိုအခြင်းအရာကိုကြည့်ပြီး မော့ကျိုးရှောင်၏ နှလုံးခုန်သံက ရုတ်တရက် မြန်ဆန်လာတော့သည်။

ခြူးမုယွင်က သူ့ကို ထပ်မကြည့်တော့ပေ။ ထိုနေရာမှာသာ ဝိဉာဉ်မဲ့သူလို မတ်တပ်ရပ်နေခဲ့၏။

ထိုပုံစံလေးက မော့ကျိုးရှောင်ကို ချက်ချင်း စိတ်ငြိမ်သွားစေခဲ့သည်။ ဒေါသမီးလျှံအားလုံး ရေခဲရေဖြင့် ငြိမ်းသက်ခံလိုက်ရသလို၊ အနက်ရှိုင်းဆုံး စိတ်ဝိဉာဉ်မှ နာကျင်မှုတစ်ခု ပျံ့နှံ့လာခဲ့လေသည်။

ထိုခံစားချက်ကား ဖော်ပြ၍မရနိုင်အောင်ပင်။ ဘယ်အရာကိုမှ ဂရုမစိုက်တော့သလို ပြုမူနေသော အမျိုးသားကိုကြည့်ရင်း သူ၏ စိတ်ထဲ ကြောက်လန့်လာခဲ့သည်။

ထိုစဥ် ဖျောက်ဖျက်၍မရသော ဝေဝေဝါးဝါး ပုံရိပ်တချို့ပင် သူ၏စိတ်ထဲ ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။

-အဲ့တာ မင်းကိစ္စလေ။

-မင်းဖြစ်ချင်တဲ့အတိုင်း လိုက်လုပ်ပေးစရာ အကြောင်းမရှိဘူး။

-ငါ မင်းကို ဘာလုပ်ခိုင်းနေလဲဆိုတာ မင်းသိသင့်တယ်။

-မင်းကို အရမ်းစိတ်ပျက်တာပဲ။

ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသော စကားလုံးများ၊ အကုန်လုံးပေါင်းစု၍ အဓိပ္ပါယ်ဖော်ရန်လည်း မဖြစ်နိုင်ခဲ့ပေ။ သို့သော် အကြောက်တရားက သူ့ကို အနိုင်ယူသွားပြီး စိတ်အာရုံထဲ ဝင်ရောက်ကာ သူ၏ အသိစိတ်တစ်ခုလုံးကို သိမ်းပိုက်သွားတော့သည်။

မော့ကျိုးရှောင်က ခြူးမုယွင်ကို မော့ကြည့်လိုက်သည်။ တစ်ခဏလေးအတွင်း ခံစားချက်မဲ့သော တစ်ဖက်လူကို ရှင်းရှင်းလင်းလင်း မြင်လာမိသလို…

အရိုးထဲထိ စွဲထင်နေသော စိုးရိမ်ပူပန်စိတ်ကြောင့် လက်ချောင်းများပင် အတန်ငယ် တုန်ယင်လာရသည်အထိ။  သူ့အတွက် အလွန်အရေးကြီးသည့် တစ်စုံတစ်ရာကို လက်လွှတ်ဆုံးရှုံးရတော့မည့် ထိုခံစားချက်။ သို့သော် သူ ဘာမှမတတ်နိုင်ခဲ့ပေ။

မော့ကျိုးရှောင် အသိစိတ်ပြန်ဝင်လာချိန်တွင် ခြူးမုယွင်ကို ပွေ့ဖက်ထားပြီးချေပြီ။ သူ ဘာလုပ်လိုက်မိမှန်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။

ခြူးမုယွင်လည်း အံ့ဩသွားရသည်။ သူ သရုပ်ဆောင်နေသမျှက သံသယများလွန်းသည့် မော့ကျိုးရှောင်အတွက် အထူးတလည် ပြင်ဆင်ထားခြင်းပင်။ သူ၏ အပြုအမူများကြောင့် ထိုအမျိုးသား သူ့အပေါ် သံသယဝင်ပြီး သူပြောသမျှကို ယုံကြည်ပေးလိမ့်မည် မဟုတ်ပေ။ သို့သော် လက်ရှိအခြေအနေကြီးကတော့…

မော့ကျိုးရှောင် စိတ်ငြိမ်သွားချိန်တွင် သူ၏ နှလုံးသားထဲမှ ရှင်းပြရခက်သည့် ခံစားချက်များကို ဖိနှိပ်နိုင်ခဲ့သည်။ ထို့နောက် ညင်သာစွာ ပြောလာခဲ့သည်။

“ရှဲ့ချင်းလန်အတွက် တကယ်စဉ်းစားရင် မင်း ငါ့ကို ဒီလိုမျိုး ရန်စနေမှာမဟုတ်ဘူး..”

ခြူးမုယွင်၏ တစ်ကိုယ်လုံး တောင့်ခဲသွားသည်။

မော့ကျိုးရှောင်က လေသံဖျော့ဖျော့ဖြင့် နူးညံ့စွာ မေးလာသည်။ “ဘာလို့ မင်းကိုမုန်းအောင် လုပ်နေတာလဲ..?”

ထိုစကားကြောင့် ခြူးမုယွင်မှာ မထိန်းချုပ်နိုင်အောင် တုန်ယင်လာတော့သည်။

မော့ကျိုးရှောင်က သူ၏ ကျောပြင်ကို ညင်သာစွာ သပ်ပေးလိုက်ရင်း.. “ရှောင်ယွင်.. မင်းကိုယ့်ကို အရာအားလုံး ပြောပြပေးနိုင်မလား..?”

ခြူးမုယွင်က သက်ပြင်းဖွဖွချလိုက်သည်။ အကွက်ချရင်း အထင်လွဲမှုတချို့နှင့် မတော်တဆကိစ္စများ ဖြစ်ပျက်ခဲ့သော်ငြား ရလဒ်ကတော့ ကောင်းနေသေးသည့်ပုံပင်။

သို့သော် မော့ကျိုးရှောင်တွင် နောက်ထပ်လှည့်ကွက်တစ်ခု ရှိနေလိမ်မည်ဟု ခြူးမုယွင် မထင်ထားခဲ့ပေ။

သူက ခြူးမုယွင်ကို လွှတ်ပေးကာ လက်ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ဖဝါးပြင်ထက်တွင် ဆေးပုလင်းဖြစ်ဟန်တူသည့် အစိမ်းရောင် ပုလင်းငယ်လေးတစ်လုံး ပေါ်ထွက်လာခဲ့၏။ အထူးတလည် ဖန်တီးပြုလုပ်ထားသည့် ဆေးပုလင်းပုံစံကိုကြည့်ပြီး ထိုပုလင်းထဲမှ ဆေးလုံးများဟာ သာမာန်ထက်ထူးကဲသော အလွန်အဆင့်မြင့်သည့် ဆေးဝါးတစ်ခုခုမှန်း သိသာနေတော့သည်။

ခြူးမုယွင်တစ်ယောက် ရင်တုန်သွားသည်။

‘မှတ်ဉာဏ်ထွေးပြားခြင်း’ ဆေးလုံးလား..? မာနရေ.. ဘာလို့ဒီလောက် အလျင်လိုနေရတာတုန်းဟ..?

အရင်တစ်ခေါက်က အဲ့ဆေးစားမိလို့ Zero လေးခမျာ Version နိမ့်သွားရပြီးပြီ။ အခုလည်း….

သို့သော် ခြူးမုယွင် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် မော့ကျိုးရှောင်က သူ့ကို ဆေးကျွေးပြီးချေပြီ။ ထိုဆေးလုံးက လျာဖျားမှတဆင့် အတွင်းအင်္ဂါများသို့ စိမ့်ဝင်ပျံ့နှံ့သွားခဲ့၏။ ထိုအခါမှ တစ်ခုခုမှားယွင်းနေမှန်း ခြူးမုယွင် သတိထားမိလိုက်သည်။

ဒါက ‘မှတ်ဉာဏ်ထွေပြားခြင်း’ဆေးလုံး မဟုတ်ဘူးပဲ..!

“Zero လေး.. အကြွင်းမဲ့အသိစိတ်..!”

Version ပြန်ကျရန် အသင့်ဖြစ်နေသော Zero လေးလည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သို့သော် တစ်ခဏကြာပြီးနောက် ထိုဆေးလုံးက ‘မှတ်ဉာဏ်‌ထွေပြားခြင်း’ ဆေးလုံးမဟုတ်မှန်း သိရှိသွားခဲ့သည်။

ဘာကြီးလဲဟ..? မော့ကျိုးရှောင်က Host ကို ဘာကျွေးလိုက်တာလဲ..?

သိပ်မကြာခင်မှာပင် ခြူးမုယွင်တစ်ယောက် ထိုဆေးလုံးအကြောင်း သိလိုက်ရသည်။

မော့ကျိုးရှောင်က သူ့အား နူးညံ့ကြင်နာစွာ စိုက်ကြည့်လာပြီး.. “ကိုယ့်ကိုပြော.. မင်းက ဘယ်သူလဲ..?”

ခြူးမုယွင် : “………..”

စကားမပြောမိအောင် ထိန်းထားချင်သော်လည်း သူ၏အသံက ကိုယ်ပိုင်အသိစိတ်ရှိနေသလိုမျိုး ထွက်ပေါ်လာခဲ့လေသည်။

“ခြူးမုယွင်..”

……………………………………………….

TN : အားလုံးပဲ Meli အလုပ်ရသွားပါပြီ။ ဟီး.. Meli အတွက် ဂုဏ်ယူပေးကြမယ်ဟုတ် 😘

update အနေနဲ့တော့ ပုံမှန်ဆိုရင် နှစ်ရက်တစ်ပိုင်း တင်ပေးနေကြဆိုပေမယ့် အခုတော့ အခြေအနေပေါ်မူတည်ပြီး update ပိစိလေး ကြာနိုင်ပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက Complete ဖြစ်တဲ့အထိ တင်ပေးမှာပါ။ စခဲ့တဲ့အလုပ်တစ်ခုကို ပြီးပြတ်အောင် လုပ်သွားပေးမှာပါ။ အဲ့တစ်ခုတော့ ကတိပေးနိုင်တယ်။

Meli အားတုန်းက update မှန်ပေးခဲ့တယ်ဆိုတော့ အခု အပ်ပုဒိတ်နည်းနည်းကြာရင်လည်း နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ စကားမစပ် Click ရမယ်နော် 💜

……………………………………………….

Zawgyi

ျခဴးမုယြင္မွာ တခဏမွ် ေၾကာင္အမ္းသြားရ၏။ ဒါေပါ့၊ အေျခအေနအရ အံ့ဩျပရမည္ပင္၊ သို႔ေသာ္ ႐ိုး႐ိုးသားသားဆိုရလွ်င္ သူ တကယ့္ကို အံ့အားသင့္သြားရသည္။

ဘာလို႔လဲဆိုေတာ့ ေမာ့က်ိဳးေရွာင္ ေျပာေနတဲ့ကိစၥ သူကိုယ္တိုင္ေတာင္ မသိလို႔ေလ..!

သူက ေမာ့က်ိဳးေရွာင္ကို လိမ္ညာလွည့္စားၿပီး လက္စားေခ်ခဲ့႐ုံတင္မကဘူး၊ အစားထိုးအျဖစ္ပါ အသုံးျပဳခဲ့မိတယ္တဲ့လား..?

အဟြတ္.. အဟြတ္.. သူက အဲ့ေလာက္ေတာင္ လူယုတ္မာဆန္သြားတာလား..? ဒါမွမဟုတ္ ဒီငါးဆားႏူေကာင္က ငါးဆားႏူဆန္ဆန္ပဲ ေတြးေတာေနလို႔မ်ားလား..?

ဘာပဲေျပာေျပာ မာနအရွင္သခင္ဆိုတာ ငါးဆားႏူေတြထဲကမွ တကယ့္ငါးဆားႏူေကာင္ေလ..!

(TN : ငါးဆားႏူ means လူယုတ္မာေကာင္၊ Red flag ေတြကို ရည္ၫႊန္းတာပါ။)

တကယ္ေတာ့ ျခဴးမုယြင္သည္ ေမာ့က်ိဳးေရွာင္၏ လက္ထဲ တမင္တကာ အဖမ္းခံလိုက္ျခင္းျဖစ္၏။ အဘယ္ေၾကာင့္ဆိုေသာ္ ေမာ့က်ိဳးေရွာင္ႏွင့္ အတူရွိေနပါက ရန္ခ်န္း (မနာလိုျခင္းအရွင္သခင္)အား ပစ္မွတ္ထားရန္ ပိုမိုလြယ္ကူေသာေၾကာင့္ပင္။ ထိုႏွစ္ေယာက္လုံး ေရခဲဝိဉာဥ္သားရဲအေပၚ ခ်စ္ကြၽမ္းဝင္ခဲ့ၾကသျဖင့္ ေမာ့က်ိဳးေရွာင္သာ သူ႔ကို ျပန္ဝင္စားလာေသာ ေရခဲဝိဉာဥ္သားရဲေလးအျဖစ္ အသိအမွတ္ျပဳခဲ့လွ်င္ ရန္ခ်န္းလည္း ထိုေထာင္ေခ်ာက္ထဲ အလိုလို သက္ဆင္းလာေပလိမ့္မည္။

အရာအားလုံး အဆင္ေျပေနေသာ္လည္း လက္ရွိအခက္အခဲကား ေမာ့က်ိဳးေရွာင္ကို ကိုင္တြယ္ေျဖရွင္းရမည့္ ကိစၥေလးပင္။

ေသခ်ာေပါက္ ထိုင္ၿပီးစကားေျပာေန႐ုံျဖင့္ ေျဖရွင္းႏိုင္မည္မဟုတ္၊ ေမာ့က်ိဳးေရွာင္၏ စိတ္ထဲတြင္ သူ႔ကို အႀကိမ္ေပါင္းမ်ားစြာ သတ္ပစ္ခ်င္ေနေလာက္မည္။

အဲ့ေတာ့ ဆက္ၿပီးလွည့္စားသင့္လား..? နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိေပမယ့္ မတတ္ႏိုင္ဘူးေလ။ ဘယ္သူက သူ႔ကို ေပါက္ကရေတြ ေလွ်ာက္ေတြးဖို႔ ေျပာထားလို႔လဲ..?

ျခဴးမုယြင္သည္ စကၠန႔္ပိုင္းအတြင္း စိတ္ျပင္ဆင္လိုက္၏။ ၿပီးေနာက္ နက္ရႈိင္းစြာေသာ အမုန္းတရားမ်ားၾကား ေလွာင္ေျပာင္ခနဲ႔လိုဟန္ျဖင့္ ေအးတိေအးစက္ ေျပာလိုက္သည္။

“သိၿပီးသားေတြကို ဘာလို႔ ေမးေနေသးတာလဲ..?”

ဤကား ဝန္ခံခ်က္တစ္ခု။

ရွန္ယြင္ႏွင့္ ျခဴးမုယြင္က တစ္ေယာက္တည္းမွန္း သိလိုက္ရသည့္ အခ်ိန္ကတည္းက ေမာ့က်ိဳးေရွာင္၏ အတြင္းစိတ္ထဲတြင္ ထိုေမးခြန္းသာ ႀကီးစိုးေနၿပီး သူ႔အား ေန႔ေန႔ညည ေျခာက္လွန႔္ေနခဲ့၏။ ထိုေမးခြန္း၏ အေျဖကို မသိခ်င္သလို ၾကားလည္း မၾကားခ်င္ခဲ့ေပ။ ရလဒ္က မည္သို႔ျဖစ္လာပါေစ၊ သူ ျခဴးမုယြင္ကို အလြတ္ေပးႏိုင္ေတာ့မည္ မဟုတ္ေပ။

သို႔ေသာ္ တစ္ဖက္လူ၏ ဝန္ခံစကားကို ၾကားလိုက္ရသည့္အခိုက္… သူ၏စိတ္ထဲ သက္သာရာမရသည့္အျပင္ ရင္ဘတ္ထဲတြင္ မီးေတာက္ႀကီးတစ္ခု ဟုန္းဟုန္းေတာက္လာရ၏။ ယင္းကား အရာအားလုံးကို ေလာင္ကြၽမ္းဖ်က္ဆီးပစ္ႏိုင္သည့္ အလြန္ျပင္းထန္ေသာ ေဒါသမီးလွ်ံမ်ား…

သူ လက္ေျမႇာက္လိုက္သည္။ လက္ဖဝါးျဖဴျဖဴက ျခဴးမုယြင္၏ လည္တိုင္ကို ဖ်စ္ညႇစ္ထားၿပီး ေငြေရာင္မ်က္ဝန္းမ်ားဟာ မႈိင္းညႇိဳ႕ေနခဲ့ေလသည္။

“ေနာက္တစ္ခါ ျပန္ေျပာစမ္း..”

ျခဴးမုယြင္က အေၾကာက္အလန႔္မရွိ၊ ေမာ့က်ိဳးေရွာင္ကို ရဲရဲတင္းတင္း ေမာ့ၾကည့္ပစ္လိုက္သည္။ သူ၏ မ်က္ဝန္းမ်ားဟာ ေသျခင္းတရားကို ေမွ်ာ္လင့္ေစာင့္စားေနသကဲ့သို႔…

“ခင္ဗ်ားက က်ဳပ္ဘဝကို ဖ်က္ဆီးပစ္ခဲ့တာ.. မုန္းတယ္.. ခင္ဗ်ားကိုလည္း က်ဳပ္နဲ႔ထပ္တူ ခံစားေစခ်င္တယ္.. ခင္ဗ်ားကို………..”

ေမာ့က်ိဳးေရွာင္က ေအးတိေအးစက္ ျဖတ္ေျပာလာသည္။

“ထပ္ေျပာ… ငါ့ေဘးမွာေနၿပီး ရွဲ႕ခ်င္းလန္အေၾကာင္း ေတြးေနခဲ့တာလား..?”

“ဟုတ္တယ္..!” ျခဴးမုယြင္က ေမာ့က်ိဳးေရွာင္အား စိန္းစိန္းဝါးဝါး စိုက္ၾကည့္ကာ အတုံ႔အဆိုင္းမရွိ ေျပာပစ္လိုက္၏။ “သူ႔အေၾကာင္းမေတြးရင္ ခင္ဗ်ားနဲ႔ ဘယ္လိုလုပ္ လုပ္ႏိုင္မွာ……..”

“ေတာ္ေတာ့..!” ေမာ့က်ိဳးေရွာင္၏ မ်က္ဝန္းအိမ္ထဲတြင္ လူသတ္ေငြ႕မ်ား ျပည့္လွ်ံလာခဲ့၏။

ျခဴးမုယြင္က လုံးဝမေၾကာက္ေပ။ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာျဖင့္သာ ေမာ့က်ိဳးေရွာင္ကို စိုက္ၾကည့္ေနၿပီး မ်က္ဝန္းအိမ္ထဲတြင္ အမုန္းတရားအျပည့္။ သို႔ေသာ္ ေသေသခ်ာခ်ာၾကည့္လွ်င္ မ်က္ဝန္း၏ အနက္ရႈိင္းဆုံးေနရာ၌ လြမ္းေဆြးစိတ္ႏွင့္ နာက်င္မႈမ်ား ကိန္းဝပ္ေနေၾကာင္း ျမင္ေတြ႕ရေပလိမ့္မည္။

အႏွီခံစားခ်က္မ်ားကို နက္နက္ရႈိင္းရႈိင္း သိုဝွက္ထားရကား ေဒါသထြက္ေနေသာ ေမာ့က်ိဳးေရွာင္အဖို႔ သတိျပဳမိရန္ ခဲယဥ္းခဲ့သည္။ သို႔ေသာ္ အေတြးတစ္ခ်က္ေၾကာင့္ ေမာ့က်ိဳးေရွာင္က သတ္ျဖတ္မည့္ အစီအစဥ္ကို လက္ေလ်ာ့လိုက္၏။

“မင္းက ငါမင္းကို သတ္ပစ္ေအာင္ တမင္လုပ္ေနတာပဲ..”

ျခဴးမုယြင္၏ ႏႈတ္ခမ္းမ်ား အတန္ငယ္ လႈပ္ရွားသြားသည္။ သို႔ေသာ္ ပါးစပ္ကို တင္းတင္းေစ့ထားၿပီး ဘာမွျပန္မေျပာခဲ့ေခ်။

ေမာ့က်ိဳးေရွာင္က သူ႔ကို စိုက္ၾကည့္ေနေလသည္။ အေတာ္ၾကာမွ ရယ္သြမ္းေသြးရင္း.. “မင္း ေသသြားရင္ ဘယ္သူမွ ရွာမေတြ႕ႏိုင္တဲ့ ေနရာကို ေရာက္သြားဦးမွာပဲ.. အဲ့ေတာ့ ငါက မင္းကို ဘာလို႔ေသခြင့္ေပးရမွာလဲ..?”

ျခဴးမုယြင္၏ မ်က္ႏွာေပၚတြင္ စိုးရိမ္ပူပန္ရိပ္မ်ား ျဖတ္ေျပးသြား၏။

ေမာ့က်ိဳးေရွာင္က ျခဴးမုယြင္၏ နား႐ြက္နားကပ္ကာ ႏူးႏူးညံ့ညံ့ေလး ေျပာလာသည္။

“မင္းကို ေသရတာထက္ဆိုးတဲ့ ဘဝမ်ိဳးေရာက္ေအာင္ လုပ္ျပမယ္..”

ျခဴးမုယြင္၏ မ်က္ႏွာေပၚတြင္ ေသြးေရာင္မရွိေတာ့ေပ။ သူ၏ပုံစံက ႐ုတ္တရက္ အားကုန္သလို ျဖစ္သြားၿပီး.. “က်ဳပ္ကို လႊတ္ေပး.. ခဏခဏ ေသဖူးၿပီးၿပီမလို႔ ဘာမွမေၾကာက္တတ္ေတာ့ဘူး..”

ေမာ့က်ိဳးေရွာင္က ခံစားခ်က္မဲ့စြာ စိုက္ၾကည့္လာသည္။

“ဘာမွမေၾကာက္ေတာ့ဘူး.. ဟုတ္လား..? ရွဲ႕ခ်င္းလန္ဆိုရင္ေရာ ေၾကာက္တတ္မလား သိခ်င္မိပါရဲ႕..?”

ျခဴးမုယြင္က ေမာ့က်ိဳးေရွာင္ကို ဆတ္ခနဲ ေမာ့ၾကည့္လိုက္သည္။

ေမာ့က်ိဳးေရွာင္က ႏွာေခါင္းရႈံ႕လိုက္ရင္း.. “မင္းရဲ႕အခ်စ္ေလး ဘယ္လိုနာက်င္ခံစားရမလဲဆိုတာ ေစာင့္ၾကည့္ေနလိုက္..!”

ေမာ့က်ိဳးေရွာင္ အံ့ဩသြားရသည္ကား ျခဴးမုယြင္၏ မ်က္လုံးထဲတြင္ ေၾကာက္လန႔္ရိပ္မ်ား၊ စိုးရိမ္ပူပန္မႈမ်ား လုံးဝေပၚမလာျခင္းပင္။ သက္ဝင္လႈပ္ရွားမႈ မရွိသလို ေတာက္ပမႈမ်ား ကြယ္ေပ်ာက္ကုန္သည္။ အမ်က္ေဒါသ၊ စိုးရိမ္ပူပန္ျခင္း၊ အမုန္းတရားဟူ၍ လုံးဝမရွိေတာ့။ အရာအားလုံး လြင့္ျပယ္သြားသလိုပင္။

ျခဴးမုယြင္က ဘာမွမေျပာဘဲ ေက်ာက္႐ုပ္တစ္႐ုပ္လို မတ္တပ္ရပ္ေနခဲ့သည္။

ထိုအျခင္းအရာကိုၾကည့္ၿပီး ေမာ့က်ိဳးေရွာင္၏ ႏွလုံးခုန္သံက ႐ုတ္တရက္ ျမန္ဆန္လာေတာ့သည္။

ျခဴးမုယြင္က သူ႔ကို ထပ္မၾကည့္ေတာ့ေပ။ ထိုေနရာမွာသာ ဝိဉာဥ္မဲ့သူလို မတ္တပ္ရပ္ေနခဲ့၏။

ထိုပုံစံေလးက ေမာ့က်ိဳးေရွာင္ကို ခ်က္ခ်င္း စိတ္ၿငိမ္သြားေစခဲ့သည္။ ေဒါသမီးလွ်ံအားလုံး ေရခဲေရျဖင့္ ၿငိမ္းသက္ခံလိုက္ရသလို၊ အနက္ရႈိင္းဆုံး စိတ္ဝိဉာဥ္မွ နာက်င္မႈတစ္ခု ပ်ံ႕ႏွံ႔လာခဲ့ေလသည္။

ထိုခံစားခ်က္ကား ေဖာ္ျပ၍မရႏိုင္ေအာင္ပင္။ ဘယ္အရာကိုမွ ဂ႐ုမစိုက္ေတာ့သလို ျပဳမူေနေသာ အမ်ိဳးသားကိုၾကည့္ရင္း သူ၏ စိတ္ထဲ ေၾကာက္လန႔္လာခဲ့သည္။

ထိုစဥ္ ေဖ်ာက္ဖ်က္၍မရေသာ ေဝေဝဝါးဝါး ပုံရိပ္တခ်ိဳ႕ပင္ သူ၏စိတ္ထဲ ႐ုတ္တရက္ ေပၚထြက္လာခဲ့ေလ၏။

-အဲ့တာ မင္းကိစၥေလ။

-မင္းျဖစ္ခ်င္တဲ့အတိုင္း လိုက္လုပ္ေပးစရာ အေၾကာင္းမရွိဘူး။

-ငါ မင္းကို ဘာလုပ္ခိုင္းေနလဲဆိုတာ မင္းသိသင့္တယ္။

-မင္းကို အရမ္းစိတ္ပ်က္တာပဲ။

ဟိုတစ္စ သည္တစ္စ ျပန႔္က်ဲေနေသာ စကားလုံးမ်ား၊ အကုန္လုံးေပါင္းစု၍ အဓိပၸါယ္ေဖာ္ရန္လည္း မျဖစ္ႏိုင္ခဲ့ေပ။ သို႔ေသာ္ အေၾကာက္တရားက သူ႔ကို အႏိုင္ယူသြားၿပီး စိတ္အာ႐ုံထဲ ဝင္ေရာက္ကာ သူ၏ အသိစိတ္တစ္ခုလုံးကို သိမ္းပိုက္သြားေတာ့သည္။

ေမာ့က်ိဳးေရွာင္က ျခဴးမုယြင္ကို ေမာ့ၾကည့္လိုက္သည္။ တစ္ခဏေလးအတြင္း ခံစားခ်က္မဲ့ေသာ တစ္ဖက္လူကို ရွင္းရွင္းလင္းလင္း ျမင္လာမိသလို…

အ႐ိုးထဲထိ စြဲထင္ေနေသာ စိုးရိမ္ပူပန္စိတ္ေၾကာင့္ လက္ေခ်ာင္းမ်ားပင္ အတန္ငယ္ တုန္ယင္လာရသည္အထိ။  သူ႔အတြက္ အလြန္အေရးႀကီးသည့္ တစ္စုံတစ္ရာကို လက္လႊတ္ဆုံးရႈံးရေတာ့မည့္ ထိုခံစားခ်က္။ သို႔ေသာ္ သူ ဘာမွမတတ္ႏိုင္ခဲ့ေပ။

ေမာ့က်ိဳးေရွာင္ အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ျခဴးမုယြင္ကို ေပြ႕ဖက္ထားၿပီးေခ်ၿပီ။ သူ ဘာလုပ္လိုက္မိမွန္း သူကိုယ္တိုင္ပင္ မသိခဲ့ေပ။

ျခဴးမုယြင္လည္း အံ့ဩသြားရသည္။ သူ သ႐ုပ္ေဆာင္ေနသမွ်က သံသယမ်ားလြန္းသည့္ ေမာ့က်ိဳးေရွာင္အတြက္ အထူးတလည္ ျပင္ဆင္ထားျခင္းပင္။ သူ၏ အျပဳအမူမ်ားေၾကာင့္ ထိုအမ်ိဳးသား သူ႔အေပၚ သံသယဝင္ၿပီး သူေျပာသမွ်ကို ယုံၾကည္ေပးလိမ့္မည္ မဟုတ္ေပ။ သို႔ေသာ္ လက္ရွိအေျခအေနႀကီးကေတာ့…

ေမာ့က်ိဳးေရွာင္ စိတ္ၿငိမ္သြားခ်ိန္တြင္ သူ၏ ႏွလုံးသားထဲမွ ရွင္းျပရခက္သည့္ ခံစားခ်က္မ်ားကို ဖိႏွိပ္ႏိုင္ခဲ့သည္။ ထို႔ေနာက္ ညင္သာစြာ ေျပာလာခဲ့သည္။

“ရွဲ႕ခ်င္းလန္အတြက္ တကယ္စဥ္းစားရင္ မင္း ငါ့ကို ဒီလိုမ်ိဳး ရန္စေနမွာမဟုတ္ဘူး..”

ျခဴးမုယြင္၏ တစ္ကိုယ္လုံး ေတာင့္ခဲသြားသည္။

ေမာ့က်ိဳးေရွာင္က ေလသံေဖ်ာ့ေဖ်ာ့ျဖင့္ ႏူးညံ့စြာ ေမးလာသည္။ “ဘာလို႔ မင္းကိုမုန္းေအာင္ လုပ္ေနတာလဲ..?”

ထိုစကားေၾကာင့္ ျခဴးမုယြင္မွာ မထိန္းခ်ဳပ္ႏိုင္ေအာင္ တုန္ယင္လာေတာ့သည္။

ေမာ့က်ိဳးေရွာင္က သူ၏ ေက်ာျပင္ကို ညင္သာစြာ သပ္ေပးလိုက္ရင္း.. “ေရွာင္ယြင္.. မင္းကိုယ့္ကို အရာအားလုံး ေျပာျပေပးႏိုင္မလား..?”

ျခဴးမုယြင္က သက္ျပင္းဖြဖြခ်လိုက္သည္။ အကြက္ခ်ရင္း အထင္လြဲမႈတခ်ိဳ႕ႏွင့္ မေတာ္တဆကိစၥမ်ား ျဖစ္ပ်က္ခဲ့ေသာ္ျငား ရလဒ္ကေတာ့ ေကာင္းေနေသးသည့္ပုံပင္။

သို႔ေသာ္ ေမာ့က်ိဳးေရွာင္တြင္ ေနာက္ထပ္လွည့္ကြက္တစ္ခု ရွိေနလိမ္မည္ဟု ျခဴးမုယြင္ မထင္ထားခဲ့ေပ။

သူက ျခဴးမုယြင္ကို လႊတ္ေပးကာ လက္ေဝွ႔ယမ္းလိုက္သည္။ သူ၏ လက္ဖဝါးျပင္ထက္တြင္ ေဆးပုလင္းျဖစ္ဟန္တူသည့္ အစိမ္းေရာင္ ပုလင္းငယ္ေလးတစ္လုံး ေပၚထြက္လာခဲ့၏။ အထူးတလည္ ဖန္တီးျပဳလုပ္ထားသည့္ ေဆးပုလင္းပုံစံကိုၾကည့္ၿပီး ထိုပုလင္းထဲမွ ေဆးလုံးမ်ားဟာ သာမာန္ထက္ထူးကဲေသာ အလြန္အဆင့္ျမင့္သည့္ ေဆးဝါးတစ္ခုခုမွန္း သိသာေနေတာ့သည္။

ျခဴးမုယြင္တစ္ေယာက္ ရင္တုန္သြားသည္။

‘မွတ္ဉာဏ္ေထြးျပားျခင္း’ ေဆးလုံးလား..? မာနေရ.. ဘာလို႔ဒီေလာက္ အလ်င္လိုေနရတာတုန္းဟ..?

အရင္တစ္ေခါက္က အဲ့ေဆးစားမိလို႔ Zero ေလးခမ်ာ Version နိမ့္သြားရၿပီးၿပီ။ အခုလည္း….

သို႔ေသာ္ ျခဴးမုယြင္ ဘာမွမတုံ႔ျပန္ႏိုင္ခင္မွာပင္ ေမာ့က်ိဳးေရွာင္က သူ႔ကို ေဆးေကြၽးၿပီးေခ်ၿပီ။ ထိုေဆးလုံးက လ်ာဖ်ားမွတဆင့္ အတြင္းအဂၤါမ်ားသို႔ စိမ့္ဝင္ပ်ံ႕ႏွံ႔သြားခဲ့၏။ ထိုအခါမွ တစ္ခုခုမွားယြင္းေနမွန္း ျခဴးမုယြင္ သတိထားမိလိုက္သည္။

ဒါက ‘မွတ္ဉာဏ္ေထြျပားျခင္း’ေဆးလုံး မဟုတ္ဘူးပဲ..!

“Zero ေလး.. အႂကြင္းမဲ့အသိစိတ္..!”

Version ျပန္က်ရန္ အသင့္ျဖစ္ေနေသာ Zero ေလးလည္း လ်င္ျမန္စြာ တုံ႔ျပန္လိုက္သည္။ သို႔ေသာ္ တစ္ခဏၾကာၿပီးေနာက္ ထိုေဆးလုံးက ‘မွတ္ဉာဏ္‌ေထြျပားျခင္း’ ေဆးလုံးမဟုတ္မွန္း သိရွိသြားခဲ့သည္။

ဘာႀကီးလဲဟ..? ေမာ့က်ိဳးေရွာင္က Host ကို ဘာေကြၽးလိုက္တာလဲ..?

သိပ္မၾကာခင္မွာပင္ ျခဴးမုယြင္တစ္ေယာက္ ထိုေဆးလုံးအေၾကာင္း သိလိုက္ရသည္။

ေမာ့က်ိဳးေရွာင္က သူ႔အား ႏူးညံ့ၾကင္နာစြာ စိုက္ၾကည့္လာၿပီး.. “ကိုယ့္ကိုေျပာ.. မင္းက ဘယ္သူလဲ..?”

ျခဴးမုယြင္ : “………..”

စကားမေျပာမိေအာင္ ထိန္းထားခ်င္ေသာ္လည္း သူ၏အသံက ကိုယ္ပိုင္အသိစိတ္ရွိေနသလိုမ်ိဳး ထြက္ေပၚလာခဲ့ေလသည္။

“ျခဴးမုယြင္..”

……………………………………………….

TN : အားလုံးပဲ Meli အလုပ္ရသြားပါၿပီ။ ဟီး.. Meli အတြက္ ဂုဏ္ယူေပးၾကမယ္ဟုတ္ 😘

update အေနနဲ႔ေတာ့ ပုံမွန္ဆိုရင္ ႏွစ္ရက္တစ္ပိုင္း တင္ေပးေနၾကဆိုေပမယ့္ အခုေတာ့ အေျခအေနေပၚမူတည္ၿပီး update ပိစိေလး ၾကာႏိုင္ပါတယ္။ ဒါေပမဲ့ ေသခ်ာတာတစ္ခုက Complete ျဖစ္တဲ့အထိ တင္ေပးမွာပါ။ စခဲ့တဲ့အလုပ္တစ္ခုကို ၿပီးျပတ္ေအာင္ လုပ္သြားေပးမွာပါ။ အဲ့တစ္ခုေတာ့ ကတိေပးႏိုင္တယ္။

Meli အားတုန္းက update မွန္ေပးခဲ့တယ္ဆိုေတာ့ အခု အပ္ပုဒိတ္နည္းနည္းၾကာရင္လည္း နားလည္ေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ စကားမစပ္ Click ရမယ္ေနာ္ 💜

……………………………………………….

Continue Reading

You'll Also Like

448K 55K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
125K 23.5K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
235K 27.1K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...