အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Por FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Mais

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း

11.1K 1.4K 25
Por FlowerRainButterfly

အပိုင်း (၄၁) နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း

ထိုနေ့ညနေခင်းတွင် ပိုင်လီက ပိုင်ကျန်းနဲ့အတူမြို့လေးကိုသွားခဲ့ပြီး သူ့အိမ်အတွက်တံခါးသွားမှာခဲ့ကာ အပြန်တွင် ဝက်သားအများကြီးဝင်ဝယ်လာခဲ့သည်။ သူက ဝက်သားဆားနယ်ခြောက်တွေလုပ်ဖို့စိတ်ကူးထားလို့ပါပဲ။ တကယ်တော့ ဒီရက်ပိုင်းတွေက အရမ်းမအေးသေးလို့ သူ့မှာအမဲလိုက်ချိန်ရှိသေးပေမယ့် ဝက်သားဆားနယ်ခြောက်တွေကလည်းအရသာရှိတာပဲလေ။ တောကောင်သားရော၊ ဝက်သားရောရှိနေတော့ပိုမကောင်းဘူးလား။

သို့ဖြင့် ရွာပြန်ရောက်ချိန်တွင် ပိုင်လီက ဝက်သားဆားနယ်ခြောက်တွေကိုပြုလုပ်ခဲ့ပြီး ညစာကို ပိုင်မိသားစုနှင့်အတူ ဝက်သားသုံးထပ်သားကင်လုပ်စားခဲ့ကာ နေ့တစ်နေ့ကိုချောမွေ့စွာအဆုံးသတ်ခဲ့လိုက်သည်။ သူထင်တာက ဟွမ်ဟွာကလူတွေသူ့ကိုပြဿနာလာမရှာမခြင်း သူအေးချမ်းနေဦးမယ်လို့ပေါ့။ သူ့မှာအေးအေးဆေးဆေးနေဖို့ အချိန်အနည်းငယ်တော့ ရှိလိမ့်ဦးမယ်လို့ထင်ထားခဲ့ပေမယ့်လည်း နောက်တစ်နေ့မနက် သူအမဲလိုက်မသွားခင်မှာပင် ရွာသားတချို့က သူ့ကိုလာရှာလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။

ဒီရွာသားတွေက ပိုင်လီအိမ်မှာ နံရံကူဆောက်ဖို့ခေါ်ထားတဲ့လူတွေမဟုတ်ပါဘူး။ ဒါကြောင့် ပိုင်လီကသူတို့နဲ့မရင်းနှီးဘူး။ သိတဲ့အတိုင်း မူလပိုင်လီက ရွာရဲ့အမှိုက်ဆိုတော့ ရွာထဲမှာ ရွယ်တူတောင် အပေါင်းသင်းမရှိဘူးလေ။ သူ့အိမ်မှာ ကူလုပ်တဲ့လူတွေကိုတောင်မှ ရုံးတော်ကိုအတူသွားခဲ့တာကြောင့်သာ သိခဲ့တယ်ဆိုရုံဖြစ်ပြီး နောက်ပိုင်း သူ့အိမ်မှာအတူတူအလုပ်လုပ်နေကျလို့သာ အနည်းရင်းနှီးသွားကျတာဖြစ်သည်။  ဒါကြောင့် ရှင်းလင်းစွာနဲ့ပဲ ပိုင်လီက ဒီရုတ်တရက်ရောက်လာတဲ့လူတွေနဲ့ မရင်းနှီးလှပါဘူး။

သို့သော် တစ်ရွာထဲသားများဖြစ်လေရာ သူတို့က သူ့ကိုလာရှာဆိုမှတော့ သူလည်းဝတ္တရားအရမေးခဲ့ရတော့သည်။

"အိုး... ဒီကအကိုတို့ မနက်စောစောပါလား ဘာများဖြစ်လို့လဲဗျ"

မူလတွင် ပိုင်လီက ဒီလူတွေက အလုပ်လာရှာတာများလားဟု တွေးခဲ့သေးသည်။ ဘာကြောင့်လဲဆိုတော့ အခုချိန်တွင် အလုပ်များမရှိတော့ပေ။ ဒါကြောင့် ဒီရက်ပိုင်း အိမ်မှာလုပ်စရာရှိနေတဲ့ သူ့ဆီမှာ လုပ်စရာများရှိလားလို့ လာကြည့်တာများလားပေါ့။ သို့သော် ၎င်းတို့၏ပုံစံအရသိပ်တော့မဖြစ်နိုင်ပါချေ။ ဘာကြောင့်လည်းတော့မသိ ပိုင်လီသည် သူတို့နှင့်ဆုံသည်နှင့် အနည်းမကောင်းသောခံစားချက် အနည်းငယ်ကိုခံစားခဲ့သဖြင့် သက်တောင့်သက်သာဖြစ်မနေပေ။

ထိုလူသုံးယောက်ကို ဦးဆောင်လာသူမှာ ဝမ်ရူဟုခေါ်ပြီး အသက်သုံးဆယ်နားရှိပြီဖြစ်ကာ ပိုင်အိမ်က ပိုင်ကျန်းနှင့်မှ ရွယ်တူလောက်ဖြစ်၏။ သူက ပိုင်လီစကားကြားတော့ ရယ်လာပြီး...

"ဒါကဒီလိုကွ ရိတ်သိမ်းချိန်ပြီးသွားတော့ ရွာမှာအလုပ်မရှိတော့ဘူးလေ အဲဒါ ငါတို့က ခါတိုင်းနှစ်တွေလိုပဲ ရွာအကြီးကဲဆီမှာလေးငှားပြီး တောထဲအမဲလိုက်သွားကျမလို့ မင်းကလည်းအခုတလော အမဲလိုက်သွားနေတာဆိုတော့ အဆင်ပြေရင်အတူတူသွားရအောင်လို့ အဖော်လာညှိကျတာ ဘယ်လိုလဲ အတူတူသွားကျမလား"

ထိုသို့မေးလာသော်လည်း ဝမ်ရူ၏မျက်နှာကအတော်လေးရွှင်မြူးနေပုံရပြီး သူက ပိုင်လီကသူတို့နှင့်အတူသွားမည်ဟု တထစ်ချယုံကြည်နေပုံလည်းရသည်။ ပိုင်လီက တခြားလူတွေကို ဝေ့ကြည့်လိုက်တော့လည်း သူတို့တွေရဲ့မျက်နှာတွေမှာ ပျော်ရွှင်ခြင်းတွေက မဖုံးနိုင်မဖိနိုင်အောင်ပဲ။ သူတို့ကိုကြည့်ရတာ ပျော်စရာတစ်ခုခုအတွက် ကြိုပျော်နေကျပုံလည်းရပါတယ်။

ပိုင်လီက တုံးအတဲ့လူမဟုတ်တဲ့အတွက် ဒီလူတွေဘာကိုတွေးနေပြီး ဘာကိုလုပ်ချင်နေတယ်ဆိုတာကို မသိစရာမရှိပေ။

သူတို့တွေက နှစ်တိုင်း အမဲလိုက်သွားကျတာက မှန်ကောင်းမှန်နိုင်ပေမယ့် တောစပ်နားပဲသွားရဲကျတာကြောင့် ကံကောင်းတဲ့အခေါက်မှာမှ ရစ်ငှက်လိုလို၊တောယုန်လိုလိုပဲရတတ်ပြီး များသောအားဖြင့်လက်ဗလာသာ ပြန်ရသည်ကသာများသည်။ ဒါပေမယ့် ပိုင်လီကတော့မတူဘူးလေ။ တောဝက်တွေနဲ့ ဒရယ်တွေကို ထည့်မပြောရင်တောင် ပိုင်လီက တောထဲသွားတဲ့အခေါက်တိုင်းမှာ အကောင်သေးလေးတွေက အနည်းဆုံးသုံးလေးကောင်ကနေ၊ လေးငါးကောင်ထိ အသာလေးရတတ်တဲ့သူမဟုတ်ဘူးလား။ ဒါကြောင့် ဒီလူတွေက ပိုင်လီအပေါ်မှီခိုချင်နေကျတာ အရမ်းပေါ်လွင်နေသည်။ အကယ်၍ သူတို့သာအတူတူသာသွားကျရင် တစ်ဖွဲ့တည်းဆိုတော့ ပိုင်လီရလာတဲ့ထဲက သူတို့လည်း အနည်းနဲ့အများတော့ ခံစားခွင့်ရလိမ့်မည် တွေးကျတာလည်းဖြစ်နိုင်၏။

ပိုင်လီက ဒါကို သိပ်တော့အပြစ်မမြင်ပါဘူး။ လူဆိုတာ လောဘရှိတဲ့သူချည်းပဲလေ။ ပြီးတော့ ဒါကသူ့အပြစ်လည်းမကင်းပဲ အကယ်၍ သူကသားကောင်တွေရနေပြီး ငွေတွေအများကြီးဝင်နေတယ်ဆိုရင် ရွာသားတွေက အားကျမလိုဖြစ်နိုင်ပေမယ့် ဒီလောက်မြန်မြန်ကြီးတော့ သူ့အပေါ်အမြတ်ထုတ်ချင်ကျမှာမဟုတ်ဘူး။ ဒါကဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့နှစ်ရက်မှာ ပိုင်လီကသားကောင်တွေကို ဘယ်လောက်နဲ့ရောင်းခဲ့ရကြောင်း တိတိကျကျသိသွားကျတာကြောင့် ဖြစ်ပါလိမ့်မယ်။

အများကြီးရနေတယ်လို့ပဲသိထားရင်တောင် ပမာဏအတိကျမသိတဲ့အတွက် သူတို့ရဲ့လောဘစိတ်တွေကိုထိန်းထားနိုင်ဦးမည်ဖြစ်သော်လည်း နှစ်ရက်ထဲနှင့် ငွေချောင်းငါးရာရှာနိုင်မှုသည် ဒီလိုဆင်းရဲတဲ့လယ်သမားရွာလေးကလူတွေကို အမြင်ပင်ကွယ်သွားစေနိုင်သည်။ ဒရယ်တွေရောင်းတဲ့အချိန်က ပိုင်လီအိမ်မှာ အလုပ်ကူလုပ်နေတဲ့ရွာသားတွေရှိနေခဲ့တာကြောင့် တစ်ရွာလုံးကိုသတင်းမပျံ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီလူတွေက ထိုင်မနေနိုင်တော့ပဲ သူ့ကိုအမြတ်ထုတ်ဖို့ပြေးလာခဲ့ကျတာဖြစ်မည်။

ပိုင်လီက သက်ပြင်းချလိုက်မိ၏။ သူက သူတို့ကိုအပြစ်မတင်ပေမယ့်လည်း သူတို့နဲ့အတူမသွားနိုင်ပါဘူး။

"အကိုဝမ် ကျွန်တော်စိတ်တော့မကောင်းပါဘူး အကိုတို့က တောစပ်ကိုပဲသွားမှာမလား ကျွန်တော်ကတောနက်ထဲထိသွားမှာမလို့ လမ်းမတူလောက်ဘူး"

ဒါကိုကြားတော့ ဝမ်ရူကမျက်နှာခနပျက်သွားသော်လည်း မကြာလိုက်ပဲပြန်ရယ်လာကာ..

"ဒါကဘာခက်လို့လဲ ငါတို့လည်းမင်းနဲ့တောနက်ထဲလိုက်ခဲ့မယ်လေ မင်းတစ်ယောက်ထဲတောနင်ထဲသွားနေတာနဲ့စာရင် လူများတော့ပိုမကောင်းဘူးလား"

ပိုင်လီက နောက်ဆုံးတွင် ဒီလူတွေကသူ့ကိုအမြတ်ထုတ်ချင်မှန်းပိုသေချာသွားခဲ့သည်။ သူတို့တွေက တောနက်ထဲမဝင်ရဲကျပေမယ့် ပိုင်လီနဲ့အတူလိုက်လာချင်တယ်တဲ့လား။ တောနက်ထဲဆိုတာ လူများတိုင်းသွားလည်လို့ရတဲ့နေရာမလို့လား။

ပိုင်လီက မျက်မှောင်ကြုတ်လိုက်သော်လည်း အမှန်ကိုဖွင့်ပြောခဲ့ပြီး...

"အကိုဝမ် ကျွန်တော်ကဘာသဘောနဲ့မှပြောတာတော့မဟုတ်ပါဘူး ဒါပေမယ့် တောနက်ထဲကအရမ်းအန္တာရယ်များတာ ကျွန်တော့်က ကျွန်တော့်ကိုယ်ကျွန်တော် စောင့်ရှောက်နိုင်ပေမယ့် တခြားလူကိုတော့ ကာကွယ်နိုင်မှာမဟုတ်ဘူး "

ဒါသည်အမှန်တရားသာ...။

ပိုင်လီက မျက်စိလျှင်ပြီး သွက်လက်တဲ့လူဖြစ်လို့ အန္တာရယ်များကို လျှင်မြန်စွာရှောင်နိုင်သော်လည်း သူသည် သူ့အတွက်သူသာအာမခံနိုင်သည်။ သူက အမြဲတမ်းအေးဆေးတဲ့ပုံဖြစ်နေပေမယ့် တောထဲဝင်တာနဲ့သတိလစ်တတ်တဲ့သူမဟုတ်ပဲ အမြဲသတိရှိနေခဲ့တာသာဖြစ်၏။ ဒါကြောင့် သူက အလွယ်လေးအမဲရတတ်လာတယ်လို့ထင်ရပေမယ့် ဒါကဘယ်လိုလုပ်လွယ်ကူနိုင်မှာလဲ။ သူက သူ့အသက်သူကာကွယ်နိူင်တယ်ပဲထား တောနက်ထဲမှာတခြားလူတွေကိုတော့ ဘယ်လိုလုပ်စောင့်ရှောက်နိုင်ပါ့မလဲ။ သူက သူရဲ့မူလဘဝက ကျော်ကြားတဲ့စိတ်ကူးရင်ဇာက်ကောင် စူပါဟီးရိုးတစ်ယောက်ယောက်လဲမဟုတ်ဘူးလေ။

အဲဒီလိုမျိုး တခြားလူတွေကိုပါ တောနက်ထဲခေါ်သွားနိုင်စွမ်းရှိနေရင် သူကပိုင်အိမ်ကယောင်္ကျားတွေကို ခေါ်သွားခဲ့ပြီးတာ ကြာနေမယ်မဟုတ်ဘူးလား။

ဝမ်ရူနှင့်သူ့နောက်ကလူများသည် ပိုင်လီရဲ့ထိုစကားကိုကြားတော့ ပြုံးရယ်နေတဲ့မျက်နှာများပျက်သွားကျသည်။ ဝမ်ရူက ရုပ်တည်ဖြင့်ပိုင်လီကိုကြည့်လာပြီး....

"မင်းကဘာကိုဆိုလိုချင်တာလဲ မင်းပြောတဲ့ပုံက ငါတို့က မင်းကာကွယ်ပေးတာလိုတဲ့ပုံတွေပေါက်နေပြီ! သေချာရှင်းရှင်းလင်းလင်းကြည့်စမ်းပါ ငါတို့ကလူအများကြီး မင်းကတစ်ယောက်ထဲ ဘယ်သူတွေကဘယ်သူ့ကိုကာကွယ်ပေးရမလဲဆိုတာ!"

ဝမ်ရူစကားဆုံးတော့ သူ့နောက်ကရွာသားများကလည်း ဝင်ပြောလာသည်။

"ဟုတ်တယ်ပိုင်လီ ငါတို့က တစ်ရွာထဲသားချင်းတွေမလို့ အတူတူစုသွားဖို့လာခေါ်ရုံပဲ မင်းကဒီရက်ပိုင်းတောကောင်တွေရှာနိုင်ဆိုပြီး မာန်တတ်နေတာလား ဘယ်သူကရော ယောင်္ကျားတွေမဟုတ်လို့လဲ မင်းရှာနိုင်ရင်ငါတို့လည်းရှာနိုင်တယ်ကွ!"

"မင်းက ငါတို့ကိုကာကွယ်ပေးရမယ့်ပုံနဲ့တောင်ပြောရဲသေးတယ် အထင်ကြီးလွန်းနေတာများ"

ပိုင်လီက ဒါတွေကိုကြားတော့ မျက်ခုံးပင့်လိုက်မိ၏။ ဒီလူတွေက သူတို့ပြောတာတွေကို သူတို့ကိုယ်တိုင်ရော ယုံနိုင်ရဲ့လား။

သူတို့က သူတို့ဘာသာစွမ်းနိုင်တယ်ထင်ရင်လည်း ဘာကြောင့်များ ပိုင်လီဆိုတဲ့သူ့ကိုလာခေါ်နေသေးတာလဲ။

ပိုင်လီက ရွာသားတွေနဲ့စကားမများချင်တာကြောင့်...

"ဒါဆိုလည်း ကျွန်တော်မလိုက်တော့ပါဘူး ကျွန်တော်က ကိုယ့်ဘာသာကိုယ်ပဲစောင့်ရှောက်နိုင်တာမလို့ တခြားလူတွေနဲ့အတူသွားရမှာကိုမကြိုက်ဘူး ကျွန်တော်အကိုတို့ကိုကို သတိပေးလိုက်နိုင်တာကတော့ တောထဲမှာ တောကောင်ကြီးတွေပဲအန္တာရယ်ရှိနိုင်တာမဟုတ်ဘူးဆိုတာပါပဲ ဒါဆိုခွင့်ပြုပါဦး"

ထို့နောက် ပိုင်လီက လှည့်ကာ အိမ်ထဲဝင်သွားလိုက်သည်။ သူတို့တွေက အိမ်ရှေ့မှာစကားပြောနေကျတာဖြစ်ပြီး ပိုင်လီကသူတို့နဲ့ဆက်မပြောချင်တော့ဘူး။ ဒီနေ့ သူ့စိတ်ခံစားချက်တွေလည်းမကောင်းဘူးဆိုတော့ တောထဲလည်းမသွားတော့ဘူး။

သူသတိပေးခဲ့တာကတော့ ပိုင်လီက ဒီလူတွေတောထဲသွားဖို့ကို လက်လျော့မှာမဟုတ်ဘူးဆိုတာကို ရိပ်မိနေလို့ပင်။ ဒီလူတွေက အရမ်းစိတ်ဆုံးဖြတ်ထားပုံရပြီး သူဘယ်လိုလိုတားတား ရမှာမဟုတ်လောက်ဘူးလေ။

ပိုင်လီက ဖြစ်ချင်ရာဖြစ်ဆိုပြီး သူတို့နှင့်အတူလိုက်သွားလို့ရသည်။ အန္တာရယ်ကြုံလာတဲ့အခါ သူ့အတွက်သူတွေးပြီး တစ်ကိုယ်ကောင်းဆန်လို့လည်းရ၏။ သို့သော် သူသည်လူသားတစ်ယောက်သာဖြစ်ပြီး သူ့ရှေ့တွင်လူတစ်ယောက်ကူကယ်ရာမဲ့စွာ ဒုက္ခရောက်မည်ကို ကြည့်မနေနိုင်ပေ။ ဒါကြောင့် သူသာဒီလူတွေရဲ့ဆန္ဒကိုလိုက်လျောလိုက်ရင် အန္တာရယ်ကြုံလာတဲ့အခါ ဒီလူတွေကိုကယ်ချင်လာပြီး နောက်ဆုံး သူပင်ဒုက္ခရောက်သွားနိုင်သေးသည်။

ပြီးတော့ အကယ်၍ သူနဲ့အတူတူသွားကျပြီး ဒီလူတွေတစ်ခုခုဖြစ်လာပါက ရွာထဲကလူများသည် ပိုင်လီက တစ်ယောက်ထဲသွားတုန်းကတောင် ဘာမှမဖြစ်ဘဲ အများနဲ့သွားမှ ရွာသားတွေခံလာရတယ်ဆိုပြီး သူကတမင်အန္တာရယ်ရှိတဲ့နေရာတွေကိုခေါ်သွားတာဟုပြောနိုင်ကာ သူ့ကိုတောင်အမြင်စောင်းလာနိုင်သေး၏။

ဒါတွေကြောင့် ဒီကိစ္စအပေါ်ပိုင်လီရဲ့ဆုံးဖြတ်ချက်က အရမ်းပြတ်သားပြီး သူတို့နှင့်မလိုက်သလို သူကိုယ်တိုင်လည်းဒီနေ့တောထဲမသွားတော့ဖို့ ဆုံးဖြတ်ခဲ့သည်။

အပြင်မှာကျန်ခဲ့တဲ့ ဝမ်ရူနဲ့သူ့နောက်ကရွာသားတွေကတော့ ဒေါသတကြီးအော်ဟစ်လာကျကာ...

"ပိုင်လီ မင်းကဘဝင်ရူးနေတဲ့ကောင်ပဲ! "

"ဒီကောင်က သူ့ကိုယ်သူ တောကောင်ကြီးတွေရှာနိုင်ဆိုပြီး မာန်တတ်နေတာ!"

"ငါတော့အဲလိုမထင်ပါဘူး သူက သူသိထားတဲ့သားကောင်တွေရဲ့စားကျက်ကို ငါတို့ကိုမမျှဝေချင်လို့နေမှာပေါ့"

"ဖြစ်နိုင်တာပဲ ဒီကောင်က တစ်ကိုယ်ကောင်းဆန်ပြီး ရွာသားတွေ သူ့လိုငွေရှာသွားနိုင်မှာကို စိုးရိမ်နေတာပဲဖြစ်မယ်"

"ဟမ့်! သူက နန်တောင်ကြီးတစ်ခုလုံးကိုလက်ဝါးကြီးအုပ်နိုင်မှာတဲ့လား! ဒီနေ့တော့ သူတစ်ယောက်ထဲအစွမ်းစရှိတာမဟုတ်ဘူးဆိုတာကိုပြပေးရမယ်!"

သူတို့သည် အိမ်ထဲရှိပိုင်လီက ဘာမှမတုန့်ပြန်လာသည်အခါ ပိုဒေါသထွက်လာကျသော်လည်း တောထဲသွားဖို့ရှိသေးလေရာ ထွက်သွားကျတော့သည်။

သူတို့တွေက ပိုင်လီကိုအမြတ်ထုတ်ဖို့လာခဲ့တယ်ဆိုတာကို ဝန်မခံချင်ဘူး။ အဲဒီအစား ပိုင်လီကသူတို့ကို့ငြင်းလိုက်လို့သာ အရမ်းဒေါသထွက်နေကျသည်။

ပိုင်လီက ပြီးခဲ့တဲ့နှစ်ရက်က ဒရယ်သုံးကောင်ကနေ ငွေချောင်းငါးရာရခဲ့သည်ဟု သူတို့ကြားခဲ့ရသည်။ ရခဲ့တာမှ ဝယ်ချင်သူတွေက အိမ်အရောက်ခခယယလာဝယ်ရတာတဲ့လေ။ စဥ်းစားကြည့်ကျပါဦး မင်းလက်ထဲမှာသာ တောကောင်တွေရှိရင် ငွေပေးချင်သည့်လူများက အိမ်တိုင်ရာရောက်ရောက်လာလိမ့်မည်။ ဘယ်လယ်သမားကများ ဒါကိုအားမကျပဲနေမှာလဲ။ ပြီးတော့ဒါကခက်ခဲနေတာလည်းမဟုတ် သူတို့ရွာကတောင်ကနေပဲ ဒီတောကောင်တွေကိုရလာတာလေ။

တောကောင်တွေရှိတဲ့နေရာလည်းသိထားပြီး ငွေရနိုင်တာလည်းသိထားတာကို သူတို့ကဘယ်လိုများစမ်းမကြည့်ပဲနေနိုင်မှာတဲ့လဲ။

သို့သော် သူတို့သည် တောနက်ထဲတော့မရောက်ဘူးလေရာ ရောက်ဖူးသည့်ပိုင်လီက သားကောင်တွေရှိတတ်သည့်လမ်းကြောင်းကို သိလိမ့်မည်ဟုတွေးပြီး ပိုင်လီနှင့်အတူသွားချင်ခဲ့ကျသည်။ ထပ်ပြီး ပိုင်လီမှာလေးကောင်းကောင်းရှိကာ မြှားပြစ်လည်းကျွမ်းပုံရသေး၏။ သူတို့တွေက လယ်သမားတွေဖြစ်ပြီးမြှားပြစ်ရာတွင် သိပ်မကျွမ်းကျင်ကျပေ။ ဒါကြောင့်ပိုင်လီသာပါလာရင် သားကောင်တွေ့တာနဲ့ပိုင်လီကပစ်လိမ့်မယ်။ ဒါပေမယ့် သူတို့တွေကတစ်ဖွဲ့ထဲဖြစ်ပြီး သားကောင်ကိုလည်းအတူတူတွေ့တာဆိုတော့ ရလာတဲ့သားကောင်ကိုတော့ ခွဲဝေယူကျရမယ်။

ဒါသည် ဒီလူတွေရဲ့စဥ်းစားထားပုံဖြစ်သည်။

သို့သော် အခုတော့ပိုင်လီက သူတို့အကြံကိုသိနေသည့်အတိုင်း လိုက်မလာခဲ့ပေ။ ဒါကသူတို့ကိုအရမ်းစိတ်ဆိုးစေတယ်။

ဒါပေမယ့် သူတို့သည် သူတို့ရဲ့တောထဲဝင်မည့်အစီစဥ်ကိုမစွန့်လွှတ်ပေ။ ပိုင်လီကတစ်ယောက်ထဲတောင် တောကောင်တွေရှာနိူင်သေးတာ သူတို့ကလူအများကြီးလေ။ ပိုင်လီတောင်ရှာနိုင်သေးရင် သူတို့လည်း ကျိမ်းသေပေါက် သူတို့လည်းရှာနိုင်ရမှာပဲမဟုတ်ဘူးလား။

ထိုအတွေးဖြင့် ထိုလူများသည် တောနက်ထဲသို့စမ်းတဝါးဝါးနှင့် ဝင်ရောက်သွားခဲ့ကျလေသည်။
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😇
.................................................................
(AN/ ရှေ့နှစ်ရက်က ကိုယ်နည်းနည်းအလုပ်ရှုပ်နေတာကြောင့် မရေးဖြစ်ခဲ့ပါဘူး။🤧 အဲဒါ ဒီနေ့မှရေးနိုင်ပြီး ကလေးတွေမျှော်နေမှန်းသိလို့ နှစ်ပိုင်းသုံးပိုင်းရတဲ့ထိထပ်မစောင့်တော့ပဲ တင်ပေးလိုက်ပါတယ်။)

###

အပိုင္း (၄၁) နန္ေခ်ာင္း႐ြာက ႐ြာသားတစ္ဦးေသဆုံးျခင္း

ထိုေန႕ညေနခင္းတြင္ ပိုင္လီက ပိုင္က်န္းနဲ႕အတူၿမိဳ႕ေလးကိုသြားခဲ့ၿပီး သူ႕အိမ္အတြက္တံခါးသြားမွာခဲ့ကာ အျပန္တြင္ ဝက္သားအမ်ားႀကီးဝင္ဝယ္လာခဲ့သည္။ သူက ဝက္သားဆားနယ္ေျခာက္ေတြလုပ္ဖို႔စိတ္ကူးထားလို႔ပါပဲ။ တကယ္ေတာ့ ဒီရက္ပိုင္းေတြက အရမ္းမေအးေသးလို႔ သူ႕မွာအမဲလိုက္ခ်ိန္ရွိေသးေပမယ့္ ဝက္သားဆားနယ္ေျခာက္ေတြကလည္းအရသာရွိတာပဲေလ။ ေတာေကာင္သားေရာ၊ ဝက္သားေရာရွိေနေတာ့ပိုမေကာင္းဘူးလား။

သို႔ျဖင့္ ႐ြာျပန္ေရာက္ခ်ိန္တြင္ ပိုင္လီက ဝက္သားဆားနယ္ေျခာက္ေတြကိုျပဳလုပ္ခဲ့ၿပီး ညစာကို ပိုင္မိသားစုႏွင့္အတူ ဝက္သားသုံးထပ္သားကင္လုပ္စားခဲ့ကာ ေန႕တစ္ေန႕ကိုေခ်ာေမြ႕စြာအဆုံးသတ္ခဲ့လိုက္သည္။ သူထင္တာက ဟြမ္ဟြာကလူေတြသူ႕ကိုျပႆနာလာမရွာမျခင္း သူေအးခ်မ္းေနဦးမယ္လို႔ေပါ့။ သူ႕မွာေအးေအးေဆးေဆးေနဖို႔ အခ်ိန္အနည္းငယ္ေတာ့ ရွိလိမ့္ဦးမယ္လို႔ထင္ထားခဲ့ေပမယ့္လည္း ေနာက္တစ္ေန႕မနက္ သူအမဲလိုက္မသြားခင္မွာပင္ ႐ြာသားတခ်ိဳ႕က သူ႕ကိုလာရွာလိမ့္မည္ဟုေတာ့ မထင္မွတ္ထားခဲ့ေပ။

ဒီ႐ြာသားေတြက ပိုင္လီအိမ္မွာ နံရံကူေဆာက္ဖို႔ေခၚထားတဲ့လူေတြမဟုတ္ပါဘူး။ ဒါေၾကာင့္ ပိုင္လီကသူတို႔နဲ႕မရင္းႏွီးဘူး။ သိတဲ့အတိုင္း မူလပိုင္လီက ႐ြာရဲ႕အမွိုက္ဆိုေတာ့ ႐ြာထဲမွာ ႐ြယ္တူေတာင္ အေပါင္းသင္းမရွိဘူးေလ။ သူ႕အိမ္မွာ ကူလုပ္တဲ့လူေတြကိုေတာင္မွ ႐ုံးေတာ္ကိုအတူသြားခဲ့တာေၾကာင့္သာ သိခဲ့တယ္ဆို႐ုံျဖစ္ၿပီး ေနာက္ပိုင္း သူ႕အိမ္မွာအတူတူအလုပ္လုပ္ေနက်လိဳ႕သာ အနည္းရင္းႏွီးသြားက်တာျဖစ္သည္။ ဒါေၾကာင့္ ရွင္းလင္းစြာနဲ႕ပဲ ပိုင္လီက ဒီ႐ုတ္တရက္ေရာက္လာတဲ့လူေတြနဲ႕ မရင္းႏွီးလွပါဘူး။

သို႔ေသာ္ တစ္႐ြာထဲသားမ်ားျဖစ္ေလရာ သူတို႔က သူ႕ကိုလာရွာဆိုမွေတာ့ သူလည္းဝတၱရားအရေမးခဲ့ရေတာ့သည္။

"အိုး... ဒီကအကိုတို႔ မနက္ေစာေစာပါလား ဘာမ်ားျဖစ္လို႔လဲဗ်"

မူလတြင္ ပိုင္လီက ဒီလူေတြက အလုပ္လာရွာတာမ်ားလားဟု ေတြးခဲ့ေသးသည္။ ဘာေၾကာင့္လဲဆိုေတာ့ အခုခ်ိန္တြင္ အလုပ္မ်ားမရွိေတာ့ေပ။ ဒါေၾကာင့္ ဒီရက္ပိုင္း အိမ္မွာလုပ္စရာရွိေနတဲ့ သူ႕ဆီမွာ လုပ္စရာမ်ားရွိလားလို႔ လာၾကည့္တာမ်ားလားေပါ့။ သို႔ေသာ္ ၎တို႔၏ပုံစံအရသိပ္ေတာ့မျဖစ္နိုင္ပါေခ်။ ဘာေၾကာင့္လည္းေတာ့မသိ ပိုင္လီသည္ သူတို႔ႏွင့္ဆုံသည္ႏွင့္ အနည္းမေကာင္းေသာခံစားခ်က္ အနည္းငယ္ကိုခံစားခဲ့သျဖင့္ သက္ေတာင့္သက္သာျဖစ္မေနေပ။

ထိုလူသုံးေယာက္ကို ဦးေဆာင္လာသူမွာ ဝမ္႐ူဟုေခၚၿပီး အသက္သုံးဆယ္နားရွိၿပီျဖစ္ကာ ပိုင္အိမ္က ပိုင္က်န္းႏွင့္မွ ႐ြယ္တူေလာက္ျဖစ္၏။ သူက ပိုင္လီစကားၾကားေတာ့ ရယ္လာၿပီး...

"ဒါကဒီလိုကြ ရိတ္သိမ္းခ်ိန္ၿပီးသြားေတာ့ ႐ြာမွာအလုပ္မရွိေတာ့ဘူးေလ အဲဒါ ငါတို႔က ခါတိုင္းႏွစ္ေတြလိုပဲ ႐ြာအႀကီးကဲဆီမွာေလးငွားၿပီး ေတာထဲအမဲလိုက္သြားက်မလို႔ မင္းကလည္းအခုတေလာ အမဲလိုက္သြားေနတာဆိုေတာ့ အဆင္ေျပရင္အတူတူသြားရေအာင္လို႔ အေဖာ္လာညွိက်တာ ဘယ္လိုလဲ အတူတူသြားက်မလား"

ထိုသို႔ေမးလာေသာ္လည္း ဝမ္႐ူ၏မ်က္ႏွာကအေတာ္ေလး႐ႊင္ျမဴးေနပုံရၿပီး သူက ပိုင္လီကသူတို႔ႏွင့္အတူသြားမည္ဟု တထစ္ခ်ယဳံၾကည္ေနပုံလည္းရသည္။ ပိုင္လီက တျခားလူေတြကို ေဝ့ၾကည့္လိုက္ေတာ့လည္း သူတို႔ေတြရဲ႕မ်က္ႏွာေတြမွာ ေပ်ာ္႐ႊင္ျခင္းေတြက မဖုံးနိုင္မဖိနိုင္ေအာင္ပဲ။ သူတို႔ကိုၾကည့္ရတာ ေပ်ာ္စရာတစ္ခုခုအတြက္ ႀကိဳေပ်ာ္ေနက်ပဳံလည္းရပါတယ္။

ပိုင္လီက တုံးအတဲ့လူမဟုတ္တဲ့အတြက္ ဒီလူေတြဘာကိုေတြးေနၿပီး ဘာကိုလုပ္ခ်င္ေနတယ္ဆိုတာကို မသိစရာမရွိေပ။

သူတို႔ေတြက ႏွစ္တိုင္း အမဲလိုက္သြားက်တာက မွန္ေကာင္းမွန္နိုင္ေပမယ့္ ေတာစပ္နားပဲသြားရဲက်တာေၾကာင့္ ကံေကာင္းတဲ့အေခါက္မွာမွ ရစ္ငွက္လိုလို၊ေတာယုန္လိုလိုပဲရတတ္ၿပီး မ်ားေသာအားျဖင့္လက္ဗလာသာ ျပန္ရသည္ကသာမ်ားသည္။ ဒါေပမယ့္ ပိုင္လီကေတာ့မတူဘူးေလ။ ေတာဝက္ေတြနဲ႕ ဒရယ္ေတြကို ထည့္မေျပာရင္ေတာင္ ပိုင္လီက ေတာထဲသြားတဲ့အေခါက္တိုင္းမွာ အေကာင္ေသးေလးေတြက အနည္းဆုံးသုံးေလးေကာင္ကေန၊ ေလးငါးေကာင္ထိ အသာေလးရတတ္တဲ့သူမဟုတ္ဘူးလား။ ဒါေၾကာင့္ ဒီလူေတြက ပိုင္လီအေပၚမွီခိုခ်င္ေနက်တာ အရမ္းေပၚလြင္ေနသည္။ အကယ္၍ သူတို႔သာအတူတူသာသြားက်ရင္ တစ္ဖြဲ႕တည္းဆိုေတာ့ ပိုင္လီရလာတဲ့ထဲက သူတို႔လည္း အနည္းနဲ႕အမ်ားေတာ့ ခံစားခြင့္ရလိမ့္မည္ ေတြးက်တာလည္းျဖစ္နိုင္၏။

ပိုင္လီက ဒါကို သိပ္ေတာ့အျပစ္မျမင္ပါဘူး။ လူဆိုတာ ေလာဘရွိတဲ့သူခ်ည္းပဲေလ။ ၿပီးေတာ့ ဒါကသူ႕အျပစ္လည္းမကင္းပဲ အကယ္၍ သူကသားေကာင္ေတြရေနၿပီး ေငြေတြအမ်ားႀကီးဝင္ေနတယ္ဆိုရင္ ႐ြာသားေတြက အားက်မလိုျဖစ္နိုင္ေပမယ့္ ဒီေလာက္ျမန္ျမန္ႀကီးေတာ့ သူ႕အေပၚအျမတ္ထုတ္ခ်င္က်မွာမဟုတ္ဘူး။ ဒါကဘာလို႔လည္းဆိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ရက္မွာ ပိုင္လီကသားေကာင္ေတြကို ဘယ္ေလာက္နဲ႕ေရာင္းခဲ့ရေၾကာင္း တိတိက်က်သိသြားက်တာေၾကာင့္ ျဖစ္ပါလိမ့္မယ္။

အမ်ားႀကီးရေနတယ္လို႔ပဲသိထားရင္ေတာင္ ပမာဏအတိက်မသိတဲ့အတြက္ သူတို႔ရဲ႕ေလာဘစိတ္ေတြကိုထိန္းထားနိုင္ဦးမည္ျဖစ္ေသာ္လည္း ႏွစ္ရက္ထဲႏွင့္ ေငြေခ်ာင္းငါးရာရွာနိုင္မႈသည္ ဒီလိုဆင္းရဲတဲ့လယ္သမား႐ြာေလးကလူေတြကို အျမင္ပင္ကြယ္သြားေစနိုင္သည္။ ဒရယ္ေတြေရာင္းတဲ့အခ်ိန္က ပိုင္လီအိမ္မွာ အလုပ္ကူလုပ္ေနတဲ့႐ြာသားေတြရွိေနခဲ့တာေၾကာင့္ တစ္႐ြာလုံးကိုသတင္းမပ်ံ့ဖို႔ဆိုတာမျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ဒီလူေတြက ထိုင္မေနနိုင္ေတာ့ပဲ သူ႕ကိုအျမတ္ထုတ္ဖို႔ေျပးလာခဲ့က်တာျဖစ္မည္။

ပိုင္လီက သက္ျပင္းခ်လိဳက္မိ၏။ သူက သူတို႔ကိုအျပစ္မတင္ေပမယ့္လည္း သူတို႔နဲ႕အတူမသြားနိုင္ပါဘူး။

"အကိုဝမ္ ကြၽန္ေတာ္စိတ္ေတာ့မေကာင္းပါဘူး အကိုတို႔က ေတာစပ္ကိုပဲသြားမွာမလား ကြၽန္ေတာ္ကေတာနက္ထဲထိသြားမွာမလို႔ လမ္းမတူေလာက္ဘူး"

ဒါကိုၾကားေတာ့ ဝမ္႐ူကမ်က္ႏွာခနပ်က္သြားေသာ္လည္း မၾကာလိုက္ပဲျပန္ရယ္လာကာ..

"ဒါကဘာခက္လို႔လဲ ငါတို႔လည္းမင္းနဲ႕ေတာနက္ထဲလိုက္ခဲ့မယ္ေလ မင္းတစ္ေယာက္ထဲေတာနင္ထဲသြားေနတာနဲ႕စာရင္ လူမ်ားေတာ့ပိုမေကာင္းဘူးလား"

ပိုင္လီက ေနာက္ဆုံးတြင္ ဒီလူေတြကသူ႕ကိုအျမတ္ထုတ္ခ်င္မွန္းပိုေသခ်ာသြားခဲ့သည္။ သူတို႔ေတြက ေတာနက္ထဲမဝင္ရဲက်ေပမယ့္ ပိုင္လီနဲ႕အတူလိုက္လာခ်င္တယ္တဲ့လား။ ေတာနက္ထဲဆိုတာ လူမ်ားတိုင္းသြားလည္လို႔ရတဲ့ေနရာမလို႔လား။

ပိုင္လီက မ်က္ေမွာင္ၾကဳတ္လိုက္ေသာ္လည္း အမွန္ကိုဖြင့္ေျပာခဲ့ၿပီး...

"အကိုဝမ္ ကြၽန္ေတာ္ကဘာသေဘာနဲ႕မွေျပာတာေတာ့မဟုတ္ပါဘူး ဒါေပမယ့္ ေတာနက္ထဲကအရမ္းအႏၱာရယ္မ်ားတာ ကြၽန္ေတာ့္က ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေစာင့္ေရွာက္နိုင္ေပမယ့္ တျခားလူကိုေတာ့ ကာကြယ္နိုင္မွာမဟုတ္ဘူး "

ဒါသည္အမွန္တရားသာ...။

ပိုင္လီက မ်က္စိလွ်င္ၿပီး သြက္လက္တဲ့လူျဖစ္လို႔ အႏၱာရယ္မ်ားကို လွ်င္ျမန္စြာေရွာင္နိုင္ေသာ္လည္း သူသည္ သူ႕အတြက္သူသာအာမခံနိုင္သည္။ သူက အၿမဲတမ္းေအးေဆးတဲ့ပုံျဖစ္ေနေပမယ့္ ေတာထဲဝင္တာနဲ႕သတိလစ္တတ္တဲ့သူမဟုတ္ပဲ အၿမဲသတိရွိေနခဲ့တာသာျဖစ္၏။ ဒါေၾကာင့္ သူက အလြယ္ေလးအမဲရတတ္လာတယ္လို႔ထင္ရေပမယ့္ ဒါကဘယ္လိုလုပ္လြယ္ကူနိုင္မွာလဲ။ သူက သူ႕အသက္သူကာကြယ္နိူင္တယ္ပဲထား ေတာနက္ထဲမွာတျခားလူေတြကိုေတာ့ ဘယ္လိုလုပ္ေစာင့္ေရွာက္နိုင္ပါ့မလဲ။ သူက သူရဲ႕မူလဘဝက ေက်ာ္ၾကားတဲ့စိတ္ကူးရင္ဇာက္ေကာင္ စူပါဟီးရိုးတစ္ေယာက္ေယာက္လဲမဟုတ္ဘူးေလ။

အဲဒီလိုမ်ိဳး တျခားလူေတြကိုပါ ေတာနက္ထဲေခၚသြားနိုင္စြမ္းရွိေနရင္ သူကပိုင္အိမ္ကေယာကၤ်ားေတြကို ေခၚသြားခဲ့ၿပီးတာ ၾကာေနမယ္မဟုတ္ဘူးလား။

ဝမ္႐ူႏွင့္သူ႕ေနာက္ကလူမ်ားသည္ ပိုင္လီရဲ႕ထိုစကားကိုၾကားေတာ့ ၿပဳံးရယ္ေနတဲ့မ်က္ႏွာမ်ားပ်က္သြားက်သည္။ ဝမ္႐ူက ႐ုပ္တည္ျဖင့္ပိုင္လီကိုၾကည့္လာၿပီး....

"မင္းကဘာကိုဆိုလိုခ်င္တာလဲ မင္းေျပာတဲ့ပုံက ငါတို႔က မင္းကာကြယ္ေပးတာလိုတဲ့ပုံေတြေပါက္ေနၿပီ! ေသခ်ာရွင္းရွင္းလင္းလင္းၾကည့္စမ္းပါ ငါတို႔ကလူအမ်ားႀကီး မင္းကတစ္ေယာက္ထဲ ဘယ္သူေတြကဘယ္သူ႕ကိုကာကြယ္ေပးရမလဲဆိုတာ!"

ဝမ္႐ူစကားဆုံးေတာ့ သူ႕ေနာက္က႐ြာသားမ်ားကလည္း ဝင္ေျပာလာသည္။

"ဟုတ္တယ္ပိုင္လီ ငါတို႔က တစ္႐ြာထဲသားခ်င္းေတြမလို႔ အတူတူစုသြားဖို႔လာေခၚ႐ုံပဲ မင္းကဒီရက္ပိုင္းေတာေကာင္ေတြရွာနိုင္ဆိုၿပီး မာန္တတ္ေနတာလား ဘယ္သူကေရာ ေယာကၤ်ားေတြမဟုတ္လို႔လဲ မင္းရွာနိုင္ရင္ငါတို႔လည္းရွာနိုင္တယ္ကြ!"

"မင္းက ငါတို႔ကိုကာကြယ္ေပးရမယ့္ပုံနဲ႕ေတာင္ေျပာရဲေသးတယ္ အထင္ႀကီးလြန္းေနတာမ်ား"

ပိုင္လီက ဒါေတြကိုၾကားေတာ့ မ်က္ခုံးပင့္လိုက္မိ၏။ ဒီလူေတြက သူတို႔ေျပာတာေတြကို သူတို႔ကိုယ္တိုင္ေရာ ယုံနိုင္ရဲ႕လား။

သူတို႔က သူတို႔ဘာသာစြမ္းနိုင္တယ္ထင္ရင္လည္း ဘာေၾကာင့္မ်ား ပိုင္လီဆိုတဲ့သူ႕ကိုလာေခၚေနေသးတာလဲ။

ပိုင္လီက ႐ြာသားေတြနဲ႕စကားမမ်ားခ်င္တာေၾကာင့္...

"ဒါဆိုလည္း ကြၽန္ေတာ္မလိုက္ေတာ့ပါဘူး ကြၽန္ေတာ္က ကိုယ့္ဘာသာကိုယ္ပဲေစာင့္ေရွာက္နိုင္တာမလို႔ တျခားလူေတြနဲ႕အတူသြားရမွာကိုမႀကိဳက္ဘူး ကြၽန္ေတာ္အကိုတို႔ကိုကို သတိေပးလိုက္နိုင္တာကေတာ့ ေတာထဲမွာ ေတာေကာင္ႀကီးေတြပဲအႏၱာရယ္ရွိနိုင္တာမဟုတ္ဘူးဆိုတာပါပဲ ဒါဆိုခြင့္ျပဳပါဦး"

ထို႔ေနာက္ ပိုင္လီက လွည့္ကာ အိမ္ထဲဝင္သြားလိုက္သည္။ သူတို႔ေတြက အိမ္ေရွ႕မွာစကားေျပာေနက်တာျဖစ္ၿပီး ပိုင္လီကသူတို႔နဲ႕ဆက္မေျပာခ်င္ေတာ့ဘူး။ ဒီေန႕ သူ႕စိတ္ခံစားခ်က္ေတြလည္းမေကာင္းဘူးဆိုေတာ့ ေတာထဲလည္းမသြားေတာ့ဘူး။

သူသတိေပးခဲ့တာကေတာ့ ပိုင္လီက ဒီလူေတြေတာထဲသြားဖို႔ကို လက္ေလ်ာ့မွာမဟုတ္ဘူးဆိုတာကို ရိပ္မိေနလို႔ပင္။ ဒီလူေတြက အရမ္းစိတ္ဆုံးျဖတ္ထားပုံရၿပီး သူဘယ္လိုလိုတားတား ရမွာမဟုတ္ေလာက္ဘူးေလ။

ပိုင္လီက ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး သူတို႔ႏွင့္အတူလိုက္သြားလို႔ရသည္။ အႏၱာရယ္ႀကဳံလာတဲ့အခါ သူ႕အတြက္သူေတြးၿပီး တစ္ကိုယ္ေကာင္းဆန္လို႔လည္းရ၏။ သို႔ေသာ္ သူသည္လူသားတစ္ေယာက္သာျဖစ္ၿပီး သူ႕ေရွ႕တြင္လူတစ္ေယာက္ကူကယ္ရာမဲ့စြာ ဒုကၡေရာက္မည္ကို ၾကည့္မေနနိုင္ေပ။ ဒါေၾကာင့္ သူသာဒီလူေတြရဲ႕ဆႏၵကိုလိုက္ေလ်ာလိုက္ရင္ အႏၱာရယ္ႀကဳံလာတဲ့အခါ ဒီလူေတြကိုကယ္ခ်င္လာၿပီး ေနာက္ဆုံး သူပင္ဒုကၡေရာက္သြားနိုင္ေသးသည္။

ၿပီးေတာ့ အကယ္၍ သူနဲ႕အတူတူသြားက်ၿပီး ဒီလူေတြတစ္ခုခုျဖစ္လာပါက ႐ြာထဲကလူမ်ားသည္ ပိုင္လီက တစ္ေယာက္ထဲသြားတုန္းကေတာင္ ဘာမွမျဖစ္ဘဲ အမ်ားနဲ႕သြားမွ ႐ြာသားေတြခံလာရတယ္ဆိုၿပီး သူကတမင္အႏၱာရယ္ရွိတဲ့ေနရာေတြကိုေခၚသြားတာဟုေျပာနိုင္ကာ သူ႕ကိုေတာင္အျမင္ေစာင္းလာနိုင္ေသး၏။

ဒါေတြေၾကာင့္ ဒီကိစၥအေပၚပိုင္လီရဲ႕ဆုံးျဖတ္ခ်က္က အရမ္းျပတ္သားၿပီး သူတို႔ႏွင့္မလိုက္သလို သူကိုယ္တိုင္လည္းဒီေန႕ေတာထဲမသြားေတာ့ဖို႔ ဆုံးျဖတ္ခဲ့သည္။

အျပင္မွာက်န္ခဲ့တဲ့ ဝမ္႐ူနဲ႕သူ႕ေနာက္က႐ြာသားေတြကေတာ့ ေဒါသတႀကီးေအာ္ဟစ္လာက်ကာ...

"ပိုင္လီ မင္းကဘဝင္႐ူးေနတဲ့ေကာင္ပဲ! "

"ဒီေကာင္က သူ႕ကိုယ္သူ ေတာေကာင္ႀကီးေတြရွာနိုင္ဆိုၿပီး မာန္တတ္ေနတာ!"

"ငါေတာ့အဲလိုမထင္ပါဘူး သူက သူသိထားတဲ့သားေကာင္ေတြရဲ႕စားက်က္ကို ငါတို႔ကိုမမွ်ေဝခ်င္လို႔ေနမွာေပါ့"

"ျဖစ္နိုင္တာပဲ ဒီေကာင္က တစ္ကိုယ္ေကာင္းဆန္ၿပီး ႐ြာသားေတြ သူ႕လိုေငြရွာသြားနိုင္မွာကို စိုးရိမ္ေနတာပဲျဖစ္မယ္"

"ဟမ့္! သူက နန္ေတာင္ႀကီးတစ္ခုလုံးကိုလက္ဝါးႀကီးအုပ္နိုင္မွာတဲ့လား! ဒီေန႕ေတာ့ သူတစ္ေယာက္ထဲအစြမ္းစရွိတာမဟုတ္ဘူးဆိုတာကိုျပေပးရမယ္!"

သူတို႔သည္ အိမ္ထဲရွိပိုင္လီက ဘာမွမတုန့္ျပန္လာသည္အခါ ပိုေဒါသထြက္လာက်ေသာ္လည္း ေတာထဲသြားဖို႔ရွိေသးေလရာ ထြက္သြားက်ေတာ့သည္။

သူတို႔ေတြက ပိုင္လီကိုအျမတ္ထုတ္ဖို႔လာခဲ့တယ္ဆိုတာကို ဝန္မခံခ်င္ဘူး။ အဲဒီအစား ပိုင္လီကသူတို႔ကို႔ျငင္းလိုက္လို႔သာ အရမ္းေဒါသထြက္ေနက်သည္။

ပိုင္လီက ၿပီးခဲ့တဲ့ႏွစ္ရက္က ဒရယ္သုံးေကာင္ကေန ေငြေခ်ာင္းငါးရာရခဲ့သည္ဟု သူတို႔ၾကားခဲ့ရသည္။ ရခဲ့တာမွ ဝယ္ခ်င္သူေတြက အိမ္အေရာက္ခခယယလာဝယ္ရတာတဲ့ေလ။ စဥ္းစားၾကည့္က်ပါဦး မင္းလက္ထဲမွာသာ ေတာေကာင္ေတြရွိရင္ ေငြေပးခ်င္သည့္လူမ်ားက အိမ္တိုင္ရာေရာက္ေရာက္လာလိမ့္မည္။ ဘယ္လယ္သမားကမ်ား ဒါကိုအားမက်ပဲေနမွာလဲ။ ၿပီးေတာ့ဒါကခက္ခဲေနတာလည္းမဟုတ္ သူတို႔႐ြာကေတာင္ကေနပဲ ဒီေတာေကာင္ေတြကိုရလာတာေလ။

ေတာေကာင္ေတြရွိတဲ့ေနရာလည္းသိထားၿပီး ေငြရနိုင္တာလည္းသိထားတာကို သူတို႔ကဘယ္လိုမ်ားစမ္းမၾကည့္ပဲေနနိုင္မွာတဲ့လဲ။

သို႔ေသာ္ သူတို႔သည္ ေတာနက္ထဲေတာ့မေရာက္ဘူးေလရာ ေရာက္ဖူးသည့္ပိုင္လီက သားေကာင္ေတြရွိတတ္သည့္လမ္းေၾကာင္းကို သိလိမ့္မည္ဟုေတြးၿပီး ပိုင္လီႏွင့္အတူသြားခ်င္ခဲ့က်သည္။ ထပ္ၿပီး ပိုင္လီမွာေလးေကာင္းေကာင္းရွိကာ ျမႇားျပစ္လည္းကြၽမ္းပုံရေသး၏။ သူတို႔ေတြက လယ္သမားေတြျဖစ္ၿပီးျမႇားျပစ္ရာတြင္ သိပ္မကြၽမ္းက်င္က်ေပ။ ဒါေၾကာင့္ပိုင္လီသာပါလာရင္ သားေကာင္ေတြ႕တာနဲ႕ပိုင္လီကပစ္လိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြကတစ္ဖြဲ႕ထဲျဖစ္ၿပီး သားေကာင္ကိုလည္းအတူတူေတြ႕တာဆိုေတာ့ ရလာတဲ့သားေကာင္ကိုေတာ့ ခြဲေဝယူက်ရမယ္။

ဒါသည္ ဒီလူေတြရဲ႕စဥ္းစားထားပုံျဖစ္သည္။

သို႔ေသာ္ အခုေတာ့ပိုင္လီက သူတို႔အႀကံကိုသိေနသည့္အတိုင္း လိုက္မလာခဲ့ေပ။ ဒါကသူတို႔ကိုအရမ္းစိတ္ဆိုးေစတယ္။

ဒါေပမယ့္ သူတို႔သည္ သူတို႔ရဲ႕ေတာထဲဝင္မည့္အစီစဥ္ကိုမစြန့္လႊတ္ေပ။ ပိုင္လီကတစ္ေယာက္ထဲေတာင္ ေတာေကာင္ေတြရွာနိူင္ေသးတာ သူတို႔ကလူအမ်ားႀကီးေလ။ ပိုင္လီေတာင္ရွာနိုင္ေသးရင္ သူတို႔လည္း က်ိမ္းေသေပါက္ သူတို႔လည္းရွာနိုင္ရမွာပဲမဟုတ္ဘူးလား။

ထိုအေတြးျဖင့္ ထိုလူမ်ားသည္ ေတာနက္ထဲသို႔စမ္းတဝါးဝါးႏွင့္ ဝင္ေရာက္သြားခဲ့က်ေလသည္။
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန့္ 😇
.................................................................
(AN/ ေရွ႕ႏွစ္ရက္က ကိုယ္နည္းနည္းအလုပ္ရႈပ္ေနတာေၾကာင့္ မေရးျဖစ္ခဲ့ပါဘူး။ အဲဒါ ဒီေန႕မွေရးနိုင္ၿပီး ကေလးေတြေမွ်ာ္ေနမွန္းသိလို႔ ႏွစ္ပိုင္းသုံးပိုင္းရတဲ့ထိထပ္မေစာင့္ေတာ့ပဲ တင္ေပးလိုက္ပါတယ္။)

Continuar a ler

Também vai Gostar

1.1M 30.7K 20
In which a skittish human girl and an angry Alpha wolf heal together A Werewolf Romance Copyright © The Queen Slushie 2021 You do not have permission...
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
29.5K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း