ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

639K 69.2K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

156 ~ 160

1.7K 157 2
By Fiendyy

(Unicode)

အခန်း [ ၁၅၆ ]

“ လုမန် ”
သိုက်ယီးရန်က သူမကို ဆွဲတားလိုက်ကာပြုံး၍
“ နင့်ရဲ့အဆိုပြုလွှာက ဘာလဲ၊ အရွေးခံရမယ်လို့ ယုံကြည်မှုရှိလား ”

“ ကျွန်မ လိုရမည်ရဆိုပြီး နှစ်ခု ပြင်ထားတာပါ၊ ကွန်ပျူတာထဲကတစ်ခုကတော့ အားအရဆုံး လက်အခံနိုင်ဆုံး တစ်ခုပါ၊ နောက်တစ်ခုကတော့ ခုနကအပ်လိုက်တဲ့လက်ဦးမူကြမ်းပေါ့၊ ကျွန်မ အားရကျေနပ်တဲ့အဆိုပြုလွှာက ပြန်ယူလို့မှမရတော့တာ .. ရှိပါစေတော့ သူတောင်းစားဘဝ ချေးမများရတဲ့၊ တခြားတစ်ခုကိုပဲ ကျွန်မ သုံးရတော့မှာပေါ့လေ ”
လုမန်က စိတ်ညစ်နေသည့်ပုံလေးနှင့်ပြော၏။ စောစောက အပ်လိုက်သည့် အဆိုပြုလွှာနှင့်ပတ်သက်ပြီး အားရကျေနပ်ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။

သိုက်ယီးရန်မျက်ဝန်းတွေ ဝင်းခနဲ လက်သွား၏။
“ အဲ့ဒီတော့ နင်ပြောတာက နင့်ရဲ့ကွန်ပျူတာထဲမှာပါသွားတဲ့ဥစ္စာက ခုနကနင်အပ်လိုက်တဲ့ဥစ္စာနဲ့ မတူဘူးလို့ပေါ့ ဟုတ်လား ”

လုမန်က ဟုတ်၏ မဟုတ်၏ ပြောဆိုခြင်း မရှိ။ သို့သော်လည်း သိုက်ယီးရန်ကတော့ သူမ၏ နှုတ်ဆိတ်နေမှုကို သဘောတူလက်ခံခြင်းဟုပဲ ယူဆလိုက်သည်။

သူမက ချက်ချင်းပင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

လုမန်ကို သိုက်ယီးရန် ဆွဲထားစဥ် ယဲ့ရှောင်ရှင်းသည် ဗိုင်းရပ်စ်ပါရှိသည့် Pen Drive ကို ယူသွားရန် ကြိုးစားရှာသည်။

သို့သော်လည်း လုမန်က စကားပြောပြီးတာနှင့် သူမဘက်ကိုလှည့်ပြီး Pen Drive ကို ဆွဲယူသွားသည်။

ယဲ့ရှောင်ရှင်း ပါးစပ်ဟောင်းလောင်းလေးဖြစ်သွားလျက်
“ လုမန် .. ဒီ Pen Drive က နင့်ဟာမှမဟုတ်တာ .. နင် ဘာဖြစ်လို့ ယူတာလဲ ”

“ အဲ့ဒါဆို ရှင့်ဟာလား ”
လုမန်က မျက်ဝန်းတွေကိုမှေးကျဥ်းပြီး မေး၏။

“ မဟုတ်ပါဘူး ”
ယဲ့ရှောင်ရှင်းက ပျာပျာသလဲ ငြင်းသည်။

“ မဟုတ်ရင် ဘာဖြစ်လို့ ကျွန်မ ဒါ ယူတာကို ရှင် လိုက်ပြောနေတာလဲ ”
လုမန်က ပက်ခနဲ ပြန်မေးပြီး Pen Drive ကို အိတ်ထဲထည့်လိုက်၏။

“ နင့်ဟာမှမဟုတ်တာကို ”
ယဲ့ရှောင်ရှင်းက နားမလည်သလိုမျက်နှာလေးနဲ့လိုက်ကြည့်သည်။

ငတုံးမ..

သိုက်ယီးရန် တိတ်တဆိတ် ကြိမ်းလိုက်မိသည်။ ယဲ့ရှောင်ရှင်းတော့ ဒါ သူမဟာပါ ဆိုပြီး မသိသိအောင် ပြောဖို့ လုပ်နေတာလား!

“ ရှောင်ရှင်းက နင့်ကိုကူစစ်ပေးချင်လို့ ဖြစ်မှာပါ၊ Pen Drive က ဘာဖြစ်နေတယ်ဆိုတာကိုလေ ” သိုက်ယီးရန် အလောတကြီး ဝင်ဖြေရှင်းပေး၏။ 

“ ဟုတ်တယ် ဟုတ်တယ်! ”
ထိုအခါမှ ယဲ့ရှောင်ရှင်းက စကားပြန်ပေးနိုင်ကာ အခြေအနေကို ပြန်ဆယ်ဖို့ ကြိုးစား၏။
“ ဒီနယ်ပယ်မှာ သိပ်ကျွမ်းတဲ့သူကို ငါ သိတယ်၊ ဒါယူသွားပြီး သူ့ကို စစ်ဆေးခိုင်းလိုက်မယ် ”

“ ရပါတယ်၊ ကျွန်မလည်း ဒီနယ်ပယ်မှာ နောကျေနေတဲ့လူတစ်ယောက်နဲ့သိတာမို့ ကိုယ့်ဘာသာ စစ်ဆေးခိုင်းလိုက်လို့ ရတယ် ”
လုမန်က သူမကို စူးစိုက်ကြည့်၏။
“ဘယ်လိုပဲဆိုဆို ဒါကြီးက ကျွန်မကွန်ပျူတာရဲ့စီပီယူမှာ စိုက်ထားတာ.. ”

အရိုးသားဆုံးပြောရလျှင် လုမန်မှာ ဒီပစ္စည်းကို စစ်ဆေးကြည့်ဖို့ စိတ်ကူးပင် မရှိပေ။

ဘာများစစ်ဆေးစရာရှိလို့လဲ..

ဒီထဲမှာ သူမကွန်ပျူတာထဲကဖိုင်တွေအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ဗိုင်းရပ်စ်တစ်ခုပဲရှိတာ...

ပြီးတော့ သိုက်ယီးရန်၏ တုံ့ပြန်မှုတွေအရ ဒါဟာ ဖိုင်တွေကို သိုက်ယီးရန်ဆီသို့ အလိုအလျောက်ပို့ပေးတာမျိုးပင် လုပ်ဆောင်နိုင်လောက်ပေသည်။ မဖြစ်နိုင်တာမှ မဟုတ်ဘဲ။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သိုက်ယီးရန်၏ လက်ချက်ပဲဖြစ်၏။ ယဲ့ရှောင်ရှင်း၏ မျက်နှာထိမျက်နှာထားအရ သူမသည်လည်း ကြံရာပါတစ်ယောက်ဆိုတာကို လုမန် သိသည်။

ထို့ကြောင့် အထူးတလည် စုံစမ်းစစ်ဆေးနေစရာ ဘာမှမလိုပေ။

လုမန် ဒါနဲ့ပတ်သက်ပြီး လုံးဝ စိတ်မဖိစီးပေ။ ပစ္စည်းတွေသိမ်းပြီး အလုပ်ဆင်းသွားလိုက်၏။ ယဲ့ရှောင်ရှင်းမှာတော့ သေလောက်အောင် ကြောက်လန့်နေရှာသည်။

သိုက်ယီးရန် သူမကို ပါးရိုက်ချင်နေပြီ ဖြစ်၏။
“ စိတ်အေးအေးထားစမ်း! လုမန် ဘာမှမသိသေးဘူး၊ နင်လုပ်မှ သိသွားရင် ငါ နင့်ကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူးနော်! ”

“ ငါကြောက်တယ် သူတစ်ခုခုသိသွားမှာကို ကြောက်တယ်! ”

“ Pen Drive ထဲမှာ ဗိုင်းရပ်စ်ပဲရှိတာ၊ အဲ့ဒါကို ရှာဖွေတော့ကော ဘာများ သိရမှာမို့လို့လဲ! နင် အေးဆေးမနေနိုင်ရင် မနက်ဖြန်တစ်ရက်နားလိုက်! ငါ့ကို မနှောင့်ယှက်နဲ့! ”

“ ငါ.. ငါနားလည်ပါတယ်..  ”
တစ်ခုခုလွဲချော်ခဲ့လျှင် ကူကယ်ခံရဖို့ ယဲ့ရှောင်ရှင်းက သိုက်ယီးရန်ကို အားကိုးနေတုန်းဖြစ်၏။ သိုက်ယီးရန် စိတ်တိုသွားပြီမှန်းသိလိုက်ရတော့ ပျာပျာသလဲ ချော့ဖို့ လုပ်လိုက်သည်။ 
“ ယီးရန် ငါနင့်ကိုကြိုပြီးဂုဏ်ပြုထားမယ်နော်၊ နင် လုမန်ကို အနိုင်ယူနိုင်ခဲ့ပါပြီ၊ မနက်ဖြန်ပြီးရင် ဟန်ကော်ပိုရေးရှင်းမှာ လုမန်ဆိုတာရှိတော့မှာမဟုတ်ဘူး ”

သိုက်ယီးရန်က အေးစက်စွာ ပြုံး၏။
“ ခေါင်းထဲထည့်နေရအောင် သူက ဘာမို့လို့လဲ၊ ငါ သူ့ကို အနိုင်ယူခဲ့တာ အပျော့လေးပဲ ဟုတ်တယ်မို့လား ”

“ ဟုတ်တယ် .. ဟုတ်တယ် .. ဟုတ်တာပေါ့ .. နင့်ကျေးဇူးကြောင့် လုမန်ကို မောင်းထုတ်နိုင်တာ .. မဟုတ်ရင် တို့ရုံးခန်းထဲမှာ သူရှိနေသမျှကာလပတ်လုံး တို့တွေအော့နှလုံးနာနေရဦးမှာ ”

“ ဟွန်း.. ငါနဲ့ပြိုင်ဖိုက်ရအောင် သူက ဘာမို့လို့လဲ၊ အရည်အချင်းမှမရှိတာ! သူ့လိုလူက လုံးဝ ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတာ သိသွားစေရမယ် ”

“ ဒါပေါ့! ဒါပေါ့! ”

အခန်း [ ၁၅၇ ]

နောက်တစ်နေ့ လုမန် ရုံးတက်သည့်အချိန်တွင် တစ်ရုံးလုံး စည်ကားနေသည်မို့ အံ့သြရပါ၏။

“ ဒီနှစ် နန်ယင်း ပရဟိတပွဲကို မန်နေဂျာဝူနဲ့အတူ PR ဌာနကတစ်ယောက် တက်ခွင့်ရမယ်လို့ ကြားတယ် ”
ရှမုံ့ရွှမ်း၏ မျက်နှာတွင် အားကျမနာလိုမှုများနှင့် ပြည့်နှက်နေသည်။

“ ဟုတ်တယ်၊ တို့ကုမ္ပဏီက အနုပညာရှင်တွေလည်း အဲ့ဒီညပွဲကို တက်ရောက်ကြမှာဆိုတော့ PR ဌာနက လူတစ်ယောက် ထပ်လိုက်ရလိမ့်မယ်၊ အဲ့ဒါမှ ရုတ်တရက် တစ်ခုခုဆို ချက်ချင်း တန်ပြန်လုပ်ဆောင်ပေးလို့ရမှာလေ ”
အစ်မလိက ခေါင်းညိတ်သည်။ သူမလည်း ယခင်က ထိုပွဲကို တက်ဖူးပါ၏။

“ လွန်ခဲ့တဲ့နှစ်နှစ်ကတော့ အစ်ကိုကျန်း၊ မနှစ်က အစ်မလိ သွားရတယ်၊ ဒီနှစ်တော့ ဘယ်သူသွားရမယ်မသိဘူးနော် ”
ရှမုံ့ရွှမ်း၏ မျက်နှာတွင် မျှော်လင့်စောင့်စားခြင်းများ ဖြစ်ပေါ်နေ၏။ သူမ သွားချင်နေသည်မှာ သိသာထင်ရှားသည်။

အခွင့်အရေးကြီးတစ်ခုရမည်ဟု အာရုံရနေ၏။

ရုံးက စီနီယာဝန်ထမ်းတွေတော်တော်များများ သွားဖူးပြီးကြပြီဖြစ်ကာ မသွားရသေးသူဆို၍ သူမ၊ ယဲ့ရှောင်ရှင်းနှင့် ချန်ရှီးမြန်သာလျှင် ကျန်တော့သည်။

ထို့ပြင် လုမန်နှင့် သိုက်ယီးရန်တို့နှစ်ယောက်စလုံးက ဝန်ထမ်းအသစ်တွေဖြစ်ပြီး အစမ်းခန့်ကာလမှာပဲ ရှိနေသေးသည်။ ဤသို့ကြီးကျယ်ခမ်းနား၍ အရေးကြီးသော အခမ်းအနားမျိုးကို မန်နေဂျာဝူက သူတို့အား ခေါ်ဆောင်သွားမည် မဟုတ်ပေ။

ချန်ရှီးမြန်က ခပ်မဲ့မဲ့ ပြုံးလိုက်ကာ..
“ နင်လည်း မသွားရပါဘူး! ”

“ ချန်ရှီးမြန်! ”
ရှမုံ့ရွှမ်း ဒေါသတကြီး အော်ပစ်လိုက်၏။
“ ငါ နင့်ကို ဘာလုပ်မိလို့ နင် ငါ့ကိုပဲ ရမယ်ရှာနေတာလဲ! ”

“ ကဲပါဟယ် နင်တို့နှစ်ယောက်စလုံးမှာ အခွင့်အရေးရှိပါတယ်၊ ဒီနှစ်မဟုတ်ရင် နောက်နှစ်ပေါ့၊ တို့တွေ အလုပ်လုပ်လာကြတာပဲဒီလောက်ရှိပြီ၊ ဒါလေးအတွက်နဲ့ အချင်းချင်း ဒေါသထွက်စကားများဖို့လိုသလား ”
အစ်မလိက ခေါင်းလေးယမ်းခါပြီး သူတို့နှစ်ယောက်ကို ဝင်ထိန်းသည်။

ယဲ့ရှောင်ရှင်းကလည်း အားကျနေ၏။
“ နန်ယင်းပရဟိတပွဲညက အနုပညာလောကမှာ အကြီးဆုံးပွဲကြီးပဲနော်၊ နာမည်ကျော် ထိပ်တန်းအနုပညာရှင်ဖြစ်နေရင်တောင်မှ အဲ့ဒီပွဲကိုတော့ ဘာဖြစ်ဖြစ် နှစ်တိုင်း တက်ရောက်ကြရတယ်၊ နာမည်ကျော်အနုပညာရှင်တွေအကြောင်းလား လက်ခံရရှိတဲ့လှူဒါန်းငွေတွေအကြောင်းလား ဘာဖြစ်ဖြစ် နှစ်တိုင်း သတင်းကတော့မွှေးတယ်၊ အစ်မလိနဲ့ အစ်ကိုကျန်းတို့နှစ်ယောက်စလုံးက အရင်က တက်ဖူးကြပြီးပြီနော်၊ အဲ့ဒီမှာ ဘယ်လိုနေလဲဟင်၊ တော်တော်ခမ်းနားတာပဲလား ”

အစ်မလိက ပြောဖို့ ပါးစပ်ကလေးပြင်တုန်းရှိသေးသည်။ သိုက်ယီးရန်က..
“ ဒီလိုပါပဲ၊ ငါလည်း နှစ်တိုင်း ရောက်ဖြစ်တယ်၊ ဟိုနာမည်ကြီးမင်းသမီး ရှောက်ယွီချီးဆိုတာလေ သူက တော်တော်သဘောကောင်းတာသိလား၊ နှိမ့်ချတယ် ယဥ်ကျေးတယ် ဟောင်ဖွာဟောင်ဖွာလည်းမလုပ်ဘူး။ အထူးသဖြင့် မဟာဆန်တယ်။ ခု နာမည်ကျော်နေတဲ့ လီမူလန်က မနှစ်ကမှ နာမည်ရလာတာလေ၊ အဲ့ဒီတုန်းကတော့ သူ့ကို ခေါင်းထဲသိပ်မထည့်ကြပါဘူး၊ အို.. ဟုတ်သား လုချီရောပဲ ”

သိုက်ယီးရန်က ပြောနေရင်း တုံ့ခနဲရပ်ကာ လုမန်ကိုကြည့်၍ ဟက်ခနဲ ရယ်လိုက်သေး၏။
“ သူကတော့ နှစ်တိုင်း သူ့ပထွေး လုချီယွမ်နဲ့အတူ ရောက်လာတတ်တယ်၊ နှစ်ယောက်လုံးက တော်တော်ဘဝင်ကိုင်တာ၊ သူတို့နဲ့ဘက်မဟုတ်တဲ့သူတွေကိုဆိုရင် နည်းနည်းတောင် ငဲ့ကြည့်တာမဟုတ်ဘူး၊ အဲ သူတို့ထက်သာတဲ့သူတွေကိုဆိုရင်တော့ ဖားပြီပဲ၊ နှစ်တိုင်း သူတို့ဖားတာယားတာတွေမြင်နေရတာ တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ် ”

“ လုချီ .. အဲ့ဒါ လုမန် ညီမ မဟုတ်ဘူးလား ”
ရှမုံ့ရွှမ်းက ပြုံးသည်။

“ အဲ့ဒါပြောတာပေါ့ တစ်မိုးအောက်မှာ အတူနေထိုင်ကြတဲ့ မိသားစုတွေပါဆို ဒီနှစ်တော့ နင်ပဲ ကျိန်းသေပေါက် သွားရမှာပါဟာ.. ”
ယဲ့ရှောင်ရှင်းက လုမန်ကို သရော်ရင်း သိုက်ယီးရန်ကိုလည်း မြှောက်ပင့်လိုက်သေးသည်။

“ အဲ့လိုဆိုရင်တောင် ငါကတော့ ငြင်းရလိမ့်မယ်၊ ငါ ဖိတ်စာရပြီးတာကြာပြီ၊ ကုမ္ပဏီကပေးတဲ့နေရာကို ယူစရာမလိုပါဘူး၊ အဲ့ဒီအခါကျရင် ငါ နင်တို့ကို ပေးပါမယ် ”
ပြောပုံကိုက သူ့ဆီက စွန့်ကြဲပေးကမ်းစာတွေ စားနေရသလို။

ထိုကိစ္စသည် အစ်မလိနှင့် မသက်ဆိုင်သဖြင့် ထွက်လာခဲ့သော်လည်း မျက်နှာအမူအရာတွေ အေးစက်ခက်ထန်လျက်ရှိသည်။

နာမည်စာရင်း မထွက်လာသေးသော်လည်း သိုက်ယီးရန်က သူမ ဖြစ်လိမ့်မည်ဟု ယုံကြည်မှုတွေရှိနေသည်။

“ အာ .. ရှောင်လုက ဒီမှာပဲ ”
လုမန်စားပွဲနားကနေ ဖြတ်လျှောက်သွားတော့ အစ်မလိက အံ့သြတကြီး နှုတ်ဆက်လာသည်။
“ ခုပဲ အိုင်တီဌာနက ကွန်ပျူတာလာပို့သွားတယ်၊ သွားစမ်းကြည့်လိုက်ဦးနော် ”

ပြည်သူ့ဆက်ဆံရေးဌာနကို သူမ ရောက်လာကတည်းက ချန်ရှီးမြန်နှင့်ဝူလီကျဲကလွဲလျှင် တခြားဘယ်သူမှ သူမကို ငဲ့မကြည့်သလို စကားလည်း အဖက်လုပ်မပြောကြပေ။

ထို့ကြောင့် အစ်မလိကစပြီး ရုတ်တရက်ကြီး နှုတ်ဆက်လာသည့်အခါ လုမန် ကြောင်အမ်းသွားလေ၏။ အတော်လေးကြာမှ ချိုသာစွာ ပြုံးပြလိုက်ကာ
“ ဟုတ်ကဲ့ အစ်မလိ ကျေးဇူးပါနော် ”

အစ်မလိက လုမန်ပခုံးလေးကို ပုတ်ပေးသည်။

အစတုန်းကတော့ လုမန်ကို သိပ်ကြည့်မရခဲ့ပေ။ အကြောင်းမသိသေးတာရော ဌာနမှာ လုချီယွမ်ပြဿနာလာရှာသွားတာရောကြောင့် လုမန်ကိုပါ လူကောင်းမဖြစ်နိုင်ဘူးလို့ပဲ ထင်ခဲ့မိ၏။

အခန်း [ ၁၅၈ ]

သို့သော်ငြားလည်း ရက်အနည်းငယ်ခန့် လေ့လာစောင့်ကြည့်ပြီး တွေ့ရှိချက်များအရ လုမန်သည် ပြဿနာလုံးဝ မရှာပေ။ အလုပ်ပေးအပ်သည့်အခါတွင်ပဲဆိုဆို မမျှမတဆက်ဆံခံရလျှင်ပင် စောဒကမတက်ဘဲ အလုပ်တွေပြီးဖို့ကိုသာ အာရုံစိုက်တတ်၏။ တခြားသူတွေကိုလည်း တစ်ခါမှ အနှောင့်အယှက်မပေးဖူးပါချေ။

အရိုးသားဆုံးဆိုရလျှင် အသစ်တွေထဲမှာတော့ ဒူပေနာပေခံနိုင်သူလေးဖြစ်၏။ ဌာနအသစ်တစ်ခုမှာ အလုပ်စလုပ်ပြီဆိုတာနှင့် ဆယ်ယောက်မှာ ရှစ်ယောက်ကိုးယောက်လောက်က အနိုင်ကျင့်ခံရတတ်သည်။ အောက်ကျို့ရသော ငြီးငွေ့ဖွယ်ကောင်းသော အလုပ်တွေအားလုံးကို လူသစ်တွေလက်ထဲပေးကြသည်။

ဒါကို တချို့အသစ်တွေက မတရားဘူးထင်၍ အထက်လူကြီးဆီတက်တိုင်သဖြင့် ဆူဆူညံညံဖြစ်ရတာတွေလည်းရှိသည်။

လူနည်းစုကတော့ လုမန်လို စောဒကမတက်ဘဲ အလုပ်တွေကိုသာ ပြီးအောင် လုပ်တတ်၏။

ထို့ပြင် မနေ့က ကွန်ပျူတာဗိုင်းရပ်စ်ကိစ္စဖြစ်ပြီးသည့်နောက်မှာ အစ်မလိနားလည်လိုက်တာက သူများတွေကသာ လုမန်ကို ပြဿနာလိုက်ရှာနေတာမျိုးပဲဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ဟိုမိန်းကလေးနှစ်ယောက် သိုက်ယီးရန်နှင့် ယဲ့ရှောင်ရှင်းတို့မှာ လုမန်ကို ဒီတစ်လျှောက်လုံး အနိုင်ကျင့်နေခဲ့ကြ၏။

လုမန်က ဘာဆိုဘာမှလုပ်ခဲ့တာမဟုတ်၊ လုချီနှင့်လုချီယွမ်လုပ်သွားသည့်ကိစ္စကြောင့်သာ သူမကို လူတွေ အဆိုးမြင်ကုန်တာပဲဖြစ်သည်။

တကယ်တော့ လုမန်က သိုက်ယီးရန်ထက် အများကြီး သာသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပြဿနာတွေ များစွာ ဖြစ်စေခဲ့သော ယဲ့ရှောင်ရှင်းနှင့် ရှမုံ့ရွှမ်းတို့ထက်လည်း အများကြီး သာပါ၏။

အရင်ကတော့ ယဲ့ရှောင်ရှင်းနှင့် ရှမုံ့ရွှမ်းတို့သည် စီနီယာတွေအပေါ်မှာ တော်တော်လေးစားမှုရှိခဲ့ပါသည်။ နည်းနည်းဖားတတ်ကြသည်ဆိုလျှင်တောင်မှ နားထောင်ကောင်းအောင်တော့ ပြောတတ်ကြ၏။

သို့ပေမယ့် သိုက်ယီးရန်ရောက်ကတည်းက သူတို့ဖော်လံဖားပြုမူနေကြလိုက်တာ ရှင်းရှင်းပြောရလျှင် တော်တော်ကို အကျည်းတန်သည်။

“ ဒီတစ်ခါ ပရဟိတပွဲနဲ့ပတ်သက်ပြီးပြောရရင် နင်က အစမ်းခန့်ကာလမပြီးသေးတာမို့ နေရာရဖို့ မဖြစ်နိုင်လောက်ဘူး ”
အစ်မလိက ရှေ့ဘက်မလှမ်းမကမ်းမှာရှိနေသည့် သိုက်ယီးရန်ကို ကြည့်လိုက်သည်။ သူမလည်းပဲ သိုက်ယီးရန်မှာ အခွင့်အရေးပိုရှိနေတာကို ခံစားမိသည်။

တကယ်ဆို သူမဟာ ဝန်ကြီးသမီးဖြစ်၏။

“ ဒါပေမဲ့လည်း ဘာမှမဖြစ်ပါဘူး၊ နင်က အလုပ်လုပ်ရင် စေ့စပ်တယ်၊ အရည်အချင်းလည်းရှိတော့ နောက်နှစ်ကျရင် ကျိန်းသေပေါက် အရွေးခံရမှာပါ၊ ငါလည်း နင့်ကို ထောက်ခံပေးမယ် ”
လုမန်ကဲ့သို့သော ဂျူနီယာတစ်ဦးအား အစ်မလိ မတောင်းပန်နိုင်၊ သို့သော် ဤနည်းဖြင့် ဖော်ရွေကြင်နာမှုကို ပြသနိုင်ပါ၏။

သို့ရာတွင် လုမန်ကတော့ လုပ်ဖော်ကိုင်ဖက်တွေ ဖယ်ကြဥ်ထားလည်း ဂရုစိုက်မည် မဟုတ်ပေ။ အထက်လူကြီးက မဖိနှိပ်သရွေ့ သူမသည် ကိုယ့်အရည်အချင်းကိုယ်သုံးပြီး သက်သေပြနိုင်၏။

လုပ်ဖော်ကိုင်ဖက်တွေက ဖော်ရွေကြင်နာလာလျှင်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မည်ပင်။ တစ်ဦးနှင့်တစ်ဦး သင့်မြတ်နေကြခြင်းသည် ရန်ဆောင်နေကြခြင်းထက် ကောင်းသည် မဟုတ်လား။

“ ကျေးဇူးပါ အစ်မလိ ကျွန်မ နားလည်ပါတယ်၊အစကတည်းက သွားခွင့်ရမလားလို့တောင် ကျွန်မ မတွေးခဲ့ပါဘူး၊ အစမ်းခန့်ကာလအတွင်းမှာပဲရှိသေးတော့ သိပ်ပြီးတော့လည်း မျှော်လင့်ချက်မထားမိဘူးလေ၊ သွားရရင်တော့ ကောင်းမှာပါ .. အတွေ့အကြုံလည်း ကြွယ်ဝတာပေါ့၊ ဒါပေမဲ့ မဖြစ်နိုင်ရင်လည်း အလုပ်ကိုပဲ ကြိုးစားလုပ်ရတာပေါ့ရှင် ”
လုမန်တွင် အကောင်းမြင်စိတ်ရှိ၏။

အစ်မလိ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမတော့ လုမန်ကို သဘောကျလာပါပြီ။

“ ဒီလိုစိတ်ခံလေးနဲ့သာဆို နင့်ရဲ့အနာဂတ်က အလားအလာတွေနဲ့ ကောင်းမွန်နေမှာပါ ”
အစ်မလိက လေးစားသဘောကျသလို ချီးမွမ်းသည်။

အနားက သိုက်ယီးရန်ကတော့ အစ်မလိစကားတွေကိုကြားပြီး နှာခေါင်းရှုံ့၏။

ထိုစဥ် ဝူလီကျဲ ရောက်လာလေသည်။

လက်ထဲမှာ ဖိတ်စာနှစ်စောင်ပါလာတာကိုလည်း ယဲ့ရှောင်ရှင်းနှင့် ရှမုံ့ရွှမ်းတို့ မြင်လိုက်ကြ၏။

အဲ့ဒါ နန်ယင်းပရဟိတပွဲအတွက် ဖိတ်စာတွေပဲဖြစ်ရမယ်! 

နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားကြသည်။

တစ်ခုက ဝူလီကျဲအတွက် ဖိတ်စာ..

တစ်ခုကတော့ သိုက်ယီးရန်အတွက်..

ယဲ့ရှောင်ရှင်း သိုက်ယီးရန်အနားကို တိုးကပ်သွားလိုက်၏။ သူမသည် သိုက်ယီးရန်ကို အများကြီး ကူညီပေးခဲ့သည်။ သိုက်ယီးရန်နှင့် သူမ၏ ဆက်ဆံရေးသည် ရှမုံ့ရွှမ်းထက် သာနေမည်မှာ သေချာပါ၏။ ထို့ကြောင့် သိုက်ယီးရန်က သူမကိုပဲ ဖိတ်စာကတ်ပေးလိမ့်မည်။

“ အားလုံးပဲ တစ်ဆိတ်လောက်ပါ.. ”
ဝူလီကျဲက လက်ခုပ်တီးပြီး လူစုဖို့ ခေါ်၏။
“ ဒီနေ့ည နန်ယင်းပရဟိတပွဲအတွက် ဖိတ်စာကတ်ရလာပါပြီ၊ ဆိုတော့ ထုံးစံအတိုင်း ဒီတစ်ခါလည်း PR ဌာနကလူတစ်ယောက် ကျွန်တော်နဲ့အတူ တက်ရောက်ဖို့ ရွေးချယ်ခံရပါလိမ့်မယ် ”

ယဲ့ရှောင်ရှင်းနှင့် ရှမုံ့ရွှမ်းတို့ မျှော်လင့်ချက်ကြီးစွာ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ဝူလီကျဲကို သေချာစူးစိုက်ကြည့်နေကြလေသည်။

လုမန်ကတော့ သူမနှင့်မဆိုင်သလို အနောက်မှာ သွားရပ်နေ၏။ သူမလိုဝန်ထမ်းအသစ်က ဒီလို အခွင့်အရေးမျိုးကို ရလိမ့်မယ်လို့လည်း မထင်။

ဝူလီကျဲက အားလုံးကို ဝေ့ဝဲကြည့်ပြီး အနောက်ဘက်မှာ ရပ်နေသည့် လုမန်ကို မြင်သွားမှ.. 
“ လုမန် .. ဖိတ်စာကို သေချာသိမ်းထားပါ၊ အလုပ်ဆင်းရင် မင်း ငါနဲ့လိုက်ခဲ့ရမယ် ”

အခန်း [ ၁၅၉ ]

သိုက်ယီးရန်မျက်နှာပေါ်က အပြုံးတွေ ကွက်ခနဲ ပျက်သွား၏။ အံကြိတ်ထားလျက်နှင့် ဝူလီကျဲလက်ထဲက ဖိတ်စာကို စိုက်ကြည့်လိုက်သည်။

ဘာဖြစ်လို့ သူမ မဟုတ်တဲ့ လုမန်ကို ပေးတာလဲ..

“ ရှောင်လု မြန်မြန်ယူလိုက်လေ! ”
အစ်မလိက လုမန်ကို တွန်းပို့၏။ သူမလည်း ဖိတ်စာကတ်ကို လုမန် ရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

သို့သော် ရလိုက်သည်ဆိုတော့လည်း သတင်းကောင်းပဲဖြစ်ကာ လုမန်အတွက် ဝမ်းသာသည်။

လုမန်က ထိုအခါမှ သတိဝင်လာပြီး ရှေ့တိုးကာ ယူဖို့ပြင်သည်။

“ မဟုတ်ဘူး! ”
ယဲ့ရှောင်ရှင်းက ရုတ်တရက်ကြီး ထဖောက်ကာ ဝူလီကျဲလက်ထဲက ဖိတ်စာကတ်ကို ဆွဲလုယူ၏။ ပြီးတော့ မယုံကြည်နိုင်သလို ဖွင့်ကြည့်သည်။ အထဲမှာ တကယ်ပဲ လုမန်နာမည် ရှိနေပါ၏။

“ ယဲ့ရှောင်ရှင်း နင်ဘာလုပ်တာလဲ၊ ဖိတ်စာကတ်ကို လုပြီး သွားလို့ရမယ် ထင်နေတာလား ”
သူတို့အပြုအမူတွေကို သည်းမခံနိုင်တော့သည့် ချန်ရှီးမြန်အသံလေး ထွက်လာသည်။

“ ကျွန်မ လက်မခံနိုင်ပါဘူး! ”
ယဲ့ရှောင်ရှင်းက ချန်ရှီးမြန်ကို လျစ်လျူရှုကာ ဝူလီကျဲကို ကန့်ကွက်စကားဆို၏။
“ ဘာဖြစ်လို့ လုမန်လဲ၊ ရှမုံ့ရွှမ်းနဲ့ကျွန်မက သူ့ထက် ပိုပြီး စီနီယာကျပါတယ်၊ ဝါအားဖြင့် သွားမယ်ဆိုရင် ကျွန်မတို့တွေပဲဖြစ်သင့်တာ၊ လုမန်က အခုမှ စရောက်ကာစ လူသစ် .. အစမ်းခန့်ကာလတောင် မအောင်မြင်သေးတဲ့သူ .. ဒါကြီးကတော့ လွန်လွန်အားကြီးသွားပြီ! ”

“ ဟုတ်တယ် မန်နေဂျာဝူ၊ ရှင် ကျွန်မတို့ကို သဘာဝကျတဲ့ ဖြေရှင်းချက်တော့ ပေးရမယ်၊ မဟုတ်ရင် ကျွန်မလည်း ဒါကို လက်မခံနိုင်ဘူး ”
သိုက်ယီးရန်က ထရပ်လိုက်ကာ..
“ ကျွန်မက ဖိတ်စာရပြီးသားလူမို့လို့ မပေးလည်းဖြစ်တယ်၊ ကုမ္ပဏီကလည်း ဒါကို သိပြီးသားထင်တယ်၊ အဲ့ဒါကြောင့်ကျွန်မကိုဖယ်လိုက်တာ ”

ချန်ရှီးမြန် နှာခေါင်းရှုံ့လိုက်မိ၏။ သိုက်ယီးရန် သူ့ဟာသူတော့ မြှောက်ပင့်ပြောတတ်သားပဲ..

စောစောကတော့ ဖိတ်စာကတ်ကို သူပဲရမှာပါ ဆိုသည့် ယုံကြည်မှုများနှင့်၊ နောက်ဆုံး အရှက်ပဲကွဲသွားကာ ခုတော့ ကိုယ့်အတွက်ကိုယ် ကြံဖန်ဆင်ခြေရှာနေပြန်ပြီ။

“ ဒါပေမဲ့ ဘာဖြစ်ဖြစ် ရှမုံ့ရွှမ်းနဲ့ ယဲ့ရှောင်ရှင်းက ဒီလုမန်ထက် ပိုပြီးထိုက်တန်ပါတယ်၊ သူ့ဟာက အစမ်းခန့်ကာလကိုတောင် အောင်မြင်သေးတာမဟုတ်ဘူး၊ ဘာဖြစ်လို့ ဌာနက စီနီယာတွေကိုကျော်ပြီး အသစ်လေးကို ပေးရတာလဲ  ”
သိုက်ယီးရန် မေးခွန်းထုတ်သည်။

“ ဒါ ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ပါ၊ ပြောစရာရှိရင် သူဌေးကို မင်းကိုယ်တိုင် သွားပြောနိုင်တယ် ”
ဝူလီကျဲမျက်နှာသည် သုန်မှုန်နေလျက်။
“ ကုမ္ပဏီက ဒီလိုဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့တယ်ဆိုတာ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းစဥ်းစားပြီးလို့ပဲဖြစ်မယ်၊ ပြီးတော့ လုမန်က အရည်အချင်းရှိပါတယ်၊ ဒီည ပရဟိတပွဲမှာ သူသာ ပါဝင်မယ်ဆိုရင် အရေးပေါ်အခြေအနေမှာ ကိုင်တွယ်ဖြေရှင်းဖို့ လွယ်သွားလိမ့်မယ် ”

“ သူ့မှာဘယ်လိုအရည်အချင်းတွေရှိနေလို့လဲ ”
သိုက်ယီးရန်က ခေါင်းမာသည်။ ဘာဖြစ်လို့ သူမ မဟုတ်တဲ့ လုမန်ကိုမှ ဖိတ်စာကတ်ပေးရတာလဲ။ 

သူမကို ပေးရမှာ၊ သူမကနေမှ မလိုအပ်လို့ ဒီပြင်လူကို ပြန်ပေးရမှာလေ၊ ဒါပေမဲ့ ပထမမဟုတ်တဲ့ ဒုနဲ့တ ရွေးချယ်စရာတော့ ဖြစ်မလာရဘူး!!

“ တုလင်းကိစ္စနဲ့ပတ်သက်ပြီး အဆိုပြုလွှာတင်ထားတာတောင် အဖြေထွက်မလာသေးတာ .. သူ့မှာ အရည်အချင်းရှိတယ်လို့ ဘယ်သူပြောလဲ၊ မန်နေဂျာဝူ .. ရှင်ရဲ့ကိုယ်ရေးကိုယ်တာခံစားချက်တွေကြောင့်နဲ့ ရှင် လုမန်ကို အလေးပေးနေတာတွေများပြီ၊ ဒါ လက်မခံနိုင်စရာပဲ! ”
သူများတွေ အထက်လူကြီးဖြစ်သည့် ဝူလီကျဲကို မေးခွန်းမထုတ်ဝံ့ကြပေမယ့် သိုက်ယီးရန်ကတော့ နည်းနည်းမှ မမှုပေ။

ဌာနမန်နေဂျာလောက်လေးကိုများ ဘာမို့လို့..

“ စမ်းသပ်စာမေးပွဲကိုအောင်မြင်ပြီး တုလင်းအတွက် တစ်ကျော့ပြန်ကြော်ငြာအစီအစဥ်ကိုတရားဝင်တာဝန်ယူနေပြီဆိုတဲ့အချက်အရပေါ့ ”
ဟန်ကျိုးလီက ခြေလှမ်းကျဲကြီးတွေနှင့် ဝင်လာကာ ပြောသွားသည့်စကားလုံးတိုင်းက သိုက်ယီးရန်နှင့် ယဲ့ရှောင်ရှင်းကို ပြင်းပြင်းထိမှန်၏။

ဟန်ကျိုးလီနောက်မှာတော့ ကျန့်ထျန်းမင် ကပ်ပါလာ၏။

ယဲ့ရှောင်ရှင်း ခုမှ မှားမှန်းသိပြီး မလုံမလဲဖြစ်သွားသည်။ မျက်နှာသည် စာရွက်တစ်စလို ဖြူဆုတ်နေပြီး လက်တွေပင် တုန်တုန်ရီရီဖြစ်လာသည်မို့ ကိုင်ထားသည့် ဖိတ်စာကတ်က ကြမ်းပေါ်ပြုတ်ကျ၏။

ချန်ရှီးမြန် မျက်မှောင်ကုတ်သွားသည်။ ဒါ သူ့ကို ပေးချင်တဲ့ဖိတ်စာမှမဟုတ်တာ.. လုမန်ကို အရှက်ခွဲဖို့ တမင် လွှင့်ပစ်တာလား..

စကားတစ်ခွန်းမဆိုဘဲ ချန်ရှီးမြန် ရှေ့တိုး၍ ကုံးကောက်လိုက်ကာ မျက်နှာပြင်ပေါ်က ဖုန်တွေကို ခါထုတ်ပစ်ပြီးမှ လုမန်ကို ပေးလိုက်၏။

“ ကျေးဇူးပါ ”
လုမန်က ဖိတ်စာကတ်ကိုယူပြီး ပြုံးပြသည်။ 

ချန်ရှီးမြန် တစ်ဒင်္ဂတော့ ကြက်သေသေသွား၏။ သူ့လိုလူတောင်မှ သူမပြုံးပြခြင်းမှာ ရှက်ပြီး နားရွက်တွေနီလေသည်။ သူ ကမန်းကတန်း ကျေးဇူးတင်စကားပြောပြီး နောက်မှာ သွားရှောင်နေလိုက်၏။

သို့သော်လည်း ဟန်ကျိုးလီက အဲ့ဒါကို မြင်ဖြစ်အောင်မြင်သွားသေးသည်။ ပြီးတော့ စိတ်ထဲကနေ ပြောချင်တာတွေ စီရွတ်၏။

ထို့နောက်မှာတော့ သိုက်ယီးရန်မျက်နှာပေါ်က ထိတ်လန့်သံသယဖြစ်မှုတွေကို ကြည့်လိုက်ကာ
“ နောက်ပြီးတော့ ဒီတစ်ခါ စိတ်ဝင်စားစရာကောင်းတာလေးပါ ဖြစ်သွားသေးတယ်၊ သိုက်ယီးရန်နဲ့လုမန်ရဲ့အဆိုပြုလွှာတွေက အံ့သြစရာကောင်းလောက်အောင် ထပ်တူညီနေတာပါပဲ၊ အို ဘယ်ဟုတ်မလဲ၊ ထပ်တူညီနေတယ်လို့တော့ ပြောမရဘူး၊ သိုက်ယီးရန်ရဲ့အဆိုပြုလွှာက ပိုပြီးလှတယ်၊ ပိုပြီးတော့ အသေးစိတ်ကျတယ်၊ နှစ်ခုယှဥ်ကြည့်မယ်ဆိုရင် လုမန်ရဲ့အဆိုပြုလွှာက အကြမ်းခြစ်ထားတာမျိုးနဲ့တူတယ် ”

အခန်း [ ၁၆၀ ]

သိုက်ယီးရန်အတွေးတွေချက်ချင်းပြောင်းလဲသွားသည်။ 
“ ဒါဖြင့် အရွေးခံသင့်တာက ကျွန်မဥစ္စာပေါ့ .. ဘာဖြစ်လို့ လုမန်ကို ရွေးလိုက်တာလဲ ”

“ ငါသိသလောက်တော့ အဲ့ဒီတုန်းက ဒီပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ်လို့ မပြောခင်မှာ စာမေးပွဲက တုလင်းရဲ့တစ်ကျော့ပြန်ကြော်ငြာအစီအစဥ်ဖြစ်နေမှန်း မင်း မသိလောက်ဘူး ဟုတ်တယ်မို့လား ”
စာမေးပွဲအတွက် ခေါင်းစဥ်ကို သိရှိလိုက်ရစဥ် ဖြစ်ပျက်သွားသည့် သိုက်ယီးရန်မျက်နှာကို ကျန့်ထျန်းမင် မှတ်မိပါသေးသည်။ 

ထိုအချိန်က ဝင်ပြိုင်မယ်လို့ ပြောခဲ့တာတွေကို နောင်တရသွားသလိုမျိုးပါ။

“ ဘယ်.. ဘယ်သူပြောလဲ!! ”
ကျန့်ထျန်းမင်ပြောချင်တာကို သိုက်ယီးရန်နားလည်သည်။
“ ကျွန်မဘယ်သူလဲဆိုတာသေချာကြည့်စမ်းပါ၊ လေးလေးဟန်က အဲ့ဒီစာမေးပွဲအကြောင်း ကျွန်မကိုပြောပြတာကြာပြီ၊ ပထမတော့ ယှဥ်ပြိုင်ဖို့စိတ်ကူးမရှိပါဘူး၊ ဒါပေမယ့် နောက်မှ စိတ်ဝင်စားဖို့ကောင်းတယ်ထင်လို့ အပျော်သဘောနဲ့ ဝင်ပါလိုက်တာ.. ”

“ ဟုတ်လား ဒါဖြင့်ရင် မင်းအပ်ခဲ့တဲ့အဆိုပြုလွှာထဲမှာပါတဲ့အကြောင်းအရာလေးတွေကို ပြောစမ်းပါဦး ”
ကျန့်ထျန်းမင်က မျက်နှာသေနှင့်။

“ အဲဒါ.. အဲ့ဒါက…”
သိုက်ယီးရန် စကားတွေထစ်ကုန်သည်။ တစ်ခုခုထွက်လိုထွက်ငြား ဦးနှောက်ကို ဖျစ်ညှစ်အလုပ်ပေးကြည့်သည်။ သို့သော် အဆိုပြုလွှာနှင့်ပတ်သက်တာတွေ ဦးနှောက်ထဲမှာ နည်းနည်းတောင် မရှိ။ 

မနေ့က အရှုပ်အထွေးကြားထဲမှာပဲ ကွန်ပျူတာထဲက ဖိုင်ကို အမြန်ပရင့်ထုတ်ခဲ့ရတာဖြစ်သည်။ တစ်ခါလေးပဲ အကြမ်းသဘော ကြည့်ခဲ့ရကာ မှတ်သားတာတွေပင် မလုပ်လိုက်ရ။ အဆိုပြုလွှာကိုအပ်ပြီးလျှင် အားလုံးပြီးပြီဟုပဲ ထင်ခဲ့၏။ 

“ ကျွန်မပြောပြပါမယ် ”
လုမန်က ရှေ့ကိုထွက်လာပြီး ဟန်ကျိုးလီကို ကြည့်သည်။

အဆိုပြုလွှာကို သူမကိုယ်တိုင်ရေးခဲ့တာဖြစ်၏။ အကြိမ်ပေါင်းများစွာ ပြင်ဆင် ပြောင်းလဲခြင်းတွေ လုပ်ဆောင်ခဲ့ရသဖြင့် အားလုံးကို အလွတ်ရနေပြီလည်း ဖြစ်သည်။

သိုက်ယီးရန်ကို ခိုးခိုင်းရဲသည်ဆိုတာမှာ သူမရဲ့အဆိုပြုလွှာကို ဟန်ကျိုးလီနဲ့တုလင်းတို့ ဖတ်ပြီးတာကြောင့်ပဲ ဖြစ်လေ၏။ 

မဟုတ်လျှင် ထိုသို့ဖြစ်ခွင့်ပေးခဲ့မည် မဟုတ်ပေ။

ရှင်းလင်း၍ စနစ်တကျရှိသော အတွေးတွေကို လုမန်က ဖြည်းဖြည်းမှန်မှန်လေး ရှင်းပြသွားသည်။ ဒါကို နားထောင်ရင်း အစ်မလိနှင့် အစ်ကိုကျန်းတို့ တုန်လှုပ်သွားကြ၏။

လုမန်၏ အဆိုပြုလွှာသည် လွန်စွာ စိတ်ဝင်စားစရာကောင်းပြီး ထိုးထွင်းဖန်တီးမှုရှိကာ လုံးဝကို ကောင်းမွန်သည်။ အားလုံးမျှော်လင့်ထားတာထက်ကို ပိုပါ၏။

အကောင်အထည် မဖော်ရသေးလျှင်တောင် အောင်မြင်မည်ဆိုတာကို သူတို့ သိနေသည်။

အဆိုပြုလွှာကို ဘယ်သူရေးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ခု မေးစရာကျန်သေးလား.. 

တစ်ယောက်က ထစ်ထစ်အအနှင့် တစ်လုံးတစ်လေတောင် မပြောနိုင်သည့်အချိန်မှာ တစ်ယောက်က စနစ်တကျ ပြတ်သားရှင်းလင်းစွာ ပြောဆိုသွားနေသည်။

ထိုအခိုက် ဟန်ကျိုးလီ၏ မျက်ဝန်းထဲတွင် ယုံကြည်မှုအပြည့်နှင့် လုမန်စကားပြောနေသည့်ပုံရိပ်လေးသာရှိတော့၏။ သူ့နှုတ်ခမ်းစွန်းများလည်း တွန့်ကွေးသွားသည်။ သူမကို ကြည့်လေ ကြိုက်လေ ဖြစ်ရ၏။ သူမအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာတွေလည်း သူ့မျက်လုံးထဲကနေ လျှံထွက်တော့မည်။

ဘာဖြစ်လို့ သူ့ကောင်မလေး ဒီလောက်တောင်အထင်ကြီးစရာကောင်းရတာလဲ!

ဒီလိုကိစ္စမျိုးနှင့် ရင်ဆိုင်ရချိန်မှာတောင် သူမက စိုးရိမ်တာတွေ ပျာယာခတ်တာတွေ မဖြစ်ပေ။ တည်ငြိမ်အေးဆေးပြီး စကားပြောတော့လည်း ကြောက်ရွံ့နေတာမျိုးတွေ မတွေ့ရ။

ဟန်ကျိုးလီ မာန်တွေတက်လာသည်။

လုမန်ကတော့ သူ့မျက်နှာကြီးကိုကြည့်ပြီး နားရွက်ကလေးတွေရဲကာ လျှာခလုတ်တိုက်တော့မလို့ပင်။

လုမန် စကားဆုံးသည့်အခါ ဟန်ကျိုးလီက ခေါင်းညိတ်၏။
“ မဆိုးပါဘူး၊ တိုက်ဆိုင်တယ်နော်၊ အခု လုမန်ရှင်းပြသွားတာတွေက သိုက်ယီးရန်တင်ပြလာတာတွေနဲ့ အတူတူပဲ၊ ဒါပေမယ့် အဲ့ဒါက လုမန်တင်ပြတဲ့ ဥစ္စာကို အခြေခံပြီး တိုးချဲ့ပြင်ဆင်ထားတဲ့ဗားရှင်းမျိုး ”

ရုတ်တရက် သိုက်ယီးရန်က လုမန်ကို လက်ညှိုးကောက်ထိုး၏။
“ အဲ့ဒါ နင်ပဲ! နင် အရင်က ငါ့ရဲ့အဆိုပြုလွှာကို ကြည့်ခဲ့တာပဲဖြစ်ရမယ် ”

ကျန့်ထျန်းမင် သည်းမခံနိုင်တော့ပေ။
“ အမလေး ဒါဆို မင်းရဲ့အဆိုပြုလွှာကို ခိုးကြည့်တဲ့လုမန်ကကျ အားလုံးကို မှတ်မိပြီး ကိုယ်တိုင်ရေးခဲ့တဲ့ မင်းကတော့ ဘာမှမမှတ်မိဘူးပေါ့လေ ဟုတ်လား၊ မင်းမသိသေးဘူးထင်တယ် လုမန်က ခေါင်းစဥ်စပေးတဲ့နေ့ကတည်းက နေရာမှာတင်ပဲ အဆိုပြုလွှာကို တန်းအပ်ခဲ့တာ၊ နှစ်ခုတောင်နော်၊ ဒါပေမဲ့ ဒီတစ်ခုကိုတော့ တုလင်းကိုယ်တိုင်လက်ခံထားတာ၊ အဓိပ္ပာယ်က ဒီအဆိုပြုလွှာကို လုမန် ကိုယ်တိုင်ပြင်ဆင်ထားတာပဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေက ဒါကို သိပြီးတာကြာပြီ ”

သိုက်ယီးရန် လုမန်ကိုလှည့်ကြည့်လိုက်တော့၏။ လုမန် သူမကို ထောင်ချောက်ဆင်လိုက်တာပဲ! 

“ သဘောမတူတဲ့သူ ရှိသေးလား ”
ဟန်ကျိုးလီက လူစုလူဝေးကြီးကို အေးစက်စွာ ဝေ့ဝဲကြည့်သည်။

အစ်မလိက ရှေ့ကိုထွက်လာကာ..
“ အရင်ကတော့ ကျွန်မနဲ့သူတို့ သဘောထားချင်းတူခဲ့ကြတယ်၊ ကုမ္ပဏီက လုမန်ကို အခွင့်ထူးတွေပေးတယ် ဒါ မတရားဘူးလို့ပဲ ထင်ခဲ့တယ်ပေါ့၊ ဒါပေမဲ့ လုမန်ကို စမ်းသပ်မယ့် ခေါင်းစဥ်ကို သိလိုက်ရပြီးတဲ့နောက်မှာ ကျွန ်မ အဲ့လိုမတွေးမိတော့ဘူး။ ဒီစာမေးပွဲဆိုတာကြီးက ခြောက်လအစမ်းခန့်ကာလကိုဖြတ်သန်းရတာထက်တောင်ပိုပြီးတော့ ခက်ပါသေးတယ်၊ ဒီနေ့ လုမန်ရှင်းပြတာတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ ပိုပြီးတော့ သေချာသွားပါတယ်၊ ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်က မှန်ပါတယ်၊ ဒီကေ့စ်ကို ကျွန်မတို့လက်ထဲအပ်ခဲ့မယ်ဆိုရင်တောင်မှ လုမန်တင်ပြတဲ့ အဆိုပြုလွှာလို ကောင်းမွန်တာမျိုးထွက်လာမှာ မဟုတ်ပါဘူး ”

*****

(Zawgyi)

အခန္း [ ၁၅၆ ]

“ လုမန္ ”
သိုက္ယီးရန္က သူမကို ဆြဲတားလိုက္ကာၿပံဳး၍
“ နင့္ရဲ့အဆိုျပဳလႊာက ဘာလဲ၊ အေရြးခံရမယ္လို႔ ယံုၾကည္မႈရိွလား ”

“ ကြၽန္မ လိုရမည္ရဆိုၿပီး ႏွစ္ခု ျပင္ထားတာပါ၊ ကြန္ပ်ူတာထဲကတစ္ခုကေတာ့ အားအရဆံုး လက္အခံႏိုင္ဆံုး တစ္ခုပါ၊ ေနာက္တစ္ခုကေတာ့ ခုနကအပ္လိုက္တဲ့လက္ဦးမူၾကမ္းေပါ့၊ ကြၽန္မ အားရေက်နပ္တဲ့အဆိုျပဳလႊာက ျပန္ယူလို႔မွမရေတာ့တာ .. ရိွပါေစေတာ့ သူေတာင္းစားဘဝ ေခ်းမမ်ားရတဲ့၊ တျခားတစ္ခုကိုပဲ ကြၽန္မ သံုးရေတာ့မွာေပါ့ေလ ”
လုမန္က စိတ္ညစ္ေနသၫ့္ပံုေလးႏွင့္ေျပာ၏။ ေစာေစာက အပ္လိုက္သၫ့္ အဆိုျပဳလႊာႏွင့္ပတ္သက္ၿပီး အားရေက်နပ္ျခင္းမရိွသည္မွာ သိသာထင္ရွားသည္။

သိုက္ယီးရန္မ်က္ဝန္းေတြ ဝင္းခနဲ လက္သြား၏။
“ အဲ့ဒီေတာ့ နင္ေျပာတာက နင့္ရဲ့ကြန္ပ်ူတာထဲမွာပါသြားတဲ့ဥစၥာက ခုနကနင္အပ္လိုက္တဲ့ဥစၥာနဲ႔ မတူဘူးလို႔ေပါ့ ဟုတ္လား ”

လုမန္က ဟုတ္၏ မဟုတ္၏ ေျပာဆိုျခင္း မရိွ။ သို႔ေသာ္လည္း သိုက္ယီးရန္ကေတာ့ သူမ၏ ႏႈတ္ဆိတ္ေနမႈကို သေဘာတူလက္ခံျခင္းဟုပဲ ယူဆလိုက္သည္။

သူမက ခ်က္ခ်င္းပင္ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္၏။

လုမန္ကို သိုက္ယီးရန္ ဆြဲထားစဉ္ ယဲ့ေရွာင္ရွင္းသည္ ဗိုင္းရပ္စ္ပါရိွသၫ့္ Pen Drive ကို ယူသြားရန္ ႀကိဳးစားရွာသည္။

သို႔ေသာ္လည္း လုမန္က စကားေျပာၿပီးတာႏွင့္ သူမဘက္ကိုလွၫ့္ၿပီး Pen Drive ကို ဆြဲယူသြားသည္။

ယဲ့ေရွာင္ရွင္း ပါးစပ္ေဟာင္းေလာင္းေလးျဖစ္သြားလ်က္
“ လုမန္ .. ဒီ Pen Drive က နင့္ဟာမွမဟုတ္တာ .. နင္ ဘာျဖစ္လို႔ ယူတာလဲ ”

“ အဲ့ဒါဆို ရွင့္ဟာလား ”
လုမန္က မ်က္ဝန္းေတြကိုေမွးက်ဉ္းၿပီး ေမး၏။

“ မဟုတ္ပါဘူး ”
ယဲ့ေရွာင္ရွင္းက ပ်ာပ်ာသလဲ ျငင္းသည္။

“ မဟုတ္ရင္ ဘာျဖစ္လို႔ ကြၽန္မ ဒါ ယူတာကို ရွင္ လိုက္ေျပာေနတာလဲ ”
လုမန္က ပက္ခနဲ ျပန္ေမးၿပီး Pen Drive ကို အိတ္ထဲထၫ့္လိုက္၏။

“ နင့္ဟာမွမဟုတ္တာကို ”
ယဲ့ေရွာင္ရွင္းက နားမလည္သလိုမ်က္ႏွာေလးနဲ႔လိုက္ၾကၫ့္သည္။

ငတံုးမ..

သိုက္ယီးရန္ တိတ္တဆိတ္ ႀကိမ္းလိုက္မိသည္။ ယဲ့ေရွာင္ရွင္းေတာ့ ဒါ သူမဟာပါ ဆိုၿပီး မသိသိေအာင္ ေျပာဖို႔ လုပ္ေနတာလား!

“ ေရွာင္ရွင္းက နင့္ကိုကူစစ္ေပးခ်င္လို႔ ျဖစ္မွာပါ၊ Pen Drive က ဘာျဖစ္ေနတယ္ဆိုတာကိုေလ ” သိုက္ယီးရန္ အေလာတႀကီး ဝင္ေျဖရွင္းေပး၏။ 

“ ဟုတ္တယ္ ဟုတ္တယ္! ”
ထိုအခါမွ ယဲ့ေရွာင္ရွင္းက စကားျပန္ေပးႏိုင္ကာ အေျခအေနကို ျပန္ဆယ္ဖို႔ ႀကိဳးစား၏။
“ ဒီနယ္ပယ္မွာ သိပ္ကြၽမ္းတဲ့သူကို ငါ သိတယ္၊ ဒါယူသြားၿပီး သူ႔ကို စစ္ေဆးခိုင္းလိုက္မယ္ ”

“ ရပါတယ္၊ ကြၽန္မလည္း ဒီနယ္ပယ္မွာ ေနာေက်ေနတဲ့လူတစ္ေယာက္နဲ႔သိတာမို႔ ကိုယ့္ဘာသာ စစ္ေဆးခိုင္းလိုက္လို႔ ရတယ္ ”
လုမန္က သူမကို စူးစိုက္ၾကၫ့္၏။
“ဘယ္လိုပဲဆိုဆို ဒါႀကီးက ကြၽန္မကြန္ပ်ူတာရဲ့စီပီယူမွာ စိုက္ထားတာ.. ”

အရိုးသားဆံုးေျပာရလ်ွင္ လုမန္မွာ ဒီပစၥည္းကို စစ္ေဆးၾကၫ့္ဖို႔ စိတ္ကူးပင္ မရိွေပ။

ဘာမ်ားစစ္ေဆးစရာရိွလို႔လဲ..

ဒီထဲမွာ သူမကြန္ပ်ူတာထဲကဖိုင္ေတြအားလံုးကို ဖ်က္ဆီးပစ္ႏိုင္တဲ့ ဗိုင္းရပ္စ္တစ္ခုပဲရိွတာ...

ၿပီးေတာ့ သိုက္ယီးရန္၏ တံု႔ျပန္မႈေတြအရ ဒါဟာ ဖိုင္ေတြကို သိုက္ယီးရန္ဆီသို႔ အလိုအေလ်ာက္ပို႔ေပးတာမ်ိဳးပင္ လုပ္ေဆာင္ႏိုင္ေလာက္ေပသည္။ မျဖစ္ႏိုင္တာမွ မဟုတ္ဘဲ။

မည္သို႔ပင္ဆိုေစကာမူ ဤကိစၥသည္ သိုက္ယီးရန္၏ လက္ခ်က္ပဲျဖစ္၏။ ယဲ့ေရွာင္ရွင္း၏ မ်က္ႏွာထိမ်က္ႏွာထားအရ သူမသည္လည္း ႀကံရာပါတစ္ေယာက္ဆိုတာကို လုမန္ သိသည္။

ထို႔ေၾကာင့္ အထူးတလည္ စံုစမ္းစစ္ေဆးေနစရာ ဘာမွမလိုေပ။

လုမန္ ဒါနဲ႔ပတ္သက္ၿပီး လံုးဝ စိတ္မဖိစီးေပ။ ပစၥည္းေတြသိမ္းၿပီး အလုပ္ဆင္းသြားလိုက္၏။ ယဲ့ေရွာင္ရွင္းမွာေတာ့ ေသေလာက္ေအာင္ ေၾကာက္လန႔္ေနရွာသည္။

သိုက္ယီးရန္ သူမကို ပါးရိုက္ခ်င္ေနၿပီ ျဖစ္၏။
“ စိတ္ေအးေအးထားစမ္း! လုမန္ ဘာမွမသိေသးဘူး၊ နင္လုပ္မွ သိသြားရင္ ငါ နင့္ကို ကာကြယ္ေပးေတာ့မွာ မဟုတ္ဘူးေနာ္! ”

“ ငါေၾကာက္တယ္ သူတစ္ခုခုသိသြားမွာကို ေၾကာက္တယ္! ”

“ Pen Drive ထဲမွာ ဗိုင္းရပ္စ္ပဲရိွတာ၊ အဲ့ဒါကို ရွာေဖြေတာ့ေကာ ဘာမ်ား သိရမွာမို႔လို႔လဲ! နင္ ေအးေဆးမေနႏိုင္ရင္ မနက္ျဖန္တစ္ရက္နားလိုက္! ငါ့ကို မေနွာင့္ယွက္နဲ႔! ”

“ ငါ.. ငါနားလည္ပါတယ္..  ”
တစ္ခုခုလြဲေခ်ာ္ခဲ့လ်ွင္ ကူကယ္ခံရဖို႔ ယဲ့ေရွာင္ရွင္းက သိုက္ယီးရန္ကို အားကိုးေနတုန္းျဖစ္၏။ သိုက္ယီးရန္ စိတ္တိုသြားၿပီမွန္းသိလိုက္ရေတာ့ ပ်ာပ်ာသလဲ ေခ်ာ့ဖို႔ လုပ္လိုက္သည္။ 
“ ယီးရန္ ငါနင့္ကိုႀကိဳၿပီးဂုဏ္ျပဳထားမယ္ေနာ္၊ နင္ လုမန္ကို အႏိုင္ယူႏိုင္ခဲ့ပါၿပီ၊ မနက္ျဖန္ၿပီးရင္ ဟန္ေကာ္ပိုေရးရွင္းမွာ လုမန္ဆိုတာရိွေတာ့မွာမဟုတ္ဘူး ”

သိုက္ယီးရန္က ေအးစက္စြာ ၿပံဳး၏။
“ ေခါင္းထဲထၫ့္ေနရေအာင္ သူက ဘာမို႔လို႔လဲ၊ ငါ သူ႔ကို အႏိုင္ယူခဲ့တာ အေပ်ာ့ေလးပဲ ဟုတ္တယ္မို႔လား ”

“ ဟုတ္တယ္ .. ဟုတ္တယ္ .. ဟုတ္တာေပါ့ .. နင့္ေက်းဇူးေၾကာင့္ လုမန္ကို ေမာင္းထုတ္ႏိုင္တာ .. မဟုတ္ရင္ တို႔ရံုးခန္းထဲမွာ သူရိွေနသမ်ွကာလပတ္လံုး တို႔ေတြေအာ့ႏွလံုးနာေနရဦးမွာ ”

“ ဟြန္း.. ငါနဲ႔ၿပိဳင္ဖိုက္ရေအာင္ သူက ဘာမို႔လို႔လဲ၊ အရည္အခ်င္းမွမရိွတာ! သူ႔လိုလူက လံုးဝ ငါ့ၿပိဳင္ဘက္မျဖစ္ႏိုင္ဘူးဆိုတာ သိသြားေစရမယ္ ”

“ ဒါေပါ့! ဒါေပါ့! ”

အခန္း [ ၁၅၇ ]

ေနာက္တစ္ေန့ လုမန္ ရံုးတက္သၫ့္အခ်ိန္တြင္ တစ္ရံုးလံုး စည္ကားေနသည္မို႔ အံ့ၾသရပါ၏။

“ ဒီႏွစ္ နန္ယင္း ပရဟိတပြဲကို မန္ေနဂ်ာဝူနဲ႔အတူ PR ဌာနကတစ္ေယာက္ တက္ခြင့္ရမယ္လို႔ ၾကားတယ္ ”
ရွမံု႔ရႊမ္း၏ မ်က္ႏွာတြင္ အားက်မနာလိုမႈမ်ားႏွင့္ ျပၫ့္ႏွက္ေနသည္။

“ ဟုတ္တယ္၊ တို႔ကုမၸဏီက အႏုပညာရွင္ေတြလည္း အဲ့ဒီညပြဲကို တက္ေရာက္ၾကမွာဆိုေတာ့ PR ဌာနက လူတစ္ေယာက္ ထပ္လိုက္ရလိမ့္မယ္၊ အဲ့ဒါမွ ရုတ္တရက္ တစ္ခုခုဆို ခ်က္ခ်င္း တန္ျပန္လုပ္ေဆာင္ေပးလို႔ရမွာေလ ”
အစ္မလိက ေခါင္းညိတ္သည္။ သူမလည္း ယခင္က ထိုပြဲကို တက္ဖူးပါ၏။

“ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကေတာ့ အစ္ကိုက်န္း၊ မႏွစ္က အစ္မလိ သြားရတယ္၊ ဒီႏွစ္ေတာ့ ဘယ္သူသြားရမယ္မသိဘူးေနာ္ ”
ရွမံု႔ရႊမ္း၏ မ်က္ႏွာတြင္ ေမ်ွာ္လင့္ေစာင့္စားျခင္းမ်ား ျဖစ္ေပၚေန၏။ သူမ သြားခ်င္ေနသည္မွာ သိသာထင္ရွားသည္။

အခြင့္အေရးႀကီးတစ္ခုရမည္ဟု အာရံုရေန၏။

ရံုးက စီနီယာဝန္ထမ္းေတြေတာ္ေတာ္မ်ားမ်ား သြားဖူးၿပီးၾကၿပီျဖစ္ကာ မသြားရေသးသူဆို၍ သူမ၊ ယဲ့ေရွာင္ရွင္းႏွင့္ ခ်န္ရွီးျမန္သာလ်ွင္ က်န္ေတာ့သည္။

ထို႔ျပင္ လုမန္ႏွင့္ သိုက္ယီးရန္တို႔ႏွစ္ေယာက္စလံုးက ဝန္ထမ္းအသစ္ေႂတြဖစ္ၿပီး အစမ္းခန႔္ကာလမွာပဲ ရိွေနေသးသည္။ ဤသို႔ႀကီးက်ယ္ခမ္းနား၍ အေရးႀကီးေသာ အခမ္းအနားမ်ိဳးကို မန္ေနဂ်ာဝူက သူတို႔အား ေခၚေဆာင္သြားမည္ မဟုတ္ေပ။

ခ်န္ရွီးျမန္က ခပ္မဲ့မဲ့ ၿပံဳးလိုက္ကာ..
“ နင္လည္း မသြားရပါဘူး! ”

“ ခ်န္ရွီးျမန္! ”
ရွမံု႔ရႊမ္း ေဒါသတႀကီး ေအာ္ပစ္လိုက္၏။
“ ငါ နင့္ကို ဘာလုပ္မိလို႔ နင္ ငါ့ကိုပဲ ရမယ္ရွာေနတာလဲ! ”

“ ကဲပါဟယ္ နင္တို႔ႏွစ္ေယာက္စလံုးမွာ အခြင့္အေရးရိွပါတယ္၊ ဒီႏွစ္မဟုတ္ရင္ ေနာက္ႏွစ္ေပါ့၊ တို႔ေတြ အလုပ္လုပ္လာၾကတာပဲဒီေလာက္ရိွၿပီ၊ ဒါေလးအတြက္နဲ႔ အခ်င္းခ်င္း ေဒါသထြက္စကားမ်ားဖို႔လိုသလား ”
အစ္မလိက ေခါင္းေလးယမ္းခါၿပီး သူတို႔ႏွစ္ေယာက္ကို ဝင္ထိန္းသည္။

ယဲ့ေရွာင္ရွင္းကလည္း အားက်ေန၏။
“ နန္ယင္းပရဟိတပြဲညက အႏုပညာေလာကမွာ အႀကီးဆံုးပြဲႀကီးပဲေနာ္၊ နာမည္ေက်ာ္ ထိပ္တန္းအႏုပညာရွင္ျဖစ္ေနရင္ေတာင္မွ အဲ့ဒီပြဲကိုေတာ့ ဘာျဖစ္ျဖစ္ ႏွစ္တိုင္း တက္ေရာက္ၾကရတယ္၊ နာမည္ေက်ာ္အႏုပညာရွင္ေတြအေၾကာင္းလား လက္ခံရရိွတဲ့လႉဒါန္းေငြေတြအေၾကာင္းလား ဘာျဖစ္ျဖစ္ ႏွစ္တိုင္း သတင္းကေတာ့ေမႊးတယ္၊ အစ္မလိနဲ႔ အစ္ကိုက်န္းတို႔ႏွစ္ေယာက္စလံုးက အရင္က တက္ဖူးၾကၿပီးၿပီေနာ္၊ အဲ့ဒီမွာ ဘယ္လိုေနလဲဟင္၊ ေတာ္ေတာ္ခမ္းနားတာပဲလား ”

အစ္မလိက ေျပာဖို႔ ပါးစပ္ကေလးျပင္တုန္းရိွေသးသည္။ သိုက္ယီးရန္က..
“ ဒီလိုပါပဲ၊ ငါလည္း ႏွစ္တိုင္း ေရာက္ျဖစ္တယ္၊ ဟိုနာမည္ႀကီးမင္းသမီး ေရွာက္ယြီခ်ီးဆိုတာေလ သူက ေတာ္ေတာ္သေဘာေကာင္းတာသိလား၊ ႏိွမ့္ခ်တယ္ ယဉ္ေက်းတယ္ ေဟာင္ဖြာေဟာင္ဖြာလည္းမလုပ္ဘူး။ အထူးသျဖင့္ မဟာဆန္တယ္။ ခု နာမည္ေက်ာ္ေနတဲ့ လီမူလန္က မႏွစ္ကမွ နာမည္ရလာတာေလ၊ အဲ့ဒီတုန္းကေတာ့ သူ႔ကို ေခါင္းထဲသိပ္မထၫ့္ၾကပါဘူး၊ အို.. ဟုတ္သား လုခ်ီေရာပဲ ”

သိုက္ယီးရန္က ေျပာေနရင္း တံု႔ခနဲရပ္ကာ လုမန္ကိုၾကၫ့္၍ ဟက္ခနဲ ရယ္လိုက္ေသး၏။
“ သူကေတာ့ ႏွစ္တိုင္း သူ႔ပေထြး လုခ်ီယြမ္နဲ႔အတူ ေရာက္လာတတ္တယ္၊ ႏွစ္ေယာက္လံုးက ေတာ္ေတာ္ဘဝင္ကိုင္တာ၊ သူတို႔နဲ႔ဘက္မဟုတ္တဲ့သူေတြကိုဆိုရင္ နည္းနည္းေတာင္ ငဲ့ၾကၫ့္တာမဟုတ္ဘူး၊ အဲ သူတို႔ထက္သာတဲ့သူေတြကိုဆိုရင္ေတာ့ ဖားၿပီပဲ၊ ႏွစ္တိုင္း သူတို႔ဖားတာယားတာေႂတြမင္ေနရတာ ေတာ္ေတာ္ စိတ္အေနွာင့္အယွက္ျဖစ္ရတယ္ ”

“ လုခ်ီ .. အဲ့ဒါ လုမန္ ညီမ မဟုတ္ဘူးလား ”
ရွမံု႔ရႊမ္းက ၿပံဳးသည္။

“ အဲ့ဒါေျပာတာေပါ့ တစ္မိုးေအာက္မွာ အတူေနထိုင္ၾကတဲ့ မိသားစုေတြပါဆို ဒီႏွစ္ေတာ့ နင္ပဲ က်ိန္းေသေပါက္ သြားရမွာပါဟာ.. ”
ယဲ့ေရွာင္ရွင္းက လုမန္ကို သေရာ္ရင္း သိုက္ယီးရန္ကိုလည္း ေျမႇာက္ပင့္လိုက္ေသးသည္။

“ အဲ့လိုဆိုရင္ေတာင္ ငါကေတာ့ ျငင္းရလိမ့္မယ္၊ ငါ ဖိတ္စာရၿပီးတာၾကာၿပီ၊ ကုမၸဏီကေပးတဲ့ေနရာကို ယူစရာမလိုပါဘူး၊ အဲ့ဒီအခါက်ရင္ ငါ နင္တို႔ကို ေပးပါမယ္ ”
ေျပာပံုကိုက သူ႔ဆီက စြန႔္ႀကဲေပးကမ္းစာေတြ စားေနရသလို။

ထိုကိစၥသည္ အစ္မလိႏွင့္ မသက္ဆိုင္သျဖင့္ ထြက္လာခဲ့ေသာ္လည္း မ်က္ႏွာအမူအရာေတြ ေအးစက္ခက္ထန္လ်က္ရိွသည္။

နာမည္စာရင္း မထြက္လာေသးေသာ္လည္း သိုက္ယီးရန္က သူမ ျဖစ္လိမ့္မည္ဟု ယံုၾကည္မႈေတြရိွေနသည္။

“ အာ .. ေရွာင္လုက ဒီမွာပဲ ”
လုမန္စားပြဲနားကေန ျဖတ္ေလ်ွာက္သြားေတာ့ အစ္မလိက အံ့ၾသတႀကီး ႏႈတ္ဆက္လာသည္။
“ ခုပဲ အိုင္တီဌာနက ကြန္ပ်ူတာလာပို႔သြားတယ္၊ သြားစမ္းၾကၫ့္လိုက္ဦးေနာ္ ”

ျပည္သူ႔ဆက္ဆံေရးဌာနကို သူမ ေရာက္လာကတည္းက ခ်န္ရွီးျမန္ႏွင့္ဝူလီက်ဲကလြဲလ်ွင္ တျခားဘယ္သူမွ သူမကို ငဲ့မၾကၫ့္သလို စကားလည္း အဖက္လုပ္မေျပာၾကေပ။

ထို႔ေၾကာင့္ အစ္မလိကစၿပီး ရုတ္တရက္ႀကီး ႏႈတ္ဆက္လာသၫ့္အခါ လုမန္ ေၾကာင္အမ္းသြားေလ၏။ အေတာ္ေလးၾကာမွ ခ်ိဳသာစြာ ၿပံဳးျပလိုက္ကာ
“ ဟုတ္ကဲ့ အစ္မလိ ေက်းဇူးပါေနာ္ ”

အစ္မလိက လုမန္ပခံုးေလးကို ပုတ္ေပးသည္။

အစတုန္းကေတာ့ လုမန္ကို သိပ္ၾကၫ့္မရခဲ့ေပ။ အေၾကာင္းမသိေသးတာေရာ ဌာနမွာ လုခ်ီယြမ္ျပႆနာလာရွာသြားတာေရာေၾကာင့္ လုမန္ကိုပါ လူေကာင္းမျဖစ္ႏိုင္ဘူးလို႔ပဲ ထင္ခဲ့မိ၏။

အခန္း [ ၁၅၈ ]

သို႔ေသာ္ျငားလည္း ရက္အနည္းငယ္ခန႔္ ေလ့လာေစာင့္ၾကၫ့္ၿပီး ေတြ့ရိွခ်က္မ်ားအရ လုမန္သည္ ျပႆနာလံုးဝ မရွာေပ။ အလုပ္ေပးအပ္သၫ့္အခါတြင္ပဲဆိုဆို မမ်ွမတဆက္ဆံခံရလ်ွင္ပင္ ေစာဒကမတက္ဘဲ အလုပ္ေတြၿပီးဖို႔ကိုသာ အာရံုစိုက္တတ္၏။ တျခားသူေတြကိုလည္း တစ္ခါမွ အေနွာင့္အယွက္မေပးဖူးပါေခ်။

အရိုးသားဆံုးဆိုရလ်ွင္ အသစ္ေတြထဲမွာေတာ့ ဒူေပနာေပခံႏိုင္သူေလးျဖစ္၏။ ဌာနအသစ္တစ္ခုမွာ အလုပ္စလုပ္ၿပီဆိုတာႏွင့္ ဆယ္ေယာက္မွာ ရွစ္ေယာက္ကိုးေယာက္ေလာက္က အႏိုင္က်င့္ခံရတတ္သည္။ ေအာက္က်ိဳ႕ရေသာ ၿငီးေငြ့ဖြယ္ေကာင္းေသာ အလုပ္ေတြအားလံုးကို လူသစ္ေတြလက္ထဲေပးၾကသည္။

ဒါကို တခ်ိဳ႕အသစ္ေတြက မတရားဘူးထင္၍ အထက္လူႀကီးဆီတက္တိုင္သျဖင့္ ဆူဆူညံညံျဖစ္ရတာေတြလည္းရိွသည္။

လူနည္းစုကေတာ့ လုမန္လို ေစာဒကမတက္ဘဲ အလုပ္ေတြကိုသာ ၿပီးေအာင္ လုပ္တတ္၏။

ထို႔ျပင္ မေန့က ကြန္ပ်ူတာဗိုင္းရပ္စ္ကိစၥျဖစ္ၿပီးသၫ့္ေနာက္မွာ အစ္မလိနားလည္လိုက္တာက သူမ်ားေတြကသာ လုမန္ကို ျပႆနာလိုက္ရွာေနတာမ်ိဳးပဲျဖစ္သည္။ တိတိက်က် ဆိုရလ်ွင္ ဟိုမိန္းကေလးႏွစ္ေယာက္ သိုက္ယီးရန္ႏွင့္ ယဲ့ေရွာင္ရွင္းတို႔မွာ လုမန္ကို ဒီတစ္ေလ်ွာက္လံုး အႏိုင္က်င့္ေနခဲ့ၾက၏။

လုမန္က ဘာဆိုဘာမွလုပ္ခဲ့တာမဟုတ္၊ လုခ်ီႏွင့္လုခ်ီယြမ္လုပ္သြားသၫ့္ကိစၥေၾကာင့္သာ သူမကို လူေတြ အဆိုးျမင္ကုန္တာပဲျဖစ္သည္။

တကယ္ေတာ့ လုမန္က သိုက္ယီးရန္ထက္ အမ်ားႀကီး သာသည္။ လြန္ခဲ့ေသာ ရက္အနည္းငယ္အတြင္း ျပႆနာေတြ မ်ားစြာ ျဖစ္ေစခဲ့ေသာ ယဲ့ေရွာင္ရွင္းႏွင့္ ရွမံု႔ရႊမ္းတို႔ထက္လည္း အမ်ားႀကီး သာပါ၏။

အရင္ကေတာ့ ယဲ့ေရွာင္ရွင္းႏွင့္ ရွမံု႔ရႊမ္းတို႔သည္ စီနီယာေတြအေပၚမွာ ေတာ္ေတာ္ေလးစားမႈရိွခဲ့ပါသည္။ နည္းနည္းဖားတတ္ၾကသည္ဆိုလ်ွင္ေတာင္မွ နားေထာင္ေကာင္းေအာင္ေတာ့ ေျပာတတ္ၾက၏။

သို႔ေပမယ့္ သိုက္ယီးရန္ေရာက္ကတည္းက သူတို႔ေဖာ္လံဖားျပဳမူေနၾကလိုက္တာ ရွင္းရွင္းေျပာရလ်ွင္ ေတာ္ေတာ္ကို အက်ည္းတန္သည္။

“ ဒီတစ္ခါ ပရဟိတပြဲနဲ႔ပတ္သက္ၿပီးေျပာရရင္ နင္က အစမ္းခန႔္ကာလမၿပီးေသးတာမို႔ ေနရာရဖို႔ မျဖစ္ႏိုင္ေလာက္ဘူး ”
အစ္မလိက ေရ႔ွဘက္မလွမ္းမကမ္းမွာရိွေနသၫ့္ သိုက္ယီးရန္ကို ၾကၫ့္လိုက္သည္။ သူမလည္းပဲ သိုက္ယီးရန္မွာ အခြင့္အေရးပိုရိွေနတာကို ခံစားမိသည္။

တကယ္ဆို သူမဟာ ဝန္ႀကီးသမီးျဖစ္၏။

“ ဒါေပမဲ့လည္း ဘာမွမျဖစ္ပါဘူး၊ နင္က အလုပ္လုပ္ရင္ ေစ့စပ္တယ္၊ အရည္အခ်င္းလည္းရိွေတာ့ ေနာက္ႏွစ္က်ရင္ က်ိန္းေသေပါက္ အေရြးခံရမွာပါ၊ ငါလည္း နင့္ကို ေထာက္ခံေပးမယ္ ”
လုမန္ကဲ့သို႔ေသာ ဂ်ူနီယာတစ္ဦးအား အစ္မလိ မေတာင္းပန္ႏိုင္၊ သို႔ေသာ္ ဤနည္းျဖင့္ ေဖာ္ေရြၾကင္နာမႈကို ျပသႏိုင္ပါ၏။

သို႔ရာတြင္ လုမန္ကေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြ ဖယ္ၾကဉ္ထားလည္း ဂရုစိုက္မည္ မဟုတ္ေပ။ အထက္လူႀကီးက မဖိႏိွပ္သေရြ့ သူမသည္ ကိုယ့္အရည္အခ်င္းကိုယ္သံုးၿပီး သက္ေသျပႏိုင္၏။

လုပ္ေဖာ္ကိုင္ဖက္ေတြက ေဖာ္ေရြၾကင္နာလာလ်ွင္လည္း ဝမ္းေျမာက္ဝမ္းသာ လက္ခံလိုက္မည္ပင္။ တစ္ဦးႏွင့္တစ္ဦး သင့္ျမတ္ေနၾကျခင္းသည္ ရန္ေဆာင္ေနၾကျခင္းထက္ ေကာင္းသည္ မဟုတ္လား။

“ ေက်းဇူးပါ အစ္မလိ ကြၽန္မ နားလည္ပါတယ္၊အစကတည္းက သြားခြင့္ရမလားလို႔ေတာင္ ကြၽန္မ မေတြးခဲ့ပါဘူး၊ အစမ္းခန႔္ကာလအတြင္းမွာပဲရိွေသးေတာ့ သိပ္ၿပီးေတာ့လည္း ေမ်ွာ္လင့္ခ်က္မထားမိဘူးေလ၊ သြားရရင္ေတာ့ ေကာင္းမွာပါ .. အေတြ့အႀကံဳလည္း ႂကြယ္ဝတာေပါ့၊ ဒါေပမဲ့ မျဖစ္ႏိုင္ရင္လည္း အလုပ္ကိုပဲ ႀကိဳးစားလုပ္ရတာေပါ့ရွင္ ”
လုမန္တြင္ အေကာင္းျမင္စိတ္ရိွ၏။

အစ္မလိ ၿပံဳးလ်က္ ေခါင္းညိတ္လိုက္သည္။ သူမေတာ့ လုမန္ကို သေဘာက်လာပါၿပီ။

“ ဒီလိုစိတ္ခံေလးနဲ႔သာဆို နင့္ရဲ့အနာဂတ္က အလားအလာေတြနဲ႔ ေကာင္းမြန္ေနမွာပါ ”
အစ္မလိက ေလးစားသေဘာက်သလို ခ်ီးမြမ္းသည္။

အနားက သိုက္ယီးရန္ကေတာ့ အစ္မလိစကားေတြကိုၾကားၿပီး ႏွာေခါင္းရႈံ႔၏။

ထိုစဉ္ ဝူလီက်ဲ ေရာက္လာေလသည္။

လက္ထဲမွာ ဖိတ္စာႏွစ္ေစာင္ပါလာတာကိုလည္း ယဲ့ေရွာင္ရွင္းႏွင့္ ရွမံု႔ရႊမ္းတို႔ ျမင္လိုက္ၾက၏။

အဲ့ဒါ နန္ယင္းပရဟိတပြဲအတြက္ ဖိတ္စာေတြပဲျဖစ္ရမယ္! 

ႏွစ္ေယာက္လံုး စိတ္လႈပ္ရွားသြားၾကသည္။

တစ္ခုက ဝူလီက်ဲအတြက္ ဖိတ္စာ..

တစ္ခုကေတာ့ သိုက္ယီးရန္အတြက္..

ယဲ့ေရွာင္ရွင္း သိုက္ယီးရန္အနားကို တိုးကပ္သြားလိုက္၏။ သူမသည္ သိုက္ယီးရန္ကို အမ်ားႀကီး ကူညီေပးခဲ့သည္။ သိုက္ယီးရန္ႏွင့္ သူမ၏ ဆက္ဆံေရးသည္ ရွမံု႔ရႊမ္းထက္ သာေနမည္မွာ ေသခ်ာပါ၏။ ထို႔ေၾကာင့္ သိုက္ယီးရန္က သူမကိုပဲ ဖိတ္စာကတ္ေပးလိမ့္မည္။

“ အားလံုးပဲ တစ္ဆိတ္ေလာက္ပါ.. ”
ဝူလီက်ဲက လက္ခုပ္တီးၿပီး လူစုဖို႔ ေခၚ၏။
“ ဒီေန့ည နန္ယင္းပရဟိတပြဲအတြက္ ဖိတ္စာကတ္ရလာပါၿပီ၊ ဆိုေတာ့ ထံုးစံအတိုင္း ဒီတစ္ခါလည္း PR ဌာနကလူတစ္ေယာက္ ကြၽန္ေတာ္နဲ႔အတူ တက္ေရာက္ဖို႔ ေရြးခ်ယ္ခံရပါလိမ့္မယ္ ”

ယဲ့ေရွာင္ရွင္းႏွင့္ ရွမံု႔ရႊမ္းတို႔ ေမ်ွာ္လင့္ခ်က္ႀကီးစြာ ရင္ခုန္စိတ္လႈပ္ရွားေနၾကၿပီး ဝူလီက်ဲကို ေသခ်ာစူးစိုက္ၾကၫ့္ေနၾကေလသည္။

လုမန္ကေတာ့ သူမႏွင့္မဆိုင္သလို အေနာက္မွာ သြားရပ္ေန၏။ သူမလိုဝန္ထမ္းအသစ္က ဒီလို အခြင့္အေရးမ်ိဳးကို ရလိမ့္မယ္လို႔လည္း မထင္။

ဝူလီက်ဲက အားလံုးကို ေဝ့ဝဲၾကၫ့္ၿပီး အေနာက္ဘက္မွာ ရပ္ေနသၫ့္ လုမန္ကို ျမင္သြားမွ.. 
“ လုမန္ .. ဖိတ္စာကို ေသခ်ာသိမ္းထားပါ၊ အလုပ္ဆင္းရင္ မင္း ငါနဲ႔လိုက္ခဲ့ရမယ္ ”

အခန္း [ ၁၅၉ ]

သိုက္ယီးရန္မ်က္ႏွာေပၚက အၿပံဳးေတြ ကြက္ခနဲ ပ်က္သြား၏။ အံႀကိတ္ထားလ်က္ႏွင့္ ဝူလီက်ဲလက္ထဲက ဖိတ္စာကို စိုက္ၾကၫ့္လိုက္သည္။

ဘာျဖစ္လို႔ သူမ မဟုတ္တဲ့ လုမန္ကို ေပးတာလဲ..

“ ေရွာင္လု ျမန္ျမန္ယူလိုက္ေလ! ”
အစ္မလိက လုမန္ကို တြန္းပို႔၏။ သူမလည္း ဖိတ္စာကတ္ကို လုမန္ ရလိမ့္မည္ဟု မေမ်ွာ္လင့္ထားမိေပ။

သို႔ေသာ္ ရလိုက္သည္ဆိုေတာ့လည္း သတင္းေကာင္းပဲျဖစ္ကာ လုမန္အတြက္ ဝမ္းသာသည္။

လုမန္က ထိုအခါမွ သတိဝင္လာၿပီး ေရ႔ွတိုးကာ ယူဖို႔ျပင္သည္။

“ မဟုတ္ဘူး! ”
ယဲ့ေရွာင္ရွင္းက ရုတ္တရက္ႀကီး ထေဖာက္ကာ ဝူလီက်ဲလက္ထဲက ဖိတ္စာကတ္ကို ဆြဲလုယူ၏။ ၿပီးေတာ့ မယံုၾကည္ႏိုင္သလို ဖြင့္ၾကၫ့္သည္။ အထဲမွာ တကယ္ပဲ လုမန္နာမည္ ရိွေနပါ၏။

“ ယဲ့ေရွာင္ရွင္း နင္ဘာလုပ္တာလဲ၊ ဖိတ္စာကတ္ကို လုၿပီး သြားလို႔ရမယ္ ထင္ေနတာလား ”
သူတို႔အျပဳအမူေတြကို သည္းမခံႏိုင္ေတာ့သၫ့္ ခ်န္ရွီးျမန္အသံေလး ထြက္လာသည္။

“ ကြၽန္မ လက္မခံႏိုင္ပါဘူး! ”
ယဲ့ေရွာင္ရွင္းက ခ်န္ရွီးျမန္ကို လ်စ္လ်ူရႈကာ ဝူလီက်ဲကို ကန႔္ကြက္စကားဆို၏။
“ ဘာျဖစ္လို႔ လုမန္လဲ၊ ရွမံု႔ရႊမ္းနဲ႔ကြၽန္မက သူ႔ထက္ ပိုၿပီး စီနီယာက်ပါတယ္၊ ဝါအားျဖင့္ သြားမယ္ဆိုရင္ ကြၽန္မတို႔ေတြပဲျဖစ္သင့္တာ၊ လုမန္က အခုမွ စေရာက္ကာစ လူသစ္ .. အစမ္းခန႔္ကာလေတာင္ မေအာင္ျမင္ေသးတဲ့သူ .. ဒါႀကီးကေတာ့ လြန္လြန္အားႀကီးသြားၿပီ! ”

“ ဟုတ္တယ္ မန္ေနဂ်ာဝူ၊ ရွင္ ကြၽန္မတို႔ကို သဘာဝက်တဲ့ ေျဖရွင္းခ်က္ေတာ့ ေပးရမယ္၊ မဟုတ္ရင္ ကြၽန္မလည္း ဒါကို လက္မခံႏိုင္ဘူး ”
သိုက္ယီးရန္က ထရပ္လိုက္ကာ..
“ ကြၽန္မက ဖိတ္စာရၿပီးသားလူမို႔လို႔ မေပးလည္းျဖစ္တယ္၊ ကုမၸဏီကလည္း ဒါကို သိၿပီးသားထင္တယ္၊ အဲ့ဒါေၾကာင့္ကြၽန္မကိုဖယ္လိုက္တာ ”

ခ်န္ရွီးျမန္ ႏွာေခါင္းရႈံ႔လိုက္မိ၏။ သိုက္ယီးရန္ သူ႔ဟာသူေတာ့ ေျမႇာက္ပင့္ေျပာတတ္သားပဲ..

ေစာေစာကေတာ့ ဖိတ္စာကတ္ကို သူပဲရမွာပါ ဆိုသၫ့္ ယံုၾကည္မႈမ်ားႏွင့္၊ ေနာက္ဆံုး အရွက္ပဲကြဲသြားကာ ခုေတာ့ ကိုယ့္အတြက္ကိုယ္ ႀကံဖန္ဆင္ေျခရွာေနျပန္ၿပီ။

“ ဒါေပမဲ့ ဘာျဖစ္ျဖစ္ ရွမံု႔ရႊမ္းနဲ႔ ယဲ့ေရွာင္ရွင္းက ဒီလုမန္ထက္ ပိုၿပီးထိုက္တန္ပါတယ္၊ သူ႔ဟာက အစမ္းခန႔္ကာလကိုေတာင္ ေအာင္ျမင္ေသးတာမဟုတ္ဘူး၊ ဘာျဖစ္လို႔ ဌာနက စီနီယာေတြကိုေက်ာ္ၿပီး အသစ္ေလးကို ေပးရတာလဲ  ”
သိုက္ယီးရန္ ေမးခြန္းထုတ္သည္။

“ ဒါ ကုမၸဏီရဲ့ဆံုးျဖတ္ခ်က္ပါ၊ ေျပာစရာရိွရင္ သူေဌးကို မင္းကိုယ္တိုင္ သြားေျပာႏိုင္တယ္ ”
ဝူလီက်ဲမ်က္ႏွာသည္ သုန္မႈန္ေနလ်က္။
“ ကုမၸဏီက ဒီလိုဆံုးျဖတ္ခ်က္မ်ိဳးကို ခ်မွတ္ခဲ့တယ္ဆိုတာ ေကာင္းက်ိဳးဆိုးက်ိဳးေတြကို ထၫ့္သြင္းစဉ္းစားၿပီးလို႔ပဲျဖစ္မယ္၊ ၿပီးေတာ့ လုမန္က အရည္အခ်င္းရိွပါတယ္၊ ဒီည ပရဟိတပြဲမွာ သူသာ ပါဝင္မယ္ဆိုရင္ အေရးေပၚအေျခအေနမွာ ကိုင္တြယ္ေျဖရွင္းဖို႔ လြယ္သြားလိမ့္မယ္ ”

“ သူ႔မွာဘယ္လိုအရည္အခ်င္းေတြရိွေနလို႔လဲ ”
သိုက္ယီးရန္က ေခါင္းမာသည္။ ဘာျဖစ္လို႔ သူမ မဟုတ္တဲ့ လုမန္ကိုမွ ဖိတ္စာကတ္ေပးရတာလဲ။ 

သူမကို ေပးရမွာ၊ သူမကေနမွ မလိုအပ္လို႔ ဒီျပင္လူကို ျပန္ေပးရမွာေလ၊ ဒါေပမဲ့ ပထမမဟုတ္တဲ့ ဒုနဲ႔တ ေရြးခ်ယ္စရာေတာ့ ျဖစ္မလာရဘူး!!

“ တုလင္းကိစၥနဲ႔ပတ္သက္ၿပီး အဆိုျပဳလႊာတင္ထားတာေတာင္ အေျဖထြက္မလာေသးတာ .. သူ႔မွာ အရည္အခ်င္းရိွတယ္လို႔ ဘယ္သူေျပာလဲ၊ မန္ေနဂ်ာဝူ .. ရွင္ရဲ့ကိုယ္ေရးကိုယ္တာခံစားခ်က္ေတြေၾကာင့္နဲ႔ ရွင္ လုမန္ကို အေလးေပးေနတာေတြမ်ားၿပီ၊ ဒါ လက္မခံႏိုင္စရာပဲ! ”
သူမ်ားေတြ အထက္လူႀကီးျဖစ္သၫ့္ ဝူလီက်ဲကို ေမးခြန္းမထုတ္ဝံ့ၾကေပမယ့္ သိုက္ယီးရန္ကေတာ့ နည္းနည္းမွ မမႈေပ။

ဌာနမန္ေနဂ်ာေလာက္ေလးကိုမ်ား ဘာမို႔လို႔..

“ စမ္းသပ္စာေမးပြဲကိုေအာင္ျမင္ၿပီး တုလင္းအတြက္ တစ္ေက်ာ့ျပန္ေၾကာ္ျငာအစီအစဉ္ကိုတရားဝင္တာဝန္ယူေနၿပီဆိုတဲ့အခ်က္အရေပါ့ ”
ဟန္က်ိဳးလီက ေျခလွမ္းက်ဲႀကီးေတြႏွင့္ ဝင္လာကာ ေျပာသြားသၫ့္စကားလံုးတိုင္းက သိုက္ယီးရန္ႏွင့္ ယဲ့ေရွာင္ရွင္းကို ျပင္းျပင္းထိမွန္၏။

ဟန္က်ိဳးလီေနာက္မွာေတာ့ က်န႔္ထ်န္းမင္ ကပ္ပါလာ၏။

ယဲ့ေရွာင္ရွင္း ခုမွ မွားမွန္းသိၿပီး မလံုမလဲျဖစ္သြားသည္။ မ်က္ႏွာသည္ စာရြက္တစ္စလို ျဖဴဆုတ္ေနၿပီး လက္ေတြပင္ တုန္တုန္ရီရီျဖစ္လာသည္မို႔ ကိုင္ထားသၫ့္ ဖိတ္စာကတ္က ၾကမ္းေပၚျပဳတ္က်၏။

ခ်န္ရွီးျမန္ မ်က္ေမွာင္ကုတ္သြားသည္။ ဒါ သူ႔ကို ေပးခ်င္တဲ့ဖိတ္စာမွမဟုတ္တာ.. လုမန္ကို အရွက္ခြဲဖို႔ တမင္ လႊင့္ပစ္တာလား..

စကားတစ္ခြန္းမဆိုဘဲ ခ်န္ရွီးျမန္ ေရ႔ွတိုး၍ ကံုးေကာက္လိုက္ကာ မ်က္ႏွာျပင္ေပၚက ဖုန္ေတြကို ခါထုတ္ပစ္ၿပီးမွ လုမန္ကို ေပးလိုက္၏။

“ ေက်းဇူးပါ ”
လုမန္က ဖိတ္စာကတ္ကိုယူၿပီး ၿပံဳးျပသည္။ 

ခ်န္ရွီးျမန္ တစ္ဒဂၤေတာ့ ၾကက္ေသေသသြား၏။ သူ႔လိုလူေတာင္မွ သူမၿပံဳးျပျခင္းမွာ ရွက္ၿပီး နားရြက္ေတြနီေလသည္။ သူ ကမန္းကတန္း ေက်းဇူးတင္စကားေျပာၿပီး ေနာက္မွာ သြားေရွာင္ေနလိုက္၏။

သို႔ေသာ္လည္း ဟန္က်ိဳးလီက အဲ့ဒါကို ျမင္ျဖစ္ေအာင္ျမင္သြားေသးသည္။ ၿပီးေတာ့ စိတ္ထဲကေန ေျပာခ်င္တာေတြ စီရြတ္၏။

ထို႔ေနာက္မွာေတာ့ သိုက္ယီးရန္မ်က္ႏွာေပၚက ထိတ္လန႔္သံသယျဖစ္မႈေတြကို ၾကၫ့္လိုက္ကာ
“ ေနာက္ၿပီးေတာ့ ဒီတစ္ခါ စိတ္ဝင္စားစရာေကာင္းတာေလးပါ ျဖစ္သြားေသးတယ္၊ သိုက္ယီးရန္နဲ႔လုမန္ရဲ့အဆိုျပဳလႊာေတြက အံ့ၾသစရာေကာင္းေလာက္ေအာင္ ထပ္တူညီေနတာပါပဲ၊ အို ဘယ္ဟုတ္မလဲ၊ ထပ္တူညီေနတယ္လို႔ေတာ့ ေျပာမရဘူး၊ သိုက္ယီးရန္ရဲ့အဆိုျပဳလႊာက ပိုၿပီးလွတယ္၊ ပိုၿပီးေတာ့ အေသးစိတ္က်တယ္၊ ႏွစ္ခုယွဉ္ၾကၫ့္မယ္ဆိုရင္ လုမန္ရဲ့အဆိုျပဳလႊာက အၾကမ္းျခစ္ထားတာမ်ိဳးနဲ႔တူတယ္ ”

အခန္း [ ၁၆၀ ]

သိုက္ယီးရန္အေတြးေတြခ်က္ခ်င္းေျပာင္းလဲသြားသည္။ 
“ ဒါျဖင့္ အေရြးခံသင့္တာက ကြၽန္မဥစၥာေပါ့ .. ဘာျဖစ္လို႔ လုမန္ကို ေရြးလိုက္တာလဲ ”

“ ငါသိသေလာက္ေတာ့ အဲ့ဒီတုန္းက ဒီၿပိဳင္ပြဲမွာ ပါဝင္ယွဉ္ၿပိဳင္မယ္လို႔ မေျပာခင္မွာ စာေမးပြဲက တုလင္းရဲ့တစ္ေက်ာ့ျပန္ေၾကာ္ျငာအစီအစဉ္ျဖစ္ေနမွန္း မင္း မသိေလာက္ဘူး ဟုတ္တယ္မို႔လား ”
စာေမးပြဲအတြက္ ေခါင္းစဉ္ကို သိရိွလိုက္ရစဉ္ ျဖစ္ပ်က္သြားသၫ့္ သိုက္ယီးရန္မ်က္ႏွာကို က်န႔္ထ်န္းမင္ မွတ္မိပါေသးသည္။ 

ထိုအခ်ိန္က ဝင္ၿပိဳင္မယ္လို႔ ေျပာခဲ့တာေတြကို ေနာင္တရသြားသလိုမ်ိဳးပါ။

“ ဘယ္.. ဘယ္သူေျပာလဲ!! ”
က်န႔္ထ်န္းမင္ေျပာခ်င္တာကို သိုက္ယီးရန္နားလည္သည္။
“ ကြၽန္မဘယ္သူလဲဆိုတာေသခ်ာၾကၫ့္စမ္းပါ၊ ေလးေလးဟန္က အဲ့ဒီစာေမးပြဲအေၾကာင္း ကြၽန္မကိုေျပာျပတာၾကာၿပီ၊ ပထမေတာ့ ယွဉ္ၿပိဳင္ဖို႔စိတ္ကူးမရိွပါဘူး၊ ဒါေပမယ့္ ေနာက္မွ စိတ္ဝင္စားဖို႔ေကာင္းတယ္ထင္လို႔ အေပ်ာ္သေဘာနဲ႔ ဝင္ပါလိုက္တာ.. ”

“ ဟုတ္လား ဒါျဖင့္ရင္ မင္းအပ္ခဲ့တဲ့အဆိုျပဳလႊာထဲမွာပါတဲ့အေၾကာင္းအရာေလးေတြကို ေျပာစမ္းပါဦး ”
က်န႔္ထ်န္းမင္က မ်က္ႏွာေသႏွင့္။

“ အဲဒါ.. အဲ့ဒါက…”
သိုက္ယီးရန္ စကားေတြထစ္ကုန္သည္။ တစ္ခုခုထြက္လိုထြက္ျငား ဦးေနွာက္ကို ဖ်စ္ၫွစ္အလုပ္ေပးၾကၫ့္သည္။ သို႔ေသာ္ အဆိုျပဳလႊာႏွင့္ပတ္သက္တာေတြ ဦးေနွာက္ထဲမွာ နည္းနည္းေတာင္ မရိွ။ 

မေန့က အရႈပ္အေထြးၾကားထဲမွာပဲ ကြန္ပ်ူတာထဲက ဖိုင္ကို အျမန္ပရင့္ထုတ္ခဲ့ရတာျဖစ္သည္။ တစ္ခါေလးပဲ အၾကမ္းသေဘာ ၾကၫ့္ခဲ့ရကာ မွတ္သားတာေတြပင္ မလုပ္လိုက္ရ။ အဆိုျပဳလႊာကိုအပ္ၿပီးလ်ွင္ အားလံုးၿပီးၿပီဟုပဲ ထင္ခဲ့၏။ 

“ ကြၽန္မေျပာျပပါမယ္ ”
လုမန္က ေရ႔ွကိုထြက္လာၿပီး ဟန္က်ိဳးလီကို ၾကၫ့္သည္။

အဆိုျပဳလႊာကို သူမကိုယ္တိုင္ေရးခဲ့တာျဖစ္၏။ အႀကိမ္ေပါင္းမ်ားစြာ ျပင္ဆင္ ေျပာင္းလဲျခင္းေတြ လုပ္ေဆာင္ခဲ့ရသျဖင့္ အားလံုးကို အလြတ္ရေနၿပီလည္း ျဖစ္သည္။

သိုက္ယီးရန္ကို ခိုးခိုင္းရဲသည္ဆိုတာမွာ သူမရဲ့အဆိုျပဳလႊာကို ဟန္က်ိဳးလီနဲ႔တုလင္းတို႔ ဖတ္ၿပီးတာေၾကာင့္ပဲ ျဖစ္ေလ၏။ 

မဟုတ္လ်ွင္ ထိုသို႔ျဖစ္ခြင့္ေပးခဲ့မည္ မဟုတ္ေပ။

ရွင္းလင္း၍ စနစ္တက်ရိွေသာ အေတြးေတြကို လုမန္က ျဖည္းျဖည္းမွန္မွန္ေလး ရွင္းျပသြားသည္။ ဒါကို နားေထာင္ရင္း အစ္မလိႏွင့္ အစ္ကိုက်န္းတို႔ တုန္လႈပ္သြားၾက၏။

လုမန္၏ အဆိုျပဳလႊာသည္ လြန္စြာ စိတ္ဝင္စားစရာေကာင္းၿပီး ထိုးထြင္းဖန္တီးမႈရိွကာ လံုးဝကို ေကာင္းမြန္သည္။ အားလံုးေမ်ွာ္လင့္ထားတာထက္ကို ပိုပါ၏။

အေကာင္အထည္ မေဖာ္ရေသးလ်ွင္ေတာင္ ေအာင္ျမင္မည္ဆိုတာကို သူတို႔ သိေနသည္။

အဆိုျပဳလႊာကို ဘယ္သူေရးခဲ့တယ္ဆိုတာနဲ႔ပတ္သက္ၿပီး ခု ေမးစရာက်န္ေသးလား.. 

တစ္ေယာက္က ထစ္ထစ္အအႏွင့္ တစ္လံုးတစ္ေလေတာင္ မေျပာႏိုင္သၫ့္အခ်ိန္မွာ တစ္ေယာက္က စနစ္တက် ျပတ္သားရွင္းလင္းစြာ ေျပာဆိုသြားေနသည္။

ထိုအခိုက္ ဟန္က်ိဳးလီ၏ မ်က္ဝန္းထဲတြင္ ယံုၾကည္မႈအျပၫ့္ႏွင့္ လုမန္စကားေျပာေနသၫ့္ပံုရိပ္ေလးသာရိွေတာ့၏။ သူ႔ႏႈတ္ခမ္းစြန္းမ်ားလည္း တြန႔္ေကြးသြားသည္။ သူမကို ၾကၫ့္ေလ ႀကိဳက္ေလ ျဖစ္ရ၏။ သူမအေပၚထားရိွသၫ့္ ခ်စ္ျခင္းေမတၲာေတြလည္း သူ႔မ်က္လံုးထဲကေန လ်ွံထြက္ေတာ့မည္။

ဘာျဖစ္လို႔ သူ႔ေကာင္မေလး ဒီေလာက္ေတာင္အထင္ႀကီးစရာေကာင္းရတာလဲ!

ဒီလိုကိစၥမ်ိဳးႏွင့္ ရင္ဆိုင္ရခ်ိန္မွာေတာင္ သူမက စိုးရိမ္တာေတြ ပ်ာယာခတ္တာေတြ မျဖစ္ေပ။ တည္ၿငိမ္ေအးေဆးၿပီး စကားေျပာေတာ့လည္း ေၾကာက္ရြံ႔ေနတာမ်ိဳးေတြ မေတြ့ရ။

ဟန္က်ိဳးလီ မာန္ေတြတက္လာသည္။

လုမန္ကေတာ့ သူ႔မ်က္ႏွာႀကီးကိုၾကၫ့္ၿပီး နားရြက္ကေလးေတြရဲကာ လ်ွာခလုတ္တိုက္ေတာ့မလို႔ပင္။

လုမန္ စကားဆံုးသၫ့္အခါ ဟန္က်ိဳးလီက ေခါင္းညိတ္၏။
“ မဆိုးပါဘူး၊ တိုက္ဆိုင္တယ္ေနာ္၊ အခု လုမန္ရွင္းျပသြားတာေတြက သိုက္ယီးရန္တင္ျပလာတာေတြနဲ႔ အတူတူပဲ၊ ဒါေပမယ့္ အဲ့ဒါက လုမန္တင္ျပတဲ့ ဥစၥာကို အေျခခံၿပီး တိုးခ်ဲ့ျပင္ဆင္ထားတဲ့ဗားရွင္းမ်ိဳး ”

ရုတ္တရက္ သိုက္ယီးရန္က လုမန္ကို လက္ၫွိုးေကာက္ထိုး၏။
“ အဲ့ဒါ နင္ပဲ! နင္ အရင္က ငါ့ရဲ့အဆိုျပဳလႊာကို ၾကၫ့္ခဲ့တာပဲျဖစ္ရမယ္ ”

က်န႔္ထ်န္းမင္ သည္းမခံႏိုင္ေတာ့ေပ။
“ အမေလး ဒါဆို မင္းရဲ့အဆိုျပဳလႊာကို ခိုးၾကၫ့္တဲ့လုမန္ကက် အားလံုးကို မွတ္မိၿပီး ကိုယ္တိုင္ေရးခဲ့တဲ့ မင္းကေတာ့ ဘာမွမမွတ္မိဘူးေပါ့ေလ ဟုတ္လား၊ မင္းမသိေသးဘူးထင္တယ္ လုမန္က ေခါင္းစဉ္စေပးတဲ့ေန့ကတည္းက ေနရာမွာတင္ပဲ အဆိုျပဳလႊာကို တန္းအပ္ခဲ့တာ၊ ႏွစ္ခုေတာင္ေနာ္၊ ဒါေပမဲ့ ဒီတစ္ခုကိုေတာ့ တုလင္းကိုယ္တိုင္လက္ခံထားတာ၊ အဓိပၸာယ္က ဒီအဆိုျပဳလႊာကို လုမန္ ကိုယ္တိုင္ျပင္ဆင္ထားတာပဲ၊ ဘာပဲျဖစ္ျဖစ္ ငါတို႔ေတြက ဒါကို သိၿပီးတာၾကာၿပီ ”

သိုက္ယီးရန္ လုမန္ကိုလွၫ့္ၾကၫ့္လိုက္ေတာ့၏။ လုမန္ သူမကို ေထာင္ေခ်ာက္ဆင္လိုက္တာပဲ! 

“ သေဘာမတူတဲ့သူ ရိွေသးလား ”
ဟန္က်ိဳးလီက လူစုလူေဝးႀကီးကို ေအးစက္စြာ ေဝ့ဝဲၾကၫ့္သည္။

အစ္မလိက ေရ႔ွကိုထြက္လာကာ..
“ အရင္ကေတာ့ ကြၽန္မနဲ႔သူတို႔ သေဘာထားခ်င္းတူခဲ့ၾကတယ္၊ ကုမၸဏီက လုမန္ကို အခြင့္ထူးေတြေပးတယ္ ဒါ မတရားဘူးလို႔ပဲ ထင္ခဲ့တယ္ေပါ့၊ ဒါေပမဲ့ လုမန္ကို စမ္းသပ္မယ့္ ေခါင္းစဉ္ကို သိလိုက္ရၿပီးတဲ့ေနာက္မွာ ကြၽန္မ အဲ့လိုမေတြးမိေတာ့ဘူး။ ဒီစာေမးပြဲဆိုတာႀကီးက ေျခာက္လအစမ္းခန႔္ကာလကိုျဖတ္သန္းရတာထက္ေတာင္ပိုၿပီးေတာ့ ခက္ပါေသးတယ္၊ ဒီေန့ လုမန္ရွင္းျပတာေတြကို ၾကားလိုက္ရၿပီးတဲ့ေနာက္မွာေတာ့ ပိုၿပီးေတာ့ ေသခ်ာသြားပါတယ္၊ ကုမၸဏီရဲ့ဆံုးျဖတ္ခ်က္က မွန္ပါတယ္၊ ဒီေက့စ္ကို ကြၽန္မတို႔လက္ထဲအပ္ခဲ့မယ္ဆိုရင္ေတာင္မွ လုမန္တင္ျပတဲ့ အဆိုျပဳလႊာလို ေကာင္းမြန္တာမ်ိဳးထြက္လာမွာ မဟုတ္ပါဘူး ”

*****

Continue Reading

You'll Also Like

84.5K 1.1K 30
Y/n young man dreams to be hero, but he have no scared gear, quricks, magic or anything. he was bully in union academy by everyone except few support...
20.6K 1.5K 35
A LOT out of my usual thing here, but what if both Dream AND Nightmare impregnated Blueberry at the same time. Terrified of what his brother and au w...
19.8K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
36.8K 2.4K 31
လျန်ကျီရွှမ်း(သူမ)မိသားစုက သူမ(လျန်ကျီရွှမ်း)ကိုအသုံးချတယ်၊ သူမရည်းစားက သူမကို လိမ်လည်ပြီး မိထွေးသမီးနဲ့ ပေါင်းသင်းပြီး နောက်ဆုံးမှာ သူတို့လက်ချက်နဲ့...