Unicode
“သူ့ရဲ့အပြုအမူနဲ့ အကျင့်စရိုက်က ရှန်ယွင်နဲ့ အရမ်းတူနေတယ်..”
***
ခြူးမုယွင်မှာ မျက်ခုံးပင့်လိုက်မိရင်း ရင်တစ်ချက်ခုန်သွား၏။
မှတ်ဉာဏ်ကြေးမုံသည် တကယ့်ကို Cheat Item တစ်ခုပင်။ သူလုပ်ခဲ့သမျှကို မော့ကျိုးရှောင် အကုန်မြင်သွားပုံရသည်။
ရှန်ရွှိန်ယန်းက ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ကြမ်းပြင်ပေါ်သို့ တစ်လွှာချင်း ပုံကျသွားသော အင်္ကျီလက်ဝကျယ်သည် ပုံမှန်အားဖြင့် နူးညံ့ပျော့ပျောင်းသော်ငြား ပိုင်ရှင်၏ ထက်ရှသော မျက်ခုံးတန်းများကြောင့် လူသတ်ငွေ့များ ဖြာထွက်နေတော့၏။
“အကုန်ထွက်သွား..!”
သူ၏အသံက အေးစက်နေပြီး ဒေါသရိပ်များကိုပင် မဖုံးကွယ်နိုင်တော့ချေ။ အနီးကပ်ကြည့်လျှင် သူ၏ ဖြူဥနေသော နဖူးထက်မှ အပြာရောင်သွေးကြောများကိုပင် မြင်ရချေလိမ့်မည်။
အစေခံအားလုံး ကမန်းကတန်း နောက်ဆုတ်သွားကြ၏။ ခြူးမုယွင်သည်လည်း ခြွင်းချက်မရှိ၊ ဆက်ပြီး နားထောင်လိုသော်လည်း အခြေအနေက သိပ်မကောင်းသောကြောင့် မျက်လွှာချကာ အများနည်းတူ အပြင်ထွက်သွားလိုက်သည်။
ခန်းမကျယ်ကြီးက ရုတ်ချည်းဆိုသလို ဗလာကျင်းသွားခဲ့သည်။
မော့ကျိုးရှောင်ဘေးမှ အယောင်ဆောင် ‘ခြူးမုယွင်’လည်း အပြင်ထွက်ရလေသည်။
ရှန်ရွှိန်ယန်းက လက်ဝှေ့ရမ်းကာ မည်သူမှ ခိုးနားထောင်၍မရအောင် အကာအကွယ်စည်းတစ်ခု ဖန်တီးလိုက်သည်။
မော့ကျိုးရှောင်၏ အမူအရာက ပေါ့ပေါ့ပါးပါးပင်၊ လက်ထဲမှ တိမ်လွှာလက်ဖက်ရည်ကို အသာလှုပ်ယမ်းနေသည်။
ရှန်ရွှိန်ယန်းက မော့ကျိုးရှောင်အား စူးစူးရဲရဲ စိုက်ကြည့်ကာ..
“သူတို့က တစ်ယောက်တည်းပဲ.. သံသယဝင်စရာမရှိဘူး..”
မော့ကျိုးရှောင်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ရင်း ရှန်ရွှိန်ယန်းကို မော့ကြည့်လိုက်သည်။
“ဒါပေမဲ့… ဘယ်အချိန်ကစပြီး တစ်ယောက်တည်းဖြစ်သွားတာလဲ..?”
ရှန်ရွှိန်ယန်းက မျက်လုံးမှိတ်လိုက်သည်။ ပြီးနောက် မျက်လုံးပြန်ဖွင့်ကာ မော့ကျိုးရှောင်ကို စိုက်ကြည့်လာ၏။
မော့ကျိုးရှောင်၏ အမူအရာက မတုန်မလှုပ်။
တစ်ခဏကြာပြီးနောက် ရှန်ရွှိန်ယန်းက ခပ်သောသော ရယ်လာသည်။ ထို့နောက် ညစ်ကျယ်ကျယ် ပြုံးလိုက်ရင်း..
“ဘာလဲ..? အခုထိ မယုံချင်ဘူးလား..? အားယွင်က ခင်ဗျားကို တကယ်ကြိုက်တာလို့ ထင်နေတုန်းလား..?”
ရှန်ရွှိန်ယန်းက မော့ကျိုးရှောင်အနား လမ်းလျှောက်သွားကာ အထင်သေးဟန်ဖြင့်..
“အဲ့တုန်းက ခင်ဗျားလုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်.. ကျုပ်နဲ့ ရှဲ့ချင်းလန်ကို ရန်စတယ်.. အားယွင်ကို အမျိုးမျိုး နှောင့်ယှက်ပြီး လှည့်ကွက်တွေပါ သင်ပေးလိုက်သေးတယ်.. ခင်ဗျားကြောင့် အားယွင် သေတဲ့အထိ ခံစားသွားရတာ.. သူက ခင်ဗျားကို မုန်းနေရုံတင်မကဘူး၊ သေတာထက် ဆိုးတဲ့ဘဝမျိုး ပေးချင်နေမှာ..! အဲ့လိုခံစားချက်တွေနဲ့ သေသွားရပြီး အသက်ပြန်ရှင်လာတာဆိုတော့ ခင်ဗျားနဲ့ထပ်တွေ့ရင် ကျိန်းသေပေါက် လက်စားချေချင်မှာပဲ.. မဟုတ်ဘူးလား..? အဲ့တာကို ခင်ဗျား မတွေးမိဘူးလား..?”
မော့ကျိုးရှောင်၏ မျက်ဝန်းများ အရောင်မဲ့သွား၏။
ရှန်ရွှိန်ယန်းက အပြုံးလေးဖြင့် ဆက်ပြောသည်။ : “ကျုပ်လည်း ကြေးမုံထဲက မှတ်ဉာဏ်တွေကို ကြည့်ပြီးပါပြီ.. အားယွင်က ခင်ဗျား သူ့ကို စမွေးစားကတည်းက ဟန်ဆောင်နေတာ.. ခင်ဗျားရှေ့မှာ ဖြူစင်ရိုးသားပြီး အန္တရာယ်ကင်းသလို ဟန်ဆောင်နေခဲ့ပေမယ့် ကျောပေးလိုက်တာနဲ့ ဘယ်လိုအမူအရာပြောင်းသွားလဲ.. ခင်ဗျားလည်း မြင်နေတာပဲလေ.. အဲ့တာနဲ့များ အတိတ်ဟောင်းတွေကို ဘာလို့ ပြန်ပြီး အစဖော်ချင်နေရတာလဲ..?”
“ပြီးတော့ လင်းရွှမ်….” ရှန်ရွှိန်ယန်း၏ မျက်ဝန်းထဲတွင် အမှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း လေသံကတော့ ပမာမခန့်ဟန်ဖြင့်.. “အဲ့ခွေးရူးက ဘာမှသိတာမဟုတ်ဘူး.. ဒီအတိုင်း တွေ့တဲ့လူ လိုက်ကိုက်နေတာ.. အဲ့တော့ ဘာဖြစ်မယ်ထင်လဲ..? အားယွင်က ခင်ဗျားကို လှောင်ပြောင်ဖို့ သူ့ကို အသုံးချလိုက်တယ်လေ..”
မော့ကျိုးရှောင်က ဆတ်ခနဲ ခေါင်းမော့ကာ ရှန်ရွှိန်ယန်းအား အေးတိအေးစက် စိုက်ကြည့်လိုက်၏။
“မင်း ဘာတွေဖုံးကွယ်ထားတာလဲ..?”
ရှန်ရွှိန်ယန်းက မော့ကျိုးရှောင်ကို လှည့်ကြည့်လိုက်ရင်း.. “ကျုပ်က ခင်ဗျားကို ကိစ္စတိုင်း လိုက်ပြောပြနေရမှာလား..?”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတော့၏။ ခေါင်းချင်းဆိုင်နေသော အပ်နှစ်စင်းနှယ်၊ အတွေးများကို ဖုံးကွယ်ကာ စကားနှိုက်နေကြသော်လည်း သူတို့သိထားသည့် လျှို့ဝှက်ချက်များကိုတော့ မဝေမျှချင်ကြပေ။
သူတို့နှစ်ဦး၏ ပူးပေါင်းမှုသည် အစကတည်းက ပွင့်ပွင့်လင်းလင်း မရှိခဲ့ပေ။ ‘ခြူးမုယွင်’နှင့် ရှန်ယွင်က လူတစ်ယောက်တည်းမှန်း သိနေကြ၍သာ၊ တစ်ဖက်လူသိထားသမျှကို အသုံးချပြီး အမှန်တရားများ ပိုမိုသိချင်နေ၍သာ၊ စိတ်မပါ့တပါဖြင့် ပူးပေါင်းထားကြခြင်းပင်။ ထို့အပြင် ထိုလူသားလေးကို ရှာတွေ့လိုသော မျှော်လင့်ချက်တို့ဖြင့်…
သို့သော် သိထားသမျှကို မဝေမျှချင်ကြပေ။
အဆုံးမှာတော့ ခြူးမုယွင်က တစ်ယောက်တည်းသာ ရှိသဖြင့် သူတို့နှစ်ဦးလုံး ခြူးမုယွင်ကို မောင်ပိုင်စီးချင်နေကြသည်။
နက်ရှိုင်းစွာသော အငြိုးအတေးများဖြင့် တစ်ဦးပေါ်တစ်ဦး ရိုးသားရန် ဘယ်လိုမှမဖြစ်နိုင်ခဲ့ပေ။
ထိပ်တိုက်ရင်ဆိုင်နေ၍ အကျိုးမရှိသောကြောင့် ရှန်ရွှိန်ယန်းနှင့် မော့ကျိုးရှောင်လည်း စိတ်ပျက်လက်ပျက် လူစုခွဲလိုက်ကြလေသည်။
***
ရန်ချန်း၏ ‘အသက်တံခါး’ ထိန်းချုပ်မှုလွတ်သွားပြီး ‘ခြူးမုယွင်’လည်း အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားသဖြင့် မော့ကျိုးရှောင်သည် မှတ်ဉာဏ်ကြေးမုံကို အသုံးပြုကာ ဖီးနစ်တစ်ထောင်တောင်ထွတ်ပေါ်မှ နေ့ရက်တိုင်းကို အသေးစိတ် လိုက်ကြည့်ခဲ့၏။
ထို့နောက်မှာတော့ သူ လှည့်စားခံနေရမှန်း သိလိုက်ရသည်။ အစမှအဆုံးထိ လှည့်စားခံလိုက်ရခြင်းပင်။
‘ခြူးမုယွင်’ဖြစ်စေ၊ ရေခဲဝိဉာဉ်သားရဲလေးဖြစ်စေ၊ သူ့ကို လှည့်စားသွားခဲ့သည်၊ ကစားသွားခဲ့သည်။ အဆုံးမှာတော့ သူက အရူးတစ်ယောက်လိုမျိုး ‘တစ်သက်လုံး အတူရှိနေပါ့မည်’ ဟူသည့် ကတိမျိုးကိုပင် ပေးလိုက်မိသည်။
သို့သော် ‘ခြူးမုယွင်’ သူကို ဘာလို့ဒီလိုလုပ်သွားမှန်း သူ နားမလည်ပေ။ သူက သူ့ရဲ့မိသားစု၊ ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်လိုက်၍လော။ မဖြစ်နိုင်ပါ၊ သူတို့စတွေ့စဉ်က ‘ခြူးမုယွင်’သည် ထိုအကြောင်း ဘာမှမသိသေးပေ။ သို့သော် ထိုအချိန်ကတည်းက စတင်ဟန်ဆောင်နေခဲ့သည်။
ထို့အပြင် ထိုလှုပ်ရှားမှုကလည်း ဆယ်နှစ်သားကလေးတစ်ယောက်တွင် ရှိသင့်သည့် အပြုအမူမျိုး မဟုတ်ပြန်ပေ။
မော့ကျိုးရှောင်မှာ နားမလည်နိုင်ဖြစ်နေခဲ့ရသည်။ ယင်းကား ရှန်ရွှိန်ယန်း ရောက်ချလာပြီး ‘ရှန်ယွင်’၏ မူလပုံပန်းသွင်ပြင်က ခြူးမုယွင်နှင့် အတော်လေး ရုပ်ချင်းဆင်ကြောင်း ပြောမလာခင်အချိန်အထိ…
ထိုမှတ်ဉာဏ်သည် ရှန်ရွှိန်ယန်း၏ အားသာချက်တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် လူသားလောက၌ အသက်ဆယ်နှစ်အရွယ် ပြန်ငယ်သွားသည့် ရှန်ရွှိန်ယန်းတစ်ဦးတည်းသာ ‘ရှန်ယွင်’၏ မူလအသွင်အပြင်ကို တွေ့လိုက်ရသောကြောင့်ပင်။
(TN : မေ့နေကြတဲ့လူတွေအတွက်… ရှန်ယွင်ဆိုတာ ရန်ချန်းရဲ့ ရေခဲဝိဉာဉ်သားရဲလေးပါနော်။ အဲ့တာကြောင့် အဖြူထည်လေး ‘ခြူးမုယွင်’နဲ့ ရုပ်တူပါတယ်။ ရှန်ရွှိန်ယန်းကို ပြုစုစောင့်ရှောက်ရင်း အသက်ကြီးလာမှသာ ‘ရှန်ယွင်’ရဲ့ပုံစံက ခြူးမုယွင်ရဲ့ ကမ္ဘာမြေပေါ်က မူလမျက်နှာအတိုင်း တဖြည်းဖြည်း ပြောင်းလဲလာတာပါ။ အဲ့လိုပြောင်းလဲလာပြီးမှ ရှဲ့ချင်းလန်နဲ့ တွေ့ခဲ့တာပါ။)
ထိုအခါမှသာ မော့ကျိုးရှောင်လည်း ဉာဏ်အလင်းပွင့်သွားပြီး အရာအားလုံး ဆက်စပ်မိသွားခဲ့၏။
‘ခြူးမုယွင်’က ‘ရှန်ယွင်’ ဖြစ်နေသည်။ ရှန်ယွင်သည် နောင်နှစ်ပေါင်းသုံးထောင်ကျော်မှ လူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်နိုးထလာခဲ့ပြီး သူ့ကိုမြင်သည်နှင့် အတိတ်မှရန်ငြိုးများ ပြန်သတိရသွားကာ နာကျည်းမုန်းတီးခဲ့သည်။ ထို့ကြောင့် ပြဇာတ်တစ်ခုလို သရုပ်ဆောင်ကာ သူ့ကို အမျိုးမျိုး လှည့်စားအယုံသွင်းခဲ့ခြင်းပင်။ နောက်ဆုံး သူနှင့်အတူ လိုက်သေလုနီးပါး အခြေအနေအထိ လှည့်စားသွားခဲ့ခြင်းပင်။
အရာအားလုံးသိပြီးနောက် မော့ကျိုးရှောင်မှာ ဒေါသူပုန်ကျတော့၏။ အချစ်ကြီးခဲ့သလောက် အမျက်ကြီးတော့သည်။ ရှန်ရွှိန်ယန်းက ‘ရှန်ယွင်’ကို ရှာချင်နေသလို သူလည်း လိုက်ရှာချင်သည်။ သူ့အပေါ် လှည့်စားခဲ့သမျှ တစ်ခုချင်း ပြန်ပေးဆပ်စေရမည်။
သို့နှင့် နှစ်ယောက်သား ပူးပေါင်းလိုက်ရင်း ခြူးမုယွင်၏ ပြန်လည်ရှင်သန်ခြင်းဆိုင်ရာ စည်းမျဉ်းအခြေအနေများကို လိုက်လံဆန်းစစ်တော့၏။ သင့်လျော်သည့် ခန္ဓာကိုယ်များကို ကြိုးစားရှာဖွေကာ အနီးကပ် လေ့လာစမ်းသပ်ခဲ့ကြသည်။
သို့သော် မော့ကျိုးရှောင် စိတ်တည်ငြိမ်လာချိန်တွင် တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိခဲ့သည်။
ရှန်ယွင်က ခြူးမုယွင်ဖြစ်လာတာလား..? ဒါမှမဟုတ် ခြူးမုယွင်က ရှန်ယွင်ဖြစ်သွားတာလား..?
***
ရှန်ရွှိန်ယန်းသည် မော့ကျိုးရှောင်ကို မောင်းထုတ်ပြီးနောက် ဗလာကျင်းနေသော ဟောခန်းမကြီးထဲတွင် နာရီဝက်နီးပါး တစ်ယောက်တည်း ထိုင်နေခဲ့လေ၏။ ထို့နောက်တွင်မူ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
သီးခြားနန်းဆောင်သို့ တစ်ကိုယ်တည်း လျှောက်လာခဲ့ပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ ပြီးနောက် ခလုတ်တစ်ခုကိုနှိပ်ကာ မြေပြင်အောက်တွင် လျှို့ဝှက်စွာ တည်ဆောက်ထားသော ရေခဲခန်းထဲသို့ အထီးကျန်ဆန်သော ခြေလှမ်းများဖြင့် ဆင်းသွားခဲ့သည်။
ထိုအခန်းထဲဝယ် ယခုအချိန်ထိ မနိုးထချင်သေးသော အမျိုးသားတစ်ဦး အိပ်စက်နေလေသည်။
ရှန်ရွှိန်ယန်းက ခုတင်နံဘေးတွင် ဝင်ထိုင်လိုက်ကာ ထိုအမျိုးသား၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပါးပြင်များကို မြတ်နိုးတွယ်တာစွာ ပွတ်သပ်လိုက်လေသည်။
သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော ချစ်ခြင်းတရားများနှင့် မှီခိုအားထားမှုတို့ ထင်ဟပ်လာ၏။ သူ၏ လေသံက အခန်းအပြင်မှာ ရှိနေစဉ်ကလောက် မပြင်းထန်သလို မအေးစက်တော့ပေ။ လေညင်းသွဲ့သွဲ့ တိုက်ခတ်နေသည့်နှယ်၊ နူးညံ့ပျော့ပျောင်းပြီး အနည်းငယ် တုန်ယင်နေလေသည်။
“အားယွင်.. ဘယ်သူ့အကြောင်း တွေးနေတာလဲဟင်..?”
“လင်းရွှမ်လား.. ဒါမှမဟုတ် ရန်ချန်းကိုလား..?”
ထိုသို့ပြောရင်း နူးညံ့နွေးထွေးမှု အလျင်းမရှိတော့သော အေးစက်စက် လက်ဖဝါးပြင်ကို မက်မက်မောမော ပွတ်သပ်နေမိလေသည်။
ယနေ့ မော့ကျိုးရှောင် ရောက်လာသည်။ ထိုလူကို အချိန်အကြာကြီး ဖုံးကွယ်ထား၍မရမှန်း ရှန်ရွှိန်ယန်း သိနေပြီးသားပင်။ ရှန်ယွင်က ခြူးမုယွင်ဖြစ်လာသလား၊ သို့တည်းမဟုတ် ခြူးမုယွင်က ရှန်ယွင်ဖြစ်သွားသလား၊ သူ့လောက် မည်သူမျှ ပိုမသိနိုင်ပါ။
အကြောင်းမှာ သူက ‘အသက်တံခါး’ကို ဖွင့်ကြည့်ခဲ့သူ ဖြစ်နေသောကြောင့်ပင်။ ဆယ်ကျော်သက်အရွယ် ရေခဲဝိဉာဉ်သားရဲလေး အားယွင်ကို သူမြင်ခဲ့ရသည်။
သို့သော် ထိုမြင်ကွင်းကို မြင်ခဲ့သူက ဝမ်းနည်းအထီးကျန်ပြီး နာကျင်ခံစားနေရသော လူတစ်ယောက်ဖြစ်နေသည်မှာ နှမြောစရာကောင်းလှသည်။
ထိုစဉ်က ရှန်ရွှိန်ယန်းသည် ဘာတွေဖြစ်ပျက်နေမှန်း နားမလည်ခဲ့ပေ။ သူသိသည်က ရှန်ယွင်ကို ပြန်ခေါ်ရန်၊ အပိုင်သိမ်းရန်၊ ဘယ်သူမှမမြင်အောင် သိမ်းဆည်းထားရန်သာ။
ထိုသို့သော အလွန်အကျူး စွဲလမ်းစိတ်များဖြင့် ခြူးမုယွင်ကို အတိတ်နှစ်လေးထောင်ဆီသို့ ဆွဲခေါ်မိခဲ့သည်။
သို့နှင့် သူ၏ရှန်ယွင် ဖြစ်လာခဲ့တော့သည်။
အဆုံးမှာတော့ မည်သူက မည်သူဖြစ်လာမှန်း ရှန်ရွှိန်ယန်း ကောင်းကောင်း သိနေပြီးသားပင်။ သို့သော် မော့ကျိုးရှောင်ကို လုံးဝ သိခွင့်မပြုခဲ့ပေ။
သူ မော့ကျိုးရှောင်ကို လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မော့ကျိုးရှောင်ထံတွင် ခြူးမုယွင်အစစ်ကို ခွဲခြားနိုင်သော နည်းလမ်းတစ်ခု ရှိနေသောကြောင့်ဖြစ်၏။
သို့သော် ထိုလူက တကယ့်ကို ဉာဏ်နီဉာဏ်နက်များလွန်းပြီး လျှို့ဝှက်ချက်ကို ထုတ်မပြောခဲ့ပေ။ သူ၏ နိုင်ကွက်ကလည်း မော့ကျိုးရှောင်အား ထိန်းချုပ်ရန် မလုံလောက်ပါချေ။
ကြည့်ရတာ မော့ကျိုးရှောင်ကို ရှန်ယွင်က လင်းမုဖြစ်ကြောင်း သိခွင့်ပေးရတော့မယ့် အချိန်ပဲ..!
အဲ့လိုဆို မော့ကျိုးရှောင်လည်း ‘ခြူးမုယွင်’ သူ့ကို လှည့်စားသွားတာလို့ ထပ်ယုံကြည်လာလိမ့်မယ်….။
ဘာပဲပြောပြော ခြူးမုယွင်က လင်းရွှမ်ကို အရမ်းဂရုစိုက်တာပဲလေ…။
ရှန်ရွှိန်ယန်းတစ်ယောက် တစ်ယောက်တည်း တွေးတောနေရင်း ရုတ်တရက် ရင်ခုန်သွားရ၏။ ထို့နောက် ဝုန်းခနဲ ထရပ်လိုက်မိသည်။
အားယွင် ပြန်ရောက်လာပြီ.. သူ့ရဲ့ ပကတိမြူနှင်းနန်းတော်ထဲမှာ ရှိနေတယ်..!
……………………………………..
TN : နောက်ကျသွားတယ်။ Click ပေးဦး
……………………………………..
Zawgyi
“သူ႔ရဲ႕အျပဳအမူနဲ႔ အက်င့္စ႐ိုက္က ရွန္ယြင္နဲ႔ အရမ္းတူေနတယ္..”
***
ျခဴးမုယြင္မွာ မ်က္ခုံးပင့္လိုက္မိရင္း ရင္တစ္ခ်က္ခုန္သြား၏။
မွတ္ဉာဏ္ေၾကးမုံသည္ တကယ့္ကို Cheat Item တစ္ခုပင္။ သူလုပ္ခဲ့သမွ်ကို ေမာ့က်ိဳးေရွာင္ အကုန္ျမင္သြားပုံရသည္။
ရွန္႐ႊိန္ယန္းက ႐ုတ္တရက္ မတ္တပ္ရပ္လိုက္သည္။ ၾကမ္းျပင္ေပၚသို႔ တစ္လႊာခ်င္း ပုံက်သြားေသာ အက်ႌလက္ဝက်ယ္သည္ ပုံမွန္အားျဖင့္ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ္ျငား ပိုင္ရွင္၏ ထက္ရွေသာ မ်က္ခုံးတန္းမ်ားေၾကာင့္ လူသတ္ေငြ႕မ်ား ျဖာထြက္ေနေတာ့၏။
“အကုန္ထြက္သြား..!”
သူ၏အသံက ေအးစက္ေနၿပီး ေဒါသရိပ္မ်ားကိုပင္ မဖုံးကြယ္ႏိုင္ေတာ့ေခ်။ အနီးကပ္ၾကည့္လွ်င္ သူ၏ ျဖဴဥေနေသာ နဖူးထက္မွ အျပာေရာင္ေသြးေၾကာမ်ားကိုပင္ ျမင္ရေခ်လိမ့္မည္။
အေစခံအားလုံး ကမန္းကတန္း ေနာက္ဆုတ္သြားၾက၏။ ျခဴးမုယြင္သည္လည္း ႁခြင္းခ်က္မရွိ၊ ဆက္ၿပီး နားေထာင္လိုေသာ္လည္း အေျခအေနက သိပ္မေကာင္းေသာေၾကာင့္ မ်က္လႊာခ်ကာ အမ်ားနည္းတူ အျပင္ထြက္သြားလိုက္သည္။
ခန္းမက်ယ္ႀကီးက ႐ုတ္ခ်ည္းဆိုသလို ဗလာက်င္းသြားခဲ့သည္။
ေမာ့က်ိဳးေရွာင္ေဘးမွ အေယာင္ေဆာင္ ‘ျခဴးမုယြင္’လည္း အျပင္ထြက္ရေလသည္။
ရွန္႐ႊိန္ယန္းက လက္ေဝွ႔ရမ္းကာ မည္သူမွ ခိုးနားေထာင္၍မရေအာင္ အကာအကြယ္စည္းတစ္ခု ဖန္တီးလိုက္သည္။
ေမာ့က်ိဳးေရွာင္၏ အမူအရာက ေပါ့ေပါ့ပါးပါးပင္၊ လက္ထဲမွ တိမ္လႊာလက္ဖက္ရည္ကို အသာလႈပ္ယမ္းေနသည္။
ရွန္႐ႊိန္ယန္းက ေမာ့က်ိဳးေရွာင္အား စူးစူးရဲရဲ စိုက္ၾကည့္ကာ..
“သူတို႔က တစ္ေယာက္တည္းပဲ.. သံသယဝင္စရာမရွိဘူး..”
ေမာ့က်ိဳးေရွာင္က လက္ဖက္ရည္ခြက္ကို စားပြဲေပၚတင္လိုက္ရင္း ရွန္႐ႊိန္ယန္းကို ေမာ့ၾကည့္လိုက္သည္။
“ဒါေပမဲ့… ဘယ္အခ်ိန္ကစၿပီး တစ္ေယာက္တည္းျဖစ္သြားတာလဲ..?”
ရွန္႐ႊိန္ယန္းက မ်က္လုံးမွိတ္လိုက္သည္။ ၿပီးေနာက္ မ်က္လုံးျပန္ဖြင့္ကာ ေမာ့က်ိဳးေရွာင္ကို စိုက္ၾကည့္လာ၏။
ေမာ့က်ိဳးေရွာင္၏ အမူအရာက မတုန္မလႈပ္။
တစ္ခဏၾကာၿပီးေနာက္ ရွန္႐ႊိန္ယန္းက ခပ္ေသာေသာ ရယ္လာသည္။ ထို႔ေနာက္ ညစ္က်ယ္က်ယ္ ၿပဳံးလိုက္ရင္း..
“ဘာလဲ..? အခုထိ မယုံခ်င္ဘူးလား..? အားယြင္က ခင္ဗ်ားကို တကယ္ႀကိဳက္တာလို႔ ထင္ေနတုန္းလား..?”
ရွန္႐ႊိန္ယန္းက ေမာ့က်ိဳးေရွာင္အနား လမ္းေလွ်ာက္သြားကာ အထင္ေသးဟန္ျဖင့္..
“အဲ့တုန္းက ခင္ဗ်ားလုပ္ခဲ့တာေတြကို ျပန္စဥ္းစားၾကည့္လိုက္.. က်ဳပ္နဲ႔ ရွဲ႕ခ်င္းလန္ကို ရန္စတယ္.. အားယြင္ကို အမ်ိဳးမ်ိဳး ေႏွာင့္ယွက္ၿပီး လွည့္ကြက္ေတြပါ သင္ေပးလိုက္ေသးတယ္.. ခင္ဗ်ားေၾကာင့္ အားယြင္ ေသတဲ့အထိ ခံစားသြားရတာ.. သူက ခင္ဗ်ားကို မုန္းေန႐ုံတင္မကဘူး၊ ေသတာထက္ ဆိုးတဲ့ဘဝမ်ိဳး ေပးခ်င္ေနမွာ..! အဲ့လိုခံစားခ်က္ေတြနဲ႔ ေသသြားရၿပီး အသက္ျပန္ရွင္လာတာဆိုေတာ့ ခင္ဗ်ားနဲ႔ထပ္ေတြ႕ရင္ က်ိန္းေသေပါက္ လက္စားေခ်ခ်င္မွာပဲ.. မဟုတ္ဘူးလား..? အဲ့တာကို ခင္ဗ်ား မေတြးမိဘူးလား..?”
ေမာ့က်ိဳးေရွာင္၏ မ်က္ဝန္းမ်ား အေရာင္မဲ့သြား၏။
ရွန္႐ႊိန္ယန္းက အၿပဳံးေလးျဖင့္ ဆက္ေျပာသည္။ : “က်ဳပ္လည္း ေၾကးမုံထဲက မွတ္ဉာဏ္ေတြကို ၾကည့္ၿပီးပါၿပီ.. အားယြင္က ခင္ဗ်ား သူ႔ကို စေမြးစားကတည္းက ဟန္ေဆာင္ေနတာ.. ခင္ဗ်ားေရွ႕မွာ ျဖဴစင္႐ိုးသားၿပီး အႏၲရာယ္ကင္းသလို ဟန္ေဆာင္ေနခဲ့ေပမယ့္ ေက်ာေပးလိုက္တာနဲ႔ ဘယ္လိုအမူအရာေျပာင္းသြားလဲ.. ခင္ဗ်ားလည္း ျမင္ေနတာပဲေလ.. အဲ့တာနဲ႔မ်ား အတိတ္ေဟာင္းေတြကို ဘာလို႔ ျပန္ၿပီး အစေဖာ္ခ်င္ေနရတာလဲ..?”
“ၿပီးေတာ့ လင္း႐ႊမ္….” ရွန္႐ႊိန္ယန္း၏ မ်က္ဝန္းထဲတြင္ အေမွာင္ရိပ္တစ္ခု ျဖတ္ေျပးသြားေသာ္လည္း ေလသံကေတာ့ ပမာမခန႔္ဟန္ျဖင့္.. “အဲ့ေခြး႐ူးက ဘာမွသိတာမဟုတ္ဘူး.. ဒီအတိုင္း ေတြ႕တဲ့လူ လိုက္ကိုက္ေနတာ.. အဲ့ေတာ့ ဘာျဖစ္မယ္ထင္လဲ..? အားယြင္က ခင္ဗ်ားကို ေလွာင္ေျပာင္ဖို႔ သူ႔ကို အသုံးခ်လိုက္တယ္ေလ..”
ေမာ့က်ိဳးေရွာင္က ဆတ္ခနဲ ေခါင္းေမာ့ကာ ရွန္႐ႊိန္ယန္းအား ေအးတိေအးစက္ စိုက္ၾကည့္လိုက္၏။
“မင္း ဘာေတြဖုံးကြယ္ထားတာလဲ..?”
ရွန္႐ႊိန္ယန္းက ေမာ့က်ိဳးေရွာင္ကို လွည့္ၾကည့္လိုက္ရင္း.. “က်ဳပ္က ခင္ဗ်ားကို ကိစၥတိုင္း လိုက္ေျပာျပေနရမွာလား..?”
ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနေတာ့၏။ ေခါင္းခ်င္းဆိုင္ေနေသာ အပ္ႏွစ္စင္းႏွယ္၊ အေတြးမ်ားကို ဖုံးကြယ္ကာ စကားႏႈိက္ေနၾကေသာ္လည္း သူတို႔သိထားသည့္ လွ်ိဳ႕ဝွက္ခ်က္မ်ားကိုေတာ့ မေဝမွ်ခ်င္ၾကေပ။
သူတို႔ႏွစ္ဦး၏ ပူးေပါင္းမႈသည္ အစကတည္းက ပြင့္ပြင့္လင္းလင္း မရွိခဲ့ေပ။ ‘ျခဴးမုယြင္’ႏွင့္ ရွန္ယြင္က လူတစ္ေယာက္တည္းမွန္း သိေနၾက၍သာ၊ တစ္ဖက္လူသိထားသမွ်ကို အသုံးခ်ၿပီး အမွန္တရားမ်ား ပိုမိုသိခ်င္ေန၍သာ၊ စိတ္မပါ့တပါျဖင့္ ပူးေပါင္းထားၾကျခင္းပင္။ ထို႔အျပင္ ထိုလူသားေလးကို ရွာေတြ႕လိုေသာ ေမွ်ာ္လင့္ခ်က္တို႔ျဖင့္…
သို႔ေသာ္ သိထားသမွ်ကို မေဝမွ်ခ်င္ၾကေပ။
အဆုံးမွာေတာ့ ျခဴးမုယြင္က တစ္ေယာက္တည္းသာ ရွိသျဖင့္ သူတို႔ႏွစ္ဦးလုံး ျခဴးမုယြင္ကို ေမာင္ပိုင္စီးခ်င္ေနၾကသည္။
နက္ရႈိင္းစြာေသာ အၿငိဳးအေတးမ်ားျဖင့္ တစ္ဦးေပၚတစ္ဦး ႐ိုးသားရန္ ဘယ္လိုမွမျဖစ္ႏိုင္ခဲ့ေပ။
ထိပ္တိုက္ရင္ဆိုင္ေန၍ အက်ိဳးမရွိေသာေၾကာင့္ ရွန္႐ႊိန္ယန္းႏွင့္ ေမာ့က်ိဳးေရွာင္လည္း စိတ္ပ်က္လက္ပ်က္ လူစုခြဲလိုက္ၾကေလသည္။
***
ရန္ခ်န္း၏ ‘အသက္တံခါး’ ထိန္းခ်ဳပ္မႈလြတ္သြားၿပီး ‘ျခဴးမုယြင္’လည္း အေၾကာင္းျပခ်က္မရွိ ေပ်ာက္ကြယ္သြားသျဖင့္ ေမာ့က်ိဳးေရွာင္သည္ မွတ္ဉာဏ္ေၾကးမုံကို အသုံးျပဳကာ ဖီးနစ္တစ္ေထာင္ေတာင္ထြတ္ေပၚမွ ေန႔ရက္တိုင္းကို အေသးစိတ္ လိုက္ၾကည့္ခဲ့၏။
ထို႔ေနာက္မွာေတာ့ သူ လွည့္စားခံေနရမွန္း သိလိုက္ရသည္။ အစမွအဆုံးထိ လွည့္စားခံလိုက္ရျခင္းပင္။
‘ျခဴးမုယြင္’ျဖစ္ေစ၊ ေရခဲဝိဉာဥ္သားရဲေလးျဖစ္ေစ၊ သူ႔ကို လွည့္စားသြားခဲ့သည္၊ ကစားသြားခဲ့သည္။ အဆုံးမွာေတာ့ သူက အ႐ူးတစ္ေယာက္လိုမ်ိဳး ‘တစ္သက္လုံး အတူရွိေနပါ့မည္’ ဟူသည့္ ကတိမ်ိဳးကိုပင္ ေပးလိုက္မိသည္။
သို႔ေသာ္ ‘ျခဴးမုယြင္’ သူကို ဘာလို႔ဒီလိုလုပ္သြားမွန္း သူ နားမလည္ေပ။ သူက သူ႔ရဲ႕မိသားစု၊ ဂိုဏ္းတစ္ခုလုံးကို သတ္ပစ္လိုက္၍ေလာ။ မျဖစ္ႏိုင္ပါ၊ သူတို႔စေတြ႕စဥ္က ‘ျခဴးမုယြင္’သည္ ထိုအေၾကာင္း ဘာမွမသိေသးေပ။ သို႔ေသာ္ ထိုအခ်ိန္ကတည္းက စတင္ဟန္ေဆာင္ေနခဲ့သည္။
ထို႔အျပင္ ထိုလႈပ္ရွားမႈကလည္း ဆယ္ႏွစ္သားကေလးတစ္ေယာက္တြင္ ရွိသင့္သည့္ အျပဳအမူမ်ိဳး မဟုတ္ျပန္ေပ။
ေမာ့က်ိဳးေရွာင္မွာ နားမလည္ႏိုင္ျဖစ္ေနခဲ့ရသည္။ ယင္းကား ရွန္႐ႊိန္ယန္း ေရာက္ခ်လာၿပီး ‘ရွန္ယြင္’၏ မူလပုံပန္းသြင္ျပင္က ျခဴးမုယြင္ႏွင့္ အေတာ္ေလး ႐ုပ္ခ်င္းဆင္ေၾကာင္း ေျပာမလာခင္အခ်ိန္အထိ…
ထိုမွတ္ဉာဏ္သည္ ရွန္႐ႊိန္ယန္း၏ အားသာခ်က္တစ္ခုပင္။ အဘယ္ေၾကာင့္ဆိုေသာ္ လူသားေလာက၌ အသက္ဆယ္ႏွစ္အ႐ြယ္ ျပန္ငယ္သြားသည့္ ရွန္႐ႊိန္ယန္းတစ္ဦးတည္းသာ ‘ရွန္ယြင္’၏ မူလအသြင္အျပင္ကို ေတြ႕လိုက္ရေသာေၾကာင့္ပင္။
(TN : ေမ့ေနၾကတဲ့လူေတြအတြက္… ရွန္ယြင္ဆိုတာ ရန္ခ်န္းရဲ႕ ေရခဲဝိဉာဥ္သားရဲေလးပါေနာ္။ အဲ့တာေၾကာင့္ အျဖဴထည္ေလး ‘ျခဴးမုယြင္’နဲ႔ ႐ုပ္တူပါတယ္။ ရွန္႐ႊိန္ယန္းကို ျပဳစုေစာင့္ေရွာက္ရင္း အသက္ႀကီးလာမွသာ ‘ရွန္ယြင္’ရဲ႕ပုံစံက ျခဴးမုယြင္ရဲ႕ ကမာၻေျမေပၚက မူလမ်က္ႏွာအတိုင္း တျဖည္းျဖည္း ေျပာင္းလဲလာတာပါ။ အဲ့လိုေျပာင္းလဲလာၿပီးမွ ရွဲ႕ခ်င္းလန္နဲ႔ ေတြ႕ခဲ့တာပါ။)
ထိုအခါမွသာ ေမာ့က်ိဳးေရွာင္လည္း ဉာဏ္အလင္းပြင့္သြားၿပီး အရာအားလုံး ဆက္စပ္မိသြားခဲ့၏။
‘ျခဴးမုယြင္’က ‘ရွန္ယြင္’ ျဖစ္ေနသည္။ ရွန္ယြင္သည္ ေနာင္ႏွစ္ေပါင္းသုံးေထာင္ေက်ာ္မွ လူငယ္ေလး၏ ခႏၶာကိုယ္ထဲတြင္ ျပန္လည္ႏိုးထလာခဲ့ၿပီး သူ႔ကိုျမင္သည္ႏွင့္ အတိတ္မွရန္ၿငိဳးမ်ား ျပန္သတိရသြားကာ နာက်ည္းမုန္းတီးခဲ့သည္။ ထို႔ေၾကာင့္ ျပဇာတ္တစ္ခုလို သ႐ုပ္ေဆာင္ကာ သူ႔ကို အမ်ိဳးမ်ိဳး လွည့္စားအယုံသြင္းခဲ့ျခင္းပင္။ ေနာက္ဆုံး သူႏွင့္အတူ လိုက္ေသလုနီးပါး အေျခအေနအထိ လွည့္စားသြားခဲ့ျခင္းပင္။
အရာအားလုံးသိၿပီးေနာက္ ေမာ့က်ိဳးေရွာင္မွာ ေဒါသူပုန္က်ေတာ့၏။ အခ်စ္ႀကီးခဲ့သေလာက္ အမ်က္ႀကီးေတာ့သည္။ ရွန္႐ႊိန္ယန္းက ‘ရွန္ယြင္’ကို ရွာခ်င္ေနသလို သူလည္း လိုက္ရွာခ်င္သည္။ သူ႔အေပၚ လွည့္စားခဲ့သမွ် တစ္ခုခ်င္း ျပန္ေပးဆပ္ေစရမည္။
သို႔ႏွင့္ ႏွစ္ေယာက္သား ပူးေပါင္းလိုက္ရင္း ျခဴးမုယြင္၏ ျပန္လည္ရွင္သန္ျခင္းဆိုင္ရာ စည္းမ်ဥ္းအေျခအေနမ်ားကို လိုက္လံဆန္းစစ္ေတာ့၏။ သင့္ေလ်ာ္သည့္ ခႏၶာကိုယ္မ်ားကို ႀကိဳးစားရွာေဖြကာ အနီးကပ္ ေလ့လာစမ္းသပ္ခဲ့ၾကသည္။
သို႔ေသာ္ ေမာ့က်ိဳးေရွာင္ စိတ္တည္ၿငိမ္လာခ်ိန္တြင္ တစ္ခုခုမွားယြင္းေနမွန္း သတိျပဳမိခဲ့သည္။
ရွန္ယြင္က ျခဴးမုယြင္ျဖစ္လာတာလား..? ဒါမွမဟုတ္ ျခဴးမုယြင္က ရွန္ယြင္ျဖစ္သြားတာလား..?
***
ရွန္႐ႊိန္ယန္းသည္ ေမာ့က်ိဳးေရွာင္ကို ေမာင္းထုတ္ၿပီးေနာက္ ဗလာက်င္းေနေသာ ေဟာခန္းမႀကီးထဲတြင္ နာရီဝက္နီးပါး တစ္ေယာက္တည္း ထိုင္ေနခဲ့ေလ၏။ ထို႔ေနာက္တြင္မူ ျဖည္းညင္းစြာ မတ္တပ္ရပ္လိုက္သည္။
သီးျခားနန္းေဆာင္သို႔ တစ္ကိုယ္တည္း ေလွ်ာက္လာခဲ့ၿပီး အိမ္ထဲသို႔ ဝင္လိုက္သည္။ ၿပီးေနာက္ ခလုတ္တစ္ခုကိုႏွိပ္ကာ ေျမျပင္ေအာက္တြင္ လွ်ိဳ႕ဝွက္စြာ တည္ေဆာက္ထားေသာ ေရခဲခန္းထဲသို႔ အထီးက်န္ဆန္ေသာ ေျခလွမ္းမ်ားျဖင့္ ဆင္းသြားခဲ့သည္။
ထိုအခန္းထဲဝယ္ ယခုအခ်ိန္ထိ မႏိုးထခ်င္ေသးေသာ အမ်ိဳးသားတစ္ဦး အိပ္စက္ေနေလသည္။
ရွန္႐ႊိန္ယန္းက ခုတင္နံေဘးတြင္ ဝင္ထိုင္လိုက္ကာ ထိုအမ်ိဳးသား၏ လက္ကို ဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ ပါးျပင္မ်ားကို ျမတ္ႏိုးတြယ္တာစြာ ပြတ္သပ္လိုက္ေလသည္။
သူ၏ မ်က္ႏွာေပၚတြင္ ဖုံးကြယ္၍မရေသာ ခ်စ္ျခင္းတရားမ်ားႏွင့္ မွီခိုအားထားမႈတို႔ ထင္ဟပ္လာ၏။ သူ၏ ေလသံက အခန္းအျပင္မွာ ရွိေနစဥ္ကေလာက္ မျပင္းထန္သလို မေအးစက္ေတာ့ေပ။ ေလညင္းသြဲ႕သြဲ႕ တိုက္ခတ္ေနသည့္ႏွယ္၊ ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီး အနည္းငယ္ တုန္ယင္ေနေလသည္။
“အားယြင္.. ဘယ္သူ႔အေၾကာင္း ေတြးေနတာလဲဟင္..?”
“လင္း႐ႊမ္လား.. ဒါမွမဟုတ္ ရန္ခ်န္းကိုလား..?”
ထိုသို႔ေျပာရင္း ႏူးညံ့ေႏြးေထြးမႈ အလ်င္းမရွိေတာ့ေသာ ေအးစက္စက္ လက္ဖဝါးျပင္ကို မက္မက္ေမာေမာ ပြတ္သပ္ေနမိေလသည္။
ယေန႔ ေမာ့က်ိဳးေရွာင္ ေရာက္လာသည္။ ထိုလူကို အခ်ိန္အၾကာႀကီး ဖုံးကြယ္ထား၍မရမွန္း ရွန္႐ႊိန္ယန္း သိေနၿပီးသားပင္။ ရွန္ယြင္က ျခဴးမုယြင္ျဖစ္လာသလား၊ သို႔တည္းမဟုတ္ ျခဴးမုယြင္က ရွန္ယြင္ျဖစ္သြားသလား၊ သူ႔ေလာက္ မည္သူမွ် ပိုမသိႏိုင္ပါ။
အေၾကာင္းမွာ သူက ‘အသက္တံခါး’ကို ဖြင့္ၾကည့္ခဲ့သူ ျဖစ္ေနေသာေၾကာင့္ပင္။ ဆယ္ေက်ာ္သက္အ႐ြယ္ ေရခဲဝိဉာဥ္သားရဲေလး အားယြင္ကို သူျမင္ခဲ့ရသည္။
သို႔ေသာ္ ထိုျမင္ကြင္းကို ျမင္ခဲ့သူက ဝမ္းနည္းအထီးက်န္ၿပီး နာက်င္ခံစားေနရေသာ လူတစ္ေယာက္ျဖစ္ေနသည္မွာ ႏွေျမာစရာေကာင္းလွသည္။
ထိုစဥ္က ရွန္႐ႊိန္ယန္းသည္ ဘာေတြျဖစ္ပ်က္ေနမွန္း နားမလည္ခဲ့ေပ။ သူသိသည္က ရွန္ယြင္ကို ျပန္ေခၚရန္၊ အပိုင္သိမ္းရန္၊ ဘယ္သူမွမျမင္ေအာင္ သိမ္းဆည္းထားရန္သာ။
ထိုသို႔ေသာ အလြန္အက်ဴး စြဲလမ္းစိတ္မ်ားျဖင့္ ျခဴးမုယြင္ကို အတိတ္ႏွစ္ေလးေထာင္ဆီသို႔ ဆြဲေခၚမိခဲ့သည္။
သို႔ႏွင့္ သူ၏ရွန္ယြင္ ျဖစ္လာခဲ့ေတာ့သည္။
အဆုံးမွာေတာ့ မည္သူက မည္သူျဖစ္လာမွန္း ရွန္႐ႊိန္ယန္း ေကာင္းေကာင္း သိေနၿပီးသားပင္။ သို႔ေသာ္ ေမာ့က်ိဳးေရွာင္ကို လုံးဝ သိခြင့္မျပဳခဲ့ေပ။
သူ ေမာ့က်ိဳးေရွာင္ကို လိုအပ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေမာ့က်ိဳးေရွာင္ထံတြင္ ျခဴးမုယြင္အစစ္ကို ခြဲျခားႏိုင္ေသာ နည္းလမ္းတစ္ခု ရွိေနေသာေၾကာင့္ျဖစ္၏။
သို႔ေသာ္ ထိုလူက တကယ့္ကို ဉာဏ္နီဉာဏ္နက္မ်ားလြန္းၿပီး လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္မေျပာခဲ့ေပ။ သူ၏ ႏိုင္ကြက္ကလည္း ေမာ့က်ိဳးေရွာင္အား ထိန္းခ်ဳပ္ရန္ မလုံေလာက္ပါေခ်။
ၾကည့္ရတာ ေမာ့က်ိဳးေရွာင္ကို ရွန္ယြင္က လင္းမုျဖစ္ေၾကာင္း သိခြင့္ေပးရေတာ့မယ့္ အခ်ိန္ပဲ..!
အဲ့လိုဆို ေမာ့က်ိဳးေရွာင္လည္း ‘ျခဴးမုယြင္’ သူ႔ကို လွည့္စားသြားတာလို႔ ထပ္ယုံၾကည္လာလိမ့္မယ္….။
ဘာပဲေျပာေျပာ ျခဴးမုယြင္က လင္း႐ႊမ္ကို အရမ္းဂ႐ုစိုက္တာပဲေလ…။
ရွန္႐ႊိန္ယန္းတစ္ေယာက္ တစ္ေယာက္တည္း ေတြးေတာေနရင္း ႐ုတ္တရက္ ရင္ခုန္သြားရ၏။ ထို႔ေနာက္ ဝုန္းခနဲ ထရပ္လိုက္မိသည္။
အားယြင္ ျပန္ေရာက္လာၿပီ.. သူ႔ရဲ႕ ပကတိျမဴႏွင္းနန္းေတာ္ထဲမွာ ရွိေနတယ္..!
……………………………………..
TN : ေနာက္က်သြားတယ္။ Click ေပးဦး
……………………………………..