အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

Bởi Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... Xem Thêm

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

215

2.2K 461 17
Bởi Melinoe_Megami

Unicode

မည်သည့်ခန္ဓာကိုယ်ကို သူရွေးချယ်ပါစေ၊ မပြောင်းလဲသည့် အချက်ကား နတ်ဆိုးအရှင်ခုနစ်ပါးအနက် တစ်ယောက်ယောက်၏ အနီးတွင် ကျိန်းသေပေါက် ပြန်အသက်ရှင်ရမည်ဆိုတာပင်။

သို့သော် ခန္ဓာကိုယ်ရွေးချယ်ရာတွင်တော့ သူ၏ဦးနှောက်ကို အသုံးချ၍ရသေးသည်။ အတောက်ပဆုံး အလင်းစက်များသည် သူ့ဝိဉာဉ်အတွက် အသင့်လျော်ဆုံး ခန္ဓာကိုယ်များပင်။ ထိုနည်းတူ အသင့်လျော်ဆုံး ခန္ဓာကိုယ်များသည် နတ်ဆိုးအရှင်ခုနစ်ပါး၏ အနီးကပ်စောင့်ကြပ်မှုအောက်တွင် သေချာပေါက် ရှိနေလိမ့်မည်။

ဥပမာအနေနဲ့ ရှဲ့ချင်းလန်နဲ့ ကျွင်းမော့ကိုသာ ကြည့်ကြပါတော့…

ဆရာခြူးမှာ မျက်နှာရှုံ့မဲ့သွားပြီး စိတ်မချမ်းမြေ့ဖွယ် ထိုကိစ္စများကို ပြန်မတွေးတော့ရန် ဆုံးဖြတ်လိုက်မိ၏။

ယဲ့ကျန့်ဟန်က 100% စိတ်ကုန်စရာကောင်းလွန်းသဖြင့် ထိုအမျိုးသားထံ သူ မသွားချင်ပေ။ ရှန်ရွှိန်ယန်း….. ထိုကလေးဆီသာ သွားလိုက်မိလျှင် ကျွင်းမော့နှင့် ရှဲ့ချင်းလန်ဆီ ရောက်သွားစဉ်က ဖြစ်ရပ်များလို ကြုံတွေ့ရမည်မှာ 90% ကျိန်းသေနေလေသည်။

အာ… စိတ်ပျက်စရာကိစ္စတွေ ပြန်မပြောတော့ဘူးလို့ ပြောထားတယ်လေ..!

ထို့ကြောင့် အတောက်ပဆုံး အလင်းစက်နှစ်စက်ကို မရွေးချယ်တော့ဘဲ မှေးမှိန်နေသည့် အလင်းစက်များထဲမှ တစ်စက်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

မည်သည့်နတ်ဆိုးဘုရင်အနားကို ရောက်သွားမလဲ မပြောတတ်သော်လည်း မှိန်ဖျော့ဖျော့ အလင်းစက်များသည် သူနှင့် သိပ်မသင့်လျော်သဖြင့် နတ်ဆိုးအရှင်များလည်း သူ့ကို သတိထားမိလိမ့်မည် မဟုတ်ပေ။

ခြူးမုယွင်၏ လက်ရှိဦးတည်ချက်ကား ရန်ချန်းနှင့် လင်းရွှမ်သာ ဖြစ်၏။ ထို့ကြောင့် တခြားနတ်ဆိုးအရှင်များကို မမြင်ရလည်း ကိစ္စမရှိ။ တကယ်တော့ မမြင်ရလေ အလုပ်ရှုပ်သက်သာလေ၊ သူ၏ Mission လည်း အနှောင့်အယှက်ကင်းလိမ့်မည်။

ခြူးမုယွင် : “Zero.. အမှိန်ဆုံးတစ်ခုကို ရွေးလိုက်..”

Zero လေး : “(⊙v⊙) အိုကေ..!”

အသက်ပြန်သွင်းနေစဉ် ခြူးမုယွင်တစ်ယောက် အယောင်ဆောင်‘ခြူးမုယွင်’၏ ခန္ဓာကိုယ်ထဲ ရောက်သွားရင် ကောင်းမှာပဲဟု မနေနိုင်မထိုင်နိုင် တွေးလိုက်သေး၏။ အဘယ်ကြောင့်ဆိုသော် ရန်ချန်းကို ဆွဲဆောင်ချင်လျှင် အနှီခန္ဓာကိုယ်က လက်နက်ကောင်းတစ်ခု ဖြစ်လာနိုင်သောကြောင့်ပင်။

နှမြောစရာကောင်းသည်ကား ထိုအယောင်ဆောင်ခန္ဓာကိုယ်သည် ကောင်းကောင်း အသက်ရှင်နေသေးသဖြင့် သူ၏ ‘ပြန်လည်ရှင်သန်ခြင်း စက်ဝန်းထဲတွင်’ ပါဝင်လိမ့်ဦးမည်မဟုတ်ပေ။

ထိုသို့တွေးမိသည်နောက် သူ၏မျက်ဝန်းများ တစ်ချက်လင်းလက်သွားပြီး ထိုအချိန်မှာပင် အသက်ပြန်ရှင်လာတော့သည်။

တစ်ချိန်လုံး သေလိုက်ရှင်လိုက်ဖြစ်နေသဖြင့် ခြူးမုယွင်မှာ မူးဝေမှုနှင့် အသားကျနေချေပြီ။ ထို့ကြောင့် သက်ရှိလောကသို့ ပြန်ရောက်ရောက်ချင်းမှာပင် ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်လိုက်သည်။

ခန္ဓာကိုယ်ကို တစ်ခဏမျှ စူးစမ်းလေ့လာပြီးနောက် ခြူးမုယွင်လည်း ပျော်ရွှင်သွားရ၏။ ခန္ဓာကိုယ်ထဲတွင် သာမာန်လူသားတို့ထက် သာလွန်သော ကျင့်ကြံဆင့်စွမ်းအားများ စီးဆင်းနေပြီး ခန္ဓာပိုင်ရှင်သည် ယခုလေးတင် သေဆုံးသွားသည်ထင့်၊ ခန္ဓာကိုယ်က နွေးနွေးထွေးထွေး ရှိနေသေးသည်။ သို့သော် ပိုင်ရှင်၏ဝိဉာဉ်ကတော့ ကောင်းကင်ဘုံသို့ ရောက်သွားလောက်ချေပြီ။

ကျင့်ကြံဆင့်သာရှိသရွေ့ အရာအားလုံး အလွယ်လေးပင်။

ကျင့်ကြံဆင့်မရှိလျှင် တကယ့်ကို အဆင်မပြေသောကြောင့် ခြူးမုယွင်မှာ ပျော်မြူးနေတော့သည်။ အခြေခံကျင့်ကြံဆင့်သာ ရှိနေသရွေ့ ဤခန္ဓာကိုယ်ကို ကျင့်ကြံဆင့်မြင့်မားလာအောင် အချိန်တိုအတွင်း သူ မြှင့်တင်ပေးနိုင်သည်။

ထိုအခိုက်အတန့် မချိမဆန့်ဝေဒနာတစ်ခု ခံစားလိုက်ရ၏။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ချက်အောက်ပိုင်း ဝမ်းဗိုက်နေရာတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြောင်း သတိပြုမိလိုက်သည်။ ထိုဒဏ်ရာကို ဆေးလိမ်းထားသော်လည်း ဒဏ်ရာပြင်းလွန်းသဖြင့် အလွန်အမင်း နာကျင်နေသေးသည်။

ခန္ဓာကိုယ်၏ မူလပိုင်ရှင်ခမျာ နာကျင်မှုဒဏ်ကို မခံစားနိုင်သဖြင့် လက်လျော့သွားပုံရသည်။

ဤခန္ဓာကိုယ်ထဲ ခြူးမုယွင် ဝင်ရောက်လာစဉ်က Zero လေးသည် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ကာ အသက်သွင်းပေးခဲ့သည်။ သို့သော် မချိမဆန့်ဝေဒနာကိုတော့ တောင့်ခံနေရဆဲ။ ထို့အပြင် ဤခန္ဓာကိုယ်က ခြူးမုယွင်၏ ဝိဉာဉ်နှင့် သိပ်မကိုက်ညီသဖြင့် Zero မှာ ခက်ခက်ခဲခဲ ပြန်ပြုပြင်ခဲ့ရပြီး တစ်ရက်လုံးလုံး အချိန်ယူခဲ့ရလေသည်။

ခြူးမုယွင်မှာ သက်ပြင်းမောချရင်း နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်မှ အစစ်အမှန် အသက်ရှင်လာသလို ခံစားလိုက်ရ၏။

ခြေလက်များကို လှုပ်ရှားကြည့်ရင်း ဤခန္ဓာကိုယ်က အတော်လေး ကြည့်လို့ကောင်းကြောင်း သတိပြုမိလိုက်သည်။ ခန္ဓာကိုယ်က သန်မာတောင့်တင်းပြီး ကျင့်ကြံဆင့် မြင့်မားသည်။ သို့သော် ကျင့်ကြံနည်းက အတော်လေး ရှုပ်ထွေးနေပြီး နည်းလမ်းမကျသဖြင့် ချီစွမ်းအားစီးဆင်းမှုက ထင်သလောက် အဆင်မချောပေ။ သို့ဖြစ်ရာ ဤခန္ဓာကိုယ်သည် အခြေခံအုတ်မြစ်ကောင်းသော်လည်း စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ဦးမည်မဟုတ်ပေ။

ခြူးမုယွင်သည် လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ ဆက်ပြီးစူးစမ်းချင်သော်လည်း အပြင်ဘက်မှ ခြေသံတချို့ ထွက်ပေါ်လာခဲ့၏။ တံခါးကို အပြင်မှတွန်းဖွင့်လိုက်ပြီး လူရွယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။ ထိုလူငယ်က ခြူးမုယွင်ကိုကြည့်ကာ စိုးရိမ်နေဟန်ဖြင့်..

“အားမု.. ဘယ်လိုနေသေးလဲ..? ငါ ဆေးတချို့ယူလာတယ်.. အရှင် ချီးမြှင့်ထားတဲ့ ဆေးလေ.. ဒီဆေးနဲ့ဆို ကျိန်းသေပေါက် ဒဏ်ရာသက်သာသွားမှာ..!”

ခြူးမုယွင်က ဖြည်းညင်းစွာ မျက်လုံးဖွင့်ရင်း လူရွယ်ကို မော့ကြည့်လိုက်သည်။ ဆေးကို ဂရုမစိုက်သော်လည်း ထိုလူရွယ်၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသည်နောက် သူ့ခမျာ ရှော့ရသွားတော့သည်။

Zero လေး : “ကျွန်တော့်မျက်လုံး တစ်ခုခုဖြစ်သွားတာလား..? ဘာလို့ တွေ့သမျှလူတိုင်းကို လင်းမုနဲ့တူတယ်လို့ ထင်နေမိတာလဲ..? QAQ.!”

ခြူးမုယွင် : “တိတိကျကျပြောရရင် ဒီကောင်လေးက ရှန်ယွင်နဲ့ ပိုတူတယ်..”

Zero လေး : “…………”

ခြူးမုယွင်က လူငယ်ကမ်းပေးနေသော ဆေးကို ယူလိုက်ကာ..

“ကျေးဇူးတင်ပါတယ်..”

ထိုလူငယ်က သက်ပြင်းချလိုက်ရင်း.. : “ငါကမှ မင်းကို ကျေးဇူးတင်သင့်တာ.. ဟိုးအရင်တုန်းက မင်းသာ ငါ့ကို မကယ်တင်ခဲ့ရင် ငါ သေသွားတာကြာပေါ့..”

ထိုစကားအရ သူတို့နှစ်ဦးကြားတွင် အသက်ကယ်ပေးခဲ့သည့် ကျေးဇူးကြွေး ရှိနေပုံရ၏။

တစ်ချက်ကြည့်ရုံမျှဖြင့် ထိုလူငယ်လေးဟာ ကျင့်ကြံဆင့်မရှိသလို ခန္ဓာကိုယ်အချိုးအစားလည်း သိပ်မတောင့်တင်းကြောင်း ခြူးမုယွင် သတိပြုမိခဲ့သည်။ လူငယ်လေးသည် သိပ်ပြီးငယ်ရွယ်ပုံမပေါ်၊ သို့သော် ပိန်ပါးလွန်း၍ ဆယ်ကျော်သက်လေးလို ထင်မှတ်ရသည်။

ခြူးမုယွင်လည်း လေသံဖျော့ဖျော့ဖြင့် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ငါက အခြေခံကျင့်ကြံဆင့်ရှိပြီးသားဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး..”

ခြူးမုယွင်အတွက် ရေငှဲ့ပေးနေသော လူငယ်လေး၏ မျက်ခုံးသွယ်သွယ်များဟာ ဝမ်းနည်းမှုကြောင့် တွန့်ချိုးသွားလေသည်။

“အရှင်က အရမ်းဘက်လိုက်လွန်းတယ်.. အားမု.. မင်းကတော့ အရှင့်ကို ကာကွယ်ဖို့ စိတ်ရောကိုယ်ပါ မြှုပ်နှံထားလိုက်ရတာ.. သူကတော့ ဟိုအကောင်ရဲ့စကားကြောင့် မင်းကို ဒီအတိုင်း ပစ်ထားခဲ့တယ်လေ.. တကယ့်ကို မတရားဘူး..!”

ထိုစကားလုံးအနည်းငယ်မှ အချက်အလက်များစွာ ရလိုက်သော်လည်း ခြူးမုယွင်သည် မလှုပ်ရှားသေးပေ။ တည်တည်ငြိမ်ငြိမ်ဖြင့် ဆေးသောက်လိုက်သည်။ ပြီးနောက် လေသံဖျော့ဖျော့လေးဖြင့် အချက်အလက်ပိုရအောင် စကားအစ်တော့၏။

ထိုလူငယ်က တကယ့်ကို မငယ်ရွယ်ပါချေ။ သူက ခြူးမုယွင်၏ လက်ရှိခန္ဓာကိုယ်ထက်ပင် အသက်ကြီးလောက်သည်။ သို့သော် မျက်နှာလေးက နုနယ်ပျိုမျစ်သဖြင့် တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးခန့်သာ ထင်ရသည်။

လူငယ်၏နာမည်မှ ‘စစ်’ တစ်လုံးတည်းသာ သိရသေးသလို ခြူးမုယွင်၏ လက်ရှိနာမည်ကိုလည်း ‘မု’ တစ်လုံးတည်းသာ သိရသေးသည်။ အားစစ်သည် သူ့ကို မျိုးရိုးနာမည်မခေါ်ဘဲ ‘အားမု’ဟုသာ ခေါ်တတ်ပုံရပြီး အကျင့်စရိုက်ကလည်း အတော်လေး ရိုးရှင်းပေသည်။

ခြူးမုယွင်တစ်ယောက် စကားတစ်ခွန်းနှစ်ခွန်းပြောရင်း အချက်အလက်များစွာ ခြုံငုံမိလိုက်သည်။

ကြည့်ရသည်မှာ ထို’အရှင်သခင်’ဆိုသူသည် ခရီးထွက်ရင်း ချောင်းမြောင်းတိုက်ခိုက်ခံရပုံရ၏။ ဤခန္ဓာပိုင်ရှင် ‘အားမု’သည် ‘နျန့်သခင်လေး’ ဆိုသူကို စောင့်ရှောက်ရန် တာဝန်ယူထားသော်လည်း ရုတ်တရက် ရန်သူတစ်ယောက်က သူ၏‘အရှင်သခင်’ကို ချောင်းမြောင်းတိုက်ခိုက်လာသဖြင့် သူ့ကိုယ်သူ စတေးကာ သူ့အရှင်ကို ကာကွယ်ပေးလိုက်သည်။ ထို့ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး နျန့်သခင်လေးကို ကာကွယ်ရန် လစ်ဟင်းသွားရသည်။

သို့နှင့် နျန့်သခင်လေးလည်း ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာက သိပ်မပြင်းထန်သော်လည်း အားမုက သူ့ကို ကောင်းကောင်း မစောင့်ရှောက်ပါဘူးဟု နျန့်သခင်လေးက ‘အရှင်သခင်’ဆိုသူကို တိုင်တန်းခဲ့ပြန်သည်။

လူငယ်လေးအားစစ်က ဒေါသတကြီး ထပြောလာသည်။

“သူဘာတွေးနေလဲ မသိတာမှတ်လို့..! မင်းက ကိုယ့်အသက်ကိုတောင် စတေးပြီး အရှင့်ကို ကယ်တင်ခဲ့တာဆိုတော့ အဲ့ကိစ္စကြောင့် အရှင် စိတ်လှုပ်ရှားသွားမှာကို သူကြောက်နေတာလေ.. မင်းသာ အရှင့်ဆီက မျက်နှာသာပေးခံရရင် သူ့ရဲ့နေရာက အာမခံချက်မရှိတော့ဘူး.. အဲ့တာကြောင့် မင်းကို ရှင်းပစ်ချင်နေတာ..”

ခြူးမုယွင် : “………..”

အားစစ်က ဆက်ပြောလာသည်။ : “အားမု.. မင်းက စိတ်ပျော့လွန်းတယ်.. ရှန်နျန့်ယွင်က ဟိုးအရင်တုန်းက ခင်မင်ခဲ့တာတွေကို မေ့သွားတာကြာပေါ့.. အခု သူက မင်းကို ရှင်းပစ်ချင်နေတာနော်..! အဲ့တာတောင် မင်းက သူ့ကို ကာကွယ်ပေးနေတုန်းပဲ..!”

ခြူးမုယွင်က အသာမျက်မှောင်ကြုတ်လိုက်ရင်း.. : “ရှန်နျန့်ယွင်..?”

အားစစ်က ထိတ်လန့်သွားဟန်ဖြင့်.. : “မှားလို့.. အားမု… ဒေါသထွက်လွန်းလို့ စကားမှားသွားတာ.. မင်း… မလုပ်…..”

ခြူးမုယွင်လည်း ကပျာကယာ နှစ်သိမ့်လိုက်ရသည်။ : “အခု မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းရှိတာလေ.. ငါက တခြားဘယ်သူ့ကို သွားပြောရဦးမှာလဲ..?”

အားစစ်က တကယ့်ကို ကြောက်လန့်နေဟန်ဖြင့်.. : “ငါ့ရဲ့ဒီပါးစပ်ကြောင့် အနှေးနဲ့အမြန် အသတ်ခံရတော့မှာပဲ..! မပြောအပ်တဲ့ကိစ္စကို ထုတ်မပြောရဘူး..! အခန်းပြန်ပြီး ဒီစာကြောင်းကို အခေါက်သုံးရာလောက် သွားရေးရမယ်..”

ခြူးမုယွင်က ပြုံးကာ အားစစ်ကို ဆက်ပြီးနှစ်သိမ့်ပေးခဲ့သည်။ သို့သော် သူ၏စိတ်ထဲမှာတော့ အရာအားလုံး ရှင်းလင်းသွားချေပြီ။

စစ်.. မု… နျန့်… သူတို့သုံးယောက်လုံး၏နာမည်က တစ်လုံးတည်း မဟုတ်သော်လည်း မည်သူမျှ သူတို့၏နာမည်အမှန်ကို မခေါ်ရဲကြပေ။

ရှန်စစ်ယွင်၊ ရှန်မုယွင်၊ ရှန်နျန့်ယွင်။

ခြူးမုယွင်၏စိတ်ထဲ ခါးသက်သက် ပြုံးလိုက်မိသည်။

ဒီရူးမိုက်လွန်းတဲ့ ကလေးဆိုးလေး ရှန်ရွှိန်ယန်း… ဘယ်တော့များမှ ရင့်ကျက်လာမှာလဲ..?

(TN : ဒီမှာရှိနေတဲ့ ‘ရှန်’၊ ‘ယွင်’ အကုန်လုံးက ‘ရှန်ယွင်’ရဲ့ နာမည်စာလုံးပေါင်းနဲ့ အတူတူပါပဲ။ ပြောရရင် ‘ရှန်ယွင်’ရဲ့နာမည်ကို အခြေခံထားတာပေါ့။ ‘စစ်’၊ ‘မု’ နဲ့ ‘နျန့်’ ကတော့ ‘သတိရတယ်’ ‘လွမ်းဆွတ်နေတယ်’ ဆိုတဲ့စကားလုံးတွေကနေ ယူထားတာပါတဲ့။)

အတွေးလွန်နေသော ခြူးမုယွင်ကိုကြည့်ပြီး အားစစ်က ကူကယ်ရာမဲ့စွာ နှစ်သိမ့်ပေးပြန်သည်။

“အားမု.. ဝမ်းမနည်းပါနဲ့.. မင်းရဲ့ဒဏ်ရာ သက်သာသွားရင် အလုပ်အကျွေးပြုဖို့ ပြန်သွားလို့ရတာပဲလေ.. မင်း ပေးဆပ်ခဲ့သမျှကို အရှင်လည်း မြင်နေတာပဲ.. မင်းအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံလောက်ပါဘူး..”

ခြူးမုယွင်ံက ထောက်ခံဟန်ဖြင့် စကားပြောတော့မည့်အချိန် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရ၏။

အနက်ရောင်ဝတ်ထားသည့် လူရွယ်တစ်ဦး ရောက်လာပြီး ခပ်ပြတ်ပြတ် ပြောလာသည်။

“မုသခင်လေး.. အရှင်က မင်းကို ခေါ်ခိုင်းလိုက်လို့..”

အားစစ်၏မျက်နှာက ပြုံးရွှင်နေပြီး..

“အားမု.. ငါမပြောဘူးလား အရှင်က မင်းကို ပစ်ပယ်ထားမှာမဟုတ်ပါဘူးလို့..! အရှင့်အတွက် မင်းအသက်ကိုတောင် စတေးခဲ့တာ.. အရှင်လည်း ဒီအကြောင်းကို အမှတ်ရနေမှာပါ..!”

ခြူးမုယွင်၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားလေသည်။

ဒါက ဘာလိုသောက်ဒရမ်မာတုန်းဟ..! ဒီသောက်ကြောတင်းလေး ရှန်ရွှိန်ယန်းကို သတ်ပစ်ချင်လာပြီ..!

…………………………………………..

အသည်းကွဲတဲ့အချိန် Nobody but ရှန်ရွှိန်ယန်း...

TN : တစ်နေကုန် မီးပျက်နေလို့ နောက်ကျသွား။
မဆဲခင် ခုနစ်ရက်စောင့်ဆိုသလို ရှန်ပေါက်လေးကို အပြစ်တင်ချင်ရင် ​နောက်ခုနစ်ပိုင်းလောက် စောင့်ဦးနော် 😘

Click ဖို့ကိုတော့ မမေ့ကြပါနဲ့ရှင်။

…………………………………………..

Zawgyi

မည္သည့္ခႏၶာကိုယ္ကို သူေ႐ြးခ်ယ္ပါေစ၊ မေျပာင္းလဲသည့္ အခ်က္ကား နတ္ဆိုးအရွင္ခုနစ္ပါးအနက္ တစ္ေယာက္ေယာက္၏ အနီးတြင္ က်ိန္းေသေပါက္ ျပန္အသက္ရွင္ရမည္ဆိုတာပင္။

သို႔ေသာ္ ခႏၶာကိုယ္ေ႐ြးခ်ယ္ရာတြင္ေတာ့ သူ၏ဦးေႏွာက္ကို အသုံးခ်၍ရေသးသည္။ အေတာက္ပဆုံး အလင္းစက္မ်ားသည္ သူ႔ဝိဉာဥ္အတြက္ အသင့္ေလ်ာ္ဆုံး ခႏၶာကိုယ္မ်ားပင္။ ထိုနည္းတူ အသင့္ေလ်ာ္ဆုံး ခႏၶာကိုယ္မ်ားသည္ နတ္ဆိုးအရွင္ခုနစ္ပါး၏ အနီးကပ္ေစာင့္ၾကပ္မႈေအာက္တြင္ ေသခ်ာေပါက္ ရွိေနလိမ့္မည္။

ဥပမာအေနနဲ႔ ရွဲ႕ခ်င္းလန္နဲ႔ ကြၽင္းေမာ့ကိုသာ ၾကည့္ၾကပါေတာ့…

ဆရာျခဴးမွာ မ်က္ႏွာရႈံ႕မဲ့သြားၿပီး စိတ္မခ်မ္းေျမ့ဖြယ္ ထိုကိစၥမ်ားကို ျပန္မေတြးေတာ့ရန္ ဆုံးျဖတ္လိုက္မိ၏။

ယဲ့က်န႔္ဟန္က 100% စိတ္ကုန္စရာေကာင္းလြန္းသျဖင့္ ထိုအမ်ိဳးသားထံ သူ မသြားခ်င္ေပ။ ရွန္႐ႊိန္ယန္း….. ထိုကေလးဆီသာ သြားလိုက္မိလွ်င္ ကြၽင္းေမာ့ႏွင့္ ရွဲ႕ခ်င္းလန္ဆီ ေရာက္သြားစဥ္က ျဖစ္ရပ္မ်ားလို ႀကဳံေတြ႕ရမည္မွာ 90% က်ိန္းေသေနေလသည္။

အာ… စိတ္ပ်က္စရာကိစၥေတြ ျပန္မေျပာေတာ့ဘူးလို႔ ေျပာထားတယ္ေလ..!

ထို႔ေၾကာင့္ အေတာက္ပဆုံး အလင္းစက္ႏွစ္စက္ကို မေ႐ြးခ်ယ္ေတာ့ဘဲ ေမွးမွိန္ေနသည့္ အလင္းစက္မ်ားထဲမွ တစ္စက္ကိုသာ ေ႐ြးခ်ယ္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

မည္သည့္နတ္ဆိုးဘုရင္အနားကို ေရာက္သြားမလဲ မေျပာတတ္ေသာ္လည္း မွိန္ေဖ်ာ့ေဖ်ာ့ အလင္းစက္မ်ားသည္ သူႏွင့္ သိပ္မသင့္ေလ်ာ္သျဖင့္ နတ္ဆိုးအရွင္မ်ားလည္း သူ႔ကို သတိထားမိလိမ့္မည္ မဟုတ္ေပ။

ျခဴးမုယြင္၏ လက္ရွိဦးတည္ခ်က္ကား ရန္ခ်န္းႏွင့္ လင္း႐ႊမ္သာ ျဖစ္၏။ ထို႔ေၾကာင့္ တျခားနတ္ဆိုးအရွင္မ်ားကို မျမင္ရလည္း ကိစၥမရွိ။ တကယ္ေတာ့ မျမင္ရေလ အလုပ္ရႈပ္သက္သာေလ၊ သူ၏ Mission လည္း အေႏွာင့္အယွက္ကင္းလိမ့္မည္။

ျခဴးမုယြင္ : “Zero.. အမွိန္ဆုံးတစ္ခုကို ေ႐ြးလိုက္..”

Zero ေလး : “(⊙v⊙) အိုေက..!”

အသက္ျပန္သြင္းေနစဥ္ ျခဴးမုယြင္တစ္ေယာက္ အေယာင္ေဆာင္‘ျခဴးမုယြင္’၏ ခႏၶာကိုယ္ထဲ ေရာက္သြားရင္ ေကာင္းမွာပဲဟု မေနႏိုင္မထိုင္ႏိုင္ ေတြးလိုက္ေသး၏။ အဘယ္ေၾကာင့္ဆိုေသာ္ ရန္ခ်န္းကို ဆြဲေဆာင္ခ်င္လွ်င္ အႏွီခႏၶာကိုယ္က လက္နက္ေကာင္းတစ္ခု ျဖစ္လာႏိုင္ေသာေၾကာင့္ပင္။

ႏွေျမာစရာေကာင္းသည္ကား ထိုအေယာင္ေဆာင္ခႏၶာကိုယ္သည္ ေကာင္းေကာင္း အသက္ရွင္ေနေသးသျဖင့္ သူ၏ ‘ျပန္လည္ရွင္သန္ျခင္း စက္ဝန္းထဲတြင္’ ပါဝင္လိမ့္ဦးမည္မဟုတ္ေပ။

ထိုသို႔ေတြးမိသည္ေနာက္ သူ၏မ်က္ဝန္းမ်ား တစ္ခ်က္လင္းလက္သြားၿပီး ထိုအခ်ိန္မွာပင္ အသက္ျပန္ရွင္လာေတာ့သည္။

တစ္ခ်ိန္လုံး ေသလိုက္ရွင္လိုက္ျဖစ္ေနသျဖင့္ ျခဴးမုယြင္မွာ မူးေဝမႈႏွင့္ အသားက်ေနေခ်ၿပီ။ ထို႔ေၾကာင့္ သက္ရွိေလာကသို႔ ျပန္ေရာက္ေရာက္ခ်င္းမွာပင္ ခႏၶာကိုယ္ႏွင့္ ေပါင္းစည္းႏိုင္လိုက္သည္။

ခႏၶာကိုယ္ကို တစ္ခဏမွ် စူးစမ္းေလ့လာၿပီးေနာက္ ျခဴးမုယြင္လည္း ေပ်ာ္႐ႊင္သြားရ၏။ ခႏၶာကိုယ္ထဲတြင္ သာမာန္လူသားတို႔ထက္ သာလြန္ေသာ က်င့္ႀကံဆင့္စြမ္းအားမ်ား စီးဆင္းေနၿပီး ခႏၶာပိုင္ရွင္သည္ ယခုေလးတင္ ေသဆုံးသြားသည္ထင့္၊ ခႏၶာကိုယ္က ေႏြးေႏြးေထြးေထြး ရွိေနေသးသည္။ သို႔ေသာ္ ပိုင္ရွင္၏ဝိဉာဥ္ကေတာ့ ေကာင္းကင္ဘုံသို႔ ေရာက္သြားေလာက္ေခ်ၿပီ။

က်င့္ႀကံဆင့္သာရွိသေ႐ြ႕ အရာအားလုံး အလြယ္ေလးပင္။

က်င့္ႀကံဆင့္မရွိလွ်င္ တကယ့္ကို အဆင္မေျပေသာေၾကာင့္ ျခဴးမုယြင္မွာ ေပ်ာ္ျမဴးေနေတာ့သည္။ အေျခခံက်င့္ႀကံဆင့္သာ ရွိေနသေ႐ြ႕ ဤခႏၶာကိုယ္ကို က်င့္ႀကံဆင့္ျမင့္မားလာေအာင္ အခ်ိန္တိုအတြင္း သူ ျမႇင့္တင္ေပးႏိုင္သည္။

ထိုအခိုက္အတန႔္ မခ်ိမဆန႔္ေဝဒနာတစ္ခု ခံစားလိုက္ရ၏။ ေအာက္ဘက္သို႔ ငုံ႔ၾကည့္လိုက္ေသာအခါ ခ်က္ေအာက္ပိုင္း ဝမ္းဗိုက္ေနရာတြင္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားေၾကာင္း သတိျပဳမိလိုက္သည္။ ထိုဒဏ္ရာကို ေဆးလိမ္းထားေသာ္လည္း ဒဏ္ရာျပင္းလြန္းသျဖင့္ အလြန္အမင္း နာက်င္ေနေသးသည္။

ခႏၶာကိုယ္၏ မူလပိုင္ရွင္ခမ်ာ နာက်င္မႈဒဏ္ကို မခံစားႏိုင္သျဖင့္ လက္ေလ်ာ့သြားပုံရသည္။

ဤခႏၶာကိုယ္ထဲ ျခဴးမုယြင္ ဝင္ေရာက္လာစဥ္က Zero ေလးသည္ ခႏၶာကိုယ္ကို ျပန္လည္ျပဳျပင္ကာ အသက္သြင္းေပးခဲ့သည္။ သို႔ေသာ္ မခ်ိမဆန႔္ေဝဒနာကိုေတာ့ ေတာင့္ခံေနရဆဲ။ ထို႔အျပင္ ဤခႏၶာကိုယ္က ျခဴးမုယြင္၏ ဝိဉာဥ္ႏွင့္ သိပ္မကိုက္ညီသျဖင့္ Zero မွာ ခက္ခက္ခဲခဲ ျပန္ျပဳျပင္ခဲ့ရၿပီး တစ္ရက္လုံးလုံး အခ်ိန္ယူခဲ့ရေလသည္။

ျခဴးမုယြင္မွာ သက္ျပင္းေမာခ်ရင္း ေနာက္တစ္ႀကိမ္ မ်က္လုံးျပန္ဖြင့္လိုက္မွ အစစ္အမွန္ အသက္ရွင္လာသလို ခံစားလိုက္ရ၏။

ေျခလက္မ်ားကို လႈပ္ရွားၾကည့္ရင္း ဤခႏၶာကိုယ္က အေတာ္ေလး ၾကည့္လို႔ေကာင္းေၾကာင္း သတိျပဳမိလိုက္သည္။ ခႏၶာကိုယ္က သန္မာေတာင့္တင္းၿပီး က်င့္ႀကံဆင့္ ျမင့္မားသည္။ သို႔ေသာ္ က်င့္ႀကံနည္းက အေတာ္ေလး ရႈပ္ေထြးေနၿပီး နည္းလမ္းမက်သျဖင့္ ခ်ီစြမ္းအားစီးဆင္းမႈက ထင္သေလာက္ အဆင္မေခ်ာေပ။ သို႔ျဖစ္ရာ ဤခႏၶာကိုယ္သည္ အေျခခံအုတ္ျမစ္ေကာင္းေသာ္လည္း စြမ္းအားအစစ္အမွန္ကို ထုတ္ေဖာ္ႏိုင္ဦးမည္မဟုတ္ေပ။

ျခဴးမုယြင္သည္ လက္ရွိအေျခအေနကို အခြင့္ေကာင္းယူကာ ဆက္ၿပီးစူးစမ္းခ်င္ေသာ္လည္း အျပင္ဘက္မွ ေျခသံတခ်ိဳ႕ ထြက္ေပၚလာခဲ့၏။ တံခါးကို အျပင္မွတြန္းဖြင့္လိုက္ၿပီး လူ႐ြယ္တစ္ဦး ဝင္ေရာက္လာခဲ့သည္။ ထိုလူငယ္က ျခဴးမုယြင္ကိုၾကည့္ကာ စိုးရိမ္ေနဟန္ျဖင့္..

“အားမု.. ဘယ္လိုေနေသးလဲ..? ငါ ေဆးတခ်ိဳ႕ယူလာတယ္.. အရွင္ ခ်ီးျမႇင့္ထားတဲ့ ေဆးေလ.. ဒီေဆးနဲ႔ဆို က်ိန္းေသေပါက္ ဒဏ္ရာသက္သာသြားမွာ..!”

ျခဴးမုယြင္က ျဖည္းညင္းစြာ မ်က္လုံးဖြင့္ရင္း လူ႐ြယ္ကို ေမာ့ၾကည့္လိုက္သည္။ ေဆးကို ဂ႐ုမစိုက္ေသာ္လည္း ထိုလူ႐ြယ္၏ ပုံပန္းသြင္ျပင္ကို ျမင္လိုက္ရသည္ေနာက္ သူ႔ခမ်ာ ေရွာ့ရသြားေတာ့သည္။

Zero ေလး : “ကြၽန္ေတာ့္မ်က္လုံး တစ္ခုခုျဖစ္သြားတာလား..? ဘာလို႔ ေတြ႕သမွ်လူတိုင္းကို လင္းမုနဲ႔တူတယ္လို႔ ထင္ေနမိတာလဲ..? QAQ.!”

ျခဴးမုယြင္ : “တိတိက်က်ေျပာရရင္ ဒီေကာင္ေလးက ရွန္ယြင္နဲ႔ ပိုတူတယ္..”

Zero ေလး : “…………”

ျခဴးမုယြင္က လူငယ္ကမ္းေပးေနေသာ ေဆးကို ယူလိုက္ကာ..

“ေက်းဇူးတင္ပါတယ္..”

ထိုလူငယ္က သက္ျပင္းခ်လိုက္ရင္း.. : “ငါကမွ မင္းကို ေက်းဇူးတင္သင့္တာ.. ဟိုးအရင္တုန္းက မင္းသာ ငါ့ကို မကယ္တင္ခဲ့ရင္ ငါ ေသသြားတာၾကာေပါ့..”

ထိုစကားအရ သူတို႔ႏွစ္ဦးၾကားတြင္ အသက္ကယ္ေပးခဲ့သည့္ ေက်းဇူးေႂကြး ရွိေနပုံရ၏။

တစ္ခ်က္ၾကည့္႐ုံမွ်ျဖင့္ ထိုလူငယ္ေလးဟာ က်င့္ႀကံဆင့္မရွိသလို ခႏၶာကိုယ္အခ်ိဳးအစားလည္း သိပ္မေတာင့္တင္းေၾကာင္း ျခဴးမုယြင္ သတိျပဳမိခဲ့သည္။ လူငယ္ေလးသည္ သိပ္ၿပီးငယ္႐ြယ္ပုံမေပၚ၊ သို႔ေသာ္ ပိန္ပါးလြန္း၍ ဆယ္ေက်ာ္သက္ေလးလို ထင္မွတ္ရသည္။

ျခဴးမုယြင္လည္း ေလသံေဖ်ာ့ေဖ်ာ့ျဖင့္ ျပန္ေျပာလိုက္သည္။

“စိတ္မပူပါနဲ႔.. ငါက အေျခခံက်င့္ႀကံဆင့္ရွိၿပီးသားဆိုေတာ့ ဘာမွမျဖစ္ေလာက္ပါဘူး..”

ျခဴးမုယြင္အတြက္ ေရငွဲ႔ေပးေနေသာ လူငယ္ေလး၏ မ်က္ခုံးသြယ္သြယ္မ်ားဟာ ဝမ္းနည္းမႈေၾကာင့္ တြန႔္ခ်ိဳးသြားေလသည္။

“အရွင္က အရမ္းဘက္လိုက္လြန္းတယ္.. အားမု.. မင္းကေတာ့ အရွင့္ကို ကာကြယ္ဖို႔ စိတ္ေရာကိုယ္ပါ ျမႇဳပ္ႏွံထားလိုက္ရတာ.. သူကေတာ့ ဟိုအေကာင္ရဲ႕စကားေၾကာင့္ မင္းကို ဒီအတိုင္း ပစ္ထားခဲ့တယ္ေလ.. တကယ့္ကို မတရားဘူး..!”

ထိုစကားလုံးအနည္းငယ္မွ အခ်က္အလက္မ်ားစြာ ရလိုက္ေသာ္လည္း ျခဴးမုယြင္သည္ မလႈပ္ရွားေသးေပ။ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေဆးေသာက္လိုက္သည္။ ၿပီးေနာက္ ေလသံေဖ်ာ့ေဖ်ာ့ေလးျဖင့္ အခ်က္အလက္ပိုရေအာင္ စကားအစ္ေတာ့၏။

ထိုလူငယ္က တကယ့္ကို မငယ္႐ြယ္ပါေခ်။ သူက ျခဴးမုယြင္၏ လက္ရွိခႏၶာကိုယ္ထက္ပင္ အသက္ႀကီးေလာက္သည္။ သို႔ေသာ္ မ်က္ႏွာေလးက ႏုနယ္ပ်ိဳမ်စ္သျဖင့္ တစ္ဆယ့္ရွစ္၊ တစ္ဆယ့္ကိုးခန႔္သာ ထင္ရသည္။

လူငယ္၏နာမည္မွ ‘စစ္’ တစ္လုံးတည္းသာ သိရေသးသလို ျခဴးမုယြင္၏ လက္ရွိနာမည္ကိုလည္း ‘မု’ တစ္လုံးတည္းသာ သိရေသးသည္။ အားစစ္သည္ သူ႔ကို မ်ိဳး႐ိုးနာမည္မေခၚဘဲ ‘အားမု’ဟုသာ ေခၚတတ္ပုံရၿပီး အက်င့္စ႐ိုက္ကလည္း အေတာ္ေလး ႐ိုးရွင္းေပသည္။

ျခဴးမုယြင္တစ္ေယာက္ စကားတစ္ခြန္းႏွစ္ခြန္းေျပာရင္း အခ်က္အလက္မ်ားစြာ ၿခဳံငုံမိလိုက္သည္။

ၾကည့္ရသည္မွာ ထို’အရွင္သခင္’ဆိုသူသည္ ခရီးထြက္ရင္း ေခ်ာင္းေျမာင္းတိုက္ခိုက္ခံရပုံရ၏။ ဤခႏၶာပိုင္ရွင္ ‘အားမု’သည္ ‘န်န႔္သခင္ေလး’ ဆိုသူကို ေစာင့္ေရွာက္ရန္ တာဝန္ယူထားေသာ္လည္း ႐ုတ္တရက္ ရန္သူတစ္ေယာက္က သူ၏‘အရွင္သခင္’ကို ေခ်ာင္းေျမာင္းတိုက္ခိုက္လာသျဖင့္ သူ႔ကိုယ္သူ စေတးကာ သူ႔အရွင္ကို ကာကြယ္ေပးလိုက္သည္။ ထို႔ေၾကာင့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားၿပီး န်န႔္သခင္ေလးကို ကာကြယ္ရန္ လစ္ဟင္းသြားရသည္။

သို႔ႏွင့္ န်န႔္သခင္ေလးလည္း ဒဏ္ရာရသြားခဲ့သည္။ ဒဏ္ရာက သိပ္မျပင္းထန္ေသာ္လည္း အားမုက သူ႔ကို ေကာင္းေကာင္း မေစာင့္ေရွာက္ပါဘူးဟု န်န႔္သခင္ေလးက ‘အရွင္သခင္’ဆိုသူကို တိုင္တန္းခဲ့ျပန္သည္။

လူငယ္ေလးအားစစ္က ေဒါသတႀကီး ထေျပာလာသည္။

“သူဘာေတြးေနလဲ မသိတာမွတ္လို႔..! မင္းက ကိုယ့္အသက္ကိုေတာင္ စေတးၿပီး အရွင့္ကို ကယ္တင္ခဲ့တာဆိုေတာ့ အဲ့ကိစၥေၾကာင့္ အရွင္ စိတ္လႈပ္ရွားသြားမွာကို သူေၾကာက္ေနတာေလ.. မင္းသာ အရွင့္ဆီက မ်က္ႏွာသာေပးခံရရင္ သူ႔ရဲ႕ေနရာက အာမခံခ်က္မရွိေတာ့ဘူး.. အဲ့တာေၾကာင့္ မင္းကို ရွင္းပစ္ခ်င္ေနတာ..”

ျခဴးမုယြင္ : “………..”

အားစစ္က ဆက္ေျပာလာသည္။ : “အားမု.. မင္းက စိတ္ေပ်ာ့လြန္းတယ္.. ရွန္န်န႔္ယြင္က ဟိုးအရင္တုန္းက ခင္မင္ခဲ့တာေတြကို ေမ့သြားတာၾကာေပါ့.. အခု သူက မင္းကို ရွင္းပစ္ခ်င္ေနတာေနာ္..! အဲ့တာေတာင္ မင္းက သူ႔ကို ကာကြယ္ေပးေနတုန္းပဲ..!”

ျခဴးမုယြင္က အသာမ်က္ေမွာင္ၾကဳတ္လိုက္ရင္း.. : “ရွန္န်န႔္ယြင္..?”

အားစစ္က ထိတ္လန႔္သြားဟန္ျဖင့္.. : “မွားလို႔.. အားမု… ေဒါသထြက္လြန္းလို႔ စကားမွားသြားတာ.. မင္း… မလုပ္…..”

ျခဴးမုယြင္လည္း ကပ်ာကယာ ႏွစ္သိမ့္လိုက္ရသည္။ : “အခု မင္းနဲ႔ငါနဲ႔ ႏွစ္ေယာက္တည္းရွိတာေလ.. ငါက တျခားဘယ္သူ႔ကို သြားေျပာရဦးမွာလဲ..?”

အားစစ္က တကယ့္ကို ေၾကာက္လန႔္ေနဟန္ျဖင့္.. : “ငါ့ရဲ႕ဒီပါးစပ္ေၾကာင့္ အေႏွးနဲ႔အျမန္ အသတ္ခံရေတာ့မွာပဲ..! မေျပာအပ္တဲ့ကိစၥကို ထုတ္မေျပာရဘူး..! အခန္းျပန္ၿပီး ဒီစာေၾကာင္းကို အေခါက္သုံးရာေလာက္ သြားေရးရမယ္..”

ျခဴးမုယြင္က ၿပဳံးကာ အားစစ္ကို ဆက္ၿပီးႏွစ္သိမ့္ေပးခဲ့သည္။ သို႔ေသာ္ သူ၏စိတ္ထဲမွာေတာ့ အရာအားလုံး ရွင္းလင္းသြားေခ်ၿပီ။

စစ္.. မု… န်န႔္… သူတို႔သုံးေယာက္လုံး၏နာမည္က တစ္လုံးတည္း မဟုတ္ေသာ္လည္း မည္သူမွ် သူတို႔၏နာမည္အမွန္ကို မေခၚရဲၾကေပ။

ရွန္စစ္ယြင္၊ ရွန္မုယြင္၊ ရွန္န်န႔္ယြင္။

ျခဴးမုယြင္၏စိတ္ထဲ ခါးသက္သက္ ၿပဳံးလိုက္မိသည္။

ဒီ႐ူးမိုက္လြန္းတဲ့ ကေလးဆိုးေလး ရွန္႐ႊိန္ယန္း… ဘယ္ေတာ့မ်ားမွ ရင့္က်က္လာမွာလဲ..?

(TN : ဒီမွာရွိေနတဲ့ ‘ရွန္’၊ ‘ယြင္’ အကုန္လုံးက ‘ရွန္ယြင္’ရဲ႕ နာမည္စာလုံးေပါင္းနဲ႔ အတူတူပါပဲ။ ေျပာရရင္ ‘ရွန္ယြင္’ရဲ႕နာမည္ကို အေျခခံထားတာေပါ့။ ‘စစ္’၊ ‘မု’ နဲ႔ ‘န်န႔္’ ကေတာ့ ‘သတိရတယ္’ ‘လြမ္းဆြတ္ေနတယ္’ ဆိုတဲ့စကားလုံးေတြကေန ယူထားတာပါတဲ့။)

အေတြးလြန္ေနေသာ ျခဴးမုယြင္ကိုၾကည့္ၿပီး အားစစ္က ကူကယ္ရာမဲ့စြာ ႏွစ္သိမ့္ေပးျပန္သည္။

“အားမု.. ဝမ္းမနည္းပါနဲ႔.. မင္းရဲ႕ဒဏ္ရာ သက္သာသြားရင္ အလုပ္အေကြၽးျပဳဖို႔ ျပန္သြားလို႔ရတာပဲေလ.. မင္း ေပးဆပ္ခဲ့သမွ်ကို အရွင္လည္း ျမင္ေနတာပဲ.. မင္းအေပၚ ဆိုးဆိုး႐ြား႐ြား မဆက္ဆံေလာက္ပါဘူး..”

ျခဴးမုယြင္ံက ေထာက္ခံဟန္ျဖင့္ စကားေျပာေတာ့မည့္အခ်ိန္ အျပင္ဘက္မွ ေျခသံမ်ား ၾကားလိုက္ရ၏။

အနက္ေရာင္ဝတ္ထားသည့္ လူ႐ြယ္တစ္ဦး ေရာက္လာၿပီး ခပ္ျပတ္ျပတ္ ေျပာလာသည္။

“မုသခင္ေလး.. အရွင္က မင္းကို ေခၚခိုင္းလိုက္လို႔..”

အားစစ္၏မ်က္ႏွာက ၿပဳံး႐ႊင္ေနၿပီး..

“အားမု.. ငါမေျပာဘူးလား အရွင္က မင္းကို ပစ္ပယ္ထားမွာမဟုတ္ပါဘူးလို႔..! အရွင့္အတြက္ မင္းအသက္ကိုေတာင္ စေတးခဲ့တာ.. အရွင္လည္း ဒီအေၾကာင္းကို အမွတ္ရေနမွာပါ..!”

ျခဴးမုယြင္၏ ႏႈတ္ခမ္းမ်ား မဲ့႐ြဲ႕သြားေလသည္။

ဒါက ဘာလိုေသာက္ဒရမ္မာတုန္းဟ..! ဒီေသာက္ေၾကာတင္းေလး ရွန္႐ႊိန္ယန္းကို သတ္ပစ္ခ်င္လာၿပီ..!

…………………………………………..

အသည္းကြဲတဲ့အခ်ိန္ Nobody but ရွန္႐ႊိန္ယန္း...

TN : တစ္ေနကုန္ မီးပ်က္ေနလို႔ ေနာက္က်သြား။
မဆဲခင္ ခုနစ္ရက္ေစာင့္ဆိုသလို ရွန္ေပါက္ေလးကို အျပစ္တင္ခ်င္ရင္ ​ေနာက္ခုနစ္ပိုင္းေလာက္ ေစာင့္ဦးေနာ္ 😘

Click ဖို႔ကိုေတာ့ မေမ့ၾကပါနဲ႔ရွင္။

…………………………………………..

Đọc tiếp

Bạn Cũng Sẽ Thích

17.5K 2.1K 9
Associated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just...
52.7K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
387K 27.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
20.5K 2.3K 12
Title : I hate protagonists [ငါဇာတ်လိုက်တွေကိုမုန်းတယ်] **************** လင်းဇီယွမ် ဟာ ဒရမ်မာအမျိုးမျိုးချိုးလျက် အမျိုးသားဇာတ်လိုက်တွေ၏ အသုံးတော်ခံ...